မူကျီ ထွက်သွားပြီ
Vol. 11 Ch. 160
Child of light (ကျန်းကုန်း)
Volume 6: Chapter 4 - Mu Zi Leaves
မူကျီ ပြုံးတုန့်တုန့်နဲ့..
“ငါနင့်ကို စတွေ့ကတည်းက ထူးခြားတဲ့ လူတစ်ယောက်ဖြစ်မယ်ဆိုတာ အလိုလိုသိနေတယ်။ အောင်မြင်တဲ့ ယောက်ျား တစ်ယောက်ရဲ့ နောက်မှာ ဇနီးတစ်ယောက်ပဲ ရှိတာသေချာတယ်။ နင့်နှလုံးသားကို တခြားသူခိုးဖို့ ခွင့်မပြုနိုင်မှတော့ ငါ့ယုံကြည်ရနိုင်တဲ့ ညီအစ်မမျိုး ဘာလို့ ကြိုမရှာရမှာလဲ။ နောက်နောင် နင်စိတ်ပြောင်းသွားရင်တောင် ငါ့မှာ အကူအညီတွေနဲ့လေ အဟီး…”
“ငါက နင်ပြောနေတဲ့ လူစားမျိုးမို့လို့လား”
မူကျီ ဟိုင်ရှင်းကို တကယ်ကြီး လက်ခံချင်နေတာပဲ။ သူတွေးနေတာတွေက ကျုပ်ဖြင့် ရှက်လွန်းလို့ ချွေးဇောပျံနေတဲ့ အထိပဲ။
“အခု နင့်ကို ကောင်းကောင်းပြောနေတာ။ နောက်နောင် ဘာတွေဖြစ်လာမလဲဆိုတာ ငါလဲမသိဘူးလေ။ နင်တို့ ယောက်ျားတွေက ကောင်းတာမဟုတ်ဘူး။ အသစ်မြင်ရင် အဟောင်းမေ့တတ်ကြတာ။ ငါမှ နင့်ကို အနိုင်မယူနိုင်တာ၊ နင်ငါ့ကို အနိုင်ကျင့်ရင် ဘယ်လိုလုပ်မလဲ။ ဟိုင်ရှင်းနဲ့ (၂)ယောက် ပေါင်းလိုက်ရင်တော့.. အဟင်း… နင်သိပါတယ်…”
ပန်းသီးလေးတစ်လုံးလို ချစ်စရာကောင်းလွန်းတဲ့ အဲ့ကောင်မလေးကို ကျုပ်အူယားလာတော့ သူ့လက်ကလေးကို လှမ်းဆွဲပြီး စာသင်ခုံအောက်မှာ ကိုက်ပစ်လိုက်တယ်။
“နင်.. နင် ဘာလုပ်တာလဲ။ ငါတို့တွေ အတန်းတက်နေတုန်းပဲနော်”
“ငါနဲ့ ဟိုင်ရှင်းကိစ္စ နင်မကန့်ကွက်ဘူးဆိုမှတော့ ငါသွားကိုပြောလိုက်အုံးမယ်။ ကြည့်ထား”
မူကျီ မျက်နှာမှာ ချက်ချင်းကို မကျေမနပ် ဖြစ်သွားပြီး..
“ကြည့်စမ်း.. နင် မြေခွေးအမြီး ထုတ်ပြလာပြီ။ နင် လူဆိုးဆိုတာ ငါသိတာပေါ့”
“အဟက် .. နင် ငါတပတ်ရိုက်တာ ခံလိုက်ရပြီ.. အဟား”
မူကျီ ကျုပ်ကို ဒေါကြီးမောကြီးနဲ့ လိမ်ဆွဲပြီး အသံမထွက်အောင် ကျုပ်ပါးစပ်ကိုတောင် ပိတ်ထားရင်းနဲ့..
“ရတယ်လေ နင်က ငါနဲ့ ကစားဖို့ သတ္တိတွေရှိနေတယ်ပေါ့လေ..”
နာလိုက်တာဗျာ။ တော်တော်ကြာမှ ပျောက်သွားတော့တယ်။
“ဟေ့ ဟေ့.. သံပုရာသီးမလေး နင့်ကိုငါကြောက်တယ်။ နင်က တကယ်ကြီးကို ကြီးကျယ် မြင့်မြတ်တဲ့သူလေဟာ။ နောက်တစ်ခါ ထပ်မဖြစ်စေရဘူး.. ဟုတ်ပြီလား”
“ငါ အမှန်တွေပြောတာဟ။ ဒါပေမယ့် ငါအမြဲတမ်း မိန်းမပီသသွားမှာပါ”
ကျုပ် သဘောပေါက်သွားပြီ။ ချစ်စရာကောင်းသလောက် အကျင့်ယုတ်တတ်တဲ့ ကောင်မလေးကို ခပ်မြန်မြန်ပဲ..
“ဟိုင်ရှင်းနဲ့ ပတ်သက်ပြီး နောက်မှ ဆွေးနွေးကြမယ်။ သူနဲ့ငါ အတူနေရဖို့ ကံပါလာရင် နင်ပြောသလို လုပ်မယ်။ ဒါပေမယ့် နင်စွတ်အတင်း ဖိအားမပေးရဘူး”
“အေးပါ.. နင်ဘယ်လောက်ထိ ကိုယ်ကျင့်တရားကောင်းနေလို့လဲ။ သူများတွေ စိတ်ကူးနဲ့ ရူးနေရတဲ့ မိန်းကလေးတွေ ဝိုင်းပြီး ကြိုက်နေပေမယ့် နင်က မုံလာဥ လုပ်ချင်နေသေးတယ်ပေါ့လေ”
“ငါ့နှလုံးသားကို သစ္စာမဖောက်နိုင်ဘူး။ နင် ငါ့ကို မချစ်မနှစ်သက်သူနဲ့ လက်ထပ်တာ မမြင်ချင်ဘူးမို့လား”
“အေးပါ…”
မူကျီရဲ့ အမြင်ကျယ်ပုံတွေကဖြင့် တကယ်ကို ဩချလောက်တယ်။ သူ့စကားတွေက ကျုပ်နှလုံးသားကို ဆုပ်ကိုင်သွားတယ်။ အခုအချိန်ကစပြီး ကိုယ်ကိုကိုယ် အတင်းကြီး ထိန်းသိမ်းနေစရာမလိုတော့ဘူး။ ကျုပ်လဲ တခြားမိန်းကလေးတွေ စိတ်ဝင်စားလာတဲ့အထိ ကိုယ့်ဒုက္ခကိုယ် မဖိတ်ခေါ်တော့ဘူးလို့ အသံတိတ် ဟစ်ကျွေးထားလိုက်တယ်။
...........................
နောက်ဆုံးတော့ ကျောင်းကြီးပိတ်ပြီ။ မူကျီ ကျောင်းကနေ ပထမဆုံး ထွက်မယ့်သူပဲ။ မာခယ်၊ ဟိုင်ယွဲ့၊ စစ်ဝါနဲ့ ကျုပ်တို့တွေ ကျောင်းပေါက်ဝထိ လိုက်ပို့ကြတယ်။ အစကတော့ သူနဲ့ ခနလေးလောက် လိုက်သွားချင်ပေမယ့် သူ့မိဘတွေက ကျောင်းနဲ့မဝေးလို့ မလိုက်နဲ့တဲ့လေ။
“မူကျီ .. နင်ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်နော်။ ငါ့ကို လွမ်းဖို့လဲ မမေ့နဲ့အုံး”
မူကျီ ခေါင်းညိတ်ပြီး ကျုပ်ရင်ခွင်ထဲ ဝင်လာပြီး ခြေဖျားလေးထောက်လို့ ကျုပ်ကို နန်းလိုက်တယ်။
“ကျန်းကုန်း နင်လဲ ဂရုစိုက်ရမယ်နော်။ နဂါးမျိုးနွယ်စုကို သွားတဲ့အခါ သတိထားသွား။ ငါမသွားခင် ဒါလေးနင့်ကို ပေးလိုက်မယ်”
ပြောပြီးတာနဲ့ သူ့လည်ပင်းက ကျောက်စိမ်းဆွဲသီးလေးဖြုတ်ယူလိုက်တယ်။ ဘာမှန်းမသိတဲ့ အနက်ရောင် ရတနာတစ်မျိုးနဲ့ ထွင်းထုထားတာဗျ။ ဗီးနစ်ငှက် ပုံသဏ္ဍာန်ပဲ။ ကျုပ်လက်ထဲရောက်တော့ လန်းဆန်းစေခဲ့ ခံစားမှုရလိုက်တယ်။ သူ့မျက်နှာပြင်က ချောမွေ့နေတာပဲ။ ကြည့်လိုက်ယုံနဲ့ တန်ဖိုးမဖြတ်နိုင်ဘူးဆိုတာ သိနိုင်တယ်။
“ဒါ ငါငယ်ငယ်လေးကတည်းက အမေပေးထားတဲ့ ဗီးနစ်ပြာ ဆွဲသီးပေါ့။ နင့်ကို ပေးလိုက်မယ်။ ငါ့ကို လွမ်းတိုင်း ထုတ်ကြည့်လို့ရတာပေါ့”
ဗီးနစ်ပြာ ဆွဲသီးလေးကို ယူရင်း သူ့မျက်နှာလေးကို ဆွဲမော့ပြီး ချောင်းဆိုးသံတွေ ထွက်တဲ့အထိအောင် ကျုပ်နမ်းပြီးမှ လွှတ်ပေးလိုက်တယ်။
မူကျီ မျက်နှာလေးမှာ ရှက်သွေးတွေ ရဲနေပေမယ့် ကျုပ်ကိုတော့ အပြစ်မပြောဘူးဗျ။ ကျုပ် သူ့ကို ဖက်ထားတုန်း ကျုပ်နောက်က လူတွေကို ဒေါသထွက်သလို လုပ်ပြပြီး ရယ်လိုက်မိတယ်။
မူကျီ ကျုပ်ကို အသာလေး တွန်းထုတ်ပြီး..
“အခု ငါသွားတော့မယ်..”
ကျုပ် ခေါင်းညိတ်ပြရင်း ဆရာကျန်းပေးထားတဲ့ မှော်ဝတ်ရုံလေးကို ထုတ်ပြီး မူကျီလက်ထဲ ထည့်ပေးလိုက်တယ်။
“ဒါ ဆရာကျန်း ငါ့ကို ပေးထားတာ။ တော်တော်ကောင်းတဲ့ ကာကွယ်ရေးခံစစ်အတွက် နင့်မှော်စွမ်းအားကို ရင်ဘတ်မှာရှိတဲ့ အညိုရောင်မှော်သလင်းကျောက်ထဲကို ထည့်ပေးလိုက်ယုံပဲ။ ခံစစ်စွမ်းအား တော်တော်ပြင်းတယ်နော်။ ငါ့အတွက် မလိုတော့ဘူး။ ဒါကြောင့်မို့ နင့်မှာ အကာအကွယ်ရအောင် ပေးလိုက်မယ်”
ကျုပ်ပြောပြီး မူကျီ ကိုယ်ပေါ်မှာ ဝတ်ပေးလိုက်တယ်။
နေရောင်ခြည်အောက်မှာ မူကျီ တစ်ကိုယ်လုံး တောက်ပနေတာပဲ။ ရဲတွတ်နေတဲ့ သူ့မျက်နှာလေးနဲ ထူးထူးခြားခြားကို ချစ်စရာကောင်းနေရော။
“ဒါ တန်ဘိုးကြီးလွန်းတယ်။ နဂါးတောင်ကြားသွားရင် အန္တရာယ်ကြုံရနိုင်တယ်။ နင့်အတွက်ပဲ ထားသင့်တယ်”
“ဘာကို အန္တရာယ် ဖြစ်မှာလဲ။ ငါက ရန်ဖြစ်ဖို့ သွားမှာမှ မဟုတ်တာ။ ငါက သူ့တို့ ရင်သွေးလေး ပြန်ပို့ပေးမှာလေ။ ဒီမှော်ဝတ်ရုံက ကောင်းပေမယ့် အရောင်တွေ တောက်လွန်းတယ်။ နင့် သိုလှောင်အိတ်ထဲ သိမ်းထားလိုက်လေ”
“အစ်ကိုကြီး။ မင်းမှာ ဒီလို ပစ္စည်းကောင်းလေး ဘယ်တုန်းက ရခဲ့တာလဲ။ ငါလဲ လိုချင်လိုက်တာ”
“မင်း ကောင်မလေး ဖြစ်သွားရင် စဉ်းစားပေးမယ်လေ.. အဟား”
ကျုပ် စကားကြားတော့ မာခယ် ချက်ချင်းတွန့်သွားတယ်။
ခွဲခွာရမယ့်အချိန်က နောက်ဆုံးတော့လဲ ရောက်လာပြီပေါ့။ ခြေလှမ်းတိုင်းမှာ လှည့်ကြည့်လှည့်ကြည့်နဲ့ မိုးကုတ်စက်ဝိုင်းအောက် ပျောက်သွားတဲ့ မူကျီပုံရိပ်လေးကို ကြည့်ရင် သူ့နောက် မလိုက်မိဖို့ ကိုယ့်ကိုကိုယ် မနည်းစိတ်ထိန်းနေရတယ်။
“အစ်ကိုကြီး။ အရမ်းကြီးလဲ ဆွေးမနေပါနဲ့တော့။ သူ့ကို ထပ်မတွေ့ရတော့မှာလဲ မဟုတ်ဘဲနဲ့။ သွားရအောင်။ ငါတို့ ပြန်သင့်ပြီ”
“ကျောင်းပိတ်ရက် မြန်မြန်ကုန်ဖို့ပဲ ဆုတောင်းရတော့မှာပေါ့”
စစ်ဝါ ရယ်ကျဲကျဲနဲ့..
“ကျောင်းမပိတ်ချင်တော့လဲ မင်းပဲ။ ကျောင်းပိတ်ချင်တော့လဲ မင်းပဲ”
ဟိုင်ယွဲ့က..
“အတန်းတက်ချင်တာလား။ မူကျီကိုလွမ်းတာလား။ အရင်က နင်သူ့ကို ဘယ်လောက်ထိ နမ်းခဲ့လဲ မြင်ချင်လိုက်တာ”
“ဟိုင်ယွဲ့ နင်က ငါ့ကိုကျ ပြောတယ်ပေါ့လေ။ အဲ့နေ့က မာခယ်နဲ့ အဟွာပြုတာ ဘယ်သူလေးပါလိမ့်..”
မာခယ်ရော ဟိုင်ယွဲ့ရော မျက်နှာတွေ ရဲတွတ်သွားတယ်။ တကယ်ဆို ကျုပ်မှ မမြင်ရတာ၊ သူတို့ကို တမင်တပတ်ရိုက်လိုက်တာလေ။ တကယ်ကြီး ဖြစ်သွားမယ်လို့ ထင်မထားမိဘူး။
ဟိုင်ယွဲ့ ရှက်ကိုးရှက်ကန်းနဲ့ မာခယ့်ကို..
“အဲဒါ … နင့်ကြောင့်…”
ပြောပြီးတာနဲ့ ကျောင်းဘက်ကို လှည့်ပြေးပါလေရော။
ကျုပ် မာခယ့်ကို ကြည့်ပြီး..
“မင်းကို ဘယ်သူက စဖို့ ပြောလို့လဲ။ အဟား။ ကိုယ်ပြုသည့်ကံ ကိုယ်ပြန်ခံရတာပဲလေ”
ဒီလို ဖြစ်ပြီးမှပဲ ကျုပ်မူကျီနဲ့ ခွဲရလို့ ခံစားနေရတာတွေ နည်းနည်းလေး ပေါ့သွားတော့တယ်။
မာခယ်၊ စစ်ဝါနဲ့ ကျုပ်တို့တွေ ကျောင်းကို ဖြည်းဖြည်း ပြန်လာလိုက်ကြတယ်။
မာခယ်က..
“အစ်ကိုကြီး၊ နဂါးတောင်ကြား ခရီးစဉ်မှာ အန္တရာယ် မဖြစ်ဘူးဆိုတာ သေချာလား”
“ငါမှ မရောက်ဖူးတာ။ ဘာတွေ ဖြစ်မလဲ ငါဘယ်လိုလုပ်သိမှာတုန်း”
============= (*^*)=============
အပိုင်း( ၁၆၁ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား