မာခယ့် အခက်အခဲ
Vol. 10 Ch. 148
Child of light (ကျန်းကုန်း)
Volume 5: Chapter 15 - Ma Ke’s Crisis
“မင်း ဒဏ်ရာတွေကို ငါတို့က ဘယ်လိုလုပ်ရမှာလဲ”
“ကိစ္စမရှိဘူး… အစ်ကိုကြီး… ငါတို့တွေ ကံကြမ္မာကို လက်ခံရမယ်ဆို… ငါ သေချိန်မစေ့သေးရင် သေကိုမသေဘူး… မင်း ပထမ ရမှဖြစ်မယ်။ ငါတို့တွေ အသန်မာဆုံးဆိုတာ…. ကျန်တဲ့ကျောင်းတွေ သိအောင် ပြရမယ်”
ပြောပြီးတာနဲ့ နှုတ်ခမ်းက သွေတွေစီးကျရင်း ဒီကောင်မေ့မြောသွားရော။
“မာခယ်… မာ.. ခယ်……”
ဟိုင်ယွဲ့ မာခယ့်ဘေးမှ အသံတိတ်ငိုနေလေရဲ့။ ကျုပ် သက်ပြင်းချပြီး ပထမ ရအောင်ယူဖို့ စိတ်ဖြောင့်ဖြောင့်နဲ့ ဆုံးဖြတ်လိုက်တယ်။ ဟိုင်ယွဲ့ကိုကြည့်ရင်း ဒီလိုဖြစ်မယ်မှန်းသိရင် သူ့ကို ခေါ်မလာခဲ့ပါဘူးဗျာ။
“ဟိုင်ယွဲ့.. မာခယ့်ကို ကုဖို့ နင့်ကိုပဲ ဒုက္ခပေးရလိမ့်မယ်။ သူ့မှာ မီးဒြပ်စင် ကိုယ်ခန္ဓာရှိလို့ နင့်ရေမှော် ပြန်လည်ကုသရေးက အဆင်ပြေလိမ့်မယ်ထင်တယ်။ ငါ အခုပဲ သူ့အခြေအနေ တည်ငြိမ်အောင် ကုတော့မယ်။ နောက်(၂)ရက် ပြိုင်ပွဲပြီးရင် မာခယ့်ကို ကုဖို့ ကျောင်းကို ချက်ချင်းပြန်ကြမယ်”
ဟိုင်ယွဲ့ ခေါင်းပဲ ညိတ်တယ်။
ကျုပ် ထိရောက်ပြင်းထန်ဆုံး ပြန်လည်ကုသရေးမန္တန် စရွတ်လိုက်တယ်..
“ကြီးမြတ်သော အလင်းရောင်၊ ကျေးဇူးပြုပြီး သင့်ရှေ့မှောက်က ဒဏ်ရာတွေကို ကုသရန် သင်၏ သန့်ရှင်းသော အလင်းရောင်ကိုသုံးပြီး သင့်ရှေ့ကလူ့အသက်ကယ်ရန်အလို့ငှာ ဂရုဏာ နှလုံးသားကို သုံးလိုက်စမ်းပါ။ သန်းရှင်းသော အလင်းနှလုံးသား”
ပတ်ဝန်းကျင်က အလင်းဓာတ်တွေ ကျုပ်အနားမှာ စုလာပြီး ကျုပ်ကို တဖြည်းဖြည်း ဖုံးလွှမ်းသွားတယ်။ အဖြူရောင်အလင်းတွေကနေ ရွှေရောင်ပြောင်းသွားပြီး ကြင်နာခြင်း အငွေ့အသက်တွေ အပြည့်ပဲ။
အလင်းဒြပ်စင်တွေကို နှလုံးပုံစံဖြစ်အောင် လုပ်လိုက်တယ်။ သန့်ရှင်းတဲ့ အလင်းရောင်နဲ့ ဖန်တီးထားတဲ့ နှလုံးသားတစ်ခု ကျုပ်ရှေ့မှာ ဖြည်းဖြည်းချင်း ပေါ်လာတယ်။ ညာလက်ဆန့်ရင်း ဖြူဖတ်နေတဲ့ မာခယ့်ရင်ဘတ်ထဲကို ထည့်ပေးလိုက်တယ်။ မာခယ့် တစ်ကိုယ်လုံး ရွှေရောင်အလင်းတန်းတွေ တလက်လက်တောက် သွားတာပေါ့။ သူ့မျက်နှာလဲ နည်းနည်း သွေးရောင် သန်းလာတယ်။
အချိန် တော်တော်ကြာမှ အလင်းရောင်တွေ ပျောက်သွားတယ်။ ကျုပ်စစ်ကြည့်လိုက်တော့ မာခယ့် နှလုံးခုံနှုန်း ပိုကောင်းလာတဲ့အပြင် သူ့ချီစွမ်းအားနဲ့ သွေးလည်ပတ်မှုတောင် အစကထက် ပိုချောမွေ့သွားသလိုပဲ။ အဆင့်မြင့် ပြန်လည်ကုသရေးမန္တန်သုံးလိုက်ရလို့ စွမ်းအင်တော်တော်များ ကုန်ပြီး ကျုပ်ခန္ဓာကိုယ် နည်းနည်းယိုင်သွားရော။
မူကျီ ကျုပ်ကို ထိန်းပေးထားတယ်။ ကျုပ် ဟိုင်ယွဲ့ကို..
“ကဲ ကျန်တာတော့ နင်နဲ့ပဲ လွှဲထားလိုက်တော့မယ်။ သူ့ကို နှစ်နာရီခြားတစ်ခါ ကုပေး။ ဒါမှ သူ့အခြေအနေ တည်ငြိမ်အောင် ထိန်းထားနိုင်မှာ။ ငါ သွားနားလိုက်အုံးမယ်”
မူကျီ ကျုပ်ကို အခန်းပြန်ပို့ပေးပြီး ကျုပ်နှဖူးက ချွေးစက်တွေကို သုတတ်ပေးနေတယ်.
“ကျန်းကုန်း နင်အဆင်ပြေရဲ့လား”
“ငါအဆင်ပြေပါတယ်။ မှော်စွမ်းအား အလွန်အကျွံသုံးလိုက်မိလို့ ဖြစ်သွားတာ။ မာခယ့်အခြေအနေက စိုးရိမ်ရဆုံးအနေအထားပဲ။ အဆင့်မြင့် ပြန်လည်ကုသရေးမန္တန်သုံးခဲ့တာတောင် သူ့ဒဏ်ရာကို မကုနိုင်လိုက်ဘူး။ ငါတို့တွေ ကျောင်းကိုရောက်လို့ ဆရာကျန်း တောင် မကုနိုင်မှာ စိုးရိမ်ရတယ်”
“ဒီတော့လဲ ကံပေါ့ဟာ။ မာခယ် ဘာမှ မဖြစ်ဖို့ပဲ ဆုတောင်းရမှာပေါ့”
“ဒါ မာခယ့် ကံကြမ္မာဖြစ်လိမ့်မယ်။ ဒီအဖြစ်အပျက်ကို ကျော်နိုင်ရင် ဟိုင်ယွဲ့နှလုံးသားကို သေချာပေါက် နိုင်လိမ့်မယ်။ ငါ့ညီ မာခယ် ဒီဒုက္ခက လွတ်မြောက်ရမယ်”
မူကျီ၊ စစ်ဝါနဲ့ ကျုပ်တို့တွေ နောက်နေ့ စတုတ္ထမြောက် ပြိုင်ပွဲအတွက် မှော်စွမ်းအားတွေ တတ်နိုင်သော ပြန်ပြည့်အောင် သမထ ထိုင်နေလိုက်ကြတယ်။
………………………
နောက်နေ့ကျ မာခယ့်အခြေအနေ တည်ငြိမ်မှုရှိမရှိ နည်းနည်း စစ်ဆေးပြီး ဟိုင်ယွဲ့ကိုတောင် ဘာမှပြောဘဲ ကျုပ်တို့ (၃)ယောက် အသာထွကပ်လာခဲ့လိုက်ကြတယ်။
နဂါးသစ်တော ပြိုင်ပွဲကွင်းရောက်တော့ ဒုကျောင်းအုပ်ကြီး ကျုပ်တို့ဆီရောက်လာပြီး အံ့ဩတကြီးနဲ့..
“မင်းတို့ (၃)ယောက်ထဲလား…”
“အဖွဲ့သား တစ်ယောက် မနေ့က ဒဏ်ရာ အပြင်းအထန်ရသွားတာဆိုတော့ နောက်တစ်ယောက်က သူ့ကို စောင့်ရှောက်ဖို့ ကျန်ခဲ့ရတယ်လေ။ ဒီတော့ ကျုပ်တို့(၃)ယောက်ပဲ လာတာ ပုံမှန်ပါပဲ”
ဒုကျောင်းအုပ်ကြီး ကျုပ်စကားကြားတော့ ပျော်သွားတဲ့ အရိပ်အယောင် ပေါ်လာတယ်။ ဒါလေးနဲ့ ကျုပ်တို့ကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်မယ်များ ထင်နေလားမသိဘူး။ ဒီနေ့ ကျုပ်စွမ်းအား နည်းနည်း မြင်အောင် ပြလိုက်အုံးမှ ဆိုပြီး အမုန်းစိတ်နဲ့တောင် တွေးလိုက်မိသေးတယ်။
မူကျီ ပြိုင်ဘက်က တော်တော်အစွမ်းထက်တယ်ဗျ။ ကျုပ်တို့မှာ (၃)ယောက်ပဲကျန်တာဆိုတော့ စွမ်းအားအကောင်းဆုံး ပြိုင်ဖက်တွေနဲ့ တွေ့အောင် စီစဉ်ထားကြတာ သိသာတယ်။ မူကျီ တော်တော်လေး ကြိုးစားမှ တိုက်ပွဲမှာ နိုင်ခဲ့တာ။ ပြိုင်ပွဲစင်ပေါ်ကနေ ပြန်လာပြီး ချက်ချင်းကို ကျုပ်ရင်ခွင်ခဲ ခွေကျသွားတဲ့အထိပဲ။ မူကျီ မှော်စွမ်းအားတွေ တော်တော်သုံးလိုက်ရတာဆိုတော့ နောက်နေ့ ပြိုင်ပွဲအတွက် ပြန်ဖြည့်ဖို့ အချိန်မှီမှာ မဟုတ်တော့ဘူးဆိုတာ ကျုပ် သဘောပေါက်လိုက်တယ်။ ကျုပ်တို့တွေ ဒီပြိုင်ပွဲရဲ့ အားအကောင်းဆုံး ပြိုင်ဖက်ဖြစ်တဲ့ နဂါးသစ်တောကျောင်းနဲ့ ရင်ဆိုင်ရမှာ။ ကျုပ်ဘယ်လိုလုပ်ရပါ့မလဲ။ မာခယ်က ဒဏ်ရာ အပြင်းအထန် ရထားတယ်။ မူကျီကိုတော့ အထိအခိုက် မခံနိုင်ပါဘူး။
စစ်ဝါ ပြိုင်ဘက်က ဒီနေ့ရင်ဆိုင်ရတဲ့အထဲမှာ အသန်မာဆုံးပဲ။ သူက မီးမှော်ဆရာဗျ။ သူ့အသက်က (၅၀)လောက်နဲ့ ကျောင်းအုပ် တစ်ယောက်ဖြစ်မယ့်ပုံပဲ။
သူ့ပြိုင်ဘက်က စွမ်းအား ကောင်းလွန်းလို့ စစ်ဝါရဲ့ ခံစစ်အခြေအနေကို ပထမဆုံး တွေ့လိုက်ရတာပဲ။ ဒီကောင် ပြိုင်ဘက်ကို နည်းနည်းမှ ပြန်မတိုက်ဘဲ ပြိုင်ဘက်မှော်စွမ်းအားတွေ ကုန်တဲ့အထိ ခေါင်းကြောတင်းတင်းနဲ့ ခံစစ်သက်သက် လုပ်ထားတာ။ ဒါလဲ သားရဲကြီးတွေ တိုက်ပွဲလိုဆိုပေမယ့် အစွန်းရောက်တဲ့ထိတော့ မဟုတ်ပါဘူး။ သူတို့ တိုက်ပွဲက (၃)နာရီတောင် ကြာတယ်ဗျ။ နောက်ဆုံး သူ့ပြိုင်ဘက် မှော်စွမ်းအား ကုန်တဲ့အထိစောင့်ပြီး မြေသားလှံတိုက်ကွက်နဲ့ အနိုင်ယူလိုက်နိုင်တယ်။
စတုတ္ထနေ့အထိ နိုင်ယူခဲ့နိုင်ပေမယ့် ကျုပ်နှလုံးသားထဲမှာတော့ စိတ်ဓာတ်တွေ အဝိဇိထိ ကျနေပြီ။ မနက်ဖြန် ကျုပ်တို့အတွက် နောက်ဆုံးတိုက်ပွဲပဲ။ ကျုပ်တစ်ယောက်ပဲ တိုက်ပွဲအတိုက် အခြေအနေကောင်းတော့တာ။ ပြီးတော့ ကျုပ်တို့တွေ တစ်ရက်ထက်တစ်ရက် ပိုပိုပြီး အားကောင်းလာတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ခဲ့ရတာ။
ရိပ်သာပြန်ရောက်တော အာအင်ကုန်ခန်းပြီး နဲ့နဲ့ကျန်တော့တဲ့ မူကျီနဲ့ စစ်ဝါတို့ကို ကြည့်လိုက်မိသေးတယ်။ မာခယ့် အခန်းသွားကြည့်တော့ သူ့ဘေးမှာ ဟိုင်ယွဲ့ အိပ်နေတာ တွေ့လိုက်ရတယ်။ သူလဲ တော်တော် ပင်ပန်းနေပုံပဲ။
မာခယ့်ကို စစ်ဆေးပြီး အခြေအနေ ပိုဆိုးမလာတာသိမှ စိုးရိမ်စိတ်တွေ အလုံးကြီးကျသွားတော့တယ်။
ဧည့်ခန်းပြန်၊ ဆိုဖာပေါ်ထိုင်ပြီး နောက်နေ့ ဘယ်လိုလုပ်ပမလဲ ကိုယ့်ဟာကိုယ် မေးမိတယ်။ မူကျီနဲ့ စစ်ဝါတို့ အခြေအနေ မကောင်းဘူး။ သူတို့မှော်စွမ်းအား ထက်ဝက်လောက်တောင် ပြန်သုံးနိုင်မှာ မဟုတ်တော့ဘူး။ သူတို့တိုက်လဲ ရှုံးမှာပဲ။ အံကြိတ်ပြီး ဆုံးဖြတ်ချက်ချလိုက်ရတော့တယ်……
*******************
နောက်နေ့ မိုးလင်းတော့ မူကျီနဲ့ စစ်ဝါကို ဧည့်ခန်းထဲ ခေါ်လိုက်တယ်။ သူတို့ နုံးချိနေတဲ့ ပုံစံအရ မှော်စွမ်းအား ကောင်းကောင်း ပြန်မရသေးဘူးဆိုတာ သိသာတယ်။
စစ်ဝါက..
“ကျန်းကုန်း၊ ငါတို့တွေ နှုတ်ထွက်သင့်ပြီ။ ငါတို့နှစ်ယောက်လဲ ပြိုင်ပွဲကွင်းထဲကို အချိန်မှီ ရောက်နိုင်မှာ မဟုတ်တော့ဘူး”
“ငါတစ်ယောက်ထဲ သွားမှာ။ မင်းတို့ လိုက်စရာမလိုဘူး”
မူကျီလန့်ပြီး..
“ငါတို့က နင့်ကို တစ်ယောက်ထဲ ဘယ်လိုလုပ် ပြိုင်ခွင့်ပေးနိုင်မှာလဲ”
“နင့် ပုံစံနဲ့ ဘယ်လိုလုပ် တိုက်နိုင်မှာလဲ။ စင်ပေါ်ရောက်သွားလဲ အသုံးဝင်မှာမဟုတ်တော့ဘူး။ ပြီးတော့ ငါက မှော်သခင်ကြီးဆိုတာ မမေ့နဲ့အုံး။ ငါ နဂါးသစ်တောကျောင်းနဲ့ ညှိပြီး (၃)ပွဲစလုံးအနိုင်တိုက်မယ်။ နောက်ဆုံး အနိုင်ရစေရမယ်ဟာ”
============= (*^*)=============
အပိုင်း( ၁၄၉ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား