← Chapters

လူတွေရဲ့ နှလုံးသားက သရဲတစ္ဆေတွေထက် ပိုကြောက်ဖို့ကောင်းတယ်

Vol. 7 Ch. 95

လူတွေရဲ့ နှလုံးသားက သရဲတစ္ဆေတွေထက် ပိုကြောက်ဖို့ကောင်းတယ်

Vol. 7 Ch. 95

အဘိုးနီယန်က သူတို့သုံးယောက်ရဲ့ လျှို့ဝှက်ချက်ကို ပြောပြခဲ့ပြီး စကားပြောလို့​ပြီးတဲ့အခါ သူ့မျက်နှာမှာ မျက်ရည်တွေနဲ့ ပြည့်နေခဲ့တယ်။

"ဒါဆို အဲဒီတုန်းက အဘိုး တစ်ခုခု တွေးခဲ့တယ်မလား၊ အဘိုး ဖြစ်ချင်ခဲ့တာက မစ္စတာချင်း ကို ဘေးကင်းကင်းနဲ့ အသက်ဆက်ရှင် စေချင်ခဲ့တာမလား။”

ကျန်းရီက နာကျင်စွာနဲ့ မျက်လုံးတွေကို မှိတ်ပြီး တိတ်တိတ်လေး ခေါင်းညိတ်ပြ​နေတဲ့ အဘိုးနီယန်ကို မေးလိုက်တယ်။

"ဒါပေမယ့် နောက်ဆုံးမှာတော့ အဘိုးတို့အားလုံး လှည့်စားခံလိုက်ရတယ်။ မစ္စတာချင်းက အဲဒီအချိန်မှာ ပုံမှန်ပြန်ဖြစ်ခဲ့ပေမယ့် မကြာခင်မှာပဲ မစ္စတာချင်းဟာ သေဆုံးသွားခဲ့တယ်။"

"ဟုတ်ပါတယ်၊ အဲဒီအသံကို ကြားလိုက်ရတဲ့အချိန်မှာ ငါ့ရဲ့ ပထမဆုံးအတွေးက လောင်ချန်းကို ပြန်ကောင်းလာဖို့ မျှော်လင့်ပြီးတော့ ငါတို့ အဲဒီ့နေရာကနေ ဘေးကင်းစွာ ထွက်ခွာနိုင်စေဖို့ပါပဲ။"

"အဲ့ဒီလို တွေးလိုက်ပြီးတာနဲ့ ခေါင်းနောက်နေတာကနေ ပြန်သက်သာလာခဲ့တယ်။ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ လောင်ချင်း ဟာ တကယ်ကို နဂိုအတိုင်းပြန်ဖြစ်နေတာကို တွေ့ရတော့ အရမ်းပျော်ပြီး စိတ်လှုပ်ရှားသွားတယ်။ ဒါပေမယ့် ငါက အရူးတစ်​ယောက်သာသာပဲ၊ ငါ​က စာပေအနုပညာတွေနဲ့ ပတ်သတ်တဲ့ အလုပ်တွေ ​လုပ်ကိုင်နေတဲ့ လူတစ်ယောက်ပဲလေ အဲ့ဒီအချိန်မှာ သူ့ကို ဘာလို့​ ကျေးဇူးတင်နေ​ရတာလဲ။"

အဘိုးနီယန်သည် သူပြောနေရင်း ပို၍ပင် နာကျင်စွာ ငိုကြွေးနေခဲ့သည်။

ကျန်းရီက ခဏလောက်စဉ်းစားပြီး “ဒါဆို မစ္စတာ ဇန်း က သူပါဝင်ခဲ့တဲ့ ခရီးသွားဒိုင်ယာရီမှာ လန်တင်းမြို့က မျက်နှာမဲ့လူရဲ့ပုံကို ဘာလို့ ဆွဲထားခဲ့တာလဲ။”

အဘိုးနီယန်က အံ့အားသင့်စွာနဲ့ "လောင်ဇန်းက သူ့ခရီးသွားမှတ်စုမှာ ပုံတူတစ်ပုံကို ထားခဲ့တယ်လား" ဟု မေးလိုက်သည်။

"ကျင်းတုံတက္ကသိုလ် က သူပါဝင် ရေးသားခဲ့ဖူးတဲ့ ခရီးသွားမှတ်စုမှာ အဲဒီ မျက်နှာမဲ့ လူရဲ့ ပုံတူကို သူကိုယ်တိုင် ဆွဲထားခဲ့တာ”

အဘိုးနီယန်သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ မျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်လိုက်ပြီး “သူ နောက်ဆုံးတော့ တစ်ခုခုတော့ ချန်ခဲ့သေးတာပဲ။ အဲဒီတုန်းက ငါတို့ သုံးယောက်က အပြစ်ဒဏ်ခံရမှာကို ကြောက်လို့ ငါတို့ သေခဲ့ရင်တောင်မှ အဲ့ဒီအကြောင်းတွေကို နှုတ်ဆိတ်နေမယ်လို့ သဘောတူခဲ့ကြတယ်”

“ဒါဆို သူက ဘယ်လိုပုံစံလဲ၊ အဘိုး မှတ်မိသေးလား”

“မှတ်မိတာပေါ့၊ အရမ်းကို မှတ်မိတာပေါ့။

ခေါင်းနောက်နေတာကနေ သက်သာပြီးနောက်မှာ ငါတို့ ကမ်းပေါ်သို့တက်ခဲ့ကြတယ်

လောင်ချင်းက ကမ်းပေါ်ရောက်တော့ သတိလစ်သွားခဲ့တယ်။ ပြတ်တောက်သွားတဲ့ သူ့မျက်နှာကလည်း ပြန်ပေါ်လာခဲ့တယ်။

အံ့အားသင့်စရာကောင်းတာက အဲ့အချိန်မှာ ငါက စိတ်လှုပ်ရှားပြီး နတ်ဘုရားတွေကို ကျေးဇူးတင်ကြောင်း ပြောလိုက်တယ်။

အဲဒီအချိန်မှာ ဘာကြောင့် ဒီစကားတွေ ပြောမိမှန်းကို မသိခဲ့ဘူး။ အဲဒီစကားတွေ ပြောပြီးတဲ့ နောက် မြစ်ထဲမှာ ရေဝဲတစ်ခု ပေါ်လာခဲ့တယ်။ “

“ငါနဲ့ လောင်ဇန်းတို့ ရပ်နေခဲ့တဲ့ ညာဘက်နားမှာ ရေဝဲက ပေါ်လာခဲ့တာ

အဲ့ရေဝဲကနေ အောက်ခြေမရှိဘူးလို့ ထင်ရတဲ့ တွင်းနက်ကြီးတစ်ခု စတင်ဖြစ်ပေါ်လာခဲ့တယ်။

အဲ့နောက်မှာ သူက အဲ့တွင်းနက်ထဲကနေ ထွက်လာခဲ့တယ်။

သူ့ဆံပင်တွေက အရမ်းရှည်တယ် ... ဒါပေမယ့် သူ့မျက်နှာက လုံးဝကို ဖြူဖျော့နေပြီးတော့ မျက်နှာသွင်ပြင်လည်း မရှိခဲ့ဘူး၊ ဒါပေမယ့် သူ မင်းကို စိုက်ကြည့်တဲ့အခါမှာ မင်းက သူ့ မျက်လုံးတွေကို မြင်နေရတယ်လို့ ထင်လာလိမ့်မယ်။”

“အရမ်းကိုအေးစက်နေတဲ့ မျက်လုံးတွေ။ သူ့မျက်လုံးတွေက လုံးဝကို ခံစားချက်မရှိသလို အေးစက်နေတယ်။ လောင်ဇန်း နဲ့ ငါတို့ နှစ်ယောက်လုံး အဲ့တာကို အတူတူ မြင်လိုက်ရတယ်။ သူ့ရဲ့ လည်ပင်းက ဆွဲဆန့်လာပြီး ငါတို့မျက်နှာနဲ့ အရမ်းနီးကပ်​နေခဲ့တယ်၊ ဒါပေမယ့် စက္ကန့်ပိုင်းအတွင်းပိုင်းမှာပဲ သူက တဖြည်းဖြည်းနဲ့ နစ်မြုပ်သွားပြီး ပျောက်သွားတယ်။”

အဘိုးနီယန်သည် စကားပြောပြီးနောက် သက်ပြင်းအရှည်ကြီးချလိုက်သည်။ သူတို့သည် ဤလျှို့ဝှက်ချက်ကို နှစ်ပေါင်းများစွာကြာအောင် သိမ်းဆည်းထားခဲ့သည်။

နှစ်ပေါင်းများစွာကြာအောင် ဘယ်သူ့ကိုမှ မပြောခဲ့ဖူးပေ။

ကျန်းရီ သည် အဘိုးအို၏ စိတ်သက်သာရာ ရနေသောပုံစံကို ကြည့်ကာ ခဏလောက်စဉ်းစားလိုက်ပြီး “ဒါဆို အဘိုးက ဒီကိစ္စကို တကယ်ကြီး ထပ်ပြီးတော့ မစုံစမ်းခဲ့ဖူးလား?”

အဘိုးအိုက ခေါင်းကို မော့ပြီး ကျန်းရီ ကို တိုက်ရိုက်ကြည့်လိုက်သည်- “ လောင်ဇန်း က အဲ့ဒီကို ထပ်ရောက်ခဲ့လားတော့ မသိပေမယ့် လောင်ချင်း ကွယ်လွန်ပြီး တစ်လအကြာမှာတော့ ငါ လန်တင်းမြို့ကို ပြန်သွားခဲ့တယ်။ ငါ လန်တင်း မြို့ရဲ့ ဖန်ကျွမ်းချိုင်မှာ သူတို့ရဲ့ဘိုး​ဘေးဗိမာန်မှာ ဘိုးဘေးအိုကြီး တစ်ယောက်နဲ့ တွေ့ခဲ့တယ်။

“ဘိုးဘေးအိုကြီးနဲ့တွေ့တဲ့အခါ သူ့ရှေ့မှာ မျက်နှာမဲ့လူရဲ့အသွင်အပြင်ကို ပြောပြလိုက်တယ်။

အဲ့အချိန်မှာ ဘိုးဘေးကြီးက အလွန်ထိတ်လန့်သွားပြီးတော့ ဘိုးဘေးဗိမာန်၏ ဖူတွန် ပေါ်မှာ ဒူးထောက်ပြီးတော့ အမွှေးတိုင်တွေကို ချက်ချင်းပင် စတင်မီးရှို့တော့တာပဲ။

အချိန်အတော်ကြာပြီးနောက်မှာ သူက ငါ့ကို ဖြည်းညှင်းစွာမေးလိုက်တယ်၊ မင်းမျက်လုံးတွေကို အ၀တ်စနဲ့ အုပ်ထားခဲ့တာလား။ ပြီးတော့ မင်းလက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး မင်းရဲ့ ဘာဆန္ဒတွေကို ပြောခဲ့တာလဲ။”

“သူ အဲလိုပြောတော့ ပြဿနာက ဖန်ကျွမ်းချိုင်မှာ ရှိနေမှန်း ငါသိလိုက်တယ်။ ဟုတ်တယ်လို့ ပြောလိုက်တဲ့အခါမှာ ဘိုးဘေးကြီးက မင်းအသက်ကို အရှင်လတ်လတ် လဲလှယ်ခဲ့တာပဲလို့ ငါ့ကိုပြောခဲ့တယ်”

“ငါက ဘိုးဘေးကြီးကို သူက ဘယ်သူလဲလို့ မေးလိုက်တယ်။

ဘိုးဘေးအိုကြီးက သက်ပြင်းချကာ ဖန်ကျွမ်းချိုင်ရဲ့ အမှားဖြစ်ကြောင်း ပြောခဲ့လိုက်တယ်။

အသက်ကယ်တဲ့ ကျေးဇူးရှင် လူကောင်းလေးက မတရားသဖြင့် လူဆိုးအဖြစ်သို့ ပြောင်းလဲသွားခဲ့တယ်

အဲတာ​တွေကြောင့်ပဲ ဖန်ကျွမ်းချိုင်မှာ လူနည်းရင်း ပိုပြီးနည်းပါးလာခဲ့တယ်။ လူတွေ ပိုပြီးတော့ ဆိုးဆိုးရွားရွား သေလာခဲ့တယ်။

သူအဲ့လို ပြောတာကို ကြားလိုက်ရတော့ ငါသူ့ကို ခက်ခက်ခဲခဲ တောင်းပန်ပြီးတဲ့ နောက်မှာတော့ ဘိုးဘေးအိုကြီးက အဲဒီအကြောင်းတွေကို စတင်ပြောဆိုခဲ့တယ် “

“ သူပြောခဲ့တာက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက လန်တင်း မြို့နဲ့ ဖန်ကျွမ်းချိုင်မှာ အငတ်ဘေးတွေ ကြုံခဲ့ရတယ်”

လူပေါင်းများစွာက ဗိုက်ဆာလွန်းလို့ သစ်ပင်ရဲ့အခေါက်ကနေ ရတဲ့ ဂွမ်ရင်မြေကိုတောင် စားခဲ့ကြရတယ်။

ဒါပေမယ့် တစ်နေ့မှာတော့ လန်တင်းမြို့ရဲ့ အပြင်ဘက်ကနေ လူငယ်တစ်ယောက် ရောက်လာခဲ့တယ်။

ထိုလူငယ်က မြို့ပြင်မှ ချမ်းသာတဲ့ မိသားစုရဲ့ သားတစ်ယောက်လို့ လူတွေက ပြောကြတယ်။

ပြီးတော့ သူက အရမ်းလည်း ချောတယ်။

ရိက္ခာတွေ အများကြီးယူလာခဲ့ပြီးတော့ လန်တငမြို့ကို ကယ်ဆယ်ရေးတွေလုပ်ဖို့ လာခဲ့တယ်။ “

……………………….

“အဲ့သခင်လေးက ဖန်ကျွမ်းချိုင် မှာ နေထိုင်တဲ့ အတွက်ကြောင့် အဲ့တုန်းက ဖန်ကျွမ်းချိုင်ရွာက ရိက္ခာတွေ အများဆုံးရတဲ့ ရွာဖြစ်ခဲ့တယ်။

အဲ့တာကြောင့် ဖန်ကျွမ်းချိုင်က လူတွေက နေ့တိုင်း အသားဟင်းနဲ့ ထမင်းအပြည့် စားရရုံသာမက သခင်ငယ်လေးကလည်း အဲ့မှာနေတဲ့ အတွက်ကြောင့် အရံဟင်းနှစ်မျိုးပါ ထပ်စားလို့ရခဲ့တယ်”

ဒါပေမယ့် သင်က ဘယ်လောက်ပဲ ချမ်းသာပါစေ၊ ဒီလောက်လူအများကြီးကို ရက်အနည်းငယ်လောက်ပဲ ထောက်ပံ့ပေးနိုင်မယ်​လေ။ လနဲ့ ချီပြီးတော့ ထောက်ပံ့မပေးနိုင်ဘူးလေ။ ဒါကြောင့် သခင်ငယ်လေး ​စရောက်တဲ့အခါကတည်းက သူက ဒီရွာမှာ တစ်လသာနေမယ်လို့ ပြောခဲ့တယ်။

အားလုံးကလည်း သဘောခဲ့တူကြတယ်၊ ဒါပေမယ့် တစ်လကြာပြီးနောက် အငတ်ဘေးနဲ့ ဆင်းရဲမွဲတေမှုတွေကို ထပ်ကြုံလာတဲ့အခါမှာ လူတွေက သခင်လေးထွက်သွားတော့မှာကို ကြောက်ရွံ့လာခဲ့ကြတယ်။ သစ်ခေါက်ကနေ ရတဲ့ရွံ့ကို စားပြီး ပြန်ရှင်သန်နေရမှာကို ကြောက်ရွံ့ လာခဲ့ကြတယ်။”

“နောက်ဆုံး, တစ်ညမှာတော့ ခန်းလောင်စန်း ရဲ့သမီးငယ်လေးဟာ ရွာအဝင်ဝမှာ ကိုယ်လုံးတီး လဲလျောင်းနေတာကို တွေ့ခဲ့လိုက်ရတယ်။

ထိုခေတ်က မိန်းမတစ်ယောက်ရဲ့ ဂုဏ်သတင်း ဆိုးရွားသွားရတဲ့ ပြဿနာက တော်တော်ကြီးတယ် ဒါကြောင့် တစ်ရွာလုံး ထိတ်လန့်တကြားပဲ ဖြစ်ခဲ့ရတယ်။

နောက်ဆုံးမှာတော့ ခန်းလောင်စန်း ရဲ့သမီးကို ကယ်ဆယ်ပြီးတော့ သူ နိုးလာတော့ လူတိုင်းက သူမကို ဘယ်သူလုပ်တာလို့ မေးခဲ့ကြတယ်။

အဲဒါကို သခင်ငယ်လေး လုပ်ခဲ့တာလို့ သူမက ပြောခဲ့တယ်။ ချက်ခြင်းပဲ လူတော်တော်များများက သခင်လေးကို ကြိုးနဲ့ချည်ဖို့ သွားခဲ့ကြတယ်။

”သခင်ငယ်လေးက ဒေါသတကြီးနဲ့ သူ အဲဒါတွေ မလုပ်ခဲ့ဘူးလို့ ပြောပေမယ့် ခန်းလောင်စန်း ရဲ့သမီးကတော့ သူပဲလို့ ငိုပြီးပြောနေခဲ့တယ်။

သခင်ငယ်လေးက ရဲခေါ်ရန်မှတပါး ရွေးချယ်စရာမရှိပေ။ သို့သော်လည်း ရွာရှိလူများက သူ့ကို လျစ်လျူရှုကာ သခင်ငယ်​​လေးကို သော့ခတ်ပြီး ထိန်းသိမ်းထားခဲ့သည်။

အပြင်ကိုလည်း သခင်လေး ထွက်ခွာသွားပြီ ဆိုတဲ့အကြောင်း သတင်းလွှင့်လိုက်သည်။

ရက်တွေ အတော်ကြာသွားခဲ့သည်။ ဖန်ကျွမ်းချုင်က လူများကတော့ ထမင်းဖြူများ စားနေရဆဲဖြစ်သည်။

နောက်တော့ တစ်ယောက်ယောက်က လာစုံစမ်းတော့ ရွာက လူတွေ ကြောက်လာခဲ့ကြတယ်။”

“ဒါပေမယ့် အလယ်မှာ ဘာတစ်ခုခု ဖြစ်သွားမှန်းတော့ မသိခဲ့ပါဘူး၊ သခင်ငယ်လေးက တစ်ယောက်တည်း လွတ်သွားခဲ့တယ်။

ဒါပေမယ့်လည်း အဲ့နေရာနဲ့ မရင်းနှီးပဲနဲ့ သူက ဘယ်နေရာကို ပြေးလို့ရခဲ့မှာလည်း။ မကြာမီပဲ သူ့ကို ချောက်ကမ်းပါးစွန်းနားသို့ ရောက်အောင် တွန်းပို့ခံလိုက်ရသည်။

ထိုအချိန်တွင် သခင်ငယ်လေးက ခန်းလောင်စန်းရဲ့ ရှေ့တွင် ရှိနေသည်။

“ခန်းလောင်စန်း၊ မင်းရဲ့ သမီးနဲ့ မင်းတို့အိမ်ကလူတွေရောပဲ မင်းတို့ ငါ့ကို ချောက်ချလို့ရတယ်၊ ဒါ​ပေမယ့် ဒီနေ့ ငါ့မျက်နှာပေါ်က အရေပြားနဲ့ လဲလှယ်ပြီးတော့… ငါသေပြီးရင်

မင်းတို့ရဲ့ရွာက တစ်သက်လုံး ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်း နေရမှာမဟုတ်ဘူး။ ငါ့ကို ဒီမှာ အတင်းအကြပ် ဖိအားပေးခဲ့တဲ့ လူတွေ တစ်ယောက်မှ မလွတ်စေရဘူး!"

"အဲဒီလိုပြောပြီးတာနဲ့ သခင်ငယ်လေးက သူ့မျက်နှာကို ထက်ရှနေတဲ့ ကျောက်တုံးနဲ့ လှီးဖြတ်လိုက်တယ်။ သူဘယ်လိုလုပ်လိုက်တာလဲတော့ မသိဘူး၊ သူ့မျက်နှာကို ဆုတ်ဖြဲပြီးတော့ ချောက်ကမ်းပါးပေါ်ကနေ ခုန်ချခဲ့တယ်"

All Chapters