ရုပ်သေးစုံတွဲ
Vol. 10 Ch. 138
Child of light (ကျန်းကုန်း)
Volume 5: Chapter 5 - A Pair of Puppets
“ငါ နင့်နင့် သိခွင့်ရတာဆို (၆)နှစ် (၇)နှစ်လောက်ရှိပြီ။ အရိုးသားဆုံးပြောရရင် ငါက ကိုယ့်ကိုကိုယ် ထုတ်ပြောလို့ ကောင်းတဲ့ လူတစ်ယောက်မဟုတ်ဘူး။ ငါနင့်ကို စကားလုံးတွေနဲ့ ချစ်တာမဟုတ်ဘူး၊ စိတ်ထဲကနေ တိတ်တိတ်လေးပဲ ချစ်နေတာ။ ဒါပေမယ့် အခုတော့ အချစ်စစ်ဆိုတာ ဘာလဲ ငါသိသွားပြီ။ ငါ့ဘဝမှာ နင်တစ်ယောက်ပဲ အချစ်ရဆုံးသူ ဆိုတာ သေချာသွားပြီ။ ကျောင်းမှာ နင့်မျက်နှာလေး ပျော်ရွှင်နေတာကို ခိုးကြည့်နေရတာနဲ့တင် ပြီးပြည့်စုံနေပြီလို့ ခံစားရတယ်။ နင် ငါ့ကို အပြစ်မပြောဘဲ ပုံမှန်စကားလေး တစ်ခွန်းတလေ ပြောတဲ့ နေ့တွေဆိုရင် ငါ့ဘဝအတွက် ပျော်ရွှင်ရဆုံး နေ့တွေပဲ။ တစ်နေ့နေ့ တစ်ချိန်ချိန် နင့်ငါ့အပေါ်နားလည်ပြီ သူတို့သမီးလေးအဖြစ်နဲ့ ငါ့ရင်ခွင်ထဲ လာမှာပဲဆိုတဲ့အတွေး အမြဲတမ်းရှိနေခဲ့မိတာ။ ဒါပေမယ့် ဖုန့်လျန့် ပေါ်လာပြီးတဲ့နောက် ငါ့အိပ်မက်တွေ တဖြည်းဖြည်း ပျက်စီးသွားတယ်။ နင် နဲ့ ငါ့ ဇာတ်လမ်းက ပိုပိုပြီး ဝေဝါးသွားတယ်ဆိုတာ ငါသိတယ်။ နင့်အတွက် ငါတကယ်ကို စိတ်မကောင်းပါဘူး။ နင် ဘယ်လောက် နာကျင်နေရလဲဆိုတာ ငါ့နှလုံးသားက အကြိမ်တိုင်း သိနေတယ်”
မာခယ် ဟိုင်ယွဲ့အပေါ် ဘယ်လောက်ထိ နက်နက်ရှိုင်းရှိုင်း ခံစားရတယ်ဆိုတာ ပူဆွေးသောကတွေအပြည့်နဲ့ ရင်ဖွင့်နေတဲ့အချိန် ကျုပ်နဲ့ မူကျီတို့ နှစ်ယောက်လုံး တော်တော် တုန်လှုပ်သွားတယ်။ ကျုပ် ပုခုံးပေါ်မှာဆိုရင် မူကျီ မျက်ရည်တွေတဲ့ ရွှဲတောင်နေပေါ့။
“အခုတော့ ငါ အိပ်မက်က နိုးလာပါပြီလေ။ နင်ပြောသလိုပဲ ငါ့မှာ ဘယ်တော့မှ အခွင့်အရေးရှိမှာ မဟုတ်တော့ဘူးဆိုတာ ငါနားလည်သွားပြီး။ ဟား.. ဟား.. ဟား။ ငါ နိုးထခဲ့ပြီ။ ငါနိုးသွားပြီ။ ဟိုင်ယွဲ့ နင် စိတ်မပူပါနဲ့။ ငါ နင့်ကို ကောက်ညှင်းမုန့် တစ်ခုလို စွတ်ကပ်မနေပါဘူး။ နင့်ကို ဘယ်တော့မှ စိတ်ဒုက္ခပေးမှာ မဟုတ်တော့ဘူး။ ဒါတော့ ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောချင်သေးတယ်။ အစ်ကိုကြီး ကျန်းကုန်း ပြောခဲ့တာတွေက အလိမ်အညာမပါဘူး။ အမှန်တရားတွေ။ ရီမိသားစု ခေါင်းဆောင် စစ်ဖုန့်ရီ သူ့ မကောင်းဆိုးဝါး စိတ်ဝိညာဉ်တွေကို ကျန်းကုန်းနဲ့ တိုက်ခိုက်တုန်းက ဖော်ထုတ်မိခဲ့လိုက်တယ်။ ကျေးဇူးပြုပြီး ငါလိမ်နေတယ် ထင်မနေနဲ့အုံး၊ အစ်ကိုကြီးကျန်းကုန်းက အခုဆို မှော်သခင်ကြီး အဆင့်ရောက်နေပြီ။ တိုက်ပွဲဖြစ်တုန်းက ငါလဲ အဲ့မှာရှိနေတယ်။ အစ်ကိုကြီးနဲ့ ဖုန့်လျန့်တို့ တိုက်ပွဲတုန်းက နင်မှတ်မိသေးလား၊ ဖုန့်လျန့်ရဲ့ နောက်ဆုံးပိတ် တိုက်ကွက်လေ၊ အဲဒါတောင် နင် အသိတရား မရနိုင်သေးဘူးလား။ ငါ့မှာ အခွင့်အရေး မရှိရင်တောင် နင့်အတွက် ဖော်ကောင်းတစ်ယောက် ရှာတွေ့ပါစေလို့ ငါအမြဲ မျော်လင့်မိနေတုန်းပဲ။ နောက်ဆုံး အနေနဲ့ ပြောရရင် နင့်ဘဝ တစ်လျှောက်လုံး အမြဲထာဝရ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ငါဆုတောင်းပါတယ်ဟာ”
ပြောပြီးတာနဲ့ မာခယ် အဝေးကို ထွက်ပြေးသွားပါလေရော။
ကျုပ် လိုက်သွားမလို့ လုပ်တုန်း မာခယ့် အသံ နားထဲရောက်လာတယ်..
“အစ်ကိုကြီး။ ငါ တစ်ယောက်ထဲ အေးအေးဆေးဆေး နေချင်တယ်ကွာ။ မနက်ကျ ငါပြန်လာခဲ့မယ်”
ကျုပ်မှာလဲ သက်ပြင်း အခါခါ ချယုံပဲ တတ်နိုင်တော့တယ်။ ဟိုင်ယွဲ့ ကြည့်လိုက်တော့လဲ သစ်တုံးတစ်တုံးလို မတုန်မလှုပ် ငုတ်တုတ်ကြီး။
စစ်ဝါ အသံထွက်လာတယ်။
“မာခယ် ပြောသွားတာ အမှန်တွေဆိုတာ ငါသက်သေခံလို့ရတယ်။ ငါ့ဆရာလဲ အဲ့ပွဲမှာ ရှိနေတယ်။ ကျန်းကုန်းရဲ့ မှော်အစွမ်း ပြင်းထန်လွန်းတာကို အမြဲချီးကျူးနေတာ၊ ဟိုင်ယွဲ့ နင်မယုံသေးရင် နင့်အဘိုးကိုလဲ မေးကြည့်လို့ရတယ်”
ဒီကောင် တောကောင် (၂)ကောင် ထမ်းပြီး ပြန်လာတာဗျ။
ဟိုင်ယွဲ့ ရုတ်တရက် ထအော်လိုက်တယ်။
“ဘာမှ မပြောနဲ့တော့။ နင်တို့တွေ ဘာမှ လာမပြောနဲ့တော့”
ကြည့်လိုက်တော့ လာပြန်ပြီ နောက်တစ်ယောက်၊ သူလဲထွက်ပြေးသွားပြန်ပြီ။ မူကျီက..
“သူ အမှန်တရားကို လက်ခံနိုင်ဖို့ အရမ်းခက်နေတာဟ။ ငါ သူ့ကို သွားကြည့်လိုက်မယ်။ စားဖို့သောက်ဖို့ ပြန်ထားလို့ ရတယ်နော်”
ဒီလို အချိန်မျိုးမှာတောင် သူ စားချင်သောက်ချင်နေသေးတယ်နော်။ စစ်ဝါ တောကောင်(၂)ကောင်ကို ဘေးချပြီး ထိုင်လိုက်တယ်။
“အခုမှ ပြန်ရောက်ရောက်ချင်း မာခယ်ပြောနေတာ ကြားလိုက်ရတာကွ။ ဒီကောင့်မှာ အဲ့လောက်ထိ နက်နက်ရှိုင်းရှိုင်း ခံစားချက်တွေ ရှိမယ်လို့ ထင်ကို မထင်မိခဲ့ဘူး”
“မင်းတင် မဟုတ်ဘူး ငါ့ကောင်ရေ။ သူ့ချစ်စိတ်တွေ ဘယ်လောက်နက်ရှိုင်းတယ်ဆိုတာ ငါလဲ မသိခဲ့ဘူး။ ဒီတစ်ခါ တော်တော် ထိချက်ပြင်းသွားတယ်ဟ။ ငါ့ကို ပြောစမ်းပါအုံး၊ ငါတို့တွေ ဘယ်လိုဆက်ပြီး စခန်းသွားကြမလဲ။ နှစ်ယောက်စလုံးမှာ စိတ်ဒဏ်ရာ ကိုယ်စီနဲ့ ဖြစ်နေကြပြီ။ အာ.. ဟုတ်သားပဲ။ ငါမင်းကို မေးမလို့ အချိန်မရဘူးဖြစ်နေတာ။ အရင်ပြိုင်ပွဲတုန်းက အခြေအနေ ဘယ့်နှယ့်လဲကွ”
“အရိုးသားဆုံး ပြောရရင်၊ ဒီပြိုင်ပွဲမှာ ဝင်ကို မပြိုင်ချင်ဘူး။ အဲ့တုန်းက ငါ့စွမ်းရည်တွေ တိုးတက်လာတယ်ဆိုပေမယ့် ပြိုင်ဖက်တွေကို အနိုင်မခံ အရှုံးမပေးတဲ့ အရူးတွေ ကူညီလို့ လို့ပဲ ပြောရမယ်ထင်တယ်”
“အရူးတွေ….”
“ဟုတ်တယ်။ အဲ့လူတွေ အရူးတွေကွ။ မင်း မသိလောက်သေးဘူးထင်တယ်။ ငါတို့ ကျောင်းကို အနိုင်ယူချင်လွန်းလို့ ကျန်တဲ့ ကျောင်း(၇)ခုက သူတို့ကျောင်းရဲ့ စကာတင် ထိပ်သီးတွေပဲ ခေါ်လာတာ။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ တိုက်ပွဲစပြီဆိုတာနဲ့ သူတို့မှာ ဘာဆင်ခြင်တုန့် တရားဆိုတာကို မရှိတော့ဘူး။ သူ့ အစွမ်းက အရမ်းကောင်းနေတာ မဟုတ်ပေမယ့် တိုက်ပွဲထဲမှာ သူတို့လုပ်မယ့်ဟာက ခံနိုင်ရည် ရှိဖို့ မလွယ်ဘူး။ အဲ့ပွဲတုန်းက ငါတို့ကျောင်းက (၃)ယောက် ဘာလို့ ဒဏ်ရာ အပြင်းအထန်ရသွားလဲဆိုတာ မင်းသိလား”
“ဘာလို့လဲကွ”
“အဲ့ ကျောင်းသား (၃)ယောက်လုံး ပြိုင်ဖက်ရဲ့ ဘဝအသက် လောင်ကျွမ်းမှော်စွမ်းအား ကြောင့် ဒဏ်ရာ ရသွားတာ”
“ဘာကြီး .. ဘဝအသက်လောင်ကျွမ်းမှော်စွမ်းအားလား။ သူတို့ တကယ်ကြီး အသက်မရှင်ချင်လောက်အောင် ဖြစ်နေကြတာလားဟ”
“ငါ မှတ်မိနေသေးတယ်၊ အဲ့တုန်းက ရေမှော်သခင် စီနီယာ နန်စစ်ရဲ့ ဒဏ်ရာက မှော်ဆရာကြီး တစ်ယောက်ရဲ့ ဘဝအသက် လောင်ကျွမ်းခြင်းမှော်အစွမ်းကြောင့်ကွ။ စီနီယာ နန်စစ် အဲ့ပွဲမှာ နိုင်လိုက်တယ်ဆိုပေမယ့် သူ့ခြေထောက် ကတော့…….”
ဒီအတိုင်းဆို ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ကျုပ် သေချာ ပြန်စဉ်းစားရတော့မယ့်ပုံပဲ။ ထင်ထားတာထက်ကို ပိုကြောက်ဖို့ ကောင်းနေတာပဲဗျ။ ကျုပ် ဖြစ်သွားရင်တော့ ပြဿနာမရှိပါဘူးလေ။ ဒါပေမယ့် မူကျီ ဒါမှမဟုတ် အဖွဲ့သား တစ်ယောက်ယောက်သာ ထိခိုက်သွားခဲ့မယ်ဆိုရင်… ဟူး။
“ဒီတော့ ပြိုင်ပွဲစတာနဲ့ ပြိုင်ဖက်တွေကို တန်ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးတောင်မပေးဘဲ အစွမ်းကုန် တိုက်မှ ရမယ်။ အဲလိုမှ မဟုတ်ရင်တော့ ငါတို့ကို အနိုင်ရဖို့ တစ်ခုလေးနဲ့ သူတို့ရဲ့ ဘဝအသက်လောင်ကျွမ်းခြင်း မှော်ပညာ သုံးပြီး သူတို့ အသက်ကို လောင်ကြေးထပ်ပြီး တိုက်ကြလိမ့်မယ်။ အဲလိုသာ ကြုံလိုက်ရရင် ငါတို့တွေ ဒုက္ခ အကြီးအကျယ်ရောက်မှာကွ”
ဟုတ်ယ်။ သူပြောတဲ့ အတိုင်းလုပ်မှ ရမှာ။
“ကောင်းပြီလေ။ ဒါတွေထားလိုက်ပါတော့။ ကျန်းကုန်း ငါတို့တွေ အခုလက်ရှိ ဖြစ်ပျက်နေတာကို ဘယ်လိုလုပ်ကြမလဲ”
“ဒီအခြေအနေကြီးမှာတော့ ဘယ်သူ စားချင်စိတ်ရှိအုံးမှာလဲကွာ။ ငါ့မှာ ရိက္ခာခြောက်တွေ ရှိတယ်။ ဒါတွေ နည်းနည်းပါးပါးစားပြီး နားကြတာပေါ့ကွာ”
အချိန် အတော်ကြာတော့ မူကျီနဲ့ ဟိုင်ယွဲ့ ပြန်လာတယ်။ ဟိုင်ယွဲ့ကို ကြည့်လိုက်တော့ တော်တော် စိတ်ဓာတ်ကျနေတဲ့ပုံပဲ။ ပြန်ရောက်လာတာနဲ့ နေရာလွတ်ဖြစ်နေတဲ့ မာခယ့် အိပ်ယာကို တစ်ချက်ကြည့်ပြီး သူ့နေရာမှာ ကွေးကွေးလေး သွားအိပ်နေရော။
ဟိုင်ယွဲ့ ကိစ္စ မူကျီကို မေးချင်ပေမယ့် သူလဲ တော်တော် နုံးချိနေတဲ့ပုံဖြစ်နေတယ်။ ကျုပ် သူ့ကိုပေးတဲ့ ရိက္ခာခြောက်စားပြီး သွားအိပ်တော့တာပဲဗျို့။ ကျုပ် မအိပ်ခင်မှာပဲ သူတို့တွေအကုန် အိပ်ပျော်သွားကြပြီ။ ဟိုကောင် မာခယ် တစ်ညလုံး ပြန်ကို ပေါ်မလာတာ။ မိုးလင်းတော့ သူ့ကို စိတ်ပူနေတုန်း ပြန်ရောက်လာတယ်။ သူ့ပုံစံ ကြည့်ပြီး ကျုပ်တောင် လန့်သွားတယ်။ တစ်ညလေးနဲ့ ဒီကောင့် ဆံပင်နီနီတွေကနေ ပြာမှုန့်တွေတွေ ရောထွေးပြီး မွဲခြောက်ခြောက် ကြီးကို ဖြစ်လို့။
ကျုပ် အပြေးလေးသွားပြီး လှမ်းဆွဲလိုက်တယ်။ အသက်မဲ့နေတဲ့ မျက်လုံးတွေနဲ့ ကျုပ်ကို ကြည့်ပြီး..
“အစ်ကိုကြီး ငါတို့တွေ သွားသင့်နေပြီ”
“မင်း ဘယ်လိုနေသေးလဲ”
“အဟက်… ငါအဆင်ပြေပါတယ်။ စိတ်ပူစရာမရှိပါဘူး”
“နင့်ဘ။ မင်းဒီလိုပုံစံမျိုးကြီးနဲ့ကို ငါက ဘယ်လို စိတ်မပူဘဲ နေနိုင်မှာတုန်းဟ”
ကျုပ် သိုလှောင်အိတ်ထဲကနေ သူ့အတွက် ရိက္ခာခြောက်နဲ့ ရေ ထုတ်ပေးပြီး စားခိုင်းလိုက်ရတယ်။ ပြီးတော့မှ အဖွဲ့တွေကို နှိုးပြီး ခရီးဆက်ထွက်ဖို့ ပြင်ရမယ်လေ။
မူကျီတောင် မာခယ့်ပုံစံကြည့်ပြီး လန့်သွားတယ်။ ကျုပ် တစ်ဖက်လှည့်ပြီး လက်ခါပြယုံပဲ တတ်နိုင်တော့တယ်။
အကုန်လုံး နိုးလာတော့ မာခယ့်ကို ကြည့်ပြီး ဟိုင်ယွဲ့ တော်တော် တုန်လှုပ်သွားတယ်။ ပြီးတော့ ဘာစကားမှ မပြောဘဲ ရိက္ခာခြောက်ကို ငြိမ်ပြီး စားနေလေရဲ့။
မာခယ်ပါ အသံတိတ်သွားတော့ ဒုတိယမြောက်နေ့ ခရီးစဉ်က ပထမနေ့ကထက် ပိုဆိုးသွားတာပေါ့။ နေ့ဝက်လောက် ခရီးဆက်ပြီး မြို့လေးတစ်မြို့ရောက်လာတယ်။ မူကျီ၊ စစ်ဝါနဲ့ ကျုပ်တို့ ခနလောက် တိုင်ပင်ပြီး တည်းခိုခန်းရှာ အနားယူဖို့ ဆုံးဖြတ်လိုက်တယ်။ အဖွဲ့ထဲက ဆက်ဆံရေး အခြေအနေတွေ အရမ်းဆိုးလွန်းတယ်လေ။ ပြိုင်ပွဲကိုတောင် ဘယ်လို ဆက်ပြီး စခန်းသွားရမှန်း မသိတော့ဘူး။
မာခယ်နဲ့ ဟိုင်ယွဲ့တို့ (၂)က အဓီက အတားအဆီးတွေ ဖြစ်လာတယ်။ သူတို့တွေ ကျုပ်နောက် လိုက်လာကြပေမယ့် ဘာသံမှကို မထွက်ကြတာ။ သူတို့(၂)ယောက်က ပြောသမျှလုပ်ပေးနေတဲ့ ရုပ်သေးတွေလိုပဲ။ မာခယ့်ကို စည်းရုံးဖို့ ကြိုးစားကြည့်ပေမယ့် သူ့နှလုံးသား သေသွားတဲ့ ပုံစံဖြစ်နေတယ်ဆိုတာ သိလိုက်ရတယ်။ အချိန်ဆိုတာကြီးကပဲ အရာအားလုံးကို ကုစားသွားနိုင်ပါစေလို့ ကျုပ်မျှော်လင့်ရတော့မှာပေါ့။ ဒီပြိုင်ပွဲအတွက် ဟိုင်ယွဲ့ကို ခေါ်လိုက်မိတာက မဟာအမှားကြီး တစ်ခု ဖြစ်သွားတဲ့ပုံပဲဗျာ။
============= (*^*)=============
အပိုင်း(၁၃၉ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား