ကျေကွဲဖွယ်ရာ ဝန်ခံချက်
Vol. 10 Ch. 137
Child of light (ကျန်းကုန်း)
Volume 5: Chapter 4 - Heart Breaking Confession
ဟိုင်ယွဲ့လုပ်သွားတဲ့ အေးစက်မှုက အဖွဲ့ကြားမှာ နည်းနည်းလေး ဆက်ဆံရေး ကမောက်ကမဖြစ်တဲ့အပြင် မာခယ်တောင် သူ့နား ထပ်မကပ်ရဲတော့ဘူး။ ဒီလိုနဲ့ ခရီးစဉ်ရဲ့ ပထမဆုံးနေ့ ကုန်သွားပြန်ရော။
ကျုပ်တို့တွေ ကီလိုမီတာ(၁၀၀)လောက် ခရီးရောက်ခဲ့တာ။ အနီးအနားမှာလဲ ဆိုင်တွေ ရွာတွေ ဘာမှကိုမရှိဘူး။ ကောင်းကင်ကလဲ မှောင်မဲလာပြီဆိုတော့ ကျုပ် စစ်ဝါမင်ကို ..
“ရောင်းရင်း စစ်ဝါ၊ ညရောက်လာပြီ။ ငါတို့လဲ တစ်နေ့လုံး ခရီးပန်းလာကြပြီ။ ငါတို့ကို လေဒဏ်မိုးဒဏ် အကာအကွယ်နဲ့ တစ်ဖက်ဖွင့် နေရာလေး ဘယ်လိုရှာလို့ရနိုင်မလဲ”
စစ်ဝါမင် ကောင်းကင်ကို မော့ကြည့်လိုက်သေးတယ်။
“ဒါ ဖြစ်သင့်ပါတယ်လေ။ နောက်ထပ် အကြံကောင်း ရှိသေးလား”
မူကျီနဲ့ မာခယ်မှာလဲ အကြံမရှိတာသေချာတယ်။ ကျုပ်တို့ ဟိုင်ရှင်းကို ကြည့်လိုက်တော့ အသံတိတ်ပြီး ခေါင်းခါပြတယ်။
သူ မကန့်ကွက်တာတွေ့တော့ သစ်ပင်တွေ ဝိုင်ပြီး မြစ်ကမ်းနားတစ်နေရာကို လျှောက်သွားလိုက်တယ်။ ယာယီ စခန်းကောင်းလေး တစ်ခု ဖြစ်သွားတော့တာပေါ့။
မာခယ်နဲ့ကျုပ် ကုတင်တွေလုပ်ဖို့ သစ်ပင်နည်းနည်း လိုက်ခုတ်လိုက်တယ်။ နည်းနည်း အကြမ်းဆန်တယ်ဆိုပေမယ့် မြေကြီးပေါ် အိပ်ရတာထက်စာရင် တော်သေးတာပေါ့လေ။
မူကျီက..
ငါတို့တွေ ဘာစားကြမလဲ”
ဟဲ ဟဲ .. နင်ဒီလိုမေးခွန်းမျိုး မေးတော့မယ်ဆိုတာ ငါကြိုသိနေတယ်လေ။ ကျုပ် တမင်သက်သက် မျက်မှောင်ကြုတ်ပြီး..
“အာ .. ဟင့်အင်း။ ဘာစားစရာမှ မရှိဘူး။ တို့အားလုံး ခံနိုင်ရည်ရှိမယ် ထင်လို့လေ”
စစ်ဝါမင်က..
“အမ်.. ငါတို့အားလုံး အဆာခံနိုင်ကြသေးတယ်မို့လား။ နောက်မှ နည်းနည်းပါးပါး အမဲလိုက်မယ်လေ။ ဒါဆို အားလုံး စားလို့ရမှာပါ”
ဒီကောင့်ကြောင့် မူကျီကို စချင်တဲ့ ကျုပ်အကြံတွေ ပျက်ကုန်ပါပြီဗျာ။
မူကျီ ဟိုကောင့်စကားကြားတော့ ကျုပ်ကို စိုက်ကြည့်ပြီး..
“ဒါအရမ်းကောင်းတယ်။ တောတွင်း အသားတွေ ဘယ်လိုအရသာရှိမလဲ သိချင်နေတာ။ စစ်ဝါ အမြန်သွားလိုက်ဟာ”
စစ်ဝါ ရယ်ပြီး ထွက်သွားပါလေရော။
ကျုပ် အာဗြဲကြီးနဲ့ ထအော်လိုက်တယ်..
“စစ်ဝါ.. စစ်ဝါ.. မင်း သူနဲ့ တော်တော် ရင်းနှီးတာပဲ..”
မူကျီ ကျုပ်နောက်ကျောကို လာကိုက်တော့ နာလွန်းလို့ ကျုပ်အော်ရသေးတယ်။
“ငါ့ကို ဘာမှစားစရာမရှိဘူးပြောတာ ဘယ်သူလဲ။ ငါကပဲ သူနဲ့ ရင်းနှီးလွန်းတယ်လို့ နင်ထင်သေးတယ်ပေါ့။ သူပြန်လာမှ ဘယ်လောက်ထိ ရင်းနှီးလဲဆိုတာ ငါပြမယ်”
သူ တကယ့်ကို ငရုတ်သီးလို ကောင်မလေးပါဗျာ ပူစပ်နေရောပဲ။ ကျုပ်သူ့ကို ဘယ်လိုမှကို မနိုင်တာ။ ကျုပ် ပြုံးပြီး..
“ငါက လူဆိုးပေါ့လေ။ ကောင်းပြီ.. ကြည့်ထား”
ကျုပ် သိုလှောင်အိတ်ထဲကနေ ပုလင်းဗူး တစ်ဗူးထုတ်ပြီး သူ့ကိုပေးလိုက်တယ်။
“ဒီမှာ သောက်လိုက်အုံး။ အဲဒါ သစ်သီးဖျော်ရည်။ တိုးတက်သော ကျောက်စိမ်းဒီရေနဲ့ ယှဉ်လို့မရပေမယ့် မဆိုးဘူးဟ”
မူကျီ ဖျော်ရည်ဗူး ရမှ ပျော်တဲ့ပုံစံ ပြောင်းသွားတယ်။ နောက်ထပ် ပုလင်းတွေ ထုတ်ပြီး မာခယ်ကို လှမ်းပေးလိုက်တယ်။ ဟိုင်ယွဲ့ကို ပေးဖို့ လုပ်တော့ ကျုပ်ကို မသိချင်ယောင်ဆောင်၊ ရေမှော်ပညာသုံးပြီး သူ့ပုလင်းသူ ထုတ်သောက်နေတယ်။
ကျုပ် ဟိုင်ယွဲ့ကို..
“ဘာလို့ ဒုက္ခခံနေမှာလဲ။ ရေဓာတ်ထက်စာရင် သစ်သီးဖျော်ရည်က ပိုမကောင်းဘူးလား။ အရင်က ငါလုပ်ခဲ့တာတွေကြောင့် နင်စိတ်ဆိုးနေတုန်းပဲလား။ နင်ပဲ ငါ့ကို ရေခဲတုံးကြီးနဲ့ ပစ်ခဲ့တာလေဟာ။ နင်ငါ့ကို တစ်သက်လုံး ဒေါသထွက်နေမှာတော့ မဟုတ်ဘူးမို့လား။ မိန်းကလေးတွေ ဒေါသထွက်ရင် အသက်တိုတတ်တယ်လို့ ကြားဖူးတယ်နော်”
ဟိုင်ယွဲ့ ကျုပ်ကို စိုက်ကြည့်ပေမယ့် အသံတိတ်နေတုန်းပဲ။
“အစ်ကိုကြီးပြောတာ မှန်တယ်။ အရင်က မှားခဲ့ပေမယ့် အခု အဖွဲ့လိုက် ပြိုင်ပွဲဝင်ရတော့မှာ။ ပန်းတိုင်ရောက်ဖို့ အတူတူ လက်တွဲမှ ရမယ်လေ။ ဒေါသကို အတတ်နိုင်ဆုံး ထိန်းနိုင်အောင် ကြိုးစားစေချင်တယ်”
ဟိုင်ယွဲ့ အေးစက်စက်နဲ့..
“နင့်ကြောင့်မဟုတ်ရင် ဖုန့်လျုန့် ငါ့ကို ထားခဲ့မှာမဟုတ်ဘူး။ ကိုယ်ချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ရတဲ့ ခံစားချက် သိလို့လား။ ပေါက်တတ်ကရတွေကလွဲရင် တခြား ဘာတွေ ပြောတတ်သေးလို့လဲ”
မာခယ်နဲ့ ကျုပ် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိတယ်။ ဟိုင်ယွဲ့ ကျုပ်တို့ကို ဒီလောက်ထိ မုန်းနေလိမ့်မယ် ထင်မထားခဲ့ဘူး။ မာခယ် ဘေးနားကို လျှောက်သွားရင်း ဖျော်ရည်သောက်ဖို့ ခေါင်းငုံသလိုနဲ့ မျက်ရည်တွေ ဝဲလာတယ်။
သူ ကျုပ်တို့ကို မျက်နှာ မလွှဲဘူးဗျ။ မာခယ်အတွက် မတရားသလို ခံစားနေရတယ်။ ကျုပ် အေးစက်စက်နဲ့ပဲ..
“ဖုန့်လျန့်ရီ နင့်ကို ထားခဲ့တာက မာခယ်နဲ့ ဘာမှမဆိုင်ဘူး။ တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုလဲ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်လိုက်တော့။ သူထွက်သွားရတဲ့ အကြောင်းအရင်း သိချင်လား၊ အခုပြောပြမယ်။ သူ့ ရီမိသားစုက အမှောင်အင်အားစု လွှမ်းမိုးတာခံရပြီး တစ်မိသားစုလုံး အဖွဲ့ဝင်တွေပါ မကောင်းဆိုးဝါးတွေ ဖြစ်သွားတယ်။ ရီမိသားစု ခေါင်းဆောင်ရဲ့ အစီအစဉ် မအောင်မြင်လို့ သူ့မိသားစုကြီးတစ်ခုလုံး နိုင်ငံထဲကနေ ထွက်ပြေးဖို့ကလွဲပြီး ရွေးစရာမရှိတော့တဲ့ ပုစိန်ရိုး သက်သက်ပဲဆိုတာ အသိသာကြီး…
ရီမိသားစုခေါင်းဆောင်ရဲ့ အကြံအစည်တွေ မအောင်မြင်လိုက်တာက သူတို့မကောင်းတဲ့ စရိုက်လက္ခဏာတွေပေါ်သွားလို့ ရွေးစရာမရှိတော့ပေမယ့် သူ့မိသားစုတစ်ခုလုံး ပြေးနိုင်အောင် စီစဉ်သွားနိုင်သေးတယ်”
“နင်.. နင်.. လိမ်နေတာ။ အဓိက မိသားစုကြီး (၃)ခုဆိုတာ နိုင်ငံတော်မှာ အမြဲတမ်း ဒေါက်တိုင်ကြီးတွေ။ ရီမိသားစုကို မကောင်းဆိုးဝါးက ဘယ်လိုလုပ် လွှမ်းမိုးနိုင်မှာလဲ။ နင် ငါ့ကို လိမ်နေတာ။ ဒါကြောင့် တစ်သက်လုံး အထီးကျန်ရမယ့် မာခယ် ငါ့ကို စကားပြောဖို့ အခွင့်အရေး ရသွားတာ..
ဒါပေမယ့် ငါ့နှလုံးသားက ဖုန့်လျန့်ကို ပေးထားပြီးသားဆိုတာ ပြောလိုက်မယ်။ ဟွင့်။ ဒီလို ကောင်မျိုးများ သူငါ့ကို ရဖို့အခါင့်အရေး ဘယ်တော့မှ ရလိမ့်မယ် မထင်နဲ့”
“နင်… နင်စကားတွေ ဘာလို့ အရမ်း ရင့်သီးလွန်းနေတာလဲ”
မာခယ် ကျုပ်နောက် ရောက်လာပြီး ဟိုင်ယွဲ့နဲ့ စကားနိုင် မလုဖို့ ပုခုံးပေါ် လက်တင်ပြီး နောက်ကျောက်ကို တစ်ဖက်က ထောက်ထားတယ်။
ပြီးတော့ ပုံမှန်မဟုတ်တဲ့ပုံနဲ့ ဟိုင်ယွဲ့ရှေ့လျှောက်သွားပြီး..
“ငါနားလည်ပါတယ်။ နင့်နှလုံးသားထဲမှာ ငါဘယ်တုန်းကမှ မရှိခဲ့ဘူးဆိုတာ နောက်ဆုံးတော့ ငါနားလည်သွားပြီ”
မာခယ် ဟိုင်ယွဲ့ကို ကြည့်ရင်း မျက်ရည်တွေ စီးကျလာတယ်။
ကျုပ် ကြားဝင်ဖြေရှင်ချင်ပေမယ့် မူကျီကျုပ်ကို ဆွဲထားတယ်။
“မာခယ် ဒီလို သတ္တိရှိဖို့ မလွယ်ဘူး။ ဒီကိစ္စက သူတို့နှစ်ယောက်ထဲ ကိစ္စဆိုတော့ သီးသန့် ဖြေရှင်းခွင့် ပေးသင့်တယ်။ ဒီပြဿနာ သူတို့ကိုယ်တိုင် ဖြေရှင်းမှ အဆင်ပြေမှာ”
ဟိုင်ယွဲ့ မာခယ့်ကို မကြည့်ဘဲ ခေါင်းလှည့်သွားတယ်။
မာခယ် လေတစ်ဝကြီးရှူပြီး..
“တော်ဝင် မှော်ပညာ အလယ်တန်းကျောင်းကို စရောက်တုန်းက အသက်(၁၂)နှစ်ပဲရှိသေးတယ်. ကျောင်းကို ရောက်ပြီး နည်းနည်းကြာမှ နင့်ကို ငါတွေ့လိုက်ရတာ။ အဲ့တုန်းကဆို ငါ ငယ်သေးပေမယ့် နင်က ငါ့ဘဝ အဖော်လို့ အမြဲခံစားနေခဲ့မိတာ။ နင် ငါ့ထက် တစ်နှစ်ကြီးနေတာလဲ ငါ့အတွက်တော့ တကယ်ကို စိတ်ပျက်စရာ။ နင့်ကို သွားတွေ့ရတဲ့အချိန်တိုင်း၊ ဒါမှမဟုတ် နင်နဲ့ တစ်ခုခု ပြောခွင့်ရတဲ့အခါတိုင်း ငါအမြဲ ကျေနပ်နေခဲ့မိတာ။ အစ်ကို ဟိုင်ရီ ငါ့ကို အမြဲ ရိုက်တာတောင် ငါဘယ်တော့မှ နောင်တမရဘူး။ (၁၂)နှစ်သားဆိုတာ အချစ်အကြောင်း သေချာမသိပေမယ့် နင့်ပုံရိပ်က ငါ့နှလုံးသားထဲမှာ တံဆိပ်ရိုက်ထားသလို ဆွဲနေပြီ။ နှလုံးသား တံဆိပ်ကို ဖျောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ငါ ငယ်ငယ်ကလေးကတည်းက