← Chapters

သစ်သားအဆောင်

Vol. 7 Ch. 96

သစ်သားအဆောင်

Vol. 7 Ch. 96

"ဆင်းရဲနွမ်းပါးတဲ့တောင်တွေနဲ့ ကြမ်းတမ်းတဲ့ရေတွေက ရက်စက်တဲ့လူတွေကို ထွက်လာစေတယ်။" ဆိုတဲ့အတိုင်းပဲ

"အဲဒီတုန်းက လန်တင်းမြို့က အရမ်းဆင်းရဲခဲ့တယ်၊ ဒါပေမယ့် ဖန်ကျွမ်းချိုင်မှာတော့ ကျေးဇူးကန်းပြီး အကြင်နာကင်းမဲ့တဲ့ ဖန်းလောင်စန်း တို့လို လူတွေရှိခဲ့တယ်။

ချမ်းသာသောမိသားစုရဲ့သခင်လေးက ထွက်ခွာသွားတော့မှာကို သိလိုက်ပြီး သူ့ကို သူတို့ဆီမှာ ထာဝရနေစေချင်တဲ့ အတွက်ကြောင့် သူ့ကို ချုပ်နှောင်ခဲ့ကြတယ်။

သခင်ငယ်အား ဝန်ခံလက်မှတ်ထိုးခိုင်းပြီး သူ့သမီးကို စော်ကားခဲ့ကြောင်းကို ဝန်ခံ​စေချင်ခဲ့သည်။

ခန်းလောင်စန်း သည် သူ၏ အပြစ်တွေကို ပေးဆပ်ရန်အတွက် သူ့သမီးကို လက်ထပ်ပေးရန်ပင် ဆန္ဒရှိခဲ့သည်။

"သို့သော်လည်း သခင်ငယ်လေးက ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ၊ ဝန်ခံချက် လက်မှတ် ထိုးလိုက်တာနဲ့ သူ့ကို ထာဝရ ခြိမ်းခြောက်ဖို့ ခန်းလောင်စန်းတို့ အခွင့်အရေး ရလာမည်ဖြစ်သည်။

ဒါပေမယ့် မတော်တဆ လွတ်မြောက်ဖို့အတွက် အခွင့်အရေးတစ်ခု ရလာခဲ့တယ်။

အခွင့်အ​ရေးတစ်ခုပေါ့ ဒါပေမယ့် ခန်းလောင်စန်း က သူ့ကို ငွေထုတ်တဲ့ ဘဏ်တစ်ခုလို သဘောထားပြီး သူ ကြီးပွားတိုးတက်ဖို့အတွက် လမ်းကြောင်းတစ်ခုလို့ သတ်မှတ်ထားတာ​လေ ဘယ်လိုလုပ် လွယ်လွယ်နဲ့ လွတ်မြောက်စေမှာလဲ"

"အဲ့ဒီလို အရာတွေ ဖြစ်ပျက်ပြီးတဲ့ နောက်မှာ ဖန်းကျွမ်းချိုင်ကတော့ အချိန်အတော်ကြာအောင် ခက်ခဲနေဆဲပဲဖြစ်သည်။

ဒါပေမယ့် မကြာခင်မှာပဲ အထက်ကနေ ထောက်ပံ့ရိက္ခာရောက်လာခဲ့ပြီးတော့ အဲဒီနှစ်ကို ကုန်ကျစရိတ် သက်သက်သာသာနဲ့ပဲ လွတ်မြောက်ခဲ့တယ်။

ဒါပေမယ့် ၂၀၀၈ ခုနှစ်လောက်မှာတော့ အဲ့ဒီရွာမှာ မကောင်းတာတွေ တစ်ခုပြီး တစ်ခု ဖြစ်လာခဲ့တယ်။

ပထမ၊ ခန်းလောင်စန်း နဲ့ သူ့မိသားစုအားလုံး နောက်နှစ်ရဲ့ ပထမဆုံးနေ့မှာပဲ အိမ်မှာ မထင်မှတ်ဘဲ ကွယ်လွန်သွားခဲ့တယ်။

သူတို့လက်တွေကို ကိုင်ထားကြပြီး ခြံထဲမှာ ကိုယ်လုံးတီးနဲ့ သေဆုံးနေခဲ့ကြတယ်"

“နောက်တော့ ခန်းလောင်စန်းမိသားစု ရဲ့ ဆွေမျိုးတွေ ဒါမှမဟုတ် မိသားစုရဲ့ အဓိက အကြီးအကဲ ဒါမှမဟုတ် မိသားစုတစ်ခုလုံးရဲ့ မျှော်လင့်ချက်တွေကို အပ်နှံထားတဲ့ ကလေးတွေဟာ တစ်ယောက်ပြီး တစ်ယောက် ရုတ်တရက် သေဆုံးသွားခဲ့တယ်။

အဲ့ဒါတွေ ဖြစ်ပြီးတော့ နောက် နှစ်နှစ်၊ သုံးနှစ်လောက်ပဲ ကြာခဲ့တယ်။ ငါပဲ အတွေးတွေ လွန်နေတာလား ဒါမှမဟုတ် မတော်တဆကြောင့်ပဲလားတော့ မသိပါဘူ၊ ဘာပဲဖြစ်ဖြစ် အဲ့ချိန်တုန်းက လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ကြတယ်။ အဲဒီ့အချိန်က ဒီပတ်ဝန်းကျင်တစ်ဝိုက်မှာ အဲ့အဖြစ်အပျက်က ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့သေးတယ်!”

အဘိုးနီယန်သည် ဘိုးဘေးအိုကြီး၏ လေသံဖြင့် လန်တင်းမြို့၊ ဖန်ကျွမ်းချိုင် တွင် ဖြစ်ပျက်ခဲ့သည်များကို ပြောပြခဲ့သည်။ နားထောင်ပြီးနောက် ကျန်းရီ ၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ကြည့်ရှုသူ စုစုပေါင်း ၂၅၀,၀၀၀ ကျော်တို့သည် တိတ်ဆိတ်သွားခဲ့​ကြသည်။

သူတို့သည် တစ်ခါမှ မကြုံဖူးသော အကြောက်တရားများကို ခံစားလိုက်ရသည်။

ဒါပေမယ့် သူတို့ကြောက်တဲ့အရာက နတ်ဆိုးဝိညာဥ် အဖြစ်ပြောင်းသွားတဲ့ သခင်ငယ်မဟုတ်ခဲ့ပေ ဖန်ကျွမ်းချိုင် မှာရှိတဲ့ ခန်းလောင်စန်း နဲ့ သူ့အပေါင်းအဖော်တွေရဲ့ ရက်စက်မှုတွေပဲဖြစ်သည်။

တစ်ချိန်က အင်တာနက်မှာ ရေပန်းစားနေတဲ့ စကားတစ်ခွန်းရှိခဲ့တယ်၊ “သရဲတစ္ဆေတွေကို ဘာကြောင့် ကြောက်နေရမှာလဲ​၊ လာခဲ့ လူတစ်ယောက်ရဲ့ သူ့အတွင်းစိတ်က နှလုံးသားကို ငါပြမယ်။”

ဤသည်မှာ လူ့ နှလုံးသားရှိ မကောင်းမှု၏ သာမာန် ဥပမာတစ်ခုပဲဖြစ်သည်။

ကျန်းရီ သည် ဤစကားတွေကို ကြားပြီးနောက်မှာ အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်သည်။

“​နောက် ဘာတွေ ဆက်ဖြစ်သေးလဲ၊ ဖန်ကျွမ်းချိုင် မှာ တခြားဘာတွေ ဖြစ်ခဲ့သေးလဲ”

အဘိုးနီယန်က ခေါင်းခါပြီး– “ဘိုးဘေးကြီးက နောက်ဘာတွေ ဆက်ဖြစ်လဲဆိုတာကို မပြောခဲ့ဘူး။

ဘာပဲဖြစ်ဖြစ် မူလက လူတွေတော်တော် များခဲ့တဲ့ ဖန်ကျွမ်းချုင်ရွာမှာ လူတွေဟာ ဖြည်းဖြည်းချင်း ရွာကနေ ထွက်ခွာသွားခဲ့ကြတယ်။

နောက်ဆုံးမှာတော့ အဲ့ အဝေးကို ပြောင်းသွားတဲ့သူတွေနဲ့တောင်မှ လက်ထပ်ချင်ကြတဲ့သူတွေ မရှိခဲ့ဘူး။

အဲ့ဒီအချိန်မှာ၊ ခန်း မိသားစုကို နေနေသာသာ ဖန်ကျွမ်းချိုင်က မည်သူ့ကိုမျှ လက်မထပ်ရဲကြဘဲ ၎င်းတို့၏ သားစဉ်မြေးဆက်တွေ မျိုးတုံးလုနီးပါးဖြစ်နေပြီလို့ ပြောကြတယ်။

ကျန်းရီ က ဘာမှပြန်မပြောခဲ့ပေ။ အခုအဖြစ်အပျက်ကို ဖြေရှင်းနေရင်း ဒီလိုမျိုး ကိစ္စကြီးတစ်ခု မတော်တဆ တူးဖော်မိလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပါဘူး။

ကျန်းရီ သည် အဖြစ်အပျက်တစ်ခုလုံးကို တွေးနေချိန်တွင် အဘိုးနီယန်သည် တုန်ရီနေသောလက်တွေနဲ့အတူ တစ်စုံတစ်ခုကို ထုတ်ယူလိုက်သည်။

၎င်းသည် လက်တစ်ချောင်းစာ​လောက် ရှည်သော သစ်သားအဆောင်တစ်ခုဖြစ်သည်။ ၎င်းတွင် စာလုံးတစ်လုံးတည်းသာ “ကောင်း”ဟု ရေးထိုးထားသည့် ဆိုင်းဘုတ်ဖြစ်သည်။

“အဲ့တာ​တွေဖြစ်ပွားခဲ့ပြီး သိပ်မကြာခင်မှာပဲ လောင်ချင်း က ထွက်သွားခဲ့တယ်။ နောက်နှစ်မှာလည်း လောင်ဇန်း က ထွက်သွားခဲ့ပြန်တယ်။

အခုငါက ငါတို့သုံးယောက်ထဲမှာ ငါတစ်ယောက်ထဲပဲ ကျန်ခဲ့တော့တယ်။

တခါတရံ ဒီအဆောက်ကို ကြည့်ရင်း တွေးမိတယ်...

ဒီအရာလေးက ငါ့အသက်ကို ကယ်ခဲ့တာများလားပေါ့

ဒီသစ်သားကမ္ပည်းပြားလေးက ဖန်ကျွမ်းချိုင်ရဲ့ ဘိုးဘေးဗိမာန်မှာ ကိန်းဝပ်နေခဲ့တာလေ။

ငါ ဖန်ကျွမ်းချိုင်က ပြန်ခဲ့တုန်းက ဘိုးဘေးကြီးက ယူသွားပါလို့ဆိုပြီး ပေးလိုက်ခဲ့တာ။

အဘိုးနီယန်သည် ကျန်းရီ ကို ပိုမိုရှင်းလင်းစွာမြင်နိုင်စေရန် အဆောင်ကို ထောင်ပြလိုက်သည်။ အဲဒီထဲမှာ “ကောင်း” ဆိုတဲ့ စကားလုံးတစ်လုံးပဲ ရှိတယ်။ ကျန်းရီ က “အဲ့ဒီဟာလေးက သခင်ငယ်လေးနဲ့ ဆက်စပ်မှုရှိခဲ့တာလား”

“ဘိုးဘေးကြီးက မပြောခဲ့ဘူး၊ ဒါပေမယ့် အဲ့လိုပဲလို့တော့ ထင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဖန်ကျွမ်းချိုင် မှာ တစ်ယောက်ယောက် ချမ်းသာလာသရွေ့ သူတပါးကို ကူညီဖို့ ဘယ်တော့မှ မမေ့ခဲ့ဘူး။

အိုး..ဒါနဲ့ စကားမစပ် ကျင်းတုံမြို့က အကျော်ကြားဆုံး သူဌေးတစ်ဦးကလည်း ဖန်ကျွမ်းချိုင်ကပဲလေ။ ဖန်ကျွမ်းချိုင် ရဲ့ ဘိုးဘေးစဉ်ဆက် ကျင့်ထုံးတွေကြောင့် အခု တိုင်းပြည်ထဲမှာလည်း ကုသိုလ်ကောင်းမှုတွေ အများကြီး လုပ်ခဲ့တယ်”

“နောက်ဆုံးတော့ ဘိုးဘေးကြီးက ငါ့ကို တစ်ခုခုပြောခဲ့လိုက်တယ်။ ဒီတံဆိပ်က ကံကြမ္မာတိုက်ဆိုင်တဲ့သူတွေအတွက်ပဲလို့ ပြောခဲ့တယ်။ ဒါပေမဲ့ ကံကြမ္မာက ဘာကိုဆိုလိုတယ်ဆိုတာတော့ အသေးစိတ်တော့ မပြောခဲ့ဘူး။”

အဘိုးနီယန်က စကားတွေပြောပြီးနောက် သက်ပြင်းရှည်ကြီး ချလိုက်သည်။ ပင်ပန်းလို့လား ဒါမှမဟုတ် အသက်ကြီးလို့ အားအင်တွေ ချို့တဲ့လို့လားတော့မသိပေ။

ထိုအချိန်တွင် ဖန်းလင် နှင့် ပါမောက္ခ ဇန်းတို့ ဝင်လာခဲ့သည်။

စားပွဲပေါ်ရှိ သစ်သားဆိုင်းဘုတ်ကို သူမမြင်သောအခါ အံ့အားသင့်စွာဖြင့် “အဘိုး... အဘိုးမှာ ဘာလို့ ဒီလိုအဆောင် ရှိနေတာလဲ။”

“ဘာလဲ၊ ကလေးမလေး မင်းမှာလည်း ဒီလိုဟာတစ်ခု ရှိလို့လား” အဘိုးနီယန်သည် အံ့အားသင့်သွားခဲ့သည်။

ဖန်းလင် သည် သူမ၏ အိတ်ထဲမှ တံဆိပ်တစ်ခုကို အမြန်ထုတ်လိုက်ပြီး “ဟုတ်တယ်၊ အဲဒါက အတူတူပဲ။

ဒီတံဆိပ်က ကျွန်မအဘိုးက ပေးခဲ့တာပါ။

သူငယ်ငယ်တုန်းက အဘိုးကြီးတစ်ယောက်က ပေးခဲ့တာလို့ ပြောတယ်”

သပ်သပ်ရပ်ရပ်နဲ့ ဖန်တီးထားတာလို့ သူထင်တဲ့အတွက် စုဆောင်းခဲ့တာတဲ့။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သူက ဒီတံဆိပ်ကို ကျွန်မကို ပေးခဲ့ပြီး အဲဒါက ကျွန်မကို ဘေးကင်းစေမယ်လို့ ပြောခဲ့တယ်။

သူ့ရှေ့က မြင်ကွင်းကို ကြည့်ပြီးတော့ ကျန်းရီဟာ ဒီလို တိုက်ဆိုင်မှုမျိုး ရှိလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။

လန်တင်းမြို့သို့ သွားရောက်ခဲ့သော အဘိုး သုံးဦးအနက် နောက်ဆုံး အသက်ရှင်ကျန်ရစ်သူမှာ ဤကဲ့သို့သော သစ်သားအဆောင်တစ်ခု ရှိနေခဲ့သည်။

စိတ်ဝိညာဥ်ဂိမ်း ကစားဖူးသူတွေထဲမှာမှ သူ့ထံ အကူအညီတောင်းခဲ့သော ဖန်းလင်မှာလည်း ဤကဲ့သို့သောဟာ တစ်ခုရှိနေခဲ့သည်။

ဒါဟာ ကံကြမ္မာလား။

မဟုတ်ဘူးထင်တယ်၊ ကျန်းရီ ရဲ့အမြင်အရ၊ ဒါဟာ တစ်စုံတစ်ယောက်ရဲ့ လျှို့ဝှက်ထားတဲ့ အပြုအမူတစ်ခုလို့ ထင်ရတယ်။

ကံမကောင်းစွာပဲ၊ လက်ရှိအခြေနေကို ကြည့်ရမယ်ဆိုရင် လူတွေဟာ အရင်ကနဲ့ တူမနေတော့ပါဘူး။

“ကောင်းပြီ အဘိုးရေ ကျွန်တော် အဘိုး ရဲ့ အနားယူချိန်တွေကို နှောင့်ယှက်မိပြီ။ ကျွန်တော် သိချင်တာတွေလည်း အကုန်သိပြီးပြီမို့ အဘိုး စောစော အနားယူလို့ရပါပြီ”

ကျန်းရီက အဘိုးနီယန်ကို ပြုံးကာပြောလိုက်ပြီး ဖန်းလင် က သူမရဲ့ သစ်သားအဆောင်ကို ဖယ်လိုက်ပြီး ကျန်းရီရဲ့ ညွှန်ကြားချက်အတိုင်း အပြင်ကိုထွက်သွားလိုက်သည်။

သူထွက်လာပြီးချင်းမှာပဲ ကျန်းရီ က “ဖန်းလင်၊ မင်းအဘိုးက မင်းရဲ့ အသက်ကို ကယ်ခဲ့ပုံရတယ်။ မင်းရဲ့အခြေအနေက အဆိုးဆုံးလို့ထင်ရပေမယ့် တကယ်တော့ မင်းဟာ အကောင်းဆုံး ဖြစ်နေခဲ့တာပဲ”

“ဘာလို့လဲဆို​တော့ မင်းက အကူအညီတောင်းဖို့ကို သိနေသေးတဲ့အတွက်ပဲ။ တခြားလူတွေကတော့ အဲဒီအထဲမှာ ပိတ်မိနေပြီး သူတို့ကိုယ်သူတို့ မရုန်းထွက်နိုင်တော့ဘူး။

နောက် အဲ့သခင်ငယ်ကို အပြင်ခေါ်ထုတ်ပြီး သူဘာလုပ်ချင်နေတာလဲဆိုတာကို မေးကြည့်ရမယ်။

ဒေါသ​တွေ နာကြည်းမှုတွေ အပြည့်နဲ့ သေဆုံးသွားတဲ့ ယောကျာ်းတစ်ယောက် ဒါပေမယ့် သူသေဆုံးပြီးလို့ ဂလဲ့စားချေပြီးတာတောင် အပိုတွေကို လုပ်ဆောင်နေဆဲဖြစ်တယ်။

ဒီလိုလူကို လူချင်းမတွေ့ရရင် နှေမြာစရာပဲလေ။

ဖန်းလင်ကတော့ အဲ့မျက်နှာမဲ့လူကို အတွေ့ချင်ဆုံးသူ ဖြစ်နေနိုင်သည်။ ဒါကြောင့် သူမက “စတွင်မာအစ်​ကိုကြီး သူ့ကို ဘယ်လိုရှာရမှာလဲ”

“ဒီ စိတ်ဝိဥာဉ်ဂိမ်းက ဘယ်ကနေ စခဲ့တာလဲဆိုတာ မှတ်မိသေးလား။”

“သိပ်မသေချာဘူး၊ ရုတ်တရက်ကြီး ထရေပန်းစားလာပုံရတယ်။”

ကျန်းရီက ခဏလောက်စဉ်းစားလိုက်ပြီး မကြာခင်မှာပဲ နည်းလမ်းအသစ်တစ်ခုနဲ့ “ကိုယ့်ကိုကိုယ် သိပါ ပြီးတော့ ရန်သူကို သိပါ ဒါဆိုရင် ပိုတိကျတဲ့နည်းလမ်းကို မင်းရှာတွေ့နိုင်ပြီလေ။ အခု ဒီကောင့်ကို ငါတို့ သေချာသလောက် နားလည်နေပြီ။ အခု သူဘယ်မှာရှိလဲဆိုတာ ငါတို့ မသိမှတော့ သူ့ကို ထွက်လာခိုင်းလိုက်ရအောင်။”

“ဘယ်လိုလဲ?”

“ပါမောက္ခ ဇန်း နဲ့ ကျောင်းကို ပြန်လိုက်သွားလိုက် ပြီးရင် မင်းရဲ့အခန်းဖော်တွေကိုခေါ်ပြီး အဲ့ဒီ စိတ်ဝိညာဥ်ဂိမ်းကို နောက်တစ်ကြိမ် ထပ်ကစားလိုက်။ ဒါမှ သူထွက်မလာသေးရင် သူ့ကို ထွက်လာအောင် တွန်းအားပေးရမှာပေါ့။

All Chapters