အသားတစ်အိုး
Vol. 51 Ch. 709
“ဒီနှစ်ဆို မာန်နတ်ဘုရားရဲ့ အသက်ဘယ်လောက်ရှိပြီလဲ..”
အမျိုးသမီးက မျက်တောင်ခတ်ပြီး သူ့ရှေ့က အဘိုးအိုကို ပြုံးပြလိုက်သည်။ထို့နောက်သူမ ပါးစပ်ထဲသို့ သစ်လှော်စေ့ထည့်ကာ ဝါးလိုက်သည်။
“အခြားသူတွေက စုမင်အကြောင်း မသိပေမဲ့ ကျုပ်ကတော့..သိတယ်...”
တကယ်တော့ အဘိုးအိုက အာပေါင်အာရင်းသန်သန်ဖြင့် ကြွားလုံးထုတ်နေလေသည်။ ထိုအချိန်တွင် အမျိုးသမီး၏ခြေဖဝါးအောက်က အဝါရောင်ခွေးကြီးမှာ အဘိုးကြီးကိုတစ်ချက်ကြည့်ပြီး ခေါင်းယမ်းလိုက်သည်။ ထို့နောက် ခွေးကြီးက ဘေးနားမှာသေချင်ယောင်ဆောင်နေသော ချမ့်ချန်ကိုမြင်သောအခါ ၎င်း၏မျက်နှာမှာ သနားကြင်နာမှု အရိပ်အယောင်များ ရှိနေလေသည်။
ထို့နောက် ၎င်းက ချမ့်ချန်နားသို့လျှောက်သွားပြီး ၎င်း၏နှာခေါင်းဖြင့် အနံ့ခံပြီး ချမ့်ချန်၏ မျက်နှာကို ကြိမ်ဖန်များစွာ လျှာဖြင့်ယက်လိုက်သည်။ ချမ့်ချန်၏မျက်နှာပေါ်၌ သားရေများ တစ်စက်စက်ကျလာသော်လည်း သူ မလှုပ်ဝံ့ပေ။
ချမ့်ချန်က အလိမ်ပေါ်သွားမှာစိုးသောကြောင့် သူ့နှလုံးသားက ဒုန်းစိုင်းနေလေသည်။ သူ့မျက်လုံးကို တင်းတင်းမှိတ်ထားသော်လည်း စိုစွတ်နေသောလျှာမှ ထွက်လာသော အနံ့အသက်ကို အောင့်အီးသည်းခံနေရသည်။ တကယ်တော့ သူက မာန်ပြည်ထောင်ကို ဆင်းသက်လာခဲ့သော လူတစ်ယောက်ဖြစ်ပြီး အင်မော်တယ်တစ်ယောက်မဟုတ်ပေ။ သူ့မှာ ထူးခြားပြီး မြင့်မြတ်သောစွမ်းရည်များစွာရှိနေလေသည်။
ထိုစွမ်းရည်များမှာ မည်သူ့ကိုမျှ ထိခိုက်စေနိုင်ခြင်းမရှိဘဲ အချို့သော အရာဝတ္ထုများ၏ စစ်မှန်သောပုံစံကို မြင်နိုင်ခြင်းဖြစ်သည်။ ဤမြင့်မြတ်သောစွမ်းရည်ကို သူ့မျိုးနွယ်စု၏တပည့်ငယ်များက ကောင်းကောင်းသဘောကျကြကြသည်။ဤသည်မှာ လောကများကိုဖြတ်၍ နေရာရွေ့ပြောင်းသူတိုင်းတွင် ရှိသင့်သည့် စွမ်းရည်တစ်ခုဖြစ်သည်။
ဤစွမ်းရည်သည် အခြားလူများမတွေ့ရှိနိုင်သော ရတနာများစွာကို ရှာဖွေပေးသည်။ တကယ်တော့ ချမ့်ချန်၏
နတ်ဘုရားစွမ်းရည်နှင့် မာန်ပြည်ထောင်သို့ဆင်းသက်ရန် ထူးခြားသောနည်းလမ်းကို အသုံးပြုနိုင်ခဲ့ရသည့် အကြောင်းရင်းကြားတွင် တိုက်ရိုက်ဆက်နွယ်မှုအချို့ရှိခဲ့သည်။
သူက ကြိုးကြာငှက်သို့ ပထမဆုံးတွေ့သောအခါ သူနတ်ဘုရား စွမ်းရည်ကို အသုံးပြုခဲ့သည်။ သူမြင်နေရသောသူသည် လူအယောင်ဆောင်ထားသောငှက်တစ်ကောင်ဖြစ်ကြောင်း သိလိုက်ရသည်။ထို့နောက် ထိပ်ပြောင်ကြိုးကြာငှက်သည် သူ့ကိုယ်သူ ကြိုးကြာအိုကြီးအဖြစ် မိတ်ဆက်ခဲ့သည်။ ထို့ကြောင့် ချမ့်ချန်က ကြိုးကြာငှက်အား အဘိုးကြိုးကြာငှက်..ဆရာကြိုးကြာငှက်ဟူ၍ မြှောက်ပင့်ပြောဆိုခဲ့သည်။ ထို့မှသာ ထိပ်ပြောင်ကြိုးကြာငှက်သည် ချမ့်ချန်
မည်မျှ လိမ္မာပါးနပ်သည်ကို မြင်ပြီး ၎င်း၏အဖော်အဖြစ် ဆွဲခေါ်သွားခဲ့သည်။
ယခုအချိန်တွင် အဝါရင့်ရောင်ခွေးကြီးက
ချမ့်ချန်ကို လျှာဖြင့် ဆက်လက်ယက်နေပြီး ချမ့်ချန်၏နှလုံးသားက တဒိတ်ဒိတ်ခုန်နေလေသည်။ ထိုခွေးကြီးနှင့်ပတ်သတ်၍ တစ်ခုခုလွဲမှားနေကြောင်း ခံစားရလေသည်။ ၎င်း၏ပါးစပ်က အော်ဂလီဆန်စရာကောင်းသော အနံ့အသက်ကြောင့် ချမ့်ချန်က သူ့စွမ်းရည်ကို ထုတ်သုံးလိုက်လေသည်။
ချမ့်ချန်က သူ့စွမ်းရည်ကို သုံးပြီးနောက် အံ့ဩမင်သက်သွားခဲ့သည်။ ထို့နောက် သူက တုန်လှုပ်ချောက်ချားစွာဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူ မြင်လိုက်ရသည်မှာ အဝါရောင်ခွေးကြီးမဟုတ်ဘဲ နဂါးတစ်ကောင်ပင်ဖြစ်သည်။
ထို့ပြင် ထိုနဂါးက ရိုးရိုးနဂါးမဟုတ်ဘဲ လွန်စွာကြာက်မက်ဖွယ်ကောင်းသော မျက်လုံးများရှိသော နဂါးကြီးတစ်ကောင်ပင်ဖြစ်သည်။ ထိုအချိန်တွင် နဂါးကြီးက သူ့ကိုကြည့်ကာ သူ့မျက်နှာကို လျှာကြီးဖြင့်ယက်လိုက်သည်။ နဂါးဧ။်သားရည်များစွာက သူ့အပေါ်သို့ကျလာပြီး ချမ့်ချန်၏မျက်လုံးများတွင် အဝါရောင်နဂါးကြီးက သူ့တစ်ကိုယ်လုံးကို ဝါးမျိုချချင်နေပုံရသည်။
ချမ့်ချန်အနေဖြင့် သူ့ကို နမ်းနေသောသူက နဂါးကြီးတစ်ကောင်ဖြစ်နေသည်ကို စိတ်ပျက်အားငယ်စွာ သိလိုက်ရသည်။ ထိုကြောက်လန့်မှုအောက်မှာ သူ မျက်ဖြူဆိုက်သွားပြီး သတိလစ်သွားလေသည်။ ယခုတစ်ခါတော့ သူတကယ်ကို မေ့မြောသွားလေသည်။
သို့သော် သူ မေ့မသွားခင် ထိပ်ပြောင်ကြိုးကြာငှက်၏ ရှေးကျသော အသံကို သူ့နားထဲတွင် ကြားနေသေးသည်။
“မိန်းမလှလေး..မာန်နတ်ဘုရားရဲ့အတိတ်နဲ့ပတ်သတ်ပြီး ပြောစရာတွေအများကြီးရှိသေးတယ်..ပြောရမှာရှည်လွန်းလို့ ရေတောင်ဆာလာလိမ့်မယ်.. စကားမစပ် မင်းမိဘတွေ ဘာလို့ ဒီကို မလာသေးတာလဲ...မင်း ငါ့လို စွမ်းအားကြီးတဲ့စစ်သည်တော်ဖြစ်ချင်ရင်..အသိသက်သေလူကြီးတစ်ယောက်ယောက်ခေါ်လာရမယ်..အဲ့ဒါမှ ငါတို့ ညှိနှိုင်းလို့ရမှာပေါ့..”
“ငါနည်းနည်းဗိုက်ဆာနေပြီ...ဒီခွေးကြီးကိုသတ်လိုက်ရင်ရော ဘယ်လိုလဲ..မကောင်းဘူးလား..ခွေးက ဝတုတ်လေး.. သူ့ကိုသတ်ပြီး အသားလေးစားရအောင်..”
ထိုစကားများက ချမ့်ချန်မူးလဲမသွားခင် သူကြားခဲ့ရသော ကြိုးကြာငှက်၏စကားများပင်ဖြစ်သည်။ ထို့ကြောင့် ချမ့်ချန်က အလွန်ထိတ်လန့်စွာဖြင့် သတိလစ်သွားရခြင်းဖြစ်သည်။
................................
ထိုအချိန်တွင် မြူခိုးဂိုဏ်း တည်ရှိရာ ကောင်းကင်ယံ၌ ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။ ထိုအသံများက အရပ်ရပ်သို့ပျံ့နှံ့သွားပြီး ကြားရသူတိုင်းကို နားကွဲမတက်ဖြစ်စေသည်။ ထို့နောက် မြူခိုးဂိုဏ်း၏ကောင်းကင်တွင်
အက်ကွဲကြောင်းများ ပေါ်လာသည်။
မာန်ကျင့်ကြံသူငါးသိန်းက ကောင်းကင်မြူခိုးဂိုဏ်းကို ဝိုင်းရံထားကြသည်။ သူတို့၏ခန္ဓာကိုယ်မှ ပျံ့နှံ့လာသော လူသတ်ရောင်ဝါနှင့် ရူးသွပ်မှုတို့သည် ရုပ်ပိုင်းဆိုင်ရာအသွင်သဏ္ဍာန်ရရှိလာပြီး မြူခိုးဂိုဏ်း၏မှော်အစီအရင်များဖြင့် ကာကွယ်ထားသော တောင်ကြီးဆယ့်ရှစ်လုံးကို ဖြိုချလိုက်သည်။
မာန်ကျင့်ကြံသူတို့၏ပြင်းထန်သောဖိအားမှာ မြူခိုးဂိုဏ်း ပြန်လည်ခုခံရန် မမျှော်လင့်နိုင်သောအရာဖြစ်သည်။ မြူခိုးဂိုဏ်းက ခုခံကာကွယ်မှုအချို့ပြင်ဆင်ထားသော်လည်း ဤဖိအားအောက်တွင် ချက်ချင်းပြိုကွဲသွားမည်ဖြစ်သည်။ ထိုလူငါးသိန်း၏ဆန္ဒများသည် ပေါင်းစပ်သွားကာ အရာအားလုံးကို ဖျက်ဆီးနိုင်သည့် ရူးသွပ်မှုလှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ချီလေ့ထျန်းနှင့် အခြားသူများသည် စုမင်နောက်သို့ အမြန်လိုက်သွားခဲ့ကြသည်။ ထိုအချိန်တွင် ချီလေ့ထျန်း၏နှလုံးသားထဲတွင် ခံစားချက်များရောထွေးနေသော်လည်း စုမင်ထံမှ လျှပ်စီးစွမ်းအားသလင်းကျောက် ကို ပြန်ယူရန် မတွေးရဲပေ။ အမှန်တော့ လွန်ခဲ့သည့်တစ်နှစ်က အင်မော်တယ်များ ဆင်းသက်သည့်နေရာ၌ သူက စုမင်ကို ပထမဆုံးတွေ့ခဲ့ရသည်။စုမင်က မည်ကဲ့သို့သောလူ ဖြစ်မှန်း၊ မည်ကဲ့သို့စွမ်းအား ပိုင်ဆိုင်မှန်း မသိရှိခဲ့ပေ။ ထို့ပြင် သူက တောင်ပိုင်းအရုဏ်ဦးနယ်မြေမှ လာသောစုမင်ကို သေသည်အထိ ညှဉ်းပန်းနှိပ်စက်ရန် ကြံစည်ထားခဲ့ကြောင်း မှတ်မိသေးသည်။ ယခုမူ ထိုအကြံအစည်များက ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားလေသည်။
စုမင်က သူ၏လျှပ်စီးစွမ်းအားသလင်းကျောက်တစ်ဝက်ကို လုယူသွားခဲ့သူဖြစ်ပြီး ချီလေ့ထျန်းက သူ့နတ်ဘုရားအာရုံမှတစ်ဆင့် စုမင်ကို ရက်စက်ကြမ်းကြုတ်စွာ ခြိမ်းခြောက်ခဲ့ဖူးသည်။
စုမင်က သလင်းကျောက်လုယူသွားသူဖြစ်မှန်း သတိပြုမိသောအခါ သူ့နှလုံးသားထဲတွင် ခံစားချက်မျိုးစုံ ပေါ်လာသည်။ ထို့နောက် သူ့နာကျင်မှုကို လျစ်လျူရှုလိုက်သည်။ အစကတည်းက သူပြောခဲ့သော ရက်စက်ကြမ်းကြုတ်သည့်စကားများအတွက် လွန်စွာနောင်တရမိခဲ့သည်။
သူ့ရင်ထဲတွင် ရောထွေးနေသော ခံစားချက်များအားလုံး လွန်ဆွဲနေခိုက်တွင်
စုမင်က လူတစ်ယောက်ကိုမွန်းကျပ် စေသည့်အလွန်အစွမ်းထက်သော တည်ရှိမှုကို ထုတ်လွှတ်နေကြောင်း ခံစားလိုက်ရသည်။ ထို့ကြောင့် ချီလေ့ထျန်းက အန္တရာယ်ကို ဂရုမစိုက်ဘဲ သူ့စွမ်းရည်ကို ပြသခဲ့သည်။ သူ့စိတ်ထဲမှာတော့ စုမင်က သူ့ကို အန္တရာယ်မပေးအောင် စုမင်ဘက်တော်သားအဖြစ် နေခဲ့သည်။
စုမင်က တည်ငြိမ်သောအမူအရာဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ မြူခိုးဂိုဏ်း၏ပထမအကာအကွယ်က ပျက်စီးသွားပြီး ဒုတိယအကာအကွယ် - အန္တိမအစီအရင် ပေါ်လာလေသည်။
ထိုအလင်းရောင်သည် မြူခိုးဂိုဏ်းတစ်ခုလုံးကို ဝိုင်းရံထားသည်။ အမှန်မှာ မည်သူမဆို အသေးစိတ်ကြည့်လိုက်လျှင် ၎င်းက ပါးလွှာသော အလွှာတစ်ခုတည်းမဟုတ်ဘဲ မြို့ရိုးပုံသဏ္ဍာန်ဖြင့် အကာအရံများစွာ ပေါင်းစပ်ထားပြီး အလွှာများစွာပါရှိကြောင်း တွေ့နိုင်သည်။
မြေပြင်မှ အဆုံးမဲ့ဝိညာဥ်စွမ်းအားများကထိုအစီအရင် ဆက်လက်လည်ပတ်နိုင်ရန် အဆက်မပြတ် ထောက်ပံ့ပေးနေလေသည်။ ထို့ပြင် မြူခိုးဂိုဏ်းပတ်လည်ကို ဝန်းရံထားသောမှော်အစီအရင်၏ ပေတစ်ရာတိုင်းတွင် တင်ပျဉ်ခွေထိုင်နေသော တပည့်တစ်ဦးကို ယောင်ဝါးဝါးမြင်တွေ့နိုင်သည်။ ထို့ကြောင့် ဒုတိယအတားအဆီး၏ ခုခံနိုင်စွမ်းသည် ပထမအလွှာထက် ပိုမိုကြီးမားသည်။
ထိုမှော်အစီအရင်တွင် လူအင်အား ရာဂဏန်းနီးပါးလည်း ရှိခဲ့သည်။ တစ်ဦးချင်းစီတွင် ကြီးမားသော စွမ်းအားများ ပိုင်ဆိုင်ထားသော်လည်း အသိဉာဏ်မရှိကြပေ။ ၎င်းတို့အားလုံးသည် မှော်အစီအရင်ကြောင့်တည်ရှိသော ရုပ်သေးများသာဖြစ်သည်။
သူတို့က မြူခိုးဂိုဏ်းကို မစွန့်ခွာနိုင်ပေ။သူတို့က အတားအဆီးတဝိုက်တွင်သာ ရှင်သန်နိုင်ပြီး အကောင်းဆုံး ခံစစ်အင်အားဖြစ်ခဲ့သည်။
“ချိုးဖျက်ကြ...”
စုမင်က ထိုအန္တိမအကာအကွယ်၏ အစောင့်အကြပ်များကို ကြည့်ကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။
သူ့စကားများက ကောင်းကင်သို့ ပဲ့တင်ထပ်သွားသောအခါ ချီလေ့ထျန်းနှင့်တခြားသူများက အတားအဆီးဆီသို့ ချက်ချင်း ချီတက်လိုက်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့ပတ်ဝန်းကျင်ရှိ လူငါးသိန်းတို့က ကျယ်လောင်စွာဟိန်းဟောက်ပြီး ၎င်းတို့၏ခန္ဓာကိုယ်မှ ပြင်းထန်သောဖိအားများကို ဆက်လက်ဖြန့်ကျက်လိုက်သည်။ ထို့နောက် မာန်ကျင့်ကြံသူအားလုံးက အန္တိမအကာအကွယ်ကို လက်သီးဖြင့် ပြိုင်တူထိုးနှက်ခဲ့ကြသည်။
စုမင်၏ မျက်လုံးများတွင် မြူခိုးဂိုဏ်း၏ မှော်အစီအရင်ကို ချိုးဖျက်ရန် စွမ်းရည်
မလိုအပ်ပေ။ ထို့ပြင် မှော်အစီအရင်လည်ပတ်ပုံကို နားလည်ရန် မလိုအပ်သလို မည်သို့ရှောင်လွှဲရမည်ကို စဉ်းစားရန်လည်း မလိုအပ်ခဲ့ပေ။ သူတို့က ဒုတိယအကာအကွယ်ကိုချိုးဖျက်ရန် လက်သီးတစ်ချက်သာ လိုအပ်သည်။
လူငါးသိန်းက ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်သောကြောင့် ဒုတိယအကာအကွယ်က ချက်ချင်းကွဲအက်သွားလေသည်။ ဤသည်မှာ ရှေ့ပြေးထိုးနှက်ချက်ပင်ဖြစ်သည်။
မာန်ကျင့်ကြံသူများ၏လက်သီးချက်များသည် လူထောင်ပေါင်းများစွာ၏ စွမ်းအားကိုစုစည်းကာ ထွက်ပေါ်လာသောတိုက်ခိုက်မှု ဖြစ်သည်။ထိုတိုက်ခိုက်မှုက မြူခိုးဂိုဏ်း၏အန္တိမအစီအရင်ဟုလူသိများသောနံရံဆီသို့ အရှိန်တင်နေသော ရူးသွပ်သော နဂါးကြီးကဲ့သို့ထင်ရသည်။ ထိုစဉ် ရွှေရောင်အလင်းတန်းတစ်ရာနီးပါး ထွန်းတောက်ပြီး ရုပ်သေးရုပ်များ ပေါ်လာသည်။ ရုပ်သေးရုပ်များနှင့် ထောင်ပေါင်းများစွာသောမာန်ကျင့်ကြံသူများ၏ စွမ်းအားများနှင့်ထိတွေ့မိသောအခါ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံက ကောင်းကင်ကို လှုပ်ခါသွားစေကာ ရုပ်သေးရုပ်များလည်း ချက်ချင်း ပျောက်ပျက်သွားလေသည်။
မာန်ကျင့်ကြံသူများက တစ်ခဏမျှပင် မရပ်တန့်နားဘဲ လူထောင်ပေါင်းများစွာ၏ စွမ်းအားဖြင့် ဖွဲ့စည်းထားသောနဂါးကြီးဖြင့် အန္တိမအစီအရင်ကို ချိုးဖောက်ဝင်ရောက်ခဲ့သည်။ ကျယ်လောင်သောပေါက်ကွဲသံကြီးများက လေထုထဲသို့ ပျံ့လွင့်သွားကာ အရှေ့မြေရိုင်းနယ်မြေ တစ်ဝက်ကို ပျံ့နှံ့သွားသည်၊၊ အလင်းဖန်သားပြင်ဖြင့် ဖွဲ့စည်းထားသော အတားအဆီးသည် ၎င်းထဲသို့ ဝင်လာသောစွမ်းအားကို ခံနိုင်ရည်မရှိသည့်အတွက် ကျယ်လောင်သောအသံဆိုးကြီးကို ထုတ်လွှတ်လိုက်သည်။ ထိုမှော်အစီအရင်က တစ်လက်မ
ချင်းစီ ကွဲအက်လာပြီး ပတ်လည်တွင်ထိုင်နေသော မြူခိုးဂိုဏ်းသားများကို နောက်ပြန်လွင့်စင်စေခဲ့သည်။
“စတုတ္ထမာန်နတ်ဘုရား..မင်း ဒီနေ့ မြူခိုးဂိုဏ်းကို ဖျက်ဆီးနိုင်ရင် နိုင်လိမ့်မယ်..ဒါပေမဲ့ နောက်တစ်ချိန်ကျ ငါတို့အင်မော်တယ်တွေအစုလိုက်အပြုံလိုက်ဆင်းသက်ပြီး မင်းတို့အားလုံးကို အမျိုးဖြုတ်ပစ်မယ်...”
ပြိုကျပျက်စီးနေသော ဒုတိယအတားအဆီးမှ ကျယ်လောင်စွာဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ၎င်းမှာ အဘိုးအိုတစ်ဦးဧ။်အသံဖြစ်သည်။ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ အနည်းငယ်သာကျန်သော်လည်း သူ့အသံထဲမှာ အဆုံးမဲ့မုန်းတီးမှုတွေ ရှိနေလေသည်။
“မင်းတို့အင်မော်တယ်တွေ သတ်ခဲ့တဲ့ငါတို့လူတွေကရော နည်းနည်းနောနောလား..မာန်နတ်ဘုရားသခင်ထွက်သွားပြီးတဲ့နောက် မင်းတို့ဟာ ငါတို့ရဲ့ဒုတိယဘုရားသခင်ကို အပိုင်းပိုင်းဖြတ်ပြီး သတ်ပစ်ခဲ့တယ်...မဟာယွီအင်ပါယာမြို့တော်ကြီးကိုလည်း ချိပ်ပိတ်ခဲ့တယ်..ပြီးတော့ ငါတို့မာန်ကျင့်ကြံသူတွေကို သုတ်သင်ဖို့ အင်မော်တယ်စစ်တပ်တွေရောက်လာခဲ့တယ်...မင်းတို့လက်ချက်နဲ့ မာန်ကျင့်ကြံသူသန်းပေါင်းများစွာ သေဆုံးခဲ့ရတယ်..”
“အင်မော်တယ်တွေ သေကိုသေရမယ်..ငါ့မျိုးနွယ်စုနဲ့ ငါ့မိသားစုအားလုံး အင်မော်တယ်တွေရဲ့သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်..”
“ငါ့သားသမီးတွေအားလုံး အင်မော်တယ်ကောင်တွေရဲ့လက်ထဲမှာ သေကုန်ပြီ.. မင်းတို့က ငါ့ရဲ့သွေးမျိုးဆက်ကို ဖျက်ဆီးပြီးပြီ...ဒါ့ကြောင့် မင်းတို့အားလုံးပြန်ပေးဆပ်ရမယ်...”
“အခု ငါ့မျိုးနွယ်ထဲမှာ ငါတစ်ယောက်ပဲ ကျန်တော့တာ..ဒါပေမဲ့ ငါ့စိတ်ထဲမှာ ငါ့မျိုးနွယ်စုက ရှင်သန်နေတုန်းပဲ...”
အသံလှိုင်းများစွာက အဘိုးအို၏စကားကို ပြန်ဖြေရန် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ထိုနေရာရှိ ထောင်ပေါင်းများစွာသောမာန်ကျင့်ကြံသူများ၏ အသံများဖြစ်ပြီး အင်မော်တယ်တို့အပေါ် မုန်းတီးမှုများနှင့် ပြည့်နှက်နေသည်။
ဤသည်မှာ လူမျိုးနှစ်မျိုးကြား စစ်ပွဲဖြစ်သည်။ ထိုစစ်ပွဲမှာ လက်ကိုတစ်ခါမှ သွေးမစွန်းခဲ့ရသူများ ရှိနိုင်လေသည်။ နှစ်ဦးနှစ်ဖက်တိုက်ခိုက်သည့်စစ်ပွဲတွင် တစ်ဖက်ကတော့ ကျိန်းသေပေါက်ဖျက်ဆီးခံရလေသည်။
ထိုသဘောတရားက စစ်ပွဲပင်ဖြစ်ပြီး အမှား အမှန်ဟူ၍ မရှိပေ။ သို့ရာတွင်
ရှိနိုင်မည့် တစ်ခုတည်းသောအရာက နောင်တရခြင်းပင်ဖြစ်သည်။
စုမင်သည် ခေါင်းကို မော့ကာ အဘိုးအို၏
ကျယ်လောင်ပြီး အမုန်းတရားများပါသောအသံ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်လိုက်သည်။ ထို့နောက် သူ့ညာလက်ကို မြှောက်လိုက်ပြီး သူ့ပတ်ဝန်းကျင်ရှိ တတိယအကာအကွယ် -ကောင်းကင်အထွဋ်ထိပ်ရတနာလေးပါးအစီအရင်ဆီသို့ ချိန်ရွယ်လိုက်သည်။
ထို့နောက် ပေတစ်သောင်းရှိမာန်နတ်ဘုရားရုပ်တုက သူ့ရှေ့တွင်ထင်ရှားလာသည်။ရုပ်တုကြီးက ၎င်း၏လက်ဖဝါးဖြင့်တတိယအကာအကွယ်ကို ချိုးဖျက်လိုက်သည်။ လေ.. မိုး၊ မိုးကြိုး နှင့် လျှပ်စီးကြောင်းများက လေထဲတွင် တစ်ဝင်းဝင်း လင်းလက်ကာ မြည်ဟည်းလာသည်။
မာန်ကျင့်ကြံသူများ၏ကျင့်ကြံဆင့်မှာ မတူညီကြပေ။ ကောင်းကင်အထွဋ်ထိပ်ရတနာလေးပါးအစီအရင် အသက်ဝင်လာပြီးနောက် မာန်ကျင့်ကြံသူအများစုမှာ သွေးတစ်လုတ်ကြီးအန်လိုက်ရသည်။ အချို့က ချက်ချင်းလဲကျပြီး သေဆုံးသွားခဲ့သည်။ သို့ပေမဲ့ စုမင်ကဲ့သို့ နီရဲရူးသွပ်နေသောမျက်လုံးများရှိသော ကျင့်ကြံသူအများစုမှာ မှော်အစီအရင်ဆီသို့ ကမူးရှူးထိုးပြေးဝင်သွားကြသည်။
ဤသည်မှာ စုမင်တစ်ယောက်တည်း၏ တိုက်ပွဲမဟုတ်ပေ။ ဤသည်မှာ…မာန်ကျင့်ကြံသူအားလုံး၏ တိုက်ပွဲဖြစ်သည်။
မြူခ်ိုးဂိုဏ်း၏တောင်ကြီးဆယ့်ရှစ်လုံးရှိအင်မော်တယ်များသည် မှော်အစီအရင်၏ကာကွယ်မှုအောက်တွင် ရှိနေဆဲပင်ဖြစ်ပြီး သူတို့၏ဖျော့တော့သောမျက်နှာများဖြင့် ကောင်းကင်ကို တိတ်တဆိတ်ကြည့်ရှုနေကြသည်။ မရဏအငွေ့အသက်များက သူတို့အပေါ် ဆင်းသက်လာသောကြောင့် စိတ်ပျက်အားငယ်နေလေသည်။ နောက်ဆုံးမှော်အစီအရင် ကွဲအက်သွားသည်နှင့် တစ်ပြိုင်နက် ၎င်းတို့ကို စောင့်မျှော်နေမည့် တစ်ခုတည်းသောအရာမှာ သေခြင်းပင်ဖြစ်သည်။