အဲ့ညက ရုပ်ရှင်ခန်းထဲမှာ လူပြည့်နေခဲ့တယ်
Vol. 7 Ch. 91
ဟုကျင်း သည် ဖန်းလင်ကို တွေ့လိုက်သည်။ သူသည် ပထမတွင် အံ့အားသင့်သွားခဲ့သော်လည်း၊ ကျန်းရီက်ို မြင်ပြီးနောက်တွင် သိပ်ပြီး အံအားမသင့်တော့ပေ။
သူ့မိန်းမက တံခါးကိုပိတ်လိုက်ပြီး အိပ်ပျော်နေတဲ့ ကလေးဘေးမှာ တိတ်တိတ်လေး ထိုင်နေလိုက်တယ်။
"အဲဒီရုပ်ရှင်ရုံထဲမှာ ရုပ်ရှင်ကြည့်ရင်းနဲ့ ဘာလို့ စကားပြောလို့မရတာလဲ"
ကျန်းရီသည် အကြောင်းအရာကို တည့်တည့်ပဲ မေးလိုက်ပြီး ဟုကျင်း က သက်ပြင်းရှည်ကြီးချလိုက်သည်။ "ရုပ်ရှင်ခန်းထဲမှာ စကားပြောလို့ မရတာ မဟုတ်ဘူး သူမပဲ စကားပြောလို့ မရတာ။”
ဟုကျင်း က ဖန်းလင်ကို လေးလေးနက်နက်ကြည့်ရင်း ပြောလိုက်တယ်။ သူ့မျက်လုံးရဲ့ အကြည့်တွေက ဖန်းလင်ရဲ့ တစ်ကိုယ်လုံးကို အေးစက်နေတဲ့ လေတွေနဲ့ ဖုံးလွှမ်းနေသလိုပဲ ခံစားရစေခဲ့တယ်။
" အဲဒီညက မင်းတို့ အခန်းထဲ ရောက်ပြီး အဲ့ရုပ်ရှင်ခန်းထဲကို လူဘယ်နှစ်ယောက်လောက် ရောက်လာလဲ သိလား"
ဟုကျင်း က မေးလိုက်တော့ ဖန်းလင် က သူမရဲ့ တံတွေးကို မျိုချလိုက်ပြီး "လူငါးယောက် ခြောက်ယောက်လောက် ရှိမယ်ထင်တယ်"
"ငါးယောက် ခြောက်ယောက်ပဲလား? မင်းတို့ရောက်ပြီး ငါးမိနစ်တောင် မပြည့်သေးဘူး အဲ့ဒီမှာ အခန်းတစ်ခုလုံး ခုံတွေပြည့်နေပြီ၊"
"ဒါက မဖြစ်နိုင်ဘူး။ ထိုင်ခုံတွေက တကယ်ပြည့်နေရင်၊ သူတို့အားလုံး သရဲတစ္ဆေတွေဖြစ်နေရင်တောင် မင်းကိုတောင် မြင်နိုင်တာပဲ တခြားသူတွေကိုလည်း ငါ သေချာပေါက် မြင်နိုင်မှာပေါ့!"
ထိုအချိန်တွင် ဖန်းလင်သည် မယုံကြည်နိုင်ခြင်းတွေနဲ့ ပြည့်နေသည်။ ဟုကျင်း က ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး၊ တကယ်ကို ပြည့်နေခဲ့တယ်။
ငါမင်းကိုလိမ်နေတာမဟုတ်ဘူး။
ပထမတန်း ပထမခုံကနေ နောက်ဆုံးခုံအထိ အကုန် ပြည့်နေခဲ့တယ်
အဲဒီညက မင်းနဲ့အတူ လိပ်ပြာဆံညှပ်နဲ့ မိန်းကလေးတစ်ယောက် ပါလာတယ်ဆိုတာ ငါမှတ်မိသေးတယ်။
သူက မင်းရဲ့ ညာဘက်အစွန်းမှာ ထိုင်နေတာ ဟုတ်တယ်မလား"
"ဟုတ်တယ် ချန်ရွှယ် ထိုင်နေခဲ့တယ်။"
“ဒါဆို မင်းရဲ့ အတန်းဖော် လည်ပင်းမှာ ထိုင်နေတဲ့ ကလေးတစ်ယောက်ကိုရော မင်းတွေ့လား အဲ့ကလေးက သူ့လည်ပင်းမှာ ထိုင်နေပြီး ခေါင်းက ဆံညှပ်နဲ့ ကစားနေခဲ့တယ်။”
ဖန်းလင် က ထိတ်လန့်တုန်လှုပ်စွာဖြင့် ခေါင်းခါလိုက်ပြီး “မဟုတ်ဘူး၊ ငါမမြင်ဘူး”
“ဒါဆို မင်းရဲ့ အတန်းဖော်က သူ့လည်ပင်းပေါ်မှာ အဲ့ကလေး ရှိနေတယ်ဆိုတာကို သိနေတာကိုရော မင်းသိလား၊ ဒါပေမယ့် သူမမှာ အဲ့တာကို ငြင်းဆန်နိုင်စွမ်း မရှိနေဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ အဲ့ကလေးရဲ့ လက်ကို ကိုင်ထားပြီးတော့ ပြုတ်ကျမှာကို စိုးရိမ်နေတယ်”
ဖန်းလင် က ခေါင်းခါပြလိုက်ပြီး ဟုကျင်း က “ဒါဆို ငါ့ဘေးမှာ ဘယ်သူထိုင်နေမှန်း မင်းသေချာ မသိခဲ့ဘူးထင်တယ်၊ မင်းဘေးနားက ကောင်မလေးရဲ့နောက်မှာ သူထိုင်နေခဲ့တာ အဲ့တာက ငါ့ဘေးနားပေါ့”
“ကျိုးမင်?”
“သူ့နာမည်ကိုတော့ ငါမသိဘူး၊ ဒါပေမယ့် သူ့နောက်မှာတော့ အဘွားကြီးတစ်ယောက် ထိုင်နေခဲ့တယ်။ အဲဒီ အဖွားကြီးရဲ့ လက်တစ်စုံက မိန်းကလေးရဲ့ ပါးပြင်ကို အစကနေ အဆုံးထိ ပွတ်နေခဲ့တယ်။”
“နောက်တစ်ခု ရှိသေးတယ်၊ မျက်မှန်တပ်ထားတဲ့ ကောင်မလေး၊ သူမက.. မင်းထိုင်ပြီး သိပ်မကြာခင်မှာဘဲ သူမရဲ့ ဦးနှောက်က ပွင့်သွားခဲ့ပြီး မျက်မှန်တပ်ထားတဲ့ လူတစ်ယောက်က စားနေခဲ့တယ်။ သူ့မရဲ့ ခေါင်းကို ဖွင့်စားနေခဲ့တာ။”
“ဒါတွေကို မင်းမမြင်ခဲ့ဘူး။ မင်းရဲ့ အတန်းဖော်တိုင်းက သူတို့ ကြုံတွေ့သမျှကို အေးအေးဆေးဆေး ခံနေကြရတာ။ မူလကတော့ မင်းလည်း သူတို့နဲ့အတူတူပဲလို့ ငါထင်ခဲ့တယ် ဒါပေမဲ့ မင်းတကယ် ပြန်ကြည့်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ မင်းပြန်ကြည့်လိုက်တဲ့အခါ တကယ်ဆို ငါက မင်းထက် ပိုပြီးအံ့သြသွားခဲ့တယ်။”
“ဘာလို့လဲဆိုတော့ ငါဘာဖြစ်နေတယ်ဆိုတာ ငါသိတယ်လေ၊ ဒါပေမယ့် မင်းအားလုံးက သက်ရှိတွေလေ။
မင်းငါ့ကိုတွေ့နိုင်နေတာရော ပြီးတော့ မင်းငါ့ကို စကားပြောလို့ ရနေတာတွေကိုပါ ငါအံ့သြနေခဲ့တာ။
အထူးသဖြင့် မင်းငါ့ကို စကားပြောလိုက်နဲ့ အချိန်တုန်းက ဇာတ်ရုံထဲကလူတိုင်းက မတ်တပ်ထရပ်လိုက်တယ်ဆိုတာကို မင်းသိလား။ သူတို့မျက်လုံးတွေက မင်းကို စိုက်ကြည့်နေတယ်...
တချို့လူတွေကဆို မင်းဆီကို ဖြည်းဖြည်းချင်း လမ်းလျှောက်လာကြတယ်။
“မင်းကို စကားမပြောနဲ့လို့ ငါပြောခဲ့တယ်၊ ဒါပေမယ့် ငါ မင်းကို တိတ်တိတ်လေး နေစေချင်ခဲ့တာ။ ဘာလို့လဲဆိုတော့ မင်းတိတ်ဆိတ်သွားတာနဲ့ အဲဒီလူတွေက မင်းကို ရှာတွေ့ပုံ မရလို့ပဲ”
ဟုကျင်း သည် ထိုနေ့တွင် ဖန်းလင်ကို ဘာလို့ ခပ်ထန်ထန် ပြောရသည့် အကြောင်းရင်းကို ပြောပြခဲ့သည်။ ကျန်းရီက မျက်မှောင်ကြုတ်ကာ “ဒါဆို အဲ့ရုပ်ရှင်ခန်းထဲမှာ အရင်ကလည်း ဒီလိုပြဿနာမျိုး ကြုံဖူးလား”
“မကြုံဖူးဘူး၊ ငါအဲဒီကို နောက်တစ်ခေါက်ထပ်သွားခဲ့တယ်၊ ဒါပေမယ့်ဘယ်သူမှထပ်ပြီး ဒီလိုအခြေအနေမျိုးနဲ့ မကြုံခဲ့ဘူး။
ပြီးတော့ သူမက ကားတစ်ဝက်လောက်မှာ အပြင် ထွက်သွားလိုက်ပြီး ထိုလူတွေက သူမထွက်သွားတဲ့အခါမှာ မထွက်သွားခဲ့ဘူး။
အဲ့ဒီအစား၊ သူတို့က အလယ်မှာ ရှိနေတဲ့ သူမသူငယ်ချင်း မိန်းကလေးတွေဆီကို ဖြည်းဖြည်းချင်း ရွှေ့သွားလိုက်တယ်။
ဘာကြောင့်လဲတော့ မသိဘူး။
အဲဒီမိန်းကလေးတွေကို ကြည့်လိုက်ပြီး သူတို့ အန္တရာယ်ကျရောက်နေပြီလို့ ခံစားလိုက်ရတယ်။ နောက်တစ်ချိန်ချိန်မှာ သူတို့တွေ သေတောင် သေသွားနိုင်တယ်။
ဒါပေမယ့် ဘယ်တော့ ဖြစ်လာမလဲ ဆိုတာတော့ ငါမသိဘူး!”
ဟုကျင်း ပြောနေစဉ် ကျန်းရီ က ခဏလောက်စဉ်းစားပြီး “အဲဒီည အဲ့အခန်းထဲ ရှိလူတွေအားလုံးထဲမှာ အလွန်ထူးဆန်းတဲ့သူတစ်ယောက် ရှိခဲ့လား၊ ဒါမှမဟုတ် မျက်နှာမဲ့နေတဲ့ လူကိုရော တွေ့လိုက်လား။”
“မတွေ့ခဲ့ဘူး”
ထိုအချိန်က သူမတစ်ယောက်တည်းပဲ ကြောက်နေခဲ့တာ မဟုတ်ဘူး။
ကျွန်တော်လည်းပဲ ကြောက်နေခဲ့တယ်။
လူတော်တော်များများက သေပြီးရင် တခြားကမ္ဘာကို သွားကြရမယ်လို့ ပြောလေ့ရှိတယ် ဒါပေမယ့် တခြားကမ္ဘာက တကယ်ရှိမရှိဆိုတာ ဘယ်သူကသိမှာလဲ။ ပြီးတော့ အဲ့သေသွားတဲ့သူတွေကို ငါတို့ရဲ့ ပတ်ဝန်းကျင်မှာ အခြားပုံစံတစ်မျိုးနဲ့ ပေါ်လာလိမ့်မယ်
အဲဒီ သူတွေကို မြင်တဲ့အခါတုန်းက၊ ငါ့ရဲ့ ပင်ကိုယ်စိတ်က သူတို့က ငါ့လိုပဲ သရဲတစ္ဆေတွေလို့ ပြောနေခဲ့ပေမယ့် ငါ သူတို့နဲ့ အဆက်အဆံ မလုပ်ရဲခဲ့ဘူး “
ဒီအချိန်မှာ ကျန်းရီ က ခေါင်းညိတ်ပြီး ပြောလိုက်တယ် “ငါ့ကို ဒါတွေ အသိပေးတာ ကျေးဇူးတင်ပါတယ်၊ ဒီည ကျန်တဲ့အချိန်တွေကို မင်းမိသားစုနဲ့ ကုန်ဆုံးလိုက်လို့ ရတယ်။ သူတို့အားလုံး မင်းကို မြင်နိုင်လိမ့်မယ်။ သူတို့ မင်းကို ကြောက်နေမလားဆိုတာတော့ ငါလည်း မသိဘူး။ တကယ်လို့ မင်းလည်း မသေချာဘူးဆိုရင်၊ မင်းမိန်းမကိုပဲ နှုတ်ဆက်လိုက်။”
“ဖန်းလင်း၊ မင်းမှာ အခု လုပ်စရာတွေ ရှိသေးတယ်”
ဖန်းလင်က ကျန်းရီကို ကြည့်လိုက်ပြီး “ဟုတ်ကဲ”
“ပထမ- မင်းအိပ်ဆောင်ကို ပြန်သွားပါ။ ပြန်သွားတဲ့အခါ မင်းသူငယ်ချင်းတွေက ငါ့ကိုမြင်တာနဲ့ ပုံမှန်အတိုင်းပဲ ပြန်ဖြစ်သွားလိမ့်မယ်။”
“ဒုတိယ- မင်းကိုမင်း အဓိကလူအဖြစ်နဲ့ သုံးရမယ်၊ ပြီးတော့ ကျင်းတုံမြို့ မှာရှိတဲ့ တက္ကသိုလ်တိုင်း မှာ ဒီဂိမ်းကို ကစားဖူးတဲ့သူတွေအားလုံးကို လိုက်ရှာရမယ်။ ဘယ်သူ့ကိုမှ မချန်ထားတာ အကောင်းဆုံးပဲ။ တစ်ယောက်ယောက်ကသာ ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကို တမင်တကာ ရှောင်နေတယ်ဆိုရင် သက်ဆိုင်ရာနဲ့ လွတ်ပေးလိုက်။”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ပရိသတ်များသည် ကျန်းရီ ထံမှ ဤကဲ့သို့ ပြင်းထန်သော လေသံကို တစ်ခါမျှ မကြားဖူးခဲ့ပေ။ ဤသို့လေးနက်နေမှုကြောင့် သူတို့အနေဖြင့် တိမ်မည်းများက ဒီမြို့ကို လွမ်းခြုံနေသည်ဟုပင် ခံစားလိုက်ရသည်။
“စတွင်မာရေ ဒီတခေါက်မှာတော့ တကယ့် အကောင်ကြီးနဲ့ တွေ့လိုက်ရတာလား။”
“ဘာမှန်း မသိရသေးတဲ့အတွက်သာ ကြောက်စရာလို့ ထင်နေရတာပါ။ ပြီးတော့ သူ့ရဲ့ ပုံစံက ကျင်းတုံမြို့ မှာ ရေပန်းစားလာနေပြီ။ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းမှာ ကျင်းတုံမြို့ နဲ့ ပတ်သတ်တဲ့ တစ်ယောက်ယောက်ရှိပါသလား။”
ကျန်းရီ က မေးလိုက်တယ်။ ပတ်သက်တဲ့လူကို ရှင်းရှင်းလင်းလင်း မပြောခဲ့ပေမယ့် သူဘယ်သူ့ကို ပြောတာလဲဆိုတာကိုတော့ မင်းနားလည်မှာပါ။
“သတိပေးတဲ့အတွက် မစ္စတာကျန်း ကို ကျေးဇူးတင်ပါတယ်။ အကယ်၍ မင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကြောင့်သာ မဟုတ်ခဲ့ရင်၊ ဒီလို ထိတ်လန့်စရာကောင်းတဲ့ ဂိမ်းတစ်ခုက လူကြိုက်များနေမယ်ဆိုတာကို ကျွန်တော်တို့ သိရမှာတောင်မဟုတ်ဘူး။ လွန်ခဲ့တဲ့ တစ်နာရီ အစောပိုင်းကတည်းက အချက်အလက်အားလုံးကို စုဆောင်းထားဖို့ ကျောင်းတိုင်းကို အကြောင်းကြားစာ ပို့ပေးပြီးသွားပါပြီ။
ကျန်းရီ က ခေါင်းညိတ်လိုက်ပြီး ဖန်းလင်အား “ပြန်သွားလိုက်တော့၊ ငါတို့လမ်းမှာ ဆက်ပြောကြမယ်။
ဖန်းလင်က ပြန်ခဲ့လိုက်သည်။ ဟုကျင်းနဲ့ သူ့ဇနီး၏ နောက်ဆုံးပြန်လည် ဆုံစည်းချိန်ကို မနှောင့်နှေးခဲ့ပေ။ တိတ်တိတ်ဆိတ်ဆိတ်နဲ့သာ တက္ကစီစီးပြီး ကျောင်းကို ပြန်ခဲ့လိုက်သည်။
ဒါပေမယ့် ဖန်းလင်က ကျောင်းတံခါးကို လမ်းလျှောက်နေတုန်း ကျန်းရီ က ရုတ်တရက် မေးလိုက်တယ် “ စကားမစပ် ဖန်းလင် ၊ ဒီည မင်း ဘယ်ကနေထွက်လာခဲ့တာလဲ “
ဖန်းလင် သည် သူမ၏ ခြေလှမ်းများကို ရပ်လိုက်ပြီး “ကျောင်းအတွင်းကနေလေ”
“ကျောင်းလား?” ကျန်းရီ မျက်မှောင်ကြုတ်လိုက်သည်။