← Chapters

မျှော်စင်မှ ထွက်ခွာခြင်း

Vol. 51 Ch. 707

မျှော်စင်မှ ထွက်ခွာခြင်း

Vol. 51 Ch. 707

အဆုံးမဲ့နဂါးငွေ့တန်းမှ အင်မော်တယ်များသည် မတူညီသောနည်းလမ်းများဖြင့် မျှော်စင်ဆီသို့ အပြေးအလွှားရောက်လာကြလေသည်။ ယဇ်ပလ္လင်ပေါ်တွင် လဲလျောင်းနေသော (စုမင်)ရုပ်အလောင်းက ပြင်းထန်သော ခံစားချက်ကို ပေးစွမ်းပြီး အင်မော်တယ်များကို ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားစေလေသည်။

အလောင်းပေါ်ရှိ ချွန်ထက်သော အပ်များသည် ခန္ဓာကိုယ်တွင်းမှ ရူးသွပ်စွာ ကျွတ်ထွက်လာကြသည်။ ပုံစံကြည့်ရလျှင် တိထျန်းက ရုပ်အလောင်းကို ကြာရှည်စွာ ချိပ်တံဆိပ်မခတ်နိုင်လောက်တော့ပေ။

ထို့ပြင် အလောင်း၏ မျက်ခုံးအလယ်မှာ ထူးဆန်းသော အမှတ်အသားတစ်ခု ပေါ်လာ လေသည်။ ထိုအမှတ်အသားသည် ခြောက်သွေ့နေသော သစ်ရွက်သဏ္ဌာန်နှင့်တူသော်လည်း ရုတ်တရက် ထွန်းလင်းလာသည်။ ၎င်း၏အသက်စွမ်းအားကို ပြန်လည်ရရှိတော့မည်ဟူ၍ အထင်အမြင်မှားစေသည်။

ယဇ်ပလ္လင်ပေါ်၌ အက်ကြောင်းရာများပေါ်လာပြီး လေထုထဲတွင် ကွဲအက်သံများ ထွက်ပေါ်လာသည်။ ထိုအက်ကွဲမှုများသည် မြေပြင်တစ်ခုလုံး ဖုံးလွှမ်းသွားသည်အထိ နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။ ရုပ်အလောင်း၏ တည်ရှိမှု ပိုမိုအားကောင်းလာပြီး အလောင်းရှိ အပ်များ၏ သုံးပုံတစ်ပုံနီးပါးမှာ ဖုန်မှုန့်များ အဖြစ် ပြောင်းလဲသွားခဲ့သည်။

နောက်ထပ်အပ်များက ဖယ်ရှားတော့မည့် အခိုက်တွင် မှော်အစီအရင်လင်းလက်လာပြီး ရှည်လျားသော အလင်းတန်းများက စုမင်၏ရုပ်အလောင်းဘေးနားသို့ ရောက်ရှိလာသည်။တချို့လူများက ရုပ်အလောင်းနား ချက်ချင်းရောက်အောင် ဟင်းလင်းပြင်ကို တစ်စစီဆုတ်ဖြဲခဲ့လေသည်။ ဤနေရာသို့ ရောက်ရှိလာသူကိုးယောက်ရှိလေသည်။

ဤလူများက ရှည်လျားသောအလင်းကွေးပုံစံဖြင့် ရောက်ရှိလာခဲ့သည်။သူတို့က တည်နေရာ ရွေ့ပြောင်းခြင်း သို့မဟုတ် ဟင်းလင်းပြင်ကိုဆုတ်ဖြဲခြင်းနည်းကို အသုံးပြုခဲ့သည်။ နေရာတစ်ဝိုက်တွင် မြူခိုးထု ဖုံးလွှမ်းနေပြီး သူတို့ဧ။်မျက်နှာများကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။ ထို့နောက် သူတို့က ရုပ်အလောင်းနား နီးကပ်လာပြီး သံပြိုင်ဟိန်းဟောက်လိုက်လေသည်။

ထိုလူများ၏ဟိန်း‌ဟောက်သံသည် အလောင်းဆီသို့ လွင့်ပျံလာသော အသံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် လူကိုးဦးက မတူညီသော ကိုးနေရာတွင် ရပ်ကာ ၎င်းတို့၏ညာလက်များကို မြှောက်လိုက်သည်။ ထို့နောက်အလောင်းပေါ်သို့ ချိပ်တံဆိပ်တစ်ခု ပြုလုပ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် အလောင်းကို စတင်နှိမ်နှင်းလိုက်သောအခါတွင် ပြင်းထန်သော တုန်လှုပ်ချောက်ချားမှုတစ်ခုက ဤလူကိုးဦး၏ ခန္ဓာကိုယ်များကို ဖျက်ဆီးပစ်လိုက်သည်။

အင်မော်တယ်များ ထိုသို့လုပ်ဆောင်နေချိန်တွင် အရှေ့မြေရိုင်းမျှော်စင်အနီးရှိ ဧရိယာသို့ လူများ ဆက်တိုက်ရောက်ရှိလာသည်။ သူတို့က လေးသိန်းမှ ငါးသိန်းကြားရှိ၍ မျှော်စင်ပတ်ပတ်လည်တွင် ဒူးထောက်လိုက်ကြသည်။ ထို့နောက် အလင်းစက်ဝိုင်းများဖြင့် ထွန်းလင်းနေသော မျှော်စင်ကို အရိုအသေပြုကြသည်။

စုမင်က မျှော်စင်တွင် ငြိမ်သက်စွာ ရပ်နေပြီး ညာလက်တွင် လူသတ်ဓားကို ကိုင်ထားသည်။ သူ့မျက်နှာတွင် ခက်ထန်သော အမူအရာတစ်ခု ရှိနေပြီး သူ၏ စိတ်ဝိညာဉ်၏ နက်နဲမှုမှ အဆက်မပြတ် ထွက်ပေါ်နေသော ကြောက်မက်ဖွယ်လူသတ် ရောင်ဝါတစ်ခု ရှိနေ လေသည်။

သွေးဆာနေသောဓားသည် သူ့လက်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွားသည်။ နောက်ဆုံးတွင် ကြောက်ရွံ့ထိတ်လန့်ဖွယ် ကောင်းသော တည်ရှိမှုမျိုး(ဓား)ကို ရိုကျိုးစွာ ငိုကြွေးစေခဲ့သည်။ ထိုအော်ဟစ်သံက လေထုထဲသို့ ပဲ့တင်ထပ်နေချိန်တွင် ဓား၏နောက်ဆုံးအပြာရောင်အလင်းတန်းက ပျောက်ကွယ်သွားပြီး ရွှေရောင်အလင်းတန်းဖြင့် အစားထိုးလိုက်သည်။ ထို့နောက် စုမင်လက်ထဲရှိ ဓားမှ စူးစူးရှရှ အလင်းတန်းတစ်ခု ထွက်လာသည်။

စုမင်က ဓားရိုးကို လွှတ်လိုက်သည်။ ဓား က သူ၏ညာလက်ညိုးဆီသို့ ချက်ချင်း အရှိန်တင်ကာ ရွှေရောင်အလင်းတန်းလေးများအဖြစ် ပြောင်းလဲသွားသည်။ ခဏအကြာတွင် ထိုရွှေရောင်အလင်းတန်းများ ပြန့်ကျဲသွားသောအခါ သူ့လက်ချောင်းထိပ်ရှိလက်သည်းခွံက တောက်ပသော ရွှေလက်သည်းအဖြစ် ပြောင်းလဲသွားသည်။

ထိုအချိန်တွင် လွန်ခဲ့သည့်တစ်နှစ်ကျော်က ဓား၏စိတ်ဝိညာဉ်ကို နိူးဆွပေးခဲ့သည့် အခြေအနေသို့ တွန်းပို့ခံရပြီးနောက် ဓားက စုမင်ထံ အညံ့ခံလိုက်လေသည်။ စုမင်က မျှော်စင်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ငှားရမ်းခြင်းဖြင့် ဆောင်းဦး၏နောက်ကွယ်ရှိ “သွေးဆာခြင်း” ဟူသော အဓိပ္ပာယ်ကို နားလည်လာခဲ့သည်။ ထို့နောက် ကိုးလွှာ၏သဘောတရားကို သိရှိပြီးနောက် သူ၏ဝိညာဉ်နိုးထမှုကို အသုံးပြုကာ ထိုသို့လုပ်ဆောင်နိုင်ခဲ့သည်။

“ငါ… သွေးနီရောင်ကို ကြိုက်တယ်…”

စုမင်က တိုးတိုးပြောပြီး သူ့ညာလက်ကို မြှောက်ကာ မျှော်စင်တံခါးကို တွန်းဖွင့်လိုက်သည်။

တံခါးဝမှ ကျယ်လောင်သော အသံများ ထွက်ပေါ်လာပြီး ဖြည်းညှင်းစွာ ပွင့်လာသည်။ တံခါးပွင့်လာချိန်တွင် အဆုံးမရှိသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး တစ်ပြည်လုံးကို တုန်လှုပ်စေခဲ့သည်။ ထိုအချိန်တွင် အပြင်ဘက် လောကမှ မျှော်စင်ထဲသို့ စိတ်လှုပ်ရှားစွာ ဟောက်သံများ ထွက်ပေါ်လာသည်။

စုမင် အေးအေးဆေးဆေး ထွက်လာသည် ။ ရွှေရောင်အလင်းတန်းများဖုံးလွှမ်းနေသော မျှော်စင်မှ ထွက်ခွာလာသောအခါတွင် စိတ်လှုပ်ရှားနေသောမာန်ကျင့်ကြံသူများစွာကို တွေ့လိုက်ရသည်။

ထိုအချိန်တွင် ပေတစ်သောင်းမြင့်‌သောမာန်နတ်ဘုရားရုပ်တုက လေထုထဲမှာ ထင်းပေါ်လာလေသည်။ ရုပ်တုမှ အသက်လမ်းကျင့်စဉ်အငွေ့အသက်များ ပျံ့နှံ့လာပြီး မာန်ကျင့်ကြံသူအားလုံးကိုသွေးဆူပွက်စေသောဖိအား ထွက်ပေါ်လာသည်။ ၎င်းမှာ လွန်ခဲ့သည့်တစ်နှစ်ကျော်က မာန်နတ်ကျင့်ကြံသူများလိုက်ရှာခဲ့သော နတ်ဘုရား၏တည်ရှိမှုဖြစ်သည်။

“နှုတ်ခွန်းဆက်သပါတယ်...မာန်နတ်ဘုရားသခင်....”

“နှုတ်ခွန်းဆက်သပါတယ်...မာန်နတ်ဘုရားသခင်....”

“နှုတ်ခွန်းဆက်သပါတယ်...မာန်နတ်ဘုရားသခင်....”

လူလေးသိန်းမှ ငါးသိန်းကြားရှိ နှုတ်ခွန်းဆက်သံများ သံပြိုင်ထွက်လာပြီး တုန်လှုပ်ချောက်ချားဖွယ်ရာ ဟိန်းဟောက်သံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအသံများမှာ မာန်ကျင့်ကြံသူများ၏စိတ်ဆန္ဒများ ဖြသည်။ထိုစိတ်လှုပ်ရှားသည့်အော်ဟစ်သံများက ကောင်းကင်ကိုပင် ခြိမ်းခြောက်နိုင်ပြီး၊ မြေကြီးအား အညံ့ခံစေသည်။ ကြားရသူတိုင်း၏ နှလုံးသားများကို တုန်လှုပ်စေကာ စိတ်ဝိညာဉ်များကို လွင့်ပါးစေသည်။

စုမင်က မျှော်စင်ဧ။်အပြင်ဘက်တွင် တိတ်တဆိတ် ရပ်နေပြီး သူ့ကို စိုက်ကြည့်နေသော စိတ်လှုပ်ရှားနေသောမျက်လုံးများအားလုံးကို ကြည့်လိုက်သည်။ ကောင်းကင်သို့ လွင့်ပျံလာသော ဟောက်သံများက သူ့နားထဲသို့ တိုးဝင်လာသည်။ ဤအသံလှိုင်းအတွင်းနှင့်မာန်ကျင့်ကြံသူ တို့၏စိတ်လှုပ်ရှားမှုများကြားတွင် ထူးဆန်းသောပဲ့တင်ထပ်သံသည် တဖြည်းဖြည်း ထိုးထွက်လာသည်။ ထို့နောက် ထူးဆန်းသောပဲ့တင်သံက ဤလူများနှင့် သူ့နှလုံးသားကို ချည်နှောင်ထားလိုက်သည်။

ဤပဲ့တင်ထပ်သံသည် စကားလုံးများဖြင့် ဖော်ပြမရနိုင်သော ခံစားချက်တစ်ခုဖြစ်သည်။ စုမင်က ဤလူများကို စကားလုံးတစ်လုံးတည်းနှင့် စိတ်လှုပ်ရှားအောင်လုပ်နိုင်သလိုပင်ဖြစ်သည်။ စုမင်က သူတို့ကို ကောင်းကင်ကို ဖျက်ဆီးခိုင်းလျှင်တောင် သူတို့ တွန့်ဆုတ်နေမှာ မဟုတ်ပေ။

ဤအခိုက်အတန့်တွင် စုမင်က သူတို့အတွက် နတ်ဘုရားဖြစ်သည်။ ထို့ပြင် ခဏတာအတွက်သာမက ထာဝရအတွက်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

စုမင်က မျက်လုံးများကို မှိတ်လိုက်သည်။ ခဏအကြာတွင် သူ့နားထဲသို့ အသံလှိုင်းများ ပိုမိုတိုးဝင်လာပြီး ရပ်တန့်သွားမည့် အရိပ်အယောင် မပြပေ။ သူတို့၏အသံများက လောကကြီးကို ဇောက်ထိုးမှောက်ခုန်ဖြစ်စေသည်အထိ ကြီးထွားလာသည်။ ထိုစဉ် စုမင်က မျက်လုံးကိုဖွင့်ပြီး ဖြည်းညှင်းစွာ ပြောခဲ့သည်။

“ငါ့တို့လမ်းကိုပိတ်ဆို့နေတဲ့ အင်မော်တယ်တွေကို ရက်ရက်စက်စက်သတ်ပစ်ကြ...”

သူ့အသံက အကျယ်ကြီးမဟုတ်သော်လည်း လူလေးငါးသိန်းလောက်၏အော်ဟစ်သံကြားထဲမှာတောင် အရပ်ရပ်ကို ပျံ့သွားပြီး တပြည်လုံး တုန်လှုပ်စေခဲ့သည်။

သူ့အသံ ထွက်လာသည်နှင့်အမျှ ရွှယ်ရှနှင့်ထျန်းချီကဲ့သို့သော လူဟောင်းများ အပါအဝင် ထိုဒေသရှိမာန်ကျင့်ကြံသူများအားလုံးက ၎င်းတို့၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။

“ကျုပ်တို့လမ်းကို ပိတ်ဆို့နေတဲ့အင်မော်တယ်တွေကို ရက်ရက်စက်စက်သတ်ကြမယ်..”

ဤသည်မှာ ပြည်သူပြည်သားအားလုံး၏ ကြွေးကြော်သံဖြစ်သည်။ သူတို့၏ ပေါင်းစည်းထားသော အသံများသည် သရဲတစ္ဆေများနှင့် နတ်ဘုရားများကိုပင် ကြောက်လန့်စေခဲ့ပြီး သက်ရှိသတ္တဝါအားလုံးကို တုန်လှုပ်စေနိုင်သည်။

“မာန်ပြည်ထောင်မှာရှိတဲ့အင်မော်တယ်တွေအားလုံးကို သတ်ပစ်...”

စုမင်က သူ့လက်ကိုယမ်းလိုက်ပြီးနောက် သူ့အသံက အနည်းငယ်ပိုကျယ်လာသည်။

“မာန်ပြည်ထောင်မှာရှိတဲ့အင်မော်တယ်တွေကို သတ်ပစ်မယ်...”

နယ်မြေအတွင်းရှိ ကျင့်ကြံသူများအားလုံး မတ်တပ်ထရပ်ကာ ကောင်းကင်ယံတွင် အော်ဟစ်နေကြသည်။ ထိုအခိုက်အတန့်တွင် သူတို့၏ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

“‌အင်မော်တယ်တွေရဲ့နဂါးငွေ့တန်းကို သွေးနဲ့အရောင်ဆိုးပစ်ကြ...”

စုမင်က ရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီး လေထဲ၌ လျင်မြန်စွာ ထလိုက်သည်။ သူ့အသံ ကျယ်လောင်လာသည်နှင့်အမျှ လူလေးသိန်းမှ ငါးသိန်း၏ အရူးအမူးဟိန်းဟောက်သံများက သူ့ကို တုံ့ပြန်ခဲ့သည်။

“အင်မော်တယ်တွေရဲ့နဂါးငွေ့တန်းကို သွေးနဲ့အရောင်ဆိုးပစ်မယ်...”

မိုးခြိမ်းသံကို ကျော်လွန်၍ထွက်ပေါ်လာသော ဟိန်းဟောက်သံများက ဓားမြှောင်ထဲမှထုတ်လိုက်သော ဓားတစ်ချောင်းကဲ့သို့ စုရုံးလာကြသည်။ ၎င်းက မာန်ကျင့်ကြံသူများ၏အုံကြွမှုကိုစုစည်းပြီး ကောင်းကင်ဘုံကို ဖျက်ဆီးနေသကဲ့သို့ ထင်ရသည်။ ထို့နောက် ယင်မရဏမြူခိုးထုမှ ပြင်းထန်သော ဝိညာဉ်များအားလုံးကို တိတ်ဆိတ်သွားစေသည်။

ထိုအချိန်တွင် နဂါးငွေ့တန်းအတွင်းရှိ လွင့်မျောနေသော တိုက်ကြီးအားလုံး၏ အလယ်ဗဟိုတွင် စုမင်ကိုဖိနှိပ်ထားသောလူများက အပြင်းအထန်ချိပ်တံဆိပ်ပိတ်ရန် ကြိုးစားနေကြသည်။ သို့သော်လည်း ရုပ်အလောင်းမှ အပ်အားလုံး၏ သုံးပုံတစ်ပုံသည် လေထုထဲတွင် ပေါက်ကွဲသွားလေသည်။

ထို့နောက် ရုပ်အလောင်းကိုဖိနှိပ်ထားသော လူကိုးယောက်ကို သွေးစိမ်းရှင်ရှင်အန်အောင် လုပ်လိုက်သည်။ ထိုလူကိုးယောက်မှာ ပြင်းထန်စွာ တုန်လှုပ်သွားပြီး နောက်သို့ ဒရွက်တိုက်ပါသွားလေသည်။ သူတို့၏ခန္ဓာကိုယ်ကို နောက်ပြန်မရွှေ့ရန် အတင်းအကျပ် တွန်းကန်ထားလေသည်။ ထို့ပြင် သူတို့က ရုပ်အလောင်းကို နောက်တစ်ကြိမ်ဖိနှိပ်ရန် ပြင်လိုက်သောအခါ သူတို့နောက်တွင် ပုံရိပ်ယောင်ကိုးခုပေါ်လာလေသည်။

ဤလူတစ်ဦးစီ၏ နောက်ကွယ်ရှိ ပုံရိပ်ယောင်များအတွင်း လောကတစ်ခုစီ၏ပြကွက်များကို မြင်တွေ့နိုင်သည်။ မတူညီသောလောကကိုးခုရှိပြီး တစ်ခုစီအတွင်းတွင် အဆုံးမဲ့အင်မော်တယ်များ တရားထိုင်နေသည်ကို မြင်နိုင်သည်။ သူတို့က သူတို့၏ စွမ်းအားအားလုံးကို အားကုန်သုံးထားပြီး စိတ်ကူးဖြင့်ပုံဖော်ထားသောပုံရိပ်ယောင်များမှတဆင့် ပေးပို့ကြသည်။

“ငါ့ရဲ့အမိန့်ကို နာခံကြစမ်း...တခြားကိုးလောကက အင်မော်တယ်တွေ ကံကြမ္မာရဲ့ ရုပ်ခန္ဓာပြောင်းလဲမှုကို ဖိနှိပ်ရမယ်..ရုပ်အလောင်းကို ဖိနှိပ်ဖို့ တစ်ယောက်

ယောက်ကို မစေလွှတ်ရင် ငါတို့ ကိုးယောက်က သူ့(စုမင်)ကို ကိုင်တွယ်နိုင်မှာ မဟုတ်တော့ဘူး...”

ကိုးယောက်ထဲက တစ်ယောက်က စုမင်ဧာ် ခန္ဓာကိုယ်ကို ဖိနှိပ်ချုပ်ချယ်ပြီး သူ့ခန္ဓာကိုယ်ထဲက အပ်များ ကျွတ်မထွက်အောင် အင်မော်တယ်ပြည်၏စွမ်းအားများကို ငှားရမ်းခဲ့သည်။

တစ်ချိန်တည်းမှာပင် ဤလူကိုးဦးသည် အလောင်းကို တစ်ဖန် နှိမ်နင်းခဲ့ပြီး အရှေ့ မြေရိုင်းနယ်မြေများတစ်လျှောက် ထိတ်လန့်တုန်လှုပ်ဖွယ် ဟိန်းဟောက်သံများ ပဲ့တင်ထပ်လာသည်။ လူပေါင်း လေးသိန်းမှ ငါးသိန်းအထိ အော်ဟစ်နေချိန်တွင် စုမင်က မျှော်စင်ဘေးတွင် ရပ်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ၏အကြည့်များသည် ကောင်းကင်နှင့်ယင်မရဏ နယ်မြေတို့ကို ဖြတ်၍မြင်နိုင်ပုံရပြီး မှန်နောက်မှာ တည်ရှိနေသည့် အင်မော်တယ်နဂါးငွေ့တန်းများကိုပါ မြင်နိုင်သည်။

“ငါက မာန်နတ်ဘုရားသခင်ပဲ...ငါ မာန်ကျင့်ကြံသူတွေကို ဦးဆောင်ပြီး အင်မော်တယ်တွေရဲ့ ကောင်းကင်ကို သူတို့သွေးနဲ့ ဆေး‌ ကြောပစ်မယ်...”

စုမင်က ထိုစကားများကိုပြောပြီး ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်သည်။ စုမင်နှင့်အတူ မာန်ကျင့်ကြံသူများကလည်း အလားတူ လုပ်ဆောင်ပြီး ကောင်းကင်ကို တုန်လှုပ်စေသော ဟိန်းဟောက်သံများ ထွက်လာခဲ့သည်။ ထိုခဏတွင် သူတို့၏ဆန္ဒအားလုံးက စုမင်ထံ စုရုံးသွားပြီး မာန်ပြည်ထောင်နှင့် ပေါင်းစပ်သွားခဲ့သည်။

သူ့ဝိညာဉ်၏ အစိတ်အပိုင်းအချို့ နိုးကြားလာသည်နှင့်အမျှ ဆောင်းဦး၏ အဓိပ္ပါယ်ကို စုမင် နားလည်လာသည်။ ထိုစဉ် စုမင်၏ကနဦးကျင့်ကြံစွမ်းအားက ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားလေသည်။

ထို့နောက် ကောင်းကင်ယံမှာ အနီရောင်ဖြင့် ဆေးခြယ်ခြင်းခံရလေသည်။ ထိုခဏအတောအတွင်း မြေပြင်ပေါ်ရှိ မြစ်များလည်း အနီရောင်ဖြင့် တောက်ပလာခဲ့သည်။

စုမင်၏ကနဦးကျင့်ကြံစွမ်းအားပေါက်ကွဲမှုကြောင့် အင်မော်တယ်ပြည်ရှိသူ့ရုပ်အလောင်းထဲသို့ နစ်မြုပ် သွား သောအပ် များအားလုံး တုန်လှုပ် သွားပြီး ခုန်ထွက်ချင်သလို ထင်ရသည်။ ရုပ်အလောင်းနား ရပ်နေ‌သော လူကိုးယောက်၏ မျက်နှာပေါ်ရှိ အမူအရာများသည် ချက်ချင်း ပျက်ယွင်း‌သွားလေသည်။

ထိုအချိန်တွင်၊ ရက်စက်ကြမ်းကြုတ်ပြီး တန်ခိုးကြီးသော နတ်ဘုရားအာရုံတစ်ခုက ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ရုပ်အလောင်းအထက်တွင် ပေါ်ထွက်လာလေသည်။ ထိုလူကိုးယောက်စလုံး ညာလက်ကို မြှောက်ထားပြီး အောက်သို့ အမြန်ဖိထားကြသည်။ မကြာမီတွင် ထိုရှေးဟောင်းအ‌ ငွေ့အသက်နှင့်မြင့်မြတ်သော နတ်အာရုံတစ်ခုက စူးမင်၏ ခန္ဓာကိုယ်ပေါ်သို့ တိုးဝင်လာလေသည်။

မည်သူမဆို ဤနေရာကို ကြည့်လိုက်လျှင် တံဆိပ်ခတ်ထားသော ခန္ဓာကိုယ်ကို နှိမ်နှင်းရန် ဝန်းရံနေသောအင်မော်တယ်အ ယောက်တစ်ရာနီးပါး ရှိကြောင်း တွေ့မြင်ရမည်။ ၎င်းတို့အားလုံးသည် မယုံနိုင်လောက်အောင် ပြင်းထန်သော စွမ်းအားများ ပိုင်ဆိုင်ထားကြသည်။

မှော်အစီအရင်မှ အလင်းတန်းများ ထွန်းလင်းလာသောအခါတွင် မြင့်မြတ်သောနတ်ဘုရားအာရုံတစ်ခုက

စုမင်၏ ကိုယ်ခန္ဓာကို နှိမ်နှင်းလိုက်သည်။

“အသူရာနိူးထခြင်းနယ်ပယ်.. သူနိုးလာရင်တောင်မှ ငါတို့အင်မော်တယ်တွေကို ထာဝရအလုပ်အကျွေးပြုရမယ်...”

အင်မော်တယ်နတ်ဘုရားအာရုံများ နှင့် ရှေးဖြစ်တည်မှုအချို့၏ ဖိနှိပ်မှုအောက်တွင် စုမင်၏ ရုပ်ခန္ဓာသည် တဖြည်းဖြည်း ငြိမ်သက်သွားသည်။ သူ့မျက်ခုံးလယ်ရှိ သစ်ရွက်ခြောက်များ၏ အမှတ်အသား ပျောက်ကွယ်သွားကာ နောက်ထပ်

မလှုပ်လာတော့ပေ။

စုမင်က မာန်ပြည်ထောင်တွင်ရှိနေစဉ် အင်မော်တယ်ပြည်ရှိ သူ့ရုပ်အလောင်းပေါ်ဖြစ်ပျက်ခဲ့သမျှကို အာရုံခံမရခဲ့ပေ။

သူ၏ခန္ဓာကိုယ်ကို ဖိနှိမ်ထားခံရချိန်တွင် ကျောက်တုံးကြီးတစ်တုံးက သူ့နှလုံးသားကို ဖိထားသွားသလို ခံစားလိုက်ရသည်။ အင်မော်တယ်အားလုံးအပေါ် သူ၏မုန်းတီးမှုသည် ယခင်ကထက် ပိုမိုကြီးထွားလာခဲ့သည်။

ထို့ပြင် သူ၏ကနဦးကျင့်ကြံစွမ်းအားမှပြင်းထန်သော ခံစားမှုတစ်ခုကို ပေးစွမ်းခဲ့သည်။ သူအနေဖြင့် အသက်လမ်းကံကြမ္မာအလယ်လတ်အဆင့်သို့ ရောက်ရန် အနည်းငယ်မျှသာလိုတော့သည်။ ဤပမာဏအနည်းငယ်က လောကကြီးအား ကြက်သွေးရောင် ဆိုးပစ်ရန်လိုအပ်မည် သို့မဟုတ် အဆုံးမဲ့သွေးနှင့်အသက်များ လိုအပ်မည်ဖြစ်သည်။

All Chapters