မျှော်စင်ရဲ့ရှစ်ထပ်မြောက်
Vol. 51 Ch. 703
စုမင်က သူ့အနာဂတ်အသက်လမ်းကျင့်စဉ်ကို တဖြည်းဖြည်း နားလည်လာခဲ့သည်။ မာန်ကျင့်ကြံသူနှင့်အင်မော်တယ်ကျင့်ကြံလမ်းစဉ်များကြားရှိ မတူညီသောအဆင့်များကို တွေ့ရှိရသည်။သို့သော် အဆုံးတွင် တူညီသောပန်းတိုင်သို့ ဦးတည်သွားခဲ့သည်။ ပို၍တိကျစွာပြောရလျှင် စကြာဝဠာရှိ မျိုးနွယ်များအားလုံးက တူညီသောပန်းတိုင်သို့ ဦးတည်သွားရင်း မတူညီသောလမ်းကြောင်းများကို လျှောက်လှမ်းခဲ့ကြသည်။
စုမင်က ဤလမ်းစဉ်၏ပထမခြေလှမ်းသာ လှမ်းနိုင်သေးသည်။ သူက လေ့ရှန်ရှို့ရရှိခဲ့သည့်နယ်ပယ်ကို ရောက်မလား၊ ကျော်တက်သွားမလားကို သေချာမပြောနိုင်ပေ။
သို့သော် သူ့မှာ စိတ်ပိုင်းဖြတ်ထားသည့် ပြတ်သားသော ဆန္ဒရှိသည်။ အဘယ်ကြောင့် သူ မွေးကင်းစကလေးငယ်အဖြစ် မွေးဖွားလာတာကြောင်းကို သိချင်မိသည်။ သူ့မှာ မိဘများ ရှိ မရှိ၊ သူ့မျိုးနွယ်စုဝင်တွေ ရှိမရှိ၊ သူ့အိမ်ကို စသည့် သူ့ဘဝဇာတ်ကြောင်းကို သိချင်လှသည်။
သူ့နားဘေးမှာ နှစ်အတန်ကြာပွစိပွစိပြောပြီး အစ်ကိုကြီးဟုခေါ်သော ကောင်မလေးကိုလည်း ကယ်တင်ချင်လေသည်။
စုမင်က သူ့ကံကြမ္မာကို ထိန်းချုပ်နိုင်ပြီး
အဆုံးမဲ့နဂါးငွေ့တန်းတွင် အားကောင်းသောကျင့်ကြံသူဖြစ်မှသာ သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်လိမ့်မည်။
အကယ်၍ သူသာ စွမ်းအားကြီးသူဖြစ်မလာခဲ့လျှင် သူက ပုရွက်ဆိတ်တစ်ကောင်သာသာဖြစ်ပြီး သူ့ကံကြမ္မာကို အခြားသူများအား ဆုံးဖြတ်ခွင့်ပေးလိုက်သလိုဖြစ်လိမ့်မည်။
‘ငါ ဒါမျိုး အဖြစ်မခံနိုင်ဘူး...”
စုမင်က လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူ့မျက်လုံးများသည် တောက်ပစွာ တောက်ပနေပြီး သူ့ကိုယ်သူ တည်ငြိမ် စေရန် အချိန်အနည်းငယ် ယူရသည်။ သူ့ရှေ့ရှိ အပြာရောင်အလင်းတန်းအချို့ကျန်နေသော ရွှေဓားကိုကြည့်လိုက်သည်။ ထို့နောက် သူက ပါးစပ်ဖွင့်ပြီး အသက်လမ်းကျင့်စဉ်အငွေ့အသက်များကို ဓားကိုဦးတည်၍ မှုတ်ထုတ်လိုက်သည်။ ဓားက ပြင်းထန်စွာ တုန်ခါလာကာ အတွင်းမှ စူးရှသောဝီစီသံများ ထွက်ပေါ်လာသည်။
ထိုစဉ် စုမင်က သူ့ညာလက်ကို မြှောက်လိုက်ပြီး ဓားရိုးကို ဖမ်းလိုက်သည်။ သူက မတ်တပ်ထရပ်ပြီး သူ့ဘယ်လက်နှစ်ချောင်းဖြင့် ဓားကို ညှပ်လိုက်သည်။ ထို့ နောက် သူ့ရင်ဘတ်ပေါ်မှာ ကန့်လန့်ဖြတ်တင်ထားပြီး သူ့လက်ချောင်းများကို ဓားထိပ်ဖျားဆီသို့ ဖြည်းညှင်းစွာ ရွှေ့လိုက်သည်။
သူ၏ လုပ်ဆောင်ချက်များက လျင်မြန်မှု မရှိသော်လည်း ၎င်းတို့အတွင်း၌ ကြီးမားသော ဆန္ဒများ ရှိနေသည်။ သူ့လက်ချောင်းများ အပေါ်ကို ပွတ်ဆွဲလိုက်သည်နှင့် ဓားက တုန်တုန်ယင်ယင် ပြင်းထန်စွာ ရုန်းကန်လာသည်။ သို့သော် စုမင်က အေးစက်သောအသံကို ထုတ် လွှတ်လိုက်သော် တုန်ခါသောဓားက ချက်ချင်း ရပ်တန့်သွားသည်။ ဓားတစ်ချောင်းလုံးကို သန့်စင်ပြီးသောအခါ အော်ဟစ်သံကလည်း ငြိမ်ကျသွားလေသည်။
“မင်းလက်ထဲက ဓားကို မထိန်းချုပ်နိုင်ရင် အဲဒီဓားကို ဓားလို့ ခေါ်ပါအုံးမလား..”
စုမင်က ဓားဖျားကို ဆတ်ခနဲတောက်လိုက်ရာ ကြည်လင်သော ဝီစီသံတစ်ခု လေထဲသို့ ပဲ့တင်ထပ်သွားသည်။ ထိုအသံက မျှော်စင်အတွင်းကို ပဲ့တင်ထပ်သွားပြီး သတ်ဖြတ်လိုသောအရှိန်အဝါများက ကောင်းကင်ယံသို့ တလူလူ ပျံ့လွင့်သွားလေသည်။
စုမင်က မျှော်စင်၏ ပထမအလွှာတွင် ထိုဓားကို ဖြည်းညှင်းစွာ စတင်ဝှေ့ယမ်း လိုက်သည်။ ဓါးကို ဝှေ့ယမ်းလိုက်သောအခါတွင် အလင်းတန်းများထွက်ပေါ်လာပြီး အေးစက်သောအရှိန်အဝါများ ပြန့်ကျဲလာသည်။ စုမင်က ဖြည်းညှင်းစွာ ရွေ့လျားနေပုံရသော်လည်း ယခုအချိန်တွင် မည်သူမဆို သူ့၏ ဓားချက်များကို မြင်လျှင် အံ့သြသွားမည်ဖြစ်သည်။
ဤအခိုက်အတန့်တွင် စုမင်၏အာရုံစူးစိုက်မှုသည် ဓားနှင့်တစ်သားတည်းဖြစ်ပုံရသည် ။ သို့သော် ဓားက စုမင်နှင့် တစ်သားတည်းဖြစ်သွားသည်ဟု ဆိုခြင်းက ပိုမှန်ပေမည်။
ခဏအကြာတွင် စုမင်က သွေးဆာနေသောဓားဖြင့် ဟန်ရေးပြပြီး မြေကြီးပေါ်သို့ ထိုးစိုက်လိုက်သည်။ ထိုအချိန်တွင် ကြီးမားသော တည်ရှိမှုနှင့် အင်အားကြီးသောစိတ်ဆန္ဒက ဓားရိုးထဲသို့ တိုးဝင်လာပြီး ဓားထဲတွင် လှည့်ပတ်နေရာယူလေသည်။
ဓားထံမှ လူသတ်အငွေ့အသက် အမြောက်အမြား ထွက်ပေါ်လာစေခဲ့သည်။ သို့သော် ဓားက မြေပြင်သို့ရောက်ခါနီးတွင် ပြင်းထန်သောဝီစီသံတစ်ခုထွက်ပေါ်လာသည်။ ၎င်းက စုမင်၏လက်မှ ရုန်းထွက်လိုသကဲ့သို့ တုန်လှုပ်သွားသော်လည်း မလွတ်မြောက်နိုင်ခဲ့ပေ။
ဓါးထိပ်ဖျားက မြေကြီးနှင့်ထိခါနီးတွင် စုမင်၏လက်များ ရုတ်ခြည်းရပ်တန့်သွားသည်။ သူ၏စွမ်းအားအပြည့်ပါရှိသော တိုက်ခိုက်မှုကို ရပ်တန့်လိုက်ခြင်းကြောင့် အံ့သြဖွယ်ကောင်းသော တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်လာသည်။ သို့သော် ထိုတုံ့ပြန်မှုက စုမင်၏ခန္ဓာကိုယ်ကို မဟုတ်ဘဲ ဓားထက်သို့ တိုးဝင်လာခဲ့သည်။
စုမင်၏ဆံပင်များက လေထဲတွင် ကခုန်နေသော်လည်း သူ့အမူအရာက တည်ငြိမ်မြဲ ရှိနေလေသည်။ ဓားနှင့် မြေပြင်ကြားတွင် လက်မဝက်မျှသာရှိသည်။ သူ့အကြည့်များက အေးစက်ပြီး အဝေးကို ကြည့်နေ လေသည်။ ထိုအချိန်တွင် သူ့ပတ်ဝန်းကျင်တွင် ဓား၏ အငွေ့အသက်နှင့် ဆင်တူသည့် အေးစိမ့်သောလေထုများဖြင့် ပြည့်နှက် နေလေသည်။
ဓား တုန်လှုပ်သွားသည်နှင့်အမျှ စူးရှသော တဝီဝီမြည်သံများ ထွက်ပေါ်လာသည်။ ဓားက ပို၍ပင် ပြင်းထန်စွာ တုန်ခါသွားပြီး ကွဲအက်လာလေသည်။စုမင်က ဓားကို မြေကြီးပေါ်ထိုးစိုက်ခဲ့သော်လည်း မြေကြီးပေါ် သို့စွမ်းအား အပြည့်အဝ မထုတ်လွှတ်ခဲ့ပေ။ ယင်းအစား ဓားအတွင်း၌ ပေါက်ကွဲသွားစေပြီး ဓားဝိညာဉ်အပေါ် ကြီးမားသော သက်ရောက်မှုရှိစေခဲ့သည်။
ဤသည်မှာ ဓားကို သန့်စင်မွမ်းမံခြင်းစွမ်းရည်ဖြစ်သည်။ဟုန်လော့ထံမှ အမွေဆက်ခံခဲ့သော ဓားတစ်လက်ကို သန့်စင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။
လွန်ခဲ့သည့်နှစ်အတွင်းတွင် စုမင်က ဓားကို အဆက်မပြတ် နှိမ်နင်းရန် ဤကဲ့သို့သော နည်းလမ်းများစွာကို အသုံးပြုခဲ့သည်။
“မင်းငါ့ကိုအညံ့ခံမှာလား...”
စုမင်က အေးဆေးစွာ မေးလိုက်သည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက်၊ ရှုံးနိမ့်မှုကို ဝန်ခံလိုစိတ်နှင့် အရှုံးပေးလိုစိတ်များ ပြည့်နှက်နေသောအသံများက ဓားထက်မှ ထွက်ပေါ်လာသည်။ဤသည်မှာ ဓားဝိညာဉ်၏ဟိန်းဟောက်သံဖြစ်သည်။
“ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာ မင်းကို လတိုင်း ဒါမျိုးမေးခွန်းတွေ ထပ်ခါထပ်ခါမေးခဲ့တယ်...ဒါပေမဲ့.. ငါ့ရဲ့စိတ်ရှည်မှုဟာ အကန့်အသတ်ရှိတယ်”
စုမင်က ပြတ်ပြတ်သားသားပြောလိုက်သည်။
သူက ဓားကို ကိုင်လိုက်ပြီး ပေါ့ပါးစွာ လှဲချလိုက်သည်။ ဓားမှ လှိုင်းလုံးများသည် လေထဲသို့ ချက်ချင်းပင် ပျံ့နှံ့သွားသည်။ ထို့နောက် စုမင်က ညာလက်ကို မြှောက်ကာ ချိပ်တံဆိပ်ဖန်တီးပြီး သူ့မျက်ခုံးအလယ်ကို ပုတ်လိုက်သည်။ သူ၏မျက်ခုံးကြားမှ အနက်ရောင်မီးခိုးတိမ်များ ချက်ချင်းပေါ်လာပြီး ရက်စက်ကြမ်းကြုတ်သော ဝိညာဉ်၏ မျက်နှာအဖြစ်သို့ ပြောင်းလဲသွားသည်။၎င်းက စုမင်၏မျက်ခုံး အလယ်ဗဟိုမှ ထိုးထွက်ပြီး လူသတ်ဓားထဲသို့ တိုးဝင်သွားလေသည်။
“နတ်ဆိုးဝိညာဉ်ဂိုဏ်းမှာရှိတဲ့ ရှစ်ထပ်မြောက်က ကျောက်ရုပ်တုကနေ သင်ယူတဲ့စွမ်းရည်ပဲ...တော်တော်လေးထူးခြားတာပဲ..”
စုမင်က သူ့ကိုယ်သူ တီးတိုးစွာပြောရင်း
သူ့ဘယ်လက်ကို မြှောက်ကာ မြေကြီးကို ပစ်ထိုးလိုက်သည်။ ထို့နောက် မြေကြီးထဲမှ ရွှေရောင်အလင်းတန်းများ ချက်ချင်းပြန့်ကျဲလာသည်။
စုမင်၏ ဘယ်ဘက်လက်မှ မြေစွမ်းအားအရှိန်အဝါက မျှော်စင်ထဲသို့ တိုးဝင်လာပြီး နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထို့ကြောင့် စုမင်၏ ဘယ်ဘက်လက်သည် ချက်ချင်းပင် ညှိုးနွမ်းသွားသည်။ ထိုအချိန်တွင် စုမင်၏ လက်မောင်းက အရိုးပေါ်အရေတင်သကဲ့သို့ ပိန်လှီးသွားပြီး အဖြူရောင်အလင်းတန်းများက ၎င်းကိုဝိုင်းရံထားသည်။
စုမင်က အရိုးစု၏လက်မောင်းနှင့်တူသော သူ၏ဘယ်လက်ကိုကြည့်ကာ ဓားကို ဖမ်းဆုပ်လိုက်သည်။ထို့နောက် ဓါးမှ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။စုမင် ၏ ဘယ်ဘက်လက်သည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။ အဘယ်ကြောင့်ဆိုသော် သူ၏လက်ကို ပုံမှန်ပြန်ဖြစ်လာစေသော ဓားရှိ ထူးဆန်းသော စွမ်းအားအချို့ကို စုပ်ယူလိုက်ခြင်း ဖြစ်သည်။
သို့သော် ဓားအတွင်းပါရှိသော စိတ်အားထက်သန်မှုမှာ သိသိသာသာ အားနည်းလာသည်။
“ အလိုဆန္ဒရဲ့နတ်စွမ်းရည်က စိတ်ဝိညာဉ်ပါတဲ့ဓားကိုယ်ထည်ကို သန့်စင်ပေးတဲ့ စွမ်းရည်ပဲ...”
စုမင်၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ့လက်မောင်းကို လွှဲယမ်းလိုက်သည်နှင့် ရွှေရောင်အလင်းတန်းများစွာက လျင်မြန်စွာ ရောက်ရှိလာပြီး ဓားကို ဆက်လက်နှိမ်နင်းရန် ဝန်းရံထားသည်။
သူက ဓားကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို မော့လိုက်သည်။ သူ့မျက်လုံးထဲတွင် တောက်ပသော အလင်းတန်းတစ်ခု ပေါ်လာသည်။
‘ငါ မျှော်စင်ကို ပြန်စိန်ခေါ်ဖို့ အချိန်ရောက်လာပြီ.. ဒီတစ်ခါတော့ ငါလုပ်နိုင်ရမယ်...’
စုမင်က အသက်ပြင်းပြင်းရှူပြီး မျှော်စင် ၏အလယ်ဗဟိုမှာရပ်ရန် ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။ သူ့ မျက်လုံးများကိုမှိတ်ပြီး စိတ်တည်ငြိမ်အောင်လုပ်လိုက်သည်။ ထို့နောက် သူ့စိတ်ဝိညာဉ်ကို ပတ်ဝန်းကျင်နှင့်တစ်သားတည်းဖြစ်အောင် ပေါင်းစပ်လိုက်သည်။ ထိုနေရာရှိ ရွှေရောင်အလင်းတန်းများက သူ့ဆီသို့ ချက်ချင်း လွှမ်းခြုံကာ ဝန်းရံလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် စုမင် ပျောက်ကွယ်သွားလေသည်။
ထိုအလင်းတန်းက မျှော်စင်၏နှစ်လွှာ၊ သုံးလွှားနှင့်ရှစ်လွှာအထိ ဆက်လက် တောက်ပလာသည်။ ထို့နောက် စုမင်၏ခန္ဓာကိုယ်က ရှစ်လွှာ၏အလယ်ဗဟိုတွင် ဖြည်းညှင်းစွာပေါ်လာသည်။ သူ့ခန္ဓာကိုယ်က လုံးဝရုပ်လုံးပေါ်လာချိန်တွင် စုမင်ကမျက်လုံးများကို ဖွင့်လိုက်သည်။
လွန်ခဲ့သည့်နှစ်အတွင်း ပထမအလွှာရှိ ရွှေရောင်အလင်းတန်းများကို ပိုမိုထိန်းချုပ်နိုင်သည့် အဓိကအကြောင်းအရင်းမှာ မျှော်စင်၏ ပထမအလွှာခုနစ်လွှာကို အောင်နိုင်ခဲ့ပြီး ရှစ်လွှာမြောက်သို့ ပြောင်းရွှေ့နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
စုမင်က အလွှာတစ်ခုစီကို ရှင်းလင်းလိုက်ခြင်းကြောင့် မျှော်စင်နှင့် ချိတ်ဆက်မှု ပိုမိုအားကောင်းလာသည်။ သူ့ကျင့်ကြံစွမ်းအားဖြင့် ပိုမိုရှင်းလင်းနိုင်သော်လည်း တတိယအလွှာတွင် ခဏရပ်လိုက်သည်။
လောလောဆယ်တော့ သူ ရှစ်လွှာ၏ အလယ်မှာ ရပ်နေလေသည်။ သူ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့မျက်လုံးထဲတွင် ပြတ်သားသောအကြည့်တစ်ခု ပေါ်လာသည်။
လွန်ခဲ့သည့် သုံးလခန့်က စုမင်က ခုနှစ်လွှာကို ဖြတ်ကျော်ခဲ့ပြီး ရှစ်လွှာသို့ ရောက်ရှိလာခဲ့သည်။ ယခုအခါ ကိုးလွှာသို့ လျှောက်လှမ်းရန် ယုံကြည်မှုအပြည့်အဝရှိနေလေသည်။
‘ရှစ်လွှာရဲ့စမ်းသပ်မှုက ငါ့ကို သုံးလကြာအောင် တားနိုင်မယ်လို့ မမျှော်လင့်ထားဘူး...”
စုမင်က စိတ်ပျက်စွာ ခေါင်းယမ်းလိုက်သည်။
ထို့ နောက် သူ့ခြေထောက်ကို မြှောက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ ထွက်သွားသည်နှင့် သူ့ရှေ့က လောကကြီးက ပြောင်းလဲသွားပြီး အဝါရောင် သဲများက လေထဲတွင် ပြည့်နှက်နေသည်။ ပူပြင်းသော နေမင်းကြီးက မြေပြင်ကို မီးလောင်တိုက်သွင်းချင်သလိုဖြစ်နေလေသည်။ ထိုစဉ် သူ့ရှေ့မှာ ဧရာမကျောက်တုံးရုပ်တုလေးခု ပေါ်လာလေသည်။
ဤကျောက်ရုပ်တုများက မြေပြင်ပေါ်တွင် မတ်မတ်ရပ်နေလေ၏။ ၎င်းတို့ အသီးသီးက ပေတစ်ထောင်နီးပါး မြင့်မားပြီး သဲထဲတွင် ယောင်ဝါးဝါး ပေါ်လာသည်။ ၎င်းတို့ဆီမှ ရှေးခေတ်လေထုအငွေ့အသက်များ ပျံ့လွင့်လာသည်။
“အရှေ့မြေရိုင်းမျှော်စင်ရဲ့နှစ်လွှာကစပြီး မျှော်စက်ပေါ်တက်ဖို့ မတူညီတဲ့နည်းလမ်းနှစ်ခုကိုပေးထားတယ်...ပထမတစ်ခုက အလွှာတစ်ခုစီတိုင်းကို အရှိန်ပြင်းပြင်းနဲ့ဖြတ်ကျော်ဖို့ပဲ..ဒုတိယတစ်ခုက အလွှာတစ်ခုနဲ့တစ်ခုပေါင်းစပ်လိုက်ဖို့ပဲ...အဲ့ဒီအလွှာတွေကိုပေါင်းစပ်လိုက်ရင် နောက်တစ်လွှာကို လွယ်လွယ်နဲ့တက်လှမ်းနိုင်မယ်...”
“ ဒီရုပ်တုလေးခုကိုဖြတ်ကျော်တာက ပထမနည်းအတွက် လိုအပ်ချက်ပဲ..ဒါဆိုရင် ငါ ရှစ်လွှာကို တန်းတန်းမတ်မတ်သွားလို့ရတယ်...ဒါပေမဲ့ ငါလုပ်ချင်ရင် လွန်ခဲ့တဲ့သုံးလကတည်းက လုပ်ခဲ့မှာပေါ့...”
စုမင်၏ မျက်လုံးများတွင် အလင်းရောင်တစ်ခု လင်းလက်လာသည်။ သူက ပထမကျောက်ရုပ်ရှိရာသို့ သွားပြီး ထိုရုပ်တုရှေ့တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် သူ့လက်နှင့် ချိပ်တံဆိပ်ဖန်တီးလိုက်ရာ အသက်လမ်းကျင့်စဉ်အငွေ့အသက်များ ပျံ့နှံ့လာလေသည်။ မာန်စွမ်းအားလှိုင်းများကလည်း သူ့အသွေးအသားထဲမှ ထွက်ပေါ်လာပြီး
စစ်မှန်သောမာန်အနှစ်သာရကို သက်သေပြနေလေသည်။
မာန်စွမ်းအားလှိုင်းများက စုမင်ကို ဝိုင်းရံထားစဉ်တွင် ပထမ ကျောက်ရုပ်၏ မျက်လုံးများ ပွင့်လာသည်။ ၎င်းတို့၏ အကြည့်များက စုမင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ ခဏအကြာ စုမင် မတ်တပ်ထရပ်ပြီး ဒုတိယကျောက်ရုပ်ဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူ့တွင် မာန်စွမ်းအားလှိုင်းများ ပျောက်ကွယ်သွားပြီး အင်မော်တယ်စွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။ ထို့နောက် ဒုတိယကျောက်ရုပ်၏ မျက်လုံးများကို ပွင့်စေခဲ့သည်။
တတိယရုပ်တု၏မျက်နှာပေါ်တွင် ရက်စက်သောအကြည့်နှင့် နတ်ဆိုးအသွင်အပြင် ယူထား လေသည်။ ထိုကျောက်ရုပ်ထု၏ မျက်ခုံးအလယ်ဗဟိုမှ ဆိုးသွမ်းသော ဝိညာဉ်၏ မျက်နှာလည်း ရှိနေသည်။ စုမင်က တတိယမြောက် ကျောက်ရုပ်အောက်တွင် ရပ်နေချိန် သူ့ ညာလက်ကို မြှောက်ကာ သူ့မျက်ခုံးကြားကို ပုတ်လိုက်သည်။ အနက်ရောင်မီးခိုးငွေ့များက သူ့မျက်ခုံးအလယ်ဗဟိုကို ချက်ချင်းပင် ဝိုင်းရံလာကာ နတ်ဆိုးမျက်နှာပုံသဏ္ဍာန်ဖြစ်လာသည်။ တတိယကျောက်ရုပ်က မျက်လုံးများကို ချက်ချင်းဖွင့်ကာ စုမင်ဆီသို့ လှမ်းကြည့်လိုက်သည်။
ခဏအကြာတွင် စုမင်က စတုတ္ထမြောက် ကျောက်ရုပ်ထုကြီး၏ ဘေးနားသို့ ရောက်ရှိလာပြီး သူ၏ ဘယ်လက်ကို မြှောက်လိုက်သည်။ သူ့လက်က အရိုး ခြောက်လက်အဖြစ်ပြောင်းသွားပြီးနောက် အဖြူရောင်အလင်းတန်းများက ဝိုင်းရံထားသည်။ ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်သော အသွင်အပြင်သည် သူ့လက်မောင်းမှ ထွက်ပေါ်လာသည်။
“ကျောက်ရုပ်လေးခုက မာန်စွမ်းအား...အင်မော်တယ်စွမ်းအား..နတ်ဆိုးဝိညာဉ်စွမ်းအား..အလိုဆန္ဒစွမ်းအားတွေကို ကိုယ်စားပြုတယ်.…ငါက ဒီစွမ်းအားလေးခုရဲ့ အခြေခံကျင့်စဉ်ကို ကျင့်ကြံခဲ့ပြီးပြီ..မျှော်စင်ရဲ့ ရှစ်လွှာ ပွင့်လော့...”
စုမင်က သူ့ဘယ်လက်ကို လွှဲယမ်းလိုက်ရာ ကျောက်ရုပ်များက ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ ထို့နောက် သူက မျှော်စင်၏ ကိုးလွှာအလယ်ဗဟိုတွင် ရပ်နေပြီဖြစ်သည်။