← Chapters

အရှေ့မြေရိုင်းမျှော်စင်

Vol. 51 Ch. 700

အရှေ့မြေရိုင်းမျှော်စင်

Vol. 51 Ch. 700

အပြာရောင်ဓားက စုမင်၏ ခန္ဓာကိုယ်ထဲတွင် အဖျက်မိုးရွာနေလေသည်။ထို့ပြင် ၎င်းက အပြင်လောကနှင့် မထိတွေ့နိုင်သောကြောင့် ယင်မရဏ ရောင်ဝါက ပို၍ ထူထပ်လာသည်။ ဓား၏အရောင်မှိုင်းသွားပြီး ဂနာမငြိမ်ဖြစ်လာစည်။

သို့သော်လည်း ထိုဓား၏ စွမ်းအားက စုမင်ပြန်တိုက်ခိုက်နိုင်သည့် အရာမဟုတ်သေးပေ။ သူက ဓါးကို ဖိနှိမ်ရန် ယင်မရဏအရှိန်အဝါ အသုံးပြုခဲ့သော်လည်း မလုံလောက်ခဲ့ပေ။

ထို့ကြောင့် စုမင်က ဤနေရာတွင် ဆက်နေမည်ဆိုပါက ထိုဓားက သူ့ကို ပြိုကွဲစေလိမ့်မည်။ မကြာမီ သူ့ခန္ဓာကိုယ်ထဲမှ ပြေးထွက်လာမည်ကို ကြိုတင်ခန့်မှန်းနိုင်နေပြီဖြစ်သည်။

“’ဒီဓားကို အပြင်လောကနဲ့ လုံးဝထိတွေ့ခွင့်မပေးနိုင်ဘူး....”

စုမင်က စိတ်ထဲတွင် ကြိမ်းဝါးလိုက်သည်။ သူ့ပတ်ဝန်းကျင်က ယင်မရဏ မြူခိုးများကို တစ်ဖန် စုပ်ယူလိုက်ပြီး ရှေ့သို့တိုးလာလေသည်။

‘ဓားကို နှိမ်နင်းဖို့ ကူညီပေးမဲ့ နေရာကိုအမြန် ရှာရမယ်....’

စုမင်၏ မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့တွင် သွေးများ စီးကျလာသည်။ သူ့မျက်နှာက လွန်စွာ ရက်စက်ကြမ်းကြုတ်ပုံရသော်လည်း သူ့ကိုယ်သူ ဂရုစိုက်ရန် အချိန်မရှိပေ။ ယခုတစ်ကြိမ် ဓားက သယ်ဆောင်လာသော အန္တရာယ်များကို လုံးလုံးလျားလျား မဖြေရှင်းနိုင်ခဲ့ပါက အကျိုးဆက်များက လွန်စွာဆိုးရွားလိမ့်မည်။

အခြားသူများသာဆိုလျှင် ထိုဓားကို ရူးသွပ်စွာ ဝါးမျိုရန် ရွေးချယ်မည်မဟုတ်ပေ။ အလားတူ ကြီးကျယ်‌သောဖိအားလှိုင်းသုံးခုကပင် စုမင် ဓားကို ဝါးမျိုလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထိုဓားကို ခေတ္တချန်ထားခဲ့ကာ ဘေးကင်းရာသို့ အမြန်ရှောင်တိမ်းတာက အကောင်းဆုံးဖြစ်လိမ့်မည်။ သို့သော် စုမင်က ကြီးမားသောဖိအားလှိုင်းသုံးခုဆီမှ အကူအညီမတောင်းဘဲ၊ ယင်မရဏမြူခိုးထုမှ ထွက်မသွားဘဲ တောင့်ခံခဲ့သည်။

သို့ပေမယ့် စုမင်ကတော့ရွေးချယ်မှုတစ်ခုသာ ပြုလုပ်ခဲ့သည်။

‘မင်းငါ့ကိုသတ်ချင်ရင် ငါကလည်း မင်းကိုသတ်ပစ်မယ်...”

“ငါ ပြေးတာတွေ ပုန်းတာတွေလုပ်မှာမဟုတ်ဘူး.. ငါအန္တရာယ်နဲ့ ရင်ဆိုင်ရမယ်..သေရင်လည်းသေသွားနိုင်တယ်..ဒါပေမဲ့.. ဓါးကိုဖျက်စီးပစ်မယ်..ပြီးတော့ အင်မော်တယ်တွေနဲ့ရင်ဆိုင်ရရင်လည်း ထွက်ပြေးမှာမဟုတ်ဘူး...ငါသေရင်သေ..မဟုတ်ရင် သူတို့သေကိုသေရမယ်...”

‘ငါနိုးထလာရင် ကောင်းကင်ကြီးကို သွေးတွေနဲ့ အရောင်ဆိုးပစ်မယ်.. ငါ့မျက်လုံး တွေဖွင့်လိုက်ရင် အင်မော်တယ်တွေ အသက်ရှင်ဖို့မျှော်လင့်ချက်မရှိစေရဘူး...’

ထိုအရာက စုမင် လက်မလွှတ်ချင်ခဲ့သော အခွင့်အရေးတစ်ခုပင်ဖြစ်သည်။ ဤကပ်ဘေးဆိုးကြီးကို ဖြတ်ကျော်ရမည့် တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်ဟု စုမင် ဝိုးတဝါး ခံစားမိလေသည်။

‘ဖိနှိပ်စမ်း... ဖိနှိပ်စမ်း... ဒီဓားကို နှိမ်နှင်းဖို့ ဘယ်နေရာက ကူညီပေးနိုင်မလဲ.. ဓားကို နှိမ်နှင်းဖို့ စိတ်ကို သက်တောင့်သက်သာဖြစ်စေပြီး အကာအကွယ်တွေ အများကြီး ပေးနိုင်တဲ့နေရာ...”

“အရှေ့မြေရိုင်းမျှော်စင်....”

စုမင်က ခေါင်းကို လျင်မြန်စွာ မော့လိုက်ပြီး ကောင်းကင်ရှိ လွင့်မျောနေသော တောက်ပသော အလင်းတန်းတစ်ခုက သူ့အာရုံကို ဖမ်းစားလိုက်သည်။

အရှေ့မြေရိုင်းမျှော်စင်မှာ လီဆယ်သန်းဧရိယာထိထွန်းလင်းရန် သွေးအလင်းရောင် လုံလောက်စွာ မစုဆောင်းရသေးပေ။သို့တိုင် စုမင်သာ လိုအပ်ချက်မရှိဘဲ ဝင်ရောက်နိုင်သည့် တစ်ဦးတည်းသောနေရာဖြစ်သည်။ ထို့အပြင် ဤမျှော်စင်က မာန်ပြည်ထောင်၏အမြင့်မြတ်ဆုံးရတနာဖြစ်ပြီး ပထမဆုံးမာန်နတ်ဘုရားသခင်ချန်ခဲ့သော အမွေအနှစ်တစ်ခုဖြစ်သည်။ ထို့ပြင် အင်မော်တယ်တို့အား ပရမ်းပတာဖြစ်စေသော ကပ်ဆိုးကြီးလည်း ဖြစ်သည်။

အရှေ့မြေရိုင်းမျှော်စင်‌ထက် ဓားကို ဖိနှိမ်ပြီး သူ့ကိုယ်သူကုသရန်ပိုသင့်တော်သည့် နေရာမရှိပေ။ ဤနေရာက စုမင်အတွက်

အနီးဆုံးနေရာဖြစ်သည်။ သူက မဟာယွီအင်ပါယာကို မရွေးချယ်ရခြင်း အကြောင်းရင်းမှာ သူဘဝနှင့် ဆက်စပ်နေသော အရိပ်အမြွက်ရှိရာ နေရာဖြစ်သည်။ မြို့တော်က မရဏပင်လယ်ထဲမှာ နစ်မြုပ်နေစဉ်ကပင် မြို့၏ဟိန်းဟောက်သံကိုကြားရပြီး စုမင် ဘယ်တော့မှ မမေ့နိုင်သည့်အသံပင်ဖြစ်သည်။

ထိုဟောက်သံအတွင်းပါရှိသော သတ်ဖြတ်လိုစိတ်က စုမင်ကို အေးခဲရပ်တန့်သွားစေသည်။

စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာပြီး သူ့ပတ်ဝန်းကျင်ရှိ ကြီးမားလှသောယင်မရဏအရှိန်အဝါကို စုပ်ယူလိုက်သည်။ သူ့ခန္ဓာကိုယ်ကချက်ချင်းဆိုသလို ပြိုလဲလုနီးပါးဖြစ်ပြီး သူ့ကိုယ်ထဲရှိ အပြာရောင်အလင်းတန်းများက တောက်ပလာသည်။ ထို့နောက် စုမင်က မဆိုင်းမတွ မြူခိုးထဲကနေ လှမ်းထွက်လာခဲ့သည်။

စုမင်က ကောင်းကင်နှင့် မြေကြီးကြားတွင် ပေါ်ထွက်လာခဲ့သည်။ သူက ခဏမျှပင် မရပ်ဘဲ ရှည်လျားသော အပြာရောင် အလင်း‌ကွေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ကျယ်လောင်သော လေချွန်သံကြီး ထွက်ပေါ်လာပြီး အဝေးရှိ မျှော်စင်သို့ အရှိန်တင်ခဲ့သည်။

အရှေ့မြေရိုင်းမျှော်စင်သည် အရှေ့မြေရိုင်းနယ်မြေ၏အလယ်ဗဟိုတွင် တည်ရှိသည်။ ယခု စုမင်ရှိ‌နေရာနှင့် သိပ်မဝေးပေ။စုမင်က မျှော်စင်၏တည်နေရာကို အတိအကျ မသိရုံသာမက ယခင်ကလည်း မရောက်ဖူးပေ။ သို့သော် သူ၏ နှလုံးသားထဲတွင် အားနည်းသော ဦးဆောင်လမ်းပြမှုမှာ မျှော်စင်ဆီရောက်ရန် အကောင်းဆုံး လမ်းညွှန်ဖြစ်သည်။

သူ ရှေ့ကို လှမ်းကြည့်လိုက်သော် သူ့ခန္ဓာကိုယ်ထဲရှိ အပြာရောင် အလင်းတန်းများက အားကောင်းလာလေသည်။ ခဏအကြာတွင် သူ့တစ်ကိုယ်လုံး အပြာရောင် ဖုံးလွှမ်းသွားသလို ခံစားရသည်။ သူ့ခန္ဓာကိုယ်မှ သွေးများ ဆက်လက်စီးကျလာပြီး အပြာရောင်အလင်းတန်းများက ပို၍ပြင်းထန်စွာ ထွက်ကျလာသည်။ သူ့အတွင်းတွင် ပေါက်ကွဲသံများက ဆက်လက် မြည်နေသော်လည်း သူ့မျက်လုံးများတွင် ရဲတင်းသောသတ္တိနှင့် မလျော့ သောဇွဲလုံ့လတို့ တောက်ပနေ လေသည်။ သူက ဓားကို ဆက်လက် ဖိနှိမ်ရင်း လျှင်မြန်စွာ ခရီးဆက်ခဲ့သည်။

သိပ်မကြာခင်မှာပင် သူ့ရှေ့မှာ ရာနှင့်ချီသော သွေးရောင်အလင်းတန်းများ ပေါ်လာပြီး အလယ်မှာ... ကိုးဆယ့်ကိုးထပ် မြင့်မားသော မျှော်စင်ကြီးတစ်ခုကို မြင်ရလေသည်။

ထိုမျှော်စင်မှ ပျံ့လွင့်လာသောလေထုက အဆုံးမဲ့အချိန်ပမာဏကို ဖော်ညွှန်းနေလေသည်။ ၎င်းက မြေပြင်ပေါ်တွင် ခမ်းနားစွာ တည်ရှိနေပြီး အားလုံး၏အာရုံကို ဖမ်းစားခဲ့သည်။

ထိုမျှော်စင်က သွေးနီရောင်အလင်းတန်းကြောင့် အနီရောင်ဟပ်နေပြီး အလွန်ကြောက်စရာကောင်းလှသည်။စုမင်က ထိုသွေးအလင်းတန်းထဲသို့ တိုးဝင်လိုက်

သောအခါ သူ့ပေါ်သို့တုနှိုင်းမရသော ပြင်းထန်သော ဖိအားတစ်ခု ကျရောက်လာသည်။

ထိုဖိအားမှ စွမ်းအားက စုမင်၏ ခန္ဓာကိုယ်ထဲရှိ ဓားပြာကို တုန်လှုပ်သွားစေသော်လည်း စုမင်ကို မထိခိုက်စေခဲ့ပေ။ သူ၏ စိတ်ကို အားတင်းလိုက်ပြီး အရှိန်မြှင့်လိုက်သည်။

၎င်းက အင်မော်တယ်များ ရူးသွပ်သွားစေရန် လှုံ့ဆော်ပေးခဲ့သော အရှေ့မြေရိုင်းမျှော်စင်ဖြစ်သည်။ ကျင့်ကြံသူအချင်းချင်း အငမ်းမရ သတ်ဖြတ်ပြီး လက်သွေးစွန်းမှသာလျှင် ဝင်ရောက်နိုင်သော နေရာတစ်ခုဖြစ်သည်။

မျှော်စင်၏ထိပ်တွင် ပထမဆုံးနတ်ဘုရား လေ့ရှန်ရှို့၏ ကောင်းချီးဖြစ်သော အမြင့်မြတ်ဆုံးရတနာ - နတ္ထိဆေးဒယ်အိုးကြီးသို့ရောက်ရှိမည့် သဲလွန်စပါရှိသည်။

စုမင် နီးကပ်လာသည်နှင့်အမျှ မျှော်စင်မှ ဖိအားများ ပိုမိုအားကောင်းလာသည်။ မျှော်စင်က မယုံနိုင်လောက်အောင် မြင့်သောကြောင့် မြင်သူအားလုံး၏ နှလုံးသားထဲမှာ ဖိနှိပ်ချုပ်ချယ်သော ခံစားချက်ကို သဘာဝအတိုင်း ဖန်တီးပေးသည်။

အပြာရောင်ဓားက တုန်လှုပ်ချောက်ချားသွားပြီး မျှော်စင်နှင့် မနီးကပ်ချင် ပေ။ ထိုကြောင့် စုမင်၏ခန္ဓာကိုယ်ထဲမှ အမြန်ထွက်သွားချင်သလို ရူးသွပ်စွာ ရုန်းကန်စပြုလာသည်။ဓါးက ရုန်းကန်ရလေလေ စုမင်၏ခန္ဓာကိုယ်အတွင်း အခြေအနေက ပိုရှုပ်ထွေးလေလေဖြစ်သည်။ သူ့အသွေးအသားများ ပဲ့ကျပြီး အရိုးများက ကွဲအက်သွားလေသည်။ ဓားဖျားက သူ့ရင်ဘတ်ထဲက ဖောက်ထွက်လာလေသည်။ ၎င်းက အပြေးအလွှားထွက်‌ ပြေးခါနီးမှာ စုမင်က ဘယ်လက်ကို မြှောက်ပြီး သူ့ရင်ဘတ်ထဲရှိ ဓားထိပ်ကို ဖိချလိုက်သည်။ သူ့လက်က သွေးစွန်းနေလည်း ဂရုမစိုက်ဘဲ ဓါးကို အတင်းပြန်သွင်းနေလေသည်။

“ပြန်ဝင်စမ်း...”

စုမင်က စူးရှသောဝေဒနာကို ပြင်းစွာခံစားရလေသည်။ သူ့မျက်နှာက ဖျော့နေသော်လည်း သူ့မျက်နှာပေါ်ရှိ ရက်စက်မှုနှင့် ရူးသွပ်မှုက မြင်သူအားလုံးကို အထိတ်တလန့်ဖြစ်စေလေသည်။

စုမင်က မျှော်စင်နား နီးကပ်လာချိန်တွင်

မျှော်စင်အောက်ခြေရှိ တံခါးသည် သူ့အလိုလိုပွင့်လာခဲ့သည်။ မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသော မုန်တိုင်းတစ်ခုက မျှော်စင်တစ်ဝိုက်ကို လှည့်ပတ်ကာ ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ပေးသည့် ကြီးမားသောလေပွေအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုလေပွေသည် ကျယ်လောင်သော အသံများနှင့်အတူ လှည့်ပတ်နေသကဲ့သို့ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသည်။

မျှော်စင်သည် စုမင် ရောက်ရှိလာခြင်းကို စောင့်ဆိုင်းနေပုံရသည်။ သို့မဟုတ်ပါက စုမင်လာချိန်တွင် သူ သူ့ဘာသာသူ တံခါးကိုဖွင့်ပေးမည်မဟုတ်ပေ။

မျှော်စင်သည် စုမင်ကို အချိန်အတော်ကြာ စောင့်ဆိုင်းနေပုံရပြီး နောက်ဆုံးတွင် စုမင် ရောက်ရှိလာခဲ့သည်။

မျှော်စင်တံခါးပွင့်လာချိန်တွင် စုမင်၏ ခန္ဓာကိုယ်တွင်းရှိ အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သွေးအန်လိုက်ရသည် ။ အပြာရောင်အလင်းတန်းအောက်မှာ သူ့ခြေထောက်တွေ ကွဲကြေသွားခဲ့သည်။ သို့သော် သူ့တစ်ကိုယ်လုံးက အခြေအနေ နည်းနည်းကောင်းသေးသည်။ စုမင်က အလင်းတန်းရှည်အဖြစ်ပြောင်းလဲပြီး သွေးနီရောင်နှင့် အပြာရောင် တောက်ပနေသော တံခါးဆီသို့ ခြေကုန်သုတ်ခဲ့သည်။

အပြာရောင်ဓားက အဆုံးမရှိသော ကြောက်မက်ဖွယ်လှိုင်းလုံးများပါရှိသော စူးစူးဝါးဝါးအော်သံကို ထုတ်လွှတ်လိုက်သည်။ အရှေ့မြေရိုင်းမျှော်စင်၏တံခါးက ၎င်းအတွက် သေမင်းတံခါးဝပင်ဖြစ်သည်။

စုမင်နှင့် တံခါးပေါက်ကြားတွင် ပေတစ်ရာသာကျန်တော့သောအခါတွင် သူ၏ခြေထောက်မရှိသော ခန္ဓာကိုယ်က တစ်ဖန် ယိုင်နဲ့သွားသည်။ အပြာရောင်ဓားဖျားက တဝီဝီမြည်သံနှင့်အတူ သူ့ညာဖက်ပခုံးမှ ဖောက်ထွက်လာသည်။ သို့သော် စုမင်က သူ့ဘယ်ဘက်လက်ကို ရင်ဘတ်မှ ရုတ်သိမ်းလိုက်ပြီး ပခုံးရှိဓားကို ပြန်တွန်းလိုက်သည်။

စုမင်က မြန်ဆန်သောအရှိန်ဖြင့် သွားရာ တံခါးနှင့် ပေငါးဆယ်အကွာအဝေးသို့ ရောက်လာသည်။ ‌ထိုအကွာအဝေးတစ်ဝက်တွင် သူ့ခန္ဓာကိုယ်တစ်ဝက်ခန့် က ဝုန်းဒိုင်းပေါက်ကွဲသွားခဲ့သည်။ သူ့အသွေးအသားများက လေထဲတွင် လွင့်စင်သွားလေသည်။ အပြာရောင်ဓားက အရူးအမူး ရုန်းကန်ရင်း ကောင်လေးပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။ ထိုကောင်လေးက အပြာရောင်အလင်းတန်းဖြင့် လွှမ်းခြုံခြင်းခံထားရလေသည်။ စုမင်က ကောင်လေးကို တွေ့လိုက်သည်နှင့် တပြိုင်နက် သူ့မျက်လုံးများ တောက်ပလာသည်။ လွန်ခဲ့သောနှစ်များတစ်လျှောက် တိထျန်း၏ကိုယ်ပွားကိုတိုက်ခိုက်ပြီးနောက် ပျောက်ဆုံးသွားခဲ့သော အနက်‌ရောင်လူတူလေးကို သတိရမိသည်။

သူတို့ဧ။်အရောင်ကလွဲလျှင် ထိုပုံရိပ်က အနက်ရောင်လူတူလေးနှင့် ချွတ်စွပ်တူလေသည်။

အပြာရောင်ကောင်လေး ပေါ်လာပြီး အပြာရောင်ဓားကို ဝန်းရံထားလေသည်။ ထိုကောင်လေးက စုမင်၏ပျက်စီးနေသောကိုယ်မှ ထွက်ရန်ဟန်ပြင်နေစဉ် စုမင်က ဘယ်လက်ဖြင့် လှမ်းဖမ်းလိုက်လေသည်။စုမင်က တံခါးနှင့် ပေနှစ်ဆယ်အောက်သာ ကွာဝေးပြီး အသက်တစ်ရှုက်စာအတွင်း အထဲသို့ ဝင်နိုင်မည်ဖြစ်သည်။

အပြာရောင်လူတူလေး၏ မျက်လုံးများတွင် အဆုံးမဲ့ ကြောက်လန့်မှုနှင့် စိတ်ပျက်အားငယ်မှု ပေါ်လာသည်။ ထို ကောင်လေးက စူးစူးဝါးဝါးအော်သံကို ထုတ်လိုက်ပြီးနောက် ဓားက ထပ်မံတောက်ပလာလေသည်။ ထို့နောက် စုမင် ၏ဘယ်ဘက်လက်ကို ပေါက်ကွဲသံနှင့်အတူ ကွဲကြေသွားစေသည်။ စုမင်၏ခေါင်းတစ်ခြမ်းလုံး ပြာအတိဖြစ်ဖြစ်သွားချိန်၌ အပြာရောင်ဓားနှင့် အပြာရောင်ကောင်လေးက ဘယ်ဘက်လက်မောင်းပြတ်ကနေ ထွက်လာသည်။ သို့သော် သူတို့ အမြန်ထွက်သွားစဉ် စုမင်က ဓါးရိုးကို ညာလက်ဖြင့် ဖမ်းဆုပ်လိုက်သည်။

“မင်း မလွတ်‌ မြောက်နိုင်ဘူး...”

စုမင်၏နက်နဲပြီး ကြောက်စရာကောင်းသော အသံသည် လေထုထဲတွင် ပဲ့တင်ထပ်နေသည်။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်နှင့် ညာလက်သာ ကျန်ရှိတော့သည် ။ အပြာရောင်ဓားကို ဖမ်းကိုင်လိုက်သည့်အခိုက်တွင် သူ၏ညာလက်မောင်းက မွစာကြဲသွားသော်လည်း အပြာရောင်ဓားကို မျှော်စင်အတွင်းသို့ ဆွဲယူနိုင်ခဲ့သည်။

ထိုအချိန်တွင် အပြာရောင်ဓားပေါ်က ဓားဝိညာဉ်က စိတ်ပျက်လက်ပျက်နှင့်

စူးခနဲ အော်ဟစ်လိုက်သည်။

စုမင်၏ညစ်ကျယ်သော ရယ်မောသံသည် မျှော်စင်ထဲတွင် ထွက်ပေါ်လာပြီး သူ့ရယ်မောသံများထဲတွင် ရူးသွပ်မှုများ ပါရှိလေသည်။ ထိုမျှသာမက ရယ်သံတွင် သူ သေမလား ၊ ရန်သူကို သတ်ပစ်မလားဟု ဆုံးဖြတ်ချက်တစ်ခုပါ ပါဝင်လေသည်။

ဓားဝိညာဉ်ငယ်က စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်စဉ် ကျယ်လောင်သော ပေါက်ကွဲသံက ပဲ့တင်ထပ်ကာ ကောင်းကင်ယံနှင့်မာန်ပြည်ထောင် တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ထို့နောက် မျှော်စင်တံခါးသည် သူ့အလိုလို ပိတ်သွားသည်။

တံခါး ချက်ချင်းပိတ်သွားသောကြောင့် အပြာရောင်ဓားက အရူးအမူးထွက်ပြေးချင်သော်လည်း ခြေလက်များဆုံးရှုံးသွားခဲ့သောစုမင်မှာ သွားများကျန်နေသေးသည်။ ဓားက အလျင်စလို ထွက်ချင်နေချိန်မှာ သူက ဓားသွားများကို ဖမ်းကိုက်လိုက်ပြီး သူ့မျက်လုံးထဲက ရူးသွပ်မှုက ဓားဝိညာဉ်ကို တုန်လှုပ်သွားစေသည်။ ထို့နောက် ဓားကို သူနှင့်အတူ သူ့သင်္ချိုင်းသို့ ဆွဲချထားလိုက်သည်။

“မင်းသေရင်‌သေ...မသေရင် ငါသေမယ်..”

မျှော်စင်တံခါးပိတ်လိုက်သည်နှင့် တပြိုင်နက် စုမင်၏နက်နဲပြီး ချောက်ချားစရာကောင်းသောအသံက လေထဲတွင် တဟုန်ထိုး မြည်လာသည်။

မျှော်စင်၏သွေးအလင်းရောင်သည် ၎င်းပတ်၀န်းကျင်တစ်လျှောက်တွင် အဆက်မပြတ်ပျံ့နှံ့နေပြီး ၎င်းပတ်ပတ်လည်ရှိ နယ်မြေကို အနီရောင်ဆိုးထားသည်။

သစ်ပင်များ၊ ပန်းများ၊ မြက်ပင်များ၊ မြေကြီး သို့မဟုတ် နယ်မြေကိုတိုက်ခတ်သွားသောလေထုအားလုံးက အနီရောင်ဆိုးထားပြီး သွေးနံ့များ ဖုံးလွှမ်းထားသည်။ ထိုအရာက အရှေ့မြေရိုင်းမျှော်စင်ဖြစ်သည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်နှစ်ကုန်လွန်သွားလေသည်။

ဤနှစ်များအတွင်းမှာတော့ အင်မော်တယ်များ ထပ်မံမဆင်းသက်လာတော့ပေ။ ကောင်းကင်ရှိဝဲဂယက်က တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အပြာရောင် ကောင်းကင်ကြီး ‌ပေါ်ထွက်လာသည်။ ရံဖန်ရံဖန် တိမ်ဖြူတိမ်စိုင်များက နေရာယူတတ်ပြီး အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားလေသည်။

သို့သော်လည်း မြေပြင်ပေါ်တွင် တုန်လှုပ်ချောက်ချားစရာ ကောင်းသောအပြောင်းအလဲတစ်ခု ဖြစ်ပေါ်ခဲ့သည်။ အရှေ့မြေရိုင်းနယ်မြေရှိ မာန်ကျင့်ကြံသူများကြားတွင် အင်အားကြီးမားသော ဂိုဏ်းခွဲအချို့သည် စုရုံးခြင်းနှင့် ရှာဖွေခြင်းများကို ပြုလုပ်ခဲ့ကြသည်။

စုမင်၏ဆန္ဒကို အကောင်အထည်ဖော်ရန်နှင့် မာန်ပြည်ထောင်ရှိ အင်မော်တယ်အားလုံးကို သုတ်သင်လိုသောကြောင့် အတူတကွစုရုံးခဲ့ကြသည်။ စုမင် တစ်နှစ်ကြာအောင် ပျောက်ကွယ်သွားသော်လည်း သူတို့ ဆက်လက်တည်ရှိနေသေးသည်။

သူတို့က သူတို့၏မာန်နတ်ဘုရား စုမင်ကို ရှာ အပူတပြင်းလိုက်လံရှာဖွေနေလေသည်။

All Chapters