← Chapters

ငါက လူရွှင်တော်

Vol. 92 Ch. 1368

ငါက လူရွှင်တော်

Vol. 92 Ch. 1368

လင်းရီ ထွက်ပေါ်လာသည်ကို မြင်တော့ ဝမ်ယွင်ကျန်း ပြုံးလိုက်ပြီး လေးနက်ချင်ယောင် ဆောင်လိုက်ကာ “ အဲ့မှာပဲ ရပ်မနေနဲ့.. ဒီကိုလာခဲ့..”

ကျိုးဖုန်းက ဤကိစ္စတွင် လုပ်တာ ကောင်းသည် ဆိုသော်လည်းပဲ ထိုအတွက်ကြောင့်နှင့် လင်းရီ တုံးစန်းကောင်တီအတွက် အကျိုးပြုပေးထားသည်များကို မေ့လျော့ပစ်လိုက်မည်လို့ မဆိုလိုချေ။

သူက အနည်းငယ် နောက်ကျသွားရုံမျှသာ။ ထွေထူး ကိစ္စကြီးလည်း မဟုတ်ပေ။

“ အတွင်းရေးမှူးဝမ်… ဒီနေ့က အပြည်ပြည်ဆိုင်ရာ အသည်းရောင် ရောဂါ - ဘီ ကာကွယ်ရေးနေ့မလား… ကျွန်တော် ကောင်တီအတွက် အကူအညီ ဖြစ်အောင် လူတစ်ချို့ ခေါ်လာခဲ့ပေးတယ်…”

“ မင်းလည်း အကူအညီတွေ ရလာခဲ့တာလား…”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး ကားတံခါး ပွင့်ဟလာသည်။ လီချူးဟန်၊ မြောင်ကော်ဖုန်း၊ မာရန်ပေါ်နှင့် အခြား လူ သုံးဆယ်ကျော်တို့ တစ်ယောက်ပြီးတစ်ယောက် ကားပေါ်မှ ဆင်းလာခဲ့ကြ၏။

ဝမ်ယွင်ကျန်းနှင့် လီကျစ်ပေါင်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်ကြ၏။ ကြည့်ရသလောက်တော့ ဤလူများကလည်း ရိုးရှင်းသည့်ပုံ မပေါ်ချေ။

“ လင်းရီ… မင်း သူတို့ကို ဘေးကပ်နေခိုင်းစမ်းကွာ…” ကျိုးဖုန်း ပြောလိုက်ပြီး “ ယွီဟန်စန်း ဆေးရုံက ဒေါက်တာတွေ စကားပြောပြီးရင် မင်းတို့ အုပ်စုဘက်က ကိုယ်စားလှယ် တစ်ယောက် လွှတ်လိုက်… ကောင်တီ ကောင်းဖို့ လာခဲ့တာပဲ ဆိုတော့ မင်းတို့လည်း မျက်နှာပြပိုင်ခွင့် ရှိတာပေါ့..”

ထပြီး စကားပြောတော့မည့် ကျိုးမင်လည်း ထိုစကားကြားတော့ ရယ်မောမိလိုက်လေသည်။

ဒီကောင်လေးက စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ…

“ တကယ်လို့ ဒီရဲ့ ဆရာကြီးတွေသာ ဒီနေ့ ပေါ်မလာဘူးဆိုရင် မင်းတို့ ယွီဟန်စန်း ဆေးရုံကလူတွေ ရှေ့ထွက်မှာကို ငါတားစရာ အကြောင်း မရှိဘူး..” လင်းရီ ကျိုးမင် နှင့် ကျန်သူများကို သိမ်းကျုံးကြည့်ပြီး ပြောလိုက်၏။

ထို့နောက်

“ ဒါပေမယ့် အခု… ကြည့်ရတာတော့ သူတို့က အရည်အချင်း မမှီတဲ့ ပုံပဲ…”

“ မင်း ဘာစကားပြောတာ… မင်းက ယွီဟန်စန်း ဆေးရုံကို အထင်သေးနေတာလား ဟုတ်လား.. ဟမ့်.. ” ကျိုးဖုန်း နှာမှုတ်လိုက်၏။

“ မင်းလို တနယ်တကျေးက ကောင်က ယွီဟန်ကို ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ… ထားပါ … မင်းသိအောင် ငါပြောပြလိုက်မယ်… ယွီဟန်စန်း‌ ဆေးရုံဆိုတာ ယွီဟန်မြို့ရဲ့ ထိပ်တန်း ဆေးရုံ ငါးခုထဲက တတိယ အဆင့် ဆေးရုံတစ်ခု… သူတို့က အရည်အချင်း မမှီဘူးလို့ မင်း ထင်သေးလား..”

“ ယွီဟန်မြို့လေးမှာ ထိပ်တန်း ငါးခု ဝင်နိုင်တာနဲ့ပဲ ဘာလို့ အဲ့လောက် ဂုဏ်မောက်နေရတာလဲကွာ…” လင်းရီ သူ့ခေါင်းကို ကုတ်လိုက်ပြီး “ ငါ့ ဘေးနား အခု ရှိနေတဲ့လူတွေက ဟွာရှတစ်ခွင်ရဲ့ ထိပ်တန်း ဆေးရုံ ငါးခုက လူတွေ… အဲ့တာတောင် မင်းတို့လောက် ဟန်မများဘူး..”

“ မင်း ဘာပြောလိုက်တယ်… ဟွာရှရဲ့ ထိပ်တန်း ဆေးရုံ ငါးခု ဟုတ်လား…” ကျိုးဖုန်းနှင့် ကျန်သူများအားလုံး ကြက်သေသေသွားခဲ့ကြသည်။ သူတို့ မသိစိတ်အလျောက် မြောင်ကော်ဖုန်းတို့ဘက် လှည့်ကြည့်လိုက်ပြီး သူတို့မျက်ဝန်းများကတော့ စူးစမ်းလိုစိတ် အပြည့်နှင့် ဖြစ်လို့နေသည်။

“ ဒါရိုက်တာလင်း… ဒါက ဘယ်လို အခြေအနေကြီးလဲ..” ဝမ်ယွင်ကျန်း ရှေ့ထွက်ပြီး မေးမြန်းလိုက်၏။

“ ကျွန်တော် ပြောသွားတဲ့ အတိုင်းပဲလေ..”

လင်းရီ ပြောပြီးနောက် မြောင်ကော်ဖုန်းသည် ရှေ့သို့ ထွက်လာ၍ ဝမ်ယွင်ကျန်းထံ လက်ဆန့်တန်းပေးလိုက်သည်။

“ မင်္ဂလာပါ အတွင်းရေးမှူးဝမ်… ကျုပ်က ကျိုးဟိုင် ဟွာရှန်းဆေးရုံ ဒါရိုက်တာ မြောင်ကော်ဖုန်းပါ…”

“ ဟွာရှန်းဆေးရုံ…”

ဝမ်ယွင်ကျန်းနှင့် လျိုကျစ်ပေါ်တို့ ကြက်သေသေသွားခဲ့ကြ၏။

အဲ့တာက ကျိုးဟိုင်မှာ အကောင်းဆုံး ဆိုတဲ့ ဆေးရုံကြီးမလား.. ဟွာရှ ထိပ်တန်း ဆေးရုံ ငါးခုထဲ ဝင်တဲ့ ဆေးရုံကြီးလေ…

လင်းရီ တကယ် မလိမ်ဘူးပဲ…

“ မင်္ဂလာပါ အတွင်းရေးမှူးဝမ်… ကျုပ်က ပြည်ထောင်စု ကောလိပ် ဆေးရုံရဲ့ ဒါရိုက်တာ မာရန်ပေါ်ပါ…”

“ ကျုပ်ကတော့ ဟွာရှီး ဆေးရုံရဲ့ ဒါရိုက်တာ လီကျန်းဖုန်း…”

“ ကျုပ်က ဝမ်ချင်… ရှန်းယား ဆေးရုံ ဒါရိုက်တာ.. ကျုပ်နောက်က လူတွေကတော့ ကျုပ်တို့ ဆေးရုံရဲ့ ဌာန အသီးသီးက အထင်ကရ လူတွေပဲ… ကျုပ်တို့က ဒါရိုက်တာလင်းရဲ့ ဖိတ်ကြားမှုနဲ့ ဒီလာပြီး ကူညီပေးဖို့ ရောက်လာခဲ့တာပါ…”

ဟစ်……

ဤလူများ၏ အထောက်အထားများကို သိရှိပြီးနောက် လူတိုင်း ပင့်သက်ရှိုက်မိသွားခဲ့ကြ၏။

ထို ဆေးရုံ လေးခုထံသို့ သူတို့ မရောက်ဖူးကြသော်လည်း တီဗွီဖန်သားပြင်ပေါ်တွင်တော့ မကြာမကြာ ကြားဖူးကြ၏။ လင်းရီ ပြောသွားခဲ့သည့်အတိုင်း အဆိုပါ ဆေးရုံများက ဟွာရှ၏ ထိပ်တန်း ဆေးရုံ ငါးခုများ ဖြစ်ကြလေသည်။

