လန်တင်းမြို့
Vol. 7 Ch. 92
ဖန်းလင်သည် ကောလိပ်ကျောင်းသူ ဖြစ်သောကြောင့် ကျောင်းမှ ထွက်ပြေးခဲ့ခြင်းမှာ အံ့သြစရာတော့ မဟုတ်ခဲ့ပေ။
သို့သော် ကျန်းရီ မှတ်မိတာ မှန်ခဲ့ရင် ဖန်းလင်ပြောခဲ့တာက မျက်နှာမဲ့လူ ပေါ်လာတဲ့အခါမှာ သူမ လုံးဝ လှုပ်လို့မရတော့ဘူးဟု ပြောခဲ့ဖူးသည်။
အော်လို့လည်း မရသလို လှုပ်လို့လည်း မရခဲ့ပါဘူး။
ဒါဆို ဖန်းလင်က ဒီည ဘယ်လိုဖြစ်လို့ ထွက်ပြေးလို့ ရခဲ့တာလဲ။
ကျန်းရီ ရဲ့သံသယတွေကို ရိပ်မိလိုက်ပြီး ဖန်းလင်က " ဒီည ကျောင်းစာကြည့်တိုက်မှာ သူ့ကို တွေ့ခဲ့တယ်" လို့ပြောလိုက်တယ်။
"ဒါဆို မင်းသူ့ကိုတွေ့တဲ့အခါမှာ မင်းရဲ အော်သံတိုင်းကို ဘယ်သူမှ မကြားနိုင်သလို မင်းလည်း လှုပ်လို့မရနိုင်တော့ဘူးပေါ့?"
ဖန်းလင် က သေသေချာချာ စဉ်းစားလိုက်ပြီး "ဟုတ်ကဲ့"
"ဒါဆို ဒီည မင်း ဘယ်လို ထွက်ပြေးလာခဲ့တာလဲ။"
ကျန်းရီရဲ့ မေးခွန်းသည် ဖန်းလင်ကို ကြောင်သွားစေခဲ့သည်။ ထို့နောက် သူမက ထိတ်လန့်တကြားနဲ့ - "မသိဘူး၊ ညဘက် အိပ်ဆောင်ထဲမှာ မနေချင်လို့၊ ကျောင်းစာကြည့်တိုက်ကလည်း ညဆယ့်နှစ်နာရီကျော်မှ ပိတ်တာလေ၊ ဟုတ်တာပေါ့
အဲဒီလိုတွေ ဖြစ်ပျက်ပြီးနောက်ပိုင်းမှာ ကျွန်မ အပြင်မှာပဲ နေဖြစ်ခဲ့ပြီး အိပ်ဆောင်မှာ အကြာကြီး နေလေ့မရှ်ိဘူး”
"ဒါဆို သူ့ကို ဘယ်လိုတွေ့ခဲ့တာလဲ"
ဖန်းလင် ၏ အခန်းဖော်တွေ အတွက်ကတော့ ပြဿနာက ပြင်းထန်သော်လည်း အချိန်တိုအတွင်းတော့ ဆိုးဆိုးဝါးဝါး မဖြစ်နိုင်ပေ။
"ဒီည စာကြည့်တိုက်မှာ ရှိနေခဲ့တယ်။
ပထမတော့ စာကြည့်တိုက်ထဲမှာ လူတော်တော်များများ ရှိတယ်ဆိုတော့ အရမ်းမကြောက်ခဲ့ဘူး။
ဒါပေမဲ့ အချိန်တွေကြာလာတာနဲ့အမျှ လူတွေက နည်းသထက် ပိုနည်းလာခဲ့တယ်။ ဒါပေမယ့်လည်း အဆောင်မပြန်ချင်လို့ စာကြည့်တိုက်ပိတ်တဲ့အထိ စောင့်နေလိုက်တယ်။
ဒါပေမယ့် စာကြည့်တိုက်မှာ ထိုင်ပြီး ငေးကြည့်နေရင် အလုပ်မဖြစ်ဘူးလေ ဒါကြောင့် စာအုပ်တစ်အုပ်ကို ယူဖတ်လိုက်တယ်။
“အဲဒီစာအုပ်က နေရာအမျိုးမျိုးရဲ့ ဓလေ့ထုံးတမ်းတွေအကြောင်းကို ပြောပြထားတဲ့ ခရီးသွားစာအုပ်ပါ။ အစတုန်းကတော့ စိတ်မပါတပါနဲ့ နောက်တော့ အဲဒီစာအုပ်ထဲမှာ ရေးထားတဲ့ ရှုခင်းတွေနဲ့ တချို့အရာတွေကို မသိစိတ်ကနေ ခံစားလိုက်ရပြီးတော့ အဲ့ဒီ ထူးဆန်းတဲ့ ဓလေ့ထုံးတမ်းတွေက ကျွန်မရဲ့ကြောက်စိတ်ကို တဖြည်းဖြည်း မေ့လျော့သွားစေခဲ့တယ်။”
“စာမျက်နှာ ၇၄ ကို မရောက်ခင်အထိပေါ့ အဲ့ဒီ စာမျက်နှာရဲ့ အပေါ်ပိုင်းလေးမှာ ပုံတစ်ပုံပေါ်လာခဲ့တယ်။
"မျက်နှာမဲ့နေတဲ့ လူရဲ့ ရုပ်ပုံမလား? အဲ့တာက ပုံဆွဲထားတာလား ဒါမှမဟုတ် ပုံနှိပ်ထားတာလား?”
ကျန်းရီ က ထပ်မေးလိုက်ပြီး ဖန်းလင် က "တစ်စုံတစ်ယောက်က အဲဒါကို ပန်းချီပုံဆွဲထားတာ ဘောပင်ရဲ့ မှင်ရာတွေကို ကြည့်ပြီး ဆုံးဖြတ်ရင် အဲ့တာက ဆွဲထားတာ တော်တော်ကြာပြီ။
ဟုတ်တာပေါ့၊ ဒီလိုပုံကို မြင်လိုက်တာနဲ့ ငါက အရမ်းကြောက်နေတယ်လို့ မင်းထင်ကောင်းထင်နိုင်တယ်။"
ဒါပေမယ့် သူက ကျွန်မရဲ့ စိတ်ထဲမှာ အိပ်မက်ဆိုးတစ်ခုလိုပါပဲ။
ကျွန်မ ထမင်းစားနေချိန် တော်တော်များများမှာ အောက်ခြေကို ငုံ့ကြည့်လိုက်တဲ့အခါ စားပွဲအောက်မှာ သူက ငုတ်တုတ်ထိုင်နေတာ တွေ့ရတယ်။
"ကျွန်မ အိမ်သာတက်ဖို့သွားတယ်။ အထဲမှာ လူတွေအများကြီးရှိတယ် ဒါပေမယ့် အိမ်သာတံခါးကို ဖွင့်လိုက်တာနဲ့ သူက ထိုင်နေတာကို တွေ့ရတယ်။"
“ညဘက်တွေ ကျွန်မ ဘတ်စ်ကားပေါ်မှာ ထိုင်ပြီး တစ်မှတ်တိုင် ဖြတ်လိုက်တဲ့အခါ ဘတ်စ်ကားပေါ်က လူတွေ အားလုံးက တစ်ခုခုက ခိုင်းစေလိုက်သလိုပဲ ဘတ်စ်ကားပေါ်ကနေ တဖြည်းဖြည်းနဲ့ ဆင်းသွားခဲ့တယ်။
ပြီးတော့ သူက ကျွန်မဘေးမှာ ငြိမ်ငြိမ်လေး လာထိုင်နေတယ် “
“ဒါနဲ့ ကျွန်မကိုင်ထားတဲ့ စာအုပ်မှာ သူ့မျက်နှာကို မြင်လိုက်ရတော့ ထိတ်လန့်သွားခဲ့တာပေါ့။ အဲဒီမျက်နှာကို မြင်လိုက်တာနဲ့ ကျွန်မရဲ့ ပထမဆုံး တုံ့ပြန်မှုက ပြေးဖို့ပဲ... ”
“ဒါပေမယ့် အဆုံးမှာတော့ ငါက သူရဲဘောကြောင်နေတုန်းပဲ။ ငါ အသက်ရှင်ပြီး ကောင်းကောင်း နေချင်သေးတယ်”
ကျန်းရီ က ဖန်းလင် ရဲ့ ဇာတ်လမ်းကို နားထောင်ပြီး “ဒါဆို တစ်ယောက်ယောက်က အဲဒီ မျက်နှာမဲ့လူကို ဟိုးအရင်ကတည်းက တွေ့ဖူးတယ်လို့ မင်းမထင်ဘူးလား? မဟုတ်ရင် လူတစ်ယောက်က ဒီစာအုပ်ထဲမှာ မျက်နှာမဲ့လူရဲ့ ပုံကို ဘာလို့ ဆွဲထားခဲ့မှာလဲ။”
ဖန်းလင် သည် ကျန်းရီ ကို ထိတ်လန့်စွာကြည့်နေမိသည်။ သူမ အရမ်း အလျင်စလို ဖြစ်နေတာကြောင့်လား ဒါမှမဟုတ် သူမ အရမ်း ကြောက်လန့်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဖန်းလင် သည် ထိုအကြောင်းကို မတွေးခဲ့မိပေ။ အခု ကျန်းရီရဲ့ စကားကို ကြားလိုက်ရတဲ့အခါ၊ အဓိပ္ပါယ် ရှိနေပုံရသည်။
“အဲဒါကို ဘောပင်နဲ့ဆွဲထားပြီး လည်ပင်းထိကို ဆွဲထားခဲ့တယ်။ မျက်နှာအသွင်အပြင်မရှိဘူး၊ ဆံပင်က အရမ်းရှည်တယ်၊ ဒါပေမယ့် လည်ပင်းက ဇလုပ်က ငါတွေ့နေရတဲ့ မျက်နှာမရှိတဲ့ လူနဲ့တူနေတယ်။”
“စာကြည့်တိုက်ကိုသွားလိုက်၊ အဲဒီခရီးသွားစာအုပ်ကိုရှာပြီး စာမျက်နှာ ၇၄ မှာရေးထားတဲ့စာတွေကို ဖတ်ကြည့်လိုက်ပါ။”
ကျန်းရီ က သတိပေးလိုက်ပြီး ဖန်းလင်းက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြပြီးတော့ ကျောင်းကို အမြန်ပြန်ပြေးခဲ့တယ်။
တံခါးရှိ လုံခြုံရေးအစောင့်က ဖန်းလင်ကို ချက်ချင်း သတိပြုမိလိုက်ပြီး သူမ တံခါးဝမှာ ပေါ်လာသောအခါ ချက်ချင်းပင် တံခါးပွင့်သွားခဲ့သည်။
စာကြည့်တိုက်ကို ရောက်တဲ့အခါမှာလည်း မူလက ပိတ်ထားတဲ့ စာကြည့်တိုက် တံခါးကလည်း ပွင့်နေခဲ့သည်။
လူတစ်ချို့က ဒီကိစ္စအတွက်ကို အတက်နိုင်ဆုံး လုပ်ပိုင်ခွင့်တွေ ပေးထားသလိုပါပဲ။
စာကြည့်တိုက်ရှိ မီးများ ဖွင့်ထားသော်လည်း လူမရှိသောကြောင့် တိတ်ဆိတ်မှုများ ပြည့်နေသည်။
ဒါပေမယ့် ဖန်းလင်က အထဲကို ပတ်ကြည့်လိုက်တော့ ကျန်းရီ က ဒီနေရာမှာ သရဲတစ္ဆေရှိမနေဘူး ဆိုတာကို သေချာနေခဲ့ပြီဖြစ်သည်။
ဒီညမှာသာ အဲ့ သရဲတစ္ဆေ ရောက်လာရင် ကျန်းရီ က သူ့ကို ချက်ချင်း သတိပြုမိပေလိမ့်မည်။
ဖန်းလင်က စာအုပ် ဘယ်နေရာမှာမှန်း မမှတ်မိတော့ပါဘူး ဘာလို့လဲဆိုတော့ သူမ အဲ့အချိန် အရမ်းထိတ်လန့်နေပြီး ချက်ချင်း ထွက်ပြေးသွားခဲ့လို့ပါပဲ။
ယခုမူ စာအုပ်သည် စားပွဲပေါ်တွင် မရှိတော့ဘဲ စာကြည့်တိုက်တစ်ခုလုံးလည်း သန့်ရှင်းသပ်ရပ်နေသည်။
“စာြကည့်တိုက်က တစ်ယောက်ယောက်က စာအုပ်တွေကို သူ့နေရာသူ ပြန်ထားလိုက်တာ ဖြစ်နိုင်တယ်။ စာအုပ်စင်မှာ သွားရှာကြည့်လိုက်။”
ဖန်းလင်က အရင် စာအုပ်စင်မှာ သွားရှာလိုက်တယ်။
ကျင်းတုံ တက္ကသိုလ်၏ စာကြည့်တိုက် စီမံခန့်ခွဲမှုစနစ်သည် အလွန်ကောင်းမွန်နေဆဲဖြစ်သည်။ အနည်းဆုံးတော့ ဖန်းလင် သည် ခရီးသွားဒိုင်ယာရီစာအုပ်ကို အရင်စာအုပ်စင်တန်းပေါ်၌ ပြန်တွေ့လိုက်ရသည်။
သူမသည် ၎င်းကို ယူလိုက်ကာ မီးရောင်အောက်တွင် ထိုင်ကာ စာမျက်နှာ ၇၄ သို့ အမြန်လှန်လိုက်သည်။
ဖွင့်ကြည့်လိုက်တာနဲ့ စာမျက်နှာ ၇၄ ရဲ့ အပေါ်ပိုင်းမှာ မျက်နှာမဲ့နေတဲ့ လူရဲ့ပုံကို တွေ့လိုက်ရတယ်။
ထိုလူ၏မျက်နှာသည် မျက်နှာအသွင်အပြင်မရှိသော်လည်း ဆံပင်သည် အလွန်ရှည်သည်။
ကျန်းရီ သည် မျက်နှာမဲ့လူကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။ သို့သော်လည်း မျက်နှာမဲ့သောလူတွင် မျက်နှာအသွင်အပြင်မရှိနေတာကလွဲရင် လောလောဆယ်တွင်မူ အခြားမည်သည့်အရာကိုမျှ မခံစားရသေးပေ။
"စာမျက်နှာ ၇၄ မှာ ဘာရေးထားတာလဲ" ကျန်းရီ က မေးလိုက်သည်။
ဖန်းလင် က "ကျင်းတုံမြို့ရဲ့ စီရင်ပိုင်ခွင်င့်အောက်က လန်တင်း မြို့အကြောင်းကို ရေးထားတာ။ ဖန်ကျွမ်းချိုင် အကြောင်းနဲ့ တချို့အရာတွေကို ပြောပြထားတယ်။"
"ဒီပုံရဲ့ ပုံပန်းသဏ္ဍာန်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိခဲ့ပုံရတယ်။ တစ်စုံတစ်ယောက်က ဒီစာအုပ်ထဲမှာ မျက်နှာမဲ့လူတစ်ယောက်ရဲ့ ပုံတူကို ဘာလို့ ရေးဆွဲတာလဲ။ မကြာသေးမီနှစ်တွေအတွင်းမှာ တက္ကသိုလ်မှာ သေဆုံးမှုတွေများရှိခဲ့သလား။
ဖန်းလင် မဖြေခင်မှာ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက တစ်စုံတစ်ယောက်က "ကျင်းတုံ တက္ကသိုလ်မှာ လွန်ခဲ့တဲ့ ငါးနှစ်လောက်က အသေအပျောက် အဖြစ်အပျက်မျိုး မရှိခဲ့ဘူး" လို့ ပြန်ဖြေခဲ့ပါတယ်။
ကျန်းရီက ခေါင်းညိတ်လိုက်ပြီး သူ့ပါးစပ်ထဲမှာ "လန်တင်းမြို့" ဆိုတဲ့ စကားလုံးကို ထပ်ခါထပ်ခါ ပြောလိုက်တယ်။
“ကျင်းတုံ တက္ကသိုလ်မှာ သေတာတွေ ဘာတွေမရှိခဲ့ဘူး။
အချိန်အတိအကျကို မသတ်မှတ်နိုင်ပေမယ့် ငါးနှစ်လောက်တော့ ရှိလောက်မယ်။
လူသေဆုံးမှု ဖြစ်စဉ်မျိုးလည်း မရှိခဲ့ဘူး၊ ဆိုလိုတာက မျက်နှာမဲ့ လူကို တွေ့တဲ့သူက ဘာမှ မဖြစ်ခဲ့တာ ဖြစ်နိုင်ခြေ များတယ် ၊ သူက ဒီပုံကို ဒီ စာရွက် မှာ ဆွဲခဲ့ရုံပဲ။”
"သူဘာလို့ဆွဲခဲ့တာလဲ။ စာအုပ်တစ်အုပ်လုံးမှာ ကျင်းတုံမြို့ အကြောင်း "ဇာတ်ကြောင်း" ဘယ်လောက်ရှိလဲ။
ကျန်းရီ က မေးလိုက်တော့ ဖန်းလင်က "ဒါက ကျင်းတုံ မြို့ထဲက ဧရိယာကို ဖော်ပြတဲ့ တစ်ခုတည်းသော စာမျက်နှာပဲ”လို့ ပြန်ဖြေလိုက်တယ်။
"ဒါဆို အဓိပ္ပါယ်က ပိုသိသာသွားပီ။ မျက်နှာမဲ့လူက လန်တင်မြို့က လာတာလို့ ပြောလို့ရတယ်။
"အဖေသေတော့ လန်းတင်း" ဆိုတဲ့ စကားလုံးကို ထပ်ခါထပ်ခါရွတ်နေခဲ့တယ်။ ဘာကိုဆိုလိုမှန်းကို မပြောနဲ့၊ ဘာကိုပြောချင်တယ်ဆိုတာ ဒီနေ့အထိ နားမလည်သေးဘူး။
တံခါးအပြင်ဘက်မှ အသံတစ်ခုထွက်လာပြီး အသံကျလာသောအခါ စကားပြောသူသည် စာကြည့်တိုက်ထဲသို့ ပြေးဝင်လာသည်။