← Chapters

အသူရာနိုးထခြင်းနယ်ပယ်

Vol. 51 Ch. 706

အသူရာနိုးထခြင်းနယ်ပယ်

Vol. 51 Ch. 706

များစွာသောမာန်ကျင့်ကြံသူများက အရှေ့မြေရိုင်းမျှော်စင်၏အပြင်ဘက်တွင် စုရုံးခဲ့ကြသည်။ ရွှယ်ရှနှင့်ကျန်သူများလည်း ရောက်ရှိလာသောအခါ သောင်းနှင့်ချီသောစုဝေးသူများက ပျားပန်းခတ်သလိုစည်းကားနေသည်ကို မြင်လိုက်ရသည်။ ထို့နောက် အရပ်ရပ်မှ ကောင်းကင်သို့ဦးတည်လာသော မာန်ကျင့်ကြံသူများကလည်း သိုက်သိုက်ဝန်းဝန်း အရှိန်တင်ခဲ့ကြသည်။

ထိုလူထောင်ပေါင်းများစွာထံမှ သက်ဝင်လှုပ်ရှားခြင်းနှင့် ဇွဲလုံ့လတို့သည် တုန်လှုပ်ချောက်ချားစရာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ဤတည်ရှိမှုက မျှော်စင်ဖြစ်သည့် လကိုပတ်ပတ်လည်ဝိုင်းရံထားသော ကြယ်များနှင့်တူသည်။ရူးသွပ်သောလှိုင်းလုံးကြီးတစ်ခုက ပျံ့နှံ့သွားပြီး မျိုးနွယ်စုအားလုံးကို ကြောက်ခမန်းလိလိဖြစ်သွားစေခဲ့သည်။

သူတို့၏ ရူးသွပ်မှုအရင်းအမြစ်မှာ သွေးမျိုးဆက် လောင်ကျွမ်းခြင်းဖြစ်ပြီး သူတို့၏သွေးလောင်ကျွမ်းရသော အကြောင်းရင်းမှာ ကောင်းကင်ရှိ ကိုးခုမြောက် အလင်းစက်ဝိုင်းကြောင့်ဖြစ်သည်။ ထိုသွေးနီရောင်အလင်းစက်ဝိုင်းတွင် စုမင်၏နားလည်မှုကိုပါ၀င်ပြီး ပထမဆုံးဘုရားသခင်ချန်ရစ်ခဲ့သော ကောင်းချီးကပင်မတိုက်ခိုက်နိုင်ခဲ့သည့် သတ်ဖြတ်လိုသောဆန္ဒတစ်ခုဖြစ်သည်။

လူသတ်ရောင်ဝါက မာန်ပြည်ထောင်တစ်ခုလုံးကို ဝန်းရံထားပြီး ကောင်းကင်ပြာပြာမှ ကွယ်ဝှက်ထားသောယင်မရဏဝဲဂယက်ထဲရှိ စိတ်လှုပ်ရှားနေသော ဟိန်းဟောက်သံအချို့ပင် ထွက်ပေါ်လာခဲ့သည်။

ဟိန်းဟောက်သံများစွာသည် လေထဲတွင် တဟုန်ထိုး မြည်ဟီးနေ၏။ ရက်စက်ကြမ်းကြုတ်သော သားရဲအချို့က မြူခိုးများထဲမှ ပြေးခုန်ထွက်တော့မည့်ပုံပေါက်နေလေသည်။၎င်းတို့က ဝဲဂယက်အစွန်းတစ်ဖက်တွင် တဝဲလည်လည် နေခဲ့ကြသည်။သို့သော်လည်း သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်ခဲ့ပြီး မာန်ပြည်ထောင်သို့ ကမူးရှူးထိုးမဝင်ရောက်ရဲပေ။

မြူခိုးများ တဖွဲဖွဲကျလာချိန်၌ မြူခိုးထုဧ။်တွင်းနက်ကြီးထဲက ရှေးကျသောအသံသုံးခုက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

“အဲဒီ့ကောင်လေးရဲ့ တည်ရှိမှု... ဒါက မာန်နတ်ဘုရားသခင်ရဲ့ မျိုးဆက်ပဲ..”

“ဒါက နီရဲတောက်ပတဲ့ သတ်ဖြတ်လိုတဲ့ဆန္ဒပဲ... ဘယ်လောက်ထိ တုန်လှုပ်စရာကောင်းတဲ့ အရှိန်အဝါကြီးပါလိမ့်... ဒီဆန္ဒထဲမှာ သွေးနီရောင်လောကကြီးကိုတောင် မြင်နေရတာပဲ.. ဘယ်လောက်ကြက်သီးထဖွယ်ကောင်းလဲ...”

“ကျုပ် ဒီကောင်လေးကို ကြိုက်တယ်.. ဒီလို သတ်ဖြတ်လိုစိတ်ရှိတဲ့ လူတွေကို ကြိုက်တယ်..အစကတည်းက သူကဒီလို ကောင်လေးဖြစ်မှန်း သိခဲ့ ရင် အင်မော်တယ်ကောင်တွေကို ပေးလိုက်မှာမဟုတ်ဘူး.. ယင်မရဏသန့်စင်တဲ့မြေမှာ မြင့်မြတ်တဲ့ကလေးအဖြစ် ဖန်ဆင်းပေးလိုက်ရမှာ...”

တစ်ချိန်တည်းမှာပင် ဤအသံသုံးမျိုးက

ယင်မရဏနယ်မြေ၏နက်နဲရာမှ တိုးထွက်လာလေသည်။ သို့သော် သူတို့အချင်းချင်း ငြင်းခုံနေကြစဉ် အေးစက်သောအသံတစ်ခု ချက်ချင်းထွက်ပေါ်လာသည်။

“ပါးစပ်ပိတ်ထားကြစမ်း...”

ထိုအသံအတွင်းတွင် လူသတ်နိုင်သော အရှိန်အဝါတစ်ခုရှိလေသည်။ ထို့နောက် အသံသုံးခုက ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

“သူ့ခန္ဓာကိုယ်ထဲက ကျွမ်းဝင်နေတဲ့ စွမ်းအားလှိုင်းတွေကို ကျုပ် ခံစားရတယ်.. အဲဒါက လွန်ခဲ့တဲ့နှစ်တွေတုန်းက ယင်မရဏလောကနဲ့လေ့ရှန်ရှို့ရဲ့ကတိထဲက စွမ်းအားလှိုင်းတွေပဲ.. အဲဒါကို နတ်ဆိုးဝိညာဉ်အစောင့်အရှောက်နဲ့ အနိူင်းမဲ့လိုအင်ဆန္ဒရဲ့နတ်စွမ်းရည်လို့ခေါ်တယ်..”

“အဲဒီ စွမ်းအားလှိုင်းလုံးတွေက သိပ်မပြင်းထန်သေးဘူး..သူ့ကို အဆက်မပြတ် စောင့်ကြည့်ထား..အဲဒီ လှိုင်းလုံးတွေက ငါ့တို့ကိုဆင့်ခေါ်နိုင်တဲ့ထိ ပြင်းထန်လာရင် သူ့ကိုချက်ချင်း ခေါ်လာခဲ့..အဲ့ဒီကောင်လေး လေ့ရှန်ရှို့က ယင်မရဏလောကကို တာဝန်တစ်ခုကို ယူလာခဲ့တယ်..သူ့တာဝန်က ငါတို့ စစ်မှန်တဲ့ပဉ္စမမြောက်လောကကြီးကို ရှာဖွေတဲ့နေရာမှာ ကူညီပေးဖို့ပဲ...”

“ဒါပေမဲ့ လေ့ရှန်ရှို့က ဒီစွမ်းအားလှိုင်းတွေကို ဖြစ်ပေါ်စေမဲ့သူဟာ လူတစ်ဦးတည်းသာဖြစ်မယ်လို့ မပြောခဲ့ဘူး.. သူက စုဝေးနေတဲ့မာန်မျိုးနွယ်စုတွေအကြောင်း ပြောဖူးပါတယ်.. သူ့ရဲ့ ခန့်မှန်းချက်က နည်းနည်းလွဲနေတယ်..ဘာပဲဖြစ်ဖြစ် လေ့ရှန်ရှို့ထွက်သွားပြီးနောက်မှာတော့ တုန်လှုပ်ခြောက်ခြားမှုတွေ၊ ကတိတွေက ဒီကောင်လေးဆီကပဲ ထွက်လာတာ..”

အဘိုးအိုပြောသည့်အတိုင်း ယင်မရဏမြူခိုးထုက ပြင်းထန်စွာ တုန်လှုပ်သွားသည်။ မြူခိုးများ၏ နက်နဲရာမှာ အခြား

ဝဲဂယက်နှစ်ခုရှိနေပုံပေါ်သည်။ ထိုဝဲယက်နှစ်ခုက မလည်ပတ်ဘဲ တည်ငြိမ်စွာတည်ရှိနေလေသည်။ ၎င်းတို့က ထူထဲစွာ ဖုံးကွယ်ခံရပြီး ယောင်ဝါးဝါးသာမြင်ရလေသည်။ ဝဲဂယက်နှစ်ခုထဲမှ တစ်ခုအတွင်း၌ တိုက်ကြီးတစ်ခု တည်ရှိနေပုံရသည်။

ထိုတိုက်ကြီးရှိ မြေပြင်က မည်းမှောင်နေပြီး ကောင်းကင်မှာပင် အမှောင်ထုဖုံးလွှမ်းနေလေသည်။ ရံဖန်ရံခါတွင် အနီရောင် လျှပ်စီးကြောင်းများက ကောင်းကင်မှ လင်းလက်လာပြီး လောကကြီးကို လင်းလက်တောက်ပစေလေသည်။ ထိုခဏတွင် အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်ထားသော လူတစ်သိန်းခန့်ကို မြင်ရလေသည်။

ထိုလူများက မျက်စိမှိတ်ပြီး တင်ပျဉ်ခွေထိုင်နေကြတာ နှစ်အတော်ကြာနေသည့်ပုံပေါက်လေသည်။ သူတို့အားလုံးက ပေသုံးဆယ်ခန့်မြင့်ပြီး သူတို့၏မျက်နှာပေါ်တွင် ဆိုးသွမ်းသောနတ်ဆိုးများ၏မျက်နှာပုံစံမျိုးရှိသည်။ ထိုမျက်နှာများက မျက်နှာဖုံးတစ်ခုတပ်ထားသလို ထင်ရလေသည်။

စုမင်သာ ထိုနေရာတွင် ရှိနေပါက မျှော်စင်၏ ပထမရှစ်လွှာအတွင်းရှိနတ်ဆိုးဝိညာဉ် များသာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိနိုင်မည်ဖြစ်သည်။

ကျန်ဝဲဂယက်အတွင်းတွင် တိုက်ကြီးတစ်ခုလည်း ရှိခဲ့သည်။ သို့သော်၊ ထိုတိုက်ကြီးရှိ မြေပြင်က ကြက်သွေးရောင်ဖြစ်ပြီး ၎င်း၏ကောင်းကင်ယံနှင့် အရောင်တူညီ လေသည်။ သို့သော်လည်း ရံဖန်ရံခါတွင် အနက်ရောင်လျှပ်စီးကြောင်းများ ပေါ်လာပြီး မြေပြင်က အမှောင်ထဲတွင် နစ်မြုပ်သွားပြန်သည်။ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော လူတစ်သိန်းသည်လည်း အနီရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ မျက်လုံးမှိတ်ထားကြသည်။ မည်သူမဆို ၎င်းတို့၏ ခန္ဓာကိုယ် တစ်ခုလုံးက အရိုးပေါ်အရေတင်ဖြစ်ကြောင်း သိမြင်နိုင်မည်ဖြစ်သည်။ အနီရောင် အလင်းတန်းများက သူတို့ကို ဝိုင်းရံထားသောကြောင့် ၎င်းတို့ကို မယုံနိုင်လောက်အောင် ထူးထူးဆန်းဆန်း ဖြစ်နေစေသည်။

သူတို့က အနိုင်းမဲ့လိုအင်ဆန္ဒနတ်စစ်သည်တော်များပင်ဖြစ်သည်။

ရှေးခေတ်ကတည်းက မျိုးနွယ်စုနှစ်စု၏ စစ်သည်တော်များက ဤနေရာများတွင် ငြိမ်သက်စွာ အိပ်မောကျခဲ့ကြသည်။ ၎င်းတို့ကို နှိုးနိုင်သောသူ ရောက်ရှိလာမည့်နေ့ကို စောင့်မျှော်နေကြ၏။ ထိုစဉ် မျှော်စင်၏ ကိုးလွှာမှ သွေးနီရောင်အလင်းတန်းများက မာန်ပြည်ထောင်တစ်ခုလုံးကို ချက်ချင်းပျံ့နှံ့သွားလေသည်။ လေထုထဲတွင် စုမင်၏အလိုဆန္ဒများ တဟုန်ထိုး ပျံ့လွင့်သွားပြီး စစ်သည်နှစ်သိန်း၏ မျက်လုံးများက တဖြည်းဖြည်းဖွင့်လာလေသည်။

သို့သော် ကတိတော်မှ ခေါ်သံသည် မယုံနိုင်လောက်အောင် အားနည်းနေသေးသည်။ ထို့ကြောင့် ထိုအလင်းရောင် ဖျတ်ခနဲ တောက်ပလာပြီး သူတို့မျက်လုံးများ တစ်ဖန်ပြန်ပိတ်သွားသည်။

မျှော်စင်မှ အလင်းတန်းများသည် မာန်ပြည်ထောင်တစ်ခုလုံးကို ဖြာထွက်နေစဉ် မျှော်စင်၏ ပထမအလွှာအလယ်တွင် ရွှေရောင်အလင်းတန်းများ လင်းလက်လာကာ စုမင် ထွက်ပေါ်လာလေသည်။

သူ့တစ်ကိုယ်လုံးမှာ လူသတ်ရောင်ဝါများနှင့်ပြည့်နှက်နေလေသည်။ သူ့အလိုဆန္ဒက ကိုးလွှာမှ ထွက်လာပြီး သူ့ကိုယ်ထဲ၌ ကြီးမားသော အပြောင်းအလဲကို ဖြစ်ပေါ်စေခဲ့သည်။

ဤပြောင်းလဲမှုကို ပြင်ပလူက ဝင်ရောက်စွက်ဖက်ခြင်း မရှိသလို၊ လမ်းညွှန်မှုပေးသည့် အခြားသားရဲများလည်း မရှိပေ။ ဤသည်မှာ စုမင်၏ ကိုယ်ပိုင်နားလည်မှုဖြစ်ပြီး ၎င်းသည် သူ့ကိုယ်ပိုင်ဆန္ဒဖြင့် မွေးဖွားလာခြင်းဖြစ်သည်။

‘ဆောင်းဦးရဲ့အရောင်...’

စုမင်က သူ့နှုတ်ခမ်းကို စုတ်သပ်လိုက်သည်။ သူ့မျက်လုံးများထဲတွင် ထူးဆန်းပြီး စွဲမက်ဖွယ်ကောင်းသော အလင်းတန်းတစ်ခု ပေါ်လာပြီး လူသတ်ဓားဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။ စုမင်က ဓါးနှင့် နီးကပ်လာစဉ် တစ်ခုခုလွဲမှားနေကြောင်း ခံစားလိုက်ရပြီး ချက်ချင်းပင် တုန်လှုပ်သွားတော့သည်။ ဤသည်မှာ လူတစ်ယောက်က အတိတ်ကနှင့်မတူ‌တော့ဘဲ အခြားသူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည့် ခံစားချက်မျိုးဖြစ်သည်။

စုမင်၏လူသတ်ရောင်ဝါက သွေးဆာနေ‌သောဓားထက် အဆပေါင်းများစွာ သာလွန်ပြီး တုန်လှုပ်ခြောက်ခြားနေသည့် စူးရှသော ဝီစီသံကို ထုတ်လွှင့်လိုက်သည်။

စုမင်က သူ့ညာလက်ကို မြှောက်လိုက်ပြီး ဓားသွားကို ဖြည်းညှင်းစွာ ကိုင်လိုက်သည်။

“ငါမင်းကိုနောက်ဆုံးမေးမယ်..မင်းငါ့ဆီမှာ အညံ့ခံမှာလား..”

လူသတ်ဓားက စုမင်၏လက်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွားသည်။ ဓားသွားပေါ်မှ ရွှေရောင်အလင်းတန်းများ လင်းလက်လာပြီးနောက် အပြာရောင်အလင်းတန်းများ ထပ်မံထွက်ပေါ်လာသည်။ ထို့နောက် အပြာရောင်လူတူ လေးအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုလူတူလေးက မယုံနိုင်လောက်အောင် အားပျော့သွားကာ စုမင်ကို ထိတ်လန့်သော မျက်လုံးများဖြင့် ကြည့်နေလေသည်။

ထိုအချိန်တွင် စုမင်က လွန်စွာအစွမ်းမထက်သော်လည်း သူ့ပတ်ဝန်းကျင်ရှိဓားဝိညာဉ်ကိုပင် တုန်လှုပ်စေသည့်တည်ရှိမှုမျိုး ဖြစ်ကြောင်း ခံစားရသည်။ ထို့ပြင် စုမင်က တစ်စုံတစ်ခုကို နှိုးဆွလိုက်သလိုပင် ခံစားခဲ့ရသည်။

“မင်းက လူသတ်ဓားတစ်လက်ပဲ.. မင်းက သတ်ဖြတ်တာကို ကြိုက်တယ်...မင်းရဲ့သတ်ဖြတ်ခြင်းက သေခြင်းတရားပဲ..ငါဆိုတဲ့စုမင်ကလည်း လူတွေအတွက် သေခြင်းတရားပဲ...”

စုမင်က အားပါပါပြောလိုက်သည်။ ထိုအချိန်တွင် သူ၏ဝိညာဉ်သည် နိုးကြားလာပုံရပြီး ထိုဓားအား တုန်လှုပ်သွားစေသည့် တည်ရှိမှုကို ဖြစ်သည်။

..................................

တစ်ချိန်တည်းမှာပင် တိထျန်းထိန်းသိမ်းထားသော စုမင်၏ ရုပ်ခန္ဓာသည် သူ့အား အလွှာများစွာဖြင့် ဝန်းရံထားသည့် အဆုံးမရှိ တိုက်ကြီးများ၏ အလယ်ဗဟိုတွင် တည်ရှိလေသည်။ထို့နောက် သူ့ကိုယ်ခန္ဓာမှ မရဏလှိုင်းလုံးများ ရုတ်ခြည်း ပေါက်ကွဲထွက်လာသည်။ ထို ပေါက်ကွဲသံကြောင့် သူ့ခန္ဓာကိုယ်အတွင်း နက်ရှိုင်းစွာ နစ်မြုပ်နေသောချွန်ထက်သော အပ်များက အနည်းငယ် တိုးထွက်ခံလာသည်။

ထိုခဏတွင် အင်မော်တယ်ပြည်ရှိ တန်ခိုးကြီးသော စစ်သည်တော်များအားလုံး၏ နှလုံးသားများ တုန်လှုပ်သွားကြသည်။ ရှည်လျားသောအလင်းတန်း များ ထွက်ပေါ်လာပြီး နေရာရွှေ့ပြောင်းခြင်းအစီအရင်များကို စတင်အသုံးပြုလိုက်သည်—လူတိုင်းက စုမင် ၏ရုပ်အ‌ လောင်း တည်ရှိရာအရပ်ဆီသို့ ပြေးသွားကြသည်။

“အသူရာနိုးထခြင်းနယ်ပယ်..ဒါက..အသူရာနိုးထခြင်းနယ်ပယ်...”

ဆံဖြူအဘိုးအိုက ထိတ်လန့်တကြားနှင့် နေရာရွေ့ပြောင်းခြင်းအစီအရင်ထဲသို့ ကမန်းကတန်း ပြေး ဝင်သွားလေသည်။

All Chapters