← Chapters

အရှေ့မြေရိုင်းမျှော်စင်မှ အလင်းရောင်

Vol. 51 Ch. 704

အရှေ့မြေရိုင်းမျှော်စင်မှ အလင်းရောင်

Vol. 51 Ch. 704

စုမင်သည် မျှောစင်၏ကိုးလွှာသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာခြင်းဖြစ်သည်။ ထိုအချိန်တွင် မျှော်စင်သည် ငလျင်လှုပ်သကဲ့သို့ တသိမ့်သိမ့်တုန်လှုပ်သွားကာ အလင်းတန်းများက မျှော်စင်တစ်ခုလုံးကို ဝန်းရံထားလေသည်။ ထို့နောက် အရပ်ရပ်သို့ လျင်မြန်စွာပျံ့နှံ့သွားသည်။

ထိုစဉ် မျှော်စင်၏ ပထမအလွှာသည် တောက်ပလာပြီး ဒုတိယအလွှာ.. တတိယအလွှာမှ ရှစ်လွှာအထိ တစ်လွှာချင်းစီ တောက်ပလာသည်။ အလွှာအားလုံးသည် ပြင်းထန်သော အလင်းရောင်ဖြင့် စတင်တောက်ပလာကြသည်။ ကိုးလွှာတွင်မူ အလင်းတန်းနှင့်အမှောင်ထုကြား လျင်မြန်စွာ တစ်လှည့်စီ ဖြစ်နေလေသည်။

မျှော်စင်တစ်ဝိုက်တွင် အလင်းတန်းများ ဖြာကျနေလေသည်။ မည်သူမဆို အနီးကပ်ကြည့်လျှင် အလင်းစက်ဝန်းရှစ်ခုရှိသည်ကို တွေ့ရလိမ့်မည်။ ဤစက်ဝန်းရှစ်ခုသည် စုမင်မျှော်စင်အလွှာရှစ်လွှာကိုဖြတ်သန်းပြီးခဲ့ကြောင်း အဓိပ္ပါယ်ရလေသည်။ သူ ကိုးလွှာသို့ လှမ်းဝင်လိုက်သည်နှင့် တပြိုင်နက် ထိုအလင်းစက်ဝန်းများ ထွက်ပေါ်လာသည်။

ကိုးလွှာသည် ထွက်ပေါက်တစ်ခုလည်းဖြစ်သည်။ ကိုးလွှာသို့ မတက်လှမ်းနိုင်သူများသည် ထိုသို့သော အပြောင်းအလဲကို မမြင်နိုင်ပေ။ ကိုးလွှာသို့ တတ်နိုင်သူများသာ မျှော်စင်ကို ပြင်းထန်သောအလင်းရောင်ဖြင့် ပြိုးပြိုးပျက်ပျက် တောက်ပစေမည်ဖြစ်သည်။

ထိုအလင်းရောင်သည် အရှေ့မြေရိုင်း နယ်မြေတစ်ခုလုံးကို ချက်ချင်းလွှမ်းမိုးသွားပြီး ပိုမိုပျံ့နှံ့သွားမည့် အရိပ်အယောင်များပင် ပြသခဲ့သည်။ အရှေ့မြေရိုင်းနယ်မြေရှိကျင့်ကြံသူ များအားလုံး သူတို့လုပ်နေသမျှကို ချက်ချင်းရပ်လိုက်ပြီး ခေါင်းကိုမော့လိုက်သည်။ ကောင်းကင်ယံတွင် ပျံ့နှံ့နေသော အလင်းတန်းရှစ်ခုကြောင့် သူတို့၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

တောထဲမှာ သေချင်ယောင်ဆောင်နေသောချမ့်ချန်တောင်မှ သူ့မျက်လုံးများကို အလိုလိုဖွင့်လိုက်ပြီး ကောင်းကင်ပေါ်က အလင်းလှိုင်းများကို လွတ်လွတ်လပ်လပ် ကြည့်နေလိုက်သည်။ အဘိုးအိုအယောင်ဆောင်နေသော ကြိုးကြာအိုကြီးကလည်း မာန်ကျင့်ကြံသူသုံးဦးနှင့် စကားစမြည်ပြောရင်း ထိုမြင်ကွင်းကြောင့် အံ့အားမင်သက်သွားလေသည်။ သူ့ရှေ့က လူငယ်သုံးယောက်ကလည်း အလားတူ အံ့ဩသွားလေသည်။

ကောင်းကင်ယံရှိ အလင်းစက်ဝန်းများကို မြင်သူတိုင်းက တစ်နှစ်လောက်ငြိမ်သွားပြီးနောက်ဆူပွက်လာသောသွေးမျိုးဆက်ကို ခံစားမိခဲ့သည်။

သူတို့၏သွေးဆူပွက်မှုက သူတို့၏ မာန်နတ်ဘုရားသခင်ကြောင့်ဖြစ်သည်။၎င်းက နတ်ဘုရားနှင့်သူတို့ကြားဆက်နွယ်ပေးသော ခံစားချက်‌ဖြစ်သည်။

“မာန်နတ်ဘုရား...အဲဒါ မာန်နတ်ဘုရားပဲကွ...”

“မာန်နတ်ဘုရား ပြန်လာပြီကွ...”

ထိုအချိန်တွင် မာန်ပြည်ထောင်ဧ။်အရပ်ရပ်မှ ကျယ်လောင်သော အသံများ ကောင်းကင်သို့ ပျံ့လွင့်သွားသည်။ မာန်ကျင့်ကြံသူများအားလုံးသည် စုမင်ကို အရှေ့မြေရိုင်းနယ်မြေတစ်လျှောက် တစ်နှစ်ပတ်လုံး ပိုက်စိပ်တိုက်ရှာဖွေနေခဲ့ကြသည်။

ထိုတစ်နှစ်အတွင်းတွင် သူတို့၏ဘုရားသခင်၏ခြေရာအစအနကို ရှာမတွေ့ခဲ့ကြသော်လည်း အရှုံးမပေးခဲ့ကြပေ။ သူတို့၏ ရှာဖွေရေးနယ်မြေကို ချဲ့ထွင်ကာ ဆက်လက် ရှာဖွေခဲ့ကြသည်။ သူတို့၏မာန်နတ် ဘုရားသခင် မသေဘဲ သူတို့နှင်အတူ ရှိနေဆဲဟု ပြင်းပြစွာ ယုံကြည်ခဲ့ကြသည်။

ထိုအခိုက်အတန့်တွင် သူတို့၏သွေးများက သူတို့၏ဘုရားသခင်ဆီသို့ ပို့ဆောင်ပေးနေသည်ကို ခံစားလိုက်ရပြီး အရှေ့မြေရိုင်းနယ်မြေ၏အရပ်ပေါင်းစုံမှ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ရှည်လျားသောအလင်းတန်းများသည် မြေပြင်မှ ပျံတက်လာပြီး အလင်းလှိုင်းများထွက်လာသည့် နေရာဆီသို့ အရှိန်အဟုန်ဖြင့် ပြေးသွားကြသည်။

အထူးသဖြင့် မျှော်စင်အနီးရှိမာန်ကျင့်ကြံသူများနှင့် မျိုးနွယ်စုများအတွက် အထူးခြားဆုံးဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူတို့၏နှလုံးသားများ တုန်လှုပ်သွားကာ အလင်းလှိုင်းများ၏ အရင်းအမြစ်ဖြစ်သည့် မျှော်စင်၏တောက်ပသော အလင်းတန်းရှစ်လွှာကို တွေ့လိုက်ရသည်။

“မာန်နတ်ဘုရားသခင်က မျှော်စင်ထဲမှာ ရှိတယ်...”

ပြင်းပြသောစိတ်လှုပ်ရှားသံများ လေထဲတွင် ခေါင်းလောင်းထိုးလိုက်သကဲ့သို့ တဟုန်ထိုး မြည်လာသည်။ မျှော်စင်နှင့်နီးသောသူများသည် ချက်ချင်းဝုန်းခနဲ ပြေးထွက်လာကြသည်။

အရှေ့မြေရိုင်းနယ်မြေရှိ ချီလေ့ထျန်း၊

ရွှယ်ရှ ၊ ရွှေရောင်မိုးတောင်တန်း၏အကြီးအကဲ၊ ဝူရွှမ်း၊ အထင်ကရကလန်အကြီးအကဲ၊ ထျန်းချီနှင့် ကျန်လူအားလုံးက မာန်ပြည်ထောင်အရေးကို လုံ့လစိုက်ထုတ်ပြီး မတူညီသောနေရာများမှာ တာဝန်ထမ်းဆောင်နေကြသည်။

ကောင်းကင်၌ အလင်းလှိုင်းများ ပဲ့တင်ထပ်လာသောအခါ သူတို့၏ခေါင်းကို မော့ကာ ရှည်လျားသော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ မျှော်စင်ဆီသို့ ဦးတည်သွားကြသည်။

ကံကြမ္မာမျိုးနွယ်စုကမူ စုမင်၏တည်ရှိမှုကို လွန်ခဲ့သည့်တစ်နှစ်ခန့်က သတိထားမိပြီးနောက် အတူတကွစုရုံးခဲ့သည်။ သူတို့၏နေရာမှာ အင်မော််တယ်များ ဆင်းသက်ရာနေရာနှင့် သိပ်မဝေးလှပေ။ သူတို့က အခြားမျိုးနွယ်စုများနှင့် မရောနှောဘဲ လွတ်လပ်စွာနေထိုင်ရန် ရွေးချယ်ခဲ့သည်။

သူတို့က တစ်မူထူးခြားလေသည်။ တခြားသူများနှင့် အဆက်အဆံမလုပ်ဘဲ သီးခြားရပ်တည်နိုင်သော ကံကြမ္မာမျိုးနွယ်စုဝင်များ ဖြစ်ကြလေသည်။

ကိုးပါး လောကမှာရှိ‌နေစဉ်က သူတို့ ၏ဘဝပုံစံကို ပြန်ရောက်သွားခဲ့ကြသည်။ သို့ရာတွင် သူတို့မှာ စဉ်ဆက်မပြတ် အန္တရာယ်နှင့် မရင်ဆိုင်ရတော့ပေ။ ထိုတစ်နှစ်အတွင်းတွင် သူတို့အိမ်အဖြစ်သတ်မှတ်ထားသောနယ်မြေက အဆက်မပြတ်ပြောင်းလဲနေပြီး ကံကြမ္မာမျိုးနွယ်စုမှ ပို၍ပင်ပြင်းထန်သောတိုက်ခိုက်ရေးစွမ်းရည်များထွက်လာသည့်နေရာတစ်ခုဖြစ်လာသည်။

သူတို့လေးစားရသောအကြီးအကဲမိုကိုလည်း ကျီကန်းတောင်းမှောက်သကဲ့သို့ ပျာပျာသလဲ ရှာဖွေနေခဲ့သည်။ယခုအချိန် လေထဲ၌ အလင်းလှိုင်းများ တဟုန်ထိုး လှိုင်းထ‌နေသည်ကိုမြင်လိုက်ရသော် ကံကြမ္မာမျိုးနွယ်စုဝင်များအားလုံး စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်လိုက်ကြသည်။ ထို့နောက် သူတို့က မျှော်စင်ဆီသို့ ဦးတည်သော လေထုကို ဖြတ်ပြီး အလင်းတန်းရှည်များအဖြစ် ပြောင်းလဲသွားကြသည်။

ဤသည်မှာ အရှေ့မြေရိုင်းနယ်မြေရှိ မာန်ကျင့်ကြံသူများအားလုံးနှင့်တောင်ပိုင်းအရုဏ်ဦးနယ်မြေရှိ မာန်ကျင့်ကြံသူများ အများစုပြုလုပ်သည့် အပြုအမူဖြစ်သည်။ မရေမတွက်နိုင်သောမာန်ကျင့်ကြံသူများက ကောင်းကင်သို့ အရှိန်တင်ခဲ့ပြီး ၎င်းတို့၏ ပန်းတိုင်မှာလည်း အလားတူဖြစ်သည်—အားလုံးက အရှေ့မြေရိုင်းမျှော်စင်ဆီသို့ ဦးတည်နေကြသည်။

စုမင်က အပြင်လောကတွင် ဖြစ်ပျက်နေသည်များကို မသိရှိခဲ့ပေ။ ထိုအချိန်တွင် သူက မျှော်စင်၏ ကိုးလွှာတွင် ရပ်နေသည်။ သူ့တစ်ဝိုက်တွင် ထူထဲသော ရွှေရောင်အလင်းတန်းတစ်ခု ရှိနေပြီး ထိုရွှေရောင်အလင်းတန်းများအတွင်းမှ လောကမှော်ယာဉ်ပျံ၏ တည်ရှိနေမှုကို မှုန်ဝါးဝါး မြင်နေရလေသည်။

လောကမှော်ယာဉ်ပျံ၏ တည်ရှိမှုသည် သူ့နားသို့ အဆက်မပြတ် ဝိုင်းရံလာသည်နှင့်အမျှ စုမင်က မျက်လုံးများကိုမှိတ်ထားသည်။ သူက ထိုတည်ရှိမှုကို လျင်မြန်စွာ စုပ်ယူရန် သူ့ကနဦးကျင့်ကြံစွမ်းအားကို ဖြန့်ကျက်လိုက်သည်။နောက်မှ သူ့ကိုယ်ပိုင်အသက်ကံကြမ္မာ၏ စွမ်းအားအဖြစ်သို့ ပြောင်းလဲမည်ဖြစ်သည်။

ဤသည်မှာအရှေ့မြေရိုင်းမျှော်စင်၏ကောင်းချီးဖြစ်ပြီး ဤနေရာတွင် စုမင်ရရှိသည့်ကိုးကြိမ်မြောက် ကောင်းချီးလည်းဖြစ်သည်။ သူက မျှော်စင်၏ ပထမအလွှာသို့ ပထမဆုံး ခြေချသောအခါ ပထမဆုံးကောင်းချီရရှိခဲ့သည်။ ထိုအချိန်တွင် သူက ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး မျှော်စင်ရှိ အလင်းတန်းများကြောင့် သူ၏ဒဏ်ရာများကို ကုသနိုင်ခဲ့သည်။ ထို့နောက် အလွှာတစ်ခုစီသို့ ရွေ့လျားလာရင်း၊ ဤနေရာကို သူ တဖြည်းဖြည်း နားလည်လာခဲ့သည်။

ဤသည်မှာ ခေတ်အဆက်ဆက် ချိပ်တံဆိပ်ပိတ်ခံထားရသော ရဲတိုက်ဖြစ်သည်။ အလွှာတစ်ခုစီကို ကျော်ဖြတ်သွားသော ပထမဆုံးသူသာလျှင် မျှော်စင်၏ ကောင်းချီးကို ရရှိနိုင်မည်ဖြစ်သည်။

ထိုအချိန်တွင် စုမင်က အရှေ့မြေရိုင်းမျှော်စင်အတွင်းရှိ တစ်ဦးတည်းသောလူဖြစ်သည်။

အချိန်အတန်ကြာမှ သူ့မျက်လုံးကိုဖွင့်လိုက်သောအခါ သူ့ခန္ဓာကိုယ်က ဝိညာဉ်စွမ်းအားများပြည့်နှက်နေသော လေထုတွင် ကျင်လည်နေလေသည်။ ထိုနေရာ၌ သူ ရပ်နေပြီး သူ၏ကနဦးကျင့်ကြံစွမ်းအားကို တိတ်တဆိတ်အာရုံခံလိုက်သည်။ ကိုးလွှာရှိ လောကမှော်ယာဉ်ပျံ၏ စွမ်းအားသည် ယခင်အလွှာရှစ်ခုကို ကျော်လွန်သွားခဲ့သည်။ ဤအချိန်၌ သူစုပ်ယူသောပမာဏက သူ၏ကျင့်ကြံစွမ်းအားအတွက် အနှစ်သာရများစွာကို ယူဆောင်လာခဲ့သည်။

“ငါ အသက်လမ်းကံကြမ္မာကနဦးအထွဋ်အထိပ်အဆင့်ကို ရောက်ဖို့အတော်လေးလိုသေးတယ်..ဒါပေမဲ့ ငါ မျှော်စင်ရဲ့အလွှာတွေကို ဆက်တက်လှမ်းရင်.. ငါလိုချင်တဲ့နယ်ပယ်ရောက်လာမှာပဲ...”

စုမင်က ရွှေရောင်အလင်းတန်းအတွင်း ရှိနေရင်း လောကမှော်ယာဉ်ပျံ၏တည်ရှိမှုကို အသက်ပြင်းပြင်းရှူရင်း ခံစားလိုက်သ ည်။ ထို့နောက် သူ့ခြေဖဝါးကို မြှောက်ကာ ကိုးလွှာအလယ်ဗဟိုမှ ထွက်လာခဲ့သည်။

သူ ထိုသို့လုပ်လိုက်သည်နှင့် သူ့အမြင်အာရုံက ချက်ချင်း မှုန်ဝါးဝါး ဖြစ်သွား လေသည်။သူ့ရှေ့ရှိအရာအားလုံးရှင်းလင်းစွာမြင်ရချိန်တွင် မြင့်မားသောတောင်တန်းကြီးတစ်ခု ရုတ်တရက် ပေါ်လာလေသည်။

ဤတောင်ကြီးက မယုံနိုင်လောက်အောင် မြင့်မားစွာ တည်ရှိ‌လေသည်။ ၎င်းက အပြာရောင်ကောင်းကင်ကြီးကို ထိုးထွက်နေပြီး တောင်ထိပ်ဖျားကို ပြတ်ပြတ်သားသား မမြင်နိုင်ဘဲ အဆုံးမဲ့တိမ်တိုက်များဖြင့် ဖုံးလွှမ်းထားလေသည်။

ထိုတောင်ကြီးဧ။်နောက်မှာ တသွင်သွင်စီးဆင်းနေသော မြစ်ပြင်ကျယ်ကြီးတစ်စင်းရှိလေသည်။ ၎င်းက မြေကြီးနှင့် ဆက်စပ်နေပုံရပြီး ရေလှိုင်းများက ရေတံခွန်ကဲ့သို့ မြေကြီးပေါ် သွန်းလောင်းနေလေသည်။ သို့သော် ထိုရေစီးက အကွာအဝေးတစ်ခုထိ မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသွားပြီး တစ်ဖန်ကောင်းကင်ရှိမြစ်ထံသို့ ပြန်လည် ကွေ့ဝိုက်ကာ ရေဆန်တက်လေသည်။ (ဤသည်မှာ ကန်တော့ချွန်ပုံစံနယ်မြေကို ရေဆန်ပြန်စီးဆင်းသည့် ပုံစံမျိုးဖြစ်သည်။)

စုမင်က မြစ်နှင့် အဝေးတွင် ရပ်နေသော်လည်း ထိုမြစ်ထဲတွင် စီးဆင်းနေသော ရေစီးသံများကို သူကြားနေရဆဲပင် ဖြစ်သည်။

သို့သော် တောင်ကြီးသည် အလွန်မြင့်မားပြီး မြစ်ကြီးကို မြင်ကွင်းမှ ကွယ်ထားသည်။ထို့ကြောင့် စုမင်က သေးငယ်သောအစိတ်အပိုင်းကိုသာ မြင်နိုင်ပြီး အရာအားလုံးကို မမြင်နိုင်ပေ။

တောင်ကြီးတစ်လုံး...မြစ်တစ်စင်း... ကန္တာရတစ်ခု..

ထိုသဲကန္တာရသည် မြေတစ်ပြင်လုံးကို ဖုံးလွှမ်းသွားပြီး သဲများနှင့်အတူ လှိုင်းဂယက်များထကာ သဲမုန်တိုင်းပမာ အရပ်ရပ်သို့ တိုက်ခတ်နေလေသည်။ထို့ကြောင့် စုမင် ၏မျက်လုံးထဲတွင် တောင်နှင့်မြစ်ကို ဖုံးလွှမ်းထားသည်။

ဤသည်မှာ မျှော်စင်၏ ကိုးလွှာဖြစ်သည်။

“အရှေ့မြေရိုင်းမျှော်စင်ရဲ့ ကိုးလွှာမြောက်...တောင်တစ်လုံး..မြစ်တစ်စင်း..သဲကန္တာရတစ်ခုရှိတယ်..ဒီနေရာကိုရောက်လာပြီး ရှိသမျှစွမ်းအားအကုန်လုံးနဲ့ အသက်သွင်းနိုင်တဲ့သူက အရာရာတိုင်းကို ဖျက်စီးနိုင်တဲ့စွမ်းအားကို ပိုင်ဆိုင်မလား....ဒါမှမဟုတ် ဒီ‌ မျှော်စင်ရဲ့ သဘောတရားကိုနားလည်ပြီး လွယ်လွယ်ကူကူ ကျော်ဖြတ်မလား...”

“ မင်းမှာ ရွေးချယ်စရာ နှစ်ခုပဲရှိတယ်...နှစ်ခုတည်း...”

ကျယ်လောင်သော အသံက အရပ်ရပ်မှ ခေါင်းလောင်းတီးသကဲ့သို့ ထွက်ပေါ်လာသည်။ ထိုအသံမှ ရှေးကျသောလေထုကိုပေးစွမ်းသော ခံစားချက်တစ်ခုရှိခဲ့လေသည်။

စုမင် ထိုအသံကိုကြားရတာ ပထမဆုံးအကြိမ်တော့မဟုတ်ပေ။ လူတစ်ယောက်က အလွှာအသစ်တစ်ခုကို ပထမဆုံးအကြိမ်ရောက်ရှိသောအခါတိုင်း ထိုအသံကို အမြဲကြားရသည်။ ယခုကဲ့သို့ကျယ်လောင်စွာကြားရပြီးနောက် ပြန်လည်ငြိမ်သက်သွားလေသည်။

စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အသက်ရှုလိုက်စဉ်တွင် ပျောက်ကွယ်သွားသည်။သူ ပြန်ပေါ်လာသောအခါ တောင်၏အလယ်ဗဟိုမှထိုးထွက်သော ကျောက်တုံးကြီးပေါ်တွင် သူရပ်နေပြီဖြစ်သည်။ သူ ထိုနေရာကနေ အဝေးသို့ မျှော်ကြည့်သောအခါ မြစ်၏စီးဆင်းပုံကို ထင်ရှားစွာ မြင်တွေ့ရလေသည်။

ကောင်းကင်ယံရှိ မြစ်ကြီးက မယုံနိုင်လောက်အောင် ကြီးမားကျယ်ပြန့်သည်။ ရေလှိုင်းများက အရှိန်အဟုန်ဖြင့် အရပ်ရပ်သို့ ပျံ့နှံ့သွားသည်... သို့သော် ရေက စုမင်နှင့် အလွန်ဝေးကွာနေပုံရသည်။ စုမင် နေရာပြောင်းပြီး ရပ်ကြည့်သော်လည်း သူနှင့် မြစ်ကြား အကွာအဝေးကို သိသာထင်ရှားစွာ နီးကပ်လာသည်ဟု မခံစားရပေ။

စုမင်က ခေါင်းမော့ကာ တောင်ကြီးကို တိတ်တဆိတ် ကြည့်လိုက်သည်။ သူသည် အလင်းတန်းရှည်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး တောင်ထိပ်သို့ ချီတက်လိုက်သည်။

အချိန်များ တဖြည်း ဖြည်း ကုန်ဆုံးသွားလေသာ်။ တစ်နာရီကြာပြီးနောက် စုမင်က မျက်မှောင်ကြုတ်လိုက်သည်။ သူ... တောင်ပေါ်မှာ ရှိနေဆဲပင်ဖြစ်သည်။ သူ့ ခေါင်းကို မော့ကြည့်လိုက်သောအခါ တောင်ထိပ်က တိမ်တိုက်ကြီးများထဲတွင် ပုန်းကွယ်နေသေးသည်။ သူက တောင်၏ အမြင့်ပိုင်းကို ရောက်နေပြီ ဆိုလျှင်တောင် တောင်ထိပ်ကို မရောက်ရှိနိုင်သေးပေ။

ခဏတာတိတ်ဆိတ်သွားပြီးနောက် စုမင်က ခေါင်းငုံ့ကာ မြေပြင်ကို ကြည့်လိုက်သည်။ အချိန်အတော်တန်ကြာသော် သူ့မျက်လုံးများက ကျဉ်းမြောင်းလာလေသည်။

“ဒီတောင်ကြီးက အဆုံးမရှိဘူး…”

စုမင်က စိတ်ပျက်လက်ပျက်နှင့် တီးတိုးစွာ ပြောလိုက်သည်။

ယခင်က သူ ဤတောင်ကြီးကို ကြည့်လိုက်ရင်း သူလှမ်းမမီအောင် အရမ်းမြင့်မားသည်ဟု တွေးခဲ့ဖူးသည်။ ယခု သူတက်လိုက်သည့်အခါမှ သဲလွန်စတချို့ ရှာတွေ့နိုင်ခဲ့သည်။ ဤတောင်ကြီးမှာ အဆုံးမရှိပေ။ သူတက်ခဲ့တဲ့ ခရီးအကွာအဝေးတိုင်းမှာ တောင်ကြီးက ပို၍ ကြီးမားလာခဲ့သည်။

ခဏတာတိတ်ဆိတ်သွားပြီးနောက် စုမင်က အလင်းတန်းရှည်အဖြစ်သို့ပြောင်းလဲပြီး တောင်ပေါ်မှထွက်ခွာကာ သူ့ရှေ့မှ မြစ်ဆီသို့ ဦးတည်သွားလေသည်။ သူ ဘယ်လောက်ပဲ မြန်မြန် ခရီးနှင်ပါစေ မြစ်ရေက ယခင်ကလို သူနှင့် အဝေးကြီးမှာ ရှိနေလသည်။ စုမင်က တောင်တက်စဥ်ကလို မြစ်၏ဦးတည်ရာသို့ ရွေ့လျားသွားသော်လည်း ၎င်းတို့ကြားရှိအကွာအဝေးက အဆက်မပြတ် ပို၍ရှည်လျားသွားသလို ခံစားရလေသည်။

စုမင်က ယင်ကိုးပါးလာကထဲရှိစဉ်က ကံကြမ္မာတောင်ကုန်းနောက်ဘက်ရှိ ယဇ်ပလ္လင်တွင် ဤကဲ့သို့သော မြင်ကွင်းကို မြင်ဖူးသည်။ ထိုယဇ်ပလ္လင်သည် သူ့ရှေ့မှာ ထာဝစဉ်တည်ရှိနေမည်ဖြစ်ပြီး သူမည်မျှလျင်မြန်စွာ အရှိန်တင်ပါစေ၊ ၎င်းကို ဘယ်သောအခါမျှ အမီလိုက်နိုင်မည်မဟုတ်ပေ။

စုမင်က ယင်ကိုးပါးလောကရှိဝိညာဉ်အိုကြီး၏ လမ်းညွှန်မှု ယဇ်ပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့သည်။သိူ့သော်လည်း တောင်နှင့်မြစ်အတွင်း နက်နဲမှုနှင့် ဆန်းပြားမှုအဆင့်က ထိုယဇ်ပလ္လင်ထက် ကျော်လွန်သွားခဲ့သည်။

သူက မြစ်နောက်ကို အသည်းအသန်လိုက်လာရင်း ရုတ်တရက် ရပ်တန့်လိုက်သည်။ထို့နောက် သူ့ဦးတည်ရာပြောင်းကာ သဲကန္တာရပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသွားခဲ့သည်။ သူ မြေပြင်ပေါ်တွင် ခဏထိုင်ပြီး သူ့အောက်ရှိ သဲမှုန်များကို စူးစိုက်ကြည့်နေလေသည်။

တောင်၊ မြစ်၊ သဲကန္တာရထဲမှာ နက်နဲသော အဓိပ္ပါယ်ရှိကြောင်း သူ ခံစားရလေသည် ထိုအဓိပ္ပါယ်ကို သူနားလည်နိုင်လျှင် အသက်လမ်းကျင့်စဉ်ဆီသို့ သူ၏နားလည်မှုသည် ပို၍နက်ရှိုင်းလာလိမ့်မည်။

‘လေ့ရှန်ရှို့...ခင်ဗျား..အရှေ့မြေရိုင်းမျှော်စင်နဲ့အသွင်အပြင်နဲ့ အင်မော်တယ်တွေကို မက်လုံးပေးခဲ့တယ်.. အင်မော်တယ်တွေအချင်းချင်း သွေးချောင်းစီးအောင်တိုက်ခိုက်ဖို့ ကြံရွယ်ခဲ့တယ်..တစ်ဖက်ကကြည့်ရင်လည်း မာန်မျိုးနွယ်စုရဲ့ဂုဏ်သရေကိုတိုးပွားအောင်လုပ်‌ပေးခဲ့တယ်...”

‘အင်မော်တယ်တွေဖို့တော့ ဒီမျှော်စင်က သူတို့လိုချင်တဲ့ရတနာတွေကိုပေးစွမ်းနိုင်တဲ့နေရာ...ခင်ဗျားကတော့ ခင်ဗျားရဲ့ကောင်းချီးကို လောကမှော်ယာဉ်ပျံတွေဆီမှာ ထားခဲ့တယ်...ပြီးတော့ မာန်ကျင့်ကြံသူတွေအဖို့ ဒီနေရာက သူတို့ရဲ့ကျင့်ကြံမှုကိုတိုးမြင့်လာစေပြီး ကျင့်ကြံဖို့အတွက် နေရာကောင်းတစ်ခုပဲ...”

“ခင်ဗျားရဲ့ပိုမို‌လေးနက်တဲ့အနှစ်သာရတွေအကြောင်းမပြောခင် အရင်ရှစ်လွှာနဲ့

အတိုချုံး မိတ်ဆက်ပေးခဲ့တာပဲ...ရှစ်လွှာမှာလည်း နတ်ဆိုးဝိညာဉ်စွမ်းအားနဲ့ ကံကြမ္မာစက်ဝန်းစွမ်းအားတွေအကြောင်း

သင်ပေးခဲ့တယ်..ခုနှစ်လွှာမှာ မျိုးနွယ်စုနှစ်စုအကြောင်းကို ပြောပြပေးခဲ့တယ်..ခင်ဗျား ဒါမျိုးတွေလုပ်ရတဲ့အကြောင်းရင်း သေချာပေါက်ရှိကိုရှိရမယ်...”

စုမင်၏ မျက်လုံးများတွင် စူးရှသော အကြည့်တစ်ချက် ပေါ်လာသည်။ အချိန်အတော်ကြာပြီးနောက် သူက မျက်လုံးမှိတ်ပြီး မျှော်စင်၏ ကိုးလွှာရှိ တောင်ကြီး၊ မြစ်ကြီးနှင့် သဲကန္တာရဆီသို့ တိတ်တဆိတ် ပြန်သွားခဲ့သည်။

အချိန်တွေက ပုရွက်ဆိတ်လေး ပန်းသီးတစ်လုံးကိုကိုက်စားသလို နှေးကွေးစွာ ကုန်ဆုံးသွားလေပြီ....

All Chapters