ယွီဟန်စန်း ဆေးရုံ၏ စံချိန်စံနှုန်းက မဆိုးလှသော်လည်းပဲ လက်ရှိ သူတို့ရှေ့ ရောက်နေသည့် ဆေးရုံ လေးခုနှင့် ယှဉ်လျှင်တော့ လုံးဝကို မတူညီသည့် အဆင့်ကိုယ်စီ၌ ရှိနေသူများ ဖြစ်သည်။ နှိုင်းယှဉ်လို့ မည်သို့မျှ မစွမ်းသာပေ။

အနှီ ဆေးရုံကြီး လေးခု၏ ဒါရိုက်တာများကို မပြောဘိသေးနှင့်။ ၎င်းတို့နောက်ရှိ ကျပန်း လူတစ်ယောက်ကပင် ယွီဟန်စန်း ဆေးရုံ၌ ဒါရိုက်တာ လာလုပ်ဖို့ အရည်အချင်း ပြည့်မီလေသည်။

ထို့ပြင် သူတို့ထံ၌ ကြီးကျယ်ခမ်းနားသည့် ဂုဏ်သတင်းသာလျှင် ရှိသည်မဟုတ်ဘဲ ထူးချွန်ပြောင်မြောက်သည့် အရည်အချင်းများလည်း ရှိကြ၏။ လက်ရှိ လိုက်ပါလာကြသူတိုင်းက ခေါင်းဆောင် သမားတော် အဆင့် ရှိကြသည်။

ယွီဟန်စန်း ဆေးရုံဘက်သို့ ကြည့်လိုက်မည်ဆိုပါက… ထိုကဲ့သို့ အရည်အချင်းမျိုး ရှိကြသူမှာ ရေတွက်ကြည့်လို့ လေးယောက်သာလျှင် ရှိ၏။ ကွာဟမှုက အတော်လေးကို ကြီးမားလှပေသည်။

“ မင်္ဂလာပါခင်ဗျ… မင်္ဂလာပါခင်ဗျ…”

ဝမ်ယွင်ကျန်း ရှေ့သို့ အရေးတကြီး တက်၍ ဒါရိုက်တာလေးယောက်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ နောက်ရှိ ဆရာဝန် အယောက်သုံးဆယ်ကျော်ကိုလည်း သူ လျစ်လျူမရှုထားခဲ့ချေ။

ဝမ်ယွင်ကျန်းသာမက လျိုကျစ်ပေါ်သည်လည်း ထိုနည်းတူစွာပင်။

နှိုင်းယှဉ်ကြည့်မည်ဆိုပါက သူကပင် ပို၍ ရှော့ခ်ရနေခဲ့သေး၏။

လက်ရှိ သူ့ရှေ့တွင် မတ်တပ်ရပ်နေသည့် လူလေးယောက်က ဟွာရှ ဆေးပညာ လောက၌ ထိပ်ဆုံး၌ ရပ်တည်နေကြသူများ ဖြစ်သည်။ သူဖတ်နေသည့် ဆေးစာတမ်း၊ ဆေးဂျာနယ်များပင်လျှင် ထိုလူများ ရေးသားထားသည့် မှတ်စုတိုထွာများဖြစ်၏။

ယခု ထိုကဲ့သို့ ကြီးကျယ်မြင့်မြတ်သည့် လူတစ်ခုသည် အမှန်ပင် သူ့ရှေ့မှောက်၌ အရှင်လတ်လတ် ရောက်ရှိလို့ လာနေသည်။

သူ့အတွက်တော့ ဤသည်က အိပ်မက်မက်နေသည်ဟုတောင် ခံစားနေရသည်။

“ ဒါရိုက်တာလင်း… မင်းက တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ.. လူတွေ ဒီလောက် အများကြီး ခေါ်လာမှာကို ငါ့ကို ဘာလို့ ကြိုမပြောတာလဲ… ဟမ်… ငါ ဘာမှတောင် ပြင်မထားရဘူး..” ဝမ်ယွင်ကျန်း ပြုံးပြီး မောင်းမဲလိုက်၏။

“ တစ်ဖက်တည်းသားချင်းတွေကိုပဲ… ကျွန်တော် စီစဉ်လိုက်ပါ့မယ်လို့ ပြောခဲ့တယ်မလား…” လင်းရီ ပြောလိုက်ပြီး “ သာမန်လူတွေ ကောင်းစားရေး အတွက်ပဲလေ… ရေးကြီး ခွင်ကျယ်တွေ လုပ်နေစရာ မလိုပါဘူး… သူတို့ အကျိုးရှိသွားသရွေ့ အဆင်ပြေပါတယ်…”

“ တော်တယ်.. ဒါရိုက်တာလင်း… တကယ်တော်တယ်…”

လင်းရီ၏ စကားလုံးတို့က လူအားလုံး၏ အားပေးထောက်ခံမှုကို သိမ်းကျုံး ယူသွားခဲ့လေသည်။ တုန်ဟီးမတတ် လက်ခုပ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။

ဆန့်ကျင်ဘက်ရှိ ကျိုးဖုန်းကတော့ အလွန်တရာကို အကျည်းတန် ရုပ်ပျက်နေလျက်ရှိသည်။ သူ ကျင်းတစ်ကျင်း တူး၍ပင် ပြေးပုန်းလိုက်ချင်မိ၏။

“ ဒါရိုက်တာတို့… ခင်များတို့ရောက်လာမယ်ဆိုတာ ကျုပ် တကယ်ကြီး မသိခဲ့လို့ပါ.. ကောင်းကောင်းမွန်မွန် မကြိုဆိုပေးနိုင်ခဲ့တဲ့ အတွက် ကျုပ်ကို ခွင့်လွှတ်ပေးကြပါ… ကျေးဇူးပြုပြီး ကျုပ်တို့ တုံးစန်းကောင်တီရဲ့ နိမ့်ကျတဲ့ ကြိုဆိုပေးမှုကို စိတ်ထဲ မထားကြပါနဲ့…”

“ မဟုတ်တာ မဟုတ်တာ… ဒါရိုက်တာလင်း ပြောသလိုပဲ.. ကျုပ်တို့ တခြား ဘာမှမလိုအပ်ဘူး… တုံးစန်းကောင်တီက လူတွေကို ကူညီပေးနိုင်တာနဲ့တင် ကျုပ်တို့ ကျေနပ်လှပြီ…”

“ ကျေးဇူးပါ ခင်ဗျ.. ကျေးဇူးတင်ပါတယ်…” ဝမ်ယွင်ကျန်း ဖိတ်မန္တက ပြုသည့် လက်ဟန်ဖြင့် မြောင်ကော်ဖုန်းနှင့် ကျန်သူများကို စင်ပေါ်သို့ တက်လာပြီး စကားပြောရန် ကြိုဆိုလိုက်သည်။

ကျိုးဖုန်းကတော့ ကိုးရို့ကားယား ဖြစ်စွာဖြင့် စင်အောက်သို့ ဆင်းလာခဲ့၏။ ယွီဟန်စန်း ဆေးရုံမှလူများလည်း အောက်သို့ ဆင်းလာပြီး သူတို့နေရာကို တိတ်တဆိတ် လက်လွတ်ပေးလိုက်ကြသည်။

သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း ကျိုးဖုန်းသည် လူအုပ်နောက်ကွယ်တွင် မသိမသာ ပုန်းကွယ်နေခဲ့ကာ လူအများက သူ့အား အာရုံစိုက်လာကြမည်ကို အင်မတန် စိုးရွံ့နေသည်။

သူ ဤကိစ္စကို စီစဉ်နေသည်မှာ လဝက်ကျော် ကြာပြီး ဖြစ်သည်။ သို့သော် အဆုံးသတ်သို့ ရောက်သည့် အခါမှ တစ်စုံတစ်ယောက်အတွက် လမ်းခင်းပေးသလို ဖြစ်သွားလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပါချေ။

သူ လင်းရီကို အရင်က လှောင်ပြောင်ခဲ့၏။ သို့သော် သူကိုယ်တိုင်ကပဲ တစ်ချိန်လုံး လူရွှင်တော်ကြီး ဖြစ်မှန်းမသိ ဖြစ်လို့နေလေသည်။

မူလက တခမ်းတနားကြီး ပြင်ဆင်ထားသည့် ကြိုဆိုပွဲအခမ်းအနားသည် တိုတောင်းသည့် မိန့်ခွန်းပြောကြားပြီးနောက် အဆုံးသတ်သွားခဲ့၏။ ၎င်းနောက် အဓိက အချက်ထံ တန်းသွားကြသည်။

ချက်ချင်းဆိုသလို ကောင်တီ ဆေးရုံသည် လူသူလေးပါးဖြင့် စည်ကားသက်ဝင်လာခဲ့တော့၏။ လူအများစုက သူတို့ မိသားစုဝင်များ အားလုံးကို ခေါ်ချလာ၍ ဆေးပြရန် စောင့်ဆိုင်းနေကြသည်။

ယခုလို အခွင့်အရေးမျိုးက ကြုံတောင့်ကြုံခဲ ဖြစ်၏။

“ အစ်ကိုရီ ညီမကို ရှာနေတာလား…”

ဆေးရုံ လှေကားထစ် ဘေးတွင် လင်းရီ ချောင်ရှင်းအား လှမ်းခေါ်လိုက်၏။

“ အထဲမှာ အခြေအနေ ဘယ်လိုရှိလဲ…”

“ ဟူး… အလုပ်များလွန်းလို့ သေတော့မယ်..” ချောင်ရှင်း ပြေလိုက်ပြီး “ ဒါပေမယ့် အကုန်လုံးက အသက်အရွယ်ကြောင့် ရတဲ့ ရောဂါက ခပ်များများရယ်ပါ… ဒါပေမယ့် တချို့ အခြေအနေ ဆိုးရွားတဲ့ လူတွေကိုကျတော့ ခေါင်းဆောင် သမားတော်လီက ခွဲစိတ်ဖို့ အကြံပေးတယ်… ဒါပေမယ့် လူနာရဲ့ အခြေအနေကို ကြည့်ရသလောက်တော့ သူတို့ ဆေးမြီးတိုတွေနဲ့ပဲ ကြိတ်ကုကြဖို့ အလားအလာ များပါတယ်…”

“ သဘာဝပါပဲ… ဆေးသောက်ဖို့ ပိုက်ဆံတောင် ဘယ်ဆီနေမှန်း မသိတာ ခွဲစိတ်ဖို့ ကုန်ကျစရိတ်က ဘယ်နားကနေ သွားထုတ်လာရမှာ..”

ချောင်ရှင်း သက်ပြင်းချလျက် အခက်တွေ့နေလေသည်။

“ ထားပါ… အဲ့ဒါ မင်း စိတ်ပူနေသင့်တဲ့ ကိစ္စ မဟုတ်ဘူး.. အဲ့ကိစ္စက ငါတို့ ဖြေရှင်းနိုင်တဲ့ ပြဿနာ မဟုတ်ဘူး…” လင်းရီ ပြောလိုက်ပြီး “ ဒီရက်တွေ အတွင်းမှာ ဆေးရုံက ကိစ္စတွေကို သေချာ အာရုံစိုက်ထား… တစ်ယောက်ကို တစ်နေ့ ယွမ် ငါးထောင်ပေးမယ်… ဒါရိုက်တာ လေးယောက်ကိုတော့ ငါကိုယ်တိုင် ကိုင်တွယ်လိုက်မယ်.. တကယ်လို့ အခက်အခဲ တစ်ခုခု ကြုံရင် အတတ်နိုင်ဆုံး ဖြေရှင်းဖို့ ကြိုးစားကြည့်.. မရဘူးဆိုရင် ငါလာခဲ့မယ်…”

“ အစ်ကိုရီ စိတ်ချထားလိုက်.. ညီမ တာဝန်ပြီးမြောက်စေရမယ်လို့ ကတိပေးတယ်…”

“ ငါ တခြား လုပ်စရာတွေ ရှိသေးလို့ အရင်သွားနှင့်ပြီ.. ကျန်းမာရေးလည်း ဂရုစိုက်ဦး..”

“ ဟီးဟီး… စိတ်မပူပါနဲ့.. ညီမ ဒီစကားကို ဒါရိုက်တာလီဆီ ပြောပေးလိုက်ပါ့မယ်…”

“ ကောင်းပြီ.. သွားတော့…”

ညွှန်ကြားချက် တစ်ချို့ ပေးပြီးနောက် လင်းရီသည် ကောင်တီ ရုံးခန်းသို့ ပြန်ရောက်လာခဲ့သည်။ သို့သော် သူ ခုံနှင့် တင်ပါး မထိတွေ့နိုင်ခင်မှာပဲ လျန်ရူရွှယ်ဆီကနေ ဖုန်းဝင်လာသည်။

“ ဒါရိုက်တာလင်း… ကျွန်မ ရှင့်ကို ခေါ်နေတာ သုံးခေါက်ရှိပြီ… ဘာလို့ ဖုန်းမကိုင်တာ… ရှင့်ကို အနှောင့်အယှက်တော့ မပေးမိဘူးမလား…”

All Chapters