← Chapters

ညနက်ကြီး အသည်းအသန် ပြေးနေသူ

Vol. 7 Ch. 85

ညနက်ကြီး အသည်းအသန် ပြေးနေသူ

Vol. 7 Ch. 85

ဟီယမ် နှင့် ချီဖေး တို့ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရပြီးနောက် ရှောင်ပိုင်၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ပြည့်လာခဲ့သည်။

သို့သော် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ လူတိုင်းက ကျန်းရီကို အံ့သြတကြ စိုက်ကြည့်နေကြပြီး စကားလုံးအချို့ စိတ်ထဲတွင် ပေါ်လာခဲ့သည်။

“သာမာန်ပါပဲ, ကမ္ဘာပေါ်မှာ တတိယ”

“ကောင်းကင်က ကျောက်စိမ်းဧကရာဇ်၊ ငရဲက ယမ၊ ပြီးတော့ ငါ”

“ငါ... ငရဲရောက်ဖူးပြီး​တော့ ငရဲကပြန်ခဲ့တာ”

“ငါနဲ့ နတ်ဘုရားတွေက အသိတွေလို့ပြောရင် မင်းတို့ယုံလား”

ဒီစကားများကို အရင်အဖြစ်အပျက်က ရွာမှာရှိနေတဲ့ ကလေးတစ်ယောက်ကို ကျန်းရီ က ဟာသတစ်ခုအနေနဲ့ ပြောခဲ့တာဖြစ်သည်။

သူပြောခဲ့တာတွေက ရယ်စရာကောင်းတယ်လို့ ပရိသတ်တွေက ထင်နေခဲ့ပြီး ကျန်းရီက ကလေးတွေကို စနောက်နေတယ်လို့ပဲ ထင်နေခဲ့ကြသည်။

ယခုမူ ရုတ်တရက် ခေါ်ဆောင်သွားခြင်းခံလိုက်ရသော ဟီယမ် နှင့် ချီဖေးတို့ကို ကြည့်ရင်း သူတို့တွေအားလုံး လေးလေးနက်နက် သံသယဖြစ်သွားကြသည်။

ကျန်းရီက နတ်ဘုရားတွေနဲ့ တကယ်ကို ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်ဆိုတာ တကယ်ကြီးလား?

ထို့ထက်မက၊ ကျန်းရီနှင့် နတ်ဘုရားများ ကြားက ရင်းနှီးမှုသည် သာမာန်ထက်ပိုတဲ့ ရင်းနှီးမှုတွေများ ဖြစ်နေမလား?

မဟုတ်ရင် ကျန်းရီက ပြောလိုက်တာနဲ့ နတ်ဘုရားတွေက ချက်ချင်းပဲ ရောက်လာပါ့မလား။

ဒါမှမဟုတ် နတ်ဘုရားတွေကများ သူ့မိသားစုဝင်တွေများလား။ လူသားတစ်ဦးအနေနှင့် ရင်းနှီးမှုတွေက မည်မျှပင် ကောင်းမွန်စေကာမူ နတ်ဘုရားတွေကို ဖိတ်ခေါ်ချင်ခဲ့ရင် အနည်းဆုံးတော့ အခမ်းအနား ပွဲလေးဘာလေး အရင်ပေးသင့်သည်။

တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းကလူတွေက နားမလည်ကြသလို ကျန်းရီကလည်း သူတို့နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ဂရုမစိုက်ပါဘူး။ “ဟီယမ်က ချီဖေးကို မျိုချလိုက်ပြီး သူတို့ဝိညာဉ်နှစ်ခုက တူညီတဲ့ဝိညာဉ်ခန္ဓာကိုယ်တစ်ခုထဲမှာ ပြိုင်တူရှိနေခဲ့ကြတာ။ .

ဟီယမ် က ချီဖေး ကို မျိုချလိုက်တယ်လို့ ပြောလို့ရတယ်။

ဟီယမ်က ချီဖေး ဖြစ်ပြီး ချီဖေးကလည်း ဟီယမ်လို့ ပြောလို့ရတယ်။

နောက်ဆက်တွဲ လူသတ်မှုတွေကို ဟီယမ် နဲ့ ချီဖေး တို့က အတူတူ ကျူးလွန်ခဲ့တာ၊ သေချာတာကတော့ ချီဖေး က ခေါင်းဆောင်ပဲ။"

“နောက်ဆုံးစီရင်ချက်မချမီမှာ သူတို့အပြစ်တွေအတွက် သူတို့က ငရဲမှာ တော်တော် ခံရအုံးမှာ”

ငရဲကို ရောက်သွားပြီးနောက်မှာ မင်းလူဘဝတုန်းက ပြုလုပ်ခဲ့တဲ့ အပြစ်တွေကို ဖုံးကွယ်ထားလို့ မရဘူး။

သေပြီးနောက်မှာ လုပ်ခဲ့တဲ အပြစ်တွေဆို ပိုလို့တောင်ဆိုးသေး

ချီဖေး ရဲ့အပြစ်တွေက လူသတ်မှုနှင့် လိမ်လယ်မှု နှစ်ခုစလုံးဖြစ်ပြီးတော့ သူက ဟီယမ်ထက် ပိုမိုဆိုးရွားခဲ့တယ်၊ ဒါကြောင့် နောက်ဆုံးစီရင်ချက် ထွက်လာတဲ့အခါမှာ ဒီက လူတိုင်းကို ပြပေးမယ်”

ကျန်းရီရဲ့ ပြောစကားပြီနောက်၊ နောက်ဆုံးတွင် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းမှ ပရိသတ်များက တုံ့ပြန်ခဲ့ကြပြီး အားလုံးက "စတွင်မာ အဲ့ဒီ သရဲတစ္ဆေနှစ်ကောင်ကို အခုပဲ ရစ်ပတ်ပြီး ခေါ်သွားခဲ့တာ ဘာလဲဆိုတာ မင်းသိလား”

ကြည့်ရှု့သူ A-"စတွင်မာ ငရဲနဲ့ မင်းက ဘယ်လိုပတ်သတ်နေတာလဲ၊ ခုနက မြင်ကွင်းက ငါတို့ကို တကယ်ကို လန့်တောင်သွားစေခဲ့တယ်၊ ​​ကျေးဇူးပြုပြီး အလင်းပြပါအုံး !"

ကြည့်ရှု့သူ B-"ငါတို့တကယ် မ​နေနိုင်တော့ဘူး စတွင်မာရေ ငါတို့အားလုံး အရမ်းကို သိချင်နေပြီ၊ အခုလေးတင် လျှပ်စီးကြောင်းတွေ၊ မိုးခြိမ်းသံတွေ၊ လေပြင်းတွေက နတ်ဘုရားတွေနဲ့ မင်းက ဆက်ဆံရေးကောင်းတာတင် မဟုတ်ပဲနဲ့ မင်း​ကိုယ်​တိုင်​က နတ်ဘုရား​တစ်ပါးလို့ပဲ ခံစားနေရတယ်”

ထိုမက်ဆေ့ချ်များကို မြင်သောအခါ ကျန်းရီ၏ မျက်နှာသည် မည်းမှောင်သွားသည်- “ပေါက်ကရတွေ လျှောက်မပြောနဲ့၊ နတ်ဘုရားအများစုက ရုပ်ဆိုးကြတယ်။ ဗိမာန်ထဲက နတ်ဘုရားတွေကို သွားကြည့်လိုက် ဘယ်နတ်ဘုရားတွေက လူနဲ့တူလဲလို့၊ ငါက နတ်ဘုရားဆိုရင် ကောင်းကင်နဲ့ မြေ​ပြင်မှာရှိတဲ့ နတ်ဘုရားတွေက ငါ့လိုချောတဲ့နတ်ကို သည်းခံနိုင်ပါ့မလား”

ကျန်းရီ သည် ပေါက်ကရစကားတွေကို ရုပ်တည်ကြီးနဲ့ ပြောနေခဲ့သည်။ ထိုအချိန် ကြောက်၍တုန်နေသော ရှောင်ပိုင် က “မင်း၊ မင်းမှာ တခြား ညွှန်ကြားချက်တွေ ရှိသေးလား? မဟုတ်ရင် ငါ လူပြန်ဝင်စားတော့မယ် ဒီကမ္ဘာမှာ ဆက်မနေရဲတော့ဘူး!”

ရှောင်ပိုင်က ပြောလိုက်ပြီးနောက် ထွက်သွားဖို့ ပြင်လိုက်သည်။ ထိုအချိန် ကျန်းရီ က ပြုံးပြီး “မင်းကို လူပြန်ဝင်စားနိုင်ပြီလို့ ဘယ်သူပြောလဲ?”

“…….?”

“မင်းမသေခင်မှာ နတ်ဘုရားတွေနဲ့ အလဲအလှယ်လုပ်ခဲ့တယ်လေ၊ ဆိုလိုတာကတော့ မင်းဆန္ဒမပြည့်မချင်း ဒီကမ္ဘာမှာ တရားဝင် နှစ်နှစ်နေလို့ရတယ်။

အခု မင်းဆန္ဒမပြည့်သေးဘဲ ထွက်ပြေးပြီး လူ​​ပြန်ဝင်စားလိုက်ရင်

ဒါက အလဲအလှယ်ကို တစ်ဖက်သတ် ဖောက်ဖျက်လို​က်တာပဲ

အဲ့အချိန် မင်း အရမ်းကြီးလေးတဲ့ ပြစ်ဒဏ်ကို ခံရလိမ့်မယ်။”

ကျန်းရီ က အေးအေးဆေးဆေးနဲ့ ပြောလိုက်တယ်။ ရှောင်ပိုင်က ပထမတော့ ထိတ်လန့်သွားပုံရပြီး နောက်တော့ အံ့သြတကြီးနဲ့ “ဒါဆို ငါ ဒီလောကထဲမှာ ဆက်နေနိုင်သေးတယ်ပေါ့ အဲ့လိုလား”

“ဟုတ်တာပေါ့၊ မင်းရဲ့ဆန္ဒတွေ သဘာဝအတိုင်းပဲ ပြည့်သွားတဲ့အခါ၊ မင်း လူပြန်ဝင်စားလို့ရပြီ

အခု မင်းအမေနားမှာ နေလို့ရပြီ ၊ ဒီမြို့မှာ ဆက်နေစရာ မလိုတော့ဘူး”

ရှောင်ပိုင် က ချက်ချင်း ဒူးထောက်လိုက်ပြီး ကျန်းရီ ကို “ကျေးဇူးတင်ပါတယ်၊ ငါ့ကို ဒီကမ္ဘာပေါ်မှာ ဆက်နေခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“မင်း ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး။ မင်း တကယ် ကျေးဇူးတင်ချင်ရင် ကိုယ့်ကိုကိုယ်ပဲ ကျေးဇူးတင်လိုက်ပါ။ မင်း သရဲတစ္ဆေအဖြစ်နဲ့ ကြီးကျယ်ခမ်းနားတဲ့ အလုပ်တစ်ခုကို လုပ်ခဲ့ပြီးလို့ပဲ”

ကျန်းရီ က ရှောင်ပိုင် ကို ပြုံးကာ ပြောလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့် ခန်းက ပရိသတ်တွေကလည်း ဒါကို သဘောတူခဲ့ပါတယ်။

ရှောင်ပိုင်ကို ကျန်းလန်အိမ်ရာရှိ သရဲတစ်ကောင်ဟု ပြောမယ့်အစား သူမကို ကျန်းလန်အိမ်ရာ၏ သူတော်စင်အစောင့်အရှောက်ဟု ခေါ်ခြင်းက ပိုကောင်းပေလိမ့်မည်။

သူမသည် လူသားကမ္ဘာတွင် သူမ၏ ဆန္ဒတွေကို ဖြည့်ဆည်းနေစဉ်တွင် သူမသည် ဤအိမ်ရာရှိလူများကို အကာအကွယ်ပေးခဲ့သည်။

ထူးထူးခြားခြား ဘာမှ မလုပ်ခဲ့ပေမယ့် လုပ်ခဲ့တာတွေကတော့ တော်တော်လေး ကောင်းခဲ့ပါတယ်။

ရှောင်ကျန်းလည်း အခုအချိန်တွင် သတိဝင်လာခဲ့သည်။ ခေါင်းငုံ့ကာ လက်ကိုင်ဖုန်းမှ တစ်ခုခုကို အလျင်စလိုလုပ်လိုက်သည်။

မကြာခင်မှာပဲ သူ့ရဲ့လက်ဆောင်ပေးလိုက်တဲ့ အချက်ပေးစာက တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းမှာ ပေါ်လာခဲ့တယ်။

“ဝမ်ကျန်း က စတွင်မာအား စိတ်ဝိညာဥ် ကျောက်စိမ်း ၅၀၀၀ ကို ပေးခဲ့သည်။”

လက်ဆောင် ဆုပေးလိုက်ပြီးတော့ ရှောင်ကျန်းက ရှက်ရွံ့စွာနဲ့ “တောင်းပန်ပါတယ် စတွင်မာ။ ဒီ​လက်ဆောင်က မင်းအတွက် ဘာမှမဟုတ်ဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် အလုပ်စလုပ်ကတည်းက ငါစုထားတာ ဒါအကုန်ပဲ။ မင်းလက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်”

“ဒါဆို မင်းက နောက် ဘာပိုက်ဆံနဲ့ သွားစားသောက်မှာလဲ၊ ရွှံ့စားပြီး နေမှာလား” ကျန်းရီ က ပြုံးပြီး စနောက်လိုက်သည်။

ရှောင်ကျန်း က အသက်ပြင်းပြင်းရှူရင်း ရင်ဘတ်ကို တည့်တည့်မတ်ထားလိုက်ကာ "ငါအသက်ရှင်နေရသရွေ့ ရွှံ့တွေစားရရင်တောင် ကြောက်စရာမရှိပါဘူး။ မကြာခင် ငါအသားစားရအောင် ကြိုးစားမှာ!"

"ကောင်းပြီ၊ မင်းရဲ့လက်ဆောင်ကို ငါလက်ခံပြီး မင်းကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်မယ်။ ပြီးရင် နောက်ဖုန်းလာတာကို ဖြေရဦးမယ်။ မင်းလည်း ဘေးကင်း​နေပြီပဲ မင်းသွားလိုရာကို ပြန်သွားလို့ရပြီ”

ဝမ်ကျန်း က လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး ကျန်းရီ က ဝမ်ကျန်းနဲ့ ဗီဒီယိုစကား​ပြောနေမှုကို ပိတ်ခဲ့လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသည် ပြန်လည်ငြိမ်သက်သွားခဲ့သည်။ သို့သော် လက်ဆောင်ပေးနေသည့် မက်ဆေ့ချ်များကတော့ ဖန်သားပြင်ပေါ်တွင် ပြည့်လျှံနေခဲ့သည်။

"ငါးလို ရေသောက်က၊ ငရဲဘုရင်ရဲ့ အမိန့် ၁၀ ကို စတွင်မာအား ပေးခဲ့သည်"

" ဒန်နီယယ်ပိုင်ရှင်က ငရဲဘုရင်ရဲ့ အမိန့် ၁၀ ကို စတွင်မာအား ပေးခဲ့သည်”

"စိတ်ကူးယဉ်သူက စိတ်ဝိညာဥ် ကျောက်စိမ်း ၉၉၉၉ ကို စတွင်မာအား ပေးခဲ့သည်”

"ကျိုးခိုင် က လျှို့ဝှက်သော ရာဇသံ ၉၉၉၉၉ ကို စတွင်မာအား ပေးခဲ့သည်"

မူလက ကျန်းရီ သည် ဆုငွေဘယ်လောက်ရလိုက်သည်ကို ကြည့်ဖို့ရန် စဉ်းစားနေခဲ့သော်လည်း ထိုထူထပ်သော နံပါတ်များကို မြင်လိုက်သောအခါ အနည်းငယ် ခေါင်းကိုက်လာပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ပြီးအောင် စောင့်ပြီးမှ လက်ဆောင်ပမာဏကို ရေတွက်မည်ဟု တွေးလိုက်ခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် လက်ဆောင်ပေးနေမှုများ တဖြည်းဖြည်းရပ်တန့်သွားသောအခါ၊ ငါးလိုရေသောက် က " စတွင်မာ ကော်ဘို၊ ကိုးဂျဝမ် နဲ့ ဒီအဖြစ်အပျက်အတွက် ကုဒ်နာမည်တွေကို မ​ပေးရသေးဘူး၊ အဲဒါတွေကို နာမည်ပေးရင်ကော။

နောင်ကျလို့ရှိရင် စတွင်မာက ဤသဘာဝလွန်ဖြစ်ရပ်တွေကို စုစည်းပြီးတော့ ဖိုင်တစ်ခုအဖြစ် သိမ်းထားလို့ရတယ်လေ"

"အမှန်ပဲ၊ ကော်ဘိုရဲ့ အဖြစ်အပျက်ကို သရဲစာရေးဆရာ လို့ နာမည်တပ်သင့်တယ်!"

ကျန်းရီက ပြုံးပြီး ထပ်စဉ်းစားလိုက်တယ် "ကိုးဂျဝမ်ရွာရဲ့ အဖြစ်အပျက်ကိုတော့ အမုန်းတရားများ လို့နာမည်ပေးရအောင် !"

" ဒီအဖြစ်အပျက်က ဒေါက်မြင့်ဖိနပ် အနီတစ်ရံက စခဲ့တာဆိုတော့ အနီရောင် ဒေါက်မြင့်ဖိနပ် လို့ ခေါ်ရင်ကော ဘယ်လိုလဲ။"

ကျန်းရီ က သူ့ရဲ့ အတွေးအမြင်တွေကို ထုတ်ပြောလိုက်ပြီး ပရိသတ်တွေနဲ့ အပြန်အလှန် ဆွေးနွေးခဲ့လိုက်သည်။ ပရိသတ်အားလုံးကလည်း အဖြစ်အပျက်တွေရဲ့ ကုဒ်အမည်တွေကို ထောက်ခံခဲ့ကြပါတယ်။

ခဏကြာမှာတော့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ဖုန်းသံမြည်လာခဲ့သည်။

ဖုန်းသံမြည်လာတော့ အချိန်ကြည့်လိုက်တဲ့အခါ ညသန်းခေါင် ၀:၀၀ နာရီမှာ ကွက်တိကျနေတာ တွေ့လိုက်ရသည်။

ကျန်းရီက ခေါ်သံကြားသောအခါ ချက်ချင်းပြန်ဖြေလိုက်သည်။ သို့သော် သူစကားပြောခါနီးမှာပဲ တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းသို့ အသံတစ်ခုထွက်လာသည်။

"............!"

ဖုန်းရဲ့အခြားတစ်ဖက်က ထွက်လာတဲ့ အသက်ရှူသံက အလွန်လေးလံနေသည်၊ ဖုန်းကိုင်ထားတဲ့လူက ညအမှောင်ကြီးထဲ အသဲအသန်ပြေးနေသလိုမျိုးပဲ ပြီးတော့ ထိုလူက နောက်တောင် ပြန်လှည့်ကြည့်ရဲ့လားတောင် မသိပါဘူး။

All Chapters