← Chapters

ငါ့ရဲ့‌ဆောင်းဦးရာသီ...

Vol. 51 Ch. 705

ငါ့ရဲ့‌ဆောင်းဦးရာသီ...

Vol. 51 Ch. 705

တစ်လခွဲကြာပြီးနောက် စုမင် မျက်လုံးပွင့်လာပြီး သူ့မျက်လုံးထဲတွင် ပင်ပန်းနွမ်းနယ်မှုအ‌ ငွေ့အသက်များပေါ်လာသည်။ သူ့ရှေ့တွင်ရှိသော တောင်ကြီး၊ မြစ်တစ်စင်း၊ သဲကန္တာရတို့ကို ကြည့်လိုက်၏။ သူက... ဤအရာသုံးခု နောက်ကွယ်မှ အသက်လမ်းစဉ်၏ အဓိပ္ပါယ်ကို အပြည့်အ၀ နားမလည်နိုင်ခဲ့ပေ။

သူက ဖြည်းညှင်းစွာထရပ်ပြီး သူလာရာလမ်းကြောင်းဆီသို့ လျှောက်သွားခဲ့သည်။ ထို့နောက် သူ့မူလနေရာကို ပြန်သွားသော် အရာအားလုံးက ပုံမှန်အတိုင်းပင် ပြန်ဖြစ်သွားသည်။ ၎င်းက ကိုးလွှာ၏အလယ်ဗဟိုဖြစ်ပြီး ဤနေရာ၏ထွက်ပေါက်လည်းဖြစ်သည်။

စုမင်က ကိုးလွှာဧ။်အလယ်ဗဟိုမှာ ရပ်နေရင်း သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။ ဤနေရာ၌ သူ ကောင်းချီးရအောင် ဆက်လက်ကြိုးစားရန် သူ့တွင် အချိန်အလုံအလောက်မရှိပေ။ သူ့မှာ တခြားလုပ်စရာ အများကြီးရှိသေးသည်။ သူက အပြာရောင်ဓားကို တတ်နိုင်သမျှ မြန်မြန် နှိမ်နင်းပြီး မျှော်စင်မှ ထွက်လာရန် လိုအပ်ခဲ့သည်။ သူ့အစ်ကိုကြီး၏ အခြေအနေကို စစ်ဆေးရမည်။ သူ၏ဒုတိယအစ်ကိုနှင့် သူ၏ဆရာကြီးကို ရှာဖွေခဲ့ရမည်။ မာန်နတ်ဘုရားသခင်အဖြစ် သူ၏ကတိသစ္စာကိုဖြည့်ဆည်းရန်နှင့် မာန်ပြည်ထောင်ရှိ အင်မော်တယ်အားလုံးကိုဖယ်ရှားရန် လုပ်ဆောင်ရမည်။

သူက အရမ်းအလျင်လိုနေလေသည်။ယခုအချိန်တွင် အင်မော်တယ်များက အချိန်မရွေး ပြန်လည်ဆင်းသက်လာနိုင်သည်။

စုမင်က ကိုးလွှာ၏ အလယ်ဗဟိုတွင်ရပ်နေပြီး သူ့စိတ်ဝိညာဉ်ကို သူ့ပတ်ဝန်းကျင်နှင့် ပေါင်းစပ်ရန် ဖြန့်ကျက်လိုက်သည်။ ထိုသို့ဖြန့်ကျက်လိုက်သောအခါ ရွှေရောင်အလင်းတန်းက သူ့ ခြေအောက်ကနေ ထွက်လာကာ တစ်ကိုယ်လုံးကို ဝိုင်းရံထားလေသည်။ ထိုအလင်းရောင်က တဖြည်းဖြည်း အားကောင်းလာသည်။ ထို့နောက် စုမင်က ပထမအလွှာသို့ ပြန်ပေါ်လာခါနီးတွင် သူ့ ရှုံးနိမ့်မှုကို ဝန်ခံလိုစိတ်မရှိ‌သောကြောင့် နောက်သို့တစ်ချက်ပြန်

လှည့်ကြည့်လိုက်သည်။

သူ့ပတ်ဝန်းကျင်ရှိ ရွှေရောင်အလင်းတန်းကြောင့် သို့မဟုတ် တည်နေရာရွေ့ပြောင်းခြင်းမှော်အစီအရင်ကြောင့် သူ့အမြင်အာရုံများက ဝေဝါးနေလေသည်။ ထို့နောက်သူ့ခန္ဓာကိုယ် တဖြည်းဖြည်း မှိန်ဖျော့သွားစဥ် သူ့နှလုံးသားကို ဟစ်ကြွေး စေသောအရာတစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။ သူ့စိတ်ထဲတွင် လျှပ်စီးလက်သလို ဖျတ်ခနဲလင်းလက်သွားပြီး သူ့ရှေ့ရှိအရာအားလုံးကို ရုတ်တရက် နားလည်သဘောပေါက်သွားလေသည်။

သူ့ခေါင်းလှည့်လိုက်သောအခါ ပထမဆုံးမြင်လိုက်ရသည့်အရာမှာ မြင့်မားသောတောင်တန်းကြီးဖြစ်သည်၊၊ ဒုတိယအကြိမ်မှာ ရွှေရောင်အလင်းတန်းများကြောင့် သူ့မျက်လုံးများတွင် မမြင်နိုင်သောအလွှာတစ်ခု ပေါ်လာသည်။ သူ တတိယအကြိမ် လှည့်ကြည့်လိုက်သောအခါ မှော်အစီအရင်၏ အသက်ဝင်မှုကြောင့် သူ၏မျက်လုံးထဲတွင် တောင်ကြီးသည် ပုံပျက်သွားတော့သည်။

သူ မထွက်ခွာမီ စတုတ္ထနှင့် နောက်ဆုံးတွေ့လိုက်ရသည်မှာ... တောင်ကြီး ပျောက်ကွယ်သွားခြင်းပင်။

မြင့်မားသောတောင်ကြီးက ဘယ်တုန်းကမှ မရှိခဲ့သလိုမျိုး ပျောက်ချင်းမလှ ပျောက်ကွယ်သွားလေသည်။ စုမင်က ယခင်တောင်ကြီးနှင့်ကွယ်နေသော မြစ်တစ်စင်းလုံးကို မြင်လိုက်ရသည် ။

သူ့အမြင် မှားစရာအ ကြောင်းမရှိပေ။ သူ ကိုးလွှာ၏အလယ်ဗဟိုတွင် ရပ်နေချိန်၌ မြစ်၏သေးငယ်သောအစိတ်အပိုင်းကိုသာ မြင်ခဲ့သည်။ သူမြင်ရသောမြင်ကွင်းက သေချာပေါက် မပြည့်စုံခဲ့ပေ။ ယခုမူကား… ကောင်းကင်ရှိမြစ်ကြီးက ပြီးပြည့်စုံ၍ တောင်ကြီးက မှေးမှိန်ကွယ် ပျောက်သွား၏။

သူ့စိတ်ထဲရှိအသံများက ကျယ်လောင်လာပြီး သူ့နှလုံးသားထဲမှာ နားလည်မှုတစ်ခု ကြီးထွားလာခဲ့သည်။သူ့ခန္ဓာကိုယ်က တည်နေရာပြောင်းခြင်းအစီအရင်ကြောင့် မှိန်းဖျော့နေပြီဖြစ်သည်။ သို့သော်လည်း သူ ပျောက်ကွယ်လုနီးအချိန်တွင် သူ့ညာလက်ကို မြှောက်ကာ မြေပြင်နှင့်ရိုက်ချလိုက်သည်။ထိုရိုက်ချက်နှင့်အတူ မြေပြင်က တုန်ခါသွားပြီး နေရာပြောင်းရွှေ့မှု ခဏတာ ရပ်တန့်သွားသည်။

ထိုစဉ် စုမင်က ရှေ့ကို ချက်ချင်းထွက်လိုက်သည်။ မှော်အစီအရင်မှ ထွက်ခွာပြီးနောက် သူ၏ခန္ဓာကိုယ်သည် သဲကန္တာရထက်တွင် စုရုံးလာခဲ့သည်။

သူ ကိုးလွှာမှ ထွက်ခွာရန်အတွေးကို စွန့်ပစ်လိုက်သည်။ ထို့နောက် တောင်ကြီး၏ ဖုံးကွယ်မှုမရှိတော့သော မြစ်ကို စူးစိုက်ကြည့်မိသည်။ သူ့မြင်ကွင်းထဲမှာ ကောင်းကင်ရှိ မြစ်ရေက ပို၍တောင် ထင်ရှားကြည်လင်စွာ စီးဆင်းနေလေသည်။ ထိုရေ၏ ကြည်လင်ပြတ်သားမှုသည် အဆုံးမရှိ ကျယ်ပြန့်သွားသောအခါ စုမင်၏ ခေါင်းထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ထိုမြစ်သည်လည်း သူ့မျက်စိရှေ့မှ ပျောက်ကွယ်သွားလေသည်။

ကောင်းကင်ရှိ တောင်ကြီးနှင့်မြစ်ကြီးမှာ တစ်စုံတစ်ယောက်က ယူပစ်သလို ပျောက်ကွယ်သွားလေသည်။

စုမင်၏ နှလုံးသားထဲတွင် နားလည်မှုတစ်ခုတိုးလာသည်။ သူ၏ကနဦးကျင့်ကြံစွမ်းအားကို စတင်ဖြန့်ကျက်လိုက်ပြီး အသက်လမ်းကံကြမ္မာကနဦးအဆင့်၏ အထွတ်အထိပ်သို့ ချက်ချင်းရောက်ရှိသွားခဲ့သည်။ တကယ်တော့ သူကအသက်လမ်းကံကြမ္မာအလယ်အလတ်အဆင့်နှင့် သိပ်မဝေးလှပေ။

“အခု ငါ နားလည်သွားပြီ… အဲ့နေရာမှာ တောင်ကြီး ရှိသေးတယ်..မြစ်လည်း ရှိသေးတယ်...အဲဒါတွေက ငါ့မျက်စိရှေ့မှာ ရှိနေပေမဲ့ ငါ့နှလုံးသားထဲမှာ မရှိဘူး...”

“ငါ့နှလုံးသားထဲမှာ တောင်ရှိရင် ငါ့ရှေ့မှာတောင်ရှိနေမယ်.. ငါ့နှလုံးသားထဲမှာ မြစ်တစ်စင်းရှိရင် မြစ်လည်း ရှိနေလိမ့်မယ်...ဒါပေမဲ့ ငါ့နှလုံးသားထဲမှာ တောင်တွေ မြင်တွေကိုမမြင်ရဘူး.. အဲဒါကြောင့် တောင်ထိပ်နဲ့မြစ်က အဆုံးအစမရှိရတဲ့အကြောင်းရင်းပဲ...ငါ့စိတ်နှလုံးက ငါ့အမြင်အာရုံကို ဖုံးလွှမ်းနေတယ်...”

“ငါ့ရဲ့အသက်လမ်းကံကြမ္မာကျင့်စဉ်က သေခြင်းကနေ ရှင်သန်ခြင်းကို လျှောက်လှမ်းဖို့ပဲ..ဆောင်းဦးကနေ နွေဦးကို တဖြည်းဖြည်း ပြောင်းရွှေ့သွားမယ်.. ဒါက ငါ့နှလုံးသားထဲကလက်ခံထားတဲ့အရာနဲ့အတူတူပဲ...ငါက သေခြင်းတရားနဲ့ဆောင်းဦးမှာပဲ ရှိနေတာကြောင့် ငါ့နှလုံးသားက ငြိမ်သက်နေတာ...”

“ငါ့နှလုံးသားက ငါ့ဝိညာဉ်နဲ့ ငါ့အမြင်အာရုံတွေကို လမ်းလွှဲစေတယ်...ငါ့ဝိညာဉ်နဲ့အမြင်အာရုံက အချင်းချင်းလွန်ဆွဲနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်.. ဒါကြောင့် အရာအားလုံးကို ငါမမြင်နိုင်တော့ဘူး.. ငါ့နှလုံးသားက သေသွားပြီ... ဒါပေမဲ့ ငါထွက်သွားတဲ့ခဏမှာ မှော်အစီအရင်က စူးရှနေတဲ့ ရွှေရောင်အလင်းတန်းတွေနဲ့ ဖုံးလွှမ်းသွားခဲ့တယ်..အဲ့ဒီအလင်းတန်းကြောင့် ငါ့အမြင်အာရုံက ငါပုံမှန်မမြင်နိုင်တာတွေကို မြင်နိုင်စေခဲ့တယ်..”

“ငါနားလည်သွား..ပြီ...သေခြင်းက နေရှင်သန်ခြင်း.. ဆောင်းဦးကနေ နွေဦးဆီကို ကူးပြောင်းဖို့ ငါ့ရဲ့နှလုံးသားကို အရင်အသက်သွင်းရမယ်... ဒီအခြေအနေကနေ နိုးထရမယ်..ဒါမှ ငါ ဆောင်းဦးကိုမြင်နိုင်မယ်...”

“စိတ်ဝိညာဉ်နဲ့ အသက်ရှင်ခြင်း... .. ငါ့နှလုံးသား အသက်ဝင်လာဖို့ ဘယ်လိုနည်းလမ်းရှာရမလဲ...”

စုမင်က မတ်တပ်ရပ်ပြီး သူ့ကိုယ်သူ ရူးသွပ်စွာ အော်ဟစ်နေလေသည်။ သူ့မျက်လုံးများတွင် သွေးကြောမျှင်များစွာဖြင့် သွေးများပြည့်နေပြီး ကောင်းကင်ကို မျက်တောင်မခတ်ဘဲ ငေးကြည့်နေမိသည်။ သူက တောင်ကြီးနှင့်မြစ်တစ်စင်းကို မမြင်နိုင်တော့သော်လည်း မျက်တောင်မခတ်ချင်သေး။ လက်ရှိအခြေအနေသည် သူ့အတွက် အလွန်အဖိုးတန်သည်။ သူ မျက်တောင်တစ်ကြိမ်ခတ်လိုက်လျှင် ဤ ကောင်းချီးမှ နိုးထလာမည်ကို စိုးရွံ့မိသည်။

‘’ငါ့နှလုံးသားက ငါ့အမြင်အာရုံကို

အမှောင်ဖုံးစေတာ...ဒါဆိုရင် အမြင်အာရုံကလည်း နှလုံးသားကို အပြန်အလှန်အကျိုး သက်ရောက်စေမှာပဲ..ငါ့နှလုံးသားနဲ့ဝိညာဉ်ကို ရှင်သန်နိူးထချင်ရင် အမြင်အာရုံကလည်း နိူးထလာမှရမယ်...”

‘ဆောင်းဦးကနေ နွေဦးကို ကူးပြောင်းတာ ဖြစ်စဉ်တစ်ခုပဲ.. ဆောင်းဦးရဲ့အရောင်က အနီရောင်… သွေးကလည်း အနီရောင်…လောကကြီးကို သွေးနီရောင်ခြယ်ပစ်မယ်.. ငါမြင်သမျှအားလုံး အနီရောင်ပြောင်းသွားရင်..ငါ့မျက်လုံးတွေက ငါ့နှလုံးသားကို ဖုံးကွယ်မထားတော့ဘူး..ဒါဆိုရင် ငါ့နှလုံးသားနဲ့ စိတ်ဝိညာဉ်က အသက်ဝင်ပြီး စွမ်းအားပြည့်လာမယ်.. ဒါက ငါ့ဘဝရဲ့ ဆောင်းဦးရာသီပဲ...”

စုမင်က ခေါင်းကို အမြန်ငုံ့လိုက်ပြီး မြေပြင်ပေါ်ရှိ သဲများကို ကြည့်လိုက်သည်။ သဲများက စပါးစေ့ပုံသဏ္ဍာန်ရှိလေသည်။ စုမင်က စပါးစေ့ပုံစံသဲများကိုကြည့်ရင်း ဟက်ဟက်ပက်ပက်ရယ်မောနေလေသည်။

‘တောင်နဲ့မြစ်က ငါ့နှလုံးသားထဲမှာရှိတယ်.. သဲကန္တာရကတော့ အဆုံးမဲ့ သဲပမာဏနဲ့ ဖွဲ့စည်းထားတာ.. သဲတစ်ပွင့်စီက ဘဝတစ်ခုကို ကိုယ်စားပြုတယ်.. ဘဝတစ်ခုစီက ရာသီလေးခုရဲ့သံသရာကို ကိုယ်စားပြုတယ်… ဒါ့ကြောင့် ငါ့အတွေးတွေက မမှန်တာတော့ မဟုတ်ဘူးပဲ.. မွေးဖွားလာတာက ‌နွေဦးဖြစ်ပြီးတော့..ကြီးပြင်းလာတာက နွေရာသီ..မသေဆုံးခင်ဘဝစက်ဝန်းက ဆောင်းဦးရာသီ...သေဆုံးတာက အအေးဆုံးဖြစ်တဲ့ဆောင်းရာသီပဲ...”

“မျှော်စင်ရဲ့ကိုးလွှာ...ဖွင့်လော့..”

စုမင်က သူ့လက်မောင်းကို ယမ်းရင်း ရယ်သံရှည်ကြီးကို ထုတ်လိုက်သည်။ ထို့နောက် ကိုးလွှာတုန်လှုပ်ပြီး ကျယ်လောင်သောအသံများ တဟုန်ထိုး

ထွက်ပေါ်လာသည်။ သူက တောင်ကြီး၊၊ မြစ်တစ်စင်းနှင့်သဲကန္တာရကို လှည့်မကြည့်တော့ပေ။ သူ လှည့်၍ ကိုးလွှာ၏ အလယ်ဗဟိုဆီသို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ရွှေရောင်အလင်းတန်းများ လင်းလက်လာကာ နေရာရွေ့ပြောင်းခြင်းအစီအရင် အသက်ဝင်လာသည်။ ထို့နောက် စုမင် ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

စုမင် ပျောက်ကွယ်သွားသောအခါ ကိုးလွှာ၏တောင်၊ မြစ်၊ သဲကန္တာရက ယခင်ရှစ်လွှာကဲ့သို့ ချက်ချင်းပြိုပျက်သွားခြင်းမရှိပေ။ ယင်းအစား ၎င်းတို့က တုန်လှုန်နေပြီး တစ်စုံတစ်ခုအတွက် တွန့်ဆုတ်နေပုံရသည်။

မာန်ပြည်ထောင်၏ပထမဆုံးဘုရားဖြစ်သောလေ့ရှန်ရှို့သည် မျှော်စင်ကိုဖန်တီးသောအခါတွင် ထိုအရာကိုကြိုတင်ခန့်မှန်းပြီးသား ဖြစ်သည်။ သူကမျှော်စင်၏ ကိုးလွှာတွင် ထိုတောင်၊ မြစ်နှင့် သဲကန္တာရတစ်ခုအား ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏မျိုးနွယ်၏ အနာဂတ်မျိုးဆက်များအတွက် သူနားလည်ခဲ့သည့်အင်မော်တယ်ကျင့်ကြံလမ်းစဥ်အကြောင်း မိတ္တူအဖြစ် ထားရှိခဲ့သည်။

လေ့ရှန်ရှို့အတွက်မူ ဤတောင်၊ မြစ်၊ သဲကန္တာရအတွက် အဖြေမှန်တစ်ခုသာရှိသည်။

သင်က တောင်ကြီးကိုမြင်သောအခါ တောကြီးက တောင်ကြီးဖြစ်၏။ နောက်တစ်ကြိမ် တောင်ကြီးကိုမြင်သောအခါ တောင်ကြီးမဟုတ်တော့ပေ။ထို့နောက် တောင်ကြီးကို ထပ်မြင်ရလျှင် တောင်ကြီးဖြစ်သွားပြန်သည်။

မြစ်ကိုမြင်သောအခါ မြစ်သည် မြစ်ဖြစ်၏။ နောက်တစ်ကြိမ် မြစ်ကိုမြင်လျှင် မြစ်မဟုတ်တော့ပေ။ ထို့နောက် မြစ်ကို ထပ်မြင်လိုက်လျှင် မြစ်ဖြစ်သွားပြန်သည်။

ဤအဖြေက အင်မော်တယ်ကျင့်ကြံလမ်းစဉ်နှင့် ပတ်သက်သော ယေဘူယျအကြမ်းဖျဉ်းဖြစ်သည်။ လူတစ်ဦး၏ဆန္ဒကိုအခြေခံ၍ ဖွဲ့စည်းထားသော ဥပဒေဿတစ်ခုဖြစ်သည်။ လေ့ရှန်ရှို့ ပင်လျှင် ၎င်းကို စိတ်နှလုံးအကြွင်းမဲ့သဘောတူခဲ့ပြီး ၎င်းကို နားလည်လာသောအခါတွင် မယုံနိုင်လောက်စရာ နိမိတ်ဖတ်ချက်တစ်ခု ရရှိခဲ့သည်။

လေ့ရှန်ရှို့က အဆုံးမရှိသောသဲပမာဏဖြင့်ဖွဲ့စည်းထားသည့် သဲကန္တာရကိုထားခဲ့သည်။ ဤသည်မှာ သဲတစ်ပွင့်စီက ဘဝတစ်ခု၏သင်္ကေတဖြစ်ကြောင်း၊ စကြာဝဠာကြီးတစ်ခုလုံးကို ဤနည်းဖြင့် ဖွဲ့စည်းထားကြောင်း သူ၏အနာဂတ်မျိုးဆက်များကို နားလည်စေခဲ့သည်။

သို့သော်လည်း… ကိုးလွှာမှ စုမင်ရရှိခဲ့သော အဖြေနှင့် နိမိတ်ဖတ်ချက်သည် လီရှန်ရှို့၏လူများကို နားလည်စေလိုသည့်အရာနှင့် လုံးဝကွဲပြားသည်။ ၎င်းတို့က တူညီသောအကြောင်းအရာပေါ်အခြေခံသော်လည်း သဘောတရားများမှာ အမျိုးမျိုး‌ခြုံငုံယူဆ၍ရသည်။

ထို့ကြောင့် ကိုးလွှာက ပျက်စီးမသွားဘဲ ခဏတုံ့ဆိုင်းသွားလေသည်။ ဤတုံ့ဆိုင်းမှုသည် ဤနားလည်မှုနှစ်မျိုးအကြားက ပဋိပက္ခကို ကိုယ်စားပြုသည်။ ၎င်းတို့ထဲမှ တစ်ခုမှာ လီရှန်းရှု၏ အလိုဆန္ဒဖြစ်သ သောအင်မော်တယ်များထံမှဖြစ်ပြီး ကျန်တစ်ခုမှာ စုမင်ကိုယ်တိုင်မှ မွေးဖွားလာသော သူ့ကိုယ်ပိုင် နားလည်မှုပုံစံပင်ဖြစ်သည်။ စုမင်၏ နားလည်မှုက လေ့ရှန်ရှို့၏အဖြေနှင့် ဆန့်ကျင်ဘက်မဟုတ်ဘဲ နောက်အဓိပ္ပါယ်တစ်မျိုးရလေသည်။ ထို့ကြောင့် ကိုးလွှာက မပြိုကွဲသော်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။

စုမင်၏ နားလည်မှုက လေ့ရှန်ရှို့နှင့်ထပ်တူကျခဲ့လျှင် ကိုးလွှာက ချက်ချင်းကွဲအက်သွားလိမ့်မည်။

သို့‌သော် ကိုးလွှာက အသက်ကိုးရှိုက်စာတည်ရှိပြီးနောက် ပေါက်ကွဲသံကြီးနှင့်အတူ ယခင်ရှစ်အလွှာကဲ့သို့ပင် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားလေသည်။စုမင်၏နားလည်မှုတွင်ပါရှိသော စွမ်းအားလှိုင်းတစ်ခုသည် ကိုးလွှာအတွင်းပါရှိသော မူရင်းအဓိပ္ပာယ်ကို အစားထိုးလိုက်သည်။ တစ်ချိန်တည်းမှာပင် မျှော်စင်တစ်ခုလုံး တုန်ခါသွားသလို၊ အပြင်ဘက်တွင် နောက်ထပ်အလင်းစက်ဝိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းက ပေါက်ကွဲသံနှင့်အတူ အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။

ကိုးခုမြောက်အလင်းစက်ဝိုင်းက သွေးနီရောင်ဖြင့် လင်းလက်တောက်ပနေလေသည်။

၎င်း၏မူလအရောင်က အဖြူရောင်ဖြစ်သင့်ပြီး နှလုံးသားနှင့် စိတ်ဝိညာဉ်ကို သန့်စင်ခြင်းနှင့် နားလည်ခြင်း၏သင်္ကေတဟု ယူဆရမည်ဖြစ်သည်။ အရာခပ်သိမ်းကို နားလည်ပြီးနောက် ဥပေက္ခာနှင့် ခွဲခွာခြင်းတို့ကို သင်္ကေတအဖြစ် ဖော်ညွှန်းထားသည်။ ယခုမူ ထိုသွေးနီရောင်အလင်းတန်းသည် ကောင်းကင်သို့ ပျံ့လွင့်လာသော လူသတ်ရောင်ဝါတစ်ခု သယ်ဆောင်လာခဲ့သည်။ ထို့နောက် မျှော်စင်ထက်ရှိ ကောင်းကင်ယံတွင် တဟုန်ထိုး တုန်ခါသွားပြီး မြင်သူတိုင်းက ၎င်းတို့၏ သွေးများအတွင်းမှ သတ်ဖြတ်လိုစိတ်ကို ချက်ချင်း ခံစားလိုက်ရသည်။

လောကတစ်ခွင်ရှိ အဆုံးမရှိ ရှည်လျားသော အလင်းတန်းများက မျှော်စင်ဆီသို့ ချီတက်လာခဲ့ကြသည်။ မျှော်စင်နှင့် နီးစပ်သူအချို့ ရောက်ရှိလာကြပြီး အပြင်ဘက်ရှိ သွေးနီရောင်အလင်းတန်းအောက်တွင် ဝပ်တွားနေခဲ့ကြသည်။ သူတို့၏စိတ်အားထက်သန်မှုနှင့်ရိုသေမှုတို့က ပေါ်လွင်နေပြီး မာန်နတ်ဘုရားသခင်ကို မျှော်လင့်တကြီးစောင့်စားနေလေသည်။

ထိုစောင့်ဆိုင်းနေသူများထဲက ကံကြမ္မာမျိုးနွယ်စုမှာ လွန်စွာထူးခြားနေလေသည်။ ၎င်းတို့က စောစောကတည်းက ရောက်ရှိလာခဲ့ကြပြီး မျှော်စင်၏ တစ်ဖက်တစ်ချက်ရှိ မြေပြင်ပေါ်တွင် ဝပ်နေခဲ့ကြသည်။ သူတို့၏မျက်နှာပေါ်တွင် စိတ်ထက်သန်သောအကြည့်များသည် မာန်ကျင့်ကြံသူများထက်သာလွန်သည်။ ပုံမှန်ကျင့်ကြံသူများက ၎င်းတို့၏ သွေးဆူပွက်မှုကြောင့် မာန်နတ်ဘုရားစုမင်ကို လေးစားခြင်းဖြစ်သည်။ ကံကြမ္မာမျိုးနွယ်စုမှာမူ စုမင် နတ်ဘုရားမဖြစ်ခင် လေးစားရသောအကြီးအကဲမိုဘဝကတည်းက ယုံကြည်အားကိုးခဲ့သောကြောင့်ဖြစ်သည်။

ထိုလေးစားပုံမျိုးမှာ မည်သူနှင့်မျှ နှိုင်းယှဉ်၍ မရပေ။

နန်းကုန်းဟန်က အရှေ့ဘက်တွင်ရပ်ပြီး မျှော်စင်ကို ကြည့်လိုက်သည်။ သူ့အကြည့်များက တည်ငြိမ်နေသော်လည်း အတွင်းထဲမှာ မီးတောင်တစ်ခုကဲ့သို့ ဆူပွက်ပေါက်ကွဲနေလေသည်။ သူက ကံကြမ္မာမျိုးနွယ်စုကို ဦးဆောင်ပြီး နဂါးငွေ့တန်းကို တုန်လှုပ်စေမည့်သူကို စောင့်နေလေသည်

မာန်ကျင့်ကြံသူများသည် ကောင်းကင်ယံသို့ အရှိန်တင်လိုက်ပြီး မျှော်စင်နား နီးကပ်လာလေသည်။ အရှေ့မြေရိုင်းနယ်မြေအတွင်းရှိ အင်မော်တယ်ဂိုဏ်းများသည် လှိုင်းဂယက်များကို ခံစားသိရှိနိုင်ပြီး ဖြာထွက်နေသည့် အလင်းတန်းများကို မြင်နိုင်သည်။ ကိုးလွှာရှိ သွေးနီရောင်အလင်းစက်ဝိုင်းအတွင်းပါရှိသော လူသတ်ရောင်ဝါနှင့် ရူးသွပ်မှုတို့က အင်မော်တယ်တို့၏နှလုံးသားများကို ကြောက်ရွံ့ထိတ်လန့်သွားအောင် ပြုလုပ်နိုင်သည်။

မျှော်စင်မှ ကိုးလွှာအလင်းစက်ဝိုင်းက ကုန်းမြေ၊ မရဏပင်လယ်တို့ကို ဖုံးလွှမ်းကာ အနောက်ပိုင်းမဟာမိတ်နယ်မြေနှင့် မြောက်ပိုင်းပြည်နယ်တို့ဆီသို့ ဦးတည်ရွေ့လျားလာခဲ့သည်။

အင်မော်တယ်ဂိုဏ်းခွဲများက ‌အရှေ့မြေရိုင်းနယ်မြေတွင်သာမက အနောက်ပိုင်း မဟာမိတ်နယ် မြေနှင့်မြောက်ပိုင်းပြည်နယ်တွင်လည်း တည်ရှိခဲ့သည်။ ထို့နောက် နဝမမြောက်အလင်းစက်ဝိုင်းက ဆင်းသက်လာသော အင်မော်တယ်တို့ကို ကြောက်ချီးပါအောင် တုန်လှုပ်စေနိုင်စွမ်းရှိလေသည်။ ထို့အပြင် သွေးနီရောင်အလင်းစက်ဝိုင်းအတွင်း လောကကြီးကို အနီရောင်ဆိုးချင်သော ရူးသွပ်မှုကို ခံစားနိုင်သည်။

Note....

တောင်နဲ့မြစ်တွေက လူ့တစ်ယောက်ရဲ့ဘဝသံသရာကို ဖော်ညွှန်းတယ်

မင်း တောင်ကြီးမြင်ရတာက ပထမဆုံးအဆင့်ပဲ.. အဲ့ဒီပထမအဆင့်က လူ့ဘဝအစပဲ.. လူလောကကို စတင်သိလာရပြီး အရာအားလုံးက အသစ်ဖြစ်နေမယ်..မြင်သမျှအရာတွေကို မှန်ကန်တယ်လို့ ယုံကြည်မယ်..တစ်‌ယောက်ယောက်က ဒါတောင်ကြီးလို့ပြောရင် တောင်ကြီးလို့ လက်ခံမယ်...

မင်း နောက်ထပ်တောင်ကြီးကိုမြင်တဲ့အခါ အဲဒါက တောင်ကြီးမဟုတ်တော့ဘူး..လူတွေက ကြီးပြင်းလာတဲ့အခါ အခက်အခဲတွေကို ပိုရင်ဆိုင်ရမယ်..ပြသနာတွေများလာမယ်..မင်းမှာ ပြသနာတွေပိုများလာလေလေ လောကကြီးက ရှုပ်ထွေးလာလေလေပဲ..မင်း သိထားတဲ့အမှန်တရားတွေက ဇောက်ထိုးမှောက်ခုံဖြစ်ချင်ဖြစ်သွားမယ်..လူဆိုးတွေက လောကကြီးကို အုပ်စိုးပြီး လူကောင်းတွေက ရှင်သန်ဖို့ခက်လိမ့်မယ်..လူတွေကို လွယ်လွယ်နဲ့

မယုံချင်ကြည်နိုင် ဖြစ်လာလိမ့်မယ်..အဲ့ဒီအချိန်မှာ လူတွေက အတိတ်ကိုပဲ သတိတရပြောနေပြီး ပစ္စုပ္ပန်ကို ဝေဖန်ကြလိမ့်မယ်..အဲဒီအခါမှာ၊ တောင်တွေ၊ မြစ်တွေက ရိုးရိုး တောင်တွေ မြစ်တွေ ဖြစ်တော့မှာ မဟုတ်ဘူး.. ဘာဖြစ်လို့လဲဆိုတော့ မင်းရဲ့ အမြင်က ပြောင်းလဲသွားပြီ.. မင်းရဲ့ယုံကြည်ချက်တွေကို စတင်မေးခွန်းထုတ်ပြီး မင်းမြင်နေရတဲ့အရာတွေက ထင်ထားသလို တကယ်ဟုတ်မဟုတ်ကို တွေးစပြုလာမယ်..

မင်း တောင်ကြီးကိုမြင်ရတဲ့အခါ တောင်ကြီးအဖြစ်ရှိသေးနေတာက တတိယအဆင့်ပဲ.. ဒုတိယအဆင့်မှာရှိနေတုန်းက ဆင်းရဲဒုက္ခတွေကို ခံနိုင်ရည်ရှိရတယ်..ပြီးတော့ စိတ်နှလုံးရည်ကိုခိုင်မာ အောင်လေ့ကျင့်ဖို့ ဒီတောင်ကြီးပေါ်ကို စတက်ကြတယ်..အဆင့်မှာ လူတွေက သူတို့ လုပ်ချင်တာကို လုပ်ဖို့အတွက် အာရုံစိုက်ကြတယ်..တခြားသူတွေနဲ့ မနှိုင်းယှဉ်ဘဲ စိတ်က အေးဆေးတည်ငြိမ်ပြီး လောကမှာရှိတဲ့ အရာတွေကို ဂရုမစိုက်တော့တဲ့အတွက် လူတွေနဲ့ ညှိယူစရာ မလိုဘူးလို့ ထင်လာမယ်..အဲ့ဒီအချိန်မှာ သူတို့လိုချင်တာတွေ မင်းမှာရှိတဲ့အရာတွေကို လက်ခံလာလိမ့်မယ်..ဒါကြောင့် မင်းက တောင်ကိုမြင်ရင် တောင်ကြီးပဲ မြစ်ကိုမြင်ရင် မြစ်ပဲ ဖြစ်နေအုံးမယ်...”

All Chapters