နောင်တ
Vol. 11 Ch. 163
Child of light (ကျန်းကုန်း)
Volume 6: Chapter 7 - Regret
ကျုပ် ရယ်ရင်းနဲ့..
“ဒါကို မီးလုံးလို့ ခေါ်တာလား။ ကြည့်ရတာတော့ ထမင်းချက်လို့တော့ ရမှာပေါ့လေ။ မင်းဟာ မင်းပြန်ယူတော့”
မီးလုံးကို နဂိုကထက် အရှိန်(၂)ပြင်းပြင်း ပစ်လွှတ်လိုက်တယ်။
ဝေ့ဝိုက်လာနေတဲ့ မီးလုံးကို မြင်တော့ ငပိန် နဲနဲပြာသွားတယ်။ ဒီမီးလုံးတိုက်ကွက်အတွက် သူ့မျာ မှော်စွမ်းအားတွေ တော်တော် သုံးထားရတာလေ။ ဒီမီးလုံး အစွမ်းကို သူကောင်းကောင်းသိလို့ ရှေင်ချင်ပေမယ့် မီးလုံးရဲ့ လမ်းကြောင်းက ပြောင်းနေတော့ လမ်းစရှာမရတော့ဘူး။ ဒီကောင် အံတင်းတင်းကြိတ်ပြီး လေဓားသွားနဲ့ မီးလုံးကို ခုတ်ဖွင့်ဖို့ ကြိုးစားတော့တယ်။
ဒီကောင် လေဓားသွား သုံးတာ မဆိုးဘူးဆိုတော့ ကျုပ်ခေါင်းညိတ် အသိအမှတ်ပြလိုက်တယ်။ သူ့အနေအထား ကောင်းပေမယ့် မှော်စွမ်းအားနည်းလွန်းတော့ လွဲနေတာပေါ့။
“ဖြူး………….”
မီးလုံရော လေဓားရော တပြိုင်တည်း ပျောက်သွားတယ်။ ငပိန့်မျက်နှာလဲ ဖြူလျော့သွားတယ်။ ဒီကောင် မှော်စွမ်းအားတွေ ဂိတ်ဆုံးထိ သုံးခဲ့တာ သိသာတယ်။
ကျုပ် မဲ့ပြုံး ပြုံးပြီး..
“မာခယ့် အယောင်ဆောင်ပေမယ့် ပြစ်မှု ကြီးကြီးမားမားမရှိလို့ ဒဏ်မပေးတော့ဘူး။ အမှားကို ဝန်ခံပြီး စင်ပေါ်က ဆင်းသွားရင် ကျေနပ်ပြီ”
ငပိန် အံ့ဩသွားပြီး..
“မင်း တကယ်ကို တော်ဝင်အထက်တန်းကျောင်းက ကျောင်းသားလား”
“ဒါပေါ့။ မင်းမပြောနဲ့ မာခယ်ကိုယ်တိုင် ဒီမှာရှိရင်တောင် ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ငါမင်းကို စိတ်မဝင်စားပေမယ့် ဘာလို့ မာခယ့်အယောင်ဆောင်ရလဲဆိုတာ ပြောနိုင်မလား”
“မင်ကို အနိုင်မယူနိုင်ဘူးဆိုတာ ငါဝန်ခံတယ်။ ဒီကိစ္စ သီးသန့် ပြောရအောင်လေ”
ဒီကောင် ပြောရင်းနဲ့ ဒိုင်လူကြီးဘက်ကို လှည့်ပြီး..
“ကျုပ် ရှုံးတာ လက်ခံပါတယ်”
ပြီးတော့ စင်ပေါ်ကနေ အရင်ဆင်းသွားတယ်။
ကျုပ်လဲ စင်ပေါ်က ဆင်းမလို့ လုပ်တုန်း အသံသာသာ တစ်ခုက..
“သူရဲကောင်း နင် ပြိုင်ဖက်ကို အနိုင်ရပြီးမှတော့ ဘာလို့ ဆက်မပြိုင်တာလဲ”
ကျုပ် လန့်ဖြန့်ပြီး လှည့်ကြည့်လိုက်တော့ စင်ပေါ်မှာ ထူးထူးခြားခြား မိန်းမလှလေးလေ။
“အစောကတည်းက ကျုပ် စင်ပေါ်တက်လာတာ ပြိုင်ပွဲအတွက် မဟုတ်ဘူးဆိုတာ သေချာ ပြောထားပြီးသားမို့ မပြိုင်တော့ပါဘူး”
အဲ့ကောင်မလေး ဒေါသတကြီး အသံထွက်လာတယ်..
“ငါတို့ ဒီမှာ ပြင်းလို့ ကစားနေတယ်များ ထင်နေလား။ လာချင်တိုင်းလာပြီး သွားချင်တိုင်းသွားချင်တဲ့ နင့်အစွမ်းအစကို ကြည့်စမ်းပါရစေအုံး”
စကားသံဆုံးတာနဲ့ လေဓားသွား တစ်ချောင်းနဲ့ ကျုပ်နောက်ကျောကို ခုတ်ချလိုက်တယ်။
ဒီကောင်မလေး တော်တော ယုတ္တိမတန်တာပဲ။ ဝင်မရှုတ်သင့်ဘူးဆိုတာ ကျုပ်သိတယ်လေ။ ကျုပ် ဒီကနေ အမြန်ထွက်သွားမှ ဖြစ်မယ်။ လေဓားကို ဖျက်စီးလိုက်ပြီးမှ..
“မိန်းကလေး၊ ဆက်မိုက်နေမယ်ဆိုရင် မယဉ်ကျေးတဲ့အတွက် အပြစ်မတင်ပါနဲ့”
ကောင်မလေး ဘာထပ်မပြောတော့ဘူး။ သူခန္ဓာကိုယ်ကို အခြေခံနဲ့ အလယ်တန်းစား မီးစွမ်းအားတွေနဲ့ အထက်အောက် ပတ်လည် ဖုံးလွှမ်းပစ်လိုက်တယ်။
ကြည့်ရတာ ကျုပ် နည်းနည်းတော့ ပညာပြမှ ရတော့မယ်ထင်တယ်။
“ကြီးမြတ်သော အလင်းတော်။ ကျွန်ုပ်အား အဆုံးမရှိ နတ်ဘုရားစွမ်းအားတွေ ပေးလို့ သင့်ရှေ့ကအရာအားလုံး ဖယ်ရှာရန် အလင်းဓားကြီးတစ်လက် ဖန်တီးလိုက်စမ်းပါ”
ပွဲကြည့်ပရိတ်သတ်တွေ အထူးအဆန်းတစ်ခု မြင်ခွင့်ရလိုက်တယ်။ ကျုပ် မြေပြင်ပေါ်ကနေ ဖြည်းဖြည်းချင်း ပျံတက်သွားလိုက်တယ်။ ကျုပ်ခန္ဓာကိုယ်မှာ ရွှေရောင်အလင်းတန်းတွေနဲ့ လင်းထိန်လို့ပေါ့ဗျာ။ ရွှေရောင် အလင်းတန်းတွေ ကျုပ်ပတ်ပတ်လည်မှာ စုနေတာ ဒီအတိုင်းကို အမြင်သာကြီး။ ကောင်မလေးရဲ့ မှော်အစွမ်းတွေ အကုန် ကျုပ်နဲ့ (၅)မီတာလောက် အကွာမှာ ကျက်ပျောက် ငှက်ပျောက် ပျက်စီးသွားပြီ။
လက်နှစ်ဖက်လုံးကို ခေါင်းပေါ်အထိ ဆွဲတင်လိုက်တယ်။
“မှော်ပညာ အစစ်အမှန်က ဘယ်လိုလဲဆိုတာ နင့်ကို သိခွင့်ပေးလိုက်မယ်”
ကျုပ်ပြောပြီးတာနဲ့ အလင်းဓားကြီးတစ်လက်ကို ကျုပ်လက်(၂)ဖက်နဲ့ အောက်တည့်တည့် ခုတ်ချလိုက်တယ်။ ဒါကျုပ် နောက်ဆုံးဖန်တီးထားတဲ့ မှော်ပညာလေ။ ဒါ အလင်းဖြတ်ဓားကို အခြေခံပြီး စုစည်းထားတဲ့ မှော်စွမ်းအားတွေနဲ့ ဓားတစ်ချောင်းဖန်တီးဖို့ ဆရာတိရဲ့ ပုံသေနည်းနဲ့ ပေါင်းထားတာ။ ကျုပ် တခါမှ စမ်းမကြည့်ရသေးတော့ ဒီဟာက လူတွေအတွက် တော်တော် ကြောက်ဖို့ကောင်းတာပဲ။
ကျုပ်ရှေ့က ကောင်မလေးမျက်နှာမှာ သွေးပျက်သွားပြီ။ သူ့မျက်နှာကို အုပ်ထားတဲ့ ပုဝါစလေးလဲ ပြုတ်ကျသွားပြီ။ အသားက ဖြူဖြူ၊ အနီရောင် ဆံပင်ရှည်တွေနဲ့ သူ့ရုပ်လေးက ဟိုင်ရှင်းနဲ့တောင် ယှဉ်နိုင်တာပဲ။ ဒိုင်လူကြီးတွေက တပြိုင်နက်တည်း..
“ကျေးဇူးပြုပြီး သနားပါ…”
ဒါပေမယ့် အလင်းဓားနဲ့ ခုတ်ပြီးပြီဆိုတော့ နောက်ကျသွားပြီ။ ကောင်မလေးကို ခုတ်တာမဟုတ်ဘဲ တကယ်က ကွင်းအလယ်ကို ခုတ်လိုက်တာ။
ဓားအလင်း တွေပျောက်သားတော့ မြေပြင်မှာ ဘာပြောင်းလဲမှုမျိုးမှ မဖြစ်လိုက်ဘူး။ ကောင်မလေး အကြောက်ပြေသွားပြီး..
“ဒါ သက်သက် လှည့်စားတာပဲ။ ဘယ်ရမလဲ။ နင် ဒီလောက် မစွမ်းဘူးဆိုတာ ငါသိတာပေါ့”
“မင်း နောက်ပြန်ဆုတ်ဖို့ အကြံပေးချင်တယ်။ မဟုတ်ရင် ဖြစ်လာမှာတွေအတွက် ငါ့ကို အပြစ်မတင်နဲ့နော်”
ကျုပ် ပြောပြီးတာနဲ့ မြေပြင်တစ်ခုလုံး လှုပ်သွားတယ်။ ဒိုင်အဘိုးကြီး ကောင်ကလေးလက်ဆွဲပြီး ခေါ်ထုတ်သွားလေရဲ့။
ဒီ ပြိုင်ပွဲစင် ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကို..
“အားလုံးပဲ… ထိခိုက်ဒဏ်ရာ မရချင်ရင် ကြိုပြီး နောက်ဆုတ်ကြပါ”
ကျုပ်ပြောပြီးတာနဲ့ ကျုပ်ခြေထောက်မှာ တိုက်ပွဲစိတ်ဝိညာဉ်လွှတ်ပြီး လက်ရှိနေရာက အမြန်ခုန်ထွက်လာလိုက်တယ်။
တော်လဲသံကြီး တစ်ချက်ထွက်လာတယ်။ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အကုန် တုန်လှုပ်ခြောက်ခြားကုန်ကြတယ်။ မီတာ (၅၀၀)ကျယ်တဲ့ ကစားကွင်းကြီးတစ်ခုလုံး ထက်ပိုင်း ကွဲသွားပြီလေ။ ‘အလင်း စီတန်း ဖျက်စီးခြင်း’က ဖုန်မှုန့်တွေနဲ့ ဖုံးသွားပါလေရော။ ကွင်းက ကျယ်လို့ ကံကောင်းတာ။ မဟုတ်ရင် ‘အလင်း စီတန်း ဖျက်စီးခြင်း’ ရဲ့ ပေါက်ကွဲအားကို ခံနိုင်ကြမှာ မဟုတ်ဘူး။
နောက် ဘာတွေ ထပ်ဖြစ်လဲဆိုတာ ကျုပ်လဲ စိတ်မဝင်စားတော့တာမို့ ငပိန်ကို ခေါ်ပြီး တည်းခိုခန်း ပြန်လာခဲ့လိုက်တယ်။
သူ့ကို အရင်ထိုင်ခိုင်းပြီး ကျုပ်ရေတခွက် မော့လိုက်သေးတယ်။
“ကဲ ဘာတွေ ဖြစ်ခဲ့လဲ ပြောစမ်းပါအုံး..”
ငပိန်လေး ကျုပ်ကို စိတ်ညစ်တဲ့ အကြည့်တွေနြ့ ကြည့်နေတယ်။ ဒီကောင် ဘာတွေ တွေးနေလဲ မသိဘူး။
“မင်း အမှန်အတိုင်းပြောရင် ငါမင်းကို ဗွေမယူဘူး”
ငပိန်လေး ရှက်ရှက်နဲ့ ရယ်ပြီး..
“ဒီလိုပါ။ ကျုပ်က ဒေသခံ ဈေးသည်တစ်ယောက်ပေါ့။ အဖေက ကျုပ်နောင်ရေးအတွက် မှော်ပညာ သင်ပေးခဲ့တာ။ ပြီးခဲ့တဲ့ နှစ်က တော်ဝင် အထက်တန်းကျောင်းက ကျောင်းသားတွေ ခေါ်တော့ ဝင်ဖြေပေမယ့် မအောင်ခဲ့ပါဘူး။ အဲ့တုန်းက မှော်ဆရာတစ်ယောက် ထွက်လာပြီး မှော်ပညာတွေ သင်ပေးတဲ့အပြင် အဆင့်မြင့် မန္တန်တွေကိုလဲ သရုပ်ပြ ပေးခဲ့သေးတယ်။ အနီးအနားက လူတွေကို မေးကြည့်တော့ အဲ့လူက ကျောင်းရဲ့ ထိပ်သီး(၁၀)ယောက်ထဲက မာခယ် ဆိုတာ သိလိုက်ရတယ်။ သိပ်မကြာခင်ကမှ ဒီမှာ မှော်ဆရာ သတို့သား ပြိုင်ပွဲရှိတယ်ဆိုတာကြားလို့ မာခယ့် ပုံရိပ်ကို အသုံးချဖို့ စိတ်ကူးမိလိုက်တာ။ ပြီးတော့ ဒီနေ့ မင်းမြင်တဲ့အတိုင်းပဲပေါ့”
“မင်း အဲလိုလုပ်တာ တစ်ယောက်ယောက် သိသွားမှာ မကြောက်ဘူးလား”
“မကြောက်ပါဘူး။ အဲ့ကောင်မလေးက လှလွန်းတယ်လေ။ ပြီးတော့ တော်ဝင်အထက်တန်းကျောင်းက လာတဲ့သူတွေဆို ဒီနယ်မှာ နာမည်ရပြီးသားဆိုတော့ စွန့်စားကြည့်ဖို့ ဆုံးဖြတ်လိုက်တာ။ မင်းနဲ့မှ ဆုံရမယ်လို့ ဘယ်လိုလုပ် တွေးမိမှာတုန်း”
သူ့အကြောင်းကြားတော့ ကျုပ်ရယ်လိုက်မိတယ်။ ဒီတော့ အလှမြတ်နိုးသူကြီး မို့ပေါ့လေ။
“ဒီတခါတော့ မင်းကို ခွင့်လွှတ်ပေးလိုက်မယ်။ ဒါပေမယ့် နောက်ထပ် အယောင်ဆောင်တာတွေ မလုပ်နဲ့တော့။ မင်း အားနည်းချက်ကို မြင်ပြီး ရှေ့နောက် မစဉ်းစားတဲ့သူမျိုးနဲ့သာ တွေ့သွားရင် မင်းဒုက္ခရောက်သွားမှာ စိုးရတယ်”
============= (*^*)=============
အပိုင်း( ၁၆၄ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား