← Chapters

တစ်ယောက်သောသူ၏ ဝမ်းနည်းမှု

Vol. 10 Ch. 144

တစ်ယောက်သောသူ၏ ဝမ်းနည်းမှု

Vol. 10 Ch. 144

Child of light (ကျန်းကုန်း)

Volume 5: Chapter 11 - A Man’s Sorrows

အဖွဲ့ရဲ့ အငွေ့အသက်တွေ အသက်ဝင်သွားပြီ။ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေး ကောင်းနေတာ တွေ့တော့ ကျုပ်ရင်ထဲမှာ နွေးသွားတယ်။

“အစ်ကိုကြီး စစ်ဝါ၊ ငါ့ကိုကစားနေတာတွေ တော်လိုက်တော့။ မင်းအရမ်းအစွမ်းထက်တယ်။ ငါ မင်းနဲ့ ဘယ်လိုလုပ် ပြိုင်ဖက် ဖြစ်မှာလဲ”

“ကျန်းကုန်း… မင်းငါ့ကို ပထမဆုံးအကြိမ် အစ်ကိုကြီးလို့ ခေါ်လိုက်တာပေါ့”

“အစ်ကိုကြီး စစ်ဝါ။ ရိုးရိုးသားသားပြောရရင် မင်းကို စတွေ့ကတည်းက ငါမင်းကို စောင့်ကြည့်နေတာ။ ဘာဖြစ်လို့လဲဆိုတော့ ဆရာ တူယုရှီးနဲ့ ငါတို့ကြားက တိုက်ပွဲအပြီး မင်းရဲ့ ဆက်ဆံရေးကြောင့်ပဲ။ ဒါပေမယ့် ဒီရက်ပိုင်းတွေ အတွင်းမှာ မင်းနဲ့ ဆက်ဆံလာခဲ့ရသမျှ မင်းက လူဆိုးတစ်ယောက်မဟုတ်ဘူးဆိုတာ ငါသိလာတယ်။ ပြီးတော့ ငါတို့ အဆင့်တွေကလဲ အတူတူပဲလေ။ သေချာပေါက် မိတ်ဆွေ ဖြစ်ရမျာပေါ့။ မင်းက ငါ့ထက် အသက်ကြီးမှတော့ အစ်ကိုကြီးပဲ ဖြစ်သင့်တယ်လေ။ အဟီး”

စစ်ဝါ ခေါင်းညိတ်ပြီး သူ့မျက်ဝန်းထဲမှာ ခံစားချက် အငွေ့အသက်တွေ ပြည့်လာတယ်။

“ကောင်းပြီလေ။ ငါမင်းကို ညီအစ်ကို အဖြစ် အသိအမှတ်ပြုတယ်။ တကယ်တော့ ဆရာရှီးက မြို့စားကြီးကို ပံ့ပိုးရင်းနဲ့ အခက်အခဲတွေ ကြုံခဲ့ရတာကွ။ အဲဒါ ဘာလဲဆိုတာ မပြောနိုင်သေးပေမယ့် နောက်တော့ သိရမှာပါလေ။ ဒါပေမယ့် ဆရာရှီးက ကိုယ်ကျင့်တရားကောင်းပြီး မှန်ကန်တဲ့ မှော်သခင်တစ်ယောက်ဆိုတာ ငါအာမခံတယ်”

“မင်းပြောတာ ငါယုံပါတယ်။ ငါတို့တွေ အခုချိန်ကစပြီး ညီအစ်ကိုတွေ ဖြစ်သွားပြီ”

ကျုပ် အနားကို သွားပြီး စစ်ဝါလက်ကို တင်းတင်း ကိုင်ထားလိုက်တယ်။

နောင်တစ်ချိန် မျိုးဆက်သစ်တွေ စကားစမြည်ပြောတိုင်း အလင်း၏သားတော်မှာ အစွမ်းထက်ပြီး ခွဲလို့မရနိုင်တဲ့ သူငယ်ချင်းတွေ၊ ညီအစ်ကိုတွေ အများကြီးရှိလို့ တော်တော်များများကို အောင်မြင်တာလို့ ထင်ကြလိမ့်မယ်ဗျ။

……………………….

ညပိုင်းကျ ကျန်တဲ့သူတွေ မအိပ်ခင် မူကျီ…

“လမ်းလျှောက်ထွက်ရအောင်လေ။ ဒီလိုနေရာမျိုး ရောက်ဖို့ လွယ်တာမဟုတ်ဘူး။ လက်ဗလာနဲ့ မပြန်ချင်ပါဘူး”

ကျုပ်အတွက် အရေးကြီးဆုံးက ကျုပ်မိန်းမကို ကူညီဖို့ဆိုတော့ကာ ချက်ချင်း သဘောတူလိုက်တာပေါ့။ ကျန်တဲ့သူတွေလဲ သဘောတူ တယ်ဆိုတော့ အားလုံး စိတ်တူကိုယ်တူ ရိပ်သာထဲက ထွက်လာခဲ့လိုက်ကြတယ်။

စစ်ပြန်မြို့က အရမ်းမချမ်းသာပေမယ့် အလယ်အလတ်အဆင့်ရှိတဲ့ မြို့တော့ ဖြစ်နေတုန်းပဲလေ။ ဆိုင်တွေဆိုလဲ ကြီးကြီး၊ သေးသေး၊ ဧည့်ခံပွဲတွေနဲ့။ မူကျီနဲ့ ဟိုင်ယွဲ့တို့နှစ်ယောက်က မိန်းကလေးချင်းဆိုတော့ နှစ်ယောက်သား တစ်ပူးပူး တတွဲတွဲနဲ့ သူတို့ကြိုက်တာတွေ အကုန်ရွေးဝယ်နေကြလေရဲ့။ ကျုပ်တို့(၃)ယောက်ကတော့ သူတို့နောက် လိုက်ရင်းနဲ့ အဆွဲတော်တွေ ဖြစ်သွားရတော့တာပေါ့ဗျာ။ ခနကြာတော့ ကျုပ်တို့လက်တွေတင်မဟုတ်ဘူး တစ်ကိုယ်လုံးမှာလဲ တိုးလို့တွဲလောင်းတွေ ပြည့်သွားပြီ။ ကျုပ်အနေနဲ့တော့ ဒါတွေကို သိုလှောင်အိတ်ထဲ ထည့်လို့ရပေမယ့် မူကျီ ဒီပစ္စည်းတွေရဲ့ နှစ်စလောက် ဝယ်မှာကြောက်ပြီး ဒီအတိုင်း ကြိတ်မှိတ် သယ်နေရတာ။

ရီရီမောမော ဖြစ်နေတဲ့ မာခယ်နဲ့ စစ်ဝါကို လှမ်းကြည့်လိုက်မိတယ်။ ကျုပ် နည်းနည်းလေး စဉ်းစားမိလို့ ဟိုင်ယွဲ့ ဝယ်သမျှပစ္စည်းတွေ မာခယ့်ကို ပေးထားလိုက်တယ်။ အဟီး။ ဒီကောင် ကျုပ်ကို ငြင်းမှာ မဟုတ်ဘူးလေ။ သူငြင်းချင်ရင်တောင် ရမနေဘူး။ ကျုပ် စိတ်သက်သွားတဲ့ တစ်ချက်က ဟိုင်ယွဲ့ သူ့အိတ်တွေ မာခယ့်လက်ထဲမှာဆိုတာ သိပေမယ့် ဘာမှ မပြောဘူးဗျ။ သူဝယ်ထားတဲ့ ပစ္စည်းတွေ ထပ်ပေးသမျှ မာခယ့်ကိုပဲ ပေးထားလိုက်တယ်။

ဒါပေမယ့် မာခယ် ပျော်တဲ့ပုံ မမြင်ရဘူးဗျ။ ကောင်မလေးတွေ ဆိုင်တစ်ဆိုင်မှာ ရွေးကြရင်း အလုပ်ရှုပ်နေတုန်း မာခယ့်ကို ကပ်ပြီး..

“ဟိုင်ယွဲ့ သူ့ပစ္စည်းတွေ မင်းကို ပေးသယ်ထားတာ မင်းဘာလို့ မပျော်တာတုန်း”

“အစ်ကိုကြီး။ ငါမပျော်တာမဟုတ်ဘူး မပျော်ရဲတာ။ နှစ်တွေ အများကြီး ပျော်လာခဲ့သမျှ စိတ်ဓာတ်ကျသွားပြီ။ ငါခံစားနိုင်တာထက် မျှော်လင့်ချက် ပိုကြီးလေလေ ငါပိုစိတ်ညစ်ရလေလေပဲ။ နောက်တခါ ဒီလို အဖြစ်မခံနိုင်တော့ဘူးကွာ”

သူပြောတာလဲ ဟုတ်တာပဲ။ သူစိတ်ထဲမှာ ဟိုင်ယွဲ့ကို စွန့်လွှတ်လိုက်ပြီဆိုပေမယ့် ဘယ်လိုလုပ် လွယ်မှာတဲ့တုန်း။ သူသာ ဒီကိစ္စ အစက ပြန်စဖို့ ကြိုးစားမယ်ဆိုရင် ဒီကောင် လမ်းတောင် လျှောက်နိုင်တော့မယ် မထင်ဘူး။ ကျုပ် သူ့ပုခုံးကို အသာ ပုတ်ပြီး..

“ညီလေး။ ဒီစကားပဲ ထပ်ပြောရမှာပဲကွာ။ မင်းကံကြမ္မာက ရုန်းထွက်နိုင်ဖို့ အချိန်ကို စောင့်ရလိမ့်မယ်”

ကျုပ်တို့ (၃)ယောက်လုံး ညောင်းကိုက်နေကြပေမယ့် မူကျီနဲ့ ဟိုင်ယွဲ့တို့ကတော့ ထောင်ထောင် ထောင်ထောင်ပဲ ရှိသေးတယ်။ ဒါ မိန်းကလေးတွေ သဘာဝ ဖြစ်မယ်ထင်တယ်။ တကယ်ကို သီးမခံနိုင်တော့ဘူးဗျာ။ မူကျီကို လှမ်းပြောလိုက်တယ်။

“မူကျီ ငါတို့ ခနနားလို့ရမလား။ ငါ့ကိုလဲ ကြည့်စမ်းပါအုံး။ နောက်ထပ် ပစ္စည်းချိတ်ဖို့ နေရာ ကျန်သေးလားလို့”

မူကျီ နောက်ပြန်လှည့်ကြည်လိုက်တော့ ဂိုထောင်တစ်လုံးလိုပဲ အိတ်ကြီး အိတ်ငယ်တွေနဲ့ ဖုံးနေတဲ့ ကျုပ်ရဲ့ သနားစရာ အခါက်လေး မြင်သွားတာပေါ့။ သူဝယ်ထားတဲ့ ပစ္စည်းတွေနဲ့ ပဲ ဖုံးနေတာလေ။ မူကျီ အံ့ဩသွားတဲ့ပုံနဲ့..

“အယ်… ငါ အများကြီး ဝယ်လိုက်မိတာလား။ ကဲပါ ပြီးကာနီးပါပြီး။ ပြန်ကြတာပေါ့”

ယေး…….။ နောက်ဆုံးတော့ ကျုပ်ကို လွတ်လပ်ရေးပေးပြီ။ မာခယ်နဲ့ ကျုပ် နှစ်ယောက်သား သက်ပျင်းချလိုက်မိတယ်။ တစ်ဖက်က စစ်ဝါကတော့ ကျုပ်တို့ ကံဆိုးတာကို ဟားတိုက်နေလေရဲ့။

“အင်း ရီးစားသနာ မထားတာ တော်တော် နေလို့ကောင်းတာပဲကွ။ ဟား ဟား”

သူ့ကို ပြန်ပက်ဖို့လဲ ကျုပ်တို့မှာ အားမရှိတော့သလို ရိပ်သာကိုသာ မြန်မြန် ပြန်ချင်နေပြီ။

ခက်ခဲ ကြမ်းတမ်း ရှည်လျားတဲ့ ခရီးကြီးကို ဖြတ်ပြီး နောက်ဆုံးတော့ ရိပ်သာ ပြန်ရောက်လာခဲ့ပြီ။ ကျုပ် မူကျီ ပစ္စည်းတွေ သူ့အခန်းထဲမှာ ထားပေးလိုက်တယ်။ ပြီးတော့ ဆိုဖာပေါ်မှာထိုင်ပြီး ပြန်ကို မထချင်တော့ဘူး။ မာခယ်ကတော့ သူ့ပစ္စည်းတွေကို အခန်းတံခါးရှေ့ချထားပြီး ဆိုဖာပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်နေလေရဲ့။

မူကျီ ကျုပ်ကို ငုံ့ကြည့်ပြီး..

“ကျန်းကုန်း နင်အရမ်း ပင်ပန်းနေပြီထင်တယ်”

“အင်း.. လှုပ်တောင် မလှုပ်နိုင်တော့ဘူး။ နောက်ထပ် နင်နဲ့ ဈေးဝယ်ထွက်ဖို့ ထပ်မပြောနဲ့တော့နော်။ ငါဘယ်လိုမှ မခံနိုင်တော့ဘူး”

ကျုပ်စကားကြားတော့ မူကျီ မျက်ခုံးပင့်ပြီး..

“နင်ဘာပြောလိုက်တယ်။ နင်ငါ့ကို စိတ်အနှောက်အယှက်ပေးတယ်ပေါ့လေ”

သူ ဒေါသထွက်တာ မြင်လိုက်ရတော့ သူ့လက်ကလေးကို အလျှင်စလို ကိုင်ပြီး ပြုံးပြုံးလေးနဲ့..

“စောစောက မှားပြောမိတာ။ နည်းနည်းလေး ပင်ပန်းသွားလို့ အတွေးတွေ ရောကုန်တာ။ ငါပြောချင်တာက နင်နဲ့အတူ ခကြာခန ဈေးဝယ်ထွက်ချင်တာလို့။ ဒါမှလဲ ဗဟုသုတ တိုးမှာလေ။ အဟီး”

အဲ့တော့မှ မူကျီ မျက်နှာပြောင်းသွားပြီး..

“အဲလို လုပ်စမ်းပါ။ လာလာ ငါ နင့်လက်မောင်း နှိပ်ပေးမယ်”

ကျုပ် ဒီနေ့ ဘာမှမလုပ်တော့ဘူး။ မူကျီရဲ့ နုနုညံ့ညံ့ လက်ချောင်းလေးတွေနဲ့ ကျုပ်ကို နှိပ်ပေးနေတာလေ။ တော်တော်ကို သက်တောင့်သက်သာရှိလွန်းလို့ သက်ပျင်းတောင် ခိုးချမိတယ်။ ဒါ တော်တော် ကောင်းတာပဲ။ ကျုပ် သူဈေးဝယ်ထွက်ပါစေ ဆုတောင်းရမယ့်ပုံပဲ။

မာခယ် ကျုပ်တို့ စုံတွဲကို ကြည့်ပြီး ခေါင်းတွေ ခါနေတယ်။ ဒီကောင် သူ့အခန်းသူ ပြန်သွားလေရဲ့။ ဟိုင်ယွဲ့လဲ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ မာခယ့်ပုံကို ကြည့်ပြီး မထင်မှတ်ဘဲ တုန်သွားတာ မြင်လိုက်မိတယ်။

ကျုပ် မူကျီလက်ကို ဆွဲပြီး..

“ငါ နင့်အခန်းထဲ လာလို့ရမလား။ နင်ဘာတွေ ဝယ်ထားလဲဆိုတာ ငါကြည့်ချင်လို့”

“နင် ငါ့အခန်းထဲ လာလို့ရတယ်။ ဒါပေမယ့် ဟိုဟို ဒီဒီ စိတ်ကူးမယ်တော့ မကြံနဲ့နော်”

သေစမ်း။ သူ ရိပ်မိသွားပြန်ပြီ။ စိတ်ပျက်လက်ပျက်နဲ့ပဲ..

“အေးပါဟာ..”

ကျုပ် ကြမ်းပြင်ပေါ်ထိုင်ရင်း သူဝယ်ထားသမျှ ပစ္စည်းတွေကို စနစ်တကျဖြစ်အောင် ကူစီပေးလိုက်တယ်။ ပစ္စည်း တစ်ခု ကောက်ကိုင်လိုက်တိုင် ဘယ်နေရာမှာ ဘယ်လိုထားရမလဲဆိုတာ မူကျီဆီက အသံထွက်လာတယ်။

ကြောက်တက်တက်နဲ့ လက်တွေကို အလုပ်ပေးနေလိုက်တယ်။ ဘယ်လောက် ကြာသွားလဲတော့ မသိဘူး လက်ထဲမှာ ဘယ်ပစ္စည်းမှ မထိမိတော့ဘူး။ မျက်လုံးကို တဖြည်းဖြည်း ဖွင့်ကြည့်လိုက်တော့ ပစ္စည်းတွေအားလုံး သပ်သပ်ရပ်ရပ်ဖြစ်သွားပြီ။ မူကျီတောင် သူ့အိပ်ယာထဲ လှဲပြီး စာအုပ်တစ်အုပ် ဖတ်နေပြီ။ ကျုပ် သူ့ကုတင်ပေါ်ထိုင်ပြီး ဖက်မလို့ လက်ကလေးလှမ်းလိုက်တယ်။

မူကျီ ကျုပ်လက်ကို ပုတ်ထုတ်ပြီး..

“ဘာလုပ်နေတာလဲ။ ပစ္စည်းတွေ စီပြီးပြီလား”

============= (*^*)=============

အပိုင်း( ၁၄၅ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters