အကောင်းဆုံး အနေအထားထိ ညှိနှိုင်းခြင်း
Vol. 9 Ch. 134
Child of light (ကျန်းကုန်း)
Volume 5: Chapter 1 - Negotiating Suitable Conditions
မူကျီနဲ့ ကျုပ် အခန်းထဲကထွက်လာတော့မှ ကျုပ်နဲ့ ဆရာကျန်း ဖြေရှင်းခဲ့တာတွေ သူ့ကို ပြောပြလိုက်တယ်။ ကျုပ်ပြောတာ ကြားတော့ သူ တစ်ခိခိနဲ့ ရယ်ပြီး…..
“နင် ဘာလို့ရယ်နေတာတုန်း။ ငါနဲ့အတူ ပြိုင်ပွဲသွားရမှာမို့ ပျော်နေတာလား”
“နင် ဒီလောက်ဉာဏ်ကောင်းရဲ့သားနဲ့ ဒီတစ်ခါ ဘာဖြစ်သွားတာတုန်း။ ဆရာကျန်း နင့်ကို တပတ်ရိုက်လိုက်တာ အသိသာကြီးကို။ ငါတို့တွေက တော်ဝင်အထက်တန်းမှော်ကျောင်းက ထိပ်တန်းကျောင်းသားတွေ ဆိုတော့ အိုက်ရှားနိုင်ငံတော်ကြီး တစ်ခုလုံးမှာ အခွင့်ထူးခံတွေလေ။ တစ်ယောက်ယောက်ကို သတ်လိုက်မယ်ဆိုရင်တောင် ငါတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးမှာမဟုတ်ဘူး။ နည်းနည်းပါးပါး ဆုံးမယုံပေါ့။ နင် အပျင်းထူပြီး ကျောင်းပေါင်းစုံပြိုင်ပွဲမှာ ဝင်မပြိုင်ချင်မှန်းသိလို့ ဆရာကျန်း နင့်ကို တစ်ပတ်ရိုက်လိုက်တာ။
မူကျီ စကားတွေက ကျုပ်အတွေးတွေကို အတည်ပြုပေးလိုက်သလိုပဲ။ ဆရာကျန်း တော်တော်လည်တာပဲ။ နောင်တ ရဖို့လဲ နောက်ကျသွားပြီဆိုမှတော့ အပန်းဖြေခရီးထွက်သလိုပဲ သဘောထားလိုက်တော့မယ်။
“ဒါပေမယ့် ဒီတစ်ခေါက်ပြိုင်ပွဲက သိပ်မရိုးရှင်းလောက်ဘူး ထင်တယ်။ ဆရာကျန်း နင်မဖြစ်မနေပါဖို့ ဘာလို့ အလုပ်ရှုပ်ခံနေရတာတုန်း။ သူ့အနေနဲ့ ပြိုင်ပွဲကို ငါ့တို့တွေအစား တွေ့ရာ ကျောင်းသားတွေ ကျပန်းရွေးသွားရင်တောင် ဖြစ်နေတာကို”
“ဘာဖြစ်ဖြစ်ဟာ.. ငါတို့နှစ်ယောက် အတူတူ ဖြေရှင်းခွင့်ရနေသရွေ့ ကျန်တာ အရေးမကြီးတော့ဘူး။ ငါ့အတွက် အခွင့်အရေးကောင်းတွေ ရလာနိုင်မလားဆိုတာ နည်းနည်း သံသယ ဖြစ်စရာပဲ.. အဟင်း”
စစ်ဖုန့်ရီကို နိုင်ပြီးကတည်းက ကျုပ်မှာ ယုံကြည်ချက်တွေ တိုးလာတာဗျ။
မူကျီ မကျေမနပ် စိတ်ဆိုးနေတဲ့ပုံနဲ့ သူ့လက်ကို ပြန်ရုတ်သွားတယ်။
“နင် လူဆိုးကောင်။ နေ့လည်ကြောင်တောင်ကြီး ဒီလိုလုပ်စရာလား”
“အော်… ညပိုင်းဆိုရင်ရော….”
မူကျီ ကျုပ်ကို ထုရိုက်ပြီး ပြေးသွားရင်းနဲ့..
“ငါနင့်ကို မုန်းတာ အဲဒါတွေပဲ။ ဆရာကျန်းဆီ မြန်မြန်သွားရအောင်”
ဆရာကျန်းဆီရောက်တော့ သူက ရုံးခန်းထဲမှာ တစ်ခုခု ထိုင်ဖတ်နေသလိုပဲ။
ကျုပ်တို့ကို မြင်တော့မှ ဖတ်လက်စကို အောက်ချပြီး..
“မင်းတို့ (၂)ယောက် လာပြီပေါ့။ မူကျီ … ကျန်းကုန်းက ပြိုင်ပွဲအကြောင်း နင့်ကို ပြောပြီးလောက်ပြီ ထင်တယ်”
မူကျီ ခေါင်းငြိမ့်ပြီး ဖြေလိုက်တယ်။
“ကောင်းတယ်။ ဒီတစ်ခါတော့ မင်းတို့ (၂)ယောက်ကိုပဲ ဒုက္ခပေးရတော့မှာပဲ”
“အထူးသဖြင့် ကျွန်တော့ကို ထောင်ချောက်ထဲရောက်တဲ့အထိ လုပ်နိုင်လိုက်တယ်ပေါ့လေ။ ဒီတခါ တကယ်ကြီး တစ်ပတ်ရိုက်ခံလိုက်ရတာပဲ”
“ဟား ဟား ဟား… မင်း သဘောပေါက်သွားပြီ ဆိုရင်တောင် နောင်တရဖို့ နောက်ကျသွားပြီဆိုတော့ သနားစရာပဲကွ။ ဒီပြိုင်ပွဲမှာ လုပ်ရမှာတွေက လွယ်လွယ်လေးဆိုတော့ ညည်းမနေစမ်းပါနဲ့ကွာ။ ကျောင်းကလဲ ပုံမှန်အတိုင်း သင်ကြားရေး၊ အုပ်ချုပ်ရေးတွေနဲ့ ဆက်လုပ်နေရအုံးမှာဆိုတော့ ဘယ်ဆရာ၊ ဆရာမမှ မင်းတို့ကို လိုက်မပို့နိုင်ဘူး။ မင်းတို့ဟာ မင်းတို့ပဲ အဲ့ကို သွားရမှာ။ ပြိုင်ပွဲဝင်မယ့်ကျောင်းသားတွေကို အကြောင်းကြားဖို့ စီစဉ်ပြီးသွားပြီ။ မနက်ဖြန် မင်းတို့သွားရမယ်။ ကျန်းကုန်း ငါ့မှာလဲ ရွေးစရာမရှိတော့ဘူးကွ။ ငါ့ကို အပြစ်တင်မနေနဲ့တော့”
ကိစ္စတွေ ပြီးစီးနေမှတော့ ဘယ်လိုလုပ် ငြင်းရတော့မှာတုန်း။ အချိန်လဲ တော်တော် ကပ်နေတဲ့ပုံပဲ။ ဒါကြောင့်မို့ မနက်ဖြန် ထွက်ရမျာလေ။
“ဒါဆို ကျွန်တော်တို့ မနက်ဖြန်ထွက်ရမှာပေါ့။ ကျွန်တော်တို့ သိထားရမှာတွေ ရှိသေးလား”
“ဒါ အကြောင်းကြားစာ။ မင်းတို့ နာမည်တွေ အကုန် အဲ့ထဲမှာ ပါတယ်။ သိပ်ဖုံးကွယ်နေစရာမလိုအောင် မှော်သခင်တွေလို့ပဲ ငါရေးထားတယ်။ မင်းတို့တွေ ‘မီးနဂါးမှော်ကျောင်း’ကို တိုက်ရိုက်သွားရလိမ့်မယ်။ အဲ့မှာ မင်းတို့ကို ကြိုမယ့်သူရှိတယ်”
ကျုပ် အကြောင်းကြားစာ ယူလိုက်တယ်။ ကျုပ်တို့ ကျောင်းက ပဉ္စမနှစ်ကျောင်းသား မြေကမ္ဘာမှော်သခင် စစ်ဝါမင်၊ စတုတ္ထနှစ်ကျောင်းသား ရေမှော်သခင် ဟိုင်ယွဲ့ရှင်း၊ တတိယနှစ်ကျောင်းသား မီးမှော်သခင် မာခယ်ရှို့တိ၊ အလင်းမှော်သခင် ကျန်းကုန်းဝေ၊ လေမှော်သခင် မူကျီမို တို့ကို (၃)နှစ်တစ်ကြိမ် အဆင့်မြင့်မှော်ကျောင်းပေါင်းစုံပြိုင်ပွဲတွင် ပါဝင်ရန် စေလွှတ်ပါတယ်တဲ့။
‘တော်ဝင်အဆင့်မြင့်ကျောင်း’ ဆိုပြီး ထိပ်ဆုံးမှာ တရားဝင် စည်းတံဆိပ်ကြီးနဲ့ အောက်မှာ ဆရာကျန်း လက်မှတ်ထိုးထားတယ်။
“ဒီအဖွဲ့ တကယ်ကို အဆင်ပြေတယ်။ အမှော်မှော်သခင်ကလွဲရင် ဒြပ်စင်(၅)ခုနဲ့ ဖွဲ့ထားတာပဲ”
ကျုပ်စကားကြားတော့ မူကျီ အမူအရာ နည်းနည်းပျက်သွားပေမယ့် ဘယ်သူမှ သတိမထားမိခင် ပုံမှန် ပြန်ဖြစ်သွားတယ်။
“အမှန်ပဲ။ မင်းက ဒြပ်စင် တစ်ခုစီမှော်သခင်တွေရဲ့ ကိုယ်စားလှယ်ဖြစ်လာမယ်။ အလုပ်ကြိုးစားလုပ်”
“ဆရာ ကျွန်တော်တို့ကို ပေးစရာများ ကျန်သေးလား။ ဒီစာရွက်လေးတင်တော့ မဟုတ်လောက်ဘူးမို့လား”
“ဒါပေါ့။ ဒီအကြောင်းကြားစာပဲလေ။ နောက်ထပ် ဘာတွေ လိုသေးလို့တုန်း”
“ကျွန်တော်တို့ အသုံးစရိတ်အတွေက ငွေနည်းနည်း ပေးလို့ မရဘူးလား။ ကျွန်တော်တို့တွေက ပြိုင်ပွဲမှာ ကျောင်းကို ကိုယ်စားပြုပြီး အစွမ်းပြရမှာလေ။ အားလုံးအတွက် ခရမ်းကောင်ကတ်လေး တစ်ခုစီတော့ ရှိသင်တယ်။ အဟီး”
“မင်း အဲလောက်ထိတော့ လောဘ မကြီးသင့်ဘူးလေ။ ခရမ်းရောင် ကတ်ဆိုတာ လွယ်လွယ်လေး လုပ်လို့ရတယ်များ မှတ်နေလား။ ဒါပေမယ့်လဲ အဆင်ပြေပါတယ်လေ။ အဟွင်း။ တကယ်ဆို မူကျီကလွဲလို့ ကျန်တဲ့သူတွေမှာ ခရမ်းရောင်ကတ် ရှိပြီးသားဆိုတာ ငါမသိဘူးများမှတ်နေလား။ မူကျီအတွက် ခရမ်းရောင်ကတ်ရဖို့ သူ့အစွမ်းအစနဲ့ဆိုတာ ငါနားလည်တယ်။ မင်းတို့ အားလုံးကို စိန်ဒင်္ဂါး (၁၀၀၀)ပေးဖို့ ဆုံးဖြတ်ထားတယ်။ ဒီလောက်ဆို မင်းတို့ အသုံးစရိတ် လိုတာထက်တောင် ပိုနေအုံးမယ်”
ကျုပ် ထပ်ပြီး တစ်ပတ်ရိုက်ခံရသလိုပဲ။ ဟုတ်သားပဲ စစ်ဝါမင်ဆိုတာ တော်ဝင်မှော်သမ္မဂ္ဂ ခေါင်းဆောင်ရဲ့တပည့်။ သူ့မှာ ခရမ်းရောင်ကတ် မရစရာမရှိဘူး။ မာခယ်အတွက်ဆို ပြောစရာတောင် မလိုတော့ဘူး။ ဟိုင်ယွဲ့ဆိုလဲ နောက်ခံ မိသားစုကြီးကလာတဲ့ မျိုးဆက်သစ် အထက်တန်းစားပဲကို။ ကျုပ် ရှုံးသွားသလို ခံစားလိုက်ရတယ်။ ကျုပ်သာ သတိထားမိ လိုက်ရင် တခြားတစ်ခုခု တောင်းမှာပေါ့။ ဂျင်းဆိုတာ ဟောင်းလေလေ အသစ်ထက် ပိုပူလေပဲဗျို့။
မူကျီ ဝင်ပြီး..
“ဆရာ.. ကျွန်မတို့တွေ ပထမဆု ရရင်ရော အကျိုးအမြတ်ရအုံးမှာလား”
“ဒါပေါ့။ ကျောင်းက မင်းတို့ရဲ့ အောင်မြင်မှုကို ကြီးကျယ်ခန်းနားစွာနဲ့ မှတ်တမ်းထင်ထားမှာ။ တစ်ယောက်ယောက်က မကောင်းတဲ့ လုပ်ရပ်တွေ လုပ်မိရင်တော့ လုပ်မိတဲ့ မကောင်းမှုအလိုက် မှတ်တမ်းတွေ ပြန်ဖျက်ရမှာပေါ့”
“ဝါး…. ဆရာတို့က တကယ်ပဲနော်.. ဟွင်း…”
“ကျောင်းက ဒီလောက် တွန့်တိုးနေတာတောင် ကျွန်မတို့ကို အသုံးချချင်နေတုန်းပဲနော်”
“ဒါဆို မင်းဘာထပ်လိုချင်လဲ ပြေ။ တကယ်လိုသာ ပထမဆု ရလာမယ်ဆိုရင် ကျောင်းကနေ မင်းရဲ့ အဆင့်အတန်းကို ချက်ချင်း ပြောင်းပေးလိုက်မယ်”
ဒီအခြေအနေမှာ ကျုပ်ရဲ့ မှော်သခင်ကြီးဆိုတာက နည်းနည်း အသုံးတည့်နေတဲ့ပုံပဲ။
မူကျီကတော့ မကျေနပ်သေးတဲ့ပ့ုနဲ့..
“ဆရာမှာ ကြီးကြီးမားမား ဆုပေးဖို့ မရှိဘူးလား”
ဆရာကျန်း အံ့ဩသွားတဲ့ပုံနဲ့..
“နောက်နောင် အစားအသောက်အတွက် စိတ်မပူနဲ့တော့။ ပုန်းကွယ်စားနေစရာလဲမလိုတော့ဘူး။ နောက်ထပ် ဘာဆု ထပ်လိုချင်နေသေးတာလဲ။ စိန်ဒင်္ဂါး (၁၀၀၀)ပေးဖို့ သဘောတူထားပြီးသား မဟုတ်ဘူးလား”
ကျုပ် ရုတ်တရက် အတွေးတစ်ခု ပေါ်လာလို့..
“ဒီလိုဆိုရင်ရော။ ကျောင်းကိုလဲ အခက်အခဲ မဖြစ်စေချင်ဘူး။ ဆရာအကူအညီနဲ့ စားသောက်ဆိုင်တွေမှာ အခမဲ့ စားသောက်ခွင့် ဘာလို့ ခွင့်မပြုရတာလဲ။ ဒါလဲ ကျွန်တော်တို့တွေ စာသင်နေတဲ့ နှစ်တွေထဲမှာပဲ သုံးမှာပါ။ ကျွန်တော်တို့ စားစရိတ်အကုန် ကျောင်းက ပေးရမယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းက အစားအသောက်တွေက တကယ်ကို မကောင်းလို့ပါ”
“ဘာကြီး။ ကျောင်းမှာ အစားအသောက် အဆင်မပြေဘူးလား။ ငါသေချာပေါက် ပြင်ခိုင်လိုက်မယ်။ မင်းပြောတာ ငါလက်ခံတယ်”
သူ့အနေနဲ့ ကျုပ်တို့တွေ စားပို့နင့်အောင် စားရင်တောင် တစ်လတစ်လ ငွေဘယ်လောက်ကုန်မှာလဲလို့ တွေးနေလောက်တယ်။
မူကျီတော့ ကျုပ်ကို သဘောကျပြီး ကြည့်နေလေရဲ့။
“ကောင်းတယ်။ နောက်ဆို တိုးတက်သော ကျောက်စိမ်းဒီရေမှာ အဖွဲ့ကိုယ်စားပြုအနေနဲ့ သွားစားရမယ်”
============= (*^*)=============
အပိုင်း( ၁၃၅ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား