← Chapters

သေလုမျောပါး အပြင်းအထန် ထိခိုက်ခြင်း

Vol. 10 Ch. 147

သေလုမျောပါး အပြင်းအထန် ထိခိုက်ခြင်း

Vol. 10 Ch. 147

Child of light (ကျန်းကုန်း)

Volume 5: Chapter 14 - Suffering Heavy Casualties

စစ်ဝါနဲ့ မာခယ် သူတို့ စွမ်းအားတွေ တော်တော်များများ သုံးခဲ့တာဆိုတော့ တတိယမြောက် ပြိုင်ပွဲနေ့မှာ ပြိုင်ဖို့က မူကျီ၊ ဟိုင်ယွဲ့နဲ့ ကျုပ်ပဲဖြစ်သွားတာပေါ့။

မူကျီနဲ့ ကျုပ် ပထမ တိုက်ပွဲ(၂)ခုလုံးကို လွယ်လင့်တကူ အနိုင်ရလိုက်ပေမယ့် တတိယပွဲကျ စင်ပေါ်မတက်ဘူးသေးတဲ့ ဟိုင်ယွဲ့ ဝင်တိုက်ရမှာ။

ဟိုင်ယွဲ့ နည်းနည်းလေး စိတ်ညစ်နေတဲ့ပုံနဲ့ စင်ပေါ် လျှောက်သွားလိုက်တယ်။ သူ့ခေါင်းမော့လိုက်တဲ့အချိန်ကျ ဖုန့်လျန့်နဲ့ ခပ်ဆင်ဆင်တူတဲ့သူကို တွေ့လိုက်တော့ သူနှလုံးခုန်သွားတယ်။ ဟိုင်ယွဲ့ အဲ့နေရာမှာ ရပ်နေရင်း စိတ်ထဲမှာ အတွေးတွေ ဗရပွနဲ့ ပြိုင်ဖက်ကို ကြည့်နေလေရဲ့။ အဲ့အချိန် သူ့နှလုံးသား နာကျင်နေတော့ နေရာမှာပဲ ကျောက်ချထားသလို ရပ်မြဲရပ်နေမိတော့တယ်။

ဟိုင်ယွဲ့ ပုံစံ ထူးထူးခြားဖြစ်နေတယ် ထင်နေတုန်း ကျုပ်တို့အဖွဲ့ တစ်ပွဲမှ မရှုံးသေးတော့ သူ့ပြိုင်ဖက်က ထင်မထားလောက်အောင်ကို တုန်လှုပ်နေပြီ။ ခေါင်းငုံ့ပြီး မန္တန်တွေ ရွတ်နေပြီ။ ဒီကောင် တကယ်ကို စွမ်းအင်လုံးတစ်ခု ဖန်တီးနိုင်တော့ ကျုပ်အံ့ဩသွားတယ်။ ဒီကောင် မှော်သခင်တစ်ယောက်ရဲ့ အစွမ်းရှိပုံပဲဗျ။

ဒီကောင် လေမှော်ဆရာဆိုတော့ သူ့စွမ်းအင်လုံးက အစိမ်းရောင်ဖြစ်နေတယ်။ ဒါပေမယ့် ဟိုင်ယွဲ့ဆီကို အရှိန် ခပ်နှေးနှေးနဲ့ ပျံသွားနေတာဆိုတော့ ထိန်းချုပ်ရတာ တော်တော်ခက်နေတဲ့ပုံဆိုတာ မြင်ယုံနဲ့ သိသာလိုက်တာ။

ဟိုင်ယွဲ့အပေါ် မာခယ်လောက် ဂရုစိုက်တဲ့သူမှမရှိတာ၊ ဟိုင်ယွဲ့ တစ်ခုခု မှားနေတယ်ဆိုတာ သူသဘောပေါက်လိုက်တယ်။ ဟိုင်ယွဲ့ကို လှမ်းသတိပေးလိုက်ပေမယ့် လန့်သွားပြီး ဘာမှမကြားဘဲ စိတ်အာရုံ မစုစည်းနိုင်တော့ဘူး။

ကျုပ် စိတ်ထဲမှာတော့။ ‘မကောင်းတော့ဘူး’ စွမ်းအင်လုံးက ပြင်းထန်လွန်းလို့လေ။ သူတွေးထဲက ရုန်းထွက်လာနိုင်ပေမယ့် ဘယ်လိုမှ ဖြေရှင်းနိုင်မှာမဟုတ်တော့ဘူး။ ပြီးတော့ သူ့မှာ ဘာပြင်ဆင်ထားတာမှ မရှိဘူးလေ။

