ငါ့ရဲ့ကောင်ကင်က ပြိုကျသွားခဲ့ပြီ
Vol. 7 Ch. 89
ဖန်းလင်က ပြောပြီး ငိုပါတော့တယ်။
ဒါပေမယ့် အကျယ်ကြီးလဲ မငိုရဲခဲ့ဘူး။ ဒါပေမယ့် ကြောက်ရွံ့မှုကြောင့် ငိုတာကိုတော့ ထိန်းမရခဲ့ပါဘူး။
စိတ်ဓာတ် ပိုကျလေလေ ခန္ဓာကိုယ်က ခပ်မြန်မြန် တုန်လာလေပဲ။ ခန္ဓာကိုယ် အားနည်းတဲ့ သူတွေကသာ အဲဒီအကြိမ်ရေတွက်နဲ့ သူတို့ရဲ့ ခန္ဓာကိုယ်တွေ တုန်လှုပ်နေမယ်ဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။
ကျန်းရီက ဖန်းလင်ရဲ့ အခြေအနေကို ကြည့်ပြီး အလွန်နွေးထွေးပုံရမယ့် သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်သည်။
ဒီသီချင်းက ထူးထူးခြားခြား ဘာမှမဟုတ်ပါဘူး၊ မိသားစုတစ်ခုရဲ့ သာယာလှပတဲ့ ပျော်ရွှင်မှုကို ပုံဖော်ထားတဲ့ သီချင်းတစ်ပုဒ်ပါ။
သီချင်းသံကြားတော့ ကြောက်ရွံ့မှုမှာ နှစ်မြှုပ်နေတဲ့ ဖန်းလင် က အကြောက်ပြေလာခဲ့တယ်။
သူမ ခေါင်းကို မော့လိုက်သည်၊ သူမ၏ မျက်နှာသည် မျက်ရည်များဖြင့် ဖုံးလွှမ်းနေလေသည်။
“အဆင်ပြေရဲ့လား?” ကျန်းရီ က တိုးတိုးလေးမေးလိုက်တယ်။
ဖန်းလင်သည် သီချင်းကိုနားထောင်ရင်း ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆို ပထမဆုံးတွေ့တဲ့ လူက မင်းရုပ်ရှင်ရုံ ခုံနောက်တန်းမှာ ထိုင်နေတဲ့လူပဲလား”
ကျန်းရီက ထပ်မေးလိုက်သည်။ ဖန်းလင် က ခေါင်းခါလိုက်ပြီး “မဟုတ်ဘူး၊ သူ မဟုတ်ဘူး။
အစကတော့ သူတို့နှစ်ယောက်က အတူတူပဲဆိုပြီး ထင်ခဲ့တာ နောက်ဆုံးတော့ သူ့ရဲ့ပုံစံအစစ်အမှန်ကို မြင်ခဲ့တယ်လေ၊ အဲ့တော့မှ သူတို့က တူညီတဲ့လူတွေ မဟုတ်ဘူးလို့ ငါ သေချာခဲ့တာ။
ရုပ်ရှင်ရုံမှာ တွေ့တဲ့ တစ်ယောက်ရဲ့ မျက်နှာက လက္ခဏာတွေအကုန်ရှိတယ်၊ ဒါပေမယ့် စိတ်ဝိညာဥ်ဂိမ်းထဲက တစ်ယောက်ကတော့
သူ့မျက်နှာမှာ မျက်လုံး၊ နှာခေါင်း၊ ပါးစပ် ဘာမှ ရှိမနေဘူး
အနက်ရောင်ဆံပင်ရှည်တွေနဲ့ ဖုံးထားတဲ့ အရေပြားတစ်ခုလိုပဲ”
ကျန်းရီ သည် ဖန်းလင်၏စကားကို နားထောင်ပြီးနောက် မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။
လူအများစုက သေပြီးနောက်တွင် သူတို့ မသေခင် အချိန်က ပုံစံတွေကို အမွေဆက်ခံကြမည်ဖြစ်သည်။ သေပြီးနောက် ၎င်း၏ မျက်နှာသွင်ပြင်ကိုပင် မပြနိုင်သော သရဲတစ္ဆေကတော့ ကွဲပြားတဲ့ အမျိုးအစားတစ်ခု ဖြစ်သည်။
ဒါပေမယ့် အကြောင်းပြချက်ကို သေချာ နားမလည်သေးပဲနဲ့ ကျန်းရီက သူ့ကိုယ်ပိုင် ခန့်မှန်းချက်ကို မပေးခဲ့ပါဘူး။
"ဆိုလိုတာက ရုပ်ရှင်ရုံထဲက တစ်ယောက်က မင်းနောက် ထပ်တွေ့လိုက်ရတဲ့ သရဲတစ္ဆေတစ်ကောင်ပေါ့ အဲ့လိုလား"
"မှန်ပါတယ်။"
"အဲလိုဆိုရင် အဲ့ဒီရုပ်ရှင်ရုံထဲမှာ မင်းကို သူက စကားမပြောဖို့ပဲ ပြောခဲ့တာလား၊ ဒါမှမဟုတ် ပေါက်ကရတွေ လျှောက်မပြောဖို့ ပြောခဲ့တာလား။"
ကျန်းရီက ထူးဆန်းတဲ့ မေးခွန်းတစ်ခုကို မေးခဲ့လိုက်ပြီး သူသာ မမေးခဲ့ရင်၊ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲက လူပေါင်း ၂၀၀,၀၀၀ ကျော်က ဒီစကားနဲ့ ပတ်သက်ပြီး အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့မယ်လို့ ထင်ခဲ့မိမှာတောင် မဟုတ်ပါဘူး။
ဒါပေမယ့် အခုကြားလိုက်ရတဲ့ အခါမှာတော့ ဒီပြဿနာဟာ အလွန်လေးနက်နေတာကို တွေ့လိုက်ရတယ်။
“ စကားမပြောနဲ့”၊ ဆိုလိုတာက အဲဒီရုပ်ရှင်ရုံထဲမှာ စကားမပြောသင့်ဘူး။ အကယ်၍ စကားပြောလိုက်ရင် တစ်ခုခု ဖြစ်သွားနိုင်တယ်။
ဒီစကားရဲ့ အဓိပ္ပါယ်ကို သေချာစဉ်းစားလိုက်ရင် တစ်ဖက်လူက သင့်ကို ဂရုစိုက်တယ်လို့ ထင်ကောင်း ထင်နိုင်ပါလိမ့်မယ်။
“ပေါက်ကရတွေ လျှောက်မပြောနဲ့ “ အဲ့တာကို သင့်ကို ဂရုစိုက်လို့ ပြောတာလို့လည်း ထင်နိုင်တယ်။ အထူးသဖြင့် အဲ့ဒီအချိန်က အခြေအနေကိုပါ သုံးသပ်ကြည့်ပါက ခြိမ်းခြောက်မှုတစ်ခုလို့လည်း ပြောလို့ရတယ်။
စကားလုံးနှစ်ခုကြားတွင် ခြားနားချက် နည်းနည်းသာရှိသော်လည်း ၎င်းတို့၏အဓိပ္ပါယ်မှာ လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။
ဖန်းလင် က ကျန်းရီကို စိုက်ကြည့်ပြီး "သူက ငါ့ကို စကားမပြောဖို့ပဲ ပြောတယ်"
"သေချာလား?"
“အဲ့လိုတော့ ထင်တာပဲ သိပ်တော့ မသေချာဘူး”
"အဲဒီနေ့ ရုပ်ရှင်ရုံကိစ္စပြီးတော့ အချိန် ဘယ်လောက်ကြာခဲ့ပြီလဲ"
"ရက်နှစ်ဆယ်လောက်ပေါ့။"
"လွန်ခဲ့တဲ့ ရက်နှစ်ဆယ်အတွင်းမှာ သူ တစ်ခါမှ ပြန်ပေါ်မလာဘူးပေါ့"
ဖန်းလင်က ခေါင်းညိတ်ပြလိုက်ပြီး ကျန်းရီက “ဒါဆို အဲဒီတုန်းက သူပြောခဲ့တဲ့စကားက မင်းကို စကားမပြောဖို့ပဲလို့ ထင်တယ်။
သူက မင်းကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေပုံရတယ်၊ သူကလည်း ကြောက်နေလို့ ဖြစ်နိုင်တယ်။
ပြင်းပြင်းထန်ထန် စိုက်ကြည့်တယ် ဆိုတာလဲ အခြားသူတွေကို အနိုင်ကျင့်ချင်တဲ့အခါမှသာ ပေါ်လာတာ မဟုတ်ဘူး၊ မင်းကြောက်ရွံ့နေတဲ့ အခါ မင်းက ပြန်ချချင်တဲ့ အခါမှာလည်း ပေါ်လာလေ့ရှိတယ်”
"သူလည်းကြောက်နေပုံရတယ်၊ ဒါပေမယ့် သူက ဘာလို့ အဲဒီမှာရှိနေတာလဲ၊ အဲဒီတုန်းက ကလေးရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ခဲ့လား။"
ဖန်းလင် က ဒါကို ရှင်းရှင်းလင်းလင်း မှတ်မိပြီး ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်ပြီး “ကျမ ရှင်းရှင်းလင်းလင်း မပြောနိုင်ဘူး၊ သူပေါ်လာတဲ့ အချိန်ကနေ နောက်ပိုင်းအထိကို ကလေးရဲ့ မျက်နှာကို မမှတ်မိခဲ့ဘူး။
"ဒါဆို အဲဒီလူရဲ့ အလောင်းကို တွေ့လိုက်တော့ အဲ့တာက ပုပ်သိုးနေပြီလား "
“ဟင့်အင်း၊ အဲဒီတုန်းက အရမ်းထိတ်လန့်သွားခဲ့တော့ အဲ့ဒီက ရုပ်ရှင်ရုံဝန်ထမ်းတွေက ကျွန်မကို သတိပြုမိခဲ့တယ်။
သူတို့ရောက်လာတဲ့အခါမှာ ထိုလူကို သူတို့ သိနေခဲ့ကြတယ်။
သူတို့လည်း အထိတ်တလန့် ဖြစ်သွားခဲ့ကြတယ်။
တစ်ချို့လူတွေကဆို ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ? ညနေကတောင် သူတို့ အတူတူရှိနေခဲ့ကြတာကို သူတို့ ကျွန်ကို သူဘာကြောင့် သတ်သေသွားတာလဲလို့ မေးတယ်။
နောက်တော့ သူတို့က ကျွန်မကို အပြင်ကို ခေါ်ထုတ်ပေးခဲ့တယ်။
ရုပ်ရှင်တွေကတော့ ရုပ်ရှင်ရုံများစွာတွင် ပြသခဲ့နေပြီး အပြင်က ဖြစ်ပျက်နေမှုများကို မည်သူမှ မသိခဲ့ကြပါဘူး။ “
“ရုပ်ရှင်ရုံပိုင်ရှင်က ရဲကိုခေါ်လိုက်တယ်။
အဲဒီတုန်းက ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဖို့ ကျွန်မကို တောင်းပန်ခဲ့တယ်။
ဒါပေမယ့် ရုပ်ရှင်ရဲ့ အဆုံးမှာတော့ အဲဒီ့အချိန်မှာ ရုပ်အလောင်းကို သယ်သွားခဲ့လိုက်တယ်။
ရဲတွေဘာကြောင့် အဲဒီမှာ ရှိနေတာလဲဆိုတာကို လူတော်တော်များများက သိချင်နေကြပေမယ့် ရဲတွေက ဘာမှ မပြောခဲ့တဲ့အတွက်ကြောင့် ဘယ်သူသေဆုံးသွားတယ်ဆိုတာ ဘယ်သူမှ မသိခဲ့ပါဘူး။ “
“နောက်ပိုင်းမှာ ရဲတွေ စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာ အဲဒီအမျိုးသားဟာ ကိုယ့်ကိုကိုယ် သတ်သေသွားကြောင်း သေချာခဲ့တယ်။ စတော့ရှယ်ယာ အရောင်းအ၀ယ်မှာ အရှုံးပေါ်ပြီးနောက် သူ့ကိုယ်သူ မစဉ်းစားနိုင်ခဲ့ဘဲ သတ်သေခဲ့တာ ထင်တယ်။”
ဖန်းလင် က ပြောပြလိုက်တယ်။ အဲ့ချိန်မှာ ကျန်းရီက သူမကို ပြုံးပြလိုက်တယ်။ ဤအပြုံးက ကျောင်းသူလေး၏ ကြောက်စိတ်ကို အနည်းငယ် ပြေလျော့စေခဲ့သည်။ သို့သော်လည်း ကျန်းရီက ထိုအကြောင်းအရာတွေကို တစ်ဖန်ပြန်၍ အစပြုလိုက်သည် ။
“ဒါဆို မျက်နှာမဲ့လူကို ဘယ်တော့ ပြန်တွေ့ခဲ့ရလည်း”
“သူနဲ့ထပ်တွေ့ခဲ့တာက.....
ဖန်းလင် စကားပြောတော့မည့် အချိန်တွင် စတိုးဆိုင်တံခါးမှ အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
“ကြိုဆိုပါတယ်။”
စတိုးဆိုင်ရဲ့ ကောင်တာမလေးသည် ယခုလာသော ဖောက်သည်အား နွေးထွေးစွာ နှုတ်ဆက်လိုက်ပြီး ဖန်းလင်ကလည်း လှည့်ကြည့်မိလိုက်သည်။
သူမမြင်လိုက်တဲ့အရာကို ကျန်းရီ နဲ့ ပရိသတ်တွေကလည်း အဲဒါကို အတူတူ မြင်လိုက်ရသည်။
သူမက အသက်နှစ်ဆယ့်ငါး,ခြောက်နှစ်ခန့်ရှိနေသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။
သူမသည် စင်ပေါ်ရှိ ကုန်ပစ္စည်းများကို လိုက်လံကြည့်ရှုနေသော်လည်း ၎င်းတို့ကို ဝယ်ယူရန် ရည်ရွယ်ချက် ရှိပုံမပေါ်ပေ။
နောက်ဆုံးတွင် သူမ ကောင်တာသို့ပြန်လာပြီး ကုန်စုံဆိုင်မှ Oden(ဂျပန် အစားအစာတစ်မျိုး) ကို ဝယ်ခဲ့လိုက်သည်။
Odenကို ကိုင်ထားပြီး အမျိုးသမီးက ဖန်းလင် နောက်က ကုလားထိုင်တစ်ခုပေါ်မှာ ထိုင်လိုက်တယ်။
ဖန်းလင် သည် ခဏတာ ဘာမှပြန်မပြောနိုင်သောကြောင့် နေရာပြောင်းရန် ပြင်ဆင်လိုက်သည်။ ဒါပေမယ့် သူမထခါနီးမှာ ကျန်းရီ က သူမကို ခေါင်းခါပြလိုက်တယ်။
ဤအရာက ဖန်းလင်ကို လွန်စွာ အံ့အားသင့်စေခဲ့ပြီး သူမ မသိစိတ်ကနေ အဲ့အမျိုးသမီးကို လှမ်းကြည့်လိုက်မိသည်။
အဲ့အချိန် သူမရဲ့ ပခုံးတွေက တချိန်လုံး တုန်ခါနေပြီး သေချာနားထောင်လိုက်ရင် စားနေရင်းနဲ့ သူမ ငိုနေတဲ့ အသံကို ကြားရပေလိမ့်မည်။
“ဘာဖြစ်နေတာလဲလို့ သူ့ကိုမေးလိုက်။”
ထိုအချိန်တွင်၊ ကျန်းရီ သည် ဖန်းလင်ကို သတိပေးလိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းက ပရိသတ်က ပိုလို့တောင် ပဟေဋ္ဌိဖြစ်သွားခဲ့သည်။ ကျန်းရီက သဘာဝလွန် အဖြစ်အပျက်တွေနဲ့ ပတ်သတ်တဲ့ စတွင်မာတစ်ယောက်ဆိုတာကို သူတို့ ကောင်းကောင်းသိသော်လည်း ကျန်းရီ ကြုံတွေ့ရသည့် အဖြစ်အပျက်တိုင်းတွင် သူသည် ကောင်းတာလုပ်လျှင် ကောင်းကျိုးကို ခံစားရမယ် မကောင်းတာလုပ်ရင်လည်း အဲ့မကောင်းတာကိုပဲ ပြန်ခံစားရလိမ့်မယ် ဆိုတဲ့ အမှန်တရားကို အမြဲပြောလေ့ရှိတယ်။
ကျန်းရီက အလွန်တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ စတွင်မာတစ်ယောက် ဖြစ်ပေမယ့်လည်း သာမန်မိန်းတစ်ယောက် ငိုနေခြင်းကို ဂရုစိုက်နေဖို့တော့ မလိုအပ်ဘူးလေ ဟုတ်တယ်မလား?”
ပရိတ်သတ်တိုင်း၏ စူးစမ်းလိုစိတ်များ အောက်တွင် ဖန်းလင် သည် ထိုအမျိုးသမီး၏ ရှေ့တွင် ထိုင်လိုက်သည်။
သူမ အိတ်ကပ်ထဲမှ တစ်ရှူးအချို့ကို ထုတ်ကာ အမျိုးသမီးထံသို့ ပေးကာ တိုးတိုးလေးပြောလိုက်သည်။ “အစ်မ၊ မင်းဘာဖြစ်နေတာလဲ”
အမျိုးသမီးသည် ခေါင်းကို မြှောက်ကာ သူမတစ်ခါမှမတွေ့ဖူးသော ဖန်းလင် ကို တစ်ချက်ကြည့်လိုက်သည်။ အထူးသဖြင့် ဖန်းလင် ပေလိုက်တဲ့ တစ်ရှူးကို သူမမြင်လိုက်သောအခါမှာ သူမ၏မျက်လုံးများ နီရဲလာပြီး သူမမျက်လုံးထဲမှ မျက်ရည်များ ပေါက်ထွက်လာခဲ့တော့သည်။
ထိုအမျိုးသမီး ငိုနေတာကို မြင်တော့ ကုန်စုံဆိုင် ကောင်တာက ကောင်မလေးက ခေါင်းကို ခါယမ်းပြီး ဒီည ဘာတွေဖြစ်နေတာလဲ ဆိုပြီး သူ့ကိုယ်သူ ပြန်တွေးနေခဲ့တယ်။ ပထမ လာခဲ့တဲ့ ကာစတန်မာ တစ်ယောက်က ငိုနေခဲ့ပြီးတော့ အခုလည်း နောက်ထပ် ကာစတန်မာ တစ်ယောက်က လာငိုနေပြန်တယ်။
ဒီည ဒီကိုလာတဲ့ အမျိုးသမီးတိုင်းက ရေနဲ့လုပ်ထားတာများလား။
“အစ်မ၊ မငိုပါနဲ့အုံး။ ဒီလောက် ညနက်နေမှ အစ်မဆီမှာ တစ်ခုခုဖြစ်သွားခဲ့လို့လား။”
ထိုအမျိုးသမီးသည် သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ထားခဲ့သော်လည်း ဖန်းလင် ၏ မေးခွန်းသည် သူမ၏ ထိန်းချုပ်ထားမှုများကို တဖြည်းဖြည်း ပြိုကျသွားစေပုံရသည်။
“ငါ့ယောကျာ်း မရှိတော့ဘူး၊ သူငါ့ကို မလိုချင်တော့လို့ ဒီကမ္ဘာကြီးထဲမှာ ငါ့ကို တစ်ယောက်တည်း ထားခဲ့တယ်။ ဝူး..ဝူး.… ငါ့လင် မရှိတော့ဘူး။ ငါ့ရဲ့ ကောင်းကင်ကြီးက ပြိုကျသွားခဲ့ပြီ!”