ခါးသီးခြင်းတွေ ကုန်ဆုံးလို့ ချိုမြိန်မှုများ စတင်ခြင်း
Vol. 11 Ch. 156
Child of light (ကျန်းကုန်း)
Volume 5: Chapter 23 - Bitterness Ends, Sweetness Begins
“တကယ်ကြီလား။ အရမ်းကောင်းတယ်။ အပြင်ထွက် စကားပြောရအောင်။ ဒီမှာ လူအရမ်းများတယ်”
ဒီလိုနဲ့ ဇာတ်ရှိန်တက်လာပြီး ကျုပ်တို့တွေ တွေ့နေကျ နေရာကို ရောက်လာကြတယ်။
မာခယ်၊ မူကျီနဲ့ ကျုပ် တို့တွေ လူရှင်းတဲ့ တစ်နေရာမှာ ထိုင်လိုက်ကြတယ်။
“မာခယ် နင်နောက်ဆုံးတော့ ပြန်ကောင်းလာပြီပေါ့။ ငါတို့တွေ ဘယ်လောက်ထိ စိတ်ပူနေလဲ ဆိုတာ နင်မသိဘူးနော်”
“ငါသိပါတယ်ဟာ။ ဟိုင်ယွဲ့ ငါ့ကို အားလုံးပြန်ပြောပြတယ်။ အစ်ကိုကြီး ကျေးဇူးတင်ပါတယ်။ နောက်ဆုံးပိတ် ပထမရခဲ့တယ်လို့ ဟိုင်ယွဲ့ ပြောတယ်ကွ”
“အဲ့ပြိုင်ပွဲစုတ်နဲ့ ပတ်သက်ပြီး သူဘာလို့ ထပ်ပြောနေတာလဲ။ မင်းကို ဟိုင်ယွဲ့ လက်ခံလိုက်ပြီဆိုတာပဲ ပိုစိတ်ဝင်စားတယ်။ ငါကို ပြောစမ်း”
“ဒဏ်ရာတွေနဲ့ သတိလစ်နေပေမယ့် သိစိတ် တစ်စိတ်တစ်ပိုင်းရှိသေးတာဆိုတော့ တော်တော်ကို နာနာကျင်ကျင် ခံစားခဲ့ရတာကွ။ အဆက်မပြတ် ဆွဲဖြဲနေသလိုပဲ။ ငါ သတိလစ်သွားလို့ မင်းကုပေးတာ ငါသိပေမယ့် သိပ်မကြာခင် ထပ်သတိလစ်သွားပြန်ရော။ ဘယ်လောက်ကြာသွားမှန်းတောင် မသိပါဘူးကွာ အေးစက်စက် စွမ်းအင် လှိုင်းလုံးကြီး ငါ့ခန္ဓာကိုယ်ထဲဝင်လာပြီး နာကျင်နေသမျှ အကုန်ပျောက်သွားရော။ လေမှာ ပျံနေရသလိုကို ခံစားလိုက်ရတာ။ တော်တော်ကို နေလို့ကောင်းတယ်ကွ။ ရေပုံးကြီးကို ကန်ချလိုက်မိတယ် ထင်နေတာ။ ဒါပေမယ့် သတိရလာလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ငါ့အခန်းထဲမှာ ငါတစ်ယောက်ထဲရှိတယ်”
“ဘာကြောင့် မင်းအခန်းထဲ ပြန်ရောက်နေရတာလဲ”
“ဟိုင်ယွဲ့နဲ့ သူ့အဘိုး ငါ့ကို ကုပြီးတာနဲ့ မင်းသားစံအိမ်ကို ပြန်ပို့လိုက်တာကွ”
မူကျီ ဝင်ပြီး..
“အဲ့တုန်းက နင်နဲ့ ဟိုင်ယွဲ့ အခြေအနေက…”
မာခယ် ရှက်ရဲရဲဖြစ်သွားပြီ..
“မူကျီ နင်ခနလောက် ရှောင်ပေးလို့ရမလား။ တစ်ချို့စကားတွေက နင်မကြားတာ ပိုကောင်းတယ်ဟ”
“ဘာ မကြားသင့်ဘူးလဲ။ ငါနားထောင်ချင်တယ်”
မာခယ့်မျက်နှာ နီရဲလာပြီး တိုးတိုးလေး ပြောတယ်..
“ဒါ ဖိုမ ဆက်ဆံရေးနဲ့ ဆိုင်တဲ့ ကိစ္စဟ။ နင် နားထောင်ချင်တာ သေချာလား”
အဲ့တော့မှ မူကျီ မျက်နှာလေး ရှက်သွေးဖျာပြီး ထွက်ပြေးသွားပါလေရော။
“နင် တော်တော် စိတ်ရှုတ်ဖို့ကောင်းတယ်။ နင်တို့ (၂)နှစ်ယောက်ပေါင်းမိရင် ကောင်းတာကို မရှိဘူး။ ဟွင့်…”
မာခယ်နဲ့ ကျုပ်ကတော့ သဘောကျလွန်းလို့ ရီလိုက်ရတာဗျာ.. အဟီး။
“ကဲ ပြောတော့ ဘာတွေ ဖြစ်သွားလဲ”
မာခယ် လည့်ပတ်ပြီး ပတ်ဝန်းကျင်မှာ လူသူ ရှိမရှိ လိုက်ကြည့်လိုက်သေးတယ်။
“ငါနိုးလာတော့ သွေးတွေ ထွက်နေတယ်…”
“ဘယ်နေရာမှာလဲ..”
မာခယ် ပြုံးပြုံးကြီးနဲ့ အောက်ဘက်ကို ငုံ့ပြရင်း..
“အဲ့ နေရာမှာ..”
“ဒါ ဆို မင်းပြောချင်တာက…..”
“ဟုတ်တယ်။ မင်းထင်တာ အမှန်ပဲ”
“မင်း တော်တော် ကံကောင်းတဲ့ကောင်ကွာ။ ဟိုင်တျန်းရှင်း ဖုံးဖုံးဖိဖိလုပ်နေတာ အံ့ဩစရာ မရှိတော့ဘူးပဲ။ ပြန်လည် ကုသရေးနည်းလမ်းက ဟိုင်ယွဲ့ရဲ့ အပျိုစင်ဆိုတာနဲ့ ပတ်သက်နေတယ်လို့တော့ သူပြောခဲ့သေးတာ။ ဒါဆို မင်း ဘာဆက်လုပ်လဲ”
“အဲ့ တုန်းကတော့ ဘာမှ မလုပ်နိုင်ဘူးပေါ့ကွာ။ အဲ့ကိစ္စတွေးမိတိုင်းတစ်ခုခု လွဲနေသလို ခံစားရတယ်။ ငါ့ အဖေပြောမှ ငါ့သံသယတွေ အတည်ပြုဖို့ ဟိုင်တျန်းရှင်း ကို ချက်ချင်းဖိတ်ခေါ်လိုက်တယ်။ အဲ့အချိန်ကျ ငါ့အဖေက ငါနဲ့ ဟိုင်ယွဲ့ မင်္ဂလာ ကိစ္စပြောကြရောကွ။ ငါကျောင်းပြီးတာနဲ့ အိမ်ထောင်ချပေးမယ်ပြောရော”
မာခယ် ပြောရင်းနဲ့ကို ဖီးတွေ စွတ်တက်နေတာ။
“ဟိုင်ယွဲ့ သဘောတူလား”
“ငါ နည်းနည်း လှုပ်ရှားနိုင်တာနဲ့ ဟိုင်ယွဲ့နဲ့ တွေ့ရအောင် ရှင်းမိသားစုကို ချက်ချင်း သွားတာပေါ့။ ပထမတော့ သူငါ့ကို မတွေ့ချင်ဘူး တဲ့ဟေ့။ အဟီး။ ဘာရမလဲ ယောက်ျားမာယာနဲ့ မြေကြီးပေါ် လှဲချပစ်လိုက်တာပေါ့။ အဲ့ကျမှ အခန်းထဲက ထွက်လာပြီး ငါ့ကို ပွေ့ထူတော့တာ။ ဒီလို အခွင့်အရေးမျိုးတော့ ဘယ်လက်လွှတ်ခံလိမ့်မလဲကွာ တစ်ခါတည်း ရင်ဘတ်ထဲ ဆွဲထည့်ပစ်တာပေါ့။ သူ့ကို ကယ်ပြီးမှပဲ ဘယ်သူက သူ့အတွက် အဖော်မွန်လဲဆိတာ သူနားလည်သွားတယ်လို့ ပြောတယ်ကွ။ သူ ငါ့ကို လက်ထပ်ဖို့ သဘောတူတယ်တဲ့။ ဟား ဟား”
ကျုပ် မာခယ့် ခေါင်းခေါက်ပြီး..
“သတိလေးလဲထားအုံး နှာရည်တွေလဲ ထွက်နေပြီ..”
“ငါ အရမ်းပျော်နေတာကွ။ နှစ်တွေမနည်းဘူး ကြိုးစားခဲ့ရသမျှ အခုမှ အဆင်ပြေသွားတော့တယ်”
“ညီလေး… နောက်ဆုံးတော့ မင်း အနစ်နာခံခဲ့ရတာတွေအတွက် ဆုလာဘ်ရလိုက်ပြီပေါ့။ ဒါကို မင်းတန်ဘိုး ထားရမယ်နော်။ ဟိုင်ယွဲ့ မင်းကို ဘာလို ကယ်တာလဲဆိုတာ မေးဖူးလား”
“အင်း.. မေးတာပေါ့။ ဒါပေမယ့် သူရှက်ပြီး မဖြေဘူးကွ..”
“ဒါဆို မင်း မပိုင်သေးဘူး ဆိုတဲ့ သဘောပေါ့ကွာ။ ဒါပေမယ့် ဘာဖြစ်ဖြစ်ပါလေ…”
“ငါလဲ အဆင့် မကျော်ရဲဘူးဟ။ အစက စိတ်ကူးခဲ့သေးပေမယ့် သူငြင်းတယ်ကွ။ သူ့ကို ရဖို့ ငါ့မှာ အများကြီး ကြိုးစားခဲ့ရတာဆိုတော့ အတင်းအကြပ် မလုပ်ချင်တော့ဘူးကွာ။ ဒါတောင် သူငါ့ကို ဖက်ခွင့် ပေးထားသေးတာပဲ။ သူ အခု ငါ့လက်က ပြေးမလွတ်တော့ဘူးလေ။ ငါအရမ်း ကျေနပ်နေပြီ”
မာခယ်နဲ့ ဟိုင်ယွဲ့တို့ကတော့ အချိန်အကြာကြီး တင်မာနေရာကနေ အဆင်ပြေသွားကြပြီ။ ကျုပ် သူတို့အတွက် တကယ်ကို ပျော်တယ်ဗျ။ ဒါပေမယ့် မူကျီနဲ့ ကျုပ်တို့ကရော ဘာတွေ ဆက်လုပ်ကြမလဲ။ သူ့ကို ကျုပ်ဘယ်တော့များမှ ပိုင်ဆိုင်နိုင်မယ်ဆိုတ တွေးလို့ကို မရသေးဘူး။
“အစ်ကိုကြီး.. ဘာတွေ စဉ်းစားနေတာလဲ”
“ဘာမှ မဟုတ်ပါဘူးကွာ။ ငါမင်းအတွက် တကယ်ပျော်တယ်။ ဒီတစ်ခါတော့ မင်းဒုက္ခ မရောက်ဘူး မို့လား”
“ဟုတ်တယ်။ ငါဘယ်တော့မှ နောင်တ ရမှာမဟုတ်ဘူး။ အစကတော့ ဟိုင်ယွဲ့ကို ကာကွယ်ပေးလိုက်တုန်းက အသက်ရှင်မယ်တောင် မထင်ခဲ့ဘူးလေ။ ဟိုင်ယွဲ့ကို ကာကွယ်ဖို့ ငါ့ကိုငါ စတေးချင်တာပဲ သိတယ်။ မိုးကောင်းကင်က ငါ့ကို ကောင်းကောင်း မစလိုက်တာပဲ။ ငါ့အသက် ပြန်ပေးယုံတင်မဟုတ်ဘူး ငါ့ဘဝလက်တွဲဖော် တောင်ပသေး”
ကျုပ် မတ်တပ်ရပ်ပြီး သူ့ပုခုံးကို ပုတ်ရင်း..
“ဟိုင်ယွဲ့ ဒီနေ့ အတန်းတက်တယ်မို့လား။ မင်းဘဝသစ်ကို ဂုဏ်ပြုတဲ့အနေနဲ့ တိုးတက်သော ကျောက်စိမ်းဒီရေမှာ နေ့လည်စာ ကောင်းကောင်း သွားစားကြမယ်။ အခုတော့ ငါတို့တွေ အတန်းပြန်တက်ကြစို့”
“အစ်ကိုကြီး။ ငါလဲ အတန်းပြန်တက်တော့မယ်။ နေ့လည် ဆုံကြတာပေါ့”
မူကျီနဲ့ ကျုပ် စစ်ဝါကို အကြောင်းကြားပြီး နေ့လည်ပိုင်းကျ တိုးတက်သော ကျောက်စိမ်း ဒီရေ ကိုသွားတဲ့လမ်းမှာ မျက်နှာတွေ ရဲတွတ်ပြီး ခေါင်းငုံ့ထားကြတဲ့ မာခယ်နဲ့ ဟိုင်ယွဲ့တို့ကို တွေ့ရပါလေရော။
ကျုပ် ဟိုင်ယွဲ့ကို မစဘဲ မနေနိုင်တော့ဘူး။
“ဝါး… ဟိုင်ယွဲ့… နင့်မျက်နှာ ဘာလို့ နီတွတ်နေတာလဲ။ နင် နာကျင်နေလို့တော့ မဟုတ်ပါဘူးနော်..”
ဟိုင်ယွဲ့ မျက်နှာ ရဲရဲနီပြီး ရှက်ရဲရဲနဲ့ ခေါင်းသာ တွင်တွင် ငုံ့ထားတော့တယ်။
မာခယ် အလျင်စလိုနဲ့..
“အစ်ကိုကြီး။ ထပ်မစနဲ့တော့။ တော်တော့ကွာ..”
စစ်ဝါနဲ့ ကျုပ် ပြိုင်တူ ရယ်လိုက်မိကြတယ်။
“အခုတော့ ဟိုင်ယွဲ့ကို စပြီး ကာကွယ်နေပြီပေါ့လေ။ မင်း တော်တော် ဆိုးတဲ့ကောင်။ နောက်ဆို မင်းလဲ မယက ဖြစ်မယ့်ကောင်ပါကွာ။ ဟား ဟား ဟား ဟား”
မာခယ် အရူးအမူးပုံစံနဲ့..
“ငါကတော့ တစ်သက်လုံး သူ့လွှမ်းမိုးမှုအောက်မှာပဲ နေမှာ”
ဟိုင်ယွဲ့ မာခယ့်လက်ကို ကိုင်ပြီး ချစ်ရိပ်တွေနဲ့ ကြည့်နေလေရဲ့။
မူကျီက..
“ကြည့်စမ်း။ သူတို့တွေ ဘယ်လောက် ချစ်ဖို့ကောင်းလဲ။ နောက်ဆို နင့်ကိုလဲ အဲလိုဖြစ်စေချင်တယ်။ ဘယ့်နှယ့်လဲ”
အာ မကောင်းတော့ဘူး။ ကျုပ် အဖြေမှားတာနဲ့ ကျွင်းတူးရတော့မယ့်အကွက်ကြီး။
“ကျေနပ်တယ်။ ကျေနပ်တယ်။ ကျေကျေနပ်နပ်ကြီးနဲ့ ဆန္ဒရှိတယ်”
ဒီလို မပျော်ဖြစ်ကြတာ ကြာပြီဗျ။ အဖြစ်ဆိုးကြီးကို ကျော်ဖြတ်ပြီးတဲ့ခါ ကျုပ်တို့တွေ တစ်ယောက်ကိုတစ်ယောက် ပြောစရာမလိုအောင်ကို အရင်းနှီးဆုံးသူတွေ ဖြစ်လာကြပြီး အရာအားလုံးနဲ့ သဟဇာတ ဖြစ်တဲ့ နေလည်စာ စားလိုက်ကြတာပေါ့ဗျာ။
============= (*^*)=============
အပိုင်း( ၁၅၇ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား