← Chapters

ဆရာ့ထံမှ ဆင့်ခေါ်ခြင်း

Vol. 11 Ch. 158

ဆရာ့ထံမှ ဆင့်ခေါ်ခြင်း

Vol. 11 Ch. 158

Child of light (ကျန်းကုန်း)

Volume 6: Chapter 2 - Teacher’s Summons

ကျုပ် အမူအရာ နည်းနည်းလေး လေးလံသွားပေမယ့် အားတင်းပြုံးရင်း..

“ငါတို့ ဒီအတိုင်းပါပဲ”

“ဒါဆို အရမ်းကောင်းတယ်။ ငါတို့တွေ မကြာခင် ကျောင်းပိတ်တော့မှာဆိုတော့ နင်ဘာတွေလုပ်ဖို့ စီစဉ်ထားလဲ”

အစီအစဉ်လား။ ကျုပ် စဉ်းကို မစဉ်းစားမိသေးတာ။

“မသိသေးပါဘူးဟာ။ ကျောင်းပိတ်မှပဲ အစီအစဉ်ဆွဲတော့တယ်။ ဖြစ်နိုင်တာတော့ အိမ်ပြန်ဖို့ပဲများတယ်”

“ဒါ အစီအစဉ်ကောင်းပဲလေ။ နင့်မှော်အစွမ်းက မှော်သခင်ကြီးအဆင့် ရောက်နေပြီးလို့ ငါ့အစ်မပြောတယ်။ တကယ်ပဲလား”

မတတ်နိုင်တော့ဘူး။ ကျုပ်လဲ သူ့ကို လိမ်မှ မလိမ်ချင်တာဆိုတော့..

“အမှန်ပဲ။ ငါ အဲ့အဆင့်ကို ရောက်ဖို့က အချိန်အရမ်းနီးနေပြီ။ နင်ခန္ဓာကိုယ်ထဲက မှော်စွမ်းအားတွေ အများကြီး တိုးတက်မလာသလိုပဲ။ နင် ကြိုးစားရမယ်နော်”

ကျုပ် ပြောပြီးကာမှ အဲ့စကားအတွက် နောင်တရလိုက်မိတယ်။ ထင်ထားသလိုပဲ ကျုပ်စကားကြားတော့ ဟိုင်ရှင်းအမူအရာတွေ မှိုင်းကျသွားပြီး..

“ငါ့စိတ်က တစ်ခြားတစ်ယောက်ဆီ ရောက်နေမှတော့ ဘယ်လိုလုပ် အာရုံစိုက်နိုင်မှာလဲလို့”

ပြောပြီး ကျုပ်ကို စူးစိုက်ကြည့်နေပြန်ရော။

ကျုပ်နှလုံးသားတွေတောင် တဒိတ်ဒိတ်ခုန်သွားတယ်။ ဟိုင်ရှင်းရင်ထဲက နှလုံးခုံသံပြင်းပြင်းတွေကို ကျုပ်ကောင်းကောင်း နားလည်ပေမယ့် ကျုပ်နှလုံးသားက မူကျီကို ပေးထားပြီးသားလေ။ တစ်ဖက်မှာ ကျုပ်ချစ်ရတဲ့သူ၊ တစ်ဖက်မှာ ကျုပ်ကို ချစ်နေတဲ့သူ။ နှစ်ဖက်စလုံး ကျုပ်ဘယ်လိုလုပ်ရပါ့မလဲဗျာ။

ကျုပ် ချောင်းဟန့်ပြီး ခေါင်းစဉ်ပြောင်းလိုက်ရတယ်..

“နင် စားပြီးပြီလား..”

“မပြီးသေးဘူး။ သွားစားမလိုပဲ။ တိုက်တိုက်ဆိုင်ဆိုင် နင့်ကို မြင်လိုက်လို့ ဒီရောက်လာတာ”

“နင် များများစားသင့်တယ်။ နင်တော်တော် ဝိတ်ကျသွားတာဟ”

ဟိုင်ရှင်း မျက်ဝန်းတွေ နီရဲလာပြီး ဆောင်းခိုငှက်လေးတစ်ကောင်လို ကျုပ်ရင်ခွင်ထဲ ပစ်ဝင်ပြီး ရှိုက်ငိုတေတော့တာဗျို့။

သူလုပ်လိုက်တာ ကျုပ်လန့်သွားပေမယ့် တွန်းထုတ်မပစ်ရက်ဘူး။ ဘာလုပ်ရမှန်းလဲ မသိတော့တဲ့အချိန် ကျုပ် အဝတ်အစားတွေမှာ သူ့မျက်ရည်တွေနဲ့ ရွှဲသွားပြီ။

နည်းနည်းကြာတော့မှ ဟိုင်ရှင်း ကျုပ်ကို လွှတ်ပေးလိုက်တယ်။ ပြီးတော့ နည်းနည်းလေးပဲ ခွာရပ်လိုက်တယ်။ သူ့အသက်ရှူလိုက်တိုင်း ကျုပ်မျက်နှာကို လေလှိုင်းရိုက်နေတော့ နည်းနည်းတောင် မူးချင်ချင်ဖြစ်သွားတယ်။

ဝိုင်းစက် လှပလွန်းတဲ့ ဟိုင်ရှင်းမျက်နှာမှာ မျက်ရည်တွေ ပြည့်နေပြီ။ ပြီးတော့ သူ အသံတိုးတိုးနဲ့..

“နင့်ခံစားချက် နည်းန်ညးလေးတောင် ငါ့ကို မပေးနိုင်ဘူးလားဟင်။ ငါဒီလို ဖြစ်နေတာ နင်နေနိုင်တယ်ပေါ့”

ကျုပ် ဟိုင်ရှင်းကို လန့်ပြီး ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး။

ဘာမပြောညာမပြောနဲ့ ကျုပ်နှုတ်ခမ်းကို တစ်ချက်နမ်း၊ သက်ပြင်းချပြီး ထွက်ပြေးပါလေရော။

တဖြည်းဖြည်းဝေးပြီး ပျောက်သွားတဲ့ သူ့ကျောပြင်ကို ကြည့်ပြီး ကျုပ်စိတ်တွေ ပိုမှိုင်းလာတယ်။ ဟိုင်းရှင်းအပေါ် ခံစားချက်မရှိတာတော့မဟုတ် ဆိုတာ ကိုယ့်ဟာကိုယ်ပြောရင်း နည်းနည်းထူးခြားတဲ့ ခံစားချက်ဖြစ်နေတယ်။ ဒါပေမယ့် နှလုံးသား နိုးကြွလာရင်တော့ တားဆီးဖို့ ခက်မယ်ထင်တယ်။

ကူကယ်ရာမဲ့ ပြုံးရင်း ဟိုင်ရှင်းနမ်းသွားတဲ့ ကျုပ်နှုတ်ခမ်းသားကို ပြန်ပွတ်ကြည့်မိပြီး ဘာလုပ်ရမှန်းကို မသိတော့ဘူး။

လပွတ္တာကမပြီးသေးဘူး အာလက္ကပ္ပက ထပ်ရောက်လာသလိုမျိုးပဲ။ မူကျီနဲ့တောင် မပြီးပြတ်နိုင်သေးရတဲ့အထဲ ဟိုင်ရှင်းက ရောက်လာပြန်ပြီး။ ကျုပ်ဘာလုပ်ရမလဲလို့…။

အဆောင်မပြန်ခင် တိုးတက်သော ကျောက်စိမ်းဒီရေကို မသွားတော့ဘဲ ကြုံရာမှာပဲ ဗိုက်ဖြည့်ခဲ့လိုက်တော့တယ်။

နောက်ရက်တွေအထိ မူကျီကို ကျုပ်ဘာစကားမှကို မပြောဖြစ်ဘူး။ သူ့ဘေးမှာ ထိုင်ပြီး သူ့ကိုကြည့်နေယုံပဲလုပ်နေတာ။ စိတ်ထားမှာတော့ နင် ငါ့ကို ဘာလို့များ လက်မခံနိုင်ဖြစ်နေရတာလဲ ဆိုတာတွေနဲ့ ပြည့်နေတယ်။

မူကျီလဲ ကျုပ်ရဲ့ ခံစားချက်အပြည့်နဲ့ လေးနက်လွန်းတဲ့ အကြည့်တွေကို ရင်မဆိုင်ရဲဘူး။ သူ ကျုပ်ကို ရှောင်နေတာ သိသာတယ်။

မာခယ် ရုတ်တရက်ရောက်လာပြီး ပြုံးရင်းနဲ့..

“အစ်ကိုကြီး.. ဒီရက်ပိုင်း မင်းဘယ့်နှယ့်လဲကွ..”

“မင်းလိုတော့ အဆင်မပြေဘူးပေါ့ကွာ။ မင်းကတော့ နေ့ရောညပါ ဟိုင်ယွဲ့နဲ့ တပူးပူး ဖြစ်နေတော့ အစ်ကိုဆိုတာတောင် မေ့ပြီး ဥပေက္ခာပြုထားနိုင်နေပြီ။ ဒါ သူငယ်ချင်းထက် အချစ်ကို ပိုအလေးသာသူတွေရဲ့ ပြီးပြည့်စုံတဲ့ ဥပမာကောင်းပဲ။ ငါ့အထင်တော့ မင်းမေ့ကိုနေတာပါကွာ..”

“အဲလို မဟုတ်ပါဘူးကွာ။ ငါ ဘယ်သူတွေကို မေ့မေ့ မင်းကိုတော့ မေ့နိုင်ပါ့မလား အစ်ကိုကြီးရာ။ အခုပဲ ငါ မင်းကို လာတွေ့တာပဲ မဟုတ်ဘူးလား”

“အဲလိုပဲ ပြောကြတာပါပဲ။ မင်းဘာလို့ လာလဲဆိုတော့… အရေးကြီးကိစ္စတစ်ခုခုမရှိရင် မင်းလာတွေ့မှာမဟုတ်ဘူးရယ်”

“အဟီး။ အစ်ကိုကြီးက အကုန်ရိပ်မိနေတာပဲ။ ဆရာတိ မင်းကို လာတွေ့ခိုင်းလို့ကွ။ မနေ့က ငါအိမ်ပြန်တော့ အဲ့အဘိုးကြီးနဲ့ တွေ့ခဲ့တာ။ ဒီနေ့ အတန်းပြီးရင် သူ့ကို လာတွေ့လှည့်ပါတဲ့”

“ဟုတ်ပြီလေ။ မင်းမှာ နောက်ထပ် ဘာပြောစရာရှိသေးလဲ”

“အဲဒါပါပဲ။ တခြားမရှိပါဘူး။ ဟိုင်ယွဲ့ကတော့ မင်းသူ့ညီမကို အနိုင်မကျင့်နဲ့လို့တော့ ပြောခိုင်းတာပဲ။ အား.. အစ်ကိုကြီး ငါ့ကို လာမရိုက်နဲ့လေ”

ကျုပ် သူ့ခေါင်းကို ခေါက်ပစ်လိုက်တာလေ။

“မင်းကိုမှ မရိုက်ရရင် ဘယ့်သူ့ကို သွားရိုက်ရမှာတုန်း။ ဒီကိစ္စ မင်းဉာဏ်လေး တစ်ထွာတစ်မိုက်နဲ့ သိနိုင်တာမျိုး မဟုတ်ဘူးလေ။ မင်း နားရင်းကောင်းလို့ လက်ဝါးတောင်းနေတာလား”

“တော်ပြီ တော်ပြီ။ အစ်ကိုကြီးနဲ့ ဆက်ငြင်းမနေတော့ဘူး။ ဘာပဲဖြစ်ဖြစ် ငါပြောပြီးပြီနော်။ ဆရာတိကို သွားတွေ့ဖို့ မမေ့နဲ့”

ဒင်းက ပြောပြေး ပြေးသွားပြီ။

“ငါသိတယ် ဟေ့ကောင်။ မင်း ဟိုင်ယွဲ့ဆီ ခြေကုန်သုတ်ရတော့မှာမို့လား”

ဒီကောင် ဟိုင်ယွဲ့ကို ရပြီးမှ အချိုးတွေ တော်တော် ပြောင်းသွားတယ်။ မြောက်ကြွနေရောပဲ။

ကျောင်းဆင်းတော့ တော်ဝင်အလယ်တန်းကျောင်းကို တစ်ယောက်တည်း ထွက်လာခဲ့လိုက်တယ်။

“ကျန်းကုန်း မင်းလာပြီလား”

“ဆရာတိ ကျွန်တော့ကိုခေါ်တယ်လို့ မာခယ်ပြောလို့”

“အေးလေ။ အဲလိုမှမဟုတ်ရင် မင်းငါ့ကို လာတွေ့ပါအုံးမလား”

အမ်.. ကျုပ် မာခယ့်ကို ပြောလိုက်တဲ့ လေသံနဲ့ စကားလုံးတွေ အတိုင်းပဲ။

“ဒါဆို ဒီအဘိုးကြီး ကျုပ်ကို လွမ်းနေတယ်ပေါ့လေ”

“ဘာ အဘိုးကြီးလဲ။ ငါ အဲလောက်တောင် အသက်ကြီးသွားပြီလား။ မင်းကို ဘယ်သူက လွမ်းနေရအုံးမှာတုန်း။ အရေးကြီး ကိစ္စတစ်ခုရှိလို့ မင်းကို တွေ့ချင်တာ”

“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ဆရာ ဘယ်လိုလုပ် အသက်ကြီးအုံးမှာလဲ။ သူရဲကောင်း တစ်ယောက်ရဲ့ အားအင် အထွတ်အထိပ် အနေအထားမှာပဲ ရှိသေးတာကို အဟီး”

ကျုပ် နည်းနည်းမြှောက်ပေးလိုက်မှ သူ့အမူအရာ ပြောင်းသွားတော့တယ်။

“မင်း တော်တော် အပြောကောင်းတဲ့ကောင်ပဲ။ နေစမ်းပါအုံး မင်းမှော်စွမ်းအားတွေရော တိုးတက်မှု ရှိရဲ့လား”

“ဘာလို့ မတိုးတက်ရမှာလဲ။ စမ်းကြည့်လို့ရတယ်နော်”

“ငါက ဘာလို့ စမ်းရမှာတုန်း။ မင်းစွမ်းအားက ငါ့ထက်မနိမ့်ဘူးလေ။ ဒီအဘိုးကြီး နောက်ထပ် နှစ်နည်းနည်းလောက်တော့ အသက်ရှင်ချင်သေးတယ်”

ဟမ်။ ကျုပ်ကျ အဘိုးကြီးမခေါ်နဲ့တဲ့ ။ အခုကျ သူ့ကိုသူ အဘိုးကြီးဆိုပဲ။

“ကျွန်တော့ကို ဘာလို့ တွေ့ချင်တာလဲ”

“ကျောင်းပိတ်ရက်က ရောက်တော့မယ်။ မင်းဘာတွေ စီစဉ်ထားလဲ”

“အိမ်ကို ပြန်မယ်လို့တော့ စဉ်းစားထားတယ်”

“ဒါလဲ ကောင်းပါတယ်။ မင်း ထွက်လာတာ (၁)နှစ်လောက်ရှိပြီဆိုတော့ အိမ်ပြန်သင့်ပါတယ်။ ဒါပေမယ့် မင်း အိမ်မပြန်ခင် မင်းကို ကိစ္စတစ်ခုလောက် ဖြေရှင်းစေချင်လို့”

“ဘာကိစ္စလဲ။ ကျွန်တော့ကို ပြောပြပါအုံး”

“ကလေး… ရှောင်ကျင်းရဲ့ မူရင်းအမိမြေကို ရှာဖို့ ဟိုတုန်းက ငါပြောခဲ့တာ မှတ်မိသေးလား”

“ကျွန်တော် မှတ်မိပါတယ်”

“ရှောင်ကျင်းက နဂါးမျိုးနွယ်ရဲ့ နောက်ဆုံးမျိုးဆက် နဂါးဘုရင်လေ။ ဒီကျောင်းပိတ်ရက် သူ့အိမ်ပြန်ပို့စေချင်တယ်။ သူ့မှာလဲ မင်းလို မိဘတွေ ရှိတယ်လေ။ မိဘနဲ့ သားသမီး ပြန်ပေါင်းစည်းမပေးချင်ဘူးလား”

============= (*^*)=============

အပိုင်း( ၁၅၉ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters