← Chapters

သုသေတန ပညာရှင်

Vol. 7 Ch. 93

သုသေတန ပညာရှင်

Vol. 7 Ch. 93

လမ်းလျှောက်လာသောလူက မျက်မှန်တပ်ထားတဲ့ လူလတ်ပိုင်းအရွယ် ယောကျာ်းတစ်ယောက်ဖြစ်သည်။

ဖန်းလင် က သူ့ကိုမြင်တဲ့အခါ “ပါမောက္ခ ဇန်း?”

ဇန်း လို့အမည်ရတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးပြီး ခေါင်းညိတ်ပြလိုက်တယ်။ ဒါပေမယ့် မကြာခင်မှာ သူ့ရဲ့အမူအရာက လေးနက်လာပြီး “ကျောင်းသား ဖန်းလင် မင်းမှာ တစ်ခုခုဖြစ်လာတဲ့အခါ ကျောင်းက ဘယ်လိုတုံ့ပြန်မှုပဲ ဖြစ်ဖြစ် မင်း အရင်းဆုံး လုပ်သင်တဲ့အရာက ကျောင်းကို အမြန်ဆုံး အကြောင်းကြားတာပဲ။”

ဖန်းလင် က ကြောက်စိတ်ဖြင့် ခေါင်းငုံ့လိုက်ကာ ပါမောက္ခ ဇန်း ၏ မျက်လုံးများသည် သူမထံမှ ကျန်းရီဆီ သို့ ပြောင်းသွားသည်။

“မင်္ဂလာပါ မစ္စတာကျန်း ၊ ကျောင်းက ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိပြီးတော့ မင်းရဲ့ လုပ်ဆောင်မှု အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ကို တောင်းဆိုခဲ့တယ်။ တံခါးဝနားမှာ မင်းရဲ့ စကားတွေကို ကြားလိုက်ရတော့ ငါ အံ့သြသွားတယ်။ ငါ့အဖေက အဲဒီအကြောင်းတွေကို ခရီးသွားဒိုင်ယာရီထဲမှာ ချန်ထားခဲ့တာကို ငါမမျှော်လင့်ထားခဲ့ဘူး။”

ကျန်းရီက သူ့စကားကို နားထောင်ပြီး မေးလိုက်သည် “မင်းအဖေက၊ လန်တင်းမြို့ကို ရောက်ဖူးခဲ့တာလား”

“သူရောက်ဖူးလားတော့ မသိဘူး။

အဖေက အစောကြီးကတည်းက ပင်စင်ယူထားခဲ့တာ။ ဒါပေမယ့် အဲ့အချိန်တုန်းက သူက ကျောင်းရဲ့ စီမံခန့်ခွဲသူတစ်ယောက်ဖြစ်ခဲ့တာကြောင့် ကျောင်းကို မကြာခဏ လာဖြစ်ခဲ့တယ်။

သူအကြိုက်ဆုံးကတော့ စာကြည့်တိုက်မှာ စာဖတ်တာပါပဲ။ မှတ်မိသ​လောက်ဆိုရင် သူက လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ကျေးလက်ဒေသတွေကို သွားဖူးတဲ့ပုံပဲ၊ ဒါပေမယ့် သူဘယ်ကို သွားခဲ့တယ် ဆိုတာကိုတော့ အတိအကျ မပြောခဲ့ဘူး။

“ပြီးခဲ့တဲ့နှစ်က သူသေသွားတုန်းက အိပ်ယာပေါ်မှာ သူက ကျွန်တော့်လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး “လန်တင်း” ဆိုတဲ့ စကားလုံးကို တဖွဖွ ပြောနေခဲ့တယ်။

အဲ့ဒီအချိန်က အဖေက သုတေသနပညာရှင် တစ်ယောက် ဖြစ်နေတဲ့အတွက်ကြောင့် လန်းတင်း လို့ အမည်ရတဲ့ ရှေးဟောင်း လက်ရာတွေ အကြောင်းကို ပြောနေတာပဲလို့ ထင်ခဲ့တာ။

ပါမောက္ခ ဇန်း က သူ့မှတ်ဉာဏ်ထဲက အဖြစ်အပျက်ကို ပြောနေခဲ့ပြီး ကျန်းရီ က “စာအုပ်ထဲမှာ ရှိတဲ့ ပုံကို ကြည့်ရတာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဆွဲထားတာ ဖြစ်ရမယ်။

ပြီးတော့ မင်းအဖေလည်း လွန်ခဲ့တဲ့ ခြောက်နှစ်က ကျင်းတုံကနေ ထွက်သွားခဲ့တယ်။

သူ တစ်နေရာကို သွားခဲ့တယ်၊ ပြီးတော့ အဲဒီနေရာနဲ့ ပတ်သက်ပြီး စကားတစ်ခွန်းမှ မပြောဖူးဘူး အဲ့လိုလား"

“ဟုတ်ပါတယ်၊ အဲဒီတုန်းက ထွက်ခွာသွားတဲ့အကြောင်းကို အမေ့ကိုတောင် မပြောခဲ့ဘူး၊ သူပြန်လာတော့ အမေက မေးခွန်းတွေ ဆက်တိုက်မေးခဲ့တယ်။ အဖေက နှုတ်ဆိတ်နေပြီး သူတို့ နှစ်ယောက် ရန်ဖြစ်​တော့မလို့တောင် ဖြစ်ခဲ့ကြတယ်။

"ဒါဆို ဒီခရီးသွား ဒိုင်ယာရီထဲက ပုံကို မင်းအဖေက ဆွဲထားခဲ့တာ ဆိုတာကို မင်းဘယ်လိုလုပ် သေချာနေတာလဲ"

"ဘာလို့လဲဆိုတော့ ဒီခရီးသွားစာအုပ်ကို ရေးသားတဲ့ သူတွေထဲက တစ်ယောက်က​ ကျွန်တော့်အဖေပါ။ ကျင်းတုံ ရဲ့ ခရီးသွားစာအုပ်နဲ့ ပတ်သက်တဲ့ စာမျက်နှာ ၇၄ ကို အဖေက ရေးထားတာပါ။ ဒီအကြောင်းအရာတွေကို ကျွန်တော် စိတ်မဝင်စားတဲ့အတွက် တစ်ခါမှ မဖတ်ဖူးပေမယ့် အဖေက ပါဝင်ခဲ့တဲ့ လက်ရာတွေက အခုထိ ငါ့မှတ်ဉာဏ်​တွေထဲမှာ လတ်ဆတ်နေဆဲပါပဲ "

ကျန်းရီ သည် မေးခွန်းတွေကို ထပ်မမေးတော့ပါဘူး။ ယခု သက်သေများ အားလုံးက လန်တင်းမြို့ သို့ ညွှန်ပြနေပြီဖြစ်သည်။

ဒါပေမယ့် တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တစ်ယောက်က "စတွင်မာ၊ သရဲတစ္ဆေတွေက မင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းမှာဆို မြင်ရတဲ့ ပုံပေါ်တယ်၊ အခု ကျင်းတုံ တက္ကသိုလ်မှာ မျက်နှာမဲ့လူသားက ရှိနေလား"

ကျန်းရီ က သူ့ခေါင်းကို ခါယမ်းလိုက်ပြီး "သူ ဒီမှာ မရှိဘူး၊ အနည်းဆုံး ရက်တော်တော်ကြာနေခဲ့ပြီ၊ သူသာ ကျင်းတုံ တက္ကသိုလ်မှာ ဆက်ရှိနေသေးရင် ငါ သူ့ကို ရှာတွေ့လိမ့်မယ်"

ပါမောက္ခ ဇန်းကတော့ ဘေးနားမှာ ရပ်နေပြီး ဘာမှ မပြောခဲ့ပါဘူး။

တံခါးဝမှာ အခုပဲကြားလိုက်ရတဲ့ စကားကြောင့်သာ၊ သူ့အဖေ မသေခင်မှာ ဖြစ်ခဲ့တဲ့ သံသယတွေ ကြောင့်သာ၊ ခရီးသွားစာအုပ်ထဲက မျက်နှာမဲ့ ရုပ်ပုံကြောင့်သာ မဟုတ်ခဲ့ရင် သူသည် ကျောင်းကို ဖုန်းခေါ်ခဲ့တဲ့ အထက်လူကြီးတွေကို သံသယ ဖြစ်မိပေလိမ့်မည်။

ခေါင်းအကိုက်ခံပြီးတော့ ဒီလိုအရာမျိုးတွေ ယုံနေသေးတာလား ဆိုပြီး။

အခုတော့ သူလည်း ယုံရပါတော့မယ်။

"ဒါဆို မင်းအဖေ ထွက်သွားတုန်းက မင်းတို့မိသားစု မဟုတ်တဲ့ အခြားသူတွေထဲမှာ သူဘယ်သွားလဲဆိုတာ သိတဲ့လူတွေရှိလား? ဒါမှမဟုတ် ဘာလို့ အဲဒီကို သွားရတာလဲ ဆိုတာကိုရော"

ကျန်းရီက မေးခွန်းထပ်မေးလိုက်ပြီး ပါမောက္ခ ဇန်း သည် ဒီအကြောင်းကို လေးလေးနက်နက် စဉ်းစားခဲ့ပြီးတော့ မကြာမီတွင် သူတစ်စုံတစ်ဦးကို စဥ်းစားခဲ့မိလိုက်သည်။

"ဦးလေး နီယန်။"

"သူက ဘယ်သူလဲ?"

“ကျွန်တော့် အဖေရဲ့ ရှေးဟောင်းသုတေသနအဖွဲ့က လုပ်ဖော်ကိုင်ဖက်ပါ။ သူကတော့ ပင်စင် ယူသွားခဲ့ပါပြီ။ အဖေကိုသဂြိုလ်တုန်းက လန်တင်း က ဘာကိုဆိုလိုတာလဲလို့ သူ့ကိုမေးခဲ့တယ်၊ အဲဒီတုန်းက ဦးလေး နီယန် ရဲ့အမူအရာက နည်းနည်းတော့ ထူးဆန်းတယ်၊ စကားပြောရမှာကို ချီတုံချတုံနဲ့ ကြောက်လန့်နေပုံရတယ်။ ”

ပါမောက္ခဇန်း က ပြောလိုက်ပြီးတော့ နောက်ထပ်တိုးကာ “အိုး..စကားမစပ် ငါ့အဖေက တစ်ချိန်တည်းမှာပဲ အလုပ်မျိုးစုံ လုပ်တဲ့အတွက်ကြောင့်၊ ငါ ငယ်ငယ်လေးကတည်းက ကျင်းတုံ တက္ကသိုလ်နဲ့ ရှေးဟောင်းသုတေသနဌာနနဲ့က အထူးရင်းနှီးခဲ့တယ်။

အဲဒီတုန်းက လူတော်တော်များများ ဖျားနာခဲ့တာကို မှတ်မိသေးတယ်။ ဟုတ်တယ်၊ အဲဒါ လွန်ခဲ့တဲ့ ခြောက်နှစ်ကပေါ့ “

"ပါမောက္ခ ဇန်း ဒီအကြောင်းကို အသေးစိတ်ရှင်းပြနိုင်မလား။”

“အပြင်ကို သူတို့ပြောခဲ့တာကတော့ သူတို့က သီးခြားမစ်ရှင် လုပ်ဖို့ဆိုပြီး အတူတူ မဟုတ်ဘဲနဲ့ တစ်ရောက်တစ်ခြားစီ ထွက်ခွာသွားခဲ့ ကြတာ။

ဒါပေမယ့် သူတို့ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ ကျွန်တော့်အဖေ၊ ဦးလေး နီယန် နဲ့ ဦးလေး ချင်း တို့ ဖျားနာလာခဲ့​ကြတယ်။

အထူးသဖြင့် ဦးလေး ချင်းပဲ အဲ့အချိန်မှာ သူက အသက်မရှင်နိုင်ခဲဘူး။

အတိအကျပြောရရင်တော့ အမေက အဲ့အချိန်မှာ အဖေတစ်ခုခု ဖြစ်မှာကြောက်လို့ အဲ့အကြောင်းတွေ မေးခဲ့တယ်။

အဖေက ဘာမှပြန်မပြောလို့ သူတို့ စကားများရန်ဖြစ်တော့မလို့ပဲ။

"အဲဒီဦးလေးနီယန်က အခု ကျင်းတုံမြို့ မှာ ရှိနေသေးလား။"

"ရှိနေပါသေးတယ်။"

"ဒါဆို ပါမောက္ခ ဇန်း က ဦး​လေးနီယန် ကို ရှာဖို့ ဖန်းလင် နဲ့ ချက်ချင်း သွားလိုက်ပါ။ ဖြစ်နိုင်တာကတော့ အဲ့ဒီတုန်းက လျှို့ဝှက်ချက်ကိုပါ ဖော်ထုတ်ကောင်း ဖော်ထုတ်နိုင်လိမ့်မယ်"

ကျန်းရီ က သတိပေးလိုက်တော့ ပါမောက္ခ ဇန်း က ခေါင်းညိတ်လိုက်ပြီး ဖန်းလင်နဲ့ အတူ ကျောင်းထဲကနေ ထွက်သွားလိုက်ပါတယ်။

သူမ ကားပေါ်ရောက်သောအခါ ဖန်းလင်သည် တိတ်ဆိတ်နေခဲ့ပြီး သူမ၏ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုများ ရှိနေသည်။

ဒီညက အလွန်စိတ်ဖိစီးစေတဲ့ ညဖြစ်သည်။ ကျန်းရီသည်ပင် ယခု အဖြစ်အပျက်တွင် အရင်နှစ်တွေကတည်းက လျှို့ဝှက်ဆန်းကြယ်သော အဖြစ်အပျက်တစ်ခု ပါဝင်လာလိမ့်မည်ဟုပင် မမျှော်လင့်ခဲ့ပေ။

သို့သော် ထိုနှစ်တွင် သေဆုံးသွားခဲ့တာ ဘာလို့ ဦးလေး ချင်း တစ်ယောက်တည်း ဖြစ်နေရတာလဲ။

ဒီကိစ္စကို ပိုနက်နဲအောင် တူးဖော်မိလေ သံသယတွေ များလေလေပါပဲ။

ညဉ့်နက်မှ ကားသည် ကျင်းတုံ ရှိ ခြံဝင်းကြီးတစ်ခုသို့ မောင်းလာခဲ့ပြီး ပြည်သူ့ဝန်ထမ်းဟောင်းအချို့ နေထိုင်ရာ နေရာဖြစ်သည်။

ပါမောက္ခ ဇန်း သည် ဖန်းလင်ကို အိမ်တစ်အိမ်သို့ ခေါ်ဆောင်ခဲ့သည်။ နံပါတ်တစ်ခုကို အရင်ခေါ်လိုက်ပြီး မကြာမီ အဘွားကြီးတစ်ယောက် ရောက်လာပြီး တံခါးဖွင့်ပေးခဲ့တယ်။

"ရှောင်ဇန်း မင်းဘာလို့ ညလယ်ခေါင်ကြီး ​​ရောက်​​လာတာလဲ"

ပါမောက္ခ ဇန်း က ပြုံးပြီး "အန်ကယ် နီယန် ကို အရေးတကြီး တွေ့ဖို့ လာခဲ့တာ" လို့ ပြောလိုက်တယ်။

အဘွားအိုက သူတို့ကို ဝင်ခွင့်ပြုလိုက်သည်။

အဘိုးကြီးနာမည်က နီယန်ချင်း ပါ။ ကျင်းတုံမြို့ ရှေးဟောင်းသုတေသန်ငှာနရဲ့ ဝန်ထမ်းတစ်ဦးဖြစ်ခဲ့ဖူးပြီး ပါမောက္ခ ဇန်း ၏ဖခင် ဇန်ချန်ရှန်း ၏ သူငယ်ချင်းကောင်း တစ်ဦးလည်း ဖြစ်သည်။

အိမ်ထဲ ဝင်ပြီးနောက် ဦးလေးနီယန် က "ရှောင်ဇန်း မင်း ဘာလို့ ညဉ့်နက်မှ ငါ့ကိုလာတွေ့ရတာလဲ?"

“ ဦးလေး နီယန်၊ လွန်ခဲ့တဲ့ ခြောက်နှစ်က ဖြစ်ပျက်ခဲ့တာတွေကို မှတ်မိသေးလား"

ပါမောက္ခ ဇန်းသည် ကျန်းရီရဲ့ ညွှန်ကြားချက်ကို လိုက်နာပြီးတော့ ချက်ချင်းပဲမေးလိုက်သည်။

ဦးလေး နီယန် သည် သောက်ရေဖန်ခွက်ကို ယူလာနေတာဖြစ်သည်။ သို့သော် အဲ့ဒီ စကားကိုကြားလိုက်ရသောအခါတွင် သူ၏လှုပ်ရှားမှုများသည် လေထဲတွင် အေးခဲသွားသည်။ ဦးလေးနီယန် က “လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ငါတို့နဲ့ မင်းအဖေ အတူတူ ပျောက်သွားခဲ့တဲ့ အချိန်လား။”

“လောင်ချင်း, လောင်ဇန်း နဲ့ ငါတို့ တစ်နေရာတည်းကို အတူတူ မသွားဘူးလို့ ငါပြောခဲ့တယ်လေ၊ ဘာလို့ မယုံတာလဲ၊ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ဖြစ်ပျက်ခဲ့တာတွေက မင်းပြောသလို အများကြီး မရှိခဲ့ဘူး၊ အသက်ရှင် ရတာ မလွယ်ကူဘူး။ ငါ့ကို စောစောသေရအောင်လို့ မင်းလုပ်နေတာလား ”

ဦးလေးနီယန် ဒေါသအရမ်းထွက်ပြီးတော့ စားပွဲကို ရိုက်လုမတတ် ဖြစ်သွားခဲ့တယ်။

ကျန်းရီက ပါမောက္ခ ဇန်းကို ထပ်မမေးခိုင်းတော့ဘဲ သူကိုယ်တိုင်ပဲ တိုက်ရိုက်ပြောသည် “မင်္ဂလာပါ အဘိုး စိတ်ဝိညာဥ်ဂိမ်းအကြောင်းကိုတော့ အဘိုးသိမယ်လို့ထင်တယ်။ ဒါပေမယ့် ဒီဂိမ်းကို ကျင်းတုံမြို့ရဲ့ တက္ကသိုလ်တိုင်းမှာ ပြန့်နေတာကိုတော့ အဘိုး မသိဘူးထင်တယ်။

အခု စာရင်းဇယားတွေအရ၊ ဒီစိတ်ဝိညာဥ်ဂိမ်းကိုကစားသူ ၁၀၀ ကျော်တောင် ရှိနေခဲ့ပြီ။”

အဘိုးအိုက ထိုစကားကိုကြားသောအခါ သူ့လက်ထဲတွင်ရှိနေသော ဖန်ခွက်သည် ခွက်ခနဲ့ အသံနှင့်အတူ ​ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ .

All Chapters