← Chapters

မျက်နှာ တစ်ခု

Vol. 7 Ch. 94

မျက်နှာ တစ်ခု

Vol. 7 Ch. 94

အဘိုးနီယန်၏ တုံ့ပြန်မှုသည် အရာအားလုံးကို ပြောပြနေသလိုပင်။ ကျန်းရီ က ပါမောက္ခ ဇန်း ကို အဘိုးရဲ့ ဇနီးနဲ့ ဖန်းလင်ကို ခေါ်ြပီး အပြင်မှာ ထွက်နေပေးဖို့ တောင်းဆိုခဲ့လိုက်သည်။ အဘိုးနီယန် နှင့် သူသာ အခန်းထဲတွင် ကျန်ခဲ့ပြီး ဖုန်းရဲ့ စခရင်ကို ဖြတ်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေခဲ့ကြသည်။ .

ကျန်းရီက အဘိုးနီယန်ကို ကြည့်သောအခါ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေသည်။

ဒါပေမယ့် အဘိုးနီယန်ကတော့ မရယ်နေဘူး။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် အလွန် စိုးရိမ်နေခဲ့သည်။

“အဘိုးက စိတ်ပူနေတာလား"

"သေတဲ့သူရှိလား? သေတဲ့သူတွေ ရှိခဲ့လား?"

အဘိုးနီယန်က စိုးရိမ်တကြီး မေးလိုက်ရာ ကျန်းရီ က ခေါင်းခါလိုက်ပြီး “အခုချိန်ထိ ဘယ်သူမှ မသေသေးပါဘူး၊ ဒါပေမယ့် အချိန်ကြာသွားရင်တော့ ပြောဖို့ခက်လိမ့်မယ်။ အဲဒီတုန်းက အဘိုးနဲ့၊ မစ္စတာ ဇန်းနဲ့ မစ္စတာ ချင်း တို့၊ လန်တင်းမြို့မှာ ရှိခဲ့တာမလား? ပြောပါအုံး ဘာတွေဖြစ်ခဲ့တာလဲ"

"ဟူး...ဘယ်လိုအပြစ်တွေလဲ၊ လောင်ချင်းရဲ့ အသက်နဲ့ပတ်သက်တဲ့ ကိစ္စတွေက ပြီးသွားလိမ့်မယ်လို့ ငါထင်ခဲ့တာ။ ငါမမျှော်လင့်ထားတာက သူ့ကိစ္စက လွယ်လွယ်အဆုံးမသတ် သွားတာကိုပဲ။ အခုတော့ လောင်ချင်းလည်း ဆုံးပါးသွားပြီ၊ လောင်ဇန်းရောပဲ၊ အခု… ငါတစ်ယောက်ထဲပဲ ကျန်တော့တယ်... ငါက အပြစ်သားတစ်ယောက်ပါ!"

အဘိုးအိုသည် စကားပြောရင်းနဲ့ မျက်လုံးများနီရဲလာခဲ့သည်။

"အဘိုးနီယန်၊ ဒီကိ​စ္စတွေကို အဘိုးကို ကျွန်တော်ပြောပြီးပြီ၊ ဒါကြောင့် အခု အသေးစိတ် ဖြစ်စဉ်ကို ကျွန်တော် သိဖို့လိုတယ်။ အဘိုးတို့ လန်တင်းမြို့ကို ဘာကြောင့် သွားခဲ့တာလဲ၊ ​ပြီးတော့ အဲ့မှာ ဘာတွေဖြစ်ခဲ့တာလဲ၊ မစ္စတာ ချင်းကရော ဘာကြောင့် သေရတာလဲ။ မင်းကရော ဘာလို့ အပြစ်သားပါလို့ ပြောရတာလဲ။”

ကျန်းရီ၏ အမူအရာသည် အနည်းငယ် မည်းမှောင်သွားကာ အဖိုးအိုက အသက်ပြင်းပြင်းရှူကာ "ဒီကိစ္စကို ပြောချင်ရင် လမ်းဘေးက ရှေးဟောင်းပစ္စည်းရောင်းသူနဲ့ ၊ ပြီးတော့ မျက်နှာတစ်ခုနဲ့ စရမှာပေါ့" လို့ပြောလိုက်သည်။

“လွန်ခဲ့တဲ့ ခြောက်နှစ်က ဇူလိုင် ၁၃ ရက်ဟာ ပိတ်ရက်နေ့ဖြစ်ခဲ့တယ်။

ငါတို့ သုံးယောက်က ရှေးဟောင်းသုတေသန အလုပ်ကို လုပ်ကိုင်ကြပြီးတော့ အားလပ်ချိန်တွေမှာ ရှေးဟောင်းပစ္စည်းစျေးကို သွားလေ့ရှိတယ်။

အဲ့အချိန် ကျင်းတုံမြို့မှာ လမ်းဟောင်းတစ်ခုရှိခဲ့တယ်။

ပိတ်ရက်တွေဆိုရင် အဲဒီလမ်းမှာ ရှေးဟောင်းပစ္စည်း အမျိုးမျိုးကို လာရောင်းလေ့ရှိတယ်။

စျေးသည်တွေ မျိုးစုံလာလေ့ရှိတယ်။

အဲ့နေ့က ငါတို့သုံးယောက်က စျေးဆိုင်တစ်ခုရှေ့မှာ ရပ်ပြီးတော့ အဲ့ဆိုင်က မျက်နှာတစ်ခုကို စိတ်ဝင်စားစွာ ကြည့်နေခဲ့တယ်။

အဲဒီတုန်းက စျေးသည်က အဲ့ဒီဟာက သူတို့ကိုယ် သူတို့ ဖုံးကွယ်ဖို့အတွက် ရှေးခေတ်လူတွေသုံးတဲ့ အရာဖြစ်ပြီးတော့ အဲ့မျက်နှာက လူမျက်နှာနဲ့ အရမ်းတူတယ်ဆိုတဲ့ အကြောင်း။ ပြီးတော့ အဲ့တာက ထန် မင်းဆက်ကလို့ပါ ပြောခဲ့တယ်။"

"ဒါပေမယ့် သူ့စကားတွေက ငါတို့သုံးယောက်ရှေ့မှာ အသုံးမဝင်ခဲ့ဘူး ဒါပေမယ့် အဲဒီမျက်နှာက ငါတို့ရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့တယ်။

ဘာကြောင့်လဲ ဆိုတော့ ဒါဟာ ရှေးခေတ် ရုပ်ဖျက်သူတွေ ပြုလုပ်ထားတဲ့ မျက်နှာ မဟုတ်ဘူး ဆိုတာကို ငါတို့ သေချာနေခဲ့လို့ပဲ။ ပြီးတော့ အဲ့ဒါက တကယ့်မျက်နှာအစစ်ကြီး”

“ အဲဒီတုန်းက ငါတို့က ဒီပစ္စည်းကို ဘယ်ကရခဲ့တာလဲလို့ မေးလိုက်တယ်။ ပြီးတော့ ဘယ်ကလဲဆိုတာ ပြောပြရင် ငါတို့က သူတောင်းတဲ့စျေးနဲ့ အဲ့မျက်နှာကို ဝယ်ဖို့ ဆန္ဒရှိတယ် လို့ပြောလိုက်တယ် “

“ဈေးသည်က ပိုက်ဆံပို လိုချင်ခဲ့တာလေ

ဒါကြောင့် ပထမတော့ သူက ငါတို့ကို အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေခဲ့တယ် ဒါပေမယ့် နောက်တော့ ဒီဟာက နှစ်ငါးဆယ်ထက် မပိုဘူး၊ သမိုင်းနောက်ခံလည်းမရှိဘူးလို့ ငါတို့ သူ့ကို တိုက်ရိုက်ပြောပြလိုက်တယ်။

အဲ့ဒီတော့မှ သူက အဲ့တာက လန်တင်းမြို့ကဖြစ်ပြီးတော့ အဲ့နေ့က သူက လန်တင်းမြို့မှာ ရှိနေပြီးတော့

မြစ်ငယ်တစ်ခုမှာ တစ်ခုခုကို ရေဆေးနေရင်း ရေပေါ်ကနေ မျောပါလာတာလို့ ပြောခဲ့တယ်”

"ငါတို့ သုံးယောက် အဲ့ဒီမျက်နှာကို စိတ်ဝင်စားရတဲ့ အဓိက အကြောင်းအရင်းက သူ့ရဲ့ ထူးခြားပုံကြောင့်ပါ။

သမိုင်းအမွေအနှစ် မပြောနဲ့ အဲ့မျက်နှာက နှစ်ဘယ်လောက်မှ ရှိမနေဘူးဆိုတာ ငါတို့သေချာသိနေခဲ့တယ်။

ဒါပေမယ့်လည်း လူတစ်ယောက်က သေပြီးနောက်မှာ သူ့ခန္ဓာကိုယ်က အရိုးတွေအဖြစ်ကို ပြောင်းဖို့က သိပ်မကြာလိုက်ဘူးလေ ။ မျက်နှာတစ်ခုကို ကျန်နေဖို့ နေနေသာသာ။

အထူးသဖြင့် နှစ်ပေါင်း နှစ်ဆယ်ကျော် တောင် ရှိနေပြီလေ၊ မျက်နှာက ဘယ်လိုလုပ်ပြီး အကောင်းတိုင်း ရှိနေရတာလဲပေါ့။ ဒါကို ငါတို့ အဖြေရှာချင်ခဲ့တယ်၊ ဒါပေမယ့် ရောင်းသူပြောတာတွေက သိပ်မစုံဘူး၊ ဒါကြောင့် လန်တင်းမြို့ကို ငါတို့ ကိုယ်တိုင်သွားဖို့ ဆုံးဖြတ်လိုက်တယ်။”

“ဒါနဲ့ ငါတို့က လမ်းပြအဖြစ်နဲ့ အဲ့ဒီ ဈေးရောင်းသမားကို ခေါ်သွားခဲ့လိုက်တယ်။

ဈေးရောင်းသမားက သူရေဆေးခဲ့တဲ့ နေရာကို ငါတို့ကို ခေါ်သွားခဲ့တယ်။ အဲ့နောက် ငါတို့ သုံးယောက် ရေပေါ်ဆန်တက်သွားခဲ့တယ်။

ငါနဲ့ လောင်ဇန်းက မြစ်ရဲ့ ညာဘက်ကမ်းမှာ ရှိပြီး လောင်ချင်းက ဘယ်ဘက်ကမ်းမှာ တစ်ယောက်တည်း တက်သွားခဲ့တယ်။

မြစ်ကမ်းက သိပ်မကျယ်ဘူး။ ငါးမီတာ၊ ခြောက်မီတာလောက်ပဲ ကွာတဲ့အတွက် တစ်ယောက်ကို တစ်ယောက် အလွယ်တကူ မြင်နေရတယ်၊ ဒါပေမယ့် နေ့လယ်ကနေ ညနေအထိ နှစ်ဖက်လုံးမှာ ရှာတာတောင် ဘာသင်္ချိုင်းမှ ရှာမတွေ့ခဲ့ဘူး”

“အဲဒီတုန်းက ငါတို့က အပေါ်က ရွာက တစ်စုံတစ်ယောက်က စွန့်ပစ်ထားခဲ့တဲ့ အရာတစ်ခုခု ဖြစ်နိုင်တယ်ဆိုပြီး သူကလည်း တခြားတစ်နေရာက ရခဲ့တာ ဖြစ်နိုင်တယ်လို့ မှန်းဆခဲ့လို​က်ကြတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီအတွေးက ပိုအားကောင်းလာခဲ့တယ်၊ ဒါပေမယ့် ညနေစောင်းလာတဲ့ အချိန်မှာ လောင်ချင်းက တဖြည်းဖြည်းနဲ့ ထူးဆန်းလာခဲ့တယ်”

“အဲဒီတုန်းက သူ လမ်းလျှောက်တာ အရမ်းမြန်တယ်၊ ငါတို့နှစ်ယောက်ထက် ပိုမြန်တယ်။

အဲဒါကို သတိပြုမိတဲ့အခါ ငါတို့က လောင်ချင်း မင်း ဘာလို့ ဒီလောက် မြန်မြန်ဆန်ဆန် လမ်းလျှောက်နေတာလဲ၊ မှောင်နေပြီ သတိထားအုံး။ လောင်ချင်းက ငါတို့ကို ဂရုမစိုက်ခဲ့ဘူး။

တဖြည်းဖြည်းနဲ့ ခပ်မြန်မြန် လမ်းလျှောက်တာကနေ စပြီးတော့ ပြေးလာခဲ့တယ်။

အဆုံးမှာတော့ သူက ငယ်ရွယ်မှု မရှိတော့တဲ့ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ရှေ့ကို အရူးအမူး ပြေးသွားခဲ့တယ်!”

“ရှေးဟောင်းသုတေသနတွေကို လုပ်ကိုင်တဲ့ သူတွေက ပြင်ပကမ္ဘာကို ငါတို့က သိပ္ပံနည်းကျ အချက်အလက်တွေကို ယုံကြည်တယ်လို့ အမြဲပြောနေပေမယ့် တခါတရံမှာ ငါတို့လို့ ပရော်ဖက်ရှင်နယ် ပညာရှင်တွေတောင် ရှင်းပြလို့မရတဲ့ အရာတွေကို မကြာခဏ ကြုံလေ့ရှိတယ်။

ဒါ့ကြောင့် ရှေးဟောင်းသုတေသန လုပ်သားတိုင်းရဲ့ နှလုံးသားထဲမှာ သရဲတွေနှင့် နတ်ဘုရားတွေကို အကြီးအကျယ်ကို ယုံလေ့ရှိကြတယ်။

အဲ့အချိန်မှာ ငါတို့က လောင်ချင်း ကို နတ်ဆိုးဝိညာဥ် ပူးကပ်နေပြီလို့ သံသယဝင်လိုက်ကြတယ်။ တစ်ဖက်မှာ ပြေးနေတဲ့ လောင်ချင်း ကို ငါတို့ ဂရုမစိုကတော့ဘဲ သူအရှိန်လျှော့တော့မှ တစ်ဖက်ကမ်းသို့ ကူးခတ်ပြီး သူ့ကို တားမယ်လုပ်ခဲ့တာပေါ့”

အဘိုးနီယန်က ဒီလိုတွေပြောတဲ့အခါမှာ သူ့အမူအရာက တဖြည်းဖြည်းနဲ့ ပြောင်းလဲလာပြီး သူ့ရဲ့ မျက်လုံး​တွေထဲမှာ ကြောက်ရွံ့မှုတွေကို ရှင်းရှင်းလင်းလင်းပဲ မြင်လိုက်ရတယ်။

"လောက်ချင်းက နောက်ဆုံးတော့ နှေးကွေးသွားခဲ့ပြီး သူ မပြေးနိုင်တော့ဘူး။ ဒါပေမယ့် ငါတို့ကလည်း မောပန်းနေခဲ့တယ်။ အဲဒီအချိန်မှာ လောင်ချင်းက မြစ်ကမ်းထဲကို လဲကျသွားခဲ့တယ် ငါတို့ကို မျက်နှာမူပြီးတော့ပေါ့။ အဲဒီတုန်းက သူခေါင်းကို သေချာကိုင်ထားပြီးတော့ ​​သူ့မျက်လုံးတွေက ငါ့ကို အမြန်ကူညီပါအုံးလို့ ပြောနေသလိုမျိုး ငါတို့ကို စိုက်ကြည့်နေတယ်!"

“လောင်ဇန်း နဲ့ ငါ့ သူ့အဲ့လိုပုံစံကို မြင်လိုက်ရတော့ ရေထဲခုန်ချလိုက်တယ်။

ရေက သိပ်မနက်ဘူး ခါးအထိပဲ ရှိတယ်။

ရေထဲလျှောက်ပြီးသွားလိုက်တယ်၊ ဒါပေမယ့် မြစ်လယ်နားကိုရောက်တဲ့အခါ လောင်ချင်း ရဲ့နဖူးမှာ တစ်ခုခု ပေါ်လာခဲ့တယ်။

ရုတ်​တရက်​ အ​ပေါက်​တစ်​ခု ​ပေါ်လာပြီး ​သွေး​တွေက အရူးအမူး ထွက်​လာခဲ့တယ်​။

လောင်ချင်းက အော်လိုက်တယ် ဒါပေမယ့် အသံမထွက်လာခဲ့ဘူး။

လောင်ဇန်း နဲ့ ငါက စိတ်ပိုပူလာခဲ့ပြီး အပြေးအလွှား သွားလိုက်တယ် “

“ဒါပေမယ့်...အသက်ရှူသံ တစ်ချက်နှစ်ချက်လောက်ပဲ ကြာလိုက်တယ်။

လှောင်ရယ်သံတစ်ခု ထွက်လာ​ပြီးတော့ လောင်ချင်းရဲ့ မျက်နှာတစ်ခုလုံးကို လက်တစ်စုံက စုတ်ဖြဲလိုက်တယ်။ သွေးတွေက အရမ်းထွက်နေခဲ့တယ်၊ လောင်ချင်းပုံစံက ​​အရမ်းသနားစရာ ကောင်းနေခဲ့တယ်။ သူ့မျက်လုံးတွေက ပြူးကျယ်နေခဲ့ပြီးတော့ သူ့မျက်နှာတစ်ခုလုံး အရေခွံမရှိတော့ပဲ၊ သွေး နဲ့ အသားတွေသာ ရှိတော့တယ်။

အဲဒီတုန်းက သူဘယ်လိုပုံစံ ဖြစ်နေလဲဆိုတာ ဘယ်လို ဖော်ပြရမလဲတောင် မသိဘူး။

​လောင်ဇန်း နဲ့ ငါ နှစ်ယောက်စလုံး အလွန်ကို ကြောက်လန့် သွားခဲ့တယ်”

“လောင်ချင်း လည်း ကျယ်လောင်စွာအော်ပြီး ဆူညံနေတော့တယ်။ နာကျင်မှုကြောင့် သူ့အရေပြား မရှိတော့တဲ့ မျက်နှာကို ကိုင်မိမှာကို စိုးရိမ်ပြီး သူ့ဆီအမြန် လျှောက်သွားလိုက်ပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်တယ်။ ကံမကောင်းစွာနဲ့ သူ့မျက်နှာအရေပြားက မြစ်ထဲကို တိုက်ရိုက်ပြုတ်ကျပြီး စီးပါသွားခဲ့တယ်

“လောင်ဇန်း နဲ့ ငါ အဲဒီ့မျက်နှာကို ရှာဖို့ မစဉ်းစားခဲ့ဘူး၊ ဒါကြောင့် ငါတို့က သူ့လက်ကို ကိုင်ပြီး အပြင်ကို အကူအညီတောင်းဖို့ အမြန်ပြင်ဆင်ခဲ့တယ်။

ဒါပေမယ့် ငါတို့ လောင်ချင်း ရဲ့ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်တဲ့အခါမှာ ခေါင်းတွေမူးဝေလာပြီး မျက်လုံးတွေကို တစ်စုံတစ်ယောက်က အုပ်ထားသလိုမျိုး၊ ပြီးတော့ မီးလုံးလေးတွေ ခုန်နေတာကို ဖြည်းဖြည်းချင်းမြင်လိုက်တဲ့အခါမှာ စိတ်ထဲကို မသိလိုက်ပဲနဲ့ အသံတစ်ခုဝင်လာခဲ့တယ်

ငါတို့ကိုမေးလိုက်တဲ့အသံ………”

“မင်းတို့ ဘာတွေ ဖြစ်ချင်လဲ?”

All Chapters