← Chapters

ချီးးပဲ...

Vol. 51 Ch. 697

ချီးးပဲ...

Vol. 51 Ch. 697

မဟာယွီအင်ပါယာမြို့တော်ကြီးက အင်မော်တယ်များ၏မှော်အစီအရင်နှင့် တိုက်မိခါနီးတွင် စုမင်က သူ့လည်ပင်းရှိ အနက်ရောင်ကျောက်တုံးကို ဆတ်ခနဲဖြုတ်ယူလိုက်သည်။

အနက်ရောင်ကျောက်တုံးရှိ ထူးဆန်းသည့်အချိန်အတိုင်းအတာမှာ စုမင်၏အကာအကွယ်ပင်ဖြစ်သည်။ ထိုဆွဲကြိုးလေးက စုမင်ကို သေမင်းနှုတ်ခမ်းဝမှ တစ်ကြိမ်ထက်မနည်း ကယ်ထုတ်ပေးခဲ့ဖူးသည်။

စုမင်၏စိတ်က ကျောက်တုံးကိုထိလိုက်ချိန်တွင် သူ့ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝသီးသန့်ဖြစ်သွားသလို ခံစားလိုက်ရသည်။ သူ့စိတ်က မည်သည့်အရာနှင့်မှ ဆက်နွှယ်မှုမျိုး မရရှိနိုင်တော့ပေ။

အပြာရောင်ဓားမှ တရွှီးရွှီးမြည်သံက နီးကပ်လာလေသည်။ ၎င်းက ပေတစ်ရာအောက်အကွာအဝေးတွင် ရောက်ရှိနေလေပြီ။ စုမင်က အနက်ရောင်ကျောက်တုံးနှင့် မပေါင်းစပ်တော့ဘဲ မြေပြင်သို့ အရှိန်အဟုန်ဖြင့် ဆင်းသက်လေသည်။

အပြာရောင်ဓားက စုမင်နှင့်ချိတ်ဆက်ထားကဲ့သို့ ထက်ကြပ်မကွာလိုက်နေလေသည်။ သတ်ဖြတ်လိုစိတ်နှင့် အေးခဲနေသောလေထုက အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိပုံရသည်။

တကယ်တော့ စုမင်မှာ အပြာရောင်ဓားရှည်၏ပိတ်ဆို့မှုကြောင့် ကျင့်စဉ်တောင်ထုတ်မသုံးနိုင်တော့ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။ မြေပြင်ပေါ်ရှိ သွေးများဖြင့် ဖုံးလွှမ်းနေသော အလောင်းများကြားတွင် သီးခြားအလောင်းတစ်ခုရှိသည်။ ၎င်းက တစ်ချက်လေးတောင် မလှုပ်ယှက်ပေ။ ထိုစဉ် စုမင်က ညာဘက်ခြေထောက်ကို မြှောက်ပြီး အလောင်းကို ကန်လိုက်လေသည်။ ထိုကန်ချက်မှာ သတ်ဖြတ်လိုစိတ်မပါဝင်ပေ။ စုမင်၏ကိုယ်မှ ညင်သာသောအားတစ်ခုပျံ့လွင့်လာပြီး ထိုခန္ဓာကိုယ်ကို ဝန်းရံသွားသည်။

“ချမ့်ချန်...မင်း နတ်ဆိုးဂိုဏ်းအပြင်ဘက်မှာ ခဏစောင့်နေ.. ဒီဓားကို ရှင်းပြီးတာနဲ့ မင်းကို လာ ခေါ်မယ်..”

ထိုစကားကို ပြောပြီးနောက် စုမင် နောက်သို့ လှည့်ကြည့်လိုက်သည်။ ယခုအခါ သူနှင့် ထိုလူသတ်ဓားကြားတွင် ပေငါးဆယ်သာ ကွာဝေးတော့သည်။ သူက ပျံသန်းနေစဉ် ဆန့်ကျင်ဘက်ဦးတည်ရာကို ချက်ချင်းပြောင်းလိုက်ကာ အလင်းတန်းရှည်အဖြစ်သို့ ပြောင်းလဲသွားသည်။

စောစောက နူးညံ့သိမ်မွေ့သော စွမ်းအားများဖြင့် ဝန်းရံထားသည့် အလောင်းက အဝေးသို့ ရောက်သွားပြီး ရုတ်တရက် မျက်လုံးပွင့်လာသည်။ ထိုလူမှာ အစကတည်းက သေချင်ယောင်ဆောင်နေခဲ့သော ချမ့်ချန်ပင်ဖြစ်ပေသည်။ သူကဟန်ဆောင် မျက်နှာဖုံးတပ်ထားပြီး သူ့အတွင်းမှ နူးညံ့သိမ်မွေ့သော စွမ်းအားကို အသုံးပြု၍ ထွက်ပြေးသွားလိုသည်။

“ ချီးးးပဲကွာ.. ဒီက‌နေနတ်ဆိုးဝိညာဉ်ဂိုဏ်းထိ ဘယ်လောက်တောင်ဝေးလိုက်လဲ.. သေနာလေး..ငါတော့ ဒုက္ခပေးပြီ..အဝေးကြီးဟာကို...”

ချမ့်ချန်က စုမင်ကို မှုန်ကုပ်ကုပ်နှင့် ကြည့်လိုက်‌သော်လည်း အာမခံရဲပေ။ နူးညံ့သိမ်မွေ့သော စွမ်းအားက သူ့ခန္ဓာကိုယ်မှ ထွက်သွားခြင်းမဟုတ်ဘဲ သူ့အတွင်း၌ အလိုလို စိမ့်ဝင်သွားသည်ကို သူ ခံစားသိရှိနိုင်သည်။ ၎င်းက သူ၏လှုပ်ရှားမှုများကို ကန့်သတ်ပေးမည့် ချိပ်တံဆိပ်တစ်မျိုးဖြစ်သည်မှာ သေချာသည်။

စုမင်က ချမ့်ချန်၏ သစ္စာစောင့်သိမှုနှင့် ပတ်သက်၍ သေချာပေါက် သံသယရှိ နေလေသည်။ ထို့ကြောင့် စုမင် ထိုသို့လုပ်ရခြင်း ဖြစ်သည်။

‘’သေစမ်းကွာ..ဒင်းက အပြာရောင်လူသတ်ဓါးရှည်ကြီးလိုက်ခံရတဲ့အချိန်မှာတောင် ငါ့ကို ချိပ်ပိတ်ဖို့ စိတ်ကူးရသေးတယ်ပေါ့...”

ချမ့်ချန်က ဒေါသထွက်ကာ အံတကြိတ်ကြိတ်ဖြစ်နေလေသည်။ သို့သော်လည်း စုမင် မည်မျှကြောက်စရာကောင်းသည်ကိုတွေးမိသောအခါ သက်ပြင်းရှည်ကြီးချမိသွားသည်။ထို့နောက် အဝေးကို ပြေးသွားလိုက်သည်။

စုမင်က သူ့ဘက်ကို ခေါင်းတောင် မလှည့်‌ပေ။စုမင်က သူ၏စွမ်းအားအားလုံးကို တွန်းထုတ်သုံးပြီး ပေါက်ကွဲသံနှင့်အတူ ရှေ့သို့ တိုးဝင်လာသည်။ သူက လေထုကို ထိုးခွင်းရင်း စူးရှသော လေချွန်သံများကို ထွက်ပေါ်လာစေသည်။ အပြာရောင်ဓားသည် အခိုက်အတန့်တိုင်းတွင် ပိုမိုမြန်ဆန်လာသည်။ထို့ကြောင့် စုမင်၏အမူအရာမှာ မယုံနိုင်လောက်အောင် နက်မှောင်နေလေသည်။ ဓားဖျားက သူနှင့် ပေနှစ်ဆယ်အောက်သာ ဝေး တော့သည်။ အေးစက်သောလေလှိုင်းများနှင့် ဖိအားများက တောင်များကဲ့သို့ သူ၏နှလုံးနှင့် ခန္ဓာကိုယ်ပေါ်သို့ ဖိစီးလာလေသည်။ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် ခံစားချက်က သူ့နှလုံးသားကို ပြည့်နှက်စေလေသည်။

ထိုအချိန်တွင် အပြာရောင်ဓားသွားထိပ်တွင် အပြာရောင်အလင်းတန်းတစ်ခု စတင်လင်းလက်လာသည်။ ထို့နောက် လီဒါဇင်ပေါင်းစွာတွင်ရှိသော လောကကြီး၏စွမ်းအားက စက်ဝန်းပုံစံဖြင့် ချက်ချင်း လှည့်ပတ်လာလေသည်။ ထို့နောက် ထိုစွမ်းအားများက အပြာရောင်ဓားဆီသို့ စုဝေးရောက်ရှိလာလေသည်။

စုမင် အန္တရာယ်အေငွ့အသက်ကို အတပ်ခံစားသိရှိနိုင်ပြီး သူ၏အမူအရာ ချက်ချင်းပြောင်းလဲသွားသည်။ မဆိုင်းမတွဘဲ သူ့လျှာဖျားကိုကိုက်ကာ သွေးချောင်းဆိုးလိုက်လေသည်။ ထိုသွေးများက သူ့ခန္ဓာကိုယ်ကို ချက်ချင်း လွှမ်းခြုံသွားပြီး သူ့အရှိန်ကို အဆပေါင်းများစွာ တိုးလာစေလေသည်။

သို့သော်လည်း အပြာရောင်ဓားက လောကကြီး၏စွမ်းအားကို စုပ်ယူပြီးနောက် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို တွန့်လိမ်ပုံပျက်သွားစေသည်။ ထို့နောက် မျက်လုံးတစ်မှိတ်အတွင်း စုမင်ရှေ့သို့ ရောက်ရှိလာခဲ့သည်။ အပြာရောင်အလင်းတန်းများ လင်းလက်လာပြီး လေထဲတွင် ဆူညံသံများ တဟုန်ထိုး တုန်ခါလာသည်။ထို့နောက် အပြာရောင်ဓားက စုမင်၏ရင်ဘတ်ဆီသို့ ဦးတည်သွားသည်။

သို့ပေမဲ့ ဓါးက စုမင်နှလုံးသားတည့်တည့်ကိုမထိုးဖောက်နိုင်ခဲ့ပေ။ စုမင်က ဘေးသို့အမြန်ရှောင်တိမ်းနိုင်ခဲ့သောကြောင့် ရှပ်ထိရုံသာ ထိမိသွားခဲ့သည်။

လေထဲတွင် ဆူညံသံများ ပဲ့တင်လာပြီး

စုမင်ပါးစပ်မှ သွေးချောင်းဆိုးလိုက်ရသည်။ သူ့ခန္ဓာကိုယ်ထဲတွင် အဖျက်စွမ်းအားတစ်ခု လည်ပတ်နေလေသည်။ ထို့နောက် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ထိုစွမ်းအားလှိုင်းများ ပျံ့လွင့်လာသည်။ သူ့ခြေထောက်များ ပေါက်ကွဲသွားပြီး သူ့ဘယ်လက်များက ကွဲကြေသွားလေသည်။ ထို့နောက် သူ့ခန္ဓာကိုယ်တစ်ဝက်သည် ပြာမှုန့်အတိ ပြောင်းလဲသွားသည်။

စုမင်ကိုယ်ထဲရှိ အဖျက်စွမ်းအားတစ်ခုကသူ့အသက်ကို နင်းချေသွားတော့မည်။ သို့သော် သူ၏စွမ်းအားအားလုံးကို ဖြန့်ကျက်ကာ သူ့အတွင်းပိုင်းရှိ ထိုအဖျက်စွမ်းအားကို ဖြိုခွင်းလိုက်သည်။ ထို့နောက် စုမင်က သွေးဒိုင်းဧ။်အကူအညီဖြင့် ကြိုးပျက်နေသောစွန်ကဲ့သို့

ရှေ့သို့ ပြေးသွားသည်။

စုမင်က ခေါင်းကိုမော့ကာ နာကျင်မှုဒါဏ်ကို အံတုလိုက်သည်။ ထို့နောက် ရှေ့သို့အရှိန်တင်ပြန်သည်။ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်း အနည်းငယ်ပဲ ကျန်တော့သည်။ ထိုအဖျက်စွမ်းအားက သူ့ကို လုံးဝပျက်စီးလုနီးပါးဖြစ်သွားစေသည်။

ယခင်အခြေအနေအတိုင်းဆိုလျှင် စုမင်က မီးလောင်တိုက်သွင်းခံရသောပုရွက်ဆိတ်ကဲ့သို့ အဆုံးသတ်သွားမည်ဖြစ်သည်။ သို့သော် သူက အသက်လမ်းကျင့်စဉ်သို့ရောက်ရှိသောကြောင့် အနည်းငယ်ခံနိုင်ရည်ရှိခဲ့သည်။ အသက်လမ်းကျင့်စဉ်သို့ရောက်ရှိသူချင်းတူလျှင်တောင် စုမင်က ပို၍အစွမ်းထက်လေသည်။ဤသည်မှာ တတိယစွမ်းအားအဆင့်အောက်ရှိ လူများကို နိဂုံးချုပ်ပေးနိုင်မည့် ဓားတစ်လက်ဖြစ်သည်။

ထို့ပြင် မာန်ကျင့်ကြံသူများက ၎င်းတို့၏ခန္ဓာကိုယ်ကို အဓိကထား ကျင့်ကြံသူများ ဖြစ်သည်။ စုမင်က ရိုးရေစတေးနယ်ပယ်တွင်ရှိစဉ်က သူ့အသား၊ အသွေးနှင့် အရိုးအားလုံးကို စစ်မှန်သောမာန်အသွေးအသားများအဖြစ်သို့ ပြောင်းလဲခဲ့သည်။ သူ့ပိုင်ဆိုင်သောစွမ်းအားက ကြောက်ခမန်းလိလိကြီးမားပြီး သူ့ထက်ကျင့်ကြံဆင့်မြင့်မားသောသူများကိုပင် သတ်ပစ်နိုင်ခဲ့သည်။

သို့သော်လည်း ထိုကဲ့သို့ သန်မာသော ကိုယ်ခန္ဓာရှိလျှင်ပင် စုမင်က အပြာရောင်ဓားဧ။်ဖျက်ဆီးခြင်းကို ခံရလေသည်။ ဤလက်နက်က မည်မျှ အစွမ်းထက်ကြောင်း ထင်ရှားသော လက္ခဏာဖြစ်သည်။ စုမင်၏ မျက်နှာက သွေးမရှိသကဲ့သို့ ဖြူဖျော့သွားလေသည် ။ သူ့စိတ်ထဲရှိ ရူးသွပ်မှုကြောင့် မျက်လုံးများက ကြက်သွေးရောင်သမ်းလာသည်။ သို့ရာတွင် ကျန်တစ်ကိုယ်လုံးက ကောင်းကင်သို့ ဆက်လက်အရှိန်တင်

နေလေသည်။ သူ့နောက်ရှိ အပြာရောင်ဓားသည် သူ့ကိုမသတ်ရမချင်း ပျောက်ကွယ်သွားမည်မဟုတ်သကဲ့သို့ အနီးကပ်လိုက်လာသည်။

“ချီးးပဲ...အင်မော်တယ်တွေ...”

စုမင်က သူ့ကိုယ်ခန္ဓာပျက်စီးသွားခြင်းကြောင့် အင်မော်တယ်များအပေါ် မုန်းတီးမှုများ ပိုမိုပြင်းထန်လာခဲ့သည်။

အပြာရောင်ဓား၏ သတ်ဖြတ်လိုစိတ်မှာ ပျောက်ကွယ်မသွားဘဲ စုမင်၏ အသက်အန္တရာယ်ကို တစ်စတစ်စ ပိုမို ခြိမ်းခြောက်လာသည်။ သူ့ပါးစပ်မှ သွေးများ ဆက်တိုက် အန်နေပြီး ထိုသို့အန်တိုင်း သူ့အရှိန်သည် အနည်းငယ် တိုးလာသည်။

ယခုတိုင် စုမင်က ထို အပြာရောင်ဓားကို တစ်ချက်မှ တုန်လှုပ်အောင် မလုပ်နိုင် သေးပေ။ ဓားက ရှေ့ကိုဆက်၍ အရှိန်တင်‌နေပြီး စုမင်၏နောက်မှ စူးရှသော လေချွန်သံများ ထွက်ပေါ်လာသည်။ အပြာရောင်အလင်းတန်းက ဓားထိပ်ဖျားမှ နောက်တစ်ကြိမ် ပေါ်လာသည်။ တစ်ချိန်တည်းတွင် လီတစ်ရာစက်ဝိုင်းဧရိယာမှ လောကကြီး၏ စွမ်းအားကို ပြင်းထန်စွာ စုပ်ယူသွားခဲ့သည်။

စုမင်၏အရေပြားတွင် ကြက်သီးဖုများထလာလေသည်။ထို့နောက် သူ့နှလုံးသားက ဟိန်းဟောက်လိုက်သည်။ ထိုအပြာရောင်ဓားဧ။်တိုက်ခိုက်မှုကို ဒုတိယအကြိမ် ခံရပါက သူ သေချာပေါက်သေသွားမည်ဖြစ်သည်။

တစ်ဖက်တွင် အင်မော်တယ်များက ထိုမျှအဖိုးမဖြတ်နိုင်သော ရတနာသုံးခုကို ပေးပို့ခဲ့သည်။ ပထမတစ်ခုက အကြီးဆုံးအစ်ကိုကြီးကို ထိတ်လန့်စေခဲ့သည်။ ဒုတိယက မာန်ကျင့်ကြံသူများ၏သွေးမျိုးဆက်ကို တိုက်ခိုက်ခြင်း ခံရလေသည်။ရတနာသုံးခုကို နှိုင်းယှဉ်ကြည့်လျှင် တတိယ ရတနာသည် စွမ်းအား အကြီးဆုံးဖြစ်သည်။

“သွေးဆာနေတဲ့ဓား...”

နောက်ဆုံးတွင် အင်မော်တယ်များ၏ရည်ရွယ်ချက်က စုမင်ကို ဖျက်ဆီးပြီး ချိပ်ပိတ်ထားရန်ဖြစ်သည်။သူတို့က

စုမင်နှင့်ပတ်သတ်၍ အမှားအယွင်းတစ်စုံတစ်ရာမဖြစ်လိုပေ။

သူတို့ပို့‌ဆောင်လိုက်သောဓား၏တာဝန်မှာ စုမင်ကို သတ်ပြီး ချိပ်တံဆိပ်ပိတ်ရန်ဖြစ်သည်။

စုမင်၏ အမူအရာက ပျက်ယွင်းသွားလေသည် ။ ထိုခဏ၌ စုမင်က သူ့အရှိန်ကို

တန့်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ့ဘယ်လက်ဖမိုးကို အထက်သို့မြှောက်ပြီး ညာ လက်ဖဝါးကို အောက်သို့‌ထားလိုက်သည်။

“အတိတ်နဲ့ အနာဂတ်ကြားမှာ တည်ရှိတဲ့အရာက ကံတရားပဲ...”

စုမင် ဟိန်းဟောက်နေစဉ် ဆယ်‌ပေအကွာရှိအပြာရောင်ဓားက လောကကြီး၏စွမ်းအားကို ဆက်လက်စုပ်ယူနေလေသည်။ ထို့နောက် အပြာရောင်ဓားမှ တဝီဝီမြည်သံကို ထုတ်လွှတ်လိုက်သည်။

ထိုအချိန်မှာပင် စုမင်က တိုးဝင်လာသော အပြာရောင်ဓားကို ညာလက်ဖြင့် လွှဲယမ်းလိုက်သည်။

စုမင်က အသက်လမ်းစဉ်ကံကြမ္မာကနဦးအဆင့်စွမ်းအားဖြင့် အချိန်ကို ပြောင်းပြန်လှန်ပစ်ခဲ့သည်။ ထိုစွမ်းအားက ယခင်က ထက် ပိုမိုအားကောင်းလာခဲ့သည်။ ထိုစွမ်းအားက အပြာရောင်ဓားဒဏ်ခံနိုင်ရုံသာမက သူ့ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်တိမ်တိုက်များကိုပါ တုန်လှုပ်သွားစေခဲ့သည်။ တကယ်တော့ သူ့မှာ လုံလောက်သော စွမ်းအားများသာ ရှိနေလျှင်‌ လောကကြီး၏ဥပဒေဿများကိုတောင် ပြောင်းပြန်လှန်နိုင်ကြောင်း ခံစားနေရလေသည်။

အမှန်မှာ သူ၏ပြင်းပြသောစိတ်ဆန္ဒကြောင့် အချိန်ကို နောက်ပြန်ဆုတ်သွားအောင် လုပ်နိုင်ခဲ့သည်။ ရန်သူအားလုံးကို ပုပ်ပွသွားစေပြီး စကြဝဠာ၏ အစမှတ်သို့ ပြန်သွားနိုင်သည်။

စုမင်၏စိတ်ထဲမှာ ထိုခံစားချက်ပေါ်လာပြီး တဖြေးဖြေးပျောက်ကွယ်သွားလေသည်။သူ့ ညာလက်ကို ရှေ့သို့ လွှဲယမ်းသောအခါ တိုးဝင်လာသော အပြာရောင်ဓားက... ပထမဆုံးအကြိမ် ရပ်တန့်သွားသည်။

ထို့နောက်အပြာရောင်ဓားက တုန်လှုပ်လာသည်။ စုမင်နှင့် ငါးပေလောက်အကွာမှာ ဖြည်းဖြည်းချင်း အနောက်ကို ရွေ့လျားလာသည်။ လောကကြီး၏စွမ်းအားများက ဓါးမှပြန်ထွက်လာပြီး မူလနေရာသို့ ပြန်သွားလေသည်။

စုမင်၏ နဖူးမှ ချွေးသီး ချွေးပေါက်များ ပိုးပိုးပေါက်ပေါက်ကျလာသည်။ ကံကြမ္မာ၏ စွမ်းအားက သူ၏မူလ မြင့်မြတ်သော စွမ်းရည်ဖြစ်သည်။ သူက ထိုစွမ်းရည်ကို အသက်သွင်းတိုင်း သူ့ကနဦးစွမ်းအားကို သုံးလိုက်ရသည်ဟု ထင်နေလေသည်။ သို့သော်ကံကြမ္မာ၏ စွမ်းအားက ကနဦးကျင့်ကြံစွမ်းအားကို အသုံးပြုရုံသာမက သူ့စိတ်ဝိညာဉ်စွမ်းအားများကိုပါ အသုံးချသွားကြောင်းကို သဘောပေါက်ခဲ့သည်။ ထို့နောက်တွင် ကြီးမားသော ပင်ပန်းနွမ်းနယ်မှု လှိုင်းလုံးကြီးက သူ့အပေါ် တိုးဝင်လာသည်။

စုမင်က အသက်လမ်းကံကြမ္မာကျင့်စဉ်သို့ မဝင်ရောက်မီက စုမင်၏ကံကြမ္မာစွမ်းအားမှာ လွန်စွာ အားနည်းခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းကို အသူရာဖန်ဆင်းခြင်းကံကြမ္မာဟုလည်း ခေါ်ဆိုခြင်းကြောင်းဖြစ်သည်။

ထို့ကြောင့် သူ၏စိတ်ဝိညာဉ်စွမ်အားကိုစားသုံးခြင်းက ဆိုးရွားသည်ဟု မဆိုးနိုင်ပေ။ တကယ်တော့ ယခင်က ကံကြမ္မာ၏စွမ်းအားက သာမန်အဆင့်မျှသာဖြစ်သည်။ အကယ်၍ အတိတ်က ကံကြမ္မာ၏အချိန်ပြောင်းပြန်လှန်ခြင်းစွမ်းရည်ကို ယခုအချိန်တွင် သုံးခဲ့မည်ဆိုလျှင် အပြာရောင်ဓါးအပေါ် မည်သို့မျှ သက်ရောက်စေနိုင်မည်မဟုတ်ပေ။

သို့သော် စုမင်က အသက်လမ်းကျင့်စဉ် နယ်ပယ်သို့ဝင်ရောက်ပြီး အသက်လမ်းကံကြမ္မာကနဦးအဆင့်သို့ရောက်ရှိသွားသောအခါတွင် သူ၏အချိန်ပြောင်းပြန်လှန်မှုက အကျိုးသက်ရောက်မှုရှိလာသည်။ အပြာရောင်ဓားကို ဆုတ်ခွာသွား စေပြီးနောက် ကံကြမ္မာ၏ စွမ်းအားက ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့သည်။ထို့နောက် စုမင်က ညာလက်ကို မျက်ခုံးအလယ်တည့်တည့်တွင် ဖိထားလိုက်သည်။

“အသက်လမ်းကျင့်စဉ်မာန်နတ်ဘုရားရုပ်တု...”

စုမင် ဟိန်းဟောက်လိုက်သည်နှင့် သူ့ပတ်ဝန်းကျင်တွင် ပေတစ်သောင်းမာန်နတ်ဘုရားရုပ်တုက ပေါက်ကွဲသံကြီးဖြင့် ထင်ရှားစွာ ထွက်‌ပေါ်လာသည်။ ရုပ်တုကြီးက စုမင်ကိုဖြတ်သွားကာ ၎င်း၏လက်နှစ်ဖက်ကိုယှက်ထားကာ အပြာရောင်ဓားကို ရိုက်ချလိုက်သည်။

ရုပ်တုကြီးက မာန်ပြည်ထောင်၏ကောင်းချီးကို ခံယူပြီး လောကကြီး၏စွမ်းအားကိုပါ စုပ်ယူခဲ့သည်။ ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံကြီးက လေထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။ စုမင်က ဖြူ ဖျော့နေသောမျက်နှာဖြင့် ရှေ့သို့အရှိန်တင်လိုက်သည်။ ဤနေရာ၌ သူကြာကြာ မနေနိုင်ပေ။ အပြာရောင်ဓားက မည်မျှစွမ်းအားကြီးသည်ကို သူသိလေသည်။ သူက ကံကြမ္မာစွမ်းရည်နှင့် မာန်နတ်ဘုရားရုပ်တုကို ဆင့်ခေါ်နိုင်လျှင်တောင်မှ ထိုဓါးကို ပျက်စီးအောင်မလုပ်နိုင်ပေ။ အချိန်အနည်းငယ်သာ ဆွဲထားနိုင်ခဲ့သည်။

ထိုအချိန်ပမာဏက စုမင်အား ပုန်းခိုစရာနေရာရှာနိုင်ပြီး ခန္ဓာကိုယ်ကို ကုသပေးနိုင်မည်ဖြစ်သည်။

စုမင် နောက်သို့ အဆက်မပြတ်ဆုတ်ခွါသွားပြီး ဆေးဖက်ဝင်အမြုတေများကို ချေမွလိုက်လေသည်။ ထို့နောက် သူအသက်ပြင်းပြင်းရှူကာ ပါးစပ်ထဲသို့ အမှုန့်များအားလုံးကို ထည့်လိုက်လေသည်။ ထိုအမှုန့်များက ဒါဏ်ရာများကို လျင်မြန်စွာပြန်ကောင်းမွန်လာစေသည်။

All Chapters