← Chapters

အဂ္ဂိရတ်ခန်းမထဲတွင် ပုန်းအောင်းနေသည့်အန္တရယ်

Vol. 94 Ch. 1318

အဂ္ဂိရတ်ခန်းမထဲတွင် ပုန်းအောင်းနေသည့်အန္တရယ်

Vol. 94 Ch. 1318

အခန်း (၁၃၁၈) အဂ္ဂိရတ်ခန်းမထဲတွင် ပုန်းအောင်းနေသည့်အန္တရယ်

ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကိုကြည့်ပြီး နူးညံ့သောအသံဖြင့်...

“ဒီတစ်ခေါက် အရိပ်နတ်ဆိုးရောက်လာတာကို ငါတို့ လူအနည်းငယ်ကလွဲပြီး တခြားဘယ်သူမှမသိဘူး”

သူက ဆက်ပြောသည်။

“ဘာဖြစ်သွားလဲဆိုတာ အရိပ်နတ်ဆိုးသိတယ် ၊ ဒါပေမဲ့ နတ်ဆိုးတစ်ယောက်ရဲ့စကားက မယုံကြည်ရဘူးဆိုတာ လူတိုင်းသိတယ်လေ”

“ပြီးတော့ မင်းရဲ့အစီအစဉ်မရှိဘူးဆိုရင်တောင် ငရဲကိုးထပ်က အထက်ဘုံကမ္ဘာကိုအသုံးချပြီး သူတို့အတွက် အကျိုးအမြတ်ရရှိအောင်လုပ်မှာပဲ”

ဖန်းယွင်ရှန်း အနည်းငယ်ပြုံးပြီး ခေါင်းခါယမ်းလိုက်သည်။

ရန်ကျောက်ကဲက သက်ပြင်းချရင်း...

“အေးပါ... ငါ မင်းကို လိုက်ပို့ပါ့မယ်”

ရန်ကျောက်ကဲက လက်ဖဝါးနှစ်ဖက်ယှက်လိုက်ပြီး လက်ခုပ်တီးလိုက်သည်နှင့် ခရမ်းရောင်ဝိညာဉ်ခန်းမထဲတွင် ရွှေရောင်အလင်းတန်းများ လွင့်ပျံလာသည်။

ထိုအလင်းတန်းများက ဖန်းယွင်ရှန်းကို ဝိုင်းရံသွားပြီး ဖန်းယွင်ရှန်း၏ပုံရိပ်က တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

သူမ၏ ပျောက်ကွယ်သွားသောပုံရိပ်ကိုကြည့်ရင်း ကျန့်ဟွမ်ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ ၏မျက်ဝန်းများထက် စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာသည်။

“ကံကောင်းတဲ့အထဲမှာ ကံဆိုးမှုတွေလည်းရှိနေတတ်တယ် ၊ အပြန်အလှန်အားဖြင့်ပေါ့... ဒါက ကံဆိုးလား ကံကောင်းလားဆိုတာ ပြောရခက်တယ်”

ရန်ကျောက်ကဲက တိတ်ဆိတ်စွာခေါင်းညိတ်ရင်း...

“မတူညီတဲ့ရှုထောင့်ကနေကြည့်မယ်ဆိုရင်တော့ ဒီတစ်ခေါက် အထက်ဘုံကမ္ဘာကိစ္စနဲ့ အတူတူပါပဲ ၊ အဲဒါက ပိုပြီးအဆင့်မြင့်တဲ့ ထိပ်တန်းကျင့်ကြံသူတွေရဲ့ တိုက်ပွဲပဲလေ ၊ ဒါပေမဲ့ အခုမှအစပဲရှိသေးတယ် ၊ ပေါက်ကွဲထွက်မလာသေးဘူး”

သူက မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ရင်း...

“ကျွန်တော်တို့မှာလည်း အခွင့်အရေး ရှိပါသေးတယ်”

ယွဲ့ကျန့်ပေက ရန်ကျောက်ကဲကို ကြည့်လိုက်သည်။

အချိန်အတန်ကြာပြီးမှ သူက ခပ်ပါးပါးတစ်ချက်ပြုံးရင်း ရန်ကျောက်ကဲအား ချီးကျူးစကားဆိုလိုက်၏။

“မင်းမှာ ဒီလိုအတွေးရှိတာ အရမ်းကောင်းတယ်”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“လူသားတွေပါဝင်တဲ့ကိစ္စတွေရှိနေသရွေ့ ငါတို့ ကံကြမ္မာကိုပဲ အားကိုးမနေသင့်ဘူး ၊ အဲဒွအတွက် တိုက်ပွဲဝင်ဖို့ အစွမ်းကုန်ကြိုးစားသင့်တယ်”

သူက ဆက်ပြောလိုက်သည်။

“အခု ကျွန်တော်တို့ရဲ့ ပထမအစီအစဉ် အောင်မြင်သွားပြီ ၊ ဒါပေမဲ့ နောက်ပိုင်းမှာ ပိုပြီးသတိထားရမယ် ၊ မဟုတ်ရင် ကျွန်တော်တို့မှာရှိတဲ့ အရာအားလုံး ဆုံးရှုံးသွားနိုင်တယ်”

ယွဲ့ကျန့်ပေက ခရမ်းရောင်ဝိညာဉ်ခန်းမကို လှည့်ပတ်ကြည့်ရှုရင်း...

“မင်းက ဒီ အဂ္ဂိရတ်ခန်းမရဲ့အတွင်းပိုင်းစကြာဝဠာကို ဖွင့်လှစ်ပြီး ပြင်ပဗလာနယ်ထဲမှာ လွတ်လပ်ပြီး တည်ငြိမ်တဲ့ စကြာဝဠာတစ်ခုအဖြစ် ပြောင်းလဲချင်တာလား ၊ တာအိုစကြာဝဠာလိုမျိုးလေ ၊ မင်းရဲ့ပြင်ဆင်မှုတွေရော ဘယ်လိုရှိပြီလဲ”

အထက်ဘုံကမ္ဘာမှ နယ်မြေများကို ခွဲထုတ်ပြီးနောက် ကမ္ဘာအသစ်တစ်ခုဖွဲ့စည်းရန်မှာ အဂ္ဂိရန်ခန်းမ၏ ပင်မနယ်မြေနှင့် ပေါင်းစပ်နိုင်ရန် အလွန်ရေးကြီးသည်။

ထို့နောက် အစွန်းရောက်ရှစ်ပါးကမ္ဘာကဲ့သို့ အောက်ဘုံကမ္ဘာများက အသစ်တည်ထောင်သောကမ္ဘာနှင့် တည်ငြိမ်သော ဆက်နွယ်မှုတစ်ခု ထူထောင်မည်ဖြစ်သည်။ ယခင် အထက်ဘုံကမ္ဘာနှင့် အောက်ဘုံကမ္ဘာများကြားမှ ဆက်နွယ်မှုကဲ့သို့ပင် ဖြစ်၏။

အဂ္ဂိရတ်ခန်းမ၏ အပြင်ပိုင်းသဏ္ဌန်က မှုန်ဝါးနေပြီး အတွင်းပိုင်းစကြဝဠာကတော့ အပြင်ဘက်သို့ ချဲ့တွင်ကာ သဏ္ဌန်မဲ့ “တံတိုင်း” တစ်ခုအဖြစ် ဖွဲ့စည်းမည် ဖြစ်သည်။

ဤနည်းအားဖြင့် အဂ္ဂိရတ်ခန်းမတစ်ခုလုံးက စကြာဝဠာအသစ်စက်စက်တစ်ခုအဖြစ် ပြောင်းလဲသွားပေမည်။

၎င်း၏ နယ်မြေအကျယ်အဝန်းက ငရဲကိုးထပ် ၊ ချန်စန်းရှင်းဟိုင်စကြာဝဠာ ၊ သုခဘုံ ၊ အမတခုံရုံးနှင့် တာအိုစကြာဝဠာတို့ကဲ့သို့ ကြီးမားမည်မဟုတ်သော်လည်း လွတ်လပ်သောနေရာသစ်တစ်ခု ဖြစ်နေဆဲပင်။

ဤစနစ်ထဲတွင် အမျိုးမျိုးသောကမ္ဘာများက စည်းစနစ်တကျဖြင့် တည်ရှိနေပေမည်။

အဂ္ဂိရတ်ခန်းမ၏ မူရင်းလုပ်ဆောင်ချက်အချို့ အားနည်းသွားနိုင်သော်လည်း အခြားအရာများစွာ ကျန်ရှိနေမည်ဖြစ်ကာ ယင်းက ၎င်း၏အသုံးဝင်မှုကို ပြသမည် ဖြစ်၏။

ထို့ကြောင့် အဂ္ဂိရတ်ခန်းမ၏အကူအညီဖြင့် ရန်ကျောက်ကဲဖန်တီးထားသော စန်းချင်းသုံးပါးအဆက်အနွယ် ကမ္ဘာအသစ်တစ်ခု တည်ငြိမ်စွာ ထွက်ပေါ်လာပေမည်။

ဟုတ်ပေ၏။

အဓိကအခြေအနေကတော့ အမတခုံရုံးကဲ့သို့ ကြီးမားသောအင်အားစုများ၏မြင်ကွင်းကို ရှောင်ရှားရန်ပဲ ဖြစ်သည်။

ဤစကြာဝဠာအသစ်က အဂ္ဂိရတ်ခန်းမ၏ ခြေခံအုတ်မြစ်ကို အသုံးပြုထားသဖြင့် သီးခြားနေရာတစ်ခုအဖြစ် သတ်မှတ်ထားခြင်း မရှိပေ။

ထိုစကြာဝဠာက ဗလာနယ်ထဲဝွင် လွင့်မျောနေပြီး ပုံသေတည်ရှိနေရန် ခက်ခဲမည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲတို့အနေဖြင့် သတိထားနေရဆဲဖြစ်ပြီး သူတို့နောက်တွင်ချန်ခဲ့သော ခြေရာများမှတစ်ဆင့် အခြားသောထိပ်တန်းတန်ခိုးစွမ်းအားရှင်များ သူတို့ကိုရှာတွေ့မသွားစေရန် တားဆီးရပေမည်။

“ဆေးရနံ့ချီစွမ်းအားက အဂ္ဂိရတ်ခန်းမထဲမှာ ပျံ့နှံ့သွားပြီးရင် ကျွန်တော်တို့အစီအစဉ်ကို ဆက်လုပ်လို့ရပြီ ၊ ဒါပေမဲ့ အကြွင်းအကျန်တွေနည်းလေ ဆေးရနံ့ချီ ပျံ့နှံ့ဖို့ အချိန်ကြာလေပဲ”

ရန်ကျောက်ကဲက အနည်းငယ် ပြုံးရင်း...

“စိတ်မသက်မသာဖြစ်ရတာတွေအတွက်တော့ တည်ငြိမ်အောင်ကြိုးစားရမှာပါပဲ ၊ မြန်မြန်ပြီးသွားရင်တော့ ပိုကောင်းမှာ အမှန်ပါပဲ ၊ ဒါပေမဲ့ ကျွန်တော်တို့ အလျင်စလိုလုပ်လို့မရဘူးလေ”

အဂ္ဂိရတ်ခန်းမ၏စကြာဝဠာ အပြင်ဘက်သို့ ချဲ့ထွင်လာသည့်အခါ အကြွင်းအကျန် ဆေးလုံးချီများနှင့် ဆေးရနံ့ချီများက ပတ်ဝန်းကျင်သို့ပျံ့နှံ့သွားပြီး ခန်းမတည်နေရာကို အခြားသူများ သိရှိသွားနိုင်သည်။

ထိုအရာများက အဂ္ဂိရတ်ခန်းမအတွင်း ကျန်ရှိနေသော အကြွင်းအကျန်များ ဖြစ်သည်။

တကယ်တော့ ထိုအရာများက အချိန်ကြာမြင့်စွာရှိနေခဲ့သော သဏ္ဌန်မဲ့အငွေ့အသက်များဖြစ်ပြီး သမိုင်းတစ်လျှောက် ဗလာနယ်ထဲတွင်ရေးထွင်းထားသည့် အမှတ်အသားများ ဖြစ်ကြသည်။

ထို သဏ္ဌန်မဲ့ရောင်ဝါများကို ဖြည်းညင်းစွာဖြင့်သာ ပျံ့နှံ့အောင် လုပ်ဆောင်နိုင်သည်။

သို့သော် အဂ္ဂိရတ်ခန်းမအတွင်းပိုင်း စကြာဝဠာထဲတွင် ရှိနေသူတိုင်းက ဆေးလုံးချီနှင့် ဆေးရနံ့ချီများကို စက္ကန့်တိုင်း ရှူရှိုက်နေကြရသည်။

ဤဖြစ်စဉ်က ဆေးရနံ့ချီအကြွင်းအကျန်များ ပျံ့နှံ့ခြင်းကို မြန်ဆန်စေသလို ကျင့်ကြံသူများကိုလည်း တိုင်းတာမရလောက်အောင် အကျိုးများစေသည်။

အထက်ဘုံကမ္ဘာမှ များပြားလှစွာသော နယ်မြေများကို အောင်မြင်စွာခွဲထုတ်ပြီးနောက် အချိန်တိုအတွင်းမှာပင် မူလအသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

သို့သော် ယာယီမျှ ပေါင်းစည်းနေခြင်းသာ ဖြစ်သည်။

သို့သော် အမှန်တကယ် ကမ္ဘာတစ်ခု ဖွဲ့စည်းခြင်းမျိုးမဟုတ်သလို ဝိညာဉ်စွမ်းအား လည်ပတ်မှုပုံစံသည်လည်း တည်ငြိမ်မှုမရှိသေးပေ။

ဤသည်က သာမန်လူများကို မထိခိုက်စေနိုင်သော်လည်း သိုင်းကျင့်ကြံသူများအပေါ်မှာတော့ လွှမ်းမိုးမှု ကြီးမားသည်။

အဂ္ဂိရတ်ခန်းမအတွင်းမှ ဆေးလုံးချီနှင့် ဆေးရနံ့ချီ အကြွင်းအကျန်များကို ရှူရှိုက်ခြင်းက သူတို့အားလုံးအတွက် ကျင့်ကြံရန်နှင့် ကမ္ဘာသစ်မတည်ထောင်မီကာလကို ဖြတ်သန်းစေနိုင်ရန် ကူညီပေးမည် ဖြစ်၏။

နှစ်ဦးနှစ်ဖက် သူတို့လိုချင်သည်ကို ရယူနိုင်မည်ဖြစ်ပြီး ကျောက်ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင် လက်တွေ့ကျကျ ပစ်ခတ်နိုင်ခြင်းပင် ဖြစ်သည်။

ယွဲ့ကျန့်ပေက...

“ဂိုဏ်းတူညီလေး’ရန်တိ’ နဲ့ ကျင်းရှန်တို့ရော အခြေအနေဘယ်လိုလဲ”

ရန်တိနှင့် နျဲ့ကျင်းရှန်တို့နှစ်ယောက်လုံးက အဂ္ဂိရတ်ခန်းမ၏ အတွင်းပိုင်းစကြာဝဠာထဲတွင် ဆေးလုံးချီကိုရှူရှိုက်ရင်း တံခါးပိတ်ကျင့်ကြံနေကြသည်။

ခန်းမဝိညာဉ်’ထျန်းစူး’ ဖန်တီးခဲ့သော ရုပ်ခန္ဓာအတုမှ ဆေးလုံးများ ၊ ဝိညာဉ်မြက်များနှင့်အ ခြားရတနာပစ္စည်းများ ပြန့်ကျဲသွားသောအခါ သူတို့အားလုံး အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြသည်။

ထိုအကျိုးကျေးဇူးများကို စုပ်ယူနေချိန် သူတို့အနေဖြင့် စိတ်ရောကိုယ်ပါ အားစိုက်ကျင့်ကြံရန် လိုအပ်သည်။

ရန်ကျောက်ကဲက...

“သူတို့နှစ်ယောက်လုံး တံခါးပိတ်ကျင့်ကြံနေကြပေမယ့် ပြင်ဆင်မှုတွေ လုံလောက်နေကြပါပြီ ၊ အချိန်မရွေး ကျင့်ကြံခြင်းအဆင့်တက်လို့ရနေပြီ”

သူက ဆက်ပြောသည်။

“အခုလောလောဆယ်တော့ သူတို့တွေ တံခါးပိတ်ကျင့်ကြံရာက ထွက်လာဖို့ မလိုသေးပါဘူး ၊ အဲဒါကြောင့် ကျွန်တော် သူတို့ကို အနှောက်အယှက်မပေးခဲ့တာပေါ့”

ပြင်ဆင်မှုများ လုံလောက်နေပြီဖြစ်သော်လည်း သူတို့အနေဖြင့် ပြင်ဆင်မှုများ ပိုမိုပြီးပြည့်စုံရန်နှင့် သူတို့၏အခြေအနေကို ကိုယ်တိုင်သုံးသပ်ရန် လိုအပ်နေသေး၏။

ယွဲ့ကျန့်ပေက ခေါင်းတစ်ချက်ညိတ်ရင်း...

“မြောက်ပိုင်းနက်ရှိုင်းကောင်းကင်ပြည်နယ်နဲ့ အခြေအနေတူညီတဲ့ အောက်ဘုံကမ္ဘာတွေ ရှိသေးလား”

ရန်ကျောက်ကဲက...

“ရှိတယ်... ကျွန်‌တော်လည်း ရွေးချယ်စရာမရှိဘဲ အဲဒီအောက်ဘုံကမ္ဘာတွေကို ထားခဲ့လိုက်ရတယ်”

တချို့အောက်ဘုံကမ္ဘာများက အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် ဆင်တူကြသည်။

ထိုကမ္ဘာများက ငရဲကိုးထပ်နယ်နိမိတ်များနှင့် ချိတ်ဆက်ထားသော်လည်း ထိုချိတ်ဆက်မှုကို စည်းတံဆိပ်ခတ် ချိတ်ပိတ်ပြီး ယာယီဖြတ်တောက်ထားနိုင်မည် ဖြစ်သည်။

မြောက်ပိုင်းနက်ရှိုင်းကောင်းကင်ပြည်နယ်နှင့်ဆက်သွယ်ထားသည့် အေးစိမ့်စမ်းချောင်းနယ်မြေများကတော့ စည်းတံဆိပ်ခတ် ချိတ်ပိတ်ရန် ခက်ခဲလှသည်။

ထိုနေရာများက ဗလာနယ်ထဲတွင် ပုံပျက်နေသောနေရာများဖြစ်လေရာ ထိန်းချုပ်ရန် ခက်ခဲသည်။

ရန်ကျောက်ကဲက စိတ်မကောင်းဖြစ်ဟန် အရိပ်အမြွက်ဖြင့်...

“လီနုန်တောင်က လန်ချင်းအကြောင်းတော့ မပြောတော့ပါဘူး ၊ အနောက်မြောက်ထိပ်တန်းအရှင်သခင်’လျန်ကျူးလင်’  အထက်ဘုံကမ္ဘာမှာဆက်နေဖို့ပဲ ရွေးချယ်ခဲ့တာ စိတ်မကေငာ်းစရာပဲ ၊ အဲဒီလိုသာမဟုတ်ရင် အနောက်မြောက် ယိုးထျန်းကောင်းကင်ပြည်နယ်ကို ကျွန်တော်ယူလာခဲ့မှာ”

ကျယ်ပြန့်သောနယ်မြေများဖြစ်သည့် အရှေ့ပိုင်း ကျယန်ပြန့်ကောင်းကင်ပြည်နယ်နှင့် အနောက်မြောက် ယိုးထျန်းကောင်းကင်ပြည်နယ်တို့ိကု သယ်ဆောင်ရန်အတွက် ရေရှည်ပြင်ဆင်မှု ပြုလုပ်ရန် လိုအပ်သည်။

အရှေ့တောင် ၊ အနောက်တောင် ၊ အရှေ့မြောက်နယ်မြေများကို ချောင်ကျယ်နှင့် အခြားသူများအကူအညီကိုရယူကာ သိမ်းယူနိုင်ခဲ့သည်။

အရှေ့ပိုင်းကျယ်ပြန့်ကောင်းကင်ပြည်နယ်နှင့် တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်တို့၏ ထိပ်တန်းအရှင်သခင်များ ချန်ထားခဲ့သော ခြေရာလက်ရာများကို ဝါဒတောင်က ရှင်းလင်းပစ်ခဲ့ပြီး ၊ ထိုနယ်မြေများကို ရန်ကျောက်ကဲ အလိုရှိသည့်အတိုင်း ပြုမူနိုင်ခဲ့သည်။

နယ်မြေများကိုဖယ်ထုတ်ရာတွင် အချိန်နှင့် သက်လုံကောင်းမှု လိုအပ်သည်။

သို့ဖြစ်ရာ အနောက်ပိုင်းထိပ်တန်းအရှင်သခင်’လန်ချင်း’ က ယာယီတိမ်းရှောင်သွာသဖြင့် ရန်ကျောက်ကဲက အနောက်ပိုင်း

ထို့ကြောင့် ယာယီ တိမ်းရှောင်သွားသော အနောက်ပိုင်းထိပ်တန်းအရှင်’လန်ချင်း’ ၏ အနောက်ပိုင်း ပင်လယ်လိပ်ကောင်းကင်ပြည်နယ်ကို ရန်‌ကျောက်ကဲအနေဖြင့် ရယူနိုင်ခဲ့ခြင်း မရှိပေ။

အနောက်မြောက်ထိပ်တန်းအရှင်သခင်’လျန်ကျူးလင်’ ကတော့ အထက်ဘုံကမ္ဘာတွင် ရှိနေဆဲ ဖြစ်သည်။

အနောက်မြောက် ပင်လယ်နီမှ ရွှယ်ချူးချင် ယူသွားခဲ့သော ရတနာပစ္စည်းများကို ကျောက်စိမ်းကျောက်ဆောင်မှတစ်ဆင့် ပြန်လည်ပေးအပ်ခဲ့သည်။

ကျန့်ဟွန်ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ မျက်နှာဖြင့် သူတို့နှစ်ယောက် အချင်းချင်းရန်ငြိုးထားမှုများ ပြေလျော့သွားခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ လျန်ကျူးလင်နှင့် ပင်လယ်နီအဆက်အနွယ်များကတော့ အထက်ဘုံကမ္ဘာတွင် ဆက်လက်နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ယွဲ့ကျန့်ပေက တည်ငြိမ်သောလေသံဖြင့်...

“နှစ်ပေါင်းများစွာကြာပြီလေ ၊ အနောက်မြောက် ပင်လယ်နီအဆက်အနွယ်အပေါ်မှာ ကျန်းရှန်ရဲ့ကျေးဇူးတွေ အများကြီးရှိတယ် ၊ ဒီတော့ မိတ်ဆွေလေး’လျန်ကျူးလင်’ ဒီလိုပဲဆုံးဖြတ်မယ်ဆိုတာ ငါတို့ မျှော်လင့်ထားပြီးသားပါ”

ယွဲ့ကျန့်ပေသည်လည်း လျန်ကျူးလင်အပေါ် ကျေးဇူးရှိသည့်တိုင် ၊ သူမအနေဖြင့် သူမ၏ဂိုဏ်းမှ ဘိုးဘေးများနှင့် အခြားသူများအတွက် စဉ်းစားပေးရသေးသည်။

သူမ မည်သို့ပင်ရွေးချယ်မှုပြုပါစေ ယွဲ့ကျန့်ပေက နားလည်ပေးမည်ပင်။

ယွဲ့ကျန့်ပေက ရန်ကျောက်ကဲအားလှည့်ကြည့်ပြီး မေးလိုက်သည်။

“မြောက်ဖေးတောင်ထွတ် ကြာပန်းနီကမ်းပါးက မိတ်ဆွေလေး’ဖုထင်’ နဲ့ မိတ်ဆွေလေး’ဟယ်’ အတွက်ရော... မင်း သူတို့အတွက် ပြင်ဆင်ထားတာ ရှိလား”

အထက်ဘုံကမ္ဘာမှခွဲထွက်လာပြီးနောက် မြောက်ဖေးတောင်ထွတ်မှအဆက်အနွယ်များတွင် ကွဲပြားမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ကွဲပြားမှုဟု ပြောမည်ဆိုလျှင် လုံလောက်သောတိကျမှု မရှိနိုင်ပေ။ ပြောရလျှင် မြောက်ဖေးတောင်ထွတ်အဆက်အနွယ်များ၏ ဆုံးဖြတ်ချက်ဟုဆိုလျှင် ပိုပြီးမှန်နိုင်သည်။

သူတို့က သီးခြားအရာတစ်ခုတည်းတွင် လူတိုင်းကို အာရုံမစိုက်ချင်ကြပေ။

သို့ဖြစ်ရာ မြောက်ဖေးတောင်ထွတ်ရှိ ကျောက်ဂူအိမ်တော်အစိတ်အပိုင်းတစ်ခုက အထက်ဘုံကမ္ဘာတွင်ကျန်ရှိရန် ရွေးချယ်ခဲ့ကြသည်။

အချို့ကတော့ ကြာပန်းနီကမ်းပါး၏ဦးဆောင်မှုဖြင့် အဂ္ဂိရတ်ခန်းမအတွင်းသို့ ဝင်ရောက်ခဲ့ပြီး တာအိုစကြာဝဠာတွင်တည်ရှိသော အထက်ဘုံကမ္ဘာမှ ထွက်ခွာလာခဲ့ကြသည်။

ထိုသို့ထွက်ခွာလာသူများထဲတွင် ဖုထင်နှင့် ဟယ်ရှီးရှင်တို့လည်း ပါဝင်လေသည်။

All Chapters