← Chapters

နားလည်မှု အသစ်တစ်ခု

Vol. 11 Ch. 152

နားလည်မှု အသစ်တစ်ခု

Vol. 11 Ch. 152

Child of light (ကျန်းကုန်း)

Volume 5: Chapter 19 - A New Understanding

သူ့မျက်နှာမှာ ကျေနပ်သွားတဲ့ ပုံပေါ်လာတယ်။

“နောက်တခါဆို နင့်ကို ဒီလိုမျိုး အသက်စွန့်ရတဲ့ဟာမျိုး မလုပ်ခိုင်းတော့ဘူး။ ငါဘယ်လောက် စိတ်ပူနေရလဲဆိုတာ နင်မသိဘူးနော်။ နင် တစ်ရက်နဲ့ တစ်ညတောင် သတိလစ်နေတာ”

“တစ်ရက်နဲ့ တစ်ညတောင် ရှိသွားပြီလား။ မာခယ် ဘယ်လိုနေသေးလဲ။ တတ်နိုင်သမျှ ဒီမြို့က ထွက်ရမယ်”

“မာခယ် သတိမရသေးပေမယ့် သူ့အခြေအနေ တော်တော်လေး တည်ငြိမ်နေတယ်။ ဒီအတိုင်းနဲ့ နည်းနည်းတော့ တောင့်ခံနိုင်အုံးမှာပါ”

“မူကျီ နင်သွားပြီး ဟိုင်ယွဲ့ကို စိတ်မပူဖို့သွားပြောလိုက်။ ငါတစ်ရက်လောက် အနားယူလိုက်ရင် ငါ့မှော်စွမ်းအားတွေ ပြန်ကောင်းလာလိမ့်မယ်။ ပြီးရင် ကျောင်းကို တိုက်ရိုက်ပြန်ဖို့ နေရာရွှေပြောင်းရေး ဝင်္ကပါတစ်ခု လုပ်ပေးမယ်”

“နင် ဝင်္ကပါတွေ ဘယ်လိုဖန်တီးရမယ်ဆိုတာ သိတယ်ပေါ့။ တော်တော်ကောင်းတဲ့ လေဟာနယ်ဝင်္ကပါသာ သုံးနိုင်ရင် ငါတို့တွေ တော်တော်အချိန်ကုန်သက်သာသွားမှာ။ ဒီသတင်း ဟိုင်ယွဲ့ကို သွားပြောလိုက်မယ်”

“မြန်မြန်သွားပြောလိုက်။ နင့်ယောက်ျားမှာရှိတဲ့ အရည်အချင်းတွေက မနည်းပါဘူးဟ”

မူကျီ မျက်နှာလေး ရဲတွတ်သွားပြီး..

“သွား လူဆိုး…”

သူ ထွက်ပြေးသွားပြီ။

မာခယ့်ကို ကုဖို့ အချိန်မနှောင်းရအောင် ကျုပ်ချက်ချင်းကို လေ့ကျင့်တော့တာ။ ပျက်စီးသွားတဲ့ သွေးကြောတွေ ပြန်ကောင်းအောင် သန့်ရှင်းသောဓားအစွမ်းကို ဆက်တိုက် လှည့်ပတ်နေလိုက်တယ်။ (၅)နာရီလောက်ကြာတော့ ကျုပ်သွေးကြောတွေအကုန် ပြန်ကောင်းလာခဲ့ပြီ။ ပြန်လည်ကုသရေးက ကျုပ်ကို တော်တော်ကို အံ့ဩစေနိုင်ခဲ့တာ။

မူကျီ၊ စစ်ဝါတို့နဲ့အတူ ညစာစားဖို့ ထမင်းစားခန်းကို လျှောက်သွားလိုက်တယ်။ ကျုပ်ပြန်ကောင်းလာတဲ့အရှိန်ကြောင့် သူတို့တွေ တော်တော်လန့်သွားကြတယ်။ ဟိုင်ယွဲ့ကို ကျုပ်တို့နဲ့အတူစားဖို့ ပြောပေမယ့် မာခယ့်အခန်းထဲမှာပဲ စားမယ်ဆိုပြီး ထွက်သွားလေရဲ့။

“ဟိုင်ယွဲ့ ဒီလိုသာဆက်ဖြစ်နေမယ်ဆို သိပ်မကောင်းဘူးနော်။ မာခယ် ပြန်ကောင်းမလာသေးဘူး။ ကုနေတဲ့အချိန်မှာပဲ ပုံကျသွားနိုင်တယ်”

“ဟုတ်တယ်၊ ဒါပေမယ့် အဲ့ကိစ္စကို (၂)ခါလောက် မိန်းမချင်း နှစ်ကိုယ်ကြား အကြံပေးပြီးပြီဟ။ သူငါ့စကား နားမထောင်ဘူး”

ညစာ စားပြီးတာနဲ့ အခန်းထဲပြန်လာပြီး အိပ်ယာပေါ်ထိုင်လိုက်တယ်။ ကျုပ်မှာ ရွှေအမြူတေ(၂)ခု ရပြီးကတည်းက ဒါပထမဆုံး သမထ ထိုင်တာပဲ။

ဘာတွေဖြစ်လာမလဲဆိုတာ မသိသေးတော့ ရွှေအမြူတေ (၂)ခုကို ဂရုတစိုက် လှုပ်ရှားလိုက်တယ်။ ရွှေအမြူတေတွေက တော်တော် သိမ်မွေ့လွန်းတော့ ဒုက္ခမပေးပါဘူး။ သူတို့တွေ ရှေ့ဆင့်နောက်ဆင့် လှည့်ပတ်နေတဲ့ ကာလအတွင်း ကြားအကွာအဝေးကို တိတိကျကျ နေရာယူထားကြတယ်။ ကျုပ်မှော်စွမ်းအင် စုပ်ယူနှုန်း တိုးမလာပေမယ့် ဖိသိပ်နိုင်မှုကတော့ ပိုမြန်လာတယ်။ ကျုပ်ခန္ဓာကိုယ်ထဲကို ဝင်လာသမျှ မှော်စွမ်းအားတွေအကုန် အမြန်ဆုံး ဖိသိပ်ပြီး အရည်ပျော်ကုန်တယ်။ ဒီနည်းနဲ့ဆို ကျုပ်အတွက် အလင်းဒြပ်စင်တွေ စုစည်းထားဖို့ နေရာတော်တော်ကျယ်သွားလိမ့်မယ်။

ညလုံးပေါက် သမထထိုင်ပြီးတော့ ကျုပ်ခန္ဓာကိုယ်မှာ မှော်စွမ်းအားတွေ တိုးလာတယ်။ ကျုပ်အထွတ်အထိပ် အခြေအနေ မဟုတ်သေးပေမယ့် တော်တော် ကောင်းနေပါပြီ။ အိပ်ယာကနိုးတော့ ရွှေအမြူတေ(၂)ခုက ပိုတောင် ကြီးလာသေး။

မိုးလင်းတာနဲ့ မာခယ့်အခန်းကို သွားကြည့်လိုက်တယ်။ ဟိုင်ယွဲ့မျက်နှာမှာ ဖြူလျော့ပြီး ဘေးမှာ တုန်းလုံးလေး။ မာခယ့်ကို စစ်ကြည့်တော့ မူကျီပြောသလိုပဲ။ သူ့အခြေအန တော်တော်လေး တည်ငြိမ်သွားပြီ။ ဟိုင်ယွဲ့ ရေမှော်ကုသရေးကနေ သူ့ခန္ဓာကိုယ်ထဲက ကမောက်ကမဖြစ်နေတဲ့ မီးဒြပ်စင်တွေကို ထိန်းချုပ်ထားပေမယ့် ရေရှည်မှာ ဆိုးနိုင်တဲ့ လက္ခဏာပဲ။ မာခယ့်ကို ကုဖို့ သန့်ရှင်းသောဓား အစွမ်းကို သုံးဖို့ ကြိုးစားကြည့်ပေမယ့် အဲ့စွမ်းအားတွေက ကျုပ်ဒန်တျန်ထဲကနေ ဘယ်လိုမှကို ထွက်မလာ။

နှစ်ခါလောက် စိမ်းကြည့်ပြီး ကျုပ်လက်လျှော့လိုက်ရတယ်။

ဟိုင်ယွဲ့ကို နှိုးပြီး ခပ်မာမာနဲ့..

“ဟိုင်ယွဲ့.. နင် ဒီလိုဆက်နေလို့မရတော့ဘူး။ ငါနေကောင်းပြီ။ နင် တစ်ခုခုစားပြီး နင့်အခန်းမှာ သွားနားလိုက်တော့”

“သူနေကောင်းတဲ့အထိ သူ့အနားမှာပဲ ငါနေချင်တယ်”

“နင် သူနဲ့ နေချင်ရင် အနားယူဖို့လိုမယ်။ ဒီကိစ္စတွေ မူကျီ နင့်ကို ပြောရမှာ။ ငါတို့တွေ ကျောင်းကိုပြန်ဖို့ လေဟာနယ် ဝင်္ကပါ ခင်းကျင်းဖို့ ငါစီစဉ်နေတယ်။ နင့်ပုံစံနဲ့ဆိုရင် လေဟာနယ်ထဲမှာ ဘယ်လိုမှ ဒဏ်ခံနိုင်မှာမဟုတ်ဘူး။ လေဟာနယ် ထဲမှာ နင်တစ်ခုခုဖြစ်သွားရင် မာခယ့်ကို ငါဘယ်လိုရှင်းပြရမှာတုန်း”

“အေးပါ.. ငါ နင့်စကား နားထောင်မယ်..”

ကျုပ် ညာလက်ကို ဆန့်ပြီး ပြန်လည်ကုသရေးမန္တန် သုံးလိုက်တယ်။ အလယ်တန်းအဆင့် မန္တန်ရဲ့ အလင်းရောင်ကတောင် ရွှေရောင်ပြောင်းသွားတာတွေ့တော့ ကျုပ်တော်တော် အံ့ဩသွားတယ်။ မှော်အစွမ်းနဲ့ဆိုတော့ ဟိုင်ယွဲ့မျက်နှာမှာ သွေးရောင် ပြန်လွှမ်းလာတယ်။

ရွှေရောင်အလင်းတွေ ပျောက်သွားတော့ ဟိုင်ယွဲ့ သက်ပြင်းတစ်ချက်ချလိုက်တယ်။

“ကျန်းကုန်း နင်ဘာမန္တန်သုံးလိုက်တာလဲ။ အရင်ကနဲ့ မတူတော့ဘူး။ ငါ့ခန္ဓာကိုယ်မှာ အားတွေ ပြန်ပြည့်လာသလိုပဲ”

ဘာတွေ ဖြစ်နေလဲ ကျုပ်မသိတော့ဘူး။ ဒါ ရွှေအမြူတေ(၂)ခု၊ သန့်ရှင်းသောဓား အဲဒါတွေနဲ့ ဆိုင်လိမ့်မယ်။

“ဒါ ရောဂါတွေကို ပဲကုပေးနိုင်သေးတာ ဇစ်မြစ်ကို ကုမပေးနိုင်သေးဘူး။ နင့်ခန္ဓာကိုယ် ပြန်ကောင်းဖို့ဆို သေချာ အနားယူမှ ရမယ်။ မာခယ့်အတွက် စိတ်မပူနဲ့။ မြန်မြန်သွားစားပြီး အိပ်သင့်တယ်။ နင် မြန်မြန်ကောင်းလာမှ ကျောင်းကို ပြန်ကြမယ်။ မာခယ့်အခြေအနေလဲ တိုးတက်လာမယ်လို့ ငါယုံတယ်”

မာခယ် ဒဏ်ရာရတဲ့အချိန်ကနေ အခုမှ ဟိုင်ယွဲ့မျက်နှာမှာ အပြုံးတစ်ချက် လက်လာတော့တယ်။ သူလှည့်ပြီး အခန်းထဲက ထွက်သွားတော့တယ်။

ကျုပ် ပြန်လည်ကုသရေးမန္တန်မှာ တိုးတက်လာတာ တစ်ခုတွေ့လိုက်ရတော့ မာခယ့်ကို ကျုပ်ရဲ့ အစမ်းသပ်ခံအဖြစ် ဘာလုပ် မလုပ်နိုင်ရမှာလဲ။ ထင်မထားဘဲ ကုပေးနိုင်တာတောင် ဖြစ်ကောင်းဖြစ်နိုင်သေးတယ်။ အနည်းဆုံးတော့ သူ့အခြေအနေ ပိုဆိုးသွားမှာ မဟုတ်တာတော့ သေချာတယ်။

“ကြီးမြတ်သော အလင်းရောင်။ သင့်ရှေ့က လူရဲ့ ဒဏ်ရာတွေကုသဖို့ အဆုံးမရှိ သန့်ရှင်းသောအလင်းရော်ကိုသုံးပြီး အသက်ကယ်ရန်အလို့ငှာ ကရုဏာနှလုံးသားကို သုံးလိုက်စမ်းပါ.. သန့်ရှင်းသောအလင်းနှလုံးသား”

ပတ်ဝန်းကျင်က အလင်းဓာတ်တွေ ကျုပ်နားမှာ စုလာပြီး တဖြည်းဖြည်းနဲ့ ကျုပ်ကို ဝိုင်းပတ်ထားလိုက်ကြတယ်။ ကျုပ် အရေပြားကနေ ရွှေရောင်ပုံသဏ္ဌာန်တစ်ခု ပေါ်လာပေမယ့် အရင်ကနဲ့ မတူတော့ဘူး။ သန့်ရှင်းသော အလင်းနှလုံးသားက အသာလေး တုန်သွားသလို အသက်ရှိနေတဲ့အတိုင်းပဲဆိုတာ ကျုပ်နားလည်လိုက်တယ်။

မာခယ့် ကိုယ်ထဲကို သူ့ရင်ဘတ်ပေါ်ကတဆင့် သန့်ရှင်းသော အလင်းနှလုံးသား ထည့်ပေးလိုက်တယ်။ ဒီတစ်ခါ သန့်ရှင်းသော အလင်းနှလုံးသားက အရင်တုန်းကလို ပျောက်မသွားတော့ဘူးလို့ ခံစားနေရတယ်။ နေရာတိုင်၊ အရပ်မျက်နှာအနှံ့ စီးဆင်းတဲ့ ရေတွေလို မာခယ့်ခန္ဓာကိုယ်ထဲ စီးဆင်းပြီး ပျက်စီးသမျှ သွေးကြော၊ လေကြော လမ်းကြောင်းတွေအတိုင်း ပြန်ကုပေးနေတယ်။ ဒီအတိုင်းသာဆို မာခယ် အသက်ပြန်ရှင်လာဖို့ မျှော်လင့်ချက်ရှိပြီမို့ ဝမ်းသာမိလိုက်တယ်။

ကျုပ် မှော်ပညာအစွမ်းနဲ့ မာခယ့် သွေးလေ လမ်းကြောင်းတွေ ဆက်တိုက် ပြန်ကောင်းလာလိုက်တာ အချိန်ဘယ်လောက် ကြာသွားမှန်းတောင် မသိတော့ဘဲ ကျုပ်အလင်းဓာတ်တွေ ပြန်ရုတ်လိုက်တယ်။ ကျုပ် ပါးစပ်ဟ အသက်ပြင်းပြင်း ရှူပြီးမှ မျက်လုံးဖွင့်ကြည့်လိုက်တယ်။ မူကျီ၊ စစ်ဝါနဲ့ ဟိုင်ယွဲ့တို့အကုန်လုံး ကျုပ်ကို မျက်လုံးပြူးကြီးတွေနဲ့ ဝိုင်းကြည့်နေကြတာ။

ဟိုင်ယွဲ့ စိုးရိမ်တကြီးနဲ..

“သူအခြေအနေ ကောင်းလား..”

ကျုပ်နှဖူးက ချွေးတွေသုတ်ဖို့ မူကျီဆီက ပဝါတစ်ထည့်ယူလိုက်ရင်း..

“ငါကုပေးလိုက်တာ မာခယ့် သွေးကြော လေကြောတွေ အားလုံးကို တစ်ပြိုင်နက်ထဲ ပြန်ကောင်းလာနေပြီ”

ဟိုင်ယွဲ့ ဝမ်းသာအားရနဲ့..

“ဒါဆို သူပြန်ကောင်းလာမှာပေါ့နော်..”

ကျုပ် ဝမ်းပန်းတနည်း ခေါင်းခါရင်း..

“ပြိုင်ဖက်ရဲ့ စွမ်းအင်လုံးကို သူဝင်ခံလိုက်တဲ့အချိန် လေဒြပ်စင်တွေ သူ့ခန္ဓာကိုယ်ထဲကို ဝင်သွားတာဆိုတော့ ဒဏ်ရာတွေ အပြည့်အဝ သက်သာနိုင်မှာ မဟုတ်သေးဘူး။ အဲ့ ဖရိုဖရဲဖြစ်နေတဲ့ လေဓာတ်တွေ သူ့မီးဓာတ်နဲ့ အပြန်အလှန် တိုက်ခိုက်နေကြတယ်။ ဒီတော့ သူ့နဂိုက ချောချောမွေ့မွေ့ စီးဆင်းနေကျ မီးဓာတ်တွေမှာ အပြောင်းအလဲ ကြီးကြီးမားမား တစ်ခု ဖြစ်သွားရတယ်”

============= (*^*)=============

အပိုင်း( ၁၅၃ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters