ပြေးလာကြခြင်း
Vol. 011 Ch. 1087
ကျန်ရစ်သော ရှန့်ထိုတစ်ပါးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့လက်များမှ ဓားများစွာ ဖြစ်ပေါ်လာကာ ဂူတုံးလျိုနှင့် ယူချင်းတို့ထံသို့ ဦးတည်လိုက်သည်။
သူ့ဓားအသိက သူ့ခန္ဓာကိုယ်အား ရစ်ပတ်လာခဲ့သည်။ သူက ရှေ့သို့ တစ်လှမ်း တက်လိုက်လျှင် ဂူတုံးလျိုအား ရစ်ပတ်ထားသော နတ်ဘုရားပုံသဏ္ဌာန်များ အားလုံးမှာ ဓားအသိများ၏ ထွင်းဖောက်ခြင်းကို ခံရ၏။ သင်္ကေတကိုးခု ပြိုလဲသွားသလို ဂူတုံးလျိုသည်လည်း သွေးအန်သည်။
ယူချင်းက မာန်သွင်း အော်ဟစ်လျှင် သူ့အား နက်ရွှေရောင် အငွေ့အသက်များ ပြင်းထန်စွာ စီးဆင်း လာခဲ့တော့သည်။ ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာမုန်တိုင်းများ ဖြစ်ပေါ်လာကာ ဓားအသိများအား ဆွဲငင်စုပ်ယူသွားသည်။ သူကား ဝါးမျိုခြင်း လောကဓာတ်ဖြင့် မဟာလမ်းစဉ် စွမ်းအားများကို စုပ်ယူနေခြင်း ဖြစ်သည်။
ဂူတုံးလျိုနှင့် တိုက်ခိုက်ပြီး နောက်ဆုတ်လိုက်သော ရှန့်ထိုက လက်ကို မြှောက်လိုက်သည်။ သူက ကောင်းကင်သို့ လက်ကို ညွှန်လိုက်လျှင် ရုတ်တရက် သူ့လက်ချောင်းမှ ဓားကိုးလက် ထွက်ပေါ်လာသည်။ သူတို့က ယူချင်းထံသို့ ဓားတစ်လက်တည်းပုံစံဖြင့် တိုးဝင်သွားကြသည်။
ဘုန်း …
ယူချင်းကား နောက်သို့ ပြင်းထန်စွာ တုန်ခါလျက် ဆုတ်သွားရသည်။
ဘုန်း … ဘုန်း … ဘုန်း …
ဓား၏ စွမ်းအားများကား အလွန်တရာ ကြီးမားလွန်းနေသည်။ ဓားများက ယူချင်း၏ အရံအတားများကို ကျော်ဖြတ် ဖျက်ဆီးသွားရာ သူ၏ကြေးနီရောင် အသားအရောင်များကိုပင် မြင်လာရ၏။ ဓားထွင်းဖောက်သွားသော နေရာတိုင်း၌ သွေးခြင်းခြင်း နီနေသည်။
သို့သော်လည်း ထိုသို့ တိုက်ခိုက်ခံနေရသည့်တိုင် ယူချင်းက ရန်သူအား ပြန်လည်၍ တိုက်ခိုက်သည်။ သူက နောက်ဆုတ်ခြင်း မပြုဘဲ ရတနာပုဆိန်ကို မြှောက်ကာ ခုတ်ပိုင်းလိုက်သည်။ ပုဆိန်ချက်သည် လေထုကို ခွင်းလျက် အရာအားလုံးကို ဖြတ်တောက် တော့မည့်ဟန်ဖြင့် တိုးဝင်သွားသည်။
ရှန့်ထိုဓားသမားက ဒေါသတကြီး အော်ဟစ်လျင် သူ့မျက်လုံးများမှ လင်းလက် တောက်ပသော ဓားများ ထွက်ပေါ်လာသည်။ ဓားများက ယူချင်း၏ မျက်လုံးများကို ထွင်းဖောက်လာခဲ့ကာ သွေးများ ယိုစိမ့်ကျစေသည်။ ယူချင်းက မျက်လုံးကို မှိတ်လိုက်သော်လည်း ဓားအသိများသည် သူ့အား အဆက်မပြတ် မွှေနှောက် ဖျက်ဆီးကြကာ သူ့ခန္ဓာကိုယ်အား အတွင်း၌ ကြီးစွာ ထိခိုက် ပျက်စီးစေသည်။
ထိုအခိုက်တွင်ပင် ရှန့်ထိုတစ်ပါးအား သတ်ဖြတ်ခဲ့သော ရီဖူရှင်းက ယူချင်းနှင့် ရှန့်ထိုဓားသမားတို့ တိုက်ခိုက်ရာနေရာသို့ ရောက်လာသည်။ အချိန်နှင့် လေဟာနယ်သည် တဖန် ကန့်သတ်ခံရပြီး ဓားသမား၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
သူ့အဖော်သည် အချိန်နှင့်လေဟာနယ် အကန့်အသတ်ထဲတွင်ပင် အသတ်ခံခဲ့ရဟန် တူသည်။ ယခု ရီဖူရှင်း၏ တိုက်ခိုက်ရေး စွမ်းရည်မှာ မည်မျှ ကြီးမားသည်ကို ပြောနေစရာ မလိုတော့ပေ။
ဗြိ … ဗြိ …
သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း အက်ကွဲလာခဲ့ဟန်ရပြီး သူကိုယ်တိုင်က ဓားတစ်လက်အဖြစ် ပြောင်းလဲသွားကာ ရုတ်တရက် ဓားအသိသည် ကောင်းကင်တိမ်များ အကြားသို့ ထိုးတက်သွားပြီး သူနှင့် ယူချင်းတို့သည် ဓားက ဒီမွန်းကို အပေါ်သို့ တွန်းပို့ခေါ်ဆောင် သွားသည့်အလား အပေါ်သို့ တက်သွား ကြတော့သည်။
ဓား၏ထက်ရှသော ဓားဦးသည် ဒီမွန်းခန္ဓာကိုယ်အား ထွင်းဖောက်ရန် ကြိုးစားသော်လည်း ယူချင်း၏ အားကောင်းသော တိုက်ခိုက်ရေးပုံစံအား နောက်ဆုတ်စေရန် တစ်ဖက်လူက မတတ်နိုင်ခဲ့ပေ။ သူ၏ရတနာပုဆိန်သည် ပြိုင်ဘက်၏ဓားကို ဖိနှိပ်ဆန့်ကျင်ထားဆဲ ဖြစ်သည်။
ထိုစဉ်မှာပင် ရီဖူရှင်း၏ အချိန်နှင့်လေဟာနယ်လှံ ကျဆင်းလာခဲ့လျှင် ကြီးမားသော ဖိအားတစ်ခုကပါ လိုက်ပါလာခဲ့သည်။ ရီဖူရှင်း ရောက်လာသည့်တိုင် ရှန့်ထိုဓားသမားသည် ယူချင်းအား နောက်ဆုတ်စေရန် မတတ်နိုင်သေးပေ။ သူက လက်ကို ပြန်ရုပ်သိမ်းကာ ဓားကို အချိန်နှင့် လေဟာနယ်လှံဘက်သို့ ထပ်မံ၍ ဝှေ့ယမ်း လိုက်ရသည်။ ဓားကိုးလက်သည် တစ်ဖျတ်ဖျတ် လက်ကာ တဖန် ရတနာလှံထံသို့ တိုးဝင်သွားကြသည်။
အချိန်နှင့် လေဟာနယ်လှံသည် နောက်တစ်ကြိမ် ကောင်းကင်တစ်ခွင်လုံး၏ စွမ်းအားများကို သယ်ဆောင်လျက် ကျဆင်းလာခဲ့သည်။ လှံသည် လေထုကို ခွင်းကာ ရန်သူ၏ဓားပေါ်သို့ လာရောက် ထွင်းဖောက်သည်။ ကျယ်လောင်သော အသံနှင့်အတူ အချိန်နှင့်လေဟာနယ်သည် နှေးကွေးသွားခဲ့ဟန် ရ၏။ သို့သော်လည်း လှံရှည်သည် ရှေ့သို့ ဆက်လက် တိုးဝင်လာခဲ့သည်။
ဘုန်း …
ပြင်းထန်သော လှိုင်းများ ဖြစ်ပေါ်လာခဲ့သည်။ ဓားတစ်လက်သည် ဓားကိုးလက်အဖြစ် ပြောင်းလဲသွားကာ အချိန်နှင့်လေဟာနယ် စွမ်းအားများကို ပိတ်ဆို့သည်ဟု ရီဖူရှင်း ခံစားရသည်။
ထိုအခိုက်တွင် သုံးယောက်သား လေထဲတွင် ထူဆန်းသော ဟန်ချက်ပုံစံဖြင့် ရင်ဆိုင်တွေ့မ ိနေကြသည်။
သို့သော် သူတို့သုံးယောက် အကြားတွင်ကား ကြောက်မက်ဖွယ် ကောင်းသော လေလှိုင်းများ ပြင်းထန်စွာ ရိုက်ခတ်နေသည်။ ဟောင်ကျူဂီ၏မြားသည်ပင် ထိုလေလှိုင်းစီးဆင်းမှုကို ထွင်းဖောက်နိုင်မည့်ပုံ မရှိပေ။
ရှန့်ထိုဓားသမား၏ ဆံပင်သည် လေထဲတွင် ပြင်းထန်စွာ လွင့်နေ၏။ ထိုအခိုက်တွင် သူသည် ကြီးမားသော ဖိအားများကို ခံစားနေရသည်။ သည်နှစ်ယောက်က အမှန်တကယ်ကော ရှီတန်ခိုးရှင်များလား။
ရှန့်ထိုအဆင့်သို့ လတ်တလော ရောက်ရှိလာသော တန်ခိုးရှင်များပင် ဤမျှ စွမ်းအားကြီးမားမည် မဟုတ်ပေ။
ထို့အပြင် သူ၏ဓားပညာသည်လည်း အလွန် အားကောင်းပေသည်။ သူ့ဓားအသိက တစ်ဖက်လူ၏ကိုယ်တွင်းသို့ ဝင်ရောက် သွားသော်လည်း ဖျက်ဆီးနိုင်စွမ်း မရှိပေ။ မည်သို့သော ခန္ဓာကိုယ် အမျိုးအစားများ ဖြစ်ကြသနည်း။
ရှန့်ထိုတန်ခိုးရှင်များက သည်နေရာတွင် ရှီများ၏လက်ထဲတွင် ကျဆုံးရတော့မည်လား။
ဤကိစ္စကား အလွန်တရာ အရှက်ရဖွယ်ရာ ကောင်းပေသည်။ သူက တစ်ခါမှ မကြုံဖူးသည့် ကိစ္စလည်းဖြစ်၏။
“ငါ မင်းကို သတ်မယ်” သူက ဒေါသတကြီး အော်သည်။ ထိုအခိုက်တွင် သူက သဏ္ဌာန်မဲ့အဖြစ်သို့ ပြောင်းလဲသွားကာ သူ့ဓားအသိထဲသို့ ထည့်သွင်းရန် လျှို့ဝှက် စွမ်းအားများအား ရှာဖွေဟန်ရှိသည်။ သူ၏အသက်ရှုခြင်း၊ အတွေးများနှင့် သွေးစက်များ အားလုံးသည် ဓားချက်ထဲတွင် ပေါင်းစပ်သွား၏။
ယူချင်း၏ ခန္ဓာကိုယ်တွင် ဗုဒ္ဓနှင့် ဒီမွန်းတို့ကို ယှဉ်တွဲမြင်တွေ့ရ၏။ ကောင်းကင်ထက်၌ ၁၈၀၈ ပါးသော ဗုဒ္ဓပုံရိပ်များ ဖြစ်ပေါ်လာ၏။ ဒီမွန်းပုံရိပ်အထက်တွင် ဗုဒ္ဓပုံရိပ်များ ရှိနေခြင်းဖြစ်သည်။ ဒီမွန်းများ ထိန်းချုပ်သော စွမ်းအားသည်ကား ကြည့်မြင်သူများကို ကြောက်ရွံ့ ထိတ်လန့်စေနိုင်ပေသည်။ သူက ဒီမွန်းများနှင့် ဗုဒ္ဓတို့၏စွမ်းအားများ အားလုံးကို ခန္ဓာကိုယ် တစ်ခုတည်း၌ စုစည်းထားသည်။
ဓားအသိသည် ရှေ့သို့ ဆက်လက် စီးဆင်းလာခဲ့လျှင် ဒီမွန်းနှင့်ဗုဒ္ဓသားရဲ ပုံရိပ်တို့ကို အလုံးစုံ ပျက်စီးစေခဲ့သည်။ ရှန့်ထိုဓားသမား၏ ဓားချက်ကား အလွန်တရာ အားကောင်းလွန်းပေသည်။
သို့သော်လည်း ဓားကို ကိုင်ထားသော သူ့လက်သည် အနည်းငယ် တုန်ယင်နေ၏။ သူကိုယ်တိုင်လည်း ကြီးမားသော ဒဏ်များအား ခံစားခဲ့ရသည်။
တခြားအရပ်တစ်ခု၌ ဓားစွမ်းအင်အားလှိုင်းသည် ရီဖူရှင်းထံသို့ ရိုက်ခတ်သွားခဲ့ကာ သူ့ခန္ဓာကိုယ်၌ ပြင်းထန်သော ဖျက်ဆီးအား အလင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအလင်းသည် ရှန့်ထိုတန်ခိုးရှင်၏ စိတ်နယ်ပယ်ထဲကို တိုးဝင်လာခဲ့ကာ သူ၏ရှန့်ထိုအသိအား လာရောက် ရိုက်ခတ်လျှင် သူ့စိတ်က ပြင်းထန်စွာ တုန်ခါသည်။ သူက ရှန့်ထို အဆင့်ထက်ပင် မြင့်မားသော စိတ်အသိအား ခံစားရသည်။
နတ်ဘုရားအလင်း တောက်ပလာခဲ့လျင် ကြောက်မက်ဖွယ် လေပွေမုန်တိုင်းများ ဖြစ်ပေါ်လာခဲ့သည်။ လင်းလက်နေသော လှံရှည်သည် ဓားအသိအား ဖြတ်တောက်ကာ တစ်ဖက်လူ၏ ခန္ဓာကိုယ်အတွင်းသို့ တစ်လက်မချင်း နစ်ဝင် သွားတော့သည်။
တန်ခိုးရှင်သုံးဦးသည် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားအား ခံစားနေကြရ၏။
“ခင်ဗျားက တာလီပြည်ထောင်က လာတာ ဖြစ်ရမယ်။ ဒီနေ့ တာလီဓား တောင်ကုန်းက ရှန့်ထိုတွေကို စေလွှတ်ပြီး ကျုပ်ကို သတ်ဖို့ ကြိုးစားခဲ့တယ်။ ဒါကို ကျုပ်မှတ်ထားတယ်” ရီဖူရှင်းက အေးစက်စွာ ပြောသည် … “စိတ်မပူနဲ့ … ခင်ဗျား တစ်ယောက်တည်း မဖြစ်စေရဘူး”
သူက ထိုသို့ပြောရင်းဖြင့်ပင် အဆုံးအစမဲ့သော စွမ်းအားများ သူ့လက်သို့ စီးဆင်းလာခဲ့သည်။ ထိုအခိုက်တွင် သူ့ညာလက်မှ တစ်ဆင့် အလင်းရောင်များသည် အချိန်နှင့်လေဟာနယ်လှံသို့ စီးဆင်းလာခဲ့တော့သည်။
“သေစမ်း …” သူက အော်ဟစ်လိုက်သည်။ သူက ခန္ဓာကိုယ်ကိုပင် ခုခံရန် အားမချန်တော့ဘဲ ရှိရှိသမျှသော စွမ်းအားများ အားလုံးကို လှံရှည်ထံသို့ စုစည်းလိုက်သည်။ ရုတ်တရက် ကောင်းကင်နှင့်မြေပြင် အကြား တဝုန်းဝုန်းမြည်သံများ ပေါ်ထွက်လာခဲ့ပြီး ဓားအသိများ ပြိုပျက်ကြသည်။ အချိန်နှင့် လေဟာနယ်လှံသည် ဓားအသိကို ထွင်းဖောက်ကာ တစ်ဖက်လူ၏လက်ကို ဖြတ်သန်း သွားခဲ့သည်။ ပထမသေဆုံးသွားသော ရှန့်ထိုကဲ့သိုပင် သူ့ဒဏ်ရာများမှလည်း သွေးများ အဆက်မပြတ် ထွက်လာတော့သည်။
သူက နာကျင်စွာ အော်ဟစ်လိုက်ကာ ပြင်းထန်သော ဓားအသိများ သူ့ခန္ဓာကိုယ်မှ ကွဲထွက်လာခဲ့သည်။ ဓားအသိများက ရီဖူရှင်းနှင့် ယူချင်းတို့ထံသို့ အားကောင်းစွာ ဖိအားပေးလာခဲ့သည်။ နောက်ထပ် ကျယ်လောင်သော အသံနှင့်အတူ ရတနာပုဆိန်က ဓားကို ဖြတ်တောက်ကာ သူ၏ နောက်လက်တစ်ဖက်အား ပိုင်းဖြတ်သွား၏။ လျှပ်တစ်ပြက် အတွင်းတွင် ဓားအသိက သူ၏သွေးများနှင့် ရောစပ်သွားကာ ထိတ်လန့်ဖွယ် မြင်ကွင်းအား ဖြစ်စေသည်။
သူ၏အော်သံက ကောင်းကင်နှင့်မြေပြင် တစ်ခွင်လုံး၌ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ သူ၏လက်နှစ်ဖက်လုံးမှာ တစ်ချိန်တည်း၌ ဖြတ်တောက်ခြင်း ခံရပြီး သူ့မျက်နှာ၌လည်း အလွန်တရာ ကြီးမားသော အကြောက်တရားများ ဖြစ်ပေါ်လာသည်။ ယနေ့ သူက အမှန်တကယ် ရှီတန်ခိုးရှင်နှစ်ဦး၏သတ်ဖြတ်ခြင်းကို ခံရတော့မည်လား။
လက်နှစ်ဖက် ဖြတ်တောက်ခြင်းခံရရာ နေရာအနှံ့တွင် သွေးများ ပြန့်ကျဲ ကျဆင်းနေခဲ့သည်။ အချိန်နှင့် လေဟာနယ်လှံက သူ့ခန္ဓာကိုယ်အား ဖြတ်တောက် သွားခဲ့၏။ လျှပ်တစ်ပြက်အတွင်း သူ၏မျက်နှာမှာ ပြာနှမ်းလာခဲ့ကာ သူ့ခန္ဓာကိုယ်တွင် စီးဆင်းနေသော ဓားအသိများသည်လည်း အလွန်တရာ အားနည်းလာခဲ့သည်။ သူ၏ပါးစပ်မှ သွေးများ အဆက်မပြတ် စီးဆင်း ကျလာနေခဲ့ကာ အသက်ရှူနှုန်းမှာလည်း နှေးကွေးလာခဲ့သည်။ သို့သော်လည်း သူ၏မျက်လုံများက ပွင့်အာနေဆဲဖြစ်ကာ သေဆုံးသည့်တိုင် မယုံကြည်နိုင်မှုများ သူမျက်နှာပြင်ပေါ်တွင် အထင်းသား တွေ့မြင်ရသည်။
ဘုန်း …
ကျယ်လောင်သော အသံနှင့်အတူ ရှန့်ထို၏ခန္ဓာကိုယ်သည် ပျက်စီး သွားတော့၏။ သူကား အသတ်ခံလိုက်ရပြီ ဖြစ်သည်။
သူတို့နောက်သို့ လိုက်ပါလာသော ရှန့်ထိုနှစ်ပါးမှာ သေဆုံးခဲ့ပြီ ဖြစ်သည်။
ရီဖူရှင်း၏ မျက်လုံးများက အလွန်တရာ အေးစက်နေ၏။ သူသည်လည်း သွေးများ ခြင်းခြင်းနီနေသည်။ တိုက်ပွဲအတွင်း သူ၏အခြေအနေမှာ ပြဿနာ သိပ်ရှိဟန် မရသော်လည်း တကယ့်အခြေအနေကို သူနှင့် ယူချင်းတို့သာ သိပေသည်။
“သွားရအောင် …” ရီဖူရှင်းက ပြောလျှင် သူတို့အုပ်စုက ကောင်းကင်မှ ဆက်လက်၍ ပျံသန်း သွားခဲ့ကြသည်။ မကြာခင် သူတို့သည် တန်ခိုးရှင်တစ်စုနှင့် လမ်းတွင် ဆုံ၏။ သူတို့ကား အင်ပါယာရှားမြို့မှ တန်ခိုးရှင်များ ဖြစ်ကြကာ တိုက်ပွဲ၏ အငွေ့အသက်များအား ခံစားမိသဖြင့် လိုက်လာခဲ့ကြခြင်း ဖြစ်သည်။
သူတို့အနီးသို့ ရောက်လာလျှင် ရီဖူရှင်းက အားနည်းစွာ ပြောသည် … “အင်ပါယာလီဘုံက အလစ်တိုက်ခိုက်တယ်။ အကြီးအကဲတွေက ရွှမ်ကျိတောင်ကို သွားပြီး သူတို့ကို ကယ်ပေးစေချင်ပါတယ်”
သူတို့က ခေါင်းညိတ်ကြသည် … “ကောင်းပြီ” သူတို့ကလည်း မြန်ဆန်စွာပင် ရွှမ်ကျိတောင်ဘက်သို့ ပျံသန်း သွားခဲ့ကြသည်။
ရီဖူရှင်းနှင့် တခြားလူများ အားလုံးက ရပ်တန့်လိုက်ကြသည်။ သူတို့ကား ထပ်မံ၍ ပြေးနေစရာ မလိုတော့ပေ။ အင်ပါယာရှားမြို့မှ ရှန့်ထိုများ ရောက်လာကြပြီ ဖြစ်၏။ အကယ်၍ ကောင်းခေါင်က လာရောက် တိုက်ခိုက်လျှင်ပင် အောင်မြင်တော့မည် မဟုတ်ပေ။
ရာရာ၊ ဝူချင်းနှင့် သူ့ဆရာတို့ အခြေအနေ မည်သို့ရှိမည်ကို သူမသိပေ။
သူ့ခန့်မှန်းချက်အရ လီယောင်သည် ရှားရှင်းယွန်အား ထိရဲမည် မဟုတ်ပေ။ ရှောင်ရှမ်း ပြောသော သတင်းမှာ လီယောင်က ရှားရှင်းယွန်အား ကြံစည် ဟန်ဆောင်ခြင်းသာ ဖြစ်ရပေမည်။
ယခု ရှားရှင်းယွန်နှင့် သူမ၏လူများသာ ရာရာကို ကူညီနိုင်ပေလိမ့်မည်။
“စိတ်မပူနဲ့တော့ … အားလုံး အဆင်ပြေ သွားလိမ့်မယ်” ရီဖူရှင်း၏ဘေးမှ နွေးထွေးသော အသံသာသာလေးအား ကြားရသည်။ သူက လှည့်ကြည့်လျှင် ယောင်းချီ၏ ပြီးပြည့်စုံသော မျက်နှာလေးအား မြင်၏။ သူမ၏ မျက်လုံးများကလည်း နွေးထွေးကာ သူ့အတွက် စိုးရိမ်သော အငွေ့အသက်များ ရှိနေသည် … “အရှင်ရီက အနားယူပြီး အားမွေးသင့်ပါတယ်”
“ကျေးဇူးတင်ပါတယ် … နတ်မိမယ်” ရီဖူရှင်းက တီးတိုးပြောသည်။
“ကျွန်မက အရှင်ရီရဲ့ လျှို့ဝှက်ချက်ကို ဘယ်သူ့မှ မပြောပါဘူး” ယောင်းချီက ပြောသည်။ ရီဖူရှင်း၏ ခေါင်းညိတ်၏။ သူနှင့် ယောင်းချီတို့မှာ ကောင်းမွန်သော ဆက်ဆံရေးများရှိရာ ထိုအတွက် သိပ်စိတ်ပူရန် မလိုပေ။
***
ထိုအခိုက်တွင် စစ်မြေပြင်၌ ကောင်းကင်တွင် ဓားဝင်္ကပါသည် ပြင်းထန်စွာ လည်ပတ်နေသည်။ ရာရာကား ဓားတစ်လက်အဖြစ် ပြောင်းလဲသွားကာ ဝင်္ကပါထဲ၌ သူမကိုယ်သူမ ပေါင်းစပ် သွားခဲ့သည်။ ဝင်္ကပါ၏စွမ်းရည်ဖြင့် သူမ၏ပြန်လည် တိုက်ခိုက်နိုင်စွမ်းမှာ အမြင့်ဆုံးဖြစ်သည်။
သို့သော်လည်း ကောင်းခေါင်သည် အနည်းငယ်မျှပင် နောက်ဆုတ်ခြင်း မရှိဘဲ ပြင်းထန်စွာ တိုက်ခိုက်နိုင်သည်။ သူ၏တိုက်ခိုက်မှုများကြောင့် ကောင်းကင်မှာ သိမ့်သိမ့်တုန်နေ၏။
သူ၏ တိုက်ခိုက်မှုများကြောင့် ဝင်္ကပါကြီး တစ်ခုလုံးမှာ နောက်သို့ လွင့်သွားခဲ့ပြီး ရွှမ်ကျိတောင်သည်လည်း နေရာအနှံ့ ပျက်စီးသွားခဲ့ရသည်။
“မင်းဟာ တစ်ချိန်က အကောင်းဆုံး ဖြစ်ချင် ဖြစ်ခဲ့လိမ့်မယ်။ ဒါပေမဲ့ အခုတော့ အတိတ်မှာပဲ ကျန်ခဲ့ပြီ” ကောင်းကင်နှင့်မြေပြင်ကို တုန်ခါစေသော အသံတစ်သံအား ကြားရသည်။ ဧရာမ လက်ဝါးကြီးသည် အပေါ်မှ ကျဆင်းလာခဲ့ကာ ဝင်္ကပါအား အက်ကွဲစေပြီး နောက်ဆုံးတွင် ကြေပျက် သွားရတော့သည်။ လူတစ်စု မြေပြင်ပေါ်သို့ ကူရာမဲ့စွာ ကျဆင်းလာခဲ့ပြီး သူတို့၏ပါးစပ်မှ သွေးများ စီးကျလာခဲ့သည်။
“ကောင်းခေါင် …” အဝေးမှ အသံတစ်သံကို ကြားရသည်။ အဝေးမှ အသံသည် ကောင်းကင် တစ်ခုလုံးအား တုန်ခါသွားစေ၏။ ကောင်းခေါင်ထံမှ မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်လာကာ သူ၏ပြိုင်ဘက်သစ်အား လက်ဝါးချင်း ရင်ဆိုင်သည်။ ကောင်းခေါင်သည် တစ်ဖန် နောက်ကို ဆုတ်သွားရပြီး လေထုက သိမ့်သိမ့်တုန် သွားသည်။ သူက တခြားတစ်ဖက်သို့ လှမ်းကြည့်၏။
ရီဖူရှင်းနှင့် ယူချင်းတို့ အသံခံခဲ့ရပြီးပြီလား။
“သွားကြမယ်” ကောင်းခေါင်က အော်ဟစ်ကာ အဝေးသို့ အလင်းတန်းအသွင်ဖြင့် ပျံသန်းသွားသည်။ သူ၏လူများသည်လည်း မြန်ဆန်စွာပင် တိုက်ခိုက်နေရာမှ လူစုခွဲလျက် ဆုတ်ခွာကြသည်။
ကောင်းခေါင်က သူတို့အား ဆုတ်ခွာရန် အမိန့်ပေးခြင်းက ရှားရှင်းယွန်၏လူများ ရောက်လာပြီဟု ဆိုလိုသည်။ ယခု သူတို့ ထွက်မသွားလျှင် နောင်တွင် ထွက်သွား၍ ရနိုင်မည်မဟုတ်တော့ပေ။
***