← Chapters

အပြစ်တွေက ဝန်ခံလိုက်လို့သာ ကျေခဲ့မယ်ဆိုရင် ငရဲကြီးရှစ်ထပ်က ဘာလို့ရှိနေမှာလဲ

Vol. 7 Ch. 84

အပြစ်တွေက ဝန်ခံလိုက်လို့သာ ကျေခဲ့မယ်ဆိုရင် ငရဲကြီးရှစ်ထပ်က ဘာလို့ရှိနေမှာလဲ

Vol. 7 Ch. 84

"မင်းက ဟီယမ်လား ဒါမှမဟုတ် ချီဖေးလား?"

ကျန်းရီက အဲ့လိုပြောလို​က်တဲ့အခါ သူ့မျက်နှာတွင် အပြုံးတစ်ခုရှိနေခဲ့သည်။

သို့သော် ဟီယမ် သည် ရှောင်ကျန်း၏ ဖုန်းရှိ တိုက်ရိုက်ထုတ်လွှင့်အခန်းမှ ကျန်းရီ အား စိတ်ရှုပ်ထွေးစွာကြည့်ကာ "မင်းဘာကိုဆိုလိုချင်တာလဲ"

"ငါဘာကိုဆိုလိုတာလဲ မင်းတကယ်မသိဘူးလား?"

"ငါက ဟီယမ်၊ ငါက ငါပဲ၊ ငါက ချီဖေး ဘယ်လိုဖြစ်ရမှာလဲ"

ဟီယမ် က စိတ်ရှုပ်ထွေးနေပုံရပြီး ကျန်းရီ က သူ့ကိုကြည့်ကာ "ဟုတ်ပါတယ် မင်းက ဟီယမ် ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် မင်းဟာ သရဲတစ္ဆေတစ်ကောင်ပဲလေ။”

"ကျုပ်က ချီဖေးကြောင့် သေခဲ့ရတာ။ ကျုပ် လူပြန်ဝင်စားချင်တယ်၊ ဒါပေမယ့် သူက ကျွန်တော့်ကို ခွင့်မပြုခဲ့ဘူး!"

"ဒါပေမယ့် မင်း ချီဖေးကို စားပြီးပြီလေ၊ ဘာလို့ သူ့ကို ရှာနေတာလဲ"

ကျန်းရီရဲ့ ပထမမေးခွန်းသည် ရှောင်ကျန်း၊ ရှောင်ပိုင် နှင့် ပရိသတ်တွေထံ ဗုံးခွံတစ်လုံး ပစ်ချလိုက်သလိုပါပဲ။

အခုလည်း ဗုံးတစ်လုံးထပ်ပြီး ပစ်ချလိုက်တော့ လူတိုင်းကို ထိတ်လန့်စေခဲ့သည်။

ကြည့်ရှု့သူ A-"ဘာ​တွေဖြစ်နေတာလဲ၊ ငါဘာလို့ ရုတ်တရက် ဘာမှနားမလည်တော့တာလဲ!"

ကြည့်ရှု့သူ B-"စတွင်မာက ဟီယမ်လား ဒါမှမဟုတ် ချီဖေး လားလို့ မေးလိုက်တယ်လေ၊ အခု ဟီယမ်က ချီဖေးကို စားခဲ့တယ်လို့ ထပ်ပြောတယ်။ ဖြစ်နိုင်တာက နှစ်ယောက်စလုံးကို ဆိုလိုချင်တာလား?"

ကြည့်ရှု့သူ C-"အိုးမိုင်ဂေါ့.. ဟီယမ်က ချီဖေးကို စားလိုက်တော့ သူတို့နှစ်ယောက်က ပေါင်းစည်းသွားပြီး တစ်ယောက်တည်း ဖြစ်သွားတာလား?"

ပရိသတ်အားလုံးက အံသြထိတ်လန့်စွာ မှတ်ချက်ပေးနေကြသည်။ ကျန်းရီက ဟီယမ်ကို တိုက်ရိုက်ကြည့်ကာ- "အတိအကျပြောရရင် မင်းက သူမကို စားခဲ့တာမဟုတ်ဘူး၊ ဒါပေမယ့် သူမကို မင်းမျိုချလိုက်တာ ဟုတ်တယ်မလား၊ မင်း မမှတ်မိတော့ရင် ငါမင်းကို ကူညီပြီး ချီဖေးကို ဆွဲထုတ်ပေးမယ် ဘယ်လိုလဲ"

“မင်း ဘာတွေပြောနေတာလဲ ငါနားမလည်ဘူး ငါတကယ်ကို နားမလည်ဘူး!”

ဟီယမ်၏ အသွင်အပြင်သည် တမင်လုပ်ထားခြင်းမဟုတ်ပေ၊ ပြီးတော့ ကျန်းရီ၏ ရှေ့တွင် လုံးဝဖုံးကွယ်ထားလို့လည်း မရပေ။

သူအခန်းထဲဝင်လာပြီး သိပ်မကြာခင်မှာပဲ ကျန်းရီ ဟာ သူနဲ့ပတ်သတ်ပြီး တစ်ခုခုမှားနေတာကို ခံစားမိနေခဲ့သည်။

အဲ့လို ခံစားမိခဲ့တာကြောင့်ပဲ ကျန်းရီက မေးခွန်းအနည်းငယ်မေးလိုက်ကာ အတိအကျကိုပဲ နားလည်သွားခဲ့သည်။

“ ရှောင်ပိုင်ရေ ငါ့ကို ကျေးဇူးပြုပြီး တစ်ခုလောက် ကူညီပေးပါလား”

အခန်းထဲတွင် ထိတ်လန့်တုန်လှုပ်နေသော ရှောင်ပိုင်သည် ကျန်းရီရဲ့ အသံကို ကြားလိုက်ရသောအခါ သူမက အမြန်ပြန်ဖြေလိုက်သည် “ပြောလေ ဘာလုပ်ရမှာလဲ”

“မင်းရဲ့လက်ကို ဟီယမ်ရဲ့ လည်ပင်းနောက်ဘက်ပေါ်တင်လို​က်၊ ပြီးရင် မင်းဘာလုပ်ရမလဲဆိုတာ သိလိမ့်မယ်”

ရှောင်ပိုင် သည် ဟီယမ် ဆီသို့ လျှောက်သွားကာ ဟီယမ်က ရုတ်တရက် ခေါင်းမော့လိုက်ပြီး သူမကို စိုက်ကြည့်ကာ “မင်းဘာလုပ်မလိုလဲ?!”

“အဲ့မှာ ရပ်နေပြီး မလှုပ်နဲ့။ မင်းက ဟီယမ် ဆိုတာ သိပ်သေချာနေတာ မဟုတ်လား၊ မင်းဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်အောင် ငါပြပေးမယ်”

ကျန်းရီ ပြောစကားပြီးနောက် ရှောင်ပိုင် သည် ဟီယမ် ၏နောက်သို့ ရောက်နေပြီဖြစ်သည်။

ဟီယမ် မလှုပ်ရဲပေ ။ ကျန်းရီ ရဲ့ ခြိမ်းခြောက်မှုက သူ့လို တစ္ဆေတစ်ကောင်အတွက် အလွန်ကို ကြီးကျယ်လွန်းလှသည်။

ရှောင်ပိုင် သည် ဟီယမ်၏ နောက်တွင် ရပ်လိုက်ပြီး သူ့လည်ပင်းနောက်ဘက်သို့ လက်ကိုတင်လိုက်သည်။

တင်လိုက်သည်နှင့် ရှောင်ပိုင်၏ အမူအရာသည် ချက်ချင်းပြောင်းလဲသွားသည်။

"ဘယ်လိုဖြစ်ပြီး?"

"မင်း ဘာကိုခံစားလိုက်ရလဲ?"

"လက်… ငါ့လက်ကို ဆုပ်ကိုင်ထားတဲ့ လက်တစ်စုံရှိနေတယ်"

"သူမကို ဆွဲထုတ်လို​က်!"

ကျန်းရီက ပြောလိုက်သည်။ ရှောင်ပိုင်က သူမကို ဆုပ်ကိုင်ထားတဲ့ လက်ကို အပြင်းအထန် ဆွဲထုတ်လိုက်ခဲ့တယ်။

ရှောင်ကျန်း သည် ထိုဖြစ်ရပ်ကို ​ပရိတ်သတ်တွေမြင်ရရန် ဖုန်းကို မြှောက်လိုက်သည်။ ထိုအချိန်တွင် ဟီယမ်၏ မျက်နှာသည် တပြိုင်နက်တည်း တုန်လိမ်သွားခဲ့သည်။

"အရမ်းနာတယ်!"

ဟီယမ်က နာကျင်စွာ အော်ဟစ်လိုက်သည်။ ဒါပေမယ့် ဖြူဖျော့သော လက်တစ်စုံကို သူ့လည်ပင်းနောက်ဘက်မှ ဆွဲထုတ်လိုက်သည်။

ထို့နောက် လည်ပင်းမှ အနက်ရောင် ဆံပင်ရှည်တွေ ထွက်ပေါ်လာပြီး နောက်တော့ မျက်နှာတစ်ခုလုံး ထွက်ပေါ်လာခဲ့သည်။

"ကူညီပါ...ကယ်ပါအုံး...!"

ဆွဲထုတ်ခံရသော အမျိုးသမီးသည် ငိုသံနဲ့ အော်ဟစ်လိုက်သည်။

ရှောင်ပိုင်ကတော့ ဆွဲထုတ်ရန် ရုန်းကန်နေဆဲဖြစ်သည်။ ဟီယမ် ၏ နာကျင်စွာအော်သံနှင့်အတူ အမျိုးသမီး၏ အော်ဟစ်အကူအညီ တောင်းသံတို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းထဲတွင် ဆူညံနေခဲ့သည်။

ဒါပေမယ့် အမျိုးသမီးကို လုံးလုံးဆွဲထုတ်လိုက်တဲ့အခါ ဟီယမ် ဟာ ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့သည်။

ဆွဲထုတ်ခံခဲ့ရသော အမျိုးသမီးသည် ချီဖေးမှလွဲ၍ အခြားသူမဟုတ်ပေ၊

ချီဖေး ကို ဆွဲထုတ်ပြီးနောက် သူမက ရှောင်ပိုင်ကို ထိတ်လန့်သောမျက်နှာဖြင့် ပွေ့ဖက်လိုက်ပြီး "ကယ်ပါ ငါ့ကို ကယ်ပါအုံး၊ သူက ငါ့ကို မျိုချလိုက်ပြီး တစ်ချိန်လုံး ဖျောက်ဖျက်ဖို့ကြိုးစားနေတာ။ ငါကို့ လူပြန်ဝင်စားဖို့တောင် ခွင့်မပြုခဲ့ဘူး။ သူက အရူးပဲ!"

ရှောင်ပိုင် က ကျန်းရီ ကို အံ့အားသင့်စွာကြည့်လိုက်ကာ “ဒါက ဘယ်လိုဖြစ်တာလဲ ဟီယမ် ပြောခဲ့တာက...

“သူ့စကားကို နားမထောင်နဲ့၊ သူက ရူးသွပ်နေတဲ့လူပဲ၊ ငါက ဒေါသထွက်နေလို့ သူ့ကို သတ်ခဲ့တာ၊ ဒါပေမယ့် နောက်တော့ သူက တစ္ဆေဖြစ်လာပြီး ငါ့ကို မျိုချဖို့ ကြိုးစားခဲ့တယ်၊ သူက ငါအသက်ရှင်စဥ်တစ်လျှောက်လုံး သူ့ကို ခက်ခက်ခဲခဲ အတင်းအကျပ် ခိုင်းစေခဲ့လို့ ငါ့ကို မုန်းနေခဲ့တာ တစ္ဆေဖြစ်လာပြီးတောင်မှ ငါ့ကို လွှတ်ပေးဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး!”

ချီဖေး က ဟီယမ် ကို ဒေါသတကြီး လက်ညှိုးထိုးပြလိုက်သည်၊ သို့သော်လည်း ဟီယမ် မှာ လုံးဝကို လှုပ်မရဖြစ်နေခဲ့ပြီး ကြမ်းပြင်ပေါ်တွင် လဲလျောင်းကာ ရယ်နေလေသည်။

“သူငါ့ကို မျိုချပြီးတဲ့နောက်မှာ သူက ငါ့ပုံစံပြောင်းပြီး လူတွေကို သတ်ခဲ့တယ်။ လူတော်တော်များများကို သတ်ခဲ့တယ်။ သူ့အပြစ်က ခွင့်မလွှတ်နိုင်စရာပဲ!”

ချီဖေး၏စကားများသည် လွန်ခဲ့သည့် လအနည်းငယ်အတွင်းက ဒီမြို့တွင် ထူးဆန်းစွာ သေဆုံးမှုများ ဆက်တိုက်ဖြစ်ပွားမှုနောက်ကွယ်မှ အမှန်တရားကိုဖော်ပြနေပုံရသည်။

ဟီယမ်ကတော့ ပြုံးနေဆဲဖြစ်သည်။ ဒါပေမယ့် သူ့မျက်လုံးတွေက ရုတ်တရက် စူးရှသွားခဲ့သည် ။

သူသည် လူသားတစ်ယောက်ကဲ့သို့ အားနည်းနေပုံရနေသော်လည်း ချီဖေး ဆီသို့ ဖြေးဖြေးချင်း တွားသွားကာ “မင်းဘာပြောလိုက်တာလဲ၊ ငါက မင်းပုံစံပြောင်းပြီး လူတွေသတ်ခဲ့တယ်။ ကလေးရယ်၊ မင်းက တကယ်ကို ငါသိပ်ချစ်ရတဲ့ ကလေးလေး ဖြစ်ထိုက်တာပဲ”

ချီဖေး ၏ မျက်လုံးများသည် အလွန်အေးစက်နေပြီး ရှောင်ပိုင် သည် ထိုအချိန်တွင် မသိစိတ်မှ နောက်သို့ ဆုတ်သွားခဲ့မိသည်။

“မင်းမဟုတ်ရင် ဘယ်သူလဲ? ငါက မင်းရှေ့မှာပဲ ဆိုးနွဲ့ချင်ခဲ့တာ ဒါပေမယ့် မင်း ဒီလောက်ရက်စက်ပြီး ငါ့နောက်ဘဝတွေထိပါ ဖျက်ဆီးပစ်ချင်နေလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး။”

“ဟားဟား... ချီဖေး၊ မင်းလို မိန်းမတစ်ယောက်နဲ့ တွေ့ခဲ့တဲ့ ငါ မျက်စိကပဲ ကန်းနေခဲ့တာ!”

ဟီယမ်က ဆက်ရယ်မောနေခဲ့သည်၊ ပြီးနောက် ပြုံးကာ ထပ်ပြောလိုက်သည် - “ဟုတ်တယ်၊ ငါ လူ့ဘဝတုန်းက ခံစားခဲ့ရတဲ့ နာကျည်းမှုတွေက ငါသေပြီးတဲ့ နောက်မှာ အမုန်းတရားတွေအဖြစ် ပြောင်းလဲသွားပြီး လက်စားချေဖို့ကိုပဲ အရူးအမူး လုပ်ချင်ခဲ့တယ်။

ချီဖေး ကို မျိုချပြီးတဲ့နောက်မှာ ငါပိုဆိုးလာခဲ့တယ် အဲဒီမိန်းကလေးတွေရဲ့ သိပ်ချစ်ကြတဲ့ စုံတွဲတွေကို မြင်ရင် မုန်းတီးပြီးတော့ အားလုံးကို သတ်ပစ်ချင်ခဲ့တယ်!”

“ငါ့လိုလူက နောက်ဘဝမှာ တိရစ္ဆာန်တစ်ကောင်ပဲ ဖြစ်မှာ၊ ဟားဟား. တိရစ္ဆာန် ဖြစ်တာလဲ ကောင်းပါတယ်၊ အနည်းဆုံးတော့ ဘာကိုမှ စိတ်ပူစရာမလိုတော့ဘူး!”

ဟီယမ် စကားပြောနေစဉ် ကျန်းရီ က သူတို့နှစ်ဦးကို အေးစက်စွာကြည့်ကာ “ဒါဆို မင်းက ငရဲဘုရင်ကို ဆုံးဖြတ်ချက်ချဖို့ ကူညီပေးနေတာပေါ့။ မင်းက သူများတွေကို ငရဲဘုရင်ကို ကိုယ်စားပြုပြီး တရားစီရင်ခဲ့​တာပေါ့။”

ချီဖေး၏ မျက်နှာသည် သိသိသာသာပြောင်းလဲသွားပြီး သူ့ဝိညာဉ်တောင် အဲ့ဒီအခိုက်အတန့်တွင် အနည်းငယ် တုန်ခါသွားသည်။

ကျန်းရီက သူမကို စူးရှစွာ ကြည့်လိုက်ပြီး “ငရဲကလူတွေကို အရူးတွေလို့များ ထင်နေတာလား ဒါမှမဟုတ် ငါကိုလည်း ကန်းနေတဲ့လူလို့ မင်းထင်နေတာလား။”

ချီဖေး ရုတ်တရက် နောက်ပြန်ဆုတ်လိုက်မိသည်၊ သို့သော်လည်း ဖုန်းထဲရှိ ကျန်းရီ ၏ မျက်လုံးများကို သူမ ကြောက်ရွံ့ထိတ်လန့် နေဆဲဖြစ်သည်။

“ဟီယမ် က မင်းကို မျိုချလိုက်တယ်၊ ဒါပေမယ့် မင်းဘာလို့ ဟီယမ် ကို အမြဲတမ်း လွှမ်းမိုးနေခဲ့တာလဲ၊ သူက ဟီဟမ် ဖြစ်နိုင်သလို၊ သူက မင်းလည်း ဖြစ်သွားနိုင်တယ်! သူက အချိန်တိုင်းနီးပါး မင်း,ချီဖေးပဲ ဖြစ်နေခဲ့တာ။ အနည်းဆုံးတော့ ရှောင်ကျန်း ကြုံခဲ့ရတာက မင်းပဲလေ။ အဲ့ဒီမှာ မင်းက သူ့ကို ကြောင်က ကြွက်ကို ကစားနေသလိုမျိုး သေတဲ့အထိ ကစားတော့မှာလေ”

“မင်းက မနာလို၊ အမြင်ကျဉ်း၊ ရုပ်ဆိုးပြီး သူရဲဘောကြောင်တဲ့ မိန်းမ။

ဒါပေမဲ့ သေခြင်းက မင်းကို သတ္တိတွေ ပေးခဲ့ပုံရတယ် ချက်ချင်းကို လူသတ်သမားဖြစ်သွားခဲ့တယ်။ ဟီယမ်ကို မင်းနဲ့လမ်းခွဲချင်မှန်းသိလို့ သူ့ကိုသတ်လိုက်တယ်၊ ပြီးတော့ သတ်ပြီးတာတောင် သူ့ကို အလွတ်မပေးသေးဘူး

အနာဂတ်မှာ မင်းကို မနာလိုဖြစ်စေတဲ့ လူတွေ ပေါ်လာသရွေ့ သူတို့ကို ဘယ်လိုနည်းနဲ့မဆို ကိုယ့်ကိုကိုယ် သတ်သေဖို့ မင်း တွန်းအားပေးနေလိမ့်မယ်။

“ဘာလို့လဲဆို​တော့ မင်းမရခဲ့အရာတွေကို တခြားသူတွေနဲ့ မထိုက်တန်ဘူးလို့ မင်းခံစားရလို့ပဲ?”

ကျန်းရီ၏မေးခွန်းတွေသည် ချီဖေးကို အမှန်တကယ် ထိတ်လန့်သွားစေခဲ့သည်။ ဟီယမ်က မနေနိုင်ဘဲ “မဟုတ်ဘူး...အဲလိုမျိုးမဟုတ်ဘူး...”

“မင်းကိုမင်း ထက်မြက်တဲ့ အရှုံးသမားလို့ ထင်နေသေးရင် မင်းပါးစပ်ကို ပိတ်ထားလို​က်စမ်း!”

ကျန်းရီ က သူ့ကို အေးစက်စွာ ကြည့်လိုက်တော့ ဟီယမ်ခင်ဗျာ စကားဆက်မပြောရဲတော့ပါဘူး။

ဤအခိုက်အတန့်တွင် ချီဖေး ၏ ခေါင်းမာသော ခုခံမှုအားလုံး ပြိုပျက်သွားခဲ့ပြီး ထိတ်လန့်တကြားပဲ ဝန်ခံခဲ့သည်- “ငါမှားပါတယ်၊ ငါမလိမ်ခဲ့သင့်ဘူး၊ ပြီးတော့ ငါလူမသတ်ခဲ့သင့်ဘူး။

ဟုတ်ပါတယ်၊ ငါက မနာလို၊ အမြင်ကျဉ်းတယ်၊ ရုပ်ဆိုးတယ်၊ သူရဲဘောကြောင်တယ်၊ ငါ့အပြ​စ်တွေက ခွင့်မလွှတ်နိုင်စရာပါ။

အထူးသဖြင့် ကျွန်မ သူ့ဘေးနားကနေ ဖြတ်သွားလိုက်တော့ သူက အလွန်ကြောက်တက်တာကို တွေ့ခဲ့ရပြီး သူ့ကို သေအောင် ခြောက်သတ်ဖို့ မလုပ်သင့်ပါဘူး။

တောင်းပန်ပါတယ် ကျေးဇူးပြုပြီး ငါ့ကို အပြစ်မပေးပါနဲ့ ဟုတ်ပြီလား"

ချီဖေး က ကျန်းရီ ကို ငိုပြီး တောင်းပန်လိုက်သည်။ ပြီးနောက် ကြမ်းပြင်ပေါ်မှာ ဒူးထောက်လိုက်ပြီး ကျန်းရီအား ဦးချလိုက်တယ်။

“တကယ်လို့ ဝန်ခံခြင်းကသာ အသုံးဝင်တယ်ဆိုရင် ငရဲပြည်က ငရဲရှစ်ထပ်က ဘာလုပ်ရတော့မှာလဲ။ မူလက နတ်ဘုရားတွေကို မင်းရဲ့ဝိညာဥ်ကို တိုက်ရိုက်ဖျက်ဆီးခိုင်းဖို့ စိတ်ကူးထားခဲ့ပေမယ့် အခုတော့ မဖြစ်နိုင်တော့ဘူးလို့ ထင်တယ်။

မင်းလိုလူတွေက ငရဲရဲ့ ရှစ်ထပ်မှာ ခံရသင့်သေးတယ်။

ကြည့်စမ်း၊ နတ်ဘုရားတွေတောင် စိတ်ဆိုးနေပြီ!"

"ဒုန်း…!"

မြို့ရဲ့အထက် ကောင်းကင်ယံ၌ လျှပ်စီးကြောင်းများ တဖျက်ဖျက်လက်လာခဲ့ပြီး မိုးခြိမ်းသံများလည်း ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ချီဖေး နှင့် ဟီယမ် တို့သည် ကြောက်လန့်တကြားဖြင့် ခန္ဓာကိုယ်များ ကြုံ့သွားခဲ့ကြပြီး ရှောင်ပိုင် ပင်လျှင် အလွန်ထိတ်လန့်သွားခဲ့သည် ။

"ငရဲကို အမြန်သွားတော့။ မင်းတို့ နည်းနည်းလောက်ပဲ နှောင့်နှေးခဲ့ရင်တောင် အကျိုးဆက်ကို မင်းတို့ ခံစားရလိမ့်မယ်!"

ကျန်းရီ အေးစက်စွာ ပြောပြီးတဲ့နောက်မှာ ဟီယမ် နှင့် ချီဖေး တို့သည် လေပြင်းတိုက်ခံရသလို လွင့်မျောသွားခဲ့ကြသည်။

ရှောင်ပိုင် သည် သူ့ရှေ့ရှိ အရာအားလုံးကို ထိတ်လန့်စွာ ကြည့်နေခဲ့ပြီး ကျန်းရီ ကို ပို၍ပင် ကြောက်လန့်သွားခဲ့သည်။

All Chapters