ကျုပ် မှော်စွမ်းအားနဲ့ သူ့နားထဲကို အသံလှိုင်းတစ်ခု ရောက်အောင် လုပ်လိုက်တယ်။

ကျုပ် အသံကျယ်ကျယ်က ဟိုင်ယွဲ့ကို လက်ရှိအဖြစ်အပျက်အပေါ် အာရုံပြန်ရောက်သွားအောင် လုပ်လိုက်နိုင်တယ်။ ဟိုင်ယွဲ့ လန့်ပြီး ခေါင်းမော့လိုက်တော့ စွမ်းအင်လုံးက သူ့ကိုအပေါ်စီးက ပိတ်ဆို့ထားတာ မြင်လိုက်ရတယ်။ ဟိုင်ယွဲ့ဆိုတာက မှော်သခင်ကြီးမှမဟုတ်သေးတာ မန္တန်ရွတ်ဖို့ အချိန်လိုသေးတယ်လေ။ ဒီအချိန်ကျမှ ဒီတိုက်ကွက်ကို ရှောင်လွှဲလို့မရနိုင်မှန်သိတော့ ပုံအောဖို့ ဆုံးဖြတ်လိုက်တယ်။ သူ ခပ်ဖြောင့်ဖြောင့်အနေအထားနဲ့ အသေခံမယ့်ပုံကို ပြတ်ပြတ်သားသား ပြထားတာ။

စွမ်းအင်လုံးက သူ့ကို အသေသတ်ဖို့ ပြင်နေမတဲ့အချိန် အနီရောင်အရိပ်တစ်ခု သူ့ရှေ့မှာပေါ်လာပြီး တိုက်ကွက်အရှိန်ကို ရပ်ဖို့ ခန္ဓာကိုယ်နဲ့ ကာကွယ်ပေးလိုက်တယ်။ အဲ့အနီရောင်အရိပ်ဆိုတာ မာခယ်ကလွဲလို့ ဘယ်သူရှိအုံးမှာလဲ။

ကျုပ် စင်အောက်ကနေ..

“မာ…ခယ်….”

စွမ်းအင်လုံး မာခယ့်ကိုထိတော့ အဖြစ်သဘောလောက် လုပ်ထားတဲ့ ခံစစ်အကာအကွယ်တွေကို ချိုးဖောက်ပြီး ရင်ဘတ်ကို တည့်တည့် ထိသွားတယ်။ မာခယ် နာနာကျင်ကျင် အော်ပြီး လွှင့်ထွက်သွားရော။ အဖြစ်အပျက်ကို မြင်လိုက်ရတော့ ဟိုင်ယွဲ့ တော်တော် လန့်သွားတယ်။ လွင့်သွားတဲ့ မာခယ့်ရုပ်ကို မြင်တော့ ဖမ်းထိန်းဖို့ မှော်စွမ်းအားတွေ စုစည်းလိုက်ပေမယ့် မာခယ့်အရှိန်ပြင်းလို့လို့ သူတို့ နှစ်ယောက်လုံး စင်ပေါ်က ပြုတ်ကျသွားရော။

ပတ်ပတ်လည်က စောင့်ကြည့်တဲ့သူတွေ ရုတ်ရုတ်သဲသဲဖြစ်သွားတယ်။ ဒုကျောင်းအုပ်ကြီး အပြေးရောက်လာပြီး..

“ဘာလုပ်ကြတာလဲ။ စင်ပေါ်ကို အဖွဲ့ဝင် (၂)ယောက် ဘာလို့ လွှတ်လိုက်တာလဲ”

“ဒီပွဲ ကျုပ်တို့ ရှုံးတယ်”

ကျုပ် သူ့ကို အရေးလုပ်ဖို့ အချိန်မရှိလို့ ပြတ်ပြတ်သားသားပြောပြီး မာခယ့်ဆီ ပြေးသွားလိုက်တယ်။

ဒီအချိန် ဟိုင်ယွဲ့ကို အပြစ်တင်ဖို့ထက် မာခယ့်ကို အဆင့်မြင့် ပြန်လည်ကုသရေး မန္တန် ချက်ချင်းသုံးလိုက်ရတယ်။ အဖြူရောင်အလင်းတန်း မာခယ့် တစ်ကိုယ်လုံးကို ဖုံးပြီး သေမင်းလက်က မနည်းပြန်ကယ်လိုက်ရတယ်။

စစ်ဝါ တိုက်ပွဲ စင်ပေါ်ရောက်နေပြီ။ ဒီနေ့ သူဝင်တိုက်ဖို့ အစီအစဉ်မရှိပေမယ့် ဒီလိုဖြစ်သွားမှတော့ သူ့ကိုပဲ သွားခိုင်းလိုက်ရတယ်လေ။

မာခယ့် အသက်ရှုနှုန်းတွေ၊ သွေးခုန်နှုန်းတွေ စောင့်ကြည့်ပြီး အသက်အန္တရာယ်မရှိတော့မှ သက်ပျင်းချမိတော့တယ်။ ဒါပေမယ့် မှော်စွမ်းအားထိချက် ပြင်းလွန်းလို့ သွေးလေလမ်းကြောင်းတွေ ကမောက်ကမ ဖြစ်သွားတယ်။ အဆိုးဆုံးက သူ့မီးဒြပ်စင်တွေ လှိုင်းထပြီး တစ်ကိုယ်လုံးကို ရောက်သွားတဲ့ပုံပဲ။ ကျုပ် သက်ပျင်းချပြီး ထပ်ကုဖို့ ရိပ်သာပြန်ခဲ့ရတော့တာပေါ့။

အဲ့အချိန် တိုက်ပွဲစင်ပေါ်ကနေ မောကြီးပန်းကြီးနဲ့ စစ်ဝါပြန်လာပြီး..

“မာခယ် အခြေအနေ ကောင်းလား”

ကျုပ် ဟိုင်ယွဲ့ကို ကြည့်ပြီး..

“လောလောဆယ်တော့ မသေနိုင်သေးဘူး။ ဒါပေမယ့် ရေရှည်မကောင်းနိုင်ဘူး”

အဲ့အချိန်ကျမှ ဟိုင်ယွဲ့ မာခယ့်ကို ဖက်ပြီး ငိုတော့တာဗျို့..

“မာခယ်.. နင် ဘာလို့ ဒီလောက်အရတာလဲ။ ဘာလို့ ငါ့ကို ကယ်ရတာလဲလို့..”

“မာခယ် သူ့ဦးနှောက်ချောင်တဲ့အထိ မိုက်မဲတာ။ နင်သူ့ကို မချစ်နိုင်ဘူးဆိုတာတောင် နင့်အတွက်ဆို သူ့အသက်စွန့်ဖို့ လုပ်တာသာ ကြည့်ပေတော့”

တတိယနေ့ ပွဲစဉ်မှာ ကျုပ်တို့အဖွဲ့ အနိုင်ရခဲ့ပေမယ့် မာခယ့်လို အဖွဲ့ဝင်တစ်ယောက် ဆုံးရှုံးခဲ့ရတဲ့အပြင် ဟိုင်ယွဲ့လဲ မနက်ဖြန် ဝင်ပြိုင်နိုင်မှာ မဟုတ်မှန်း သိနေတယ်လေ။ သူ့ကို ဘယ်သူကရော စင်ပေါ် တက်ခိုင်းရဲပါ့မလဲ။ ဒီတစ်ခါသာဆို သူ့ကို ကယ်မယ့် မာခယ် မရှိတော့ဘူးလေ။

ကျုပ်တို့တွေအားလုံး ရိပ်သာပြန်ရောက်တော့ ခါတိုင်းထက်ကို စိတ်ဓာတ်တွေ ကျနေကြတယ်။ ဟိုင်ယွဲ့ မာခယ့်ကို ကုဖို့ သူ့ကိုယ်တိုင် စွမ်းအားတွေသုံးပြီး ကျုပ်တို့ကို ဘယ်သူ့မှ ဝင်မရှုတ်ခိုင်းတော့ဘူး။

မျက်နှာ ဖြူဖတ်နေတဲ့ မာခယ့်ကို ကုတင်ပေါ် အသာချပြီး ရုတ်တရက် ကျုပ်ရှေ့ ဒူးထောက်ပြီး ကြေကွဲနေတဲ့အသံနဲ့..

“ကျန်းကုန်း ငါတောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး မာခယ့်ကို ကယ်ပေးပါ”

မူကျီ သူ့ကို အလျင်စလို ဆွဲထူလိုက်ပြီး..

“ဟိုင်ယွဲ့ နင်ဒီလို လုပ်စရာမလိုဘူး။ ကျန်းကုန်း အစွမ်းကုန် ကုပေးလိမ့်မယ်”

ကျုပ်လဲ သက်ပျင်းချပြီး..

“မာခယ်ဆိုတာ ငါ့ညီလေ။ သူ့ကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်တော့ဘူး။ သူ့ဒဏ်ရ ပြင်းလွန်းလို့ သူ့နှလုံးခုံသံ ခနပဲ ထိန်းထားနိုင်လိုက်တယ်။ ဆရာကျန်း မာခယ့်ကိုကုပေးနိုင်မှာဆိုတော့ ပြိုင်ပွဲကနှုတ်ထွက်ပြီး ကျောင်းကို ချက်ချင်း ပြန်ကြမယ်”

အဲ့အချိန် မာခယ့်အသံ ထွက်လာတယ်။ ကျုပ်တို့တွေ အမြန်စု စုလိုက်တယ်။ သူ့နှုတ်ခမ်းထောင့်ကလဲ သွေးတွေ စီးကျနေသေးတယ်။ သ့းမျက်လုံးကို အားတင်းဖွင့်ပြီး ..

“အစ်ကိုကြီး၊ ငါတော့ မတတ်နိုင်တော့ဘူးထင်တယ်။ ပြိုင်ပွဲမှာ မင်းနိုင်မှဖြစ်မယ်။ ငါ့ကြောင့်တော့ ပြိုင်ပွဲက မထွက်လိုက်ကြပါနဲ့။ ကျေးဇူးပြုပြီး နိုင်အောင် တိုက်ကြစမ်းပါ”

“ဒါ ဘယ်လုပ် ဖြစ်နိုင်မှာတုန်း။ မင်းကို တတ်နိုင်သမျှ အမြန်ဆုံး ကုမှရမှာလေ”

ဟိုင်ယွဲ့ ရောက်လာပြီး မာခယ့် မျက်နှာကို ပွတ်ပေးရင်း..

“မာခယ်.. နင်ဘာလို့ ဒီလောက်မိုက်ရတာလဲ။ နင် နေပြန်ကောင်းလာရမယ်နော်”

မာခယ် သူ့လက်ကို ခက်ခက်ခဲခဲ မြှောက်ပြီး ဟိုင်ယွဲ့ မျက်ရည်စတွေ သုတ်ပေးပြီးတော့..

“ဟိုင်… ယွဲ့…. နင် ငါ့အတွက် မျက်ရည်ကျနေတာလား။ ငါ အရမ်းပျော်သွားပြီဟာ။ ငါ.. ငါ.. သေပျော်ပါပြီ။ ငါမရှိတော့ရင် နင့်ကိုယ်နင် ဂရုစိုက်ရမယ်နော်။ နင့်စိတ်ထဲကို ဘာမှ လွှမ်းမိုးမခံနဲ့ ကြားလား”

“နင် လျှောက်တွေးနေတာတွေ ရပ်လိုက်တော့။ နင် သေချာပေါက် နေပြန်ကောင်းလာရမယ်”

“အစ်.. ကို ကြီး… ငါ့အခြေအနေ ဘယ်လောက် ဆိုးသွားပြီလဲ… ငါ့ကို လိမ်စရာ မလိုပါဘူး… ဒါပေမယ့် နောက်ဆုံး တောင်းဆိုချင်တာလေး တစ်ခုတော့ရျိတယ်.. ငါမင်းကို မေးမယ်.. ငါတောင်းပန်ပါတယ်ကွာ.. ဟိုင်ယွဲ့ကို သေသေချာချာ ဂရုစိုက်ပေးပါ… မင်း ပထမ ရရမယ်… အဲဒါ ငါတို့ တာဝန်ပဲလေ… ပြီးတော့ ငါ့ရဲ့ ဘဝနိးဂုံးလဲ ဖြစ်နိုင်တယ်… ဒီကိစ္စ အောင်မြင်ဖို့က.. မင်း စွမ်းအားနဲ့.. အောင်မြင်နိုင်မယ်ဆိုတာ… သေချာပါတယ်…”

============= (*^*)=============

အပိုင်း( ၁၄၈ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters