← Chapters

ဂိုဏ်းကိုဖျက်ဆီးပစ်...

Vol. 51 Ch. 708

ဂိုဏ်းကိုဖျက်ဆီးပစ်...

Vol. 51 Ch. 708

စုမင်သည် မျှော်စင်၏အခြားအလွှာများကို တက်ရောက်ရန် မကြိုးစားတော့ပေ။ သူ ကိုးလွှာသို့ ဝင်ရောက်ပြီးနောက် အနာဂတ်အဖြေကို ရှာနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူ့မှာ လုပ်စရာအလွန်များပြားနေပြီး မျှော်စင်ထဲတွင်နေရန် အချိန်မရှိသောကြောင့်ဖြစ်သည်။ သူ၏ ခန့်မှန်းချက်များအရ၊ အကယ်၍ သူက မျှော်စင်၏ ပြီးပြည့်စုံသော ကောင်းချီးကို ရယူလိုပါက လက်ရှိထက် ပိုမိုမြင့်မားသောကျင့်ကြံဆင့်ကို လိုအပ်ရုံသာမက၊ အဆုံးမဲ့ အချိန်များစွာလည်း လိုအပ်မည်ဖြစ်သည်။

စုမင်၏ လူသတ်ရောင်ဝါများ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ သူသည် ကောင်းကင်ကို သွေးနီရောင်ဆိုးပစ်ပြီး ဆောင်းဦးရာသီကို ကြုံတွေ့ချင်လှသည်။ အဘယ်ကြောင့်ဆိုသော် သူ့ကောင်းချီးဖြစ်သော အသက်လမ်းကံကြမ္မာအလယ်အလတ်အဆင့်သို့ ဝင်ရောက်ချင်သောကြောင့်ဖြစ်သည်။

မာန်ကျင့်ကြံသူငါးသိန်းက သူ့အား အော်ဟစ်ထောက်ခံနေချိန်တွင် စုမင်သည် အဝေးမှ မြေပြင်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏စိတ်ဝိညာဉ်ကိုဖြန့်ကျက်ထားပြီး တစ်ခုတည်းသောအရာကို ရှာဖွေနေခဲ့သည်။ ထိုအရာကတော့…အင်မော်တယ်များဆင်းသက်ရာအရပ်မှာ တည်ရှိသော သူ့အကြီးဆုံးအစ်ကို၏ရုပ်တုပင်ဖြစ်သည်။

ထိုရုပ်တုမှာ မူလနေရာတွင် ပြီးပြည့်စုံသော အခြေအနေဖြင့် ကျန်ရှိခဲ့သည်။ စုမင်က လူသတ်ဓားမှ လွတ်မြောက်လာသောအခါတွင် သူ့အစ်ကိုကြီး၏ရုပ်တုကို လျှို့ဝှက်စွာ ထိန်းသိမ်းထားခဲ့သည်။ သူ့အစ်ကိုကြီးက ထိုကဲ့သို့သေဆုံးခဲ့ရသည်ကို စုမင် မယုံကြည်နိုင်ခဲ့ပေ။

စုမင်က တိတ်ဆိတ်စွာ နေရင်း သူ့အကြည့်ကို လွှဲလိုက်သည်။ သူ့စိတ်ထဲတွင် ဇဝေဇဝါဖြစ်သောကြောင့် သူ့အစ်ကိုကြီးကို အဝေးသို့ မခေါ်သွားဝံ့ပေ။ သူ့လုပ်ရပ်က သူ့အစ်ကိုကြီးကို ပိုထိခိုက်စေနိုင်မလား မသိသောကြောင့်ဖြစ်သည်။

‘အစ်ကိုကြီးကို နိုးထလာအောင်လုပ်ရမယ်...’

စုမင်က ခေါင်းကို မော့လိုက်ပြီး ကံကြမ္မာမျိုးနွယ်စုကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် အဝေးမှ လောကကြီးကို လှမ်းကြည့်လိုက်သည်။ သူ့၏စိတ်ဝိညာဉ်ကို အပြင်ကိုဖြန့်ကြည့်လိုက်သော် လမ်းကြောင်းမှာ တည်ရှိနေသောအင်မော်တယ်ဂိုဏ်းတစ်ခုကို တွေ့ခဲ့သည်။ ထိုဂိုဏ်း ကောင်းကင်တာအိုမြူခိုးဂိုဏ်းခွဲပင်ဖြစ်သည်။

ဤသည်မှာ မာန်ပြည်ထောင်ရှိအကြီးဆုံး ကောင်းကင်တာအိုမြူခိုးဂိုဏ်းဖြစ်သည်။ မာန်ပြည်ထောင်အတွင်းရှိ ၎င်းတို့၏ အခြေစိုက်ဂိုဏ်းလည်းဖြစ်သည်။ ဂိုဏ်းသည် လောလောဆယ်တွင် ဝေးလံခေါင်ပါးသည့် နေရာတွင်ရှိနေပြီး လီရာနှင့်ချီသောနယ်မြေကို လွှမ်းခြုံထားနိုင်သည့်မှော်အစီအရင်ကြီးများဖြင့် ကာကွယ်ထားသည်။ ထို့ကြောင့် မြူခိုးဂိုဏ်းရှိရာ နယ်မြေမှာ မယုံနိုင်လောက်အောင် အစွမ်းထက်သော ကာကွယ်ရေးခံတပ်တစ်ခု ဖြစ်လာသည်။မာန်ကျင့်ကြံသူများအနေဖြင့် မှော်အစီအရင်ရှိရာနယ်မြေများဆီသို့ လက်မဝက်လောက် တောင် ရှေ့တိုးရန် လွန်စွာခဲယဉ်းသည်။ သို့သော် ကောင်းကင်တာအိုဂိုဏ်းသားများလည်း အလားတူ မစွန့်စားရဲကြပေ။

“မာန်ကျင့်ကြံသူတွေ..အင်မော်တယ်ဂိုဏ်းတွေကို ဖျက်ဆီးဖို့ ငါနဲ့လိုက်ခဲ့..

ငါတို့ရဲ့ ပထမဆုံးပစ်မှတ်က ကောင်းကင်တာအိုမြူခိုးဂိုဏ်းပဲ...”

စုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး

သူ့အသံက နယ်မြေတစ်ခုလုံးကို အရှိန်ဟုန်ဖြင့် ပျံ့နှံ့သွားလေသည်။ သူ့စကားကြားလိုက်ရသောကျင့်ကြံသူအားလုံး သွေးဆူသွားသလို ခံစားလိုက်ရသည်။ သူတို့၏မျက်လုံးများက ကြက်သွေးရောင်သန်းလာပြီး

အသံများစွာ ထွက်လာကြသည်။

သူတို့က ဤနေ့ကို စောင့်မျှော်နေသည်မှာ ကြာလှပြီဖြစ်၍ နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။ သူတို့၏မာန်နတ်ဘုရားစုမင်၏ဦးဆောင်မှုအောက်မှာ သူတို့က မာန်ပြည်ထောင်ရှိ အင်မော်တယ်ဂိုဏ်း ဂိုဏ်းအားလုံးကို ရှင်းလင်းချေမှုန်းပစ်ချင်သည်။ ယခုအချိန်ကစပြီး မာန်ပြည်ထောင်သည် အင်မော်တယ်များအတွက် တားမြစ်နေရာတစ်ခု ဖြစ်အောင် လုပ်ဆောင်ချင်ကြသည်။

စုမင်မှလွဲ၍ ထျန်းချီ..ရွှယ်ရှ..ချီလေ့ထျန်းနှင့်အခြားသူများသည် ကျင့်ကြံဆင့်အမြင့်ဆုံးအုပ်စုဖြစ်သည်။ သူတို့သည် စုမင်နှင့်တိထျန်း၏တိုက်ပွဲကို မျက်မြင်တွေ့ခဲ့ပြီး အင်မော်တယ်တို့၏တည်‌ နေရာရွေ့ပြောင်းခြင်းမှော်အစီအရင်ကွဲအက်သွားသည်ကို တွေ့ခဲ့ရသည်။ ထိုအချိန်တွင် စုမင်သည် အရှေ့မြေရိုင်းမျှော်စင်မှ ထွက်လာပြီး အင်မော်တယ်ဂိုဏ်းအားလုံးကို ဖျက်ဆီးလိုကြောင်းပြောသောအခါ သူတို့က စုမင်ရှေ့သို့ ပြေးလာပြီး နာခံကြောင်း ပြသခဲ့သည်။

“ကျွန်ုပ်တို့အားလုံးက မာန်နတ်ဘုရားကို အလုပ်အကျွေးပြုဖို့ ဆန္ဒရှိပါတယ်...မာန်နတ်ဘုရားသခင်နောက်ကိုလိုက်ပြီး အင်မော်တယ်တွေကို ဖျက်ဆီးပစ်မယ်...”

“ကျွန်ုပ်တို့က မာန်နတ်ဘုရားသခင်‌နောက်ကိုလိုက်ပြီး အင်မော်တယ်တွေကို ဖျက်ဆီးပ‌စ်မယ်...”

ထိုစဉ် မာန်ကျင့်ကြံသူများထံမှ တူညီသောစကားလုံးများသည် ကျယ်လောင်စွာ သံပြိုင်ထွက်ပေါ်လာသည်။ ရှည်လျားသော အလင်းတန်းများသည် မြေပြင်မှ လွင့်ထွက်ပြီး ကောင်းကင်သို့ ပျံတက်သွားသည်။ တစ်ချိန်တည်းတွင် လူငါးသိန်းမှ အလင်းကွေးများသည် ကောင်းကင်သို့ ပျံသန်းခဲ့ပြီး မြင်သူအားလုံးကို ထိတ်လန့်စေသည့် မြင်ကွင်းတစ်ခုဖြစ်သည်။

စုမင်က ထျန်းချီနှင့် အခြားလူများကိုတစ်ချက်လှမ်းကြည့်ပြီး အဝေးရှိ ကောင်းကင်ဆီသို့ ခြေတစ်လှမ်းလှမ်းခဲ့သည်။ သူက အလင်းတန်းရှည်အဖြစ်သို့ ပြောင်းလဲသွားပြီး လူတိုင်း၏ရှေ့တွင် ပျံသန်းသွားခဲ့သည်။ ထျန်းချီနှင့် အခြားသူများသည် အနောက်မှ လျင်မြန်စွာ လိုက်ကြပြီး ထို့နောက်တွင် စုမင်၏ကံကြမ္မာမျိုးနွယ်စုဖြစ်သည် ။ နန်းကုန်းဟန်က ခေါင်းဆောင်အဖြစ်တာဝန်ယူပြီး သူတို့၏ လေးစားထိုက်သောစီနီယာနောက်ကို အနီးကပ်လိုက်ပါသွားခဲ့သည်။

ကံကြမ္မာမျိုးနွယ်စု၏နောက်တွင် ကျင့်ကြံသူ လေးသိန်းမှ ငါးသိန်းအထိ လိုက်ပါလာခဲ့သည်။ ကောင်းကင်ရှိ ပျံသန်းနေသောအလင်းတန်းများကြောင့် မြေပြင်ပေါ်တွင် ကြီးမားသောအရိပ်ကြီး ကျလာသည်။ သူတို့က စုမင်နောက်သို့လိုက်ကာ မြူခိုးဂိုဏ်း ဆီသို့ ပြေးသွားကြသည်။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။ လူငါးသိန်း၏ ပျံသန်းမှုသည် ကြီးမားသောလေပြင်း လေပွေများကို လှုံ့ဆော်ပေးသည်။ မြေပြင်ပေါ်တွင် အဆုံးမဲ့ သဲနှင့် ကျောက်တုံးများ ပျံ့လွင့်သွားခဲ့သည်။ တရွှီးရွီးမြည်နေသောလေတိုက်သံများကြားတွင် လူအုပ်ကြီးသည် တစ်ရက်အကြာတွင် ကောင်းကင်မြူခိုးဂိုဏ်းအထက်သို့ ဆင်းသက်လာခဲ့သည်။

ထိုမြူခိုးဂိုဏ်းသည် အရှေ့မြေရိုင်းနယ်မြေရှိ အင်မော်တယ်ဂိုဏ်းများထဲမှ တစ်ခုဖြစ်ပြီး လီရာနှင့်ချီသော နယ်မြေကို သိမ်းပိုက်ထားသည်။ ဤနယ်မြေအတွင်း၌ တောင်ကြီးဆယ့်ရှစ်လုံးတည်ရှိပြီး ဤတောင်များတစ်ခုစီတွင် လှပသော မျှော်စင်များစွာ ရှိနေသည်။ သူတို့က မျှော်စင်အတွင်း၌ တပည့်ထောင်ပေါင်းများစွာကို ကျင့်ကြံရန်အတွက် ထားရှိခဲ့သည်။ဂိုဏ်းတွင် ကြီးမားသော မှော်အစီအရင်စက်ဝန်းတစ်ခု ရှိပြီး တောင်ဆယ့်ရှစ်ခုကို ကာကွယ်ပေးထားလေသည်။ ထိုမှော်အစီအရင်သည် အင်မော်တယ်များ ဆက်လက်ကျင့်ကြံနိုင်ရန် လောကကြီးမှ ဝိညာဉ်စွမ်းအားများကို စုပ်ယူပေးလေသည်။

‌မြူခိုးဂိုဏ်းရှိ မှော်အစီအရင်အားလုံးကို အသက်သွင်းလိုက်လျှင် ဂိုဏ်းပတ်ပတ်လည်တွင် မြူခိုးအလွှာများနှင့် ပြည့်နှက်သွားပြီး မြူခိုးအတွင်းတွင် လျှပ်စီးကြောင်းများကိုပင် မြင်တွေ့နိုင်သည်။ မြူခိုးများအတွင်း၌ ခပ်အုပ်အုပ်ဟိန်းဟောက်သံများ ပဲ့တင်ထပ်နေပြီး အတွင်း၌ မည်သည့်သက်ရှိကိုမျှ မကြိုဆိုသော လေထုကို ထုတ်လွှတ် နေလေသည်။

မြူခိုးများက လီရာနှင့်ချီ၍ ဖုံးလွှမ်းသွားသည်။ လျှပ်စီးလက်ခြင်း နှင့် ဟိန်းဟောက်သံများအပြင် ထိုမြူခိုးများအတွင်းမှ တောက်ပသော အလင်းတန်းတစ်ခု ရှိသည်။ ၎င်းက ကောင်းကင်တာအိုမြူခိုးဂိုဏ်း၏တောင်ကာကွယ်ရေးအစီအရင်- အန္တိမအကာအကွယ်ပင်ဖြစ်သည်။

ဤအန္တမအကာအကွယ်ကို အသက်သွင်းရန် မြူခိုးဂိုဏ်းသားများသာမက မြေပြင်ရှိဝိညာဉ်စွမ်းအားကို အဆက်မပြတ်စုပ်ယူနေသောမှော်အစီအရင် လိုအပ်လေသည်။

တောင်ပိုင်းအရုဏ်ဦးနယ်မြေရှိ

ကောင်းကင်မြူခိုးအကာအကွယ်သည် ဤအန္တိမအကာအကွယ်ဧ။်သေးငယ်သောပုံစံမျိုးဖြစ်သည်။ ဤအကာအကွယ်အတွင်း၌ အင်မော်တယ်အစောင့်အကြပ်များလည်း ရှိသည်။ ထိုအစောင့်အားလုံးသည် မည်သည့်အမိန့်ကိုမဆို နာခံနိုင်သော ရုပ်သေးရုပ်များဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် ဖျက်ဆီးခြင်းကိုပါ လုပ်နိုင်သည်။

ကောင်းကင်တာအိုမြူခိုးဂိုဏ်းတွင် တတိယမြောက်မှော်အစီအရင်တစ်ခုလည်းရှိသည်။ထိုမှော်အစီအရင်၏ နာမည်ကကောင်းကင်အထွဋ်ထိပ်ရတနာလေးပါးအစီအရင်ပင် ဖြစ်သည်။ ၎င်းက ဂိုဏ်းရှိ အဓိက တောင်ကာကွယ်ရေး အစီအရင်များထဲမှ တစ်ခုဖြစ်သည်။ လေ ၊ မိုး ၊ မိုးကြိုးနှင့် လျှပ်စီးတို့ ပါ၀င်ပြီး ရက်စက်ကြမ်းကြုတ်သော အင်အားဖြင့် ကျူးကျော်သူအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။

ကောင်းကင်အထွဋ်ထိပ်ရတနာလေးပါးအစီအရင်အပြင် ဂိုဏ်းတွင် နောက်ဆုံးမှော်အစီအရင်တစ်ခုရှိသည်၊ ၎င်းမှာ လေးရာသီ‌ဖျက်ဆီးခြင်းအစီအရင် ဖြစ်သည်။ နွေဦး၊ နွေရာသီ၊ ဆောင်းဦးနှင့် ဆောင်းရာသီတို့၌ ပါ၀င်သော အချိန်များကို ဤမှော်အစီအရင်တွင် မြှုပ်နှံထားသည်။ ဂိုဏ်းရှိတပည့်များအားလုံး၏အသက်က မှော်အစီအရင်၏ အခြေခံအုတ်မြစ်ဖြစ်သည်။ မှော်အစီအရင်ထဲသို့ဖြတ်သန်းသွားလာသူအနေဖြင့် ဘဝသက်တမ်းက မြန်မြန်ကုန်သွားလေသည်။

အမှန်တော့ ဂိုဏ်းသားတစ်သောင်းရှိလျှင် သူတို့တစ်နှစ်သက်တမ်းကို မှော်အစီအရင်သို့ ပေးအပ်ထားရလေသည်။ ထို့ကြောင့် မှော်အစီအရင်မှာ အနှစ်တစ်သောင်းစာသက်တမ်း ရှိသွားမည်ဖြစ်သည်။ လူအများစုအတွက်တော့ ထိုအနှစ်တစ်သောင်းထိကြာအောင် မနေရပေ။ သူတို့က အသက်ကြီးလာပြီး အရိုးစုအဖြစ်သို့ပြောင်းလဲသွားမည်ဖြစ်သည်။

ရှည်လျားသော အလင်းကွေးငါးသိန်းသည် ကောင်းကင်တာအိုမြူခိုးဂိုဏ်းနားသို့ ဒုန်းစိုင်းဝင်ရောက်လာသည်။ သူတို့က လေပြင်းများကို နှိုးဆော်ပြီး ဖုန်လုံးကြီးတွေ တလိပ်လိပ်ထစေသည်။

ထို့နောက် သဲများနှင့် မြူခိုးများကချက်ချင်းပင် လွင့်ပါးသွားပြီး ထိတ်လန့်တုန်လှုပ်ဖွယ် အသံများ လေထဲတွင် ပဲ့တင်ထပ်သွားသည်။ အရေး‌ပေါ်ခေါင်းလောင်းသံများက မြူခိုးဂိုဏ်းတစ်ခုလုံးကို ချက်ချင်းဆူညံ့သွားစေသည်။ ထိုခဏ၌ တောင်ဆယ့်ရှစ်လုံးရှိ တပည့်များ၏အမူအရာများ ချက်ချင်းပြောင်းလဲသွားသည်။

မြေပြင်သည် ထိုကျယ်လောင်သောအသံကြောင့် တုန်ခါသွားပြီး တောင်ဆယ့်ရှစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ တပြိုင်နက် တုန်လှုပ်သွားသည်။ ရှည်လျားသောအလင်းတန်းများ လွင့်ပျံသွားပြီး လေထုထဲ၌ လူဒါဇင်များစွာအဖြစ် ရုပ်လုံးပေါ်လာသည်။ ဤလူများက ကျင့်ကြံဆင့်မနိမ့်သော်လည်း အားလုံးက ဖြူဖျော့သော မျက်နှာဖြင့် ကောင်းကင်ကို မော့ကြည့်နေကြသည်။

“မာန်ကျင့်ကြံသူတွေ လာပြီ..မှော်အစီအရင်တွေကို စွမ်းအားအပြည့်နဲ့ ထိန်းသိမ်းထားကြ... စွမ်းအားကုန်ရင် ကုန်ပစေ.. ဟိုကောင်တွေကို ဂိုဏ်းထဲအဝင်မခံနဲ့..”

“မြူခိုးဂိုဏ်းသားတွေ နားထောင်ကြ.. မင်းတို့ မာန်ကျင့်ကြံသူတွေလက်ထဲကိုရောက်သွားရင် သေချာပေါက် သေလိမ့်မယ်..အဲ့လိုအဖြစ်ခံမဲ့အစား မင်းတို့ရဲ့အသက်ကို ဂိုဏ်းအတွက် ပေးဆပ်ကြ... သူတို့က ငါတို့ရဲ့မှော်အစီအရင်တွေကို မချိုးဖျက်နိုင်လောက်ဘူး.. ငါတို့မှာ မျှော်လင့်ချက်ရှိသေးတယ်...”

“အင်မော်တယ်ပြည်မှာရှိတဲ့ ငါတို့ဂိုဏ်းကို သတင်းပို့ထားပြီးပြီ..ငါတို့တောင့်ခံနိုင်ရင်..ငါတို့ အသက်ရှင်ဖို့ အခွင့်အရေး ရလိမ့်မယ်...”

ကြမ်းကြုတ်သော သို့မဟုတ် နူးညံ့သိမ်မွေ့သော စကားလုံးများပါရှိသောခပ်အုပ်အုပ်အမိန့်သံက ဂိုဏ်းတစ်ခုလုံးကို ပျံ့နှံ့သွားပြီး သူတို့တပည့်များကြား ထိတ်လန့်မှုကို တားဆီးရန် ကြိုးစား နေသည်။ ထိုအချိန်တွင် ပြင်းထန်သော ပေါက်ကွဲသံကြီးက ဂိုဏ်းအပြင်ဘက်မှ တစ်ဟုန်ထိုး ပျံ့နှံ့လာလေသည်။

ထိုအသံကြောင့် တောင်ဆယ့်ရှစ်လုံးက ငလျင်လှုပ်သကဲ့သို့ တုန်လှုပ်သွားကာ ကြေမွနေသော ကျောက်တုံးများ လိမ့်ကျလာသည်။ မြူခိုးဂိုဏ်းရှိတပည့်များသည် အလွန်ထိတ်လန့်တုန်လှုပ်သွားကာ အများစုမှာ ၎င်းတို့၏ မျက်လုံး၊ နှာခေါင်း၊ နားနှင့် ပါးစပ်တို့မှ သွေးများထွက်ကျလာသည်။

“ငါတို့မှော်အစီအရင်ရဲ့ ပထမအလွှာ ကျိုးသွားပြီ…”

တပည့်များကြားတွင် စူးစူးဝါးဝါးအော်သံတစ်ခု ထွက်ပေါ်လာသည်။ လူအားလုံးက ချက်ချင်းပင် ကောင်းကင်ကို မော့ကြည့်ကြလေသည်။

ကောင်းကင်းတွင် ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီး အနက်ရောင် မီးခိုးလုံးများဖြင့် ဝန်းရံထားသည့် လူငယ်တစ်ဦး ကို မြင်တွေ့နိုင်လေသည်။ ထိုလူငယ်တွင် ရှည်လျားသော အနက်ရောင်နှင့်ခရမ်းရောင်ဆံပင်များရှိနေပြီး လက်ထဲတွင် ဓားတစ်ချောင်းကိုင်ထားလေသည်။ လူငယ်က ထိုဓားဖြင့် အဆုံးမဲ့မြူခိုးလွှာများကို လွှဲယမ်းလိုက်သော် မြူခိုးများကပင်လယ်ရေကဲ့သို့ နောက်သို့ တလိမ့်လိမ့်

ပြန်ဆုတ်သွားလေသည်။ ထို့နောက် ကျယ်လောင်စွာ ဟိန်းဟောက်သံကြီးကြားလိုက်ရပြီး မြူခိုးများ လွင့်စင်သွားသည်။

စုမင်က လူသတ်ဓားကို ကိုင်လျက် မြူခိုးထုများ ဝန်းရံခြင်းမရှိသော ကောင်းကင်မြူခိုးဂိုဏ်းကို ညွှန်ပြလိုက်သည်။

“သူတို့ကိုသတ်ကြ”

သူ ဟိန်းဟောက်နေစဉ်တွင် သူ့နောက်မှ အဆက်မပြတ်ရောက်ရှိလာသောကျင့်ကြံသူများသည် မြူခိုးဂိုဏ်း၏ ဒုတိယအကာအကွယ်ဆီသို့ ပြင်းပြင်းထန်ထန် အရှိန်တင်လိုက်ကြသည်။ မြူခိုးများ

တစ်စတစ်စ ကွဲအက်ကာ မြူခိုးဂိုဏ်းက လုံးဝထင်းထင်းကြီးပေါ်ထွက်လာသည်။ထို့နောက် ဂိုဏ်းရှိ တပည့်များအားလုံးက စုမင်ကိုမြင်ရုံသာမက သူ့နောက်ရှိမာန်ကျင့်ကြံသူ ထောင်ပေါင်းများစွာကိုလည်း တွေ့ခဲ့ရသည်။

မာန်ကျင့်ကြံသူများ၏မျက်လုံးများသည် ကြက်သွေးရောင်ဖြစ်ပြီး ၎င်းတို့၏အရိုးများအတွင်းတွင် နက်ရှိုင်းစွာထွင်းထုထားသည့် အင်မော်တယ်တို့အပေါ် အငြိုးအာဃာတများဖြင့်တောက်ပနေသည်။

ဝူလသည် ဖြူဖျော့ဖျော့မျက်နှာနှင့် ဒုတိယတောင်ပေါ်တွင် ရပ်နေသည်။သူမက မှော်အစီအရင်အပြင်ဘက်ရှိစုမင်နှင့် ကျင့်ကြံသူအားလုံးကို မြင်လိုက်ရသောအခါ သူမ၏အမူအရာ ပြောင်းလဲသွားသည်။ သူမ၏မျက်နှာပေါ်ရှိ ရှုပ်ထွေးသောအကြည့်များ ပျောက်ကွယ်သွားပြီး သက်ပြင်းတစ်ချက် အစားထိုးလိုက်သည်။ သူမလက်ထဲတွင် ခေါင်းလောင်းတစ်စုံကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

အခြားတောင်ပေါ်တွင် ရပ်နေသောထျန်းလန်းယို့၏ မျက်နှာမှာ ဖြူဖျော့နေသော်လည်း သူမဆီမှ အဆုံးမရှိသော အအေးဓာတ်က ပျံ့နှံ့သွားသည်။ သူမဘေးမှာ ငြိမ်ငြိမ်လေးရပ်နေပြီး စုမင်ကိုစိုက်ကြည့်နေသူမှာ ထျန်းလန်းမုန့်ဖြစ်သည်။

သူမက ကောင်းကင်ရှိစုမင်ကို မော့ကြည့်လိုက်ပြီး သူမခေါင်းထဲတွင် အတိတ်က အမှတ်တရများအားလုံး ပေါ်လာသည်။ လွန်ခဲ့သည့်နှစ်များအတွင်း သူတို့နှစ်ယောက်၏ ကနဦးတွေ့ဆုံမှု၊ အချင်းချင်းမေတ္တာသက်ဝင်မှုနှင့် တူတူသွားခဲ့သောခရီးများကို အောက်မေ့မိသည်။သို့သော်လည်း ရှာမန်နှင့်မာန်ပြည်‌ ‌ ထောင်ကြား စစ်ပွဲကြီးကြောင့် ထိုလှပသောအခိုက်အတန့်များမှာ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

မာန်ပြည်ထောင်တွင်ပြန်လည်ဆုံတွေ့ကြပြီးနောက် သူမက စုမင်၏မျက်နှာပေါ်ရှိဝမ်းနည်းမှုနှင့် နားလည်မှုတို့ကို မေ့ဖျောက်မရဖြစ်ခဲ့သည်။

‘ဒါက ကံကြမ္မာပဲလား...”

ထျန်းလန်းမုန့်က အောက်နှုတ်ခမ်းကို ကိုက်လိုက်ရာ သူမ၏မျက်လုံးများမှ မျက်ရည်များ ပိုးပိုးပေါက်ပေါက်စီးကျလာသည်။

ကျင့်ကြံသူငါးသိန်းက မြူခိုးဂိုဏ်း၏အနောက်ဘက်သို့ ချီတက်လာစဉ် စုမင်က လူသတ်ဓားကိုကိုင်ကာ ဒုတိယကာကွယ်ရေးအလွှာဆီသို့ လျှောက်သွားခဲ့သည်။

...............................

တစ်ချိန်တည်းမှာပင် နတ်ဆိုးဝိညာဉ်ဂိုဏ်းအနီးရှိ ဤနေရာနှင့်ဝေးကွာသော တောအုပ်တစ်ခုတွင် ချမ့်ချန်က သူ့ကိုယ်သူ မြေပြင်ပေါ်တွင် လဲလျောင်းကာ သေဟန်ဆောင်ခဲ့ပြန်သည်။ သူ့ရှေ့မှာ မယုံနိုင်လောက်အောင် လှပသောအမျိုးသမီးတစ်ယောက်ရှိလေသည်။ သူမက လက်ထဲက သစ်လှော်စေ့များကို စားပြီး အခွံများကို မြေကြီးပေါ်ပစ်ချနေလေသည်။

သူ့အောက်မှာ အဝါရင့်ရောင်ခွေးကြီးတစ်ကောင်ရှိလေသည်။ ထိုခွေးသည် ပျင်းရိစွာ လျှာကိုထုတ်ကာ ထိုအစေ့ခွံများကို မျိုချလိုက်သည်။

အဘိုးကြီးဟန်ဆောင်ထားသော ကြိုးကြုငှက်သည် မြင့်မား‌သောစွမ်းအားလှိုင်းများကို ထုတ်လွှင့်ထားပြီး ဟိတ်ဟန်ထုတ်နေလေသည်။ ထို့အပြင် အခြားလူများက သူ့ကို ဝါရင့်သဘာရင့်ကျင့်ကြံသူမှန်း မသိမှာကိုလည်း စိုးရိမ်နေလေသည်။

“မာန်နတ်ဘုရားသခင်စုမင်က ရှင့်ရဲ့တပည့်လို့ ပြောနေတာလား...”

ထိုအမျိုးသမီး၏ မျက်လုံးများ ပြူးကျယ်သွားကာ သူမက ဖြူစင်နုံအသော အမူအရာမျိုး လုပ်နေလေသည်။ သူမ၏ လှပပြီး သေးသွယ်သော မျက်နှာပေါ်တွင် ယုံကြည်အားကိုးမှုတစ်ခုရှိနေလေသည်။

“ကျုပ်ပြောတာအဲ့လိုမဟုတ်ဘူး..မိန်းမလှလေး.. စုမင် က ငါ့တပည့် မဟုတ်ဘူး.. သူ့အဖေက ငါ့တပည့်.. ပြောရမယ်ဆိုရင် ဒီကလေးစုမင်က ငါ့ကို သူ့ဆရာဘိုးဘိုးလို့ ခေါ်ရမှာ...”

“သူ့အကြောင်း ကျုပ်မသိတာ ဘာမှမရှိပဘူး.. မင်းဘာသိချင်တာလဲ ငါပြောပြနိုင်တယ်”

အဘိုးအိုက ချောင်းဟန့်ပြီး ရွှတ်နောက်နောက် ပြောလိုက်သည်။

All Chapters