သိုးဝတုတ်လေးက ဒီမှာ
Vol. 51 Ch. 701
နတ်ဆိုးဝိညာဥ်ဂိုဏ်းနှင့် အတော်အလှမ်းဝေးသောနေရာ၌ တောင်တန်းကြီးတစ်ခု ရှိလေသည်။ ထိုအချိန်တွင် တောင်ခြေရင်း၌ မျောက်မျက်နှာရှိသော လူလတ်ပိုင်းအရွယ်တစ်ဦး ရှိနေလေသည်။ သူက ဂရုတစိုက် လမ်းလျှောက်လာသည်။ သူက ပတ်ဝန်းကျင် မရဲတရဲ လေ့လာနေပြီး လေပြင်းတစ်ချက်ဝှေ့လိုက်သည်နှင့် ထွက်ပြေးတော့မည့်ပုံစံပင်ဖြစ်သည်။
ထိုလူက ချမ့်ချန်ပင်ဖြစ်သည်။
သူ့မျက်နှာမှာ ညိုမဲ ပြာနှမ်းနေပြီး အင်မတန် ဂရုဏာသက်ဖွယ်ကောင်းလှသည်။ သူ့အဝတ်အစားများမှာလည်း သူဖုန်းစားကဲ့သို့ စုတ်ပြတ် ပေတေနေပြီး ဆင်းရဲဒုက္ခများစွာ ဖြတ်သန်းခဲ့ရပုံပေါ်သည်။
သူ့မှာ မည်သို့သော တိုက်ခိုက်မှုမျိုး ကြုံခဲ့ရသည်ကို မသိရပေ။ ထိုအချိန်တွင် သူ့မျက်နှာက ထိတ်လန့်တကြားဖြစ်နေပြီး ဂရုတစိုက် ရှေ့သို့ တိုးသွားခဲ့သည်။ သူနှင့် ပေထောင်ချီအကွာတွင် သူရှိရာသို့ ဦးတည်လာသော အလင်းတန်းနှစ်ခု ထွက် ပေါ်လာသည်။ ထိုအလင်းတန်းရှည်နှစ်ခုက မာန်ကျင့်ကြံသူများ ဖြစ်သည်။ ၎င်းတို့ထဲမှ တစ် ယောက်မှာ နိုးထခြင်းနယ်ပယ်၏ အလယ်အလတ်အဆင့်တွင် ရှိနေပုံရပြီး ကျန်တစ် ယောက်မှာ ရိုးရေစတေးနယ်ပယ်ကနဦးအဆင့် ရှိသည်။ နှစ်ယောက်သားက တစ်ခဏမျှ ရပ်တန့်သွားခြင်းမရှိဘဲ ရှေ့သို့ ဆက်လက်အရှိန်တင်နေလေသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း မာန်ကျင့်ကြံသူများ အားကောင်းလာပြီး ထိုကဲ့သို့အလင်းတန်းရှည်များက အရှေ့မြေရိုင်းနယ်မြေများရှိနေရာများစွာတွင် ပေါ်လာခဲ့သည်။ သူတို့က တစ်နေရာသို့ အပြေးအလွှားသွားကာ စုရုံးခြင်း သို့မဟုတ် တစ်ခုခုကို ရှာဖွေနေကြသည်။
အင်မော်တယ်များကမူ ၎င်းတို့၏ဂိုဏ်း
တံခါးများကို ပိတ်ထားပြီး ဂိုဏ်းသားအနည်းငယ်သာ လှည့်ပတ်သွားလာနေသည်ကို တွေ့ရှိနိုင်သည်။ သို့သော် မာန်နယ်မြေများတွင် အင်မော်တယ်များ ကျိုးတို့ကျဲတဲ ကျင်လည်နေပြီး မာန်ကျင့်ကြံသူများနှင့် ရံဖန်ရံခါ ထိပ်တိုက်တွေ့ကြလေသည်။ ထိုအချိန်တွင် နှစ်ဦးနှစ်ဖက်သတ်ဖြတ်ပွဲကြီး စတင်လေပြီ။
ရုတ်တရက်ဆိုသလို ချမ့်ချန်က ကောင်းကင်ရှိ အလင်းတန်းရှည်နှစ်ခုကို မြင်လိုက်ရပြီး မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားလေသည်။ ထိုသို့ကြုံသည့်အခါတိုင်း သူက မြေပြင်ပေါ်သို့ လဲကျသွားပြီး သေဆုံးနေဟန်ဆောင်သည် သို့မဟုတ် ချုံပုတ်များတွင် ပုန်းအောင်းနေသည်။ ထိုမှသာ သူ့ကို ရှာဖွေတွေ့ရှိမည်မဟုတ်ပေ။ ဖြစ်ချင်တော့ မာန်ကျင့်ကြံသူနှစ်ဦးက ဖြတ်သွားဖြတ်လာများသာဖြစ်ပြီး ခရီးဝေးသို့ အပြင်းနှင်လေသည်။
သို့ပေမဲ့ ချမ့်ချန် အရမ်းကြောက်နေပုံရသည်။ မကြာသေးခင်နေ့ရက်များအတွင်း တွေ့ကြုံခံစားခဲ့ရသည့်အရာက သူ့ကို မီးကို ကြောက်နေသော၊ မီးလောင်ဖူးသော ကလေးကဲ့သို့ ဖြစ်စေခဲ့ပေမည်။ထိုခဏ၌ အလင်းတန်းရှည်နှစ်ခုကို မြင်လိုက်ရသဖြင့် ချမ့်ချန်က ခုန်ပေါက်အော်ဟစ်ကာ တောထဲသို့ ကယောင်ကတမ်း ပြေးဝင်သွားလေသည်။
မူလက ကောင်းကင်ရှိ အလင်းတန်းရှည်နှစ်ခုက ချမ့်ချန်ရှိရာအရပ်ကို ဖြတ်သွားခဲ့ပြီး သူ့ဖြစ်တည်မှုကို သတိမထားမိပေ။ သို့သော် သူအော်လိုက်သည်နှင့် ထနုနှစ်ယောက်မှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ မာန်ကျင့်ကြံသူများ၏မျက်လုံးများသည် ချက်ချင်းတောက်ပလာပြီး မြေပြင်ဆီသို့ လျင်မြန်စွာ ကြည့်လိုက်ကြသည်။ သူတို့၏အကြည့်များသည် သစ်ရွက်ကြီးများကိုဖြတ်၍ လျင်မြန်စွာထွက်ပြေးသွားသော ချမ့်ချန်ကိုတွေ့လိုက်ရသည်။
“အင်မော်တယ်တွေ...”
လူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ပြီး ချမ့်ချန် အကြောင်း တစ်ခုခုကို သိသွားပုံရသည်။ ချမ့်ချန်ဆီကနေ ထွက်လာသောစွမ်းအားနှင့်အရှိန်အဝါများက အင်မော်တယ်တစ်ယောက်ဖြစ်ကြောင်း ပြောပြနေလေသည်။ အစောပိုင်းတွင် ချမ့်ချန်က သူ့တည်ရှိမှုကို ဖုံးကွယ်ထားသော်လည်း ကြောက်အားလန့်အားဖြင့် ထွက်ပြေးရာမှ သတိလက်လွတ်ဖြစ်သွားလေသည်။ ထို့နောက် သူ့အရှိန်အဝါများကို ထုတ်လွှတ်မိသွားလေသည်။
မာန်ကျင့်ကြံသူများက ချက်ချင်းဆို သလိုဦးတည်ချက်ပြောင်းပြီး တောထဲထွက်ပြေးသွားသောအင်မော်တယ်ဆီသို့ ခြေဉီးလှည့်လိုက်သည်။
ချမ့်ချန်၏နဖူးမှ ချွေးသီးချွေးပေါက်များ ပိုးပိုးပေါက်ပေါက်ကျလာလေသည်။ သူ့မျက်နှာပေါ်ရှိ ထိတ်လန့်နေသည့်အကြည့်က စက္ကန့်တိုင်းတွင် သေလောက်အောင် ကြောက်လန့်နေပုံပေါ်သည်။ သူက တုန်တုန်ယင်ယင်ဖြင့် ရှေ့သို့ လျင်မြန်စွာ ပြေးသွားသော်လည်း အရှိန်အနည်းငယ် တိုးလိုက်တိုင်း တောတွင်းရှိ သစ်မြစ်များကို တိုက်မိကာ ကျင့်ကြံသူနှစ်ယောက်ကို သူနှင့် နီးကပ်လာစေသည်။ ယခုမူ သူတို့နှစ်ယောက်နှင့်ချမ့်ချန်၏အကွာအဝေးက ပေတစ်ရာအောက်သာ ရှိတော့သည်။
ထိုစဉ် တောထဲမှ အေးစက်သော ချောင်းဟန့်သံ ထွက်ပေါ်လာသည်။ မယုံနိုင်လောက်အောင် အစွမ်းထက်သော တည်ရှိမှုက နယ်မြေကို ဖြတ်ကျော်သွားကာ လောကကြီး၏အရောင်ကို ပြောင်းလဲစေသည်။ ထို့နောက် ထိုတည်ရှိမှုက ပြင်းထန်သောဖိအားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ပေါက်ကွဲသံနှင့်အတူ ဆင်းသက်သွားသည်။
ထိုဖိအားက မာန်စိတ်ဝိညာဉ်နယ်ပယ်တွင် ကြီးကျယ်စွာ ပြီးမြောက်အောင်မြင်ခဲ့သူတစ်ဦး၏ တည်ရှိမှုနှင့်တူညီလေသည်။ ထိုတည်ရှိမှုကို ခံစားဖူးသူတိုင်း၏ စိတ်နှလုံးကို တုန်လှုပ်သွားစေလောက်အောင် ခြောက်လှန့်နိုင်စွမ်းရှိလေသည်။
“ငါ့ရဲ့ သီးသန့်နယ်မြေထဲကို မင်းလို အင်မော်တယ်ခွေးတစ်ကောင်က ဝင်ရဲတယ်ပေါ့...တယ်သတ္တိရှိနေပါ့လား...”
အသံအိုတစ်ခုက လေထဲတွင် တဟုန်ထိုး ပျံ့လွင့်လာသောအခါ ချမ့်ချန်၏နောက်ကို လိုက်နေသော နှစ်ယောက်က ချက်ချင်း အမူအရာ ပြောင်းသွားသည်။ သူတို့နှစ်ဦးက ချက်ချင်း ရပ်တန့်ကာ တောအုပ်ဆီသို့ အရိုအသေပြုဟန်လုပ်ပြီး ကပ်ဖားယက်ဖားမျက်နှာထားမျိုး လုပ်လိုက်ကြသည်။
ထိုအခိုက်အတန့်တွင် အဖြူဝတ်ရုံဝတ်ဆင်ထား သော ဆံဖြူအဘိုးအိုတစ်ဦးက မွန်မြတ်လှသည့် မျက်နှာထားဖြင့် ထွက်လာလေသည်။
သို့သော် အဘိုးအိုတွင် နှင်းဆီရောင်သမ်း နေသော ပါးပြင်များရှိသည်။သူ၏တည်ရှိမှုက ပိုမိုအားကောင်းလာပြီး ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါစေကာ သူ့ပတ်ဝန်းကျင်လေထုကို ကမောက်ကမဖြစ်စေသည်။
ချမ့်ချန်က ထိုဖိအားအောက်တွင် ဆက်မပြေးနိုင်တော့ဘဲ တုန်တုန်ယင်ယင်ဖြစ်နေပုံရသည်။ သူ့ဆီသို့ လျှောက်လာနေသော အဘိုးအိုကို အူကြောင်ကြောင် စိုက်ကြည့်ရင်း သူ အံသြသွားသည်။
အဘိုးအိုသည် အံ့သြဖွယ်အသွင်အပြင်ရှိသည်။ သူ နီးကပ်လာသောအခါတွင် ချမ့်ချန်ကို ဖျတ်ခနဲ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ၏ညာလက်ကို မြှောက်ကာ လေထဲရှိ ချမ့်ချန်ဆီသို့ ချိန်ရွယ်လိုက်သည်။ သူ့လက်ချောင်းလေးများက သိုင်းကွက်ထုတ်သလို လှုပ်သွားသော်လည်း မည်သည့်အလင်းတန်းကိုမျှ မမြင်လိုက်ရပေ။ သူက ချမ့်ချန်ကို ပေါ့ပါးစွာ ချိန်ရွယ်နေပုံရသည်။
သို့သော် မာန်ကျင့်ကြံသူနှစ်ယောက်တောင်မှ မည်သည့်စွမ်းရည်တစ်မျိုးကိုမှ မခံစားခဲ့ရပေ။ ၎င်းတို့ထဲမှ တစ်ဦးက ရိုး ရေစတေးနယ်ပယ်၏ကနဦးအဆင့်သို့ ရောက်ရှိခဲ့သော်ငြားလည်း ထိုလက်တစ်ချောင်းမှ တစ်စုံတစ်ရာထွက်လာသည်ကို မမြင်ရပေ။အမှန်ပင် အဘိုးအိုက မြင့်မြတ်သောစွမ်းရည်တစ်ခုမျှ အသုံးမပြုခဲ့ပေ။
သို့သော်… ချမ့်ချန်က ယုံနိုင်လောက်အောင် နာကျင်လှသော အော်ဟစ်သံကို ထုတ်လွှတ်လိုက်သည်။ အဘိုးအိုက သူတို့ကြား ပေတစ်ရာအတွင်းရှိနေလေသည်။ သူက သွေးချောင်းဆိုးကာ သူ့လည်ချောင်းကို လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ သူ့မျက်နှာက ချက်ချင်း ခရမ်းရောင်ပြောင်းသွားပြီး မြေပေါ်လဲကျသွားသာ်။ သူ အနည်းငယ် တုန်လှုပ်သွားပြီးနောက် မလှုပ်တော့ပေ။
ထိုရုတ်တရက် မြင်ကွင်းက ကျင့်ကြံသူ နှစ်ယောက်၏ နှလုံးသားက မြင်းတစ်ကောင်ကဲ့သို့ ဒုန်စိုင်းကာ စတင်တုန်လှုပ်လာစေသည်။သူတို့မျက်နှာတွင် အဘိုးအိုကိုကြည့်ရင်း ထိတ်လန့်မှုနှင့် လေးစားမှုများ ပေါ်လာသည်။ သေဆုံးသွားသောအင်မော််တယ်က မြင့်မားသောကျင့်ကြံဆင့်မျိုး မပိုင်ဆိုင်ခဲ့လျှင်တောင် သူတို့၏အကြီးကဲက လက်တစ်ချောင်းလေးဖြင့် သတ်ပစ်လိုက်သည်။ ထိုလက်ချောင်းရှိစွမ်းအားက လောကကြီးကို ဇောက်ထိုးမှောက်ခုံဖြစ်စေသော စွမ်းအားတစ်ခု ရှိနေသည်မှာ သေချာသည် ၊သို့မဟုတ်ပါက ထိုလူကို စွမ်းရည်မသုံးဘဲ သေချာပေါက် မသတ်ပစ်နိုင်ပေ။
အခြားသူများကို အသက်ရှုကျပ်စေနိုင်သည့် ပြင်းထန်သောဖိအားက အဘိုးအိုဧ။်ခန္ဓာကိုယ်မှ ပျံ့နှံ့သွားသည်။ လောကကြီးကို ပြောင်းလဲနိုင်သည့် စွမ်းအားပါရှိသော အချက်တစ်ချက်က ကျင့်ကြံသူ နှစ်ဦး၏ မျက်နှာပေါ်တွင် လေးစားအားကိုးစိတ်များ ပေါ်လာစေရန် လုံလောက်သည်။
“ နှုတ်ဆက်ပါတယ်...အကြီးအကဲ.. ကျုပ်က အဖြူရောင်ဖီးနစ်ငှက်မျိုးနွယ်စုရဲ့ အဖူ..”
“ နှုတ်ဆက်ပါတယ်...အကြီးအကဲ.. ကျုပ်က အဖြူရောင်ဖီးနစ်မျိုးနွယ်စုရဲ့ လင်းသို....”
ကျင့်ကြံသူနှစ်ယောက်၏မျက်နှာတွင် ရိုသေလေးစားသောအကြည့်ဖြင့် အဘိုးအိုဆီသို့ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
“ငါသိတယ်...မင်းတို့က အဖြူရောင်ဖီးနစ်မျိုးနွယ်စုရဲ့ မျိုးဆက်တွေပဲ...မဆိုးပါဘူး.. မင်းတို့နှစ်ယောက်က ငယ်ပေမဲ့ မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့်က လုံးဝမဆိုးဘူး”
အဘိုးအိုက သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ ခေါင်းတစ်ညိတ်ညိတ်လုပ်လိုက်သည်။ထို့နောက် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု.. ပေါ်လာသည်။
“စီနီယာ.. ခင်ဗျား ကျုပ်တို့ မျိုးနွယ်ကို သိလား.. ခင်ဗျားက ကျုပ်တို့ မျိုးနွယ်ရဲ့မိတ်ဆွေဟောင်းဖြစ်မယ်...”
ရိုးရေစတေးနယ်ပယ်ရှိကျင့်ကြံသူက ဦးညွတ်ကာ ချက်ချင်းမေးလိုက်သည်။ သူ့အမူအရာက ပို၍တောင် လေးစားပုံ ဆပေါက်လာသည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အဖြူရောင်ဖီးနစ်မျိုးနွယ်စုကို သွားခဲ့ဖူးတယ်.. အဲဒီတုန်းက မင်းတို့ရဲ့ဂိုဏ်းချုပ်က ဒုတိယအကြီးအကဲပဲ ရှိသေးတယ်...”
အဘိုးအို၏ မျက်နှာပေါ်တွင် လွမ်းဆွတ်သော အကြည့်တစ်ခု ပေါ်လာပြီး စိတ်ကူးယဉ်ကမ္ဘာထဲ မြောနေလေသည်။
ထိုနှစ်ယောက်က သူ့စကားကိုကြားသော် အသက်ပြင်းပြင်းရှုရှိုက်လိုက်သည်။ သူတို့ နှလုံးသားထဲမှာ မုန်တိုင်းကြီး ထန်နေပြီး အဘိုးအိုကို အံ့အားသင့်စွာ ငေးကြည့်နေ ကြသည် ။ အကယ်၍ အခြားသူသာ ထိုစကားမျိုးပြောခဲ့လျှင် ယုံကြည်ခဲ့မည် မဟုတ်ပေ။ သို့သော် တန်ခိုးကြီးသောမိစ္ဆာအိုကြီးက ထိုသို့ပြောသောအခါ သူတို့နှစ်ဦးက ယုံကြည်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် အဘိုးအိုမှ မာန်စိတ်ဝိညာဉ်စွမ်းအားလှိုင်းများကို ထုတ်လွှတ်နေသောကြောင့်ဖြစ်သည်။
“ငါတို့ရဲ့ ဒုတိယအကြီးအကဲက လွန်ခဲ့တဲ့နှစ်ထောင်လောက်က ရှိနေခဲ့တာပဲ..”
နိုးထခြင်းနယ်ပယ်ရှိ လူငယ်လေး၏ သူ့အသံက အနည်းငယ်တုန်ရီသွားလေသည်။ သူက ပြင်းထန်သော စိတ်အားထက်သန်မှုဖြင့် တောက်လောင်နေပုံရသည်။
“အတိတ်တွေ မပြောနဲ့တော့ကွာ.. ငါက ဒီမှာ သီးသန့်ကျင့်ကြံနေတာ ကြာပြီ.. စကားမစပ်..မင်းတို့နှစ်ယောက်က ဘာလို့ ဒီအင်မော်တယ်ကောင်ကို လိုက်ဖမ်းနေတာလဲ...”
အဘိုးအိုသည် အတိတ်ကို မမှတ်မိချင်သလို ခေါင်းယမ်းလိုက်သည်။
“အကြီးအကဲ... ကျုပ်တို့က နတ်ဆိုးဝိညာဉ်ဂိုဏ်းကို စောင့်ကြည့်ဖို့ အမိန့်ရခဲ့တယ်.. ကျုပ်တို့ ဒီနေရာကိုဖြတ်သွားတော့ ဒီကောင်က ကျုပ်တို့ကို ချောင်းကြည့်နေတာကို တွေ့ခဲ့တယ်.. ဒါကြောင့် ကျုပ်တို့ ဒီကောင်ကို လိုက်သတ်တာ...”
ကျင့်ကြံသူနှစ်ယောက်က တုံ့ဆိုင်းမနေဘဲ နာခံစွာ တင်ပြလိုက်သည်။
“ဟမ်...နတ်ဆိုးဝိညာဉ်ဂိုဏ်းကို စောင့်ကြည့်ဖို့လား...”
အဖိုးအိုက ထိုနှစ်ယောက်ကို ဖျတ်ခနဲ ကြည့်လိုက်သည်။
“အကြီးအကဲက နှစ်ပေါင်းများစွာ ဂူပိတ်ကျင့်ကြံနေတာဆိုတော့ မာန်ပြည်ထောင်မှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်း မသိလိုက်တာ ဖြစ်မယ်.. လွန်ခဲ့တဲ့တစ်နှစ်က မာန်နတ်ဘုရားတစ်ပါးပေါ်လာခဲ့တယ်..သူက ကျုပ်တို့သွေးတွေကို လောင်ကျွမ်းစေပြီး စွမ်းအားတွေမြှင့်တင်ပေးခဲ့တယ်...ပြီးတော့ သူက မာန်ပြည်ထောင်မှာရှိတဲ့ အင်မော်တယ်တွေအကုန်လုံးကို ဖမ်းပြီးသတ်ပစ်ဖို့ ကျိန်ဆိုခဲ့တယ်...”
“ဟေ...ဒါမျိုးဖြစ်ပျက်ခဲ့တာလား..”
အဘိုးအို၏ မျက်နှာပေါ်တွင် တင်းမာသောအမူအရာ ချက်ချင်းပေါ်လာသည်။
“လုံးဝကို အမှန်ပါပဲ.. မလိမ်ဝံ့ပါဘူး အကြီးအကဲ...”
ထိုနှစ်ယောက်က ခပ်သွက်သွက်ပြောလိုက်သည်။
အဘိုးအို၏ မျက်လုံးထဲတွင် ဖျတ်ခနဲ လင်းလက်လာသည်။ သူက တိတ်တိတ်ဆိတ်သားကာ လက်နောက်ပစ်လိုက်ပြီး ခေါက်တုံ့ခေါက်ပြန်လျှောက်နေလေသည်။ သူ့မျက်နှာတွင် နက်နဲစွာဆင်ခြင်သုံးသပ်နေသောအမူအရာများ မကြာခဏပေါ်လာလေသည်။ ခဏအကြာတွင် သူက ကျင့်ကြံသူနှစ်ယောက်ကို
ခေါင်းမော့လိုက်သည်။
“တော်တော်လေးကို ကြီးမားတဲ့ကိစ္စပဲ.. ငါ ဒီမှာဆက်ပြီး သီးသန့်မကျင့်ကြံလို့မဖြစ်တော့ဘူး..ငါ့မိတ်ဆွေ ဟောင်းတွေကိုရှာပြီး ဒီကိစ္စကို သေချာအတည်ပြုရမယ်...ဒီမှာ ငါ့နဲ့တွေ့ခဲ့တာကို ဘယ်သူ့မှ မပြောပြနဲ့.. မင်းတို့အကြီးအကဲဆိုရင်တောင် မပြောနဲ့...နားလည်လား...”
အဘိုးအိုက
ဟန်နှင့်ပန်နှင့် ပြောလေသည်။
ထိုနှစ်ယောက်က ချက်ချင်း ခေါင်းငုံ့ပြီး နာခံကြောင်း အသံထွက်လေသည်။
“ပြီးတော့ ငါက သီးသန့်ကျင့်ကြံနေတာ အတော့်ကို ကြာနေပြီ.. အပြင်ကိုလည်း မထွက်တော့ အပြင်လောကနဲ့အဆက်သွယ်ပျက်နေတာ... လောကကြီးထဲ ဖြစ်ပျက်သွားတဲ့ကိစ္စတွေကိုတောင် လိုက်မမီတော့ဘူး...ဒီလိုဆိုရင်တော့..မင်းတို့မှာပါတဲ့
ဒဂ်ါတုံးတွေကို အပေးအယူသဘောမျိုးထားခဲ့လိုက်...တကယ်လို့ မင်းတို့ပြောတာတွေက မှန်တယ်ဆိုရင် ငါ မင်းတို့ဂိုဏ်းကိုလာပြီး ငွေပြန်လာပေးမယ်...ပြီးတော့ ငါပြောတာကို ငြင်းမယ်ဆိုရင်တော့...အဟင်းဟင်း...”
အဘိုးအိုက သူ့နောက်ကျောကို လက်ဖြင့် ပြတ်ပြတ်သားသား ပြောလိုက်သည်။
မာန်ကျင့်ကြံသူနှစ်ယောက်က သူတို့၏နှလုံးသားထဲမှာ အံ့အားသင့်သွားပြီး သံသယစိတ်များ တဖွားဖွားပေါ်ပေါက်လာလေသည်။ သို့သော် အဘိုးအို၏ကျင့်ကြံဆင့်ကို သတိရသွားသည့်အခါ သိုလှောင်အိတ်တွေကို အမြန်ထုတ်လိုက်သည်။ အထဲရှိ ကျောက်ဒင်္ဂါးပြားအားလုံးကို ထုတ်ယူကာ အဘိုးအိုရှေ့ မြေကြီးပေါ်မှာ လေးလေးစားစား တင်ထားခဲ့ကြသည်။
အဘိုးအိုက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် တောက်ပနေသော ဝိညာဉ်ကျောက်တုံးများက သဲလွန်စမရှိဘဲ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ သူက ယခင်အတိုင်း တည်ငြိမ်စွာ နေရင်း ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ..မင်းတို့သွားလို့ရပြီ...မင်းတို့ပြောတာ မှန်မှန် ငါစစ်ဆေးရအုံးမှာ...”
မာန်ကျင့်ကြံသူများ၏မျက်နှာမှာ အနည်းငယ် ထူးဆန်းသောအကြည့်များရှိသော်လည်း စကားအလွန်အကျွံမပြောရဲကြပေ။ သူတို့က အဘိုးအိုကို ဦးညွတ်ကာ အလင်းတန်းရှည်အဖြစ် ပြောင်းပြီး အမြန်ထွက်သွားကြသည်။ သူတို့က လေထဲ၌ ပျံသန်းနေစဉ် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ကြသည်။သူတို့ မျိုးနွယ်စုရှိ သက်ကြီးရွယ်အိုများ ပြောခဲ့သည့် စကားမှာ မယုံနိုင်လောက်အောင် မှန်ကန်သည်ကို ပြန်အောက်မေ့နေလေသည်။
“ကျင့်ကြံဆင့်မြင့်မားလေလေ လူတွေက ပိုထူးဆန်းလာလေလေ...”
ကျင့်ကြံသူနှစ်ယောက် ထွက်သွားပြီးသည်နှင့် အဖိုးအိုထံမှ ပြင်းစွာသောအရှိန်အဝါများက ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သူ့မျက်လုံးများက တောက်ပနေပြီး ဝိညာဉ်ကျောက်တုံးများကို ထုတ်ကြည့်ပြီး ပီတိဖြာနေလေသည်။
စောနက သွေးချောင်းဆိုးပြီး သေဟန်ဆောင်ခဲ့သော ချမ့်ချန်က ဖြည်းညှင်းစွာ တွားသွားပြီး အဘိုးအိုအား မျက်လုံးပြူးကျယ်စွာဖြင့် စိုက်ကြည့်နေသည်။သူ ထိုကဲ့သို့ သရုပ်ဆောင်ခဲ့သည်မှာ ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။ သူ အကြိမ်တစ်ဒါဇင် လောက် သရုပ် ဆောင်ခဲ့သည်။
သူက နတ်ဆိုးဝိညာဉ်ဂိုဏ်းဆီသို့ သွားနေစဉ် မတော်တဆ တိုက်ဆိုင်စွာပင်... ဤအဘိုးအိုနှင့် တွေ့ဆုံခဲ့ရသည်။ ထို့နောက် သူ့ဘဝကြီးက ပြောင်းလဲသွားခဲ့သည်...
“အဘိုးကြိုးကြာငှက်...ကျုပ်တို့ နတ်ဆိုးဝိညာဉ်ဂိုဏ်းကို သွားကြတော့မလား...”
ချမ့်ချန်က မှုန်ကုပ်ကုပ်ဖြစ်နေသော်လည်း သူက ကောက်ကျစ်သောပုံစံ ရှိနေဆဲဖြစ်သည်။
“နေပါဦး...မင်းက ဘာတွေအလျင်လိုနေတာလဲ...ဖြည်းဖြည်းပေါ့...”
“ငါ့မှာ ဝိညာဉ်ကျောက်တုံးတစ်သိန်းပြည့်သွားရင် မင်းကို နတ်ဆိုးဝိညာဥ်ဂိုဏ်းဆီ သွားခွင့်ပြုမယ်... ခဏစောင့်ပါ..အိုး... နောက်ထပ်သိုးလေးတစ်ကောင် ရောက်လာတော့မယ်... ချန်လေး..ငါတို့မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်ကွ....”
အဘိုးအိုက အဝေးကို လှမ်းကြည့်ရင်း တက်ကြွနေလေသည်။