ပညာရေးနဲ့ ပတ်သက်ရင် ငါ့မိသားစုက စည်းကမ်း အရမ်းတင်းကြပ်လွန်းတယ်။ အဲ့ဒါကြောင့် တခြားကလေးတွေလိုမျိုး ပျော်ရွှင်မှုဆိုတဲ့ ခံစားချက် သိကို မသိခဲ့ဘူး။ ဒါပေမယ့် နင့်ကို တွေ့လိုက်ရတဲ့ အချိန်မှာ ပျော်ရွှင်မှုဆိုတာ ငါစသိခွင့်ရတယ်တယ်။ နင့်ကြောင့် အိပ်နေတဲ့ ငါ့နှလုံးသား နိုးထလာခဲ့တာကိုပဲ ငါအရမ်း ပျော်နေခဲ့မိတာ။ အတန်းဖော်တွေကြားမှာ အထီးကျန်နေတဲ့သူတစ်ယောက်လို့ ဝိုင်လှောင်တာလဲ ခံခဲ့ရဖူးတယ်။ ငါ နင့်ကို မြင့်ခွင့်လေးပဲရနေသရွေ့ ဘယ်လောက်ထိ ဆိုးဆိုးရွားရွား အရိုက်ခံရစမ်းပါစေ ဂရုမစိုက်ဘဲ ခံနိုင်ရည်ရှိအောင် ငါကြိုးစားခဲ့တယ်”
စကားရပ်ပြီး မာခယ် ရှိုက်သံထွက်တဲ့အထိ ငိုနေပါရောလား။
ကျုပ် မူကျီလက်လေးကို ခပ်တင်းတင်း ဆုပ်ထားရင်း မာခယ့်အတွက် စိုးရိမ်မိနေတယ်။ ဟိုင်ယွဲ့နဲ့ ပတ်သက်ပြီး ခံစားချက် အစစ်အမှန်တွေကို မာခယ်ထုတ်ပြောတာ ဒါ ပထမဆုံးပဲ။ ဟိုင်ယွဲ့ကို သူကြိုက်မှန်းသိပေမယ့် သူဒီလောက်ထိ နက်နက်ရှိုင်းရှိုင်း နာကျင်ခံစားနေရတာတွေ ဘယ်တုန်းကမှ မသိခဲ့မိဘူး။
ဟိုင်ယွဲ့လဲ မာခယ့်စကားတွေကို ဝင်မရှုတ်ဘဲ အသာလေး နားထောင်နေတယ်။ မာခယ် ခံစားချက်တွေ အသာပြန်ထိန်းပြီး ဆက်ပြောတယ်…
“အစ်ကို ဟိုင်ရီက ငါ့မှာရှိတဲ့ စွမ်းအားတွေလောက်နဲ့ဆို နင်နဲ့ မတန်လို့ လက်လျှော့ခိုင်းသေးတယ်။ ဘယ်လိုလုပ် လက်လျှော့နိုင်မှာလဲ။ လုံးဝပဲ။ အဲ့နောက်တော့ အရူးတစ်ယောက်လို နေ့တိုင်းနေ့တိုင်း ငါလုံးဝ မနှစ်မြို့တဲ့ မှော်ပညာတွေကို လေ့ကျင့်ပြီး မှော်စွမ်းအား တိုးမြှင့်နိုင်မယ့် နည်းလမ်းတွေပဲ ငါရှာနေခဲ့တာ။ နင်နဲ့ အတူနေနိုင်ဖို့နဲ့၊ ရှင်းမိသားစုရဲ့ အကြီးဆုံးသမီးဖြစ်တဲ့ နင့်ကို ပိုင်ဆိုင်ဖို့ လုံလောက်တဲ့အစွမ်းတွေ ရဖို့ဆိုတာ ငါ့ပန်းတိုင်ပဲ”
============= (*^*)=============
အပိုင်း( ၁၃၈ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား