← Chapters

မှော်ဆရာ သူတို့သား ရွေးချယ်ခြင်း

Vol. 11 Ch. 161

မှော်ဆရာ သူတို့သား ရွေးချယ်ခြင်း

Vol. 11 Ch. 161

Child of light (ကျန်းကုန်း)

Volume 6: Chapter 5 - Magical Groom Recruitment

“ဟမ်… မင်း မူကျီကို ပြောလိုက်တာက…”

“သူ စိုးရိမ်နေမှာစိုးလို့ လေ။ ဒီလောက်လေးတောင် မင်းနားမလည်တော့ဘူးလား”

မာခယ်နဲ့ စစ်ဝါ ကျုပ်ကို ပြူုးကြည့်နေကြတယ်..

“ဘာလဲဟ မင်းတို့ဘာလို့ ဒီလိုကြည့်နေကြတာတုန်း၊ ငါ အချောကြီး ဖြစ်နေလို့လား”

“အစ်ကိုကြီး ငါမင်းနဲ့ နဂါးတောင်ကြားကို လိုက်ခဲ့မယ်”

မာခယ့် စိတ်ရင်းက ကျုပ်ဟတ်ထိသွားတယ်။ သူ့ပုံစံကလဲ ပေါ့ပေါ့ပါးပါးကနေ တော်တော်လေးနက်သွားတာဗျ။ ဒီကမ္ဘာမှာ စွမ်းအားအပြင်းဆုံး သတ္တဝါက နဂါးတွေပဲလေ။ တစ်ခုခုမှားသွားတာနဲ့ ကျုပ်တို့ ပြန်လမ်းမရှိဖြစ်သွားမှာ။

“ငါ လက်ခံမယ်ထင်လား။ မင်းအသက်နဲ့ ရင်းရမယ့်ကိစ္စ ဘာလို့လုပ်ရမှာလဲ”

“အန္တရာယ်ရှိလို့ လိုက်မယ်ပြောတာပေါ့ဟ။ ငါတို့က ညီအစ်ကိုတွေ မဟုတ်ဘူးလား။ တစ်ယောက် အခက်အခဲ ဖြစ်နေရင် ကူညီရမှာပဲလေ”

“ညီလေး။ မင်းခံစားချက် ငါနားလည်ပေမယ့် ငါ့ကို နားချဖို့ မကြိုးစားနဲ့တော့။ ငါ တစ်ယောက်တည်းသွားဖို့ ဆုံးဖြတ်ပြီးသား။ ဟိုပြိုင်ပွဲတုန်းက မင်းသေလုမျောပါးဖြစ်တော့ ငါ့မှာ အပြစ်ကြီးတစ်ခု ကျူးလွန်လိုက်မိသလို ခံစားလိုက်ရတာ။ မင်းအသက်ကို ငါနဲ့အတူ စွန့်စားခိုင်ဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့ မင်းမှာ ဟိုင်ယွဲ့ရှိသေးတယ်။ မင်း သူ့ကို စိတ်ပူမနေစေချင်ဘူး မို့လား”

ဟိုင်ယွဲ့ အသံကြားတာနဲ့ ဒီကောင် ချီတုံချတုံဖြစ်သွားပြီ..

“အစ်ကိုကြီး .. ငါ…”

“ဒီလောက်ဆို လုံလောက်ပြီ။ ငါနားလည်ပါတယ်ကွာ။ ပြီးတော့ မင်းကို သူငယ်ချင်းထက် အချစ်ကို ကိုးကွယ်သူလို့လဲ မပြောတော့ပါဘူး။ ငါဆုံးဖြတ်ပြီးသွားပြီ’

မာခယ့် မျက်လုံးထဲမှာ ကျေးဇူးတင်တဲ့ အကြည့်တွေ မြင်နေရတယ်။ စစ်ဝါ က..

“အခု ငါ့မှာ မိသားစု မရှိသေးဘူး။ ငါမင်းနဲ့ လိုက်ချင်တယ်။ ငါတောင်းဆိုတာတော့ မင်းမငြင်းဘူးမို့လား”

“အစ်ကိုကြီး စစ်ဝါ။ ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးတာ မကြာသေးဘူးဆိုပေမယ့် မင်းဘယ်လိုလူလဲဆိုတာ ငါသိပါတယ်။ ငါဘယ်လိုလူဆိုတာလဲ မင်းသိမျာပါ။ မင်း ထပ်ပြောမနေနဲ့တော့။ မင်းစိတ်ရင်းအမှန်ကို ငါလက်ခံတယ်၊။ ဒါပေမယ့် ငါ့ပြဿနာ ငါရှင်းချင်တယ်”

“ကျန်းကုန်း၊ မင်း လူအေးတစ်ယောက်ဆိုတာ ငါသိပါတယ်ကွာ။ ဒါပေမယ့် ဘာဖြစ်ဖြစ် ငါမင်းနဲ့ လိုက်ခဲ့မယ်။ ငါတို့ (၂)ယောက်ဆိုရင် အသက်ရှင်နိုင်ခြေ ပိုကောင်းသွားတာပေါ့”

ကျုပ် သူ့ကို အကွက်ရွှေ့လို့မလွယ်ဘူးဆိုတာသိလို့ ဘာမှ ထပ်မပြောတော့ဘူး။ အဲ့ည ကျုပ်ပစ္စည်းတွေ သိမ်းပြီး တော်ဝင် အလယ်တန်းကျောင်းကို ဆရာတိ နှုတ်ဆက်ဖို့ ဒိုင်လျှိုလေး သွားလိုက်တယ်။ ကျုပ်မသိလိုက်တာတစ်ခုက စစ်ဝါကို ရှောင်လိုက်နိုင်ယုံမဟုတ်ဘဲ ကျုပ်နောက် လိုက်ဖို့ပြင်နေတဲ့ ဟိုင်ရှင်းကိုပါ ရှောင်လိုက်နိုင်တာဗျ။

**********

ကောင်းကင်နယ်မြေဆိုတာ ကျုပ်တို့ဆီကနေ ကီလိုမီတာ (၈၀၀)လောက် ဝေးတာ။ မြေပုံကို အသေးစိတ်ကြည့်ပြီး အကောင်းဆုံးထင်တဲ့ လမ်းကို ရွေးလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းပိတ်ရက်ဆိုတော့ အပေါဆုံးက အချိန်တွေပဲလေ။ ကျောင်းကလူတွေလဲ ကျုပ်ထွက်သွားတာ မကြာခင်သိကြမှာပဲ။ ကျုပ်ရွေးခဲ့တဲ့လမ်းမှာ အေးအေးဆေးဆေးနဲ့ (၂)ရက်မှာမ ကီလိုမီတာ (၁၀၀)လောက်ပဲ သွားခဲ့တာ။

မိန်းတည့်ချိန် နီးလာလေလေ ကျုပ်ဗိုက်က ဆန္ဒပြလာလေလေပဲ။ ရှေ့မှာ မြို့လေး တစ်မြို့ပါလား။ ကျုပ် မရီဒန်တွေရဲ့ အာရုံ(၅)ပါးကို ဖြေဖျောက်ဖို့ စားစရာရှာရမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီထက် ဆန္ဒပြလာရင် အဆင်မပြေဘူးလေ နော့.။

မြို့လေးထဲ လျှောက်ဝင်လာတော့ တံတိုင်းတွေခတ်ထားတဲ့ ရွာကြီးတစ်ရွာလို့ ပြောရမှာပဲ။ ဒီနေရာက တော်ဝင် အလယ်တန်းကျောင်းလောက်တောင် မကျယ်ဘူးရယ်။ မြို့က မကြီးပေမယ့် တော်တော်လေးတော့ ချမ်းသာမယ့်ပုံပဲ။ ကုန်သည်တွေ၊ ပွဲစားတွေ၊ ရောင်းသူ ဝယ်သူတွေ အပြိုင်အဆိုင် ကြိုးစားနေကြလေရဲ့။

လမ်းသွားလမ်းလာ တစ်ယောက်ကို မေးကြည့်လိုက်မှ တကယ့်ကို ရွာကြီးဆိုတာ သိလိုက်ရတယ်။ ရွာကို စီးပွားရေးလမ်းမကြီး ဘေးနား ကပ်တည်ထားတော့ နေထိုင်သူဦးရေ တိုးလာတယ်။ နှစ်တွေကြာလာတော့ တဖြည်းဖြည်း ပြောင်းလဲလာတာပေါ့။ တနည်းပြောရရင် လူဦးရေ ဖေါင်းပွမှုပဲပေါ့။

သန့်သန့်ရှင်းရှင်း ဆိုင်တစ်ဆိုင်တွေ့တော့ ဗိုက်ဖြည့်ပြီး သာမန် အခန်းတစ်ခန်း ငှားလိုက်တယ်။ ဒီမြို့ရဲ့ ရှုခင်းရှုကွက်တွေက တော်တော်ဆန်းဆန်းစေတာဆိုတော့ တစ်ညလောက်နားပြီးမှ နောက်နေ့ ခရီးဆက်ထွက်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။

မြို့လေးရဲ့ ပင်မလမ်းမကြီးပေါ် လျှောက်ပတ်ရင်း ဒေသ ဓလေ့ထုံးစံတွေ ကို သဘောကျနေမိတယ်။ တခါတရံ ဒေသထွက် အမှတ်တရပစ္စည်းတွေကို ပြန်ရောက်ရင် သူငယ်ချင်တွေပေးဖို့ ဝယ်လိုက်သေးတယ်။

လျှောက်လာရင်းနဲ့ ကျုပ်ရှေ့မှာ နည်းတဲ့ လူအုပ်ကြီးမဟုတ်ဘူး။ တော်တော်ကို ကြီးတာ။ ဘာဖြစ်တာလဲ သိရအောင် လူအုပ်ကြားတိုးဖို့ လုပ်နေတဲ့ ခပ်သေးသေး လူတစ်ယောက်ကို ဆွဲပြီး..

“ဒီလောက် လူတွေ အများကြီး ဘာလုပ်ဖို့ စုနေကြတာလဲဗျ”

အဲ့လူက ကျုပ်လက်ကို ရိုက်ဖယ်ရင်း..

“ငါ့ကို ဆွဲမထားနဲ့။ ငါအဲ့ကို မြန်မြန်သွားမှရမယ်။ မဟုတ်ရင် မမှီလောက်တော့ဘူး”

ပြောပြီးတာနဲ့ လူအုပ်ကြားထဲ ဝင်သွားပါလေရော။ ဘာတွေများ အရေးကြီးနေတယ်ဆိုတာ ကျုပ်လဲ မပြောတတ်တော့ဘူး။ ဘေးနားက ဈေးသည်တစ်ယောက်က ကျုပ်ကို ကြည့်ရီရင်း..

“သူ့ အကျင့်စာရိတ္တနဲ့များ မြို့အုပ်မင်း သမက်ဖြစ်ချင်နေသေးတယ်၊ ဟား ဟား”

“ဘယ်လို မြို့အုပ်မင်းရဲ့ သမက်လဲ။ ကျေးဇူးပြုပြီး ကျွန်တော့ကို ရှင်းပြပေးလို့ရမလား”

“မိတ်ဆွေက ဒီကမဟုတ်ဘူးထင်တယ်”

“ဟုတ်တယ်။ ကျွန်တော် ဒီနယ်က မဟုတ်ဘူးဗျ”

“ဒီနေရာက မြို့နဲ့တူပေမယ့် တကယ်တော့ ဖွံ့ဖြိုးလွန်းတဲ့ ရွာကြီး တစ်ရွာပါပဲ။ ရွာသူကြီးက အစောကတည်းက ဒီရွာကို အုပ်ချုပ်နေတဲ့သူပေါ့။ မဟုတ်သေးပါဘူး။ ရွာသူကြီး မဟုတ်တော့ဘူး မြို့အုပ်ကြီးပေါ့။ သူ့သမီးကို အိမ်ထောင် ကောင်းကောင်း ချပေးချင်လို့ သမီးကို ဆုအဖြစ် သတ်မှတ်ပြီး မှော်ပြိုင်ပွဲတစ်ခု စီစဉ်နေတာလေ။ ဒါကပဲ လူတော်တော်များများကို ဆွဲဆောင်နိုင်သွားတာပေါ့”

“သူတို့သားလောင်း ရွေးတဲ့ မှော်ပြိုင်ပွဲလား။ ကျွန်တော့အတွက်တော့ ဒါတော်တော် ထူးဆန်းသလိုပဲ။ မြို့အုပ်ကြီးသမီးက ရုပ်ဆိုးလို့လား။ သူတို့သားရဖို့အတွက်နဲ့ ဘာလို့ မှော်ပြိုင်ပွဲလုပ်ရတာလဲ”‌ေ “တကယ်တော့ မထူးဆန်းပါဘူးကွာ။ အခုဆို ပြိုင်ပွဲက (၆)ရက်တောင်ရှိနေပြီ။ အဖြေမထွက်သေးဘူး။ မြို့အုပ်ကြီး သမီးက နည်းနည်းလှတယ်ဆိုပေမယ့် တော်တော်လေး ပါးနပ်တယ်ကွ။ ငါတို့ အိုက်ရှား နိုင်ငံတော်ကြီးမှာ မှော်ပညာ ကျွမ်းကျင်သူတွေကို အရမ်းလေးစားကြတယ်လေ။ မြို့အုပ်ကလဲ သူ့ထိုင်ခုံ မြဲချင်တာဆိုတော့ သူ့အနေနဲ့ ပြိုင်ပွဲကနေ စွမ်းအားကောင်းတဲ့ မှော်ဆရာရွေးပြီး သူ့သားမက်ဖြစ်လာစေမယ့် အစီအစဉ်အနဲ့ ပြိုင်ပွဲလုပ်ခဲ့တာကွ”

အော်.. ဒါကြောင့်ကိုး။ တော်တော်လေး ပျော်ဖို့ကောင်းလောက်တယ်။

“ပြိုင်ပွဲ စည်းကမ်းတွေရော ရှိလားဗျ”

“ဒါပေါ့။ စည်းကမ်းမထားရင် သတို့သားရဖို့ မလွယ်ဘူးလေ။ ဟိုမှာ အနီရောင်စာရွက်ကြီးကို သွားဖတ်လိုက်။ ဘာတွေလဲဆိုတာ မင်းကိုယ် သိသွားလိမ့်မယ်။

ဈေးသည်ကို ကျေးဇူးစကားပြောပြီး အနီရောင်စာရွက်ပေါ်မှာ ရေးထားတာတွေကို ဖတ်ကြည့်မိလိုက်တယ်။

----*****----

ပြိုင်ပွဲဝင် စည်းကမ်းချက်များ---

၁။ အသက်(၂၅)နှစ်အောက်ဖြစ်ရမည်။ ကျောင်းပြီးသူ ဖြစ်ရမည်။

၂။ မသန်မစွမ်း၊ အင်္ဂါချို့တည့်သူ မဖြစ်စေရ။

၃။ ပြိုင်ပွဲဝင်ချိန်အတွင် မည်သူ့ကိုမျှ သတ်ဖြတ်ခြင်း မပြုရ။

၄။ ပြိုင်ပွဲသို့ မှော်ဆရာများသာ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။ သူရဲကောင်းများ ပါဝင်ခွင့်မပြုပါ။

၅။ ပြိုင်ပွဲဝင်များအနေဖြင့် သတို့သားဖြစ်ရန်အလို့ငှာ သမီးတော်ကို အနိုင်ယူရန်သာ လိုအပ်သည်။

---*****----

ဒါ တော်တော် လွယ်တာပဲ။ ဘာမှ ရှုတ်ရှက်ခတ်မနေဘူး။ ဘာလို့ (၆)ရက်ပြည့်တာတောင် အဖြေမထွက်ရသေးတာလဲ။ သိချင်လာတာနဲ့ အကြောင်းအရင်းသိရအောင် လူအုပ်ကြား ဖြဲဝင်လာခဲ့လိုက်တယ်။

============= (*^*)=============

အပိုင်း( ၁၆၂ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters