← Chapters

မင်းကိုဝါးမျိုပစ်မယ်..

Vol. 51 Ch. 699

မင်းကိုဝါးမျိုပစ်မယ်..

Vol. 51 Ch. 699

ထိုထူးဆန်သောရယ်သံများမှာ ရက်စက်ကြမ်းကြုတ်သောအငွေ့အသက်များပါနေလေသည်။ သို့သော်လည်း စုမင်အပေါ် ရန်လိုသော ရည်ရွယ်ချက်မရှိပေ။ ထို့ပြင် စုမင်၏ကိုယ်ပေါ်မှာ မရဏအငွေ့အသက်များရှိ‌နေသောကြောင့် ယင်မရဏနယ်မြေ၏တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့သည်။

ထိုအပြာရောင်ဓား၏ခံနိုင်ရည်စွမ်းက လွန်စွာမြင့်မားလေသည်။ သို့သော် ယင်မရဏမြူခိုးထုထဲရှိ အင်အားကြီးဖိအားသုံးခု၏ထိုးနှက်ချက်ကိုမူ ခံနိုင်ရည်စွမ်းမရှိပေ။

တတိယအဆင့်ရှိ ခွန်အားကြီးသည့် ဖိအားလှိုင်းသုံးဆင့်က ရိုင်းစိုင်းကြမ်းကြုတ်သောလေထုကို ယူဆောင်လာလေသည်။ ထို့နောက် ယင်မရဏအရှိန်အဝါကို အပြာရောင်ဓားဆီသို့ အတင်းသွတ်သွင်းလိုက်လေသည်။ ထို့နောက် ဓားက ထိုအရှိန်အဝါကို သည်းမခံနိုင်သောကြောင့် စူးရှသောဝီစီသံကို

ထုတ်လွှတ်လိုက်သည်။

အပြာရောင်ဓားသည် ယခင်ကထက် ပိုမို မှိန်ပျသွားသော်လည်း ၎င်းအတွင်း၌ ထက်မြက်သော အသွင်အပြင်အချို့ကျန် ရှိနေသေးသည်။ ၎င်းက စူးစူးရှရှ ဝီစီသံနှင့်အတူ တည့်တည့်တိုးဝင်သွားသည်။ စုမင်က အံကြိတ်ကာတင်းခံသော်လည်း ရှေ့ကို ဆက်မသွားနိုင်တော့ပေ။ ယင်းအစား သူက မြူခိုးထုအစွန်းတွင် ရပ်လိုက်သည်။

ဤသည်မှာ အပြာရောင်ဓားရှည်၏ လိုက်ဖမ်းမှုအောက်တွင် စုမင် ဒုတိယအကြိမ် ရပ်တန့်သွားခြင်းဖြစ်သည်။ ထို့နောက် စုမင်ခြေထောက်များက ပြန်ကောင်းလုနီးပါးဖြစ်နေပြီး သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖန်တီးလိုက်သည်။

စုမင်က အလွန်လျင်မြန်သောအရှိန်ဖြင့် မတူညီသော ချိပ်တံဆိပ်ပေါင်းကိုးဆယ့်ကိုးခုကို ဖန်တီးခဲ့သည်။

ထိုစဉ် အပြာရောင်ဓားသည် စုမင်နှင့် ခြေလှမ်းရာချီအောက်သာ ဝေး တော့သည်။ ထိုစူးရှထက်မြက်သောတည်ရှိမှု(ဓား)က စုမင်ကို ဖိနှိပ်လိုက်ပြီး သတ်ဖြတ်လိုစိတ်များ ပါရှိလေသည်။ ထိုရည်ရွယ်ချက်က စုမင်မသေမချင်းရပ်တန့်မည်မဟုတ်ပေ။

“အသွင်ပြောင်းခြင်း ကိုးသွယ်... အသွင်ပြောင်းခြင်း ဆယ်သွယ်...”

အပြာရောင်ဓားရှည်က သူနှင့် ပေတစ်ရာသာဝေးသည့်အခိုက်တွင် စုမင်က ခပ်ကျယ်ကျယ်ဟိန်းဟောက်ပြီး ညာလက်ကိုလွှဲယမ်းလိုက်သည်။ ထို့နောက် သူ၏ ဘယ်လက်ကို မြှောက်လိုက်ပြီး မတူညီသော ချိပ်တံဆိပ်များစွာကို ထပ်မံဖန်တီးခဲ့သည်။ သူလက်နှစ်ဖက်ကို ပူးကပ်ပြီး‌ နောက် သူ့မျက်လုံးထဲတွင် ထူးဆန်းပြီး စွဲမက်ဖွယ်ကောင်းသောအလင်းရောင်တစ်ခု ပေါ်လာသည်။

“နဝမမြောက်အသွင်ပြောင်းခြင်း..ဖယောင်းနဂါးအသွင်ပြောင်းလော့...”

စုမင်က ခပ်အုပ်အုပ်ဟိန်း‌ဟောက်လိုက်ပြီး သူ့စိတ်ဝိညာဉ်က မြွေငယ်လေးနှင့် ရောထွေးသွားလေသည်။ ထိုခဏတွင် ဖယောင်းနဂါး၏ တည်ရှိမှုက သူ့ခန္ဓာကိုယ်မှ လျင်မြန်စွာ ထွက်ပေါ်လာပြီး

ချက်ချင်းပင် တုန်လှုပ်သွားတော့သည်။အပြာရောင်ဓား နီးကပ်လာစဉ် စုမင် ချက်ချင်း ပျောက်ကွယ်သွားလေသည်။ ထို့နောက် အပြာရောင်ဓားထက်တွင် အလွန်ကြီးမားသော ဖယောင်းတိုင်နဂါးကြီးအဖြစ် ပေါ်လာသည်။

ထိုအရာက စုမင်၏အသွင်ပြောင်းခြင်းဆယ်သွယ်စွမ်းရည်ပင်ဖြစ်သည်။

ဖယောင်းနဂါးသည် လောကကြီးနှင့် ကြယ်များကို ဝါးမျိုသွားနိုင်သည်။ ၎င်း မျက်လုံးများကို ဖွင့်လိုက် ပိတ်လိုက်လုပ်လိုက်သည့်အခါ နေ၊ လနဲ့ ကြယ်များကို အစားထိုးနိုင်သည်။စုမင်က ဖယောင်းနဂါးသို့ ပြောင်းလဲသွားချိန်တွင် အပြာရောင်ဓားက သူ့ခန္ဓာကိုယ်နှင့် ထိပ်တိုက်တိုက်မိသွားလေသည်။

ကျယ်လောင်သော ပေါက်ကွဲသံက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေပြီး ယင်မရဏရောင်ဝါက အရပ်ရပ်သို့ ပြင်းထန်စွာ ပျံ့နှံ့သွားသည်။ ရှေးခေတ်လေထုနှင့် မလိုတမာရည်ရွယ်ချက်ဖြင့် ပြောဆိုသော စကားများက မြူခိုး၏ နက်နဲရာမှ ထွက် ပေါ်လာပြီး ကျယ်လောင်စွာ ရယ်မောသံများနှင့်အတူ ရောထွေးနေလေသည်။

“မင်းက..ဖယောင်းနဂါး အသွင်ပြောင်းသွားတာလား..မဆိုးဘူး ကောင်လေး..အားနည်းနည်းစိုက်ပြီး ဓားကို ဖယ်ရှားပစ်လိုက်...”

“ယင်မရဏနယ်မြေရဲ့သန့်စင်တဲ့မြေမှာ တောက်ပတဲ့ယန်တည်ရှိမှုကို ထုတ်ပြရဲတယ်ပေါ့.. ဒီအစုတ်ပလုတ်ဓားက တယ်သတ္တိရှိပါ့လား...တန်ခိုးကြီးတဲ့နတ်ဓားတွေတောင် ယင်မရဏသန့်စင်တဲ့နယ်မြေမှာ မောက်မောက်မာမာ မလုပ်ရဲကြဘူး..ကောင်လေး.. မင်းဒီကိစ္စကိုမရှင်းရင် ငါတို့ရှင်းမယ်...”

“အားထပ်ထည့်စမ်းပါကွ..မင်းဒီကိုမလာခင် ထမင်းမစားခဲ့ဘူးလား...”

သူတို့၏ ထူးဆန်းသော ရယ်မောသံများဖြင့် မြူခိုးများကြားမှ အသံများ ဆက်လက် ထွက်ပေါ်နေသော်လည်း စုမင်က စိတ်ထဲထည့်ရန် အချိန်မရှိပေ။ အပြာရောင်ဓားသည် မယုံနိုင်လောက်အောင် အားကောင်းနေသေးသည်။ ၎င်းက ဖယောင်းနဂါး၏ကိုယ်ထည်ကို ထိတိုက် မိသောကြောင့် ကွဲအက်သွား လေသည်။ ဓားက အဆက်မပြတ် နောက်ပြန်ဆုတ်သွားရင်း ကိုယ်ထည်တစ်ခုလုံး ကြွေမွလုနီးပါးဖြစ်သွားသည်။

သို့သော်လည်း ဖယောင်းနဂါးက ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ ၎င်းပတ်ပတ်လည်ရှိ ယင်မရဏ မြူခိုးများအားလုံးကို အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ နဂါးက အပြာရောင်ဓား၏ စွမ်းအားကို ခံနိုင်ရည်ရှိရန် မြူခိုးများကို အသုံးပြုခဲ့သည်။

၎င်း၏ဟိန်းဟောက်သံက မရပ်မနား ဆက်လက်ထွက် ပေါ်လာခဲ့သည်။ နှစ်ဘက်စလုံး သိုင်းကွက်ထုတ်နေစဉ် စုမင်၏ အသွင်ပြောင်းထားသောဖယောင်းနဂါး၏ကိုယ်အစိတ်အပိုင်း အနည်းငယ်သာ ကျန်တော့သည်။ ကျန်တစ်ဝက်လောက်ကတော့ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

စုမင်၏ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲမှု အပြည့် တိုးဝင်လာသည်။ သူ့မျက်လုံးများက ကြက်သွေးရောင်ပြောင်းသွားပြီးနဂါး၏ မျက်လုံးများကို အမြန်ဖွင့်လိုက်သည်။ မျက်လုံးအတွင်း၌ ထူးဆန်းပြီး စွဲမက်ဖွယ်ကောင်းသော အလင်းတန်းတစ်ခု ပေါ်လာပြီး အပြာရောင်ဓားကို စိုက်ကြည့်နေလေသည်။ ထို့နောက် မျက်လုံးတစ်ခုလုံး အနီရောင်အတိဖြစ်သွားသည်။

ဓား၏တိုက်ခတ်မှုက ဖယောင်းတိုင်နဂါးအသွင်နှင့်စုမင်ကို မသေစေနိုင်ခဲ့ပေ။ လေထုထဲတွင် ပေါက်ကွဲသံများ တစ်ဝုန်းဝုန်းထွက်ပေါ်လာချိန်တွင် ဓား၏အလင်းရောင်က ပို၍ မှိန်ပျလာသည်။ ဓားမှ တဝီဝီမြည်သံများထွက်ပေါ်လာပြီး လှည့်ပတ်နေလေသည်။ သို့သော် ယခုတစ်ကြိမ်တွင် ဓားက စုမင်နောက်သို့ အငမ်းမရမလိုက်တော့ပေ။ ယင်းအစား ယင်မရဏမြူခိုးထုမှ ရုန်းထွက်ရန် ကြိုးစားနေလေသည်။

ဤနေရာမှ ထွက်ခွာသွားမှသာလျှင် ၎င်းက ပတ်ဝန်းကျင်ရှိ လောကကြီး၏ စွမ်းအားကို ဝါးမျိုနိုင်မည်။ ၎င်း၏ခန္ဓာကိုယ်အတွင်း၌ ယင်မရဏအရှိန်အဝါကို ဖယ်ရှားပစ်နိုင်မည်ဖြစ်သည်။ သို့မှသာ ၎င်း၏ စစ်မှန်သော စွမ်းအားကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။

၎င်းက စုမင်ကို ချိပ်တံဆိတ်ပိတ်ထားပြီးသား ဖြစ်သည်။ စုမင် မည်သည့်နေရာရောက်ပါစေ လိုက်ရှာစရာမလိုဘဲ တစ်ချက်တည်း သိနိုင်သည်။ သို့သော် ထိုအချိန်တွင် ၎င်းက လောကကြီး၏လုံလောက်သောစွမ်းအားကို စုပ်ယူနိုင်စေရန်အတွက် အနည်းငယ်အသက်ရှူရန် လိုအပ် လေသည်။

ထို့ကြောင့် စုမင်ကို လိုက်မဖမ်းတော့ဘဲ ခေတ္တရပ်ခဲ့သည်။ သို့သော် ၎င်းက မြူခိုးများထဲမှ အပြေးအလွှား ရုန်းထွက်ခါနီးတွင် ဝဲဂယက်ထဲရှိဖိအားသုံးရပ်က ဒေါသတကြီး ဟိန်းဟောက်သံအဖြစ်သို့ ပြောင်းလဲသွားသည်။

“ဟင့်အင်း..ငါတို့က မင်းကို သွားခွင့်မပေးနိုင်ဘူး... “

“ကောင်လေး...မင်း ဒီဓားလေးတွေ မရှင်းနိုင်ဘူးလား...”

“ဓားကိုတောင် မဖိနှိပ်နိုင်ဘူး..ဒါနဲ့များ ကောင်စုတ်လေး.. အောက်လောကမှာ မာန်နတ်ဘုရားသခင်ဖြစ်လာသေးတယ်...”

“မင်းက အလကားကောင်...သုံးစားမရတဲ့ အမှိုက်ကောင်... မင်း မရှင်းရင် ဟိုဓားက မင်းရင်ဘတ် လာစိုက်လိမ့်မယ်...”

ဖိအားသုံးခုမှ ယုတ်မာကြမ်းကြုတ်သောအသံများ ထွက်ပေါ်လာသော်လည်း သူတို့အတွင်း၌ ဒေါသမရှိပေ။ သို့သော် စုမင်က မြူခိုးထဲသို့ဝင်ပြီးကတည်းက ထိုဖိအားသုံးခုက သူ့ကိုတရစပ် ပြောဆိုနေလေသည်။ ထို့နောက် ၎င်းတို့က စုမင်ကြည့်ကာအပြစ်ရှာနေရင်း သက်ပြင်းရှည်ကြီးတောင် ချလိုက်သေးသည်။

“အားလုံးပါးစပ်ပိတ်ထား...”

စုမင်၏ ဟိန်းဟောက်သံက မြူခိုးများကြားတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ စုမင်သည် ၎င်းတို့အား အော်ငေါက်ဝံ့မည်ကို မယုံကြည်နိုင်သကဲ့သို့ အသံသုံးခုက ခေတ္တအံ့သြသွား လေသည်။

စုမင် အော်ဟစ်လိုက်သောအခါ အပြာရောင်ဓားက ဝဲဂယက်အပြင် ဘက်တွင် ခကိုယ်ထည်တစ်ဝက်ခန့် ရောက်နေပြီဖြစ်သည်။ ၎င်းက ယင်မရဏမြူခိုးထိုမှ ထွက်ခွာပြီးနောက် ပြင်းထန်သောစွမ်းအားကို ယူဆောင်လာမည်။ အကယ်၍ စုမင် တစ်သက်တာလုံး ဝဲဂယက်ထဲမှာ နေမှသာ တစ်သက်တာလုံး အန္တရာယ်ကင်းနိုင်မည်။ သူထွက်သွားမည့် ဘယ်ချိန်မဆို သေချာပေါက် အန္တရာယ်ရှိမည်ဖြစ်သည်။

ထို့အပြင်…ဓားက အပြင်ဘက်တွင်စွမ်းအား အပြည့်အဝရရှိနိုင်မည့် အခွင့်အလမ်းများစွာရှိသည်။၎င်းက ပိုမိုအားကောင်းလာပြီး မြူခိုးထုထဲသို့ ပြေးဝင်လာသည့်အချိန်တွင် စုမင် ခြေကုန်သုတ်ပြေးနိုင်မှ တော်ကာကျလိမ့်မည်။

ထို့ပြင် စုမင်က မြူခိုးထုဧ။်နက်နဲရာသို့ မပြေးပါက နောက်တစ်ကြိမ် အန္တရာယ်ရှိလာမည်ဖြစ်သည်။

ယခုအချိန်တွင် စုမင်အတွက် ဓားကို ဖျက်ဆီးရန် တစ်ခုတည်းသော အခွင့်အရေးဟု ဆိုနိုင်သည်။ သူ့မျက်လုံးများက ကြက်သွေးရောင်ပြောင်းသွားကာ ဖယောင်းနဂါး၏ မျက်လုံးများသည် ရူးသွပ်မှုဖြင့် တောက်ပလာခဲ့သည်။ အပြာရောင်ဓားသည် မြူခိုးထွက်ခါနီးတွင် နဂါးက ၎င်း၏ပါးစပ်ကို လျင်မြန်စွာဖွင့်ကာ ထိုဓားပြာ၏ ဦးတည်ရာဆီသို့ ဒုန်းစိုင်းသွားတော့သည်။

ဖယောင်းနဂါးသည် တောင်များနှင့် မြစ်များကို ဝါးမျိုနိုင်သည်။ တကယ်တော့ အရွယ်ရောက်ပြီးသားနဂါးတစ်ကောင်က လောကကြီးတစ်ခုလုံးကို ဝါးမျိုသွားနိုင်ပြီး ဤတန်ခိုးကြီးသောစွမ်းရည်သည် အလွန်ကြောက်စရာကောင်းသည်။

စုမင်က ဖယောင်းနဂါးငယ်လေးအဖြစ်သို့ ပြောင်းလဲသွားသော်လည်း ဖယောင်းတိုင်နဂါး၏ ကောင်းချီးမင်္ဂလာနှင့် တစ်လောကလုံး၏ စွမ်းအားများသည် သူ့နှလုံးသားနှင့် ဝိညာဉ်များအတွင်းတွင် ရှိနေလေသည်။ထို့ကြောင့် စုမင် အဆုံးမဲ့စွမ်းအားများကို ပိုင်ဆိုင်နိုင်ခဲ့ပြီး အရာအားလုံးနီးပါး ဝါးမျိုနိုင်စွမ်းရှိလေသည်။

ထိုခဏ၌ သူက အသက်ကို ပြင်းပြင်းရှုရှိုက်လိုက်သည်။ ဝဲဂယက်ထဲမှ လွတ်မြောက်စွားသောအပြာရောင်ဓားက နောက်သို့ လျင်မြန်စွာ ပြန်လာခဲ့သည်။ ထိုမြင်ကွင်းက မယုံနိုင်စရာ ကောင်း လောက်သော်လည်း အစွမ်းထက်သော စုပ်ယူမှုစွမ်းအားက မြူခိုးထုကို ပြည့်လျှံသွားကာ အပြင်သို့ ဒုန်းခနဲ ပေါက်ကွဲထွက်လာသည်။

ထိုစဉ် ယင်မရဏ မြူခိုးထုက လူးလိမ့်ကာ နဂါး၏ ပါးစပ်ဆီသို့ တလိပ်လိပ် စုပ်ယူခံလိုက်ရလေသည်။ အပြာရောင်ဓားက ပြင်းထန်သောအပြာရောင်အလင်းတန်းတစ်ခုနှင့်အတူ ပေါက်ကွဲသွားပြီး ဖယောင်းနဂါး၏ဝါးမျိုခံရခြင်းမှ လွတ်မြောက်ရန် ကြိုးပမ်းခဲ့သည်။

စုမင်ဧ။်မျက်လုံးမှာ ဒေါသကြောင့်နီရဲနေပြီး ဖယောင်းနဂါး၏ ခေါင်းထက်တွင် ပေါ်လာသည်။ သူက အပြာရောင်ဓားကို စိုက်ကြည့်ရင်း အသွင်ကူးပြောင်းမှုဆယ်သွယ်ကို အသက်သွင်းလိုက်သောအခါတွင် သူ၏စွမ်းအားအားလုံး ထွက်ပေါ်လာသည်။ ၎င်းက ‌ဖယောင်းနဂါး၏ ဝါးမျိုနိုင်စွမ်းကို ပိုမိုအားကောင်းလာစေခဲ့သည်။

“မင်းငါ့ကိုသတ်ချင်တယ်ပေါ့.... ဒါဆိုငါ မင်းကိုအရင် ဝါးမျိုပစ်မယ်...”

စုမင်က ဟိန်းဟောက်လိုက်လေသည် ။ သူ့မျက်နှာသည် ရက်စက်ကြမ်းကြုတ်သည့်အသွင် ပြောင်းလဲသွားကာ သူ့စိတ်ဝိညာဉ်က လောကကြီး၏စွမ်းအားနှင့်အတူပေါင်းစပ်အရည်ပျော်သွားလေသည်။ ထိုစွမ်းအားသည် ‌ဖယောင်းနဂါး နှင့် ပေါင်းစပ်လိုက်သောအခါတွင် လျင်မြန်စွာ ပေါက်ကွဲထွက်လာသည်။

အပြာရောင်ဓားပတ်ပတ်လည်တွင် အက်ကြောင်းများ ချက်ချင်းပေါ်လာသည်။ ပေါက်ကွဲသံနှင့်အတူ ဓားတစ်ဝိုက်ရှိ ဟင်းလင်းပြင်များပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့သည်။

ထို့နောက် အပြာရောင်ဓားက ထိုဝါးမျိုအားကို ပြန်လည်ခုခံကာ အားလုံးကို လွတ်မြောက်ပြီး ရှေ့ဆက်သွားလိုသည်။ သို့တိုင် စုမင်က ဓားကို လွတ်လမ်းပိတ်အောင်တားဆီးနေလေသည်။ ဘာပဲဖြစ်ဖြစ် သူက ထိုဓားကို သေချာပေါက် ဝါးမျိုလိမ့်မည်။ နောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကို စဉ်းစားချိန် မရှိခဲ့ပေ။ သူက ဓားကို ယင်မရဏဝဲဂယက်ထဲမှာ ထားခဲ့ပြီး လောကကြီး၏စွမ်းအားကိုစုပ်ယူထာထက် ပိုကောင်းသောအရာများရှိသေးသည်။

“အတိတ်နဲ့ အနာဂတ်ကြားက တည်ရှိတဲ့အရာက ကံကြမ္မာပဲ......”

စုမင်က လက်များကို မြှောက်လိုက်ပြီး သူ့ဘယ်ဘက်လက်ဖမိုးကို အထက်သို့ ထားလိုက်ပြီး ညာလက်ဖဝါးကို အောက်ဘက်သို့ လှည့်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ခပ်မြန်မြန် ပူးကပ်ပစ်လိုက်သည်။ သူ့ပတ်ဝန်းကျင်က အရာအားလုံးဟာ ချက်ချင်းပင် နောက်ပြန်ဆုတ်သွားပါတော့သည်။ ပြင်းထန်သောစွမ်းအားက တုန်လှုပ်ခြင်းသည် ဓားကို ပျက်စီးစေခဲ့သည်။ဓါးက ရှေ့သို့မရွေ့နိုင်တော့ဘဲ နောက်သို့သာ ရွေ့သွားနိုင်တော့သည်။

ကံကြမ္မာ၏ စွမ်းအား၊ ဖယောင်းနဂါး၏ လောကကြီးကို ဝါးမျိုနိုင်စွမ်း၊ ဖိအားလှိုင်းသုံးခု၏ဖိနှိပ်မှုကြောင့် ဓားကို ပိုမိုပျော့ပျောင်းစေခဲ့ပြီး နောက်ပြန်ရွေ့လျားစေခဲ့သည်။

သို့သော် ဤဓားသည် မယုံနိုင်လောက်အောင် အစွမ်းထက်သည်။ နောက်ပြန်ဆုတ်လျှင်တောင်မှ ပေတစ်ရာလောက်

နှင့်သာ ရပ်တန့်သွားခဲ့သည်။ ထို့နောက် ဓားသည် လျင်မြန်စွာ ရှေ့သို့ ပြန်လှည့်ကြည့်လာသည်။၎င်းက ဖယောင်းနဂါး၏ဝါးမျိုခြင်း၊ မြူခိုးများထံမှ အပြေးအလွှားထွက်ရန် မရွေးချယ်တော့ဘဲ ၎င်း၏ကိုယ်ထည်တစ်ဝိုက်တွင် အပြာရောင်အလင်းတန်းများ လင်းလက်လာသည်။ ထို့နောက် ၎င်းနှင့်အတူ သတ်ဖြတ်လိုစိတ်အရှိန်အဝါများကို ယူဆောင်လာလေသည်။

နှစ်ဦးနှစ်ဖက်စလုံးက တစ်ဖက်နှင့်တစ်ဖက် အမြန် နီးကပ်လာကြသည်။ ကျယ်လောင်သော လှိုင်းလုံးကြီးက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေကာ မြူခိုးများ ပျံ့နှံ့ထွက်ပေါ်လာသည်။ တဝုန်းဝုန်း ပေါက်ကွဲသံကြီးများက လေထဲတွင် ပဲ့တင်ထပ်နေချိန် ဖယောင်းနဂါးက အပြာရောင်ဓားကို ဝါးမျိုလိုက်သည်။ သို့သော်လည်း ၎င်း၏ခန္ဓာကိုယ်က တစ်စနှင့်တစ်စ ပဲ့ကျသွားသည်။

ထိုစဉ် စုမင်က ဖယောင်းနဂါးကိုယ်ထဲမှကြယ်တစ်ပွင့်ကဲ့သို့ ဖောက်ထွက်လာသည်။ ယခုတစ်ကြိမ်တော့ ‌ဖယောင်းနဂါးက ဓားကို ဝါးမျိုခြင်းမဟုတ်ဘဲ စုမင်ကိုယ်တိုင်ဝါးမျိုခဲ့ခြင်းဖြစ်သည်။ သူ့ခန္ဓာကိုယ်မှ ချက်ချင်းဆိုသလိုအပြာရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး သူ့အရေပြားအောက်မှာ ကူးလူးယှက်နွယ်နေသော အလင်းတန်းများကို ရှင်းလင်းစွာ မြင်နိုင်လေသည်။ ထိုအပြာရောင်အလင်းသည် အပြာရောင်ဓားဖြစ်သည်။

ပြင်းစွာသောနာကျင်မှုက စုမင်ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး ရက်စက်ကြမ်းကြုတ်သောအသွင် ပေါ်လာသည်။

သူ၏ကနဦးကျင့်ကြံစွမ်းအားများကို ဖြန့်ကျက်ပြီး သူ့အတွင်းမှ ဓားကို နှိမ်နင်းရန်အတွက် သူ့ပတ်ဝန်းကျင်ရှိ ယင်မရဏမြူအားလုံးကို စတင်စုပ်ယူလိုက်သည်။

“ကောင်းပြီ...ခုနက ငါ့တို့ကို အော်ငေါက်ပေမဲ့ မင်းကို ခွင့်လွှတ်လိုက်မယ်..တယ်သတ္တိရှိတဲ့ကောင်လေး..ဓားကိုတောင် ဝါးမျိုနိုင်တယ်...”

“ဟာဟား...ကောင်းတယ်... မင်း ဓားကို သန့်စင်ပြီး မင်းရဲ့ ထူးဆန်းတဲ့ ရတနာအဖြစ် ပြောင်းလဲလိုက်..ယင်မရဏနယ်မြေရဲ့ဓားအဖြစ် ‌ပြောင်းလိုက်... ဒါဆိုရင် အနာဂါတ်မှာ မင်းမသေခဲ့ရင် ယင်မရဏသန့်စင်တဲ့မြေထဲကို အလည်လာလို့ရတယ်...”

စုမင်က နာကျင်မှုကြောင့် စူးရှသောဟိန်းဟောက်သံများကို တရစပ်ထုတ်လွတ်လိုက်လေသည်။ သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲသံနှင့်အတူ သွေးအမှုန်အမွှားများစွာ ထွက်လာသည်။ ထိုသွေးမှုန်များ၏အရောင်က အပြာရောင်ဖြစ်ပြီး အပြာရောင်အလင်းတန်းများက သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာသည်။ အမှန်မှာ အပြာရောင်အလင်းတန်းသည် စုမင်၏ခန္ဓာကိုယ်ကို ဖျက်ဆီးရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

All Chapters