အသက်လမ်းကျင့်စဉ်
Vol. 51 Ch. 702
အရှေ့မြေရိုင်းမျှော်စင်သည် ရာနှင့်ချီသော သွေးအလင်းတန်းများအတွင်း၌ တည်ရှိနေပြီး ထိုမြေက သွေးဆာနေသော ငရဲကဲ့သို့ ဖြစ်နေသည်။ မျှော်စင်တစ်ဝိုက်တွင် သွေးနံ့မွှန်ထူနေသောတည်ရှိမှုက မျှော်စင်နားကပ်လာသူများကို ခြိမ်းခြောက်နေသောလေထုကို ပေးစွမ်းနေလေသည်။
အထူးသဖြင့် သွေးအလင်းရောင်ရှိ ပြင်းထန်သော ဖိအားကြောင့် ဖြစ်ပေလိမ့်မည်။ တစ်စုံတစ်ယောက်က မျှော်စင် ဧရိယာအတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးစားပါက ၎င်းတို့အပေါ်တွင် တောင်ကြီးတစ်ခု ပြိုကျလာသကဲ့သို့ ခံစားရမည်။ မျှော်စင်သို့ နီးကပ်လာလေလေ ထိုခံစားချက်က ပို၍ပြင်းထန်လာလေဖြစ်မည်။
စုမင် ပျောက်သွားပြီးနောက် တစ်နှစ်တာကာလအတွင်း မာန်ကျင့်ကြံသူများသည် မျှော်စင်အနီးတွင် ရံဖန်ရံခါ ပေါ်လာတတ်သည်။ သူတို့ထဲက တချို့က ထိုသွေးအလင်းရောင်နား နီးကပ်ရန် ကြိုးစားကြခဲ့သည်။ သို့သော် လူအားလုံးက ပြင်းထန်သော ဖိအားကြောင့် ခြွင်းချက်မရှိ နောက်ပြန်ဆုတ်ခဲ့ရသသည်။
သူတို့က သေလုနီးပါးမဖြစ်ခဲ့သော်လည်း ထိုသွေးအလင်းတန်းအတွင်းမှ ကြီးကျယ်ခမ်းနားသောလေထုနှင့် သတိပေးသံများကို ကြားခဲ့ရသည်။ ဤနေရာက တားမြစ်နေရာဖြစ်ကြောင်း မာန်ကျင့်ကြံသူများကို သတိပေးထားလေသည်။
ထို့ပြင်မာန်ကျင့်ကြံသူများက သူတို့၏မာန်နတ်ဘုရားစုမင်ကို ရှာဖွေနေကြလေသည်။ လွန်ခဲ့သည့်နှစ်များအတွင်း ၎င်းတို့က အရှေ့မြေရိုင်းနယ်မြေတစ်လျှောက် ရှာဖွေခဲ့ရာ သဲလွန်စတစ်စုံတရာ မတွေ့ခဲ့ရပေ။ သူတို့က မျှော်စင်ထဲတွင် စုမင် ရှိမရှိကိုရှာဖွေလိုသော်လည်း ပြင်းထန်သောသွေးအလင်းရောင်ကြောင့်အနားမကပ်ဝံ့ပေ။
အပြင်ဘက်ကောင်းကင်သို့ တောက်ပနေသည့် သွေးအလင်းရောင်နှင့် နှိုင်းယှဉ်ပါက မျှော်စင်၏ အတွင်းပိုင်းသည် လုံးဝကွဲပြားသည်။အတွင်းတွင် ရွှေရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေသည်။ ထိုအလင်းတန်းက နူးညံ့သိမ်မွေ့ပြီး ပထမအလွှာတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။
ထိုစဉ် မျှော်စင်ထဲရှိ စုမင်က တင်ပလ္လင်ခွေထိုင်လိုက်သည်။ သူ့ခန္ဓာကိုယ်က အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့တာ ကြာခဲ့ပြီ။ထို့ပြင် သူ့ရှေ့တွင် လွင့်မျောနေသော ရွှေဓားတစ်လက်ရှိသည်။ သို့သော်လည်း မည်သူမဆို အနီးကပ်ကြည့်လျှင် ထိုဓားတွင် အပြာရောင်အလင်းတန်းများ ရံဖန်ရံခါ မှိတ်တုတ်မှိတ်တုတ်လင်းနေပြီး ပတ်ဝန်းကျင်ရှိ ရွှေရောင်အလင်းတန်းအတွင်း ရုန်းကန်နေရဆဲဖြစ်သည်။
ထိုဓားမှာ မနှစ်က စုမင်ရင်ဆိုင်ခဲ့ရသည့် အပြာရောင်သွေးဆာနေသောဓားပင် ဖြစ်သည်။ စုမင်က သူ့၏စွမ်းအားနှင့် မျှော်စင်၏ပြင်းထန်သောဖိအားအားလုံးကို အသုံးပြုခဲ့ပြီး ထိုဓားကို အဆက်မပြတ်ဖိနှိပ်ခဲ့သည်။
မျှော်စင်အတွင်းပိုင်းရှိ အရောင်သည် ရွှေရောင်ဖြစ်သည်။ စုမင်က ဓားကို ဖိနှိပ်ရာတွင် တစ်ကြိမ်မျှ မရပ်တန့်ခဲ့ပေ။ ထို့နောက် သူ့မျက်လုံးများ ပွင့်လာပြီး ရွှေရောင်တဖျပ်ဖျပ်လက်နေလေသည်။
သူ့ညာလက်ကိုမြှောက်ပြီး ဓားကိုရိုက်ချလိုက်လေသည်။
ပတ်ဝန်းကျင်ရှိ ရွှေရောင်အလင်းတန်းများက တွန့်လိမ်ပုံပျက်သွားပြီး စုမင်၏ညာလက်ဆီသို့ စုဝေးရောက်ရှိလာလေသည်။ ထိုရွှေရောင်အလင်းတန်းသည် ဓားထဲမှာ စိမ့်ဝင်သွားပြီး အပြာရောင်အလင်းတန်းအားလုံးကို တစ်ဖန် ဖယ်ထုတ်လိုက်တော့သည်။
ဓားသည် တုန်တုန်ယင်ယင်နှင့် တုန်ခါသွားကာ ဓားအတွင်း၌ အပြာရောင်အလင်းများက ပြင်းထန်စွာ တောက်ပလာပြီး စုမင်ဧ။်ဖိနှိပ်မှုကို ရုန်းကန်နေရဆဲပင်ဖြစ်သည်။
စုမင်က ဓားကို စိုက်ကြည့်ကာ အေးစက်စွာ ချောင်းဟန့်လိုက်သည်။ ထို့နောက် သူ့ ဘယ်လက်ကို မြှောက်ကာ လှည့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ရွှေရောင်အလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာပြီး ဓားရှည်ထဲကို ပြေးဝင်ကာ ဆက်လက် ဖိနှိမ်လိုက်သည်။
“လွန်ခဲ့တဲ့တစ်နှစ်ကထက်စာရင် မျှော်စင်ရဲ့ စွမ်းအားကို ဆယ်ဆ ပိုထိန်းချုပ်နိုင်ပြီ...”
စုမင်က တိုးတိုးလေးပြောလိုက်သည်။ သူ့အကြည့်က သူ့ပတ်ဝန်းကျင်ရှိ မျှော်စင်နံရံပေါ်သို့ ရောက်ရှိသွားလေသည်။ မူလက မျှော်စင်တစ်ခုလုံး မည်မျှ မြင့်သည်ကို လျစ်လျူရှုထားခဲ့သည်။ ပထမအလွှာ၏ ဧရိယာက ပေထောင်ပေါင်းများစွာကို သိမ်းပိုက်ထားပြီး ရွှေရောင်အလင်းတန်းများဖြင့် လွှမ်းခြုံထားသည်။
စုမင်က မျှော်စင်ထဲသို့ မည်သို့ခက်ခက်ခဲခဲဝင်ရပြီး ပထမဆုံးအကြိမ်ရွှေရောင်အလင်းတန်းကို မြင်ဖူးသည်ကို မှတ်မိသေးသည်။ထိုအချိန်တွင် သူ့ခန္ဓာကိုယ်ထဲတွင် ရိုက်ခတ်လာသော ဖိအားလှိုင်းလုံးများကြောင့် တဟုန်ထိုး တုန်ခါပြီး သတိလစ်သွားခဲ့ဖူးသည်။
သူနိုးလာသောအခါတွင် သူ၏ခန္ဓာကိုယ်သည် လုံးဝပြန်လည်ကောင်းမွန်နေပြီဖြစ်သည်။ အပြာရောင်အလင်းတန်းက လေထဲ၌ လွင့်ပျံနေပြီး အဆုံးမရှိသော ရွှေရောင်အလင်းတန်းများဖြင့် ဝန်းရံထားသည်။ ဓားက မလွတ်မြောက်နိုင်ဘဲ ပြင်းပြင်းထန်ထန် တဝီဝီမြည်သံများကိုသာ ထုတ်လွှတ်ပေးခဲ့သည် ။
ထို့နောက် စုမင်က သူနှင့်မျှော်စင်ကြား ချိတ်ဆက်မှုက ပိုအားကောင်းလာကြောင်း ခံစားမိလာသည်။ အမှန်တော့ ဧရိယာကို ပြည့်လျှံစေသော ရွှေရောင်အလင်းတန်းသည် စွမ်းအားတစ်ချို့ကို သန့်စင်ထားခြင်းမျိုးဖြစ်ပြီး စုမင်က ခဏသာငှားရမ်း အသုံးပြုနိုင်သည်။
သို့သော် ယခင်က သူ့မှာ ထိုစွမ်းအား၏ အစိတ်အပိုင်း အနည်းငယ်မျှသာ အသုံးပြုနိုင်သည်။ ယခုမူ သူက ထိုဓားကို ဖိနှိပ်ကာ သူ့ကိုယ်ခန္ဓာကို သန့်စင်ရန် ရွှေရောင်အလင်းတန်းများစွာကို သူ့ကိုယ်ထဲသို့ စီးဝင် စေနိုင်သည်။ ထိုအခိုက်အတန့်တွင် တတိယဘုရားသခင်၏စကားက စုမင်၏နားထဲ ပြန်ကြားယောင်လာသည်။
“မာန်ဝိညာဉ်နယ်ပယ်ကိုချိုးဖြတ်ပြီးတဲ့နောက်မှာ အသက်ကံကြမ္မာကျင့်ကြံခြင်း၊ အသက်ဒုက္ခကျင့်စဉ်၊ အသက်နန်းတော်ကျင့်စဉ်၊ ကမ္ဘာ့အသက်ကျင့်စဉ် တွေကိုကြုံတွေ့ရမယ်... ဒါတွေကမာန်နတ်ဘုရားတွေရဲ့အသက်လမ်းစဥ်ကျင့်ကြံခြင်းပဲ.. ငါလည်း ဒီလမ်းစဥ်ကို တက်လှမ်းရမှာပဲ…”
သူ့ရှေ့ကဓားကို လုံးဝမသန့်စင်ရသေးသောကြောင့် မျှော်စင်မှ ထွက်မသွားနိုင်သေးပေ။ သူက ဓားကို လုံးဝသန့်စင်ပြီး သူ့ခန္ဓာကိုယ်နှင့် တစ်သားတည်းဖြစ်အောင် ပြုလုပ်ပြီးမှသာ မျှော်စင်မှ ထွက်လာနိုင်မည်ဖြစ်သည်။
ထို့ကြောင့် လွန်ခဲ့သည့်နှစ်အတွင်း စုမင်က ကျင့်ကြံခြင်းနှင့် ခန္ဓာကိုယ်ကို သန့်စင်ခြင်းများကို ပြုလုပ်ခဲ့သည်။ ထို့အပြင် မျှော်စင်ရှိ ဓားအား သန့်စင်ခြင်း၊ အသက်လမ်းကျင့်စဉ်အကြောင်း စဉ်းစားရင်း အချိန်အများစုကို ကုန်ဆုံးစေခဲ့သည်။
“ဖယောင်းနဂါးက တစ်ခါပြောဖူးတယ်...မျိုးနွယ်စုအားလုံးက ကျင့်ကြံတဲ့အခါ သူတို့ရဲ့ခန္ဓာကိုယ်ကို ပြစ်မျိုးမှဲ့မထင်ဖြစ်အောင်ထိ သန့်စင်ကြတယ်.. ပြီးတော့ လောကမှော်စီးယာဉ်တွေဆီက စွမ်းအားကို စုပ်ယူပြီး သူတို့ကိုယ်မှာ ချို့တဲ့နေတဲ့အရာတွေကို ဖြည့်တယ်...”
“ ငါက အသက်ကံကြမ္မာလမ်းစဉ် ကနဦးအဆင့်ကို ရောက်ခဲ့ပြီး ငါ့ရဲ့ကိုယ်ပိုင်အသက်လမ်းကျင့်စဉ်ကို နားလည်လာခဲ့တယ်.. ငါ့ရဲ့ကျင့်ကြံမှုကို ထပ်မြှင့်မယ်ဆိုရင်တော့ လောကမှော်ယာဉ်ပျံရဲ့ စွမ်းအား
လိုအပ်လိမ့်မယ်..တစ်ချိန်က ဖယောင်းနဂါးက ငါ့ကို ကောင်းချီးတစ်ခုအနေနဲ့ ကမ္ဘာတစ်ခုရဲ့ စွမ်းအားတွေပါဝင်တဲ့ အပိုင်းအစတစ်ခု ပေးခဲ့တယ်..အဲ့ဒီအရာက ငါ့ကို အသက်လမ်းစဉ်ပေါ်တက်လှမ်းနိုင်စေတဲ့ အဓိက သော့ချက်ပဲ...”
စုမင်၏ မျက်နှာပေါ်တွင် တစ်စုံတစ်ခုကို နားလည်သွားသည့်ဟန်များ ပေါ်လာသည်။
“လူတစ်ယောက်က လောကမှော်ယာဉ်ပျံရဲ့စွမ်းအားကို ရမယ်.. ကိုယ်ပိုင်အသက်လမ်းစဉ်ကို နားလည်သဘောပေါက်သွားပြီဆိုရင် သူ့ရဲ့ဘဝမှာရှိတဲ့အချုပ်အနှောင်တွေကို ချိုးဖြတ်နိုင်မယ်.. ကိုယ်ခန္ဓာအပေါ် သက်ရောက်မှုရှိတဲ့ဆင့်ကဲဖြစ်စဉ်ကို ဖြတ်သန်းနိုင်ပြီးတော့ ကိုယ်တိုင် ပြီးပြည့်စုံစေမယ်.. ဒါပေမဲ့ ဒီလိုပြီးပြည့်စုံမှု ရဖို့က အင်မတန်ခက်ခဲတယ်.. ဘယ်မျိုးနွယ်စုရယ်လို့ သတ်မှတ်မထားဘူး..အဲ့ဒီထဲက တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်က ပြီးပြည့်စုံမှုကို ရရှိနိုင်လိမ့်မယ်...”
“ပြီးတော့...သွေးမျိုးဆက်ရဲ့တာဝန်က ဒီလိုပြီးပြည့်စုံမှုကို ဆက်လုပ်ဆောင် နေဖို့ပဲ.. ဘာလို့ဆို.. လူတစ်ယောက်က အောင်မြင်ဖြစ်ထွန်းသွားရင် မျိုးနွယ်စုတစ်ခုလုံး ဂုဏ်သရေမြင့်မားလာလိမ့်မယ်..ပြီးတော့ ဒီစကြာဝဠာမှာ အရမ်းအင်အားကြီးတဲ့မျိုးနွယ်စုတွေရှိသလို အလွန်သေးနုံတဲ့ မျိုးနွယ်စုတွေလည်းရှိတယ်...”
“လောကမှော်ယာဉ်ပျံရဲ့စွမ်းအားနဲ့ဆိုရင် လောကကြီးရဲ့ အနှစ်သာရလို့ ပြောလို့ရတယ်...”
စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူက နေရာတစ်ဝိုက်ပြည့်နေသည့် ရွှေရောင်အလင်းတန်းကို ကြည့်လိုက်ရာ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။
“ပထမမာန်နတ်ဘုရားက အရှေ့မြေရိုင်းမျှော်စင်ကို လောကကြီးထဲမှာ ချန်ထားရစ်ခဲ့တယ်..ဒီရွှေရောင်အလင်းတန်းတွေက ငါ့ရဲ့စိတ်ဝိညာဉ်ကို အာဟာရဖြည့်ပေးတယ်.. ငါ့ခန္ဓာကိုယ်နဲ့ပေါင်းစပ်ပြီး ကနဦးကျင့်ကြံစွမ်းအားအပိုင်းအစဖြစ်လာတယ်..ပြီးတော့ ဒါက လောကမှော်စီးယာဉ်ရဲ့စွမ်းအားအပိုင်းအစပဲ...”
“ဒီနေရာအပြင်..မာန်ကျင့်ကြံသူတွေရဲ့ပြည်ထောင်ကလည်း လောကကြီးတစ်ခုပဲ..ဒီလောကကြီးက မာန်ကျင့်ကြံသူတွေကို လောကကြီးရဲ့စွမ်းအားတွေကို စုပ်ယူခွင့်ပေးပြီး သူတို့ကျင့်ကြံမှုကိုလည်း ချောမွေ့စေတယ်...”
စုမင်က အတွေးရေယာဉ်ထဲတွင် မြောနေစဉ် သူ့ညာလက်ကို မြှောက်လိုက်ပြီး လေထုကို ဆုပ်ကိုင်လိုက်သည်။ သူ့လက်ဖဝါးပေါ်တွင် ချိပ်ပိတ်ထားသောကျောက်တုံးလေး တစ်တုံးပေါ်လာလေသည်။ ထိုကျောက်တုံးအတွင်း၌ အဆိပ်ပြင်းသော နကျယ်ကောင် အိပ်ပျော်နေသည်။
“နတ်ဘုရားပန်းဝတ်ရည်..ဒီပန်းဝတ်နဲ့ပတ်သတ်ပြီး ဒဏ္ဍာရီတွေအများကြီးရှိခဲ့ဖူးတယ်...ဒီဒဏ္ဍာရီအများစုက လွဲမှားနေပေမဲ့ ပန်းဝတ်ရည်နဲ့အာနိသင်ကတော့ အကျိုးကျေးဇူးတွေ အများကြီးပဲ...ပြီးတော့ နတ်ဘုရားပန်းဝတ်ရည်မှာ လောကမှော်ယာဉ်ပျံတွေရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်ခုလည်း ပါ၀င်နေတယ်..”
စုမင်က အဆိပ်ပြင်းသော နကျယ်ကောင်အား စိုက်ကြည့်ကာ အချိန်အတန်ကြာမှ အကြည့်လွှဲလိုက်သည်။ သူ့မျက်လုံးများက တလက်လက် တောက်ပနေပြီး သူ့အတွေးထဲမှာ နှစ်မြှုပ်နေခဲ့သည်။
“ပထမဆုံးမာန်နတ်ဘုရားက မာန်ကျင့်ကြံသူတွေကို အပြင်လောကကို ခေါ်ဆောင်လာပြီး လောကကြီးတွေကို ဦးခိုက်ခိုင်းခဲ့တယ်.. ဘာလို့ဆို အဲ့ဒီခေတ်က အင်မတန်အစွမ်းထက်တဲ့ကျင့်ကြံသူတွေရှိလို့ပဲ..ပြီးတော့ မာန်ပြည်ထောင်မှာရှိတဲ့ လောကကြီးရဲ့စွမ်းအားက သူတို့ရဲ့ကျင့်ကြံမှုကို ဆက်မထောက်ပံ့ပေးတာကြောင့် သူတို့နေရာကို စွန့်ခွာခဲ့ကြတယ်.. ပြီးတော့ သူတို့က စကြာဝဠာအပြင်ဘက်ကိုသွားပြီး လောကမှော်ယာဉ်ပျံတွေရဲ့စွမ်းအားကို
လုယူခဲ့ကြတယ်...”
“နောက်ဆုံးတော့ လေ့ရှန်ရှို့က လောကမှော်စီးယာဉ်တွေရဲ့လုံလောက်တဲ့စွမ်းအားကိုရခဲ့တယ်.. ပြီးတော့ လောကများစွာရဲ့ အနှစ်သာရကို ပေါင်းစပ်ပြီး ကံကြမ္မာစက်ဝန်းမှော်ယာဉ်ပျံမှာ စုဝေးလိုက်တယ်...သူကိုယ်တိုင်က ကံကြမ္မာစက်ဝန်းနယ်ပယ်ကို ရောက်ခဲ့တာ ဖြစ်နိုင်သလိုတစ်ဝက်ပဲ ကျင့်ကြံခဲ့ရတာမျိုးလည်း ဖြစ်နိုင်တယ်...ဒါကြောင့် သူထွက်သွားခဲ့တာဖြစ်ရမယ်..ဘာလို့ဆို လောကမှော်ယာဉ်ပျံတွေရဲ့စွမ်းအားက သူ့အတွက်အသုံးမဝင်တော့လို့.. နောက်ထပ် ကံကြမ္မာမှော်စက်ဝန်းရဲ့စွမ်းအားကို ရှာဖွေပြီး အသက်လမ်းကျင့်စဉ်ပေါ် ထပ်မံတက်လှမ်းခဲ့တာပဲ ဖြစ်ရမယ်...
‘ဒါတွေအားလုံးက သူ ပြီးပြည့်စုံမှုကို ရရှိဖို့ လုပ်ခဲ့တာတွေပဲ...”
‘အဲဆိုရင် အသက်လမ်းကျင့်စဉ်နဲ့ အင်မော််တယ်ဒုတိယနဲ့တတိယကျင့်ကြံခြင်းနယ်ပယ်မှာတွေ တူညီတဲ့အဆင့်သတ်ချက်တွေရှိမှာပဲ...ဥပမာ မျိုးနွယ်စုတွေမှာ ကိုယ်ပိုင်ကျင့်စဥ်နာမည်တွေရှိသလိုပေါ့...”
“အဲ့ဒီနာမည်က လောကမှော်ယာဉ်နယ်ပယ်ဖြစ်နိုင်တယ်... အဲ့ဒီအဆင့်ပြီးရင်.. ကံကြမ္မာစက်ဝန်းနယ်ပယ်ပဲ.. အဲ့ဒီအဆင့်က လေ့ရှန်ရှို့ရဲ့အောင်မြင်မှုပဲ.. အင်မော်တယ် တွေရဲ့ကျင့်ကြံခြင်းနဲ့ဆို.
စတုတ္တအဆင့်ပဲ... အင်မော်တယ်တွေက အင်မော်တယ်ဖြစ်ရတဲ့အဆင့်ကိုကျော်လွန်ပြီးတဲ့နောက်မှာ နတ်ဘုရားဖြစ်လာမယ်..ဒါမှမဟုတ် နတ်ဘုရားထက်သာလွန်တဲ့အဆင့်ရှိလာမယ်...”
“အရင်တုန်းက ဟုန်လော့က တိထျန်းအကြောင်းပြောခဲ့ဖူးတယ်..သူက အင်မော်တယ်တွေရဲ့ကောင်းကင်ဘုံနဲ့ပေါင်းစည်းလိုက်ရင်.. လောကမှော်ယာဉ်ပျံရဲ့အရှင်သခင်ဖြစ်လာမယ်..အဲဒါက အင်မော်တယ်မှော်စီးယာဉ်တွေရဲ့ အရှင်သခင်ဖြစ်တာနဲ့အတူတူပဲ...”
“တိထျန်းက အချုပ်အခြာအာဏာပိုင်သုံးဦးနဲ့ ဘုရင်သုံးပါးထဲက တစ်ယောက်ပဲ..သူက အဲ့လူတွေထဲမှာ စွမ်းအားအကြီးဆုံးမဟုတ်ခဲ့ရင် ကျန်တဲ့သူတွေက အင်မော််တယ်ကောင်းကင်ဘုံနဲ့ပေါင်းစပ်ပြီး လောကမှော်ယာဉ်ပျံတွေရဲ့အရှင်သခင်ဖြစ်လာမဲ့နယ်ပယ်ကို ရောက်နေပြီလို့ ဆိုလိုတာလား...”
“နောက်တစ်မျိုးပြောရရင် လောကမှော်ယာဉ်ပျံတွေရဲ့ အရှင်သခင်တွေက အများကြီးရှိတာလား..သူတို့ရဲ့စွမ်းအားကွဲပြားချက်တွေက သူတို့က အင်မော်တယ်ကောင်းကင်ဘုံနဲ့ ဘယ်လောက်များများပေါင်းစပ်ခဲ့လဲဆိုတဲ့အချက်အပေါ် မူတည်တယ်..”
“တိထျန်းအစစ်အမှန်က ငါ့ထက် အများကြီးသာတယ်...အင်မော်တယ်တွေကို အဆင့်ခွဲကြည့်ရရင်.. တိထျန်းက တတိယအဆင့်မှာရှိတဲ့ စွမ်းအားအကြီးဆုံးလူပဲ...အခုတော့ ငါနားလည်သွားပြီ..”
စုမင်က သူ့ခေါင်းကို မော့လိုက်သော် သူ့မျက်လုံးထဲတွင် တောက်ပသော အလင်းရောင်တစ်ခု လင်းလက်လာသည်။
‘တတိယအဆင့်ရှိတဲ့ အင်မော်တယ်တွေက လောကမှော်စီးယာဉ်တွေရဲ့အရှင်သခင်ပဲ...ကောင်းကင်ဘုံရဲ့စွမ်းအားနဲ့ပေါင်းစပ်ပြီး လောကကြီးရဲ့အနှစ်သာရကိုနားလည်ရင် အင်မော်တယ်တတိယအဆင့်ကိုရောက်တာပဲ..အဲ့ဒီအဆင့်ရောက်သူတွေကို လောကမှော်စီးယာဉ်တွေရဲ့ အရှင်သခင်လို့လည်းခေါ်ကြတယ်...အဲ့ဒီတတိယအဆင့်မှာလည်း
အားသာတဲ့သူနဲ့အားနည်းတဲ့သူရှိဆိုပြီး ကွဲပြားချက်တွေရှိတယ်...ပြီးတော့ တတိယအဆင့်ကျင့်ကြံသူတွေက( လောကမှော်စီးယာဉ်အရှင်သခင်တွေ)က လောကကြီးတွေရဲ့အနှစ်သာရတွေကို ပေါင်းစပ်နိုင်ရင်တောင်မှ သူတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာစက်ဝန်းနယ်ပယ်ကိုမတည်ဆောက်နိုင်ရင် တတိယအဆင့်လို့ပဲ သတ်မှတ်ခံရတယ်...”
“ငါ လေထုခွဲဖြာခြင်း နည်းသုံးသွယ်ကို နားလည်လာတဲ့အချိန်မှာ မာန်လေစွမ်းအားထွက်ပေါ်လာပြီး နဝမမြောက်မဟာခေတ်ကြီးလို့လည်း ပြောကြတယ်..”
ယခု စုမင်၏အတွေးများက သူ့အမှတ်တရများမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ပြီးခဲ့သောနှစ်တွင် သူ့အတွေးအားလုံးကို ဖြန့်ကျက်ပြီး တဖြည်းဖြည်း
နားလည်လာခဲ့သည်။ သူက ထိုအတွေးများကို ချိတ်ဆက်လိုက်ပြီး သူ့အနာဂတ်အသက်လမ်းကျင့်စဉ်ကို ကိုယ်စားပြုသည့် ပုံတစ်ခုကို ဖန်တီးခဲ့သည်။
စုမင်က အသက်လမ်းကျင့်စဉ်သို့မရောက်သေးခင်က ထိုအရာအားလုံးကို နားလည်နိုင်စွမ်းမရှိခဲ့ပေ။ ယခုအချိန်မှသာ သူ့ခေါင်းထဲတွင် ကျင့်စဉ်နှင့်ပတ်သတ်သည့် အတွေးရေးရေးပေါ်လာလေသည်။
“အင်မော်တယ်တွေရဲ့ပထမအဆင့်က
အခြေခံအုတ်မြစ်ဖြစ်ပြီး ဒုတိယအဆင့်က လောကမှော်ယာဉ်ပျံတွေနဲ့ပေါင်းစည်းခြင်းပဲ...ပြီးတော့ သူတို့ တတိယအဆင့်ရောက်တာနဲ့ လောကမှော်စီးယာဉ်တွေရဲ့အရှင်သခင်ဖြစ်လာတာပဲ..ဒီအဆင့်မှာ သူတို့ကိုယ်တိုင် အပြီးပြည့်စုံဆုံးဖြစ်အောင်ကြိုးစားရတယ်..ပြီးတော့ ကံကြမ္မာစက်ဝန်းစွမ်းအားကို စုဆောင်းရတယ်..အဲ့ဒီအဆင့်ကတော့ ကံကြမ္မာစက်ဝန်းနယ်ပယ်လို့ ခေါ်တဲ့ စတုတ္တအဆင့်ပဲ...”
“မာန်ကျင့်ကြံသူတွေအတွက်တော့ အတူတူပဲ..ရှင်းရှင်းလင်းလင်းပြောရရင် မာန်စိတ်ဝိညာဉ်နယ်ပယ်အောက်ကအဆင့်အကုန်လုံးက မာန်အခြေခံအုတ်မြစ်ပဲ...”
“ငါတို့ရဲ့အလတ်လတ်လမ်းစဉ်ကတော့ အသက်လမ်းကျင့်စဉ်ပဲ..ငါတို့က အသက်ကံကြမ္မာကျင့်စဉ်ကို ရောက်သွားပြီဆိုရင် အင်မော်တယ်တတိယအဆင့်ပဲ တူတူပဲ..
ပြီးတော့ ငါတို့ရဲ့ကျင့်ကြံလမ်းစဉ်ရဲ့ နောက်တစ်ဆင့်ကိုထပ်တက်လှမ်းနိုင်မယ်... ပြောရရင် ငါလည်း အဲ့ဒီအဆင့်ကို သေချာနားမလည်သေးဘူး..ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ ငါတို့က ကံကြမ္မာစက်ဝန်းစွမ်းအားကို စုဆောင်းနိုင်ခဲ့ရင် ကံကြမ္မာစက်ဝန်းနယ်ပယ်ကို တက်လှမ်းနိုင်ပြီ...ဒါဆိုရင် အင်မော်တယ်စတုတ္တအဆင့်မှာရှိတဲ့ အထွဋ်အထွတ်ကျင့်ကြံသူတစ်ယောက်ဖြစ်လာမယ်...”
စုမင်က တိုးတိုးလေးပြောပြီး လက်သီးကို တင်းတင်းဆုပ်ထားသည်။ ပြင်းပြသော ဆန္ဒတစ်ခု သူ့မျက်လုံးထဲတွင် ပေါ်လာသည်။
“အရင်တုန်းက ဖယောင်းနဂါးက တစ်ခါပြောဖူးတယ်..စစ်မှန်တဲ့လောကကြီးလေးခုထဲမှာ စတုတ္တအဆင့်စွမ်းအားရှိသူငါးယောက်ပဲ တွေ့ခဲ့ဖူးတယ်တဲ့..အဲ့ဒီလောကကြီးတွေကို ကံကြမ္မာရဲ့အရှင်သခင်...ဘဝရဲ့အရှင်သခင်..မရဏရှင်သခင်ဆိုပြီး သတ်မှတ်ထားတယ်..သူတို့က စကြာဝဠာကြီးတွေရဲ့ သံသရာကို ထိန်းချုပ်ထားတယ်..သူတို့က တစ်ယောက်ယောက်သေဆိုသေ..ရှင်ဆိုရှင်ဆိုပြီးအမိန့်ပေးလို့ရတယ်...”
“ ဒဏ္ဍာရီထဲမှာ ဖယောင်းနဂါးကြီးပြောထားတာတော့ ကံကြမ္မာစက်ဝန်းနယ်ပယ်အထက်မှာ နယ်ပယ်တွေအများကြီးရှိသေးတယ်..ဒါပေမဲ့ ကျင့်ကြံသူတွေက စစ်မှန်တဲ့လောကကြီးလေးခုကို စွန့်ခွာရပြီး သူတို့ရှိနေတဲ့နေရာတောင် မသိကြတော့ဘူး...”
စုမင်က အသက်ပြင်းပြင်းရှူလိုက်သည်။ သူ၏ အနာဂတ်ကျင့်ကြံလမ်းစဥ်က သူ့ခေါင်းထဲတွင် အနည်းငယ် ရှင်းလင်းလာသည်။
‘ငါ့ကံကြမ္မာကို ဘယ်သူမှ လာထိန်းချုပ်လို့မရနိုင်တဲ့ ဘဝပုံစံအားလုံးကို လိုချင်တယ်...”
သူ့မျက်လုံးထဲတွင် ဆုံးဖြတ်ချက်ပြတ်သားမှုနှင့်ခိုင်မာမှုတို့ ပေါ်လာလေသည်။