← Chapters

မင်းကိုမင်း ကမ္ဘာကြီးရဲ့ တရားသူကြီးလို့ ထင်နေတာလား

Vol. 7 Ch. 97

မင်းကိုမင်း ကမ္ဘာကြီးရဲ့ တရားသူကြီးလို့ ထင်နေတာလား

Vol. 7 Ch. 97

ဖန်းလင်သည် ပါမောက္ခ ဇန်း နှင့်အတူ ကျင်းတုံ တက္ကသိုလ်သို့ ပြန်သွားခဲ့သည်။ အဆောင်အောက်တွင် မတ်တပ်ရပ်ကာ မိုးသည်းထန်စွာ ရွာနေသဖြင့် အိပ်ဆောင်ရှိ မီးများအားလုံးသည် အိပ်ဆောင်မန်နေဂျာမှ လာရောက်ပိတ်သွားခဲ့သည်။

ပါမောက္ခ ဇန်း က ဖန်းလင်အတွက် ထီးတစ်လက်ကို ကိုင်ထားပေးပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲကို "မစ္စတာ ကျန်း ငါဘာဆက်လုပ်ရမလဲ"

"ဘာမှလုပ်စရာ မလိုတော့ဘူး၊ ပါမောက္ခဇန်း ဒီကိစ္စကို တစ်ခါမှ မဖြစ်ဖူးသလို သဘောထားလိုက်ပါ။ ဖန်းလင် အိပ်ဆောင်ထဲကို ဝင်လိုက်တော့။"

ဖန်းလင်က ခေါင်းညိတ်ပြလိုက်ပြီး အိပ်ဆောင်ထဲကို တိတ်တဆိတ် လျှောက်သွားလိုက်သည်။ အဆောက်အဦးတစ်ခုလုံး အလွန်ကို တိတ်ဆိတ်နေခဲ့သည်။

ညဥ့်နက်နေပုံရပြီး ကျောင်းသားအားလုံး အိပ်ပျော်သွားခဲ့ကြသည်၊ ဒါပေမယ့် ပုံမှန်အားဖြင့်တော့ ဘယ်လောက်ပဲ နောက်ကျနေပါစေ စင်္ကြံလမ်းကို လျှောက်တဲ့အခါမှာ ကျောင်းသားတွေရဲ့ တိုးတိုးလေးပြောသံတွေ ဒါမှမဟုတ် ရံဖန်ရံခါ ဂိမ်းကစားရင်းနဲ့ ထွက်လာတဲ့ အသံတွေ ကြားရနိုင်ပါတယ်။

ငယ်ရွယ်သော ကျောင်းသားတွေရဲ့ စွမ်းအင်တွေသည် ညဘက်တွင် အပြင်းထန်ဆုံးဖြစ်သည်။

ဒီဂိမ်းရေပန်းစားလာတာနဲ့အမျှ အိပ်ဆောင်တစ်ခုလုံးဟာ ညတိုင်း ပိုတိတ်ဆိတ်လာပြီး ကျောင်းသားတွေလည်း ပိုပိုပြီး စောအိပ်လာခဲ့တယ်။

အခုအချိန်ဆို သန်းခေါင်ကျော်သည်နှင့် လူတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြပုံရသည်။

ဖန်းလင် သည် သူမ၏ အိပ်ဆောင် အဆောက်အဦး တံခါးဆီသို့ လျှောက်သွားလိုက်သည်။ အိပ်ဆောင်တံခါးကို သော့ဖွင့်ပြီး အနည်းငယ်တွန်းဖွင့်လိုက်သည်။

အိပ်ရာတိုင်းမှာ ကန့်လန့်ကာတွေဆွဲထားပြီး ဂရုတစိုက်နားထောင်ကြည့်ရင် အိပ်ဆောင်ထဲက မိန်းကလေးတွေရဲ့ အသက်ရှုသံကို မကြားရသလို ဟောက်သံအနည်းငယ်ကိုတောင် မကြားရပါဘူး။

ဖန်းလင်က မီးကိုဖွင့်လိုက်သည်။ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ကုတင်တစ်ခုစီဆီသို့ လျှောက်သွားလိုက်သည်။ အိပ်ရာကန့်လန့်ကာကိုဖွင့်ပြီး "ကျိုးမင်၊ ကျိုးမင် ထတော့။"

"ချန်ရွှယ် ငါမင်းကိုမေးစရာရှိတယ်"

"ဝူတင်း၊ ဒီဂိမ်းကို ကစားဖို့ နည်းလမ်းသစ်တစ်ခုကို ငါရှာတွေ့ခဲ့တယ်၊ အဲဒါကို ပြန်ကစားရအောင်!"

ဟုကျင်း နဲ့ တွေ့တုန်းက ရုပ်ရှင်ရုံထဲမှာ လူမျိုးစုံနဲ့ ပြည့်နေခဲ့တယ် လို့ ပြောခဲ့တယ်။

တစ်ချို့လူတွေက ခေါင်းကို ဖောက်ပြီး ဦးနှောက်တွေ စားကြတယ်၊ တချို့ကကြတော့ ကလေးတွေက ပခုံးပေါ်မှာ ထိုင်​နေကြပြီး တချို့က အဘွားကြီးတစ်ယောက်ရဲ့ ပွတ်သပ်မှုကို ခံနေရတယ်။

ဖန်းလင် အော်ခေါ်ခဲ့တဲ့ အခန်းဖော်တွေဟာ တစ်ယောက်ပြီး တစ်ယောက် နိုးလာခဲ့ကြပြီး အားလုံးက ဖန်းလင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေခဲ့ကြသည်။

ဒါပေမယ့် တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေက သူတို့တွေရဲ့ မျက်နှာတွေကို မြင်လိုက်တဲ့အခါ သူတို့ရဲ့ အမူအရာ​တွေက အနည်းငယ် ပြောင်းလဲသွားခဲ့တယ်။

မိန်းကလေးတိုင်းရဲ့ မျက်နှာတွေမှာ သိပ်ပြီး ထင်ထင်ရှားရှား ပေါ်လွင်ခြင်း မရှိခဲ့ပေမယ့် သူတို့ရဲ့ အသားအရေဟာ ဖြူစင်နေပေမယ့် အတွင်းထဲမှာတော့ အမှောင်ရိပ်တွေ အနည်းအကျင်းတော့ ရှိနေခဲ့တယ်။

အဲဒီလို ပုံစံမျိုးက ချင်ကျိုးရဲ့ အသုဘသဂြိုလ်အိမ်မှာ ကျွန်တော်တို့ မြင်ခဲ့ရတဲ့ ဆရာဝူနဲ့ တူနေခဲ့တယ်။ ဟုတ်ပါတယ်၊ ဒါဟာ ဆရာဝူရဲ့ အဆင့်နဲ့ အလှမ်း ဝေးနေသေးပေမယ့် ဒီမိန်းကလေးတွေဟာ အနှေးနဲ့အမြန်ဆိုသလိုပဲ ကြီးကြီးမားမား ဒုက္ခရောက်ကြလိမ့်မယ်လို့ လူတိုင်းကို ပြောနေသလိုလိုပင်။

“ဖန်းလင်၊ ဒီလောက်နောက်ကျနေမှ မင်းဘာတွေလုပ်နေတာလဲ ။ ငါတို့အားလုံး အိပ်နေပြီလေ။” ကောင်မလေးတွေက မျက်လုံးတွေကို ပွတ်သပ်ပြီး ပြောလိုက်သည်။

ဖန်းလင် က ကျန်းရီ ရဲ့ ညွှန်ကြားချက်တွေအတိုင်းပဲ “ ဒီ စိတ်ဝိညာဥ်ဂိမ်းကို ပိုကောင်းအောင် ဘယ်လိုကစားရမလဲဆိုတာကို ငါသိခဲ့ပြီ။ ဒီနည်းလမ်းကို သုံးလိုက်ရင် ငါတို့ရဲ့ ဆန္ဒတွေက လဝက်အတွင်းမှာပဲ ပြည့်လာလိမ့်မယ်၊ ဒါက အရင်က ပုံစံထက် ပိုကောင်းလိမ့်မယ်” လို့ ပြောလိုက်သည်။

"တကယ်ကြီးလား?"

"တကယ်၊ တစ်ယောက်ယောက်က အောင်မြင်သွားပြီ။ ငါ ဒီည သူနဲ့တွေ့လိုက်လို့ ဒီနည်းလမ်းကို ငါ့ကို တိတ်တိတ်လေး ပြောပြခဲ့တာ"

မိန်းကလေးတွေက ဖန်းလင်ကို သံသယရှိစွာ ကြည့်ကာ ဖန်းလင်က "ဒါက အမှန်ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အရေးမကြီးဘူး၊ ငါတို့ စမ်းကြည့်လိုက်ရင် သိရမှာပေါ့!"

ဒီစကားက အခန်းဖော်တွေရဲ့ နှလုံးသားတွေကို ယိုင်နဲ့သွားစေခဲ့တယ်။ ထိုဟာကို မြင်လိုက်ရတော့ ဖန်းလင်က သူမ၏ လက်ကိုင်ဖုန်းကို ဘေးသို့ လျှို့ဝှက်ထားလိုက်ကာ အံဆွဲထဲမှ ဖယောင်းတိုင်တစ်ချောင်းကို ထုတ်ကာ ထွန်းညှိလိုက်သည်။

အရင်က ဝယ်ထားတဲ့ အပြာရောင် အဝတ်စတွေက အခုထိ ရှိနေပါသေးတယ်။ အားလုံးပြင်ဆင်ပြီးသွားတော့ ကောင်မလေးတွေ အတူတူထိုင်လိုက်တယ်။

ဒါပေမယ့် ထိုင်ပြီးတဲ့အခါမှာတော့ အခန်းဖော်တစ်ယောက်က "ငါတို့ မလုပ်ဘဲ နေရင်ကော၊ ဒီဂိမ်းကို ငါတို့ အရင်က ကစားခဲ့ပြီးပြီပဲလေ။ ငါ့အဖွားကိုလည်း မကြာခဏ အိပ်မက်မက်နိုင်ခဲ့ပြီပဲ။"

စကားပြောလိုက်တဲ့သူကတော့ ကျိုးမင် ဖြစ်ပြီး၊ ဝူတင်း လို့ ခေါ်တဲ့ မိန်းကလေးကလည်း "အဲ့ဒါက သက်ရောက်မှုရှိပုံရတယ်။ အရင်က နားမလည်တဲ့ မေးခွန်းတွေက အခုဆို ဖြေလို့ ရနေခဲ့ပြီ"

ချန်ရွှယ် ဟုခေါ်သော အခြားမိန်းကလေးမှာမူ ခေါင်းငုံ့ကာ ဘာမှ မပြောခဲ့ပေ။

"ဒါက ထိရောက်တယ်ဆိုပေမဲ့ အခုနည်းနဲ့ ကစားလိုက်ရင် ပိုကောင်းသွားမယ် မဟုတ်ဘူးလား။" ဖန်းလင် က မေးလိုက်သည်နှင့် အခြားလူများက ထိုအကြောင်းကို စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။

မိန်းကလေးတစ်ဦးစီသည် မျက်လုံးကို အပြာရောင်အ၀တ်စဖြင့် အုပ်ထားပြီး အချင်းချင်း လက်ကို ဆုပ်ကိုင်ထားသည်။

အိပ်ဆောင်သည် တစ်ဖန် တိတ်ဆိတ်သွားပြီး အိပ်ဆောင်ရှိ မိန်းကလေး ခြောက်ယောက်သည် ဤဂိမ်းထဲသို့ ဝင်ရောက်လာခဲ့သည်။

သူတို့ရဲ့ စိတ်တွေ နစ်မြုပ်သွားသည်နှင့် တပြိုင်နက် Jiang Ye ၏ မျက်လုံးများ မာကျောသွားပြီး စကားတစ်ခွန်းပင် သူ့စိတ်ထဲတွင် ပေါ်လာသည်။

“ဒီလိုမဖြစ်သင့်ဘူး၊ ဒါက ဒီလိုတွေ မဖြစ်သင့်ဘူးလေကွာ။ နောက်မျိုးဆက်မှာ ဒီလောက် ကောင်းချီးကုသိုလ်ကံတွေနဲ့ နေရမယ့်သူက ဘာလို့ အခုလိုတွေ လုပ်နေရတာလဲ”

အိပ်ဆောင်အတွင်းရှိ ရေချိုးခန်းက ရေချိုးခေါင်းပေါက်သွားသလိုပဲ ထူးဆန်းတဲ့အသံတွေ ထွက်ပေါ်နေပါတော့တယ်။

“…………………….”

ရေချိုးခန်းထဲက တံခါးပွင့်သွားခဲ့တယ်။ ကျန်းရီက တံခါးကို ကြည့်လိုက်တော့ သူ့အမူအရာက ပိုအေးစက်လာခဲ့သည်။

အဝတ်ဖြူရဲ့ ထောင့်စလေးဟာ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ပေါ်လာခဲ့သည်။ ဒါပေမယ့် သူက ဒါကို သတိပြုမိပြီး ချက်ချင်း ပြန်ဆုတ်သွားချင်ပုံရသည်။

"ဟူး...."

ကျန်းရီက သူ့ကို မထေ့ငေါ့ခဲ့သလို တခြားသူကို ခြိမ်းခြောက်ဖို့လည်း မကြိုးစားခဲ့ပါဘူး။ အဲဒီအစား သူက လေးနက်စွာနဲ့ပဲ သက်ပြင်းချလိုက်ပါတယ်။

ထိုပုံရိပ်က ချက်ချင်းရပ်လိုက်ပြီး ကျန်းရီက "လက်တုံ့လည်း ပြန်ခဲ့ပြီးပြီ၊ အဲဒီလူတွေရဲ့ သေဆုံးမှုက မင်းရဲ့ နှလုံးသားထဲက နာကြည်းမှုတွေကို မပြေလည်နိုင်ခဲ့ရင်တောင် မင်းက ဒီမသက်ဆိုင်တဲ့လူတွေကို ဘာလို့ ဒုက္ခလိုက်ပေးနေတာလဲ"

ရေချိုးခန်းထဲက ပုံရိပ်က အပြင်မထွက်ဘဲ အထဲမှာ ရပ်ပြီး "ဘာလို့ ငါတို့က ကိုယ်လုပ်ချင်တာတွေကို လုပ်လို့ မရနိုင်တာလဲ "

"ဒါပေမယ့် သူတို့ရဲ့ သက်တမ်းတွေကို ယူလိုက်တော့ရော မင်းအတွက် ဘာသုံးဝင်လို့လဲ၊ အဲ့သက်တမ်းတွေက မင်းကို ပြန်ရှင်လာဖို့ မကူညီနိုင်ဘူး၊ စည်းမျဥ်းတွေအရ မင်းကို ဒီ လောကထဲမှာ နေခွင့်မပေးထားဘူး။ သူတို့ကို ထိန်းသိမ်းထားတာ ဘာလုပ်ဖို့လဲ။"

"ဒီလောကရဲ့ မကောင်းမှုတွေရဲ့ အရင်းခံက လောဘပဲ။ အနီရောင်ဝတ်စုံ ဝတ်ထားတဲ့ မိန်းကလေးကို ကြည့်လိုက်။ သူက မွေးကတည်းက ညဏ်မကောင်းတဲ့အတွက် ညဏ်ရည်ထက်မြက်ချင်ခဲ့တယ် ဒါကြောင့် သူမရဲ့ ညဏ်မကောင်းတဲ့ ဦးနှောက်ကို စားခိုင်းပြီး စမတ်ကျတဲ့ ဦးနှောက်နဲ့ အစားထိုးလိုက်တယ်။ သူပြန်ပေးရတာက သူ့သက်တမ်းရဲ့ အနှစ်နှစ်ဆယ်လေးပဲလေ။ ဘာလို့မလဲရမှာလဲ?”

"အဖြူနဲ့ မိန်းကလေးက ဆင်းရဲတဲ့ နောက်ခံကနေ ဆင်းသက်လာခဲ့တာ။ ဒါပေမယ့် ချမ်းသာကြွယ်ဝတဲ့ ဘဝကို တောင့်တနေခဲ့တယ်လေ။ သူမရဲ့ အသက်ရှင်တဲ့ နှစ်သုံးဆယ်ကို တောင်းဆိုတာက သိပ်များတယ်လို့တော့ မထင်ပါဘူး"

ရေချိုးခန်းထဲမှာ မတ်တပ်ရပ်နေတဲ့ မျက်နှာမပါတဲ့ အမျိုးသားက အေးဆေးစွာနဲ့ စကားပြောနေပြီးတော့ သူ့စကားကလည်း မှန်နေပုံရတယ်။

တကယ်တော့ ဒါက လူနဲ့ တစ္ဆေကြားက အရောင်းအဝယ်နဲ့တောင် ပိုတူနေတယ်။

"အခု ငါ့မှာ ဒီလိုလုပ်နိုင်တဲ့ စွမ်းရည်တွေ ရှိနေပြီလေ ဘာလို့မလုပ်ရမှာလဲ" ဟု မျက်နှာမဲ့လူက ထပ်ပြောလိုက်သည်။

"ဒါက မင်းအရင်ဘဝတုန်းက မင်းပြုလုပ်ထားတဲ့ ကောင်းမှုတွေပဲ၊ သေပြီးတော့ မင်းကို ဒီလိုစွမ်းရည်တွေ ပေးခဲ့တာပဲ။ ပြီးတော့ ငါ ရှင်းရှင်းလင်းလင်း ပြောနိုင်တာက ဒါက မင်းဒီဘဝတစ်ခုတည်းမှာပဲ ခံစားရမှာ မဟုတ်ဘူး နောက်ဘဝ ပေါင်းများစွာတိုင်အောင် ဒီကောင်းမှုတွေကို ခံစားရအုံးမှာ။ ဆိုတော့ကား သူတပါးရဲ့ လောဘတွေကြောင့် သေသွားရတဲ့ မင်းက လောဘကိုမုန်းပြီးတော့ လောဘရှိတဲ့သူတိုင်းကို သူတို့လောဘရဲ့ တန်ဖိုးအတိုင်းပဲ ပြန်ပေးဆပ်စေချင်တယ်ပေါ့ ”

“ မင်းပြောတာဟာ ကျိုးကြောင်းဆီလျော်တယ်လို့ ထင်ရတယ်၊ ဒါပေမယ့် ဒီကမ္ဘာပေါ်မှာ လူသန်းပေါင်းများစွာ ရှိတယ်။

အဲ့ဒီထဲမှာမှ လောဘမရှိတဲ့သူက ဘယ်နှစ်ယောက်ရှိမှာလဲ။ တစ်ချို့လူတွေက ချမ်းသာချင်ကြတယ်၊ တချို့က အောင်မြင်မှုကို လိုချင်ကြတယ်။

ဒါတွေက သာမန်လူသားတွေမှာ ရှိတဲ့အရာတွေပဲ။ အထူးသဖြင့် သူတို့ရဲ့ လောဘတွေအတွက်နဲ့ အခြားသူတွေကို ထိခိုက်အောင်မလုပ်တဲ့ လူတွေလည်း ရှိမယ်။ ဒါကြောင့် လောဘအတွက်နဲ့ ကမ္ဘာကြီးကလူတွေကို အဆုံးအဖြတ်ပေးရအောင် မင်းမှာ အကြောင်းပြချက် မရှိဘူး”

“မင်း နားမလည်​သေးရင် ရှင်းအောင်ပြောပြမယ်။

မင်းမှာ ဒီလောက်များတဲ့ ကောင်းမှုတွေ ရှိရင်တောင် ဒီအရာတွေကို မင်းမှာ လုပ်ပိုင်ခွင့်မရှိဘူး။

လူ့ လောက နဲ့ မရဏကမ္ဘာတို့မှာ သူတို့ စည်းကမ်းနဲ့ သူတို့ရှိတယ်။ မင်းက စည်းမျဥ်းတွေကို ဖောက်ဖျက်နေတာပဲ”

“မင်းရွေးချယ်ခဲ့တဲ့လူတွေ ၊ သူတို့အားလုံးက ခန်းလောင်စန်းရဲ့ မိသားစုလို ယုတ်မာတဲ့အဖွဲ့ဝင်တွေဆိုရင် မင်းအဲ့လိုလုပ်ခဲ့တဲ့အတွက် ငါမင်းကို လက်ခုပ်တီးပြီး ချီးကျူးမိအုံးမှာ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ…မင်းက လူ့အဖွဲ့အစည်းကြီးရဲ့ ပုပ်ပွနေတဲ့ လူအိုတစ်စုကို မင်းမရွေးချယ်ခဲ့ဘူး ဒါပေမယ့် ဆန့်ကျင်ဘက်အနေနဲ့ ပညာရေးလမ်းကြောင်းပေါ်ရောက်နေတဲ့ လူငယ်တစ်စုကို မင်းရွေးချယ်ခဲ့တယ်”

“တကယ့်လောဘကို မင်း ကြောက်နေတာမလား။ ခန်းလောင်စန်းမိသားစုတို့လိုမျိုး ပိုပြီး ရက်စက်တက်တဲ့ ဒါမှမဟုတ် ရုပ်ဆိုးပန်းဆိုးဖြစ်နေတဲ့ လောဘရှိတဲ့ လူတွေနဲ့ ရင်ဆိုင်ရမှာကို မင်းကြောက်နေတာမလား?”

ကျန်းရီ ၏ စကားကြောင့် တစ်ခန်းလုံးရှိ လေထုသည် ရုတ်တရက် အေးခဲသွားခဲ့သည်။ မျက်နှာမဲ့လူက ရေချိုးခန်းထဲက ထွက်လာပြီး “မင်းကိုမင်း ဘယ်သူလို့ ထင်နေလဲ၊ မင်း ငါ့ရှေ့မှာ လာပြဖို့ ထိုက်တန်လား”

“ဒါဆို ငါမင်းကို ဘာလုပ်ရမယ်ဆိုတာ မင်းဘယ်လိုပြောရမလဲ”

မျက်နှာမဲ့လူကို တိုက်ရိုက်ကြည့်နေသော Jiang Ye သည် သူ့မျက်နှာတွင် အပြုံးတစ်ခုရှိသည်။ အပြုံးက တည်ငြိမ်ပြီး ရန်လိုမှု မရှိပါဘူး။

ဒါပေမယ့် နောက်တစက္ကန့်မှာတော့ မျက်နှာမဲ့လူသားရဲ့ ဝိညာဉ်ဟာ သတိမရဘဲ တုန်လှုပ်သွားပါတော့တယ်။

“အာ၊အာ…..

All Chapters