← Chapters

မြို့တော်သို့အပြန်

Vol. 11 Ch. 153

မြို့တော်သို့အပြန်

Vol. 11 Ch. 153

Child of light (ကျန်းကုန်း)

Volume 5: Chapter 20 - Return to the Capital

ကျုပ် ဟိုင်ယွဲ့ကို ကြည့်ပြီး…

“လောလောဆယ် သူ့ခန္ဓာကိုယ်ထဲမှာ ဆန့်ကျင်ဘက် ဒြပ်စင် (၂)မျိုးရှိနေတယ်။ ငါကုပေးနေတာက ဒြပ်စင်(၂)ခုရဲ့ အဖျက်စွမ်းအားတွေကို ခံနိုင်ရည်ရှိဖို့ပဲ ကူညီနိုင်တယ်။ တကယ် ပျောက်ဖို့ မလွယ်ဘူး။ အချိန်ကြာလာတာနဲ့ သူ့စွမ်းအား လှည့်ပတ်တဲ့ လမ်းကြောင်းတွေ ပျက်စီးမယ့် အနေအထားထိ ရောက်သွားလိမ့်မယ်”

ဟိုင်ယွဲ့ မာခယ့် ခန္ဓာကိုယ်ကို ပွတ်သပ်ပေးနေရင်း မျက်ရည်တဖြိုင်ဖြိုင် ကျနေလေရဲ့။

“ဟိုင်ယွဲ့.. နင်အဲလို ဖြစ်နေလို့မရဘူး။ ငါသူ့ကို မကုနိုင်ဘူးဆိုရင်တောင် သေလောက်တဲ့ အန္တရာယ် အဖြစ်မခံဘူးဆိုတာ ငါကတိပေးတယ်။ သူ့ကို တစ်ပတ် တစ်ကြိမ် ကုပေးဖို့ပဲလိုတယ်။ ငါတို့တွေ ဒီကျောင်းက ပြန်သွားရန် ဆရာကျန်းမှာ သူ့ကို ဘယ်လိုကုလို့ရမလဲဆိုတာ အဖြေတစ်ခု ရှိလောက်မှာပါ”

မူကျီက..

“ဒီလို အစွမ်းထက်တဲ့ ပြန်လည်ကုသရေးမန္တန်သုံးထားတာဆိုတော့ နင်အနားယူသင့်ပြီ”

“လူတိုင်း ဘေးကင်းဖို့နဲ့ ခရီးစဉ်တိကျဖို့အတွက် ငါ့မှော်စွမ်းအားတွေ အထွတ်အထိပ်ရှိနေဖို့လိုတယ်။ မူကျီ ငါ့ကို ကူပြီး ဝင်္ကပါ ခင်းပေးပါလား။ စစ်ဝါ ဝင်္ကပါခင်းဖို့ အကောင်းဆုံးဖြစ်မယ့်နေရာတစ်ခု ရှိပေးကွာ။ အမှားအယွင်း မဖြစ်နေနဲ့နော်”

ကျုပ် ပြောပြီးတာနဲ့ မှော်ဝင်္ကပါ စာအုပ်ကိုဖွင့်ပြီး စာအုပ် အလယ်က တစ်ရွက် စစ်ဝါကို ပေးလိုက်တယ်။

(၃)နာရီလောက် သမထ ထိုင်ပြီးမှ ထလာခဲ့လိုက်တယ်။ မာခယ့်ကို စစ်ဝါတို့ ဝင်္ကပါ ခင်းထားတဲ့နေရာ ခေါ်လာခဲ့လိုက်တယ်။

“မကြာခင် ဝင်္ကပါစပြီး လည်ပတ်တဲ့အခါ အားလုံး အကာအကွယ်အတွက် မင်းတို့အားအကောင်းဆုံး ကာကွယ်ရေး မန္တန်တွေသုံးရလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မာခယ့်လုံခြုံရေးကြောင့်လေ”

ကျုပ် ပြောပြီးတာနဲ့ ထောင့်(၆)ထောင့်နေရာတွေမှာ လေဟာနယ်လမ်းကြောင်း တိကျဖို့နဲ့ စွမ်းအား လုံလောက်ဖို့အတွက် အလင်းစွမ်းအား‌တွေ ဖြည့်ပေးရင်း ဆဋ္ဌဂံဝင်္ကပါတစ်ခု ထပ်ဆွဲလိုက်တယ်။

ပြီးတာနဲ့ ရွှေရောင်အလင်းတန်းတွေ ထိန်ကနည်းတောက်ပပြီး ကျုပ်တို့(၅)ယောက်လုံး ဝင်္ကပါထဲက ပျောက်သွားရော။

လေဟာနယ်ပို့နေတဲ့အချိန်လေးအတွင်းမှာ ပတ်ဝန်းကျင်က စွမ်းအားတွေ ကာကွယ် ကျုပ်ရဲ့ အကောင်းဆုံး ကာကွယ်ရေး မန္တန်ကိုသုံးပြီး မူမမှန်တဲ့ စွမ်းအားတွေကို ကာကွယ်ထားလိုက်တယ်။ အချိန်တောင် ရပ်သွားသမလား မှတ်ရတယ်။ ဘေး ပတ်ပတ်လည်မှာ ဘာဆိုဘာမှကို မမြင်ရတာ။ အးလုံး ဖိအားကြီးကို ခံနိုင်ဖို့ မျက်လုံးတွေ မှီတ်ထားလိုက်ကြတယ်။

*******************

ကျုပ်တို့ ခန္ဓာကိုယ်တွေ ရုတ်တရက် လင်းထိန်သွားတယ်။ လေဟာနယ် ပို့ဆောင်ခြင်း ပြီးသွားပြီလေ။ လေဟာနယ်ပို့တာ တော်တော် တိကျတော့ တော်ဝင်မှော်ပညာအလယ်တန်းကျောင်းမှာ ဆရာတိခင်းထားတဲ့ နေရာကို တည့်တည့်မတ်မတ် ဆိုတာ သေချာမှ ကျုပ်လဲ သက်ပြင်းချမိတော့တယ်။

မူကျီ အံ့ဩတကြီးနဲ့..

“ဒါဘယ်နေရာကြီးလဲ နေရာမှားပို့မိတာလား”

“နင့်ယောက်ျားကို ဘာလို့ ဒီလောက်တောင် ယုံကြည်မှုကင်းမဲ့နေရတာတုန်း။ အားလုံးပဲ တော်ဝင် မှော်ပညာ အလယ်တန်းကျောင်းက ကြိုဆိုပါတယ်။ ဆရာတိ ရုံးခန်း ပတ်ထားတယ်ထင်တယ်”

ဟိုင်ယွဲ့ ခေါင်းညိတ်ပြီး..

“ဟုတ်တယ်ဟ။ ဒါ တကယ်ကို အလယ်တန်းကျောင်း နောက်ထဲမှာ။ ငါဒီကို အရင် ရောက်ဖူးတယ်”

“ကဲ ကဲ သွားရအောင်။ မာခယ့်ကို ဆရာတိဆီ အရင်ပို့ရအောင်”

ညနေစောင်းနေပြီဆိုတော့ ကျောင်းက ကျောင်းသားတွေအကုန်လုံး အတန်းထဲမှာ ငြိမ်နေကြတယ်။ မာခယ့်ကို ဆရာတိ ရုံးခန်း ခေါ်သွားလိုက်တယ်။ ဒါပေမယ့် ဆရာတိ မရှိဘူး။ အခန်းဖွင့်ထားတာဆိုတော့ မာခယ့်ကို ကုတင်ပေါ် တင်ထားလိုက်တယ်။

“ဆရာတိ မရှိဘူးဆိုတော့ ငါသွားရှာလိုက်အုံးမယ်။ မင်းတို့တွေ ငါ့ကို ဒီမှာ စောင့်နေလိုက်”

ပြောပြီး တမ်းထွက်လာလိုက်တယ်။ ကျုပ်က ဒီမှာ (၅)နှစ်တောင် လေ့ကျင့်လာတာဆို‌တော့ ကြမ်းပိုး ဖြစ်နေပြီလေ။ ကျောင်းတနေရာမှာ ဆရာတိကို အမြန်ပဲ ရှာတွေ့လိုက်တာပေါ့။

ဆရာတိ ကျုပ်ကိုတွေ့တော့ ပြုံးပြုံးကြီးနဲ့..

“ကျန်းကုန်း ပြန်လာပြီလား..၊ ပြိုင်ပွဲကရော ဘယ်နှယ့်လဲကွ”

“ပထမ ရခဲ့ပေမယ့် မာခယ် ဒဏ်ရာအပြင်းအထန်ရလာတယ်။ မြန်မြန် လာကြည့်ပေးပါအုံး”

“ကောင်းပြီ သူတို့ အခု ဘယ်မှာလဲ”

“သူတို့ ဆရာ့အခန်းထဲမှာ။ ဆရာ တံခါးသော့ခတ်ဖို့ မေ့သွားပြန်ပြီနော်”

“အသက်ကြီးလာတော့လဲ မတတ်နိုင်တော့ဘူး။ မာခယ့်ဒဏ်ရာ ဘယ်လိုနေလဲ။ တော်တော် ပြင်းလား”

“ကျွန်တော့ကြောင့် သူ့အခြေအနေက တော်တော်တည်ငြိမ်နေပြီ။ ဒါပေမယ့်…”

“မင်း ပြန်လည်ကုသရေးမန္တန်က ငါ့အဆင့်နဲ့ အတူတူပဲ။ မင်းသူ့ကို မကုနိုင်ဘူးဆိုရင် ငါလဲ တတ်နိုင်မှာမဟုတ်ဘူး။ တော်ဝင်အထက်တန်းကျောင်းကိုသွားပြီး ချွမ်စုန့်ဆီ အမြန်သွားပြီး အကူအညီတောင်ပါလား။ ငါ မင်းသားဆီကို အကြောင်းကြားဖို့ တစ်ယောက် လွှတ်လိုက်မယ်”

ကျုပ် ခေါင်းညိတ်ပြီး တော်ဝင်အထက်တန်းကျောင်းကို အမြန်ပြေးလာလိုက်တယ်။

ဆရာကျန်း ကျုပ်ကိုတွေ့တော့ ဝမ်းသာသွားတယ်။ ကျုပ် ဘေးကင်းကင်းနဲ့ ပြန်လာနိုင်မှတော့ ပထမရခဲ့တယ်ဆိုတာ သူသိပြီးသား။ သူ ရယ်ရယ်မောမောနဲ့..

“ကျန်းကုန်း မင်းပြန်ရောက်ပြီလာ။ ပြိုင်ပွဲပြီးတာ (၂)ရက်ပဲရှိသေးတယ်လေ။ မင်း ဒီနေ့ .. ဘယ်လိုလုပ် ရောက်လာတာလဲ”

“ဒီတစ်ခါ ဆရာ ကျုပ်ကို သတ်လုနီးပါး လှည့်စားခဲ့တာနော်။ ပြိုင်ပွဲလား။ ဘာပြိုင်ပွဲတုန်း။ အစောကတည်းကကို မူမှန်တာ။ ကျုပ်တို့တွေ ပြန်မလာနိုင်တော့ဘူးတောင် ထင်နေတာ။ ကျေးဇူးပြုပြီး ကျွန်တောနဲ့ လိုက်ခဲ့ပါအုံး။ မာခယ် ဒဏ်ရာအပြင်းအထန် ရလာလို့ အခု ဆရာတိနေရာမှာ”

ဆရာကျန်း လန့်သွားပြီး..

“ဘာဖြစ်တယ်။ မာခယ် ဒဏ်ရာရထားတယ်ဟုတ်လား။ လာလာ အမြန်သွားမယ်”

အလယ်တန်းကျောင်းကို သွားရာလမ်းမှာ ပြိုင်ပွဲက အဖြစ်အပျက်တွေကုန် ဆရာကျန်းကို ပြောပြလိုက်ပေမယ့် သူမျက်မှောင်ကြုတ်နေတာဆိုတော့ စိတ်ထဲ သိပ်မဟတ်ဘူးဆိုတာ ကျုပ်သိလိုက်ယ်။

ကျုပ်တို့တွေ ဆရာတိအခန်းကို အမြန်သွားပြီး အခန်းထဲရောက်တာနဲ့ ဆရာတိကို ချက်ချင်းပေးနေတယ်..

“လောင်လွင် သူဘယ်လိုနေသေးလဲ ။ ကယ်နိုင်သေးလား”

မာခယ်ဆိုတာ မင်းသားရဲ့ သားဆိုတော့ ဘုရင့် သားဆိုလဲ မှန်တယ်လေ။ တော်ဝင်အထက်တန်းကျောင်းမှာ ရှိနေတုန်း မင်းသားခယ်ကျာ ဆရာကျန်းကို အပြစ်မတင်ဘူးဆိုရင်တောင် ဆရာကျန်းလဲ စိတ်ချမ်းသာမှာတော့ မဟုတ်ဘူးရယ်။

ဆရာတိ ဖြူဖွေးရှည်လျားတဲ့ သူ့မျက်ခုံးမွှေးတွေ ကြုံ့ရင်းနဲ့ ခေါင်းယမ်းတယ်။

“သူ့အခြေအနေ သိပ်မကောင်းဘူး။ သူ့ကိုယ်တွင်းက စွမ်းအင်လမ်းကြောင်းတွေကိုသာ ကျန်းကုန်း အတင်းအကြပ် ဖွင့်ပေးမထားရင် သေပြီးနေလောက်ပြီ။ မင်းကိုယ်တိုင်ပဲ သူ့အခြေအနေကို စစ်ကြည့်လိုက်ကွာ”

စစ်ဝါ ကျုပ်ကို..

“ကျန်းကုန်း ငါအရင်ပြန်လိုက်တော့မယ်။ အခြေအနေထူးရင် ငါ့ကိုပြောလေ။ ဒီကောင့်ကို ကူညီနိုင်မလားလို့ ဆရာရှီး ကို အကူအညီသွားတောင်းကြည့်အုံးမယ်”

ဆရာကျန်းက..

“မှန်တယ်။ စစ်ဝါ မင်းမြန်မြန်သွားပြီး အဲ့ကောင်ကြီး တူယုကို ခေါ်လာခဲ့လိုက်။ ဟိုင်ယွဲ့ နင်လဲ အိမ်ပြန်ပြီး နင့်အဘိုးနဲ့ ဟွမ်ယင်ယွဲ့ကို လာခိုင်းလိုက်။ မာခယ့် ဒဏ်ရာက ပြဿနာကြီးတယ်။ လောလောဆယ် ဖြေရှင်းဖို့ နည်းလမ်း ရှာလို့မရသေးဘူး။ ငါတို့ လူအိုကြီးတွေ စုပြီး ဖြေရှင်းနိုင်မလား ကြည့်ရသေးတာပေါ့”

ကျုပ် မူကျီကို ဆွဲခေါ်သွားပြီး..

“မူကျီ နင်အနားယူဖို့ အဆောင်ပြန်သွားလိုက်လေ။ နင်လဲ ကူညီနိုင်မှာမှ မဟုတ်တာ။ ဒီရက်ပိုင်းအတွင်း နင်လဲ တော်တော် ပင်ပန်းနေမှာပဲလေ”

မူကျီ ကျုပ်မျက်နှာကို အသာလေး ပွတ်ပေးပြီး..

“ကျန်းကုန်း နင်ဝိတ်တော်တော်ကျသွားတယ်။ စိတ်မပူနဲ့၊ မာခယ် သေချာပေါက် အဆင်ပြေသွားမှာပါ”

ကျုပ် ခေါင်းငုံ့ပြီး သူ့နဖူးလေးကို နမ်းလိုက်တယ်။

“မြန်မြန်ပြန်၊ ကောင်းကောင်းစားပြီး အနားယူလိုက်နော်”

============= (*^*)=============

အပိုင်း( ၁၅၄ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters