စိတ်ဝိညာဥ်ဂိမ်း
Vol. 7 Ch. 86
အသက်ရှုသံက ပိုကျယ်လောင်လာခဲ့ပြီး ပြေးနေပုံရတဲ့ ခြေသံတွေကိုလည်း တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲတွင် ကြားနေရသည်။
ကျန်းရီ က မျက်မှောင်ကြုတ်လိုက်ပြီး "ဟေး ဟဲလို၊ ငါပြောတာ ကြားလား?"
"ငါ့ကို မနှောက်ယှက်ပါနဲ့၊ ငါ့ကို ထပ်မနှောက်ယှက်ပါနဲ့တော့၊ ငါမှားပါတယ်၊ ငါ ဒီလိုဂိမ်းမျိုး ထပ်မကစားတော့ပါဘူး... ဟူး... ဟူး... အဟွတ်..အဟွတ်..အဟွတ်!"
"ဟယ်လို၊ မင်း အခု အရမ်း လုံခြုံသွားပါပြီ။ အခုအချိန်မှာ မင်းကို ဘာမှ အနှောက်အယှက် မပေးနိုင်တော့ဘူးလို့ ငါယုံတယ်"
ကျန်းရီရဲ့အသံက ပိုကျယ်လာခဲ့ပြီး ဖုန်းရဲ့တစ်ဖက်ကကောင်မလေးက နောက်ဆုံးမှာတော့ ပြန်ပြီး တုံ့ပြန်လိုက်ခဲ့တယ်။
"မင်းကဘယ်သူလဲ ဘာလို့ငါ့ကိုခေါ်တာလဲ"
"ငါက မင်းကို ဖုန်းခေါ်တယ်? တောင်းပန်ပါတယ် မင်းဆီကနေ ဖုန်းလာခဲ့တာ။ ဒါပေမယ့် စိတ်မပူပါနဲ့။ မင်းရဲ့ဖုန်းကနေ တစ္ဆေသရဲတွေ ဒါမှမဟုတ် သဘာဝလွန်ဖြစ်ရပ်တွေ စတဲ့ စကားလုံးတွေကို ရှာဖွေခဲ့သေးလား။"
ကျန်းရီက အလွန်ထူးဆန်းနေတယ်လို့ ခံစားခဲ့ရသော်လည်း အကြောင်းရင်းကို ချက်ချင်းရှာဖွေတွေ့ရှိခဲ့သည်၊ထို့ကြောင့် ဖုန်း၏အခြားတစ်ဖက်မှမိန်းကလေးကို ခွဲခြမ်းစိတ်ဖြာရန် စတင် ကူညီပေးခဲ့လိုက်သည်။
တစ်ဖက်မှ မိန်းကလေးက ချက်ချင်းပဲ " ဟုတ်တယ် အခုလေးတင်ပဲ...
ဝူး….ဝူး… အခု သူ့ကို ထပ်တွေ့လိုက်တယ်။
ပြီးတော့ ကျွန်မ အရူးတစ်ယောက်လို စပြေးတော့တယ်။
နောက်ဆုံး လူစည်ကားတဲ့နေရာ တစ်ခုမှာ ရပ်လိုက်ပြီးတော့ ဘေးကင်းလိမ့်မယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် ငါက သရဲတစ္ဆေတွေ့ရင် ဘာလုပ်ရမလဲလို့ဆိုပြီး စာရိုက်ပြီး ရှာဖွေလိုက်တာ။
ဒါပေမယ့် ရှာကြည့်လိုက်ပြီးတော့ ကျွန်မ ပခုံးကို တစ်ယောက်ယောက်က ပုတ်လိုက်တယ်၊ ကြည့်လိုက်တော့ သူက ဒီမှာ...
ပေါ်လာပြန်တယ်။
ငါ့ရှေ့တည့်တည့်မှာ!"
“အရမ်းကြောက်ဖို့ကောင်းတယ်။ သူပေါ်လာတိုင်းမှာ ကြောက်စရာကောင်းတယ်။ ကျွန်မ ဘယ်လိုမှ မခံနိုင်တော့ဘူး။”
ကောင်မလေးက စကားလည်းပြောပြီးရော ငိုပါလေရော။
လူတွေ ငိုတဲ့ပုံစံတွေက အမျိုးမျိုး ရှိကြတယ်၊ ဒီလိုမျိုးတွေပဲ ငိုချင်စိတ်ကို ထိန်းချုပ်ပြီး တရှုံ့ရှုံ့ ငိုတာမျိုးတွေ ၊ အလွန်အမင်း ဝမ်းနည်းပြီးတော့ ကျယ်လောင်စွာ ငိုကြွေးတာမျိုးတွေ ၊ အလွန်ထိတ်လန့်တုန်လှုပ်သွားတဲ့အခါ အော်ဟစ်ပြီး ငိုကြွေးတာမျိုးတွေ အမျိုးအစားများစွာ ရှိပါတယ်။
သူတို့ အော်ဟစ်နေချိန်မှာ သူတို့မှာ မျက်ရည်တွေ ကျနေပြီဆိုတာတောင် မသိလိုက်ခဲ့ကြဘူး။
ဒီကောင်မလေး ငိုနေတာက နောက်ဆုံးအမျိုးအစားပဲ။ ဒါကို ကြားလိုက်ပြီးနောက် ကျန်းရီက သူမကို လေးလေးနက်နက်ပြောလိုက်တယ် “ဆိုလိုတာက မင်းက ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို မတော်တဆ ရောက်လာပြီးတော့ ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ဖုန်းနံပါတ်ကို မတော်တဆ နှိပ်မိလိုက်တာပေါ့ အဲ့လိုလား။”
“မသိဘူး၊ ငါတကယ်ကို မသိဘူး၊ ခဏနေအုံး ... မင်းက သူလား?။ မင်းက အဲ့ဒီသူပဲ။ မင်းငါ့ဖုန်းပေါ် ပြန်ပေါ်လာတာ ဟုတ်တယ် မလား”
မိန်းကလေး၏ လေသံသည် ရုတ်တရက် စူးရှလာကာ မူလက မဖွင့်ရသေးသော သူမ၏ ဖုန်းအဖွင့်ခလုတ်ကို နှိပ်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ကျန်းရီ ကို သူ့မျက်လုံးများက စိုက်ကြည့်နေသည်။ ကျန်းရီက ဗီဒီဖုန်းခေါ်ဆိုမှု ရောက်လာသည်ကို မြင်သောကြောင့် တုံ့ဆိုင်းမနေပဲ လက်ခံလိုက်ခဲ့ပြီး “မိန်းကလေး၊ ငါ့ကို သရဲတစ္ဆေလို့ ထင်နေတာလား။”
“သူက နေရာတိုင်းမှာရှိတယ်၊ မင်းဘယ်သူလဲ၊ မင်းဘယ်သူလဲဆိုတာ ငါမသိဘူး!”
ကောင်မလေးက ကယောင်ကတမ်းစကားတွေ ပြောနေခဲ့တယ်၊ ဒါပေမယ့် ကျန်းရီက သူ့ရဲ့မျက်နှာမှာ နူးညံ့တဲ့အပြုံးနဲ့ “ဒါဆိုရင် လူနဲ့ သရဲတစ္ဆေတွေကြားက ခြားနားချက်ကို သိနိုင်ဖို့ ရိုးရှင်းတဲ့နည်းလမ်းလေးတွေကို သင်ပေးပါရစေ။
ပထမဆုံးအနေနဲ့ တစ်ဖက်လူရဲ့မျက်နှာကို ဂရုတစိုက်ကြည့်ရပါမယ်။
ငါ့မျက်နှာကို ကြည့်လိုက် ဒီလောက် ကြည့်ကောင်းနေတာကို သရဲတစ္ဆေနဲ့ တူနေလို့လား”
“မင်းက ရုပ်ချောနေရင် သရဲတစ္ဆေမဖြစ်နိုင်ဘူးလား” ကောင်မလေးရဲ့ အသံက တုန်ရင်နေတုန်းပါပဲ။
ကျန်းရီက ခဏလောက် ဆွံအသွားပြီး ပြုံးလိုက်ကာ “မင်းကို ငါ့ရုပ်ရည်ကို ကြည့်ခိုင်းတာ မဟုတ်ဘူး။ ငါ့အသားအရည်ကို မင်းကို ဂရုတစိုက် ကြည့်ခိုင်းတာ။ ဒါကို မင်း နားမလည်ရင် ပြောပြမယ်၊ လူတွေက အဲ့တာကို ရေရဲ့ အရောင်လို့ခေါ်တယ်။
ပိုပြီးတော့ သိပ္ပံနည်းကျ ပြောရမယ်ဆိုရင် သွေးအရောင်လို့ ခေါ်တယ်။ လူတစ်ယောက်က လူသားဖြစ်နေရင် သူရဲ့မျက်နှာက အလွန်ကျန်းမာနေလိမ့်မည်။ ငါ့ အသားအရောင်က ဖြူစင်ပြီးတော့ ပန်းနုရောင်ဖြစ်မနေပေမယ့် အရမ်းကို တက်ကြွပြီးတော့ ကျန်းမာနေတဲ့ ယောက်ျားတစ်ယောက်လို့ မင်းမထင်ဘူးလား?”
မူလက အလွန်အမင်း ထိတ်လန့်နေသော မိန်းကလေးသည် အခုအချိန်တွင် ကျန်းရီကို ဆွံအစွာ ကြည့်နေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင်လည်း “အရှက်မရှိဘူး၊ ငါတို့လိုပဲ” ဟူသော မက်ဆေ့ချ်များဖြင့် ပြည့်နေခဲ့သည်။
“ဆန့်ကျင်ဘက်အနေနဲ့၊ လူလား ဒါမှမဟုတ် တစ္ဆေလား မသေချာတဲ့ ပစ်မှတ်ကို တွေ့ရင်၊ သူ့မျက်နှာက အလွန်ကို ဖြူဖျော့နေတယ်ဆိုရင်၊
ငါပြောနေတဲ့ အရောင်ဖျော့တဲ့ပုံစံက စက္ကူလိုမဟုတ်ဘဲ လုံးဝသွေးကင်းစင်နေတာကို ပြောတာ၊ ဒါပေမယ့် မျက်နှာက အရမ်းဖြူနေတယ်ဆိုရင်တောင် မျက်နှာမှာ မီးခိုးရောင်အမှုန်အမွှားတွေ ရှိနေခဲ့ရင် အဲ့ဒီလူက တစ္ဆေတစ်ကောင်ဖြစ်နိုင်သလို ဒါမှမဟုတ် သူ့အသက်က တိုတောင်းမယ်ဆိုတဲ့ သဘော “
"ပြီးတော့ အရိပ်ကနေ ဖော်ထုတ်ခြင်းလည်း ရှိသေးတယ်။ ဒါကိုတော့ အသေးစိတ်ပြောဖို့ မလိုဘူး ထင်တယ်။ အရိပ်ရှိရင် ငါက လူသားပဲ၊ အရိပ်မရှိရင် ငါက သရဲပဲ၊ ဒါဖြင့်ရင် ငါက လူလား၊ တစ္ဆေလား မင်းဘယ်လိုထင်လည်း။
ကျန်းရီက မတ်တပ်ထရပ်လိုက်ပြီး သူ့အရိပ်က နံရံပေါ်မှာ ပေါ်ခဲ့တယ်၊ နောက်ပြီး မိန်းကလေးရဲ့ နဂိုက ထိတ်လန့်နေတဲ့ မျက်နှာက ဖြည်းဖြည်းချင်း ပြေလျော့လာခဲ့တယ်။
ထိုင်လိုက်ပြီးတော့ ကျန်းရီ က သူမကို ပြုံးပြလိုက်ပြီး "မကြောက်ပါနဲ့ အဲ့ဒီမှာရပ်ပြီးတော့ အသက်ပြင်းပြင်းရှူလိုက် ပြီးရင် ကိုယ့်ကိုကိုယ် ဘေးကင်းပြီလို့ တွေးလိုက် ဘာလို့ဆို ငါကာကွယ်ပေးမှာမို့လို့ပဲ”
ကျန်းရီ ၏စကားများသည် လေပြည်အေးအေးလေး တိုက်ခတ်သွားသလိုပဲ မိန်းကလေး၏ နှလုံးသားထဲက ကြောက်ရွံ့မှုတွေကို တိတ်တဆိတ်ပဲ မောင်းထုတ်ပစ်လိုက်သည်။
ကျန်းရီ ပြောသည့်အတိုင်း ကောင်မလေးက အသက်ပြင်းပြင်းရှူလိုက်သည်။ ဒါပေမယ့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ကြည့်ရှုသူအချို့က -
“စတွင်မာ ကျေးဇူးပြုပြီး ပရော်ဖက်ရှင်နယ်ကျကျပဲ အလုပ်လုပ်ပေးပါ။ မင်းက သဘာဝလွန် အဖြစ်အပျက်တွေကို ဖြေရှင်းတဲ့ စတွင်မာပါ၊ ပရောပရည်လုပ်တဲ့ စတွင်မာ မဟုတ်ပါဘူး။ ကျေးဇူးတင်ပါတယ်!”
ကျန်းရီ သည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ပရိသတ်များ၏ မှတ်ချက်များကို တုံ့ပြန်ခြင်းမရှိပေ။ မိန်းကလေး၏ ကြောက်စိတ်သည် တဖြည်းဖြည်း ငြိမ်သက်သွားသည်ကို မြင်လိုက်ရသောအခါ သူသည် စိတ်သက်သာရာ ရသွားသည်။
ဒါပေမယ့် ကောင်မလေး စိတ်တွေ ငြိမ်သွားသည်နှင့် သူမ ပါးစပ်က တဖန် ပြန်၍ တောင့်တင်းလာသည်။ ဒီအခိုက်အတန့်မှာ သူမလုံခြုံသွားပြီ သိလိုက်ရတယ်...
ကံမကောင်းစွာပဲ သူမငိုခါနီးမှာ ကျန်းရီ က အေးစက်နေတဲ့မျက်နှာနဲ့ “မင်းကို နှစ်သိမ့်နေပေးတာကြာပြီ၊ ငိုချင်နေရင်တောင် မင်းထိန်းထားရမယ်။ အခုဘယ်မှာလဲ၊ မင်းနာမည်ဘယ်လိုခေါ်လဲ။ မင်းက ဒီလိုဂိမ်းမျိုး ထပ်မကစားတော့ဘူးလို့ မင်းအရင်ပြောခဲ့တယ်မလား။ အဲ့တာ ဘာကိုပြောတာလဲ”
“ငါ... ငါ့နာမည် ဖန်းလင် ပါ၊ အခု ငါ ကျင်းတုံ တက္ကသိုလ်မှာ ပထမနှစ် တက်နေတာပါ။”
“သြော် မင်းက ကောလိပ်ကျောင်းသူ တစ်ယောက်ပဲကို။မင်္ဂလာပါ ဖန်းလင်ရေ၊ ငါက ကျန်းရီပါ ၊ သဘာဝလွန် ဖြစ်ရပ်တွေကို ဖြေရှင်းပေးနေတဲ့ စတွင်မာတစ်ယောက်ပါ။ မင်းငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်း နံပါတ်ကို မှားပြီးတော့ ခေါ်ဆိုခဲ့ပေမယ့် မင်းကြုံတွေ့နေရတဲ့ ပြဿနာကို မင်း ဖြေရှင်းချင်မယ်လို့ ငါထင်ပါတယ်။ ဟုတ်တယ်မလား?”
“ငါက လွန်ခဲ့တဲ့လလောက်က အရူးအမူးကို နှိပ်စက်ခံနေခဲ့ရတာ၊ နောက်ဆုံးတော့ ငါ အသက်ရှူချောင်သွားပြီလို့ ထင်ခဲ့ပေမဲ့ အခုလေးတင်ပဲ... သူက ငါ့ရှေ့မှာ ပြန်ပြီး ပေါ်လာခဲ့တယ်။”
“ကောင်းပြီ၊ မင်းဖြေရှင်းချင်ရင် မင်းခုနကပြောခဲ့တဲ့ဂိမ်းကနေပြီး စလိုက်ရအောင်။”
ကျန်းရီ ၏အမူအရာသည် ပို၍လေးနက်လာခဲ့သည်။ ကောင်မလေးက ကုန်စုံဆိုင် တံခါးဝနား ရောက်နေခဲ့သည်။ ကျန်းရီ က သူမကို ကုန်စုံစတိုးဆိုင်ထဲကို ဝိုင်ခိုင်းလိုက်ပြီး သူမ ထိုင်လိုက်ပြီး စကားပြောတဲ့အထိ စောင့်ခဲ့လိုက်သည်။
“လွန်ခဲ့တဲ့ တစ်လလောက်က စတင်ခဲ့တာပါ။
အဲ့အချိန်မှာ၊ ကျင်းတုံမြို့ရှိ ကျောင်းသားတွေကြားမှာ အလွန်ရေပန်းစားနေတဲ့ ဂိမ်းတစ်ခုရှိတယ်။
ဒီဂိမ်းက စိတ်ဝိညာဥ်ကို အကူညီပေးနိုင်တယ်လို့ ပြောကြပြီး တချို့လူတွေဆိုရင် ဒီဂိမ်းကြောင့် သူတို့တွေရဲ့ ဆန္ဒတွေကို အကောင်အထည် ဖော်ခဲ့ကြတယ်လို့ ဆိုခဲ့ကြတယ်။
လွန်ခဲ့သောတစ်လက ညနေခင်းမှာ ကျွန်မတို့အဆောင်က အခန်းဖော်တစ်ဦးက သူမရဲ့ စပ်စုချင်စိတ်ကို မထိန်းနိုင်ဘဲ ကျွန်မတို့ကို ဒီစိတ်ဝိညာဥ်ဂိမ်းကို ကစားကြမလား မေးခဲ့သည်။
“အဲဒီတုန်းက ကျွန်မတို့ထဲက တချို့က စူးစမ်းချင်စိတ်နဲ့ ဆော့ကစားချင်ခဲ့ကြတယ်။ မိန်းကလေးတွေက ဒီလိုမျိုးတွေပါပဲ။ တစ်ချို့အရာတွေကို သေလောက်အောင် ကြောက်ပေမယ့် အဆုံးမှာတော့ စမ်းကြည့်ချင်နေတုန်းပဲ။ ဒီစိတ်ဝိညာဥ်ဂိမ်းက အရမ်းရိုးရှင်းပြီး မရှုပ်ထွေးပါဘူး။ ဖယောင်းတိုင်မီးထွန်းပြီးတော့ မျက်လုံးတွေကို ဖုံးထားဖို့ပဲလိုတယ်။
ဒါကိုကြားတော့ ကျန်းရီက ကောင်းကောင်းနားမလည်ဘဲ “မင်း ငါတို့အတွက် သရုပ်ပြပေးနိုင်မလား” လို့ မေးလိုက်တယ်။
မိန်းကလေး၏မျက်နှာမှာ သိသိသာသာပဲ ထိတ်လန့်သွားခဲ့သည်။ ကျန်းရီ က သူမအား “စိတ်မပူပါနဲ့၊ အခု ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ လူပေါင်း ၂၀၀,၀၀၀ ကျော်ရှိနေတယ်ဆိုတာ မင်းလည်းအမြင်ပဲ၊ ပြီးတော့ အခု သူက မင်းနဲ့ဝေးရာမှာ ရှိနေပြီး မင်းအနားကို မလာနိုင်တော့ဘူး”
“ဒါက တကယ်ကို ရိုးရှင်းပါတယ်။ မင်းမျက်လုံးတွေကို ဖုံးကွယ်ဖို့အတွက် အပြာရောင် အဝတ်စတစ်ခုကို ရှာပြီး စားပွဲပေါ်မှာ ဖယောင်းတိုင်တစ်တိုင်ကို မီးထွန်းထားလိုက်၊ အားလုံးက စားပွဲမှာ လက်ချင်းချိတ်ထိုင်ပြီးတော့ ဂရုတစိုက်နဲ့ ခံစားကြည့်ရမှာ…ငါ့လိုမျိုးပဲ..”
ကောင်မလေးက မျက်လုံးကိုမှိတ်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းပြီးတော့ စားပွဲပေါ်တင်လိုက်တယ်။