ကြံ့ဦးချို
Vol. 7 Ch. 90
ဖန်းလင် သည် ထိုအမျိုးသမီး ဝမ်းနည်းကြေကွဲနေသည်ကို မြင်လိုက်ရပြီးတော့ သူမလည်း ငိုချင်လာခဲ့သည်။
ကျန်းရီက သူတို့နှစ်ယောက်ကိုကြည့်ပြီး "ဟယ်လို၊ မင်း ဒီလောက်နောက်ကျနေမှ မအိပ်ပဲနဲ့ တစ်ခုခုကိုများ ရှာနေတာလား။"
ကျန်းရီသည် မသက်ဆိုင်သည်ဟု ထင်ရသည့်မေးခွန်းကို မေးလိုက်သော်လည်း ထိုအမျိုးသမီးက ရုတ်တရက် ခေါင်းမော့ပြီး ကျန်းရီ ကို ကြည့်လိုက်သည်။
"ငါ့ကိုကူညီနိုင်မလား… မင်း ငါ့ကို ကူညီနိုင်တယ်မလား?"
"ဒါက မင်းရှာနေတဲ့ အရာ အပေါ်မှာ မူတည်တယ်။"
"ကြံ့ဦးချိုကို ရှာနေခဲ့တာ"
"ကြံ့ဦးချိုကို ရှာပြီး မင်း ဘာလုပ်မလို့လဲ"
“………….”
အမျိုးသမီးက စကားပြောရန် တုံ့ဆိုင်းနေပြီး ကျန်းရီ က မျက်လုံးများကို မှိတ်လိုက်ပြီး "ဝိညာဥ်တွေနဲ့ ဆက်သွယ်နိုင်ဖို့ ကြံ့ဦးချိုကို ရှာနေတာမလား?"
ထိုအမျိုးသမီးက ကျန်းရီ ကို ပိုလို့တောင် အံ့သြတဲ့အမူအရာနဲ့ ကြည့်လိုက်တယ်။
သူမ စိတ်လှုပ်ရှားနေချိန်မှာပဲ ရုတ်တရက် ထရပ်လိုက်သည်။
သူမက ဖန်းလင်၏လက်မှ ဖုန်းကို လုယူလိုက်ပြီး "မင်းတကယ် သိပြီနေခဲ့တာပဲ၊ အဲဒါဆို အဲ့တာကို ဘယ်လိုဝယ်ရမလဲ၊ ပြီးတော့ ရနံ့ကုထုံးလုပ်နည်းတွေကိုရော သိထားမှာပေါ့၊ ကျေးဇူးပြုပြီး ငါ့ကို ပြောပြပေးပါလား။"
"ငါမင်းကိုမပြောချင်တာ မဟုတ်ဘူး၊ ဒါပေမယ့် မင်းအဲ့လိုနည်းလမ်းတွေကို သုံးပြီးပြီမလား။ ပြီးတော့ အဲ့တာတွေက အသုံးမဝင်ဘူးဆိုတာကိုလည်း မင်း ရှင်းရှင်းလင်းလင်းသိထားပြီးသား၊ အဲဒါကို မင်းဘာလို့ရှာနေသေးတာလဲ။"
ကျန်းရီ က ပြောလိုက်သည်။ ထိုအမျိုးသမီးက အံကြိတ်ကာ “နွားမျက်ရည်က အသုံးမဝင်ခဲ့ဘူး၊ ဒါပေမယ့် ကြံ့ဦးချိုက အသုံးဝင်တယ်လို့ ငါကြားတယ်၊ ဒါအမှန်ပဲလား?”
“သေတယ်, ရှင်တယ် ဆိုတာက လောကသဘာဝတွေပဲ၊ မင်းလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မင်းမှာပြောင်းလဲနိုင်စွမ်းမရှိဘူး။ မင်းခင်ပွန်းက ပြန်မလာနိုင်တော့ဘူး၊ ပြိုလဲနေတဲ့ ကောင်းကင်ကြီးကို သယ်ဆောင်ဖို့ မင်းရဲ့ပုခုံးတွေ လိုအပ်နေသေးတယ်”
“ကျွန်မသိပါတယ်၊ ဒါပေမယ့် ကျွန်မ သူ့ကိုတွေ့ချင်ရုံလေးပါ။ သူထွက်သွားတုန်းက ကျွန်မတို့ကို စကားလေးတစ်ခွန်းတောင် မပြောခဲ့ဘူး။ သူအလုပ်သွားတုန်းက သူအကောင်းကြီးပါ။ သူဘာလို့ သတ်သေခဲ့ရတာလဲ။ ဟုတ်ပါတယ် သူ စတော့ရှယ်ယာစျေးကွက်မှာ ပိုက်ဆံတွေ အများကြီးဆုံးရှုံးသွားခဲ့တာ ကျွန်မသိပါတယ်။ ဒါပေမယ့် ကျွန်မ သူ့ကို ခွင့်လွှတ်ပေးမှာပါ၊ သူဒီလို သူရဲဘောကြောင်တဲ့နည်းနဲ့ သူ့ဘဝကို အဆုံးသတ်လိုက်လို့တော့ မရဘူးလေ၊ ဟုတ်တယ်မလား?။”
ထိုစကားတွေကို ကြားလိုက်ရသောအခါ ဖန်းလင်၏ မျက်လုံးများက ထိတ်လန့်တကြားပဲ ပြူးကျယ်သွားခဲ့သည်။
ကျွန်မရှေ့က အမျိုးသမီးက တကယ်တော့ ရုပ်ရှင်ရုံထဲက သရဲရဲ့ ဇနီး ဖြစ်နေခဲ့တယ်။
သူမက ကျန်းရီ ကို ထိတ်လန့်စွာပဲ လှမ်းကြည့်လိုက်သည်။ ဒါပေမယ့် ကျန်းရီ ၏မျက်နှာတွင် အံ့သြမှုများ ရှိမနေကို တွေ့လိုက်ရသည်။
ဒါပေမယ့် တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ကြည့်ရှုသူတွေကတော့ မယုံနိုင်သေးတဲ့ပုံပါပဲ။
ဘယ်လိုတောင် တိုက်ဆိုင်လိုက်တာလဲ၊ ဒါပေမယ့် ကျန်းရီက အဲဒါကို မျှော်လင့်ထားတဲ့ ပုံပါပဲ။
“ဖန်းလင်၊ ရုပ်ရှင်ရုံ မှာ တွေ့ခဲ့တဲ့လူနာမည်ကို မင်းသိလား”
“ဟုကျင်း”
ယခုဆိုလျှင် အမျိုးသမီး၏ အံ့အားသင့်ရမည့်အလှည့်ဖြစ်သည်။ သူမက ဖန်းလင် ကို စိုက်ကြည့်က “မင်း ငါ့ခင်ပွန်းကို မြင်ဖူးတယ်လား”
"ကျွန်မက သူ့ရဲ့သေဆုံးနေမှုကို ပထမဆုံး တွေ့လိုက်ရတဲ့သူပဲ ။ ဘာလို့လဲဆိုတော့ အဲ့တာကို မတော်တဆ တွေ့လိုက်ရလို့ပဲ၊ ကျွန်မ မှတ်စုအမေးခံရတဲ့အခါတုန်းက သူ့ရဲ့ မိသားစုဝင်တွေ မရောက်ခဲ့ သေးတာကြောင့် ငါတို့ တစ်ယောက်နဲ့ မမြင်ဖူးခဲ့တာ ဖြစ်နိုင်တယ်။"
ဖန်းလင်က ပြောလိုက်ပြီး အမျိုးသမီးက သူမ၏နှုတ်ခမ်းကို တင်းတင်းကိုက်ထားနေခဲ့သည်၊ "ဒါပေမယ့် သူသေပြီးတဲ့ နောက်မှာ သူ့ကို ရုပ်ရှင်ရုံထဲမှာ တွေ့ခဲ့တယ်။ သူက ကျွန်အနောက်က ခုံတန်းမှာ ထိုင်နေခဲ့တယ်။ လက်ထဲမှာလည်း ကလေးလေးတစ်ယောက်နဲ့။"
"ကလေးလား? တုန်တုန်? ဘယ်လိုဖြစ်နိုင်မှာလဲ? တုန်တုန်က အဲဒီညက အိမ်မှာရှိနေခဲ့တာလေ၊ ဘယ်လိုလုပ် သူနဲ့ရှိနေခဲ့တာလဲ"
အမျိုးသမီးက အနည်းငယ် စိတ်ရှုပ်ထွေးသွားကာ ကျန်းရီ က "အဲ့ဒီကလေးက သူ့ဖန်တီးထားတဲ့ ထင်ယောင်ထင်မှားဖြစ်မှုတစ်ခုပါပဲ။ ဒါနဲ့ စကားမစပ်၊ မင်းရဲ့ကလေးက သူ့အဖေကို သူနဲ့ ရုပ်ရှင်အတူတူ ကြည့်ချင်တယ်လို့ ပြောဖူးလား။"
“ကျွန်မပြောပါ့မယ်၊ ကျွန်မခင်ပွန်းက ရုပ်ရှင်ရုံက ဝန်ထမ်းဖြစ်တယ်၊ ဒါကြောင့် ခင်ပွန်းသည်က ကလေးနဲ့ ရုပ်ရှင်တူတူကြည့်ဖို့ ဘယ်တော့မှ အခွင့်ရေးမရခဲ့ဘူး။
"ဒါဆို ရှင်းသွားပြီလေ။ အဲဒါက သူ့ရဲ့ စွဲလမ်းမှုပဲ၊ ဒါဆို အခု သူ့ကို ဘာလို့ အဲ့လိုမြင်ခဲ့ရလဲဆိုတာ နားလည်ပြီလား"
အမျိုးသမီးက ကျန်းရီ ကို စူးစိုက်ကြည့်ကာ "ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်မလား။"
“နွားမျက်ရည်ပဲဖြစ်ဖြစ် ကြံ့ချိုပဲဖြစ်ဖြစ် စိတ်ဝိညာဥ်နဲ့ ပတ်သတ်ပြီး အာနိသင်တွေရှိတယ်လို့ ကောလာဟလတွေ ထွက်နေပေမယ့် ပစ္စည်းတစ်ခုနဲ့က လုံလောက်တယ်လို့ မဆိုလိုဘူး၊ အဲဒါတွေကို လုပ်တဲ့ လူတွေအတွက် လိုအပ်ချက်တွေက အရမ်းကိုတင်းကျပ်တယ်။
ဒါကြောင့် ဒီအရာတွေကို မင်း ရှာတွေ့ခဲ့ရင်တောင် တကယ့် ကျွမ်းကျင်တဲ့ သူတစ်ယောက်က ပြုလုပ်ပေးမှသာ အသုံးဝင်တာ”
ပြီးတော့ မင်းရဲ့ခင်ပွန်းကို ပိုပြီး တိုက်ရိုက်တွေ့နိုင်စေမယ့် နည်းလမ်းတစ်ခုရှိတယ်။"
"ကောင်းပြီ ဒါဆို မင်းငါ့ကို ပြောပြပေးလို့ ရမလား ငါ... အရာအားလုံးကို ပေးနိုင်ပါတယ်... ငါ့ရဲ့ နိုပျိုမှုနဲ့ လဲလှယ်ဖို့ ဆန္ဒရှိပါတယ်!"
ထိုအမျိုးသမီးက သူ့ခင်ပွန်းကိုတွေ့ဖို့ အရမ်းကို စိတ်ပိုင်းဖြတ်ထားခဲ့တယ်။ သူမသည် မည်သည့်တန်ဖိုးကိုမဆို ပေးဆောင်ရန် ဆန္ဒရှိကြောင်းကို ပြောလိုက်တဲ့အခါတွင် သူမ၏ ငယ်ရွယ်မှုမှလွဲ၍ အခြား ပေးဆောင်စရာ ဘာမှ ရှိမနေကြောင်း ရုတ်တရက် တွေ့ရှိလိုက်ရသည်။
ကျန်းရီက ပြုံးကာ ခေါင်းခါရင်းနဲ့ " မင်းရဲ့ နုပျိုမှုကို ပေးစရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ ငါလည်း မင်းခင်ပွန်းက်ို ရှာနေတာမို့လို့။ မင်းရဲ့ မျက်ရည်တွေကို သုတ်ပြီး အိမ်ပြန်လိုက်တော့။ ဖန်းလင်ရေ သူမနောက်ကို လိုက်သွားလိုက် ဟုကျင်းကို သူ့အိမ်မှာ ရှာတွေ့နိုင်မလားမသိဘူး။”
ဖန်းလင် က ခေါင်းညိတ်ပြလိုက်ပြီး ထိုအမျိုးသမီးနောက်ကို လိုက်သွားခဲ့တယ်။
ဟုကျင်းကို ရှာတွေ့မှဖြစ်မည်။ ဘာလို့လဲဆိုတော့ သူက သေဆုံးပြီးနောက်တွင် ထိုရုပ်ရှင်ရုံတွင် ဖန်းလင်ကို စကားမပြောရန် သတိပေးခဲ့သောကြောင့် ဖြစ်သည်။
ကျန်းရီက အဲ့ရုပ်ရှင်ရုံတွင် ပြဿနာကြီးကြီးမားမားတစ်ခု ရှိနေနိုင်သည်ဟု သံသယ ဝင်နေမိသည်။
ဟုကျင်းကို ရှာတွေ့မှသာလျှင် သတင်းအချက်အလက်တွေ ပိုပြီးတော့ ရရှိနိုင်မည်ဖြစ်သည်။
ဖန်းလင် ရဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ နောက်မှ အဖြေရှာကြတာပေါ့ ဒါမှမဟုတ် ဟုကျင်း က သူ့ထက် ပိုသိနေနိုင်တယ်။
ဟုကျင်း ရဲ့အိမ်ကိုရောက်တဲ့အခါ တံခါးအပြင်ဘက်မှာ ရပ်လိုက်ပြီး အိမ်ထဲက မီးရောင်တွေကို မြင်လိုက်ရတယ်။
သူမက ဖန်းလင်ကို အိမ်ထဲခေါ်သွားပြီး မကြာမီ သက်ကြီးရွယ်အို စုံတွဲတစ်တွဲ ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့ချွေးမ အိမ်ပြန်ရောက်လာတာကို မြင်တော့ ဝမ်းနည်းနေတဲ့ မျက်နှာတွေက သက်သာရာ ရသွားခဲ့တယ်။
"ရှောင်ဟွမ် နင်ပြန်လာပြီလား။ ညနက်ကြီး ဘယ်ရောက်နေတာလဲ"
ဟုကျင်း ရဲ့ ဇနီး ရှောင်ဟွမ် က သူ့ယောက္ခမတွေကို စားစရာဝယ်ဖို့ အပြင်ထွက်ခဲ့တာလို့ ပြောလိုက်ပြီး၊ ဖန်းလင်ကို သူတို့နဲ့ ရှည်ရှည်ဝေးဝေး သိပ်မိတ်မဆက်ပေးတော့ဘဲ အခန်းထဲကို ခေါ်သွားခဲ့တယ်။
ဖန်းလင်ကို အခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။ အခန်းထဲက ကုတင်ပေါ်တွင် ကလေးလေးတစ်ယောက် ရှိနေသည်ကို မြင်လိုက်ရသည်။ ပြီးတော့ ကလေး၏ ကုတင်ဘေးတွင် ခွေးတစ်ကောင်လည်း ရှိနေခဲ့သည်။
ခွေးက တစ်နေရာကို လှည့်ပတ်နေခဲ့တယ်။ ရှောင်ဟွမ်ကို မြင်သောအခါတွင် တစ်ခုခုကို ပြောချင်နေသလိုမျိုး ခုန်ပြီး ဟောင်လိုက်သည်။
ဟုကျင်း ၏ဇနီးသည် အိမ်ရှိ ခွေးလေးကို နှစ်သိမ့်ပေးဖို့ လုပ်ခါနီးတွင် ဖန်းလင်က သူမကို ဖမ်းကိုင်လိုက်ကာ ခွေးလေး လှည့်ပတ်နေသည့်နေရာကို လက်ညှိုးထိုးပြကာ "အစ်မ၊ မင်း…. မင်းရဲ့ခင်ပွန်း။ သူက ကုတင်ပေါ်မှာ ရှိနေတယ်။ အခု သူ မင်းကို ကြည့်နေတယ်!"
ဖန်းလင်၏ စကားကြောင့် ဟုကျင်း ၏ ဇနီး ရှောင်ဟွမ် သည် ခေါင်းကို ကွက်ခနဲ လှည့်ကြည့်လိုက်သည်။
ဤအခိုက်အတန့်တွင် သူမ တွေ့ချင်နေသော ယောက်ျားကို နောက်ဆုံးတွင် တွေ့လိုက်ရသည်။ ကုတင်ဘေးမှာ မတ်တပ်ရပ်နေခဲ့ပြီး သူ့မျက်နှာတွင်လည်း အပြစ်တွေနဲ့ ပြည့်နေခဲ့သည်။
“တောင်းပန်ပါတယ်, မိန်းမ ငါ...နောင်တရခဲ့တယ်။ စိတ်မကောင်းပါဘူး၊ မင်း၊ ကလေးနဲ့ မိဘတွေကို ဘယ်လို တောင်းပန်ရမလဲတောင် မသိဘူး။ ငါက သူရဲဘောကြောင်ခဲ့လို့ မင်းကိုတောင်းပန်ပါတယ်။”
ရှောင်ပိုင် ပြောခဲ့သလိုပါပဲ ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့ လူတိုင်းလိုလိုက သေပြီးနောက်တွင် ကျိန်းသေပေါက် နောင်တရကြလိမ့်မည်။
လူတွေပြောလေ့ရှိတဲ့ စကားအတိုင်းပါပဲ သေရမှာတောင် မကြောက်ရင် တခြားဘာမှ ကြောက်စရာမရှိတော့ပါဘူး။
ဟုကျင်း ၏ဇနီးသည် သူမ၏စိတ်ထဲက နာကျည်းမှုတွေနှင့် ပူဆွေးမှုတို့ကို မျိုသိပ်ထားလိုက်သည်။ ဟုကျင်း ၏မျက်လုံးများက ဖန်းလင်ကို သတိပြုမိလိုက်ပြီး ဖန်းလင်ရဲ့လက်ထဲက လက်ကိုင်ဖုန်းထဲရှိ ကျန်းရီ ကိုပင် သတိပြုမိခဲ့သည်။
ကျန်းရီ ရဲ့ အရှိန်အဝါတွေကို သူခံစားမိခဲ့တာကြောင့် “ညီမ၊ ဖုန်းထဲက အစ်ကိုက အရမ်း အစွမ်းထက်တဲ့သူပဲ ဟုတ်တယ်မလား၊ မင်း သူ့ကို အဲ့ဒီညက ငါက ဘာလို့ စကားမပြောနဲ့ လို့ မင်းကို ပြောရတာလဲဆိုတာ မေးချင်တာကြောင့် ဒီကို ခေါ်ခဲ့တာပဲ။ မှန်တယ်မလား?”