သူတပါး ကိစ္စ ဝင်ရှုတ်ခြင်း
Vol. 11 Ch. 162
Child of light (ကျန်းကုန်း)
Volume 6: Chapter 6 - Meddling in Others’ Business
တကယ့်ကို လူတွေများတာပဲ။ ကျုပ်ခန္ဓာကိုယ်က အကြမ်းခံတာတောင် ရှေ့ဆုံးနားရောက်ဖို့ တော်တော် အားစိုက်လိုက်ရသေးတယ်။ ကျုပ်ရှေ့မှာ လူတွေ ရှိသေးတယ်ဆိုပေမယ့် ကျုပ်အရပ်နဲ့တော့ ကောင်းကောင်း မြင်ရတယ်လေ။
ပြိုင်ပွဲကွင်းက မီတာ(၅၀၀)လောက်ကျယ်ပြီး ကြိုးဝိုင်းတားထားတယ်။ ဘေးမှာလဲ လူ(၁၀)ယောက်လောက် နေရာယူထားပြီး ဒိုင်လူကြီးတွေနဲ့ အိမ်ရှင်မိသားစုတွေ ဖြစ်လောက်တယ်။ တောက်တောက်ပြောင်ပြောင်နဲ့ မျက်နှာအုပ်ထားတဲ့ ကောင်မလေးတစ်ယောက်လဲရှိတယ်။ သူ့ခန္ဓာကိုယ် အချိုးအစားကြည့်ရတာနဲ့တင် မိန်းမလှလေးဆိုတာ သေချာတယ်ဗျ။ သူ့ဘေးမှာ ထိုင်နေတာက မြို့အုပ်ကြီးပုံစံနဲ့ဆိုတော့ သူ့သမီးပဲ ဖြစ်မှာပါလေ။
ကွင်းထဲမှာ မှော်ဆရာ(၂)ယောက် ပြိုင်နေကြတယ်။ သူတို့ မှော်စွမ်းအားတွေ သေချာကြည့်လိုက်တော့ သူ့တို့ အကောင်းဆုံးဆိုတာတောင် ကျုပ်ထက် အများကြီးနိမ့်လွန်းတယ်။ သူတို့တွေ အလယ်အလတ်မှော်ဆရာတွေ ဖြစ်လောက်တယ်။ လောလောဆယ်တော့ လေဓားနဲ့ မီးလုံး တွေသုံးပြီး တိုက်နေကြလေရဲ့။ တော်တော်လေး ပြင်းထန်တဲ့ တိုက်ပွဲပေါ့ဗျာ။
သူတို့တွေက မှော်ဆရာလက်သင်လေးတွေဆိုတော့ ဒီလောက် ရက်ကြာတာတောင် အဖြေအထွက်သေးတာ အံ့ဩစရာ မရှိတော့ဘူး။ တကယ်လို့ ကျုပ်တို့ တော်ဝင် အထက်တန်းကျောင်းက တစ်ယောက်ယောက်သာဆို ဒီအလှလေးကို သိမ်းပိုက်ပြီးတာကြာပေါ့။
ပြိုင်ပွဲဝင်တွေရဲ့ စွမ်းအား နည်းလွန်းတော့ ကျုပ်သိပ်စိတ်မဝင်စားတော့ဘူး။
လေမှော်ဆရာက တိုက်ကွက်နည်းနည်း အပြောင်းအလဲနဲ့ တိုက်ပြီး နိုင်သွားလေရဲ့။
ဧည့်ခံတဲ့နေရာကနေ ထူးထူးဆန်းဆန်း မှော်ဝတ်ရုံ ဝတ်ထားတဲ့ အဘိုးကြီးတစ်ယောက် ထွက်လာပြီး..
“အနိုင်ရရှိသူကတော့ လေမှော်ဆရာ ထျန်းသိ ဖြစ်ပါတယ်။ သူ့ကို နဲ့ပြိုင်ဖို့ ဘယ်လူငယ် သူရဲကောင်းကများ ရှိအုံးမလဲ”
ဒီလိုနဲ့ (၃)(၄)ပွဲသာပြီးသွားတယ် (၂)ပွဲဆက်တိုက် နိုင်တဲ့သူကို မပေါ်သေးဘူး။ တော်တော် အဓိပ္ပါယ် မရှိတာပဲ။ ကြိုးဝိုင်းထဲက ပြိုင်ဘက်(၂)ယောက် အပြင်းအထန် ဒဏ်ရာကိုယ်စီနဲ့ ပွဲပြီးသွားတယ်။ ဒီလို အဆင့်နိမ့် ပြိုင်ပွဲမျိုးတော့ ကျုပ်လဲ စိတ်မဝင်စားတော့ဘူး။ အပြင်ထွက်တော့မလို့ လုပ်တုန်း ရုတ်တရက် လေပြင်းတိုက်သလိုမျိုးနဲ့ ကွင်းထဲကို ခပ်သေးသေး လူတစ်ယောက် ပေါ်လာတယ်။
လှမ်းကြည့်လိုက်တော့ ကျုပ်ပထမဆုံး လှမ်းဆွဲလိုက်တဲ့ ငပိန်လေးဗျ။ အဲ့တုန်းကနဲ့ မတူတော့ပါလား။ ဒီကောင်က သူ့ရင်အုံ ပြားကပ်ကပ်ကို ကော့ပြီး ကွင်းလယ်မှာ မောက်မောက်မာမာ ပုံစံနဲ့ ရပ်နေတယ်။ တော်တော် ခမ်းနားတဲ့ မှော်ဝတ်စုံလဲ ဝတ်ထားသေးတယ်။ အံ့ဩမိတာက သူ့မှော်ဝတ်ရုံမှာ ကြယ်(၅)ပွင့်ပါနေတယ်။ ဒါဆို မှော်ကျောင်းသား တစ်ယောက်လို့ ပြောရမှာပေါ့။
ဝတ်ရုံကြောင့် တော်တော်များများ လန့်သွားကြတယ်။ တာဝန်ခံဒိုင် အဘိုးကြီးက..
“ဆရာလေး။ မင်းက မှော်ကျောင်းသား တစ်ယောက်လား”
ငပိန်က သူ့ရင်ဖတ်ကို ခပ်ဖွဖွပုတ်ပြရင်း..
“ဟုတ်တယ်။ ကျုပ်က တော်ဝင်အထက်တန်းမှော်ပညာကျောင်းက တတိယနှစ်ကျောင်းသား။ ပြီးတော့ ကျောင်းရဲ့ ထိပ်သီး နံပတ်(၅) ကျောင်းသားမာခယ်ပဲ။ ကျုပ်ရဲ့ အဓိက မှော်ပညာက မီး၊ အရန်မှော်ပညာက လေပေါ့”
သူ့စကားကြားတော့ အကုန် အံ့ဩကုန်တာပေါ့။ မာခယ် နာမည်ကြောင့်လား တော်ဝင်အထက်တန်းကျောင်း နာမည်ကြောင့်လားတော့ မသိတော့ဘူး။
ထွက်သွားဖို့ ပြင်နေတဲ့ကျုပ်တောင့် ဒီကောင့်ကြောင့် နည်းနည်းစိတ်ဝင်စားသွားတယ်။ ဒီကောင် မာခယ့်ဟန်ဆောင်နေတာ ကျုပ်ကြည့်ချင်သေးတယ်။ ကျုပ်သာ မမှားရင် ဒီကောင် အထက်တန်းအဆင့်မှာ ရှိလောက်တယ်ဆိုတာ ကျုပ်စစ်ကြည့်ပြီး အဖြေထုတ်ထားလိုက်တယ်။
ကျုပ် ထင်တာထက် ကျော်သွားတာက ဒိုင်အိုကြီးက သူ့ကို လေးလေးစားစား ပြောလိုက်တာပဲ။
“ကျုပ်က မှော်ဆရာသခင် မာခယ်ကို ပြိုင်ပွဲအတွက် ဒီမြို့အကြီးအကဲတွေ ကိုယ်စား ဖိတ်ခေါ်ပါတယ်။ သူ့နဲ့ တိုက်ချင်တဲ့ ပြိုင်ဖက် ရှိမလား..”
အချိန် တော်တော်ကြာတာတောင် ပြိုင်ဖက် တစ်ယောက်မှ ထွက်မလာကြဘူး။ အရင်ပွဲတုန်းက ပြိုင်ပွဲဝင်(၂)ယောက်လုံး ဒဏ်ရာအပြင်းအထန်ရသွားကြတာကို အခွင့်ကောင်းယူပြီး ဒင်းထွက်လာတာ အံ့ဩစရာ မရှိတော့ဘူးပဲ။ သူ့နောက်ခံ ထုတ်ပြောလိုက်မှတော့ ဒင်းကိုစိန်ခေါ်ရဲတဲ့သူ ရှိပါအုံးမလား။ ဒါ တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်လောက်တော့ဘူးနော်။
ဝင်ရှုတ်ရတာ မကြိုက်ပေမယ့် ဒါ မာခယ့် ဂုဏ်သိက္ခာနဲ့ ဆိုင်သွားပြီ။ လူအုပ်ထဲကနေ..
“အယောင်ဆောင်ကောင် အဲ့အပေါ်ကနေ ဆင်းသွားစမ်း”
ကျုပ်အသံ ကျယ်နိုင်သမျှကျယ်အောင် မှော်စွမ်းအားထည့်သုံးထားတာဆိုတော့ တစ်ကွင်းလုံး သေချာပေါက် ကြားနိုင်ပါတယ်။ ကျုပ်စကားကြောင့် ပရိတ်သတ် ရုတ်ရုတ်သဲသဲဖြစ်သွားတယ်။
420 ကောင် အမူအရာပြောင်းသွားပြီး ချက်ချင်း ပုံမှန် ပြန်ဖြစ်သွားတယ်။
“သူရဲကောင် ဒီညီလေးကို မစော်ကားသင့်ဘူးနော်။ ကျုပ်ကို သင်ခန်းစာပေးချင်တယ်ဆိုလဲ ဒီညီလေးက ဒီနေရာမှာ ရပ်စောင့်နေပါတယ်”
အခုချိန်ထိ ဒီကောင် လှလှပပဖုံးကွယ်နိုင်သေးတော့ နည်းနည်းတော့ သဘောကျမိတယ်။ ဒါပေမယ့် ကျုပ်ကို ဒေါသ ပိုထွက်လာစေတယ်လေ။
ကျုပ် ကွင်းလယ်ထိ လေဟာနယ် ရွှေပြောင်းလိုက်တယ်။
“မင်းကို အယောင်အဆောင်သမားလို့ ပြောတာ ငါပဲ”
ငပိန်က မျက်မှောင်ကြုတ်ပြီး ကျုပ်ကို ဂရုမစိုက်တဲ့ ပုံစံနဲ့..
“မိတ်ဆွေ.. ကျုပ်ကို ပညာပေးချင်တယ်ဆိုလဲ မင်းစလှုပ်ရှားပါ”
ကျုပ် ဒီကောင့်ကို ဘေးချိတ်ပြီး ဒိုင်လူကြီးတွေကို ကြည့်ရင်း..
“အကဲဖြတ် ဒိုင်တွေကို နှုတ်ခွန်းဆက်ပါတယ်။ ကျုပ်က ဒီမှော်ပြိုင်ပွဲမှာ ဝင်ပါဖို့ စိတ်မဝင်စားပါဘူး။ ကျုပ်သူငယ်ချင်းရဲ့ နာမည်ကို ကာကွယ်ချင်ယုံ သက်သက်ပါပဲ။ ဒီလို လုပ်ရတဲ့အတွက်လဲ ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်”
မှော်ဆရာအိုကြီး မျက်မှောင်ကြုတ်ပြီး..
“ဒီမှော်ဆရာက အတုဆိုတာ မင်းဘယ်လိုလုပ် သိလဲ”
“ဝမ်းနည်းပေမယ့် မာခယ်ဆိုတာ ကျုပ်သူငယ်ချင်းပါ။ ပြီးခဲ့တဲ့ (၂)ရက်ကမှ မာခယ်နဲ့ အတူတူရှိပြီး တော်ဝင်အထက်တန်း ကျောင်းက ထွက်လာတာပါ”
ကျုပ်စကားက လူတိုင်းရဲ့ အာရုံတွေ ဖမ်းစားသွားတယ်။ စင်အောက်မှာလဲ ပွက်လောရိုက်ကုန်ရော။
ငပိန် မျက်နှာ စိမ်းနေတာကနေ နီရဲသွားပြီ။ ဒီကောင် ဒေါသတကြီးနဲ့..
“မင်း တော်တော် အားယားနေလား။ မင်းက ငါတို့တော်ဝင်အထက်တန်းကျောင်းက နာမည်တွေနဲ့ လာညာဖို့ သတ္တိတွေ ရှိနေတယ်ပေါ့။ မင်းမှာ ဘယ်လို မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေလဲ”
“အဟက်.. ငါ့မှ ဘယ်လို မကောင်းတဲ့ ရည်ရွယ်ချက်မှ ရှိမနေဘူး။ ရှိခြင်းရှိ မင်းမှာပဲ ရှိနေလိမ့်မယ်။ အဲ့မိသားစုက မိန်းမလှလေးကို ဆွဲဆောင်ချင်တာနဲ့ မင်းကိုယ်ပိုင် အစွမ်းအစမသုံးဘဲ ဘာလို့ သူများနာမည် ယူသုံးနေရတာတုန်း”
ငပိန်က မှော်ဆရာအိုကြီးကို..
“ဒီကောင် ကျုပ်ဂုဏ်သိက္ခာကို ထိပါးနေတော့ ကျုပ်တစ်ယောက်ချင်း တိုက်ချင်တယ်”
မှော်ဆရာအိုကြီးက မြို့အုပ်ကြီးကို တစ်ချက်ကြည့်ပြီး သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်တယ်..
“ကောင်းပြီလေ။ ပွဲစပါပြီ။ မင်းတို့တွေ ပြိုင်ဖက်ကို အနိုင်ရပြီဆိုတာနဲ့ ရပ်လိုက်ကြပါ။ ထို့အတူပဲ ပရိတ်သတ်ကိုလဲ မထိခိုက်ပါစေနဲ့..”
ဒီလူကြီးတွေ တကယ့်ကို မြေခွေးအိုကြီးတွေပဲ။ ကျုပ်တို့ထဲက ဘယ်သူပဲဖြစ်ဖြစ် အားကုန်သုံးတိုက်ရင် သူတို့လုပ်ထားတဲ့ အတာအဆီးတွေ ခံနိုင်မှာမဟုတ်ဘူးဆိုတာ သိလို့ ကျုပ်တို့ကို အရင် သတိပေးနေတာပဲ။
“ကောင်းပြီလေ။ ငါကလဲ မာခယ့် အယောင်ဆောင်လောက်အောင် မင်းမှာ ဘယ်လိုအရည်အချင်းရှိလဲဆိုတာ သိချင်သေးတယ်”
ငပိန် ကျုပ်ကို စကားပြန်မပြောတော့ဘဲ မီးလုံးတစ်လုံးနဲ့ လှမ်းပစ်လိုက်တယ်။ မီးလုံး ကျုပ်နဲ့ နီးလာတာနဲ့အမျှ အပူရှိန်က သိသိသာသာ တိုးလာတယ်။
ဒီလောက်လေးနဲ့ ကျုပ်ကို တိုက်ချင်နေတာလား။ သူ့တိုက်ကွက်ကို ကျုပ်ရှောင်တောင်မရှောင်လိုက်ဘူး။ ကျုပ်ရှေ့ မီးလုံး ရောက်လာတာ မြင်တာနဲ့ ညာလက်ဆန့်ထုတ်လိုက်တာ ဒီမီးလုံးလေးက သူ့ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူး ဆိုတာ သိပြီးသား။
မီးလုံးကို ကျုပ်လက်ထဲမှာ ငြိမ်ငြိမ်လေးပဲ ထားလိုက်တယ်။ အဲ့အပူရှိန်ကြောင့် ကျုပ်မျက်နှာတော့ နည်းနည်းလေး ရဲသွားတာပေါ့။
============= (*^*)=============
အပိုင်း( ၁၆၃ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား