ခရီးအတွက် ပြင်ဆင်ခြင်း
Vol. 10 Ch. 136
Child of light (ကျန်းကုန်း)
Volume 5: Chapter 3 - Preparing for the Journey
“မင်း… ဘယ်သူ့ကို အပြစ်တင်ချင်နေတာလဲ။ အတန်းထဲမှာ စာကောင်းကောင်း မသင်တာ ဘယ်သူတုန်း။ ဒီပြိုင်ပွဲက အန္တရာယ်တွေနဲ့ ပြည့်နေတာမှန်ပေမယ့် ငါမင်းကို လုံးဝ ယုံကြည်တယ်။ တခြား အထက်တန်းကျောင်း (၇)ခုမှာ မှော်သခင်ကြီး ရှိမှာမဟုတ်ဘူး။ ကျန်တဲ့ အဖွဲ့ဝင်တွေကို ကာကွယ်ပေးဖို့ပဲလိုမယ်။ မင်းနားလည်လား”
“ဆရာကျန်း ကျွန်တော့ကို စားစရိတ်ကအစ အကုန်အကျခံပြီး သွားစေချင်တာဆိုတော့ အန္တရာယ်ကင်းဖို့ ဖြစ်မယ်ထင်တယ်”
“မင်း နားလည်တာ ကောင်းတယ်။ ဘာကြောင့်မှန်း မပြောတတ်ပေမယ့် မူကျီဆီကနေ မကောင်းတဲ့ ခံစားချက်တွေ ရနေတဘ်။ သူ့ကို ဂရိုစိုက်ဖို့ သတိပေးချင်တယ်”
ကျုပ်စိတ်တွေ နည်းနည်းလေးလာတယ်။ ဆရာတိ မူကျီကို သဘောမကျဘူးထင်တယ်။
“မူကျီက ကြင်နာတတ်တဲ့ ကောင်မလေးတစ်ယောက်ပါ။ သူ့ဆီကနေ ဘယ်လိုဆိုးဝါးတဲ့ ခံစားချက်မှ မရပါဘူး”
“လူတိုင်း လူတိုင်း အချစ်နဲ့တွေရင် မျက်ကန်းဖြစ်သွားကြတယ်။ မင်းပြောတာ အမှန်ပဲ ထားလိုက်ပါတော့။ အခု တော်တော် နောက်ကျနေပြီဆိုတော့ မနက်ဖြန်ခရီးထွက်ရအုံးမှာနဲ့ မင်းပြန်သင့်နေပြီ။ မင်းမှာ ငွေလုံလောက်ရဲ့လား။ ငါနောက်ထပ် ပေးဖို့ လိုသေးလား”
ဆရာတိ ကျွန်တော့ကို အကောင်းဆုံး ဆက်ဆံတယ်ဆိုတာ ကျုပ် အသိဆုံးပေါ့ဗျာ။ ကျုပ်ခေါင်းခါလိုက်တယ်။
“ဆရာကျန်း စိန်ဒင်္ဂါး(၁၀၀၀)ပေးထားတာဆိုတော့ လုံလောက်ပါတယ်။ ဒီတစ်ခါတော့ လနဲ့ချီ ခရီးထွက်ရမှာမို့ ကျန်းမာရေး ဂရုစိုက်ပါဆရာ”
“မင်း လူကောင်းလေးဆိုတာ ငါသိတာပေါ့။ အပြင်သွားတဲ့အချိန် ပတ်ဝန်းကျင်ကို ဂရုစိုက်။ မင်းကို လူတွေ အာရုံမစိုက်မိအောင် နိမ့်နိမ့်ချချနဲ့ အေးအေးဆေးနေ ကြားလား”
“ဟုတ်ကဲ့”
ဆရာတိ ကျုပ်ကို အလယ်တန်းမှော်ပညာကျောင်း အပေါက်ဝထိ လိုက်ဖို့တယ်။ နောက်ထပ် သတိပေးစကားနည်းနည်း ထပ်ပြောပြီး ကျောင်းကနေ ပြန်လွှတ်လိုက်တယ်။
မှော်ပညာအလယ်တန်းကျောင်းကနေ ထွက်လာပြီး လမ်းမကြီး တစ်လျှောက်ကနေ နေ့စဉ်သုံး ပစ္စည်း ပစ္စယတွေနဲ့ အစားအသောက်တွေ ဝယ်ပြီး သိုလှောင်အိတ်ထဲ သိမ်းထားလိုက်တယ်။ မူကျီက ဝက်မလေးလေ။ စားစရာ အသင့်မရှိရင် သူငတ်နေလိမ့်မယ်။ မူကျီ ဆာလောင်နေရင် ကျုပ် မခံစားနိုင်ဘူး။ သူနဲ့ အနီးကပ် နေလာရတာ ကြာတော့ သူအဓိက အလေးထားဆုံးက အစားအသောက်တွေပဲလို့ ကျုပ်ခံစားမိလာတယ်။
စာသင်ကျောင်းကြီးရဲ့ ညတစ်ညဆိုတာ အရမ်းတိတ်ဆိတ်ပြီး ညငှက်ကလေးတွေအသံတောင် တစ်ချက်တစ်ချက်မှ ကြားရတယ်။ ကျုပ် တိတ်တိတ်လေးပဲ အဆောင်ကို ပြန်လာလိုက်တယ်။ အဆောင်တံခါးဖွင့်ကာနီး ရင်းနှီးနေတဲ့ အသံတစ်ခု ကြားလိုက်ရတယ်။
“ကျန်းကုန်း နင်ပြန်လာပြီလား”
ကျုပ် သိလိုက်ရတာက ကျုပ်ရင်တွေ လှပ်ခနဲ တုန်သွားတာပဲ။ ကျုပ် သက်ပြင်းချရင်း လှည့်ကြည့်လိုက်တယ်။ ဟိုင်ရှင်းဗျ။ ကျုပ်ရင်ဘတ်ကို ပွတ်သပ်ရင်း..
“အာ.. နင်ကဘာလဲ။ ဟိုင်ရှင်းရာ။ လူတစ်ယောက်လုံး သေလောက်အောင် ကြောက်သွားနိုင်တာ မသိဘူးလား”
“ငါ တောင်းပန်ပါတယ်”
“နေပါအုံး နင် ငါ့ကို ဒီအချိန်ထိ စောင့်နေတာလား”
“ဟုတ်တယ်။ ဘာလို့ ပြန်လာတာ နောက်ကျနေတာလဲ”
ဟိုင်ရှင်း ပိန်သွားတာ တော်တော် သိသာတယ်။ ကျုပ်စိတ်ထဲမှာ သက်ပြင်းချရင်း..
“ငါ ဆရာတိဆီ သွားလိုက်လို့ နောက်ကျနေတာ”
“ဆရာတိဆီ သွား နှုတ်ဆက်တာလား”
“နင် ဘယ်လိုလုပ် သိတာလဲ”
“အထက်တန်းကျောင်း (၈)ကျောင်း ပြိုင်ပွဲမှာ ပါဖို့ စီစဉ်ထားတယ်ဆိုပြီး ငါ့ညီမ ပြောတယ်လေ။ ငါ့ကိုကျ ဘာလို့ ပါခွင့် မပေးတာလဲ။ ငါ နင့်အတွက် စိတ်အနှောက်အယှက် ဖြစ်နေပြီလား”
“ဘာတွေ ခံစားနေတာတုန်း။ ငါ ဘာလို့ နင့်ကို ရှောင်ရမှာတုန်း။ ဒီပြိုင်ပွဲ မရိုးရှင်းဘူးဆိုတာ နင်သိသင့်တယ်။ ပြီးတော့ ပြိုင်ပွဲဝင်တွေအကုန်လုံး ဆရာကျန်း စီစဉ်ထားတာဆိုတော့ ငါဆုံးဖြတ်လို့မရဘူးလေ။ ငါ့မှာ ရွေးချယ်စရာမှ မရှိတာ”
“နင်တို့နဲ့ လိုက်ခွင့်ရအောင် ကျောင်းအုပ်ကြီးကို ပြောပေးပါလား”
“ဒီကိစ္စက အားလုံးပြီးနေပြီဆိုတော့ မဖြစ်နိုင်လောက်အောင်ကို ခက်သွားပြီ။ ဟိုင်ရှင်း ညီမလေး နင်နေကောင်းရဲ့လား”
ကျုပ်ခံစားချက် အစစ်အမှန်သိရအောင် သူ့ကို သေချာစိုက်ကြည့်လိုက်တယ်။
ဟိုင်ရှင်းလဲ မျက်နှာပေါ်မှာ မျက်ရည်စတွေနဲ့ ကျုပ်ကို ပြန်ကြည့်နေတယ်။
“ငါတို့တွေ အတူတူနေဖို့ ကံမပါတော့ဘူးလား။ ဘာကြောင့်လဲ။ ဘာလို့ ဒီလိုဖြစ်ရတာလဲ”
သူ့မျက်ရည်တွေက ကျုပ်သုတ်လို့ မနိုင်လောက်အောင်ပဲဗျာ..
“ဟိုင်ရှင်း။ ဒီလိုကြီး မနေနဲ့ဟာ။ နင့်မှာ ခေါင်းခေါက် ရွေးစရာ လူကောင်းလေးတွေ အများကြီးပါဟ”
ဟိုင်ရှင်း အဆက်မပြတ်ခေါင်းခါရင်းနဲ့..
“ငါတို့ မနက်ဖြန်ကျမှတွေ့မယ်။ နင် ဒီခရီးမှာ ဘေးကင်းပါစေလို့ ငါဆုတောင်းလိုက်တယ်နော်”
သူလဲ ပြောပြီးတာနဲ့ ထွက်ပြေးသွားတော့တာပဲ။
တဖြည်းဖြည်း ဝေးဝေးသွားတဲ့ ဟိုင်ရှင်းကျောပြင်ကို ကြည့်ပြီး သက်ပြင်းချယုံမှ တပါး……..။
………………………..
မိုးလင်းတော့ ကျုပ်အထုပ်အပိုးပြင်ပြီး မူကျီကို ခေါ်ဖို့ မိန်းကလေး အဆောင်ရှေ့မှာ ရပ်နေလိုက်တယ်။
မူကျီ ရောက်လာပြီး..
“ငါ့မှာ ကိုယ်ပိုင် အခရမ်းကောင် ကတ်ရပြီဆိုတော့ ဒီကတ် နင့်ကို ပြန်ပေးတော့မယ်”
“ဆရာကျန်း ဘယ်တုန်းက ပေးလိုက်တာလဲ။ ငါတောင် မသိလိုက်ဘူး”
“ဒီမနက်ပဲ။ နင်မလာခင်လေးတင် ဆရာတစ်ယောက်ကို ပို့ခိုင်းလိုက်တာ။ ဒီထဲမှာ စိန်ဒင်္ဂါး (၁၀၀၀)ပါပြီးသားလို့ ပြောတာပဲ”
ဆရာကျန်း လုပ်ရပ်တွေ အမိုက်သားဗျ။
ကျုပ်တို့တွေ ကျောင်းပေါက်ဝထိအောင် ရောက်မှန်းမသိရောက်လာခဲ့တယ်။ အဲ့နေရာမှာ မာခယ် ခပ်တောင့်တောင့် ကျောင်းသားတစ်ယောက်နဲ့ စကားပြောနေတာဗျ။
“မာခယ် မင်းတော်တော် စောတာပဲ”
“စောစောလာမှ ဖြစ်မယ်လေကွာ။ အစ်ကိုကြီး ငါ့ဝတ်ရုံ ဘယ်လိုနေလဲ”
အခုမှ ဒီကောင့် ဝတ်ရုံ တော်တော်ထူးခြားနေတာ သတိထားမိလိုက်တယ်။ အနီရောင် တောက်တောက် မှော်ဝတ်ရုံမှာ ရွှေတွေနဲ့ အလှဆင်ထားတာ။ ဒီကောင် ရဲရင့်တဲ့ ပုံစံနဲ့ လိုက်ဖက်အောင် တော်တော်ကြီး သန့်ရှင်းထားတဲ့ပုံပဲ။
“မဆိုးဘူးကွ။ မင်း တော်တော် ကြိုးစားထားတာပဲ”
မာခယ် သူ့ဘေးက ကျောင်းသားကို ကြည့်ပြီး..
“ဒါ ငါတို့ကျောင်းရဲ့ ထိပ်သီး ကျွမ်းကျင်သူ စစ်ဝါမင် ပေါ့”
အာ.. သူလား။ ကျုပ် သေသေချာချာ ကြည့်လိုက်မိတယ်။ အရပ်က စင်တီမီတာ(၁၇၀)လောက်နဲ့ တောင့်တောင့်တင်းတင်းပဲ။ သူရဲကောင်းတစ်ယောက်ကို မြင်နေရတဲ့အတိုင်းပဲ။
သူ ကျုပ်ကို လက်ဆန့်ပေးရင်းနဲ့..
“ကျန်းကုန်း ရှေ့မှာ ငါဘယ်လိုလုပ် ထိပ်သီး ကျွမ်းကျင်သူ ဖြစ်နိုင်ပါ့မလဲကွာ”
ဒီကောင် ပေါင်းလို့သင်းလို့ကောင်းတာပဲ။ ကျုပ်လဲ လက်ဆန့်နှုတ်ဆက်ရင်း..
“ရောင်းရင်း စစ်ဝါ… မင်းအရမ်း ယဉ်ကျေးလွန်းနေပြန်ပါပြီ။ ဂုဏ်ရှိန် ဘွဲ့ထူးဆိုတာ ထူးခြားမှုတွေကနေ သဘာဝအလျှောက် ရလာတာမို့ ကျောင်းရဲ့ ထိပ်သီးကျွမ်းကျင်သူဆိုတဲ့ မင်းဂုဏ်ပုဒ်က အမြဲတမ်း မင်းအတွက်ပဲ ဖြစ်နေမှာပါကွာ”
မူကျီ ဝင်ပြီး..
“တော်လောက်ပြီ။ တစ်ယောက်နဲ့တစ်ယောက် ဒီလောက် ဒိုင်လျှိုမနေကြနဲ့တော့။ ဟိုင်ယွဲ့ မလာသေးပါလား”
“ဟုတ်တယ်။ သူ ဒီကို ဘာလို့မလာသေးတာလဲမသိဘူး။ သွားဖို့အချိန်က နီးနေပြီ။ သူမလာပဲတော့ မနေလောက်ဘူးမို့လား”
“ဒါ ကျောင်းက ဆုံးဖြတ်ထားတာဆိုတော့ သူလာကိုလာရမှာ။ လာပါလိမ့်မယ်ကွာ”
ကျုပ်ပြောလိုက်တဲ့အတိုင်း မြင်နေကျ ဟိုင်ယွဲ့ပုံစံ ကျုပ်တို့ရှေ့ ပေါ်လာတယ်။ သူ ဟိုင်ရှင်းနဲ့ ဆင်တဲ့အပြင် ဝိတ်လဲ တော်တော် ကျသွားတာပဲ။ သူ့ကြည့်ရတာ အရမ်းသနားစရာကောင်းတယ်။
မာခယ် အသည်းကွဲနေတဲ့ ပုံနဲ့ သူ့ဆီ လျှောက်သွားပြီး..
“ဟိုင်ယွဲ့ .. နောက်ဆုံးတော့ နင်ရောက်လာပြီပေါ့”
ဟိုင်ယွဲ့ကတော့ ဝတ်ရုံအသစ်ကိုတောင် သတိမထားမိတဲ့အပြင် အေးတိအေးဆက် စိုက်ကြည့်လိုက်သေးတယ်။ ဟိုကောင့်ကို ပြန်ဖြေဖို့ စိတ်မဝင်စားဘဲ ကျုပ်တို့ဘက်ကို စူးစိုက်ကြည့်ပြီး..
“အားလုံး စုံပြီဆိုတော့ သွားကြရအောင်”
မူကျီကလဲ လှမ်းပြီး..
“ဟိုင်ယွဲ့ နင်တော်တော် ဝိတ်ကျသွားတဲ့ပုံပဲဟ”
“တကယ်လား”
ဖြေပြီးတာနဲ့ ဘယ်သူ့မှ မစောင့်ဘဲ ကျောင်းကနေ လှည့်ထွက်သွားပါလေရော။ ကျုပ်လဲ သူ့နောက် လိုက်ဖို့ မူကျီ ပုခုံးကို လှမ်းပုတ်ပြီး အချက်ပြဖို့ပဲ တတ်နိုင်တော့တယ်။
စစ်ဝါမင်ကတော့ ကျုပ်တို့တွေကြားက ဆက်ဆံရေးကို ကောင်းကောင်း နားမလည်သေးတော့ ဟိုင်ယွဲ့ တစ်ခုခု ဖြစ်နေတယ်လို့ပဲ ထင်နေတော့တာ။
ဒီလိုနဲ့ ကျုပ်တို့ (၅)ယောက်အဖွဲ့လဲ စစ်ပြန်မြို့တော်ဆီ ခြေလှမ်းပြင်လိုက်ကြတော့တာပေါ့ဗျာ။
============= (*^*)=============
အပိုင်း( ၁၃၇ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား