← Chapters

ဆုတောင်း

Vol. 7 Ch. 87

ဆုတောင်း

Vol. 7 Ch. 87

ဖန်းလင် သည် သူမရဲ့ မျက်လုံးကိုမှိတ်ထားကာ ကုန်စုံဆိုင်ရဲ့ ထိုင်ခုံတွင်ထိုင်ကာ လက်ကိုဆုပ်ထားလိုက်သည်။

ရုတ်တရက် ဗီဒီယို၏ အခြားတစ်ဖက်မှ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဘုန်း..!”

ဖန်းလင် က ထိတ်လန့်စွာ အော်ဟစ်လိုက်ပြီး၊ ကျင်းတုံ မြို့မှာ မိုးကြိုးနဲ့ လျှပ်စီးကြောင်းတွေ ဖြစ်နေခဲ့တာက ကျန်းရီ တစ်ခုခု လုပ်ခဲ့လို​က်တယ်လို့ပဲ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေက တွေးထင်နေခဲ့ကြသည်။

ဒါပေမယ့် ဒါက တိုက်ဆိုင်မှုတစ်ခုပါပဲ၊ မကြာခင်မှာပဲ ကျင်းတုံ မြို့မှာ မိုးသည်းထန်စွာ ရွာနေခဲ့တယ်။

ဖန်းလင်ရဲ့ အော်သံကို ကြားပြီးနောက်တွင် ကုန်စုံဆိုင်က ကောင်မလေးက ရောက်ရှိလာပြီး “ဟဲလို၊ အဆင်ပြေရဲ့လား” ဟုမေးလိုက်သည်။

“အင်း အဆင်ပြေပါတယ် မိုးခြိမ်းသံကြောင့် နည်းနည်း လန့်သွားတာ”

ကောင်မလေးက ရယ်မောပြီး သူ့ကောင်တာကို ပြန်သွားလိုက်တယ်။ ဖန်းလင်က သူ့ဖုန်းကို တင်းတင်းကျပ်ကျပ်ကိုင်ထားပြီး တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အခန်းထဲက ကျန်းရီ ကို ကြည့်လိုက်တယ်။

“အဲ့ဒီဂိမ်းက ဘယ်လောက်တောင် ကြာလဲ။”

“အကြာကြီးပဲ၊ မျက်လုံးမှိတ်လိုက်တာနဲ့ အဲ့ဒီ တိတ်ဆိတ်ခြင်းထဲမှာ လုံးလုံးလျားလျား နစ်မြုပ်သွားခဲ့သလို ခံစားလိုက်ရတယ်။ မျက်လုံးဖွင့်လိုက်တဲ့ချိန်မှာ ဖယောင်းတိုင်မီးက လောင်ကျွမ်းသွားခဲ့တယ်၊

“အဲ့ဒီဖယောင်းတိုင်က ဘယ်လောက်ကြာကြာ အထွန်းခံလဲ”

“တစ်နာရီလောက် အထွန်းခံတယ်။”

ကျန်းရီ က ခေါင်းညိတ်လိုက်ပြီး “မင်း ဒီ စိတ်ဝိဥာဉ်ဂိမ်းကို စလိုက်တာနဲ့ မင်း ဝိညာဉ်နဲ့ ထိတွေ့ခဲ့ရလိုက်လား?”

ဖန်းလင် သည် ထိုအချိန်က မြင်ကွင်းကို စတင်တွေးခဲ့လိုက်ပြီး သူမ၏မျက်နှာမှာ အနည်းငယ်ဖြူဖျော့လာခဲ့သည်။

“အဲဒီဂိမ်းကို စကစားတုန်းက အဝတ်အစားရှာရင်းနဲ့ အချိန်နည်းနည်းကြာသွားတာကို မှတ်မိသေးတယ်။

စိတ်ဝိညာဉ်ဂိမ်းက စတင်ပြီး ရေပန်းစားလာတုန်းက အပြာရောင်အ၀တ်ဖြင့် မျက်လုံးကို ဖုံးအုပ်ထားရန် လိုအပ်ကြောင်းကို သက်သေပြခဲ့ပြီးလည်း ဖြစ်တယ်။

ဘာကြောင့်လဲ ဆိုတာတော့ နားမလည်ခဲ့ဘူး။ ဒါပေမယ့် လူတော်တော်များများက အဲဒါကို စမ်းသုံးကြည့်ပြီးတော့ အဲ့ဒီ အရောင်က မှန်တယ်လို့ ပြောကြတယ်။”

“ငါ့မျက်လုံးတွေကို မှိတ်ထားလိုက်တယ် ဘာမှ ထူးထူးခြားခြားတော့ မခံစားခဲ့ရပေမယ့် ဖယောင်းတိုင်မီးရဲ့ ကခုန်နေတဲ့ မီးရောင်လေးကို ယောင်ဝါးဝါး မြင်နေရပုံရတယ်။ ပြီးတော့ အဲ့ မီးကို အကြာကြီး စိုက်မကြည့်လိုက်ရပါဘူး။

တဖြည်းဖြည်းနဲ့ ကျွန်မတို့က အနည်းငယ် နစ်မြောလာခဲ့တယ်“

“ကျွန်မတို့အဆောင်မှာ လူခြောက်ယောက်ရှိတယ်၊ ဒါပေမယ့် အဲဒီအခြေအနေကို ဘယ်သူအရင်ဝင်ခဲ့မှန်းတော့မသိဘူး။

ဘာပဲပြောပြော အဲ့ဒီအခြေအနေကို ကျွန်မ မြန်မြန်ရောက်သွားခဲ့တယ်။ သိပ်မကြာခင်မှာပဲ အိပ်ပျော်သွားသလို ခံစားလိုက်ရတယ်။

ဒါပေမယ့် အစကနေ အဆုံးထိ ကျွန်မ တကယ် အိပ်ပျော်မနေခဲ့ဘူး။ အဲ့တာက ဘယ်လိုလဲဆိုတော့ မင်း တစ်ရေးတစ်မော နိုးလာပြီးတော့ အရာအားလုံးက ငူငိုင်နေသလိုကြီး ခံစားရတာတော့ အမှန်ဘဲ”

“ဒါပေမယ့် မှတ်မိတာတစ်ခုကတော့ အဲ့လိုအခြေအနေထဲ စနစ်မျောခဲ့တုန်းမှာ အိပ်ဆောင်ထဲမှာ ဆူဆူညံညံ အသံတွေ ထွက်လာခဲ့တယ်။ အဲ့လို အသံမျိုး…အသံ

“အသံက ဘာဖြစ်နေလို့လဲ”

ဖန်းလင် သည် သူမ၏ စကားကို အထပ်ထပ်အခါခါ ပြောနေသည်ကို မြင်သောအခါ ကျန်းရီ က ထပ်မေးလိုက်သည်။

“အသံ... အသံက မင်းက နားကြပ်တပ်ထားလိုက်တယ်။

ဒါပေမယ့် မင်းသီချင်းမဖွင့်ထားဘူး ပြီးတော့ ရုတ်တရက် တီးတိုးသံတစ်ခု ကြားလိုက်ရသလိုပဲ။

မင်း ကြုံဖူးသလားတော့ မသိဘူး။

နားကြပ်တပ်ထားခဲ့တယ်၊ ဒါပေမယ့် သီချင်းက မဖွင့်မထားခဲ့ဘူး။

ဘရောက်ဆာ ကြည့်နေတုန်း နားထဲမှာ ရုတ်တရက် တရှပ်ရှပ်နဲ့ အသံတွေ ထွက်လာခဲ့တယ် “

ဖန်းလင် ပြောလို့ပြီးနောက် ကျန်းရီက ထိုအသံကို နားလည်လိုက်သည်။

လူတွေ လုံးလုံးပြင်ဆင်မထားတဲ့ အချိန်မှာ ထွက်လာတဲ့ အသံဖြစ်သည်။

အဲဒါက ကြောက်စရာ​တော့မကောင်းဘူး၊ ဒါပေမယ့် လူတွေရဲ့ နှလုံးသားကိုတော့ တုန်လှုပ်သွားစေလိမ့်မယ်။

"အဲဒီအသံကြားပြီးနောက် အိပ်ဆောင်ထဲမှာ တစ်ယောက်ယောက် အသက်ရှူနေပုံရတယ်။ အသံကြားတော့ အဲ့တာက ဝူချင်း ဖြစ်မယ်လို့ တွေးလိုက်တယ်။ ဝူချင်း က ကျွန်မအခန်းဖော်ပါ။ အဲဒီအချိန်မှာ သူမအရမ်းကို စိတ်လှုပ်ရှားနေတာကြောင့် အသက်ရှူမဝတာဖြစ်မယ်ထင်တယ်"

"သူနဲ့ကျွန်မက မျက်နှာချင်းဆိုင်ပြီး ထိုင်နေတာကြောင့် ကြားလိုက်ရတာ။ အဲဒီတုန်းကတော့ သူမကို သတိပေးလိုက်ချင်ခဲ့တယ် ဒါပေါ့ အသက်အကျယ်ကြီး ရှူနေလို့တော့ မဟုတ်ဘူး အဲ့ဒါက သူမ ရှူထုတ်လိုက်တိုင်း ကျွန်မမျက်နှာက အေးစက်နေခဲ့တာကြောင့်ပါ။ ခဏလောက်ကြာတော့ အိပ်ဆောင်က တိတ်ဆိတ်သွားပြန်တယ်။

"ဒါပေမယ့် ကျွန်မ နစ်မျောနေတဲ့ အချိန်မှာ စိတ်ထဲမှာ တစ်ခုကိုပဲ သတိရနေခဲ့တယ်၊ အဲ့တာက ဒီဂိမ်းကစားပြီးရင် ဆန္ဒတွေက တကယ်ဖြစ်လာနိုင်မလားလို့ပဲ"

" အဲဒီတုန်းက မင်းရဲ့ဆန္ဒက ဘာလဲ။"

ကျန်းရီ ကမေးတော့ ဖန်းလင်က သူ့ကို မော့ကြည့်ပြီး ဝမ်းနည်းစွာနဲ့ "ဒီဂိမ်းက ဒဏ္ဍာရီ​တွေအတိုင်း ထိရောက်ပါစေလို့ မျှော်လင့်ပါတယ်၊ ငါ့အဖိုးကို နောက်ထပ်နှစ်အနည်းငယ်ကြာအောင် အသက်ဆက်ရှင်နိုင်ပါစေလို့ မျှော်လင့်ခဲ့တယ်။

အဘိုးက အသည်းကင်ဆာ၏ နှောင်းပိုင်းအဆင့်တွင် ရှိနေခဲ့ပြီး ခန္ဓာကိုယ်က အရိုးပဲရှိတော့ပြီး တနေ့တခြား ပိုဆိုးလာခဲ့တယ်။

သူက နေ့တိုင်း ဝေဒနာတွေကို ခံစားနေရတာ။

ဒါကြောင့် ငါ့အသံကို နတ်ဖြစ်ဖြစ် သရဲဖြစ်ဖြစ် ကြားရပြီးတော့ အဘိုးကို ထပ်မနာကျင်​တော့အောင် ပြုလုပ်ပေးဖို့ပဲ မျှော်လင့်ခဲ့တယ်။"

ခေါင်းအသာ ညှိတ်ပြလိုက်ပြီး ကျန်းရီက ဆန္ဒတွေ ပြည့်ခဲ့ခြင်း ရှိ၊ မရှိ မမေးဘဲ ဖန်းလင် ကို ဆက်ပြောရန် အချက်ပြလိုက်သည်။ "စိတ်ထဲကနေပြီး အကြောင်းအရာတွေကို တွေးနေတာခဲ့ကြောင့်၊ သတိမရတရ ဖြစ်နေတဲ့အနေအထားမှာ ရှိနေနိုင်ခဲ့တယ်။

ငါ့ခေါင်းက အရမ်းကို လေးလံနေပေမယ့် လေးလေးနက်နက်နဲ့ ဆုတောင်းနေခဲ့တယ်။

ဟုတ်ပါတယ်၊ ဝူချင်း နဲ့ တခြားသူတွေကလည်း အတူတူပါပဲ၊ သူတို့အားလုံးမှာ သူတို့ရဲ့ ဆန္ဒတွေကိုယ်စီ ရှိကြပါတယ်။

အဲဒီတုန်းက သူတို့မှာလည်း ကျွန်မလို အတွေးမျိုး ရှိခဲ့လားတော့ မသိဘူး၊ ဒါပေမယ့် အချိန်ကြာလာတာနဲ့ အမျှ စားပွဲက လှုပ်သွားသလို ခံစားရလိုက်တယ် “

ပြီးတော့ ကျွန်မကိုင်ထားတဲ့ ကျိုးမင်ရဲ့ လက်ဖဝါးက ချွေးတွေစီးကျလာခဲ့တယ်။

အေးလွန်းတဲ့ ချွေးတွေ၊ ရေခဲတုံးကနေ အရည်ပျော်ကျနေတဲ့ ရေစက်တွေလိုပါပဲ။

အဲ့အချိန်မှာ ကျွန်မ ထိတ်လန့်သွားပြီး ကျွန်မဘေးရှိ ကျိုးမင်ကို လှည့် ကြည့်ချင်ခဲ့တယ်။

ဒါပေမယ့် ကျွန်မ ခေါင်းက လှုပ်လို့မရတော့တာကို တွေ့လိုက်ရတယ်။

အဲ့နောက်မှာ လက်တစ်ဖက်က ကျွန်မပခုံးပေါ် တင်လိုက်ခဲ့တယ်။

အဲ့လက်က ကျွန်မပခုံးကနေ ကျွန်မနောက်ကို ရောက်သွားပြီးတော့ ကျွန်မခေါင်းပေါ်ကို ဖြည်းညှင်းစွာပဲ တက်လာခဲ့တယ် “

“လက်က ကျွန်မခေါင်းကို နှစ်ကြိမ်ပုတ်လိုက်ပြီး စိတ်ထဲမှာ ပုံရိပ်တစ်ခု ပေါ်လာခဲ့တယ်။ အဝတ်ဖြူဝတ်ထားတဲ့ လူတစ်ယောက်က ကျွန်မစိတ်ထဲမှာ ဖြည်းဖြည်းချင်း တွားသွားလာခဲ့တယ်။ သူ့မျက်နှာကို ကျွန်တော် ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့် သူက ပိုးတစ်ကောင်လို ဖြည်းဖြည်းချင်း တွားသွားလာခဲ့တယ်။”

“ကျွန်မဘေးက ကျိုးမင် နဲ့ ချန်ရွှယ် ရဲ့လက်တွေက ပိုအေးသထက် အေးလာပြီး ချွေးတွေကလည်း ပိုပိုပြီးထွက်လာခဲ့တယ်။

အဲဒီအချိန်မှာ ထွက်ပြေး​လွတ်မြောက် ချင်ပေမယ့် ရုန်းထွက်ဖို့ ခွန်အားမရှိတော့ဘူး။

တစ်ကိုယ်လုံးက မူးနေခဲ့သလိုပဲ။

အရမ်းကြောက်ခဲ့တယ်။

အဲဒီလူက ငါတို့မနိုးတဲ့ အချိန်အထိ ငါ့စိတ်ထဲမှာ သွားတွားနေခဲ့တယ် ပြီးတော့ ပျောက်ကွယ်သွားခဲ့တယ်!”

ဖန်းလင်က အကုန်ပြောပြခဲ့လိုက်သည်။ ကျန်းရီ ရဲ့အမူအရာက သိပ်ပြီးမပြောင်းလဲပေမယ့် ဖန်းလင် ကြုံတွေ့ ခံစားရသမျှကို သူမြင်ယောင်ကြည့်နိုင်ပါတယ်။

“ငါတို့နိုးလာတဲ့အခါမှာ ဘယ်သူမှ စကားမပြောခဲ့ကြဘူး။

ငါတို့အားလုံး တစ်ယောက်ကိုတစ်ယောက်ပဲ ကြည့်နေခဲ့ကြတယ်။

အားလုံးက ကြောက်ရွံ့နေကြတယ်။ ဒါပေမယ့် သူတို့ ဘာတွေမြင်ခဲ့လည်းလို့ ငါမေးတော့ အားလုံးက ခေါင်းခါပြခဲ့တယ်။

မပြောရဲ့လို့လား၊ ဒါမှမဟုတ် ကျွန်မနဲ့တူတဲ့ အခြေအနေမျိုး မကြုံခဲ့ရလို့လား မသိပါဘူး။

ဒါပေမယ့် သေချာတာကတော့ သူတို့အားလုံး ထူးဆန်းတဲ့အရာတစ်ခုကို ခံစားခဲ့ရပြီးမှ ဂိမ်းက ပြီးသွားတယ်ဆိုတာ သေချာပါတယ်။”

“ဂိမ်းပြီးသွားတော့ အိပ်ဆောင်က တိတ်ဆိတ်သွားတယ်။

မဟုတ်​သေးဘူး အတိအကျပြောရရင်၊ ဂိမ်းပြီးဆုံးချိန်မှာပဲ အိပ်ဆောင်က လုံးဝ တိတ်ဆိတ်သွားခဲ့တာ။

ဘယ်သူကမှ စကားမပြောခဲ့ဘဲ TikTok ကို အမြဲကြည့်လေ့ရှိတဲ့ ကျိုးမင် နဲ့ ဝူချင်း တို့တောင်မှ အဲဒီညက စောစောအိပ်ရာဝင်ခဲ့တယ်။

ဒီညက အရမ်းတိတ်ဆိတ်နေခဲ့တယ် ငါတို့အတူတူနေလာတာ ဒါက ပထမဆုံးအကြိမ်ပဲ"

“ကျွန်မ အိပ်ရာထဲမှာ အကြာကြီး လှဲနေခဲ့ပြီး နောက်ဆုံးတော့ လူတော်တော်များများကို တွေးပြီး အိပ်ပျော်သွားတယ်။

အဘိုး၊ ဖေဖေ၊ မေမေ၊ ဘာပဲဖြစ်ဖြစ် ကျွန်မနဲ့ အနီးဆုံးလူတွေအားလုံးက ကျွန်မစိတ်ထဲ စွဲ​​နေခဲ့တယ်။

ကိုယ့်ကိုကိုယ် အတင်း အိပ်ခိုင်းခဲ့တယ်၊ မိုးလင်းသွားရင် ဘာကိုမှ မကြောက်တော့ဘူး ထင်ပြီးတော့၊ တစ္ဆေနဲ့ နတ်တွေက ငါ့အသံကို ကြားပြီး ငါ့အဘိုးကို ပိုကောင်းအောင် လုပ်ပေးမယ်လို့ အထင်နဲ့ပေါ့ “

"အဲ့ဒီတွေးက ကလေးဆန်တယ်လို့ ထင်ရပေမယ့် အချိန်မရွေးသေသွားနိုင်တဲ့ ငါ့အဘိုးကို တွေးမိလိုက်တော့ ဒီကိစ္စကို ငါ့စိတ်ထဲမှာ နောက်ဆုံးမျှော်လင့်ချက်အဖြစ်နဲ့ မှတ်ယူခဲ့တယ်။

အဲဒီနေ့ ညသန်းခေါင်မှာ အိပ်ရာက နိုးလာတဲ့အထိပဲ ... “

ကျန်းရီက “နိုးလာခဲ့တော့ မင်းဘာကို တွေ့ခဲ့ရလဲ။"

ဖန်းလင်က တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး “ကျွန်မ နိုးလာတော့ ကျွန်မအိပ်ယာပေါ်မှာ လဲလျောင်းနေတဲ့ လူတစ်ယောက် ရှိနေတာကို တွေ့လိုက်ရတယ်။

သူနဲ့ကျွန်မက နောက်ပြန်ရှိနေခဲ့တယ်။

သူက ကျွန်မရဲ့ စိတ်ထဲမှာ ပေါ်လာခဲ့တဲ့ လူအတိုင်းပဲ အဖြူရောင်အဝတ်အစားကို ၀တ်ဆင်ထားတယ်။

သူက ကျွန်မဘေးမှာ အိပ်​နေပြီးတော့ ကျွန်မကို ကျောပေးထားခဲတယ်။ ကျွန်မ လှည့်ကြည့်လိုက်တော့ သူ့ဆံပင်တွေက သူ့မျက်နှာကို ဖုံးလွှမ်းထားတယ်!” “သူက မလှုပ်မယှက်ဖြစ်နေပြီး သူ့ရင်ဘတ်ရှေ့မှာ လက်နှစ်ဖက်ကို ကွေးယှက်ထားတယ်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသလိုပဲ။

ကျွန်မ ထအော်ဖို့လုပ်ခဲ့တယ်။ ဒါပေမယ့် ပါးစပ်ကိုဖွင့်လို​က်ပေမယ့် အသံက မထွက်လာခဲ့ဘူး…!”

“မင်းရဲ့ အခန်းဖော်​တွေကကော၊ သူတို့ ကုတင်ပေါ်မှာ ဘာရှိလဲ”

All Chapters