← Chapters

ကိုယ့်ဘက်တော်သား

Vol. 51 Ch. 698

ကိုယ့်ဘက်တော်သား

Vol. 51 Ch. 698

စုမင်က ဆေးဖက်ဝင်အမြု‌တေများကို မျိုချလိုက်ပြီးနောက် သူ့အ‌သွေးအသားများက ပြန်လည်ကောင်းမွန်လာသည်။ သူက ရှေ့သို့ဆက်မသွားတော့ဘဲ ကောင်းကင်ထက်သို့ ဦးတည်သွားခဲ့သည်။ သူက ယင်မရဏဝဲဂယက်တွင် ပုန်းခိုရန် ရွေးချယ်ခဲ့သည်။

အပြာရောင်ဓားက မည်မျှပင် အားကောင်းပါစေ၊ ၎င်းသည် တောက်ပသောယန်နယ်မြေမှ လာသည်။ ထို့ကြောင့် ယင်မရဏဝဲဂယက်က အပြာရောင်ဓားကို ဖိနှိမ်နိုင်လိမ့်မည်။

စုမင်က ကိစ္စများကိုလေးလေးနက်နက် စဉ်းစားရန် အချိန်မရှိပေ။ သူဆုံးဖြတ်ချက်ချပြီး ကောင်းကင်ရှိ ဝဲဂယက်ထဲကို ကြယ်တစ်ပွင့်ကဲ့သို့ ပစ်သွင်းလိုက်သည်။ သူနှင့် အပြာရောင်ဓားရှည်ကြားက အကွာအဝေးကို ဆွဲဆန့်လိုက်စဉ် သူ့နောက်မှ ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။ စုမင်၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ စုမင်၏နတ်ဘုရားရုပ်တုသည် အပြာရောင်ဓားကို ဆက်၍မတားဆီးနိုင်သောကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ဤသည်မှာ စုမင်၏မာန်နတ်ဘုရားရုပ်တု ခိုင်ခန့်မှုမရှိခြင်းကြောင့်မဟုတ်ပေ။ သူ့စွမ်းအားများ မလုံလောက်ခြင်းကြောင့်သာဖြစ်သည်။ ထိုအချိန်တွင် သူက ရုပ်တု၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို အများဆုံး ထုတ်ပြနိုင်ခဲ့သည်။

လေထဲတွင် ပေါက်ကွဲသံများ တဟုန်ထိုး

ထွက်ပေါ်လာပြီး နတ်ဘုရားရုပ်တုက ချက်ချင်းပျောက်ကွယ်သွားလေသည်။ အပြာရောင်ဓားက စူးရှသောဝီစီသံကို ထုတ်လွှင့်ကာ စုမင်ဆီသို့ ဦးတည်သွားသော အပြာရောင်အလင်းတန်းရှည်

အဖြစ် ပြောင်းလဲသွားသည်။

စုမင်၏ ခန္ဓာကိုယ်က လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။ သူ့အရှိန်က ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုအချိန်တွင် သူက ယင်မရဏဝဲဂယက်နှင့်နီးသထက်နီးအောင် ခြေကုန်သုတ်နေလေသည်။

သူ့နောက် ပေထောင်ချီအကွာတွင်ရှိသော အပြာရောင်ဓားက လောကကြီးတစ်ခုလုံးကို အပြာရောင်အလင်းတန်းဖြင့် အရောင်ဆိုးလိုက်သည်။ ထိုအလင်း ရောင်အောက်တွင် အပြာရောင်ဓားက လီထောင်ပေါင်းများစွာမှ လောကကြီး၏စွမ်းအားကို စုပ်ယူနေကြောင်း တွေ့ရှိလိုက်ရသည်။

၎င်းက စုမင်ကို သေမင်းတံခါးဝထိရောက်အောင်တွန်းပို့မည်ဖြစ်သည်။ ထိုအချိန်တွင် စုမင်က ကြက်သီးတဖြန်းဖြန်းထလာပြီး ဓား၏အရှိန်သည်လည်း ရုတ်တရက် ဆယ်ဆတိုးလာသည်။

ယခင်မှာ ဓားအရှိန်မှာ မြန်ဆန်ခဲ့သော်လည်း ယခုအခါ ၎င်း၏ အမြန်နှုန်းက ဆယ်ဆတိုးလာသောကြောင့် စကားဖြင့် မဖော်ပြနိုင်တော့ပေ။ အပြာရောင်ဓားက အချိန်တိုလေးအတွင်း ပေထောင်ပေါင်းများစွာကို ဖြတ်သန်းသွားခဲ့သည်။

တစ်ချိန်က စုမင် ကြုံခဲ့ရသော တိထျန်းနှင့် ယှဉ်လျှင် အကွာကြီး ဖြစ်သည်။ အကယ်၍ စုမင်သာ ယင်မရဏဝဲဂယက်ထဲသို့မရောက်ခဲ့လျှင့် ဓါး၏တိုက်ခိုက်မှုကို မလွဲမသွေရင်ဆိုင်ရလိမ့်မည်။

သူက ယင်မရဏ‌နယ်မြေနှင့်ပေတစ်ထောင်အောက်သာ ကွာဝေးတော့ပြီး ထိုအကွာအဝေးက သူ့အသက်ကို အဆုံးအဖြတ်ပေးနိုင်လေသည်။ သို့သော် အခြားလူများအတွက်တော့ ပေတစ်ထောင်အကွာအဝေးက လက်တစ်ဆန့်စာသာရှိလေသည်။

စုမင်၏ခန္ဓာကိုယ်မှာ သေးငယ်သော အစိတ်အပိုင်းတစ်ခုပဲ ကျန်တော့သည်။ ပင်ပန်းနွမ်းနယ်မှုလှိုင်းလုံးကြီးက သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ပြည့်နှက်လာစေခဲ့သည်။ သူ့မျက်လုံးများက နီရဲတွတ်နေလေသည်။သူလက်ရှိကြုံတွေ့နေရသော ပျက်စီးဆုံးရှုံးမှုက ယခင်သူကြုံတွေ့ခဲ့ရဖူးသည့်အရာများနှင့်ယှဉ်လျှင် မိုးနှင့်မြေကဲ့သို့ ကွာခြားလှလေသည်။ အကယ်၍ အခြားသူသာဖြစ်ခဲ့ပါက အပြာရောင်ဓားမဆင်းသက်ခင်မှာပင် သူတို့၏စိတ်ဆန္ဒများ ပြိုပျက်သွားလိမ့်မည်။

စုမင်က အံကြိတ်ရင်း သူ့အမူအရာက ပြောင်းလဲသွားလေသည်။ထိုခဏ၌ သွေးဆာနေသောဓားက သေမင်း တံခါးလာခေါက်သကဲ့သို့ သူ့နား နီးကပ်လာလေသည်။ ထိုစဉ် စုမင်က လှောင်ပြောင်စွာ ရယ်မောလိုက်သည်။ သူ့ရယ်မောခြင်းတွင် အဆုံးမဲ့ အအေးလှိုင်းတစ်ခု ရှိနေပြီး ၎င်းတွင် ဆုံးဖြတ်ချက်နှင့် ရူးသွပ်မှုတို့ ပါဝင်လေသည်။

“ငါ့အသက်ကို ဘယ်သူမှ မယူနိုင်ဘူး”

ထိုအချိန်တွင် စုမင်၏ ဝိညာဉ်က မီးလောင်သွားခဲ့သည်။ သူ့၏ ရူးသွပ်မှုနှင့်

ဒေါသစိတ်ကြောင့် ဖြစ်ပေါ်လာသော စိတ်ဖြတ်ချက်ဖြစ်သည်။

စုမင်၏ ဝိညာဉ် လောင်ကျွမ်းသွားသောအခါ သူ့ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများစွာ ထွက်ပေါ်လာသည်။ ဤသည်မှာ သူ၏ ဝိညာဉ်ကို လောင်ကျွမ်းခြင်းနှင့် အလဲအလှယ်လုပ်ထားသော စွမ်းအားဖြစ်ပြီး မယုံနိုင်လောက်အောင် ကြီးမားလှသည်။မူလက စုမင်၏ ခန္ဓာကိုယ်မှာ ပြန်လည်ကောင်းမွန်လာသော်လည်း သူ၏ ဝိညာဉ်လောင်ကျွမ်းခြင်းကြောင့် အချည်းနှီးဖြစ်သွားခဲ့ရသည်။ သူ၏ အသားနှင့် သွေးများ ကွဲအက်သွားခဲ့သည်။သူ့တစ်ကိုယ်လုံး စုတ်ပြဲသွားခြင်းကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုသည် စုမင်ကို ရူးသွပ်သွားစေလေသည်။

အပြာရောင်ဓားရှည် နီးကပ်လာချိန်မှာ စုမင်က သူ့လက်သီးဖြင့် ဓါး၏ထိုးချက်ကို မိုက်ရူးရဲစွာ ရင်ဆိုင်လိုက်လေသည်။

ထိုအချိန်တွင် ကျယ်လောင်သော လှိုင်းလုံးကြီးက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေခဲ့သည်။

ဤသည်မှာ စုမင်၏ဝိညာဉ်လောင်ကျွမ်းခြင်းမှ ရရှိသောခုခံမှုဖြစ်သည်။ သူခုခံနိုင်သည့် အပြင်းထန်ဆုံးတိုက်ခိုက်မှုလည်းဖြစ်သည်။ ထိုလက်ချက်က စုမင်၏ကျင့်ကြံမှုအဆင့်ကန့်သတ်ချက်များကို ကျော်လွန်ကာ ပို၍ပင် မြင့်မားသော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ဆူညံသောပေါက်ကွဲသံများက လေထဲတွင် ဝုန်းဝုန်းဒိုင်းဒိုင်း ပဲ့တင်ထပ်နေချိန်တွင် စုမင်၏ ညာဘက်လက်က လုံးဝကွဲအက်သွားသည် ။ သူ့ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းများက လုံးဝပေါက်ကွဲသွားလေသည်။ထိုပြင်းထန်သော ရိုက်ခတ်မှုအောက်တွင် သူ့ဦးခေါင်းမှလွဲ၍ ကျန်အစိတ်အပိုင်းအားလုံးက ပျက်စီးဆုံးရှုံးခဲ့ရသည်။ ထို့နောက် ကျန်ရှိသောခေါင်းက ယင်မရဏနယ်မြေထဲသို့ တန်းတန်းမတ်မတ်ရောက်ရှိသွားလေသည်။

တစ်ချိန်တည်းမှာပင် အပြာရောင်ဓားမှ ထူးဆန်းသည့်အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုဓားမှာ ဝိညာဉ်တစ်ခုရှိပြီး စုမင်၏လက်ချက်ကြောင့် ပေတစ်ရာ နောက်သို့လွင့်စင်သွားခဲ့သည်။

သို့သော် လီတစ်သောင်းစက်ဝန်းဧရိယာမှ လောကကြီး၏ စွမ်းအားက ပေါက်ကွဲသံကြီးအတူ ဓားဆီသို့ စုဝေးရောက်ရှိလာသည်။ ချက်ချင်းဆိုသလိုပင် အပြာရောင်ဓားသည် ယင်မရဏနယ်မြေထဲသို့ ထိုးဖောက်ဝင်ရောက်သွားသော အပြာရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းက စုမင်ကို မသတ်ရမချင်း ရပ်တန့်သွားမည်မဟုတ်ပေ။

စုမင်၏ ဦးခေါင်းက ယင်မရဏနယ်မြေထဲသို့ ရောက်သွားသည်နှင့် တပြိုင်နက် သူ့အသိစိတ်က ဝေဝါးသွားခဲ့သည်။ သူရခဲ့သော ဒဏ်ရာများ ပြင်းထန်လွန်းဖြင့် စကားလုံးဖြင့် ဖော်ပြ၍ မရနိုင်ပေ။ သူ့ဖြစ်ပုံမှာ သေမင်းခံတွင်းဝရှိသိုးလေးတစ်ကောင်ကဲ့သို့ပင် ကြုံတွေ့ခဲ့ရသည်။

စုမင်၏နေရာမှာ အသက်လမ်းကျင့်စဉ်အောက်ရှိကျင့်ကြံသူဆိုလျှင် ချက်ချင်းသေသွားမည်ဖြစ်သည်။ သို့သော် အသက်လမ်းကျင့်စဉ်ကျင့်ကြံသူတစ်ယောက်ဖြစ်စေကာမူ သေစေနိုင်လောက်သောဒါဏ်ရာမျိုးကို ကုသရန် လုံးဝမဖြစ်နိုင်ပေ။

အသက်လမ်းစဉ်ကျင့်ကြံခြင်းသည်

လူတစ်ဦး၏ကိုယ်ပိုင်ဘ၀ကို ကျင့်ကြံခြင်းဖြစ်သည်။ ထိုကျင့်စဉ်ရှုထောင့်က အင်မော်တယ်များနှင့် အတူတူဖြစ်သော်လည်း ကျင့်ပုံကျင့်နည်းက ကွဲပြား လေသည်။ အင်မော်တယ်များမှာ မြင့်မြတ်သောစိတ်ဝိညာဉ်နှင့်နတ်ဘုရားအာရုံဟူ၍ ရှိသည်။ သူတို့၏ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာများ မည်မျှပင်ပြင်းထန်ပါစေ၊ အခြေတည်နတ်ဘုရားများ မပျက်စီးသရွေ့ အခြားသူများ၏ခန္ဓာကိုယ်ကို ငှားကာ အသက်ရှင်နိုင်လေသည်။ ထို့ပြင် သူတို့၏ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းရန် နည်းလမ်းများစွာရှိလေသည်။

မာန်ကျင့်ကြံသူများက ထိုကဲ့သို့ မကျင့်ကြံနိုင် ပေ။ သို့သော်လည်း အသက်လမ်းကျင့်စဉ်ကိုတက်လှမ်းပြီးနောက် သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး နီပါးပျက်စီးသွားပါစေ၊ အစိတ်အပိုင်းတစ်ခုကျန်ရုံဖြင့် ဆက်လက်အသက်ရှင်နိုင်လေသည်။ မည်ကဲ့သို့ပုံစံမျိုးနှင့်မဆို အသက်ဆက်ရှင်နိုင်လေသည်။ ထို့အတွက် တစ်ခုတည်းသော လိုအပ်ချက်ကတော့… သူတို့၏စိတ်ဝိညာဉ်များ၊ စိတ်ဆန္ဒများ မပျက်စီးသွားရန်ဖြစ်သည်။

အင်မော်တယ်များနှင့်မတူညီသည်မှာ အသက်လမ်းစဉ်ကျင့်ကြံသူများက အခြားသူများ၏ခန္ဓာကိုယ်ကို ငှားရမ်းအသုံးမပြုနိုင်ပေ။ သို့သော် သူတို့၏ ဝိညာဉ်များ မပျက်စီးသရွေ့ သူတို့၏ ခန္ဓာကိုယ်များ ပျက်စီးသွားလိမ့်မည် မဟုတ်ပေ။

ဥပမာ ပြရလျှင် ဒုတိယမာမန်နတ်ဘုရားသခင်က တစ်စစီအပိုင်းပိုင်းဖြတ်ခံရသော်လည်း သူ့စိတ်ဝိညာဉ်က မသေဆုံးသေးပေ။ ထို့ကြောင့် အင်မော်တယ်များက သူ့ကိုနှိမ်နှင်းရန်အတွက် မနက်ခင်းတာအိုလောက၏ရတနာများကို အသုံးပြုခဲ့ရသည်။

ထို့ကြောင့် အင်မော်တယ်များက ဒုတိယမာန်နတ်ဘုရားနှင့်ပတ်သတ်၍ မည်သည့် မတော်တဆမှုမျိုးမှ မဖြစ်ပွားစေရန် အပြောင်းအလဲများစွာ ပြုလုပ်ခဲ့သည်။

စုမင်က အသက်လမ်းကျင့်စဉ်သို့ မဝင်ရောက်ခဲ့ပါက ဤဒဏ်ရာများဖြင့် သေချာပေါက်သေဆုံးသွားပေလိမ့်မည်။ သို့သော် စုမင်က ယခုအသက်လမ်းကံကြမ္မာကနဦးအဆင့်ရှိ ကျင့်ကြံသူတစ်ယောက်အနေဖြင့် ကျင့်စဉ်၏အထူးအားသာချက်များကို ရရှိခဲ့သည်။ သူ့ဦးခေါင်းသာရှိလျှင်ပင် သူ၏ဝိညာဉ်မပျက်စီးသေးသရွေ့ ပြန်လည် ကောင်းမွန်လာမည်ဖြစ်သည်။

သို့သော်လည်း စုမင်က ယင်မရဏနယ်မြေ ထဲသို့ မပြေးမီ ဝိညာဉ်လောင်ကျွမ်းခြင်းက သူ့အတွက် ပြင်းထန်သော ထိုးနှက်ချက်တစ်ခုဖြစ်သည်။ သို့သော် သူ၏စိတ်ဆန္ဒက မယုံနိုင်လောက်အောင် ပြင်းထန်ခဲ့သည်။ သူ့စိတ်ဝိညာဉ်ကို လောင်ကျွမ်းစေခဲ့လျှင်ပင် သူ့စိတ်ဆန္ဒကို ရှင်းလင်းအောင် ထားနိုင်ခဲ့သည်။ ထို့အပြင် သူ၏ဝိညာဉ်ကို အချိန်တိုအတွင်းသာ လောင်ကျွမ်းစေခဲ့သောကြောင့် ပျက်စီးမှုတစ်စုံတစ်ရာကို မခံစားခဲ့ရပေ။

ထိုအချိန်တွင် စုမင်က ယင်မရဏ မြူခိုးထဲတွင် ရပ်နေစဉ် ပါးစပ်ကို ကျယ်ကျယ်ဟကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် မရဏအရှိန်အဝါက သူ့ခေါင်းဆီသို့ တိုးဝင်လာသည်။သူက ထိုအရှိန်အဝါနှင့်ပေါင်းစပ်လိုက်သောအခါ သူ့ခန္ဓာကိုယ်တွင် ပြန်လည်ကောင်းမွန်လာမည့် လက္ခဏာများ ပေါ်လာသည်။

စူးရှသောဝီစီသံများက သူ့နောက်မှ ထွက်ပေါ်လာသည်။ အပြာရောင်အလင်းတန်းတစ်ခုက ဝဲဂယက်များကို ဖြတ်၍ စုမင် ၏နောက်သို့ လိုက်လာခဲ့သည်။ သို့သော် ဝဲဂယက်မှာ ယင်မရဏမြူခိုးများမှ ဖြစ်ပေါ်လာသော ဝဲဂယက်ဖြစ်သည်။ အပြာရောင်ဓားသည် အင်မော်တယ်ပြည်နှင့် တောက်ပသောယန်‌နယ်‌မြေမှ ဆင်းသက်လာသောကြောင့် သဘာဝအတိုင်း ဖိနှိမ်ခြင်းခံရသည်။ ထို့နောက် သူ့အရှိန်က ဝဲဂယက်ထဲတွင် ပိုမိုနှေးကွေးသွားခဲ့သည်။

ထို့အတွက်ကြောင့် ဓားနှင့် စုမင်ကြားတွင် ပေတစ်ထောင်အကွာအဝေးက ရှိမြဲ ရှိနေသည်။ ၎င်းက စုမင်ကို မဖမ်းမိနိုင်ပေ။ စုမင်ကလည်း ၎င်းကို တုန်လှုပ်အောင်မလုပ်နိုင်ပေ။

သို့သော် စုမင်က ယင်မရဏဝဲဂယက်ထဲတွင် ငါးတစ်ကောင်ကဲ့သို့ ရွေ့လျားသွားသည်။ သူက ယင်မရဏအရှိန်အဝါ ပမာဏများစွာကို စုပ်ယူလိုက်သောအခါ သူ၏ခန္ဓာကိုယ်သည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။ ပထမဦးစွာ သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ဝက်ကို ပုံဖော်ပြီးနောက် အောက်ပိုင်းကို ဖန်တီးခဲ့သည်။ သူ့ပုံသဏ္ဍာန်အားဖြင့်ဆိုရင် သူ့ခြေထောက်များသည် ရှည်လျားလွန်းလှသည်။

သူ့ခန္ဓာကိုယ်မှာ အသွေးအသားများ ပြည့်လာပြီး ကြီးထွားလသည့်အတွက် နေရခက်နေလေသည်။ သူက ဓာတ်လိုက်သလို ထုံကျင်ပြီး နာကျင်နေလေ၏။ သို့သော် ဤနာကျင်မှုက စုမင် အတွက် ဘာမှမဟုတ်ပေ။ ယခင်က သူ့အသက်စွမ်းအားကိုတောင် လောင်ကျွမ်းခဲ့ဖူးသည်။ ထိုအရာနှင့်ယှဉ်လျှင် ယခုဝေဒနာက သူခံစားခဲ့ရသော တစ်စိတ်တစ်ပိုင်းသာရှိသည်။

သို့သော် စုမင်က ယင်မရဏဝဲဂယက်ထဲတွင် ငါးတစ်ကောင်ကဲ့သို့ လှုပ်ရှားနေချိန်၌ပင် ကြမ်းတမ်းသော သားရဲများစွာကို တွေ့ခဲ့ရသည်။ ထိုရက်စက်ကြမ်းကြုတ်သော သားရဲများမှာ အသက်လမ်းကျင့်စဉ်ကျင့်ကြံသူတို့၏ စွမ်းအားနှင့် ညီမျှသော စွမ်းအားရှိခဲ့သည်။ ထိုထက် မြင့်မားသောစွမ်းအားရှိသားရဲများလည်း ရှိသည်။ ထိုဝဲဂယက်၌ နယ်မြေပိုင်နက်ရှိကြသော ရက်စက်ကြမ်းကြုတ်သော သားရဲအချို့လည်း ရှိကြသလို အခြားသော သားရဲများကို ကိုက်စားခြင်းကို နှစ်သက်သည့်သားရဲများလည်း ရှိသည်။ ခြုံငုံကြည့်လျှင်ယင်မရဏ မြူခိုးထဲမှ သားရဲများက အချင်းချင်းသတ်ဖြတ်ကိုက်စား သောကြောင့် အားကောင်းလာခြင်းဖြစ်သည်။

အကယ်၍ စုမင် ဤနေရာတွင် တစ်ယောက်တည်းနေလျှင် သူ့အတွက်အဆင်ပြေလိမ့်မည်။ သူ သတိထားနေသရွေ့ သားရဲများထံမှအာရုံစူးစိုက်မှုသိပ်မရရှိပေ။ နောက်ဆုံးတွင် သူ၏တည်ရှိမှုသည် ဤနေရာနှင့် ပေါင်းစပ်နိုင်ခဲ့သည်။ သူက အသက်လမ်းကျင့်စဉ်နယ်ပယ်တွင် ရှိနေသောကြောင့် အားနည်းသူမဟုတ်ပေ။ သို့သော်လည်း အပြာရောင်ဓားသည် သူ့နောက်သို့ ထက်ကြပ်မကွာလိုက်နေလေသည်။ ၎င်းက အမှောင်ထဲမှာ တောက်ပ သောမီးအိမ်တစ်ခုကဲ့သို့ ကိုယ်တိုင်တောက်ပသကဲ့သို့ စုမင်ကိုလည်း အလင်းရောင်ပေး‌နေလေသည်။

ထို့ကြောင့် စုမင်နှင့် အပြာရောင်ဓားက ယင်မရဏမြူခိုးထဲသို့ ရွေ့သွားပြီးနောက် စုမင်၏ကျင့်ကြံဆင့်ထက်မြင့်မားသောတည်ရှိမှုက ပေါက်ကွဲသံတစ်ခုနှင့်အတူ ၎င်းတို့အပေါ်သို့ ချက်ချင်းကျရောက်လာသည်။ ထိုစွမ်းအားက နယ်မြေတစ်ခုလုံးကို မုန်တိုင်းကဲ့သို့တိုက်ခတ်သွားလေသည်။ စုမင်က ပေါက်ကွဲမှုကြောင့် နောက်သို့လွင့်စင်သွားပြီးနောက် သူ၏ခန္ဓာကိုယ်က လုံးဝပြန်လည်ကောင်းမွန်လာခဲ့သည်။ စုမင်၏မျက်လုံးများထဲတွင် ဖျတ်ခနဲ လင်းလက်လာပြီး ယင်မရဏအရှိန်အဝါများကို စုပ်ယူလိုက်သည်။ ထို့‌နောက် ဝဲဂယက်၏အောက်ဘက်သို့ အရှိန်တင်လိုက်သည်။

သူက ယင်မရဏဝဲဂယက်ရှိ ရက်စက်ကြမ်းကြုတ်သော သားရဲမျိုးစုံ၏ ဖိအားများနှင့်စိတ်ဆန္ဒများမှ မကျေနပ်မှုနှင့် သတိပေးချက်များစွာကို ခံစားနိုင်သည်။ အကယ်၍ သူသည် ဤနေရာ၌ ဆက်လက်ခရီးဆက်နေပါက လက်တုံ့ပြန်မှုကို ခံရလိမ့်မည်။ အပြာရောင်ဓားက စုမင်နောက်သို့ ဆက်လက်လိုက်လာရင်း ဖိအားများစွာကို ရင်ဆိုင်ခဲ့ရသည်။ ၎င်းသည် အင်မော်တယ်ပြည်မှ ဆင်းသက်လာပြီး တောက်ပသောယန်နယ်မြေမှပိုင်ဆိုင်ထားသောကြောင့် စုမင် ကြုံတွေ့နေရသော သက်ရောက်မှုထက် ပိုမိုပြင်းထန်သည်။ တကယ်တော့ ဒါဇင်နဲ့ချီသော ဖိအားများအပြင် အပြာရောင်ဓားကို ရက်စက်စွာဖိနှိမ်ထားသည့် စွမ်းအားလှိုင်းသုံးခုရှိလေသည်။ ထိုဖိအားလှိုင်းသုံးမျိုးက ယင်မရဏဝဲဂယက်၏နက်နဲရာမှ ဆင်းသက်လာသည်။ ၎င်းတို့က ဤနေရာနှင့်ဝေးရာမှ လာသော်လည်း ၎င်းတို့၏ ဖိအားများက တတိယအဆင့်နှင့် ညီမျှသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ထို့ကြောင့် ဤဖိအားသုံးမျိုးကို ‘ဂရုစိုက်’ သော အပြာရောင်ဓားက ခံနိုင်ရည်မရှိတော့ဘဲ စူးရှသောတဝီဝီမြည်သံကို ထုတ်လွှတ်လိုက်သည်။ ၎င်းကိုယ်ထည်ရှိ အပြာရောင်အလင်းတန်းများက ပို၍ မှုန်ဝါးလာသည်။ ဓါးထဲမှာ မရဏအငွေ့အသက်များနေရာယူထားသကဲ့သို့ ဖြစ်လာလေသည်။

ဓားဧ။်ဝိညာဉ်က ချက်ချင်းဟိန်းဟောက် လေသည်။ အပြာရောင်ဓားသည် ရှေ့သို့ တစ်ချက်မျှပင် မရွေ့ဝံ့ဘဲ ရပ်တန့်သွားသည်။ ဓားသည် တုန်လှုပ်သွားပြီး အောက်ကို ပြေးဆင်းလာသော စုမင်ဆီသို့ နောက်တစ်ကြိမ် လိုက်လာပြန်သည်။

တစ်စုံတစ်ယောက် ရယ်မောနေဟန်တူသောဟိန်းဟောက်သံများသည် အဝေးရှိ ယင်မရဏ မြူခိုးများဆီမှ ထွက်ပေါ်လာသည်။ ထိုသားရဲများက သူတို့ဧ။်လုပ်ရပ်ကို နှစ်ခြိုက်သဘောကျနေပုံရသည်။

၎င်းတို့က ရှေးယခင်က ယင်မရဏ မြူခိုးများတွင် မွေးဖွားခဲ့သော သားရဲများဖြစ်သည်။ ၎င်းတို့၏စွမ်းအားက အင်မော်တယ်များကို လူသက်သက်ဆင်းသက်ခွင့်မပေးဘဲ မှော်အစီအရင်နှင့်ဆင်းသက်ရန် တွန်းအားပေးခဲ့သည်။ အဘယ်ကြောင့်ဆို‌ သော်အင်မော်တယ်များအနေဖြင့် ယင်မရဏနယ်

မြေရှိအဆင့်မြင့်သားရဲများကြောင့် ဖြတ်သန်းသွားလာရန်မလွယ်ကူပေ။အလားတူ သားရဲများ၏အမြင်တွင် အပြာရောင်ဓားက ပမွှားမျှသာဖြစ်သည်။

တကယ်တော့ ထိုပြင်းထန်‌သော ဖိအားလှိုင်းလုံးကြီးသုံးခုက မြူခိုးထုဧ။် မဖော်ပြနိုင်သောနက်နဲရာမှ ထွက်ပေါ်လာသည်။

“မဆိုးဘူး..ကောင်လေး.. ရွံမုန်းစရာကောင်းတဲ့တောက်ပတဲ့ယန်...ဒီဓားဝိညာဉ်ကြောင့် မင်းမသေခဲ့ရင် ယင်မရဏသန့်စင်တဲ့နယ်မြေမှာ ခဏလောက် လေ့ကျင့်ခွင့်ပေးမယ်...”

“အဲဒါကြောင့် မင်း ဓားထဲက ယန်ကိုဖယ်ရှားပစ်ရမယ်...”

“ပြီးတော့ ယင်မရဏဓားအဖြစ် ပြောင်းလဲပစ်လိုက်...”

ထိုအသံများသည် စုမင်၏ နားထဲတွင် ဟောက်သံများအဖြစ် ထွက်ပေါ်လာသည်။ ထို့နောက် စုမင်က နောက်သို့တရွက်တိုက်ရွေ့သွားရင်း အံတင်းတင်းကြိတ်လိုက်လေသည်။

All Chapters