သတင်းထောက် အင်တာဗျူး
Vol. 92 Ch. 1369
“ အာ…..”
လင်းရီ သူ လွတ်သွားသည့် ဖုန်းကော သုံးခုကို မြင်ပြီး ဖြစ်၏။ သို့သော် အလုပ်များလွန်းသဖြင့် အားလပ်သည့် အချိန်သို့ ရောက်သည့်တိုင် ပြန်ခေါ်ရန် မေ့လျော့နေခဲ့လေသည်။
“ ဆေးရုံကလူတွေ ဒီမနက် ရောက်လာလို့လေ.. အဲ့တာ အဲ့ကိစ္စနဲ့ အလုပ် အသကုန်(အသားကုန်) ရှုပ်နေလို့…”
လင်းရီ ပြောလိုက်သည်။
“ ခု အားတော့မှ မင်းဆီ ဖုန်းပြန်ခေါ်မလို့ကို ထင်မထားဘူး မင်းက ခေါ်လာလိမ့်မယ်လို့… ကြည့်ရတာ ငါတို့နှစ်ယောက်က စိတ်ချင်း ဆက်နေကြတယ်နဲ့ တူပါတယ်…”
“ ဟွန့်… နင် ဆင်ခြေကောင်းကောင်း ပေးနိုင်မယ်ဆိုတာ ငါသိသားပဲ…”
လင်းရီ တဟားဟား ရယ်မောလိုက်လေသည်။ “ ကိစ္စရှိလို့လား…”
“ ကိစ္စမရှိရင်ရော ငါက ခေါ်လို့မရဘူးလား…”
“ ငါ အဖော်ပြုပေးမှာကို စောင့်နေတဲ့ ကောင်မလေးက ဒါဇင်လောက် ရှိတာဆိုတော့ မင်းကို ဖျော်ဖြေပေးဖို့ အချိန် ရှာမရဘူး ဖြစ်နေတယ်…”
“ အား… ငါနင့်ကို သေအောင် သတ်မိတော့မှာနော်…” လျန်ရူရွှယ် ပြောလိုက်ပြီး “ ဗဟို သတင်းထောက်တွေ နင့်ဆီကို အင်တာလာဗျူးကြလိမ့်မယ်… ကောင်းကောင်း ပြင်ဆင်ထား.. အဲ့တာပြောပြမလို့…”
“ ဟင်… ဗဟို သတင်းထောက်တွေ ဟုတ်လား.. ဘယ်ဌာနကလဲတဲ့…”
“ ဗဟို နေ့စဉ် သတင်းကပဲပေါ့… ဘဏ္ဍာရေး ကဏ္ဍက ဖြစ်လိမ့်မယ်..” လျန်ရူရွှယ် ပြောလိုက်ပြီး “ ငါ့အမေကလည်း နင့်ရဲ့ ချစ်ပ် စက်မှုဇုန် ပရောဂျက်မှာ ပါဝင်နေတယ်မလား.. နောက်ပြီးတော့ ဗဟို အစိုးရက ခေါင်းဆောင်ကြီးတွေကလည်း နင့်ကို မြင့်မြင့်မှန်းထားကြတယ်.. ဒါကြောင့်မို့ သူတို့က သတင်းထောက်တွေ လွှတ်လိုက်တာ… ဒါကို ကျော်ကြားမှု ပုံစံတစ်မျိုးလို့ ယူဆချင်လည်း ရတယ်…”
“ ဆိုတော့ တခြားနည်းနဲ့ပြောရင် ဒီရဲ့ အင်တာဗျူးက အထက်လူကြီးတွေ ငါ့ဆီပေးလာတဲ့ ဥစ္စာပေါ့ ဟုတ်လား…”
“ ငါ့ အမေပြောတဲ့ လေသံအရဆိုရင်တော့ အဲ့လိုပဲထင်တယ်…” လျန်ရူရွှယ် ပြောလိုက်ပြီး “ လီတိုဂရပ်ဖီစက် ဒါမှမဟုတ် နင် မစ်ဆူ မိသားစုကနေ ပြန် ယူလာတဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ဖြစ် အကုန်လုံးက ဟွာရှ နည်းပညာနဲ့ စက်မှု စနစ်ကို သက်ရောက်မှု အကြီးစားတွေ ဖြစ်ပေါ်စေတယ်လေ… နင့်ကို ဆုပေးတယ်လို့ သဘောထားလိုက်…”
“ ဒါဆိုလည်း လှလှပပ သတင်းထောက်မလေး တစ်ယောက်လောက် ပို့လာခဲ့ပေးရင် ပိုကောင်းမယ်.. ဘာပဲ ဆိုဆို ငါဆိုတာ အချစ်မခံရတဲ့ ယောက်ျားတစ်ယောက်လေ.. ငါလည်း လိုအပ်နေတယ်…”
“ နင့်ကိုတော့ ငါ သေအောင်သာ ဖြတ်ရိုက်ပစ်လိုက်ချင်တယ် သိလား…” လျန်ရူရွှယ် ပြောလိုက်ပြီး “ နင် ဘာပြဿနာမှ မရှာနဲ့ … အချိန်ကျလာရင် သူတို့ကို ကောင်းကောင်းမွန်မွန် ကြိုဆို…”
“ ငါ မကြိုက်ဆုံးက အဲ့ဒီ သတင်းထောက်တွေကိုပဲ… သူတို့က အမြဲ ပြဿနာ မီးမွှေးဖို့လောက် အာရုံစိုက်နေကြတဲ့လူတွေ…”
“ မူဝါဒတွေ ခွင့်ပြုပေးဖို့က နင် ထင်သလောက် လွယ်မနေဘူးဟဲ့…” လျန်ရူရွှယ် ပြောလိုက်ပြီး “ ငါတို့က နင့်ကို ခွင့်ပြုပေးလိုက်မယ်ဆိုရင် တခြား လုပ်ငန်းရှင်တွေ အတွက်ကျတော့ ဘယ်လိုလုပ်ရတော့မှာ… တခြားမြို့တွေ အတွက်ကျတော့ရော… တချို့ ကိစ္စတွေက မျှချေညီဖို့ လိုတယ်… ပြီးတော့ semiconductor ကုမ္ပဏီ တစ်ချို့က လင်းယွင်အုပ်စုရဲ့ လက်ဝါးကြီး အုပ်လာတဲ့ အပေါ် မကျေနပ်ကြဘူး… ဒါပေမယ့် အထက်ကြီးပိုင်းတွေက ကူညီပြီး ဖိနှိပ်ထားပေးတယ်… နင့်မှာ ရှိတာနဲ့ပဲ ကျေနပ်စမ်းပါ..”
“ ကောင်းပြီလေ… ငါ ဖျစ်ညစ်ပြီး ပူးပေါင်းပေးရတော့မှာပေါ့…”
“ အင်တာလာဗျူးတာပဲ ဆိုပေမယ့် ဒီတစ်ခေါက်က မတူဘူး… နင် ပိုပြီး အလေးအနက် ထားသင့်တယ်…” လျန်ရူရွှယ် ပြောလိုက်သည်။
“ သူတို့က အစိုးရရဲ့ တရားဝင် မီဒီယာတွေ… တကယ်လို့ ဒီသတင်းကို ကြေညာလိုက်တယ်ဆိုရင် အမျိုးသားရေး အဆင့်ကလူတွေ နင့်ကို ခေါင်းညိမ့်ပြလိုက်တာနဲ့ အတူတူပဲ.. တခြားနည်းနဲ့ ပြောရရင် ဒီ အင်တာဗျူးက သာမညောင်ည လူတွေ အတွက်မဟုတ်ဘူး… စီးပွားရေး လုပ်ငန်းရှင်တွေ အတွက်… တကယ်လို့ အထက်လူကြီးတွေက သူတို့ရဲ့ ရပ်တည်ချက်တွေကို ဖော်ပြလာမယ်ဆိုရင် အောက်က တခြား လုပ်ငန်းရှင်တွေကလည်း အလိုလို လိုက်ပါလာကြလိမ့်မယ်…”
“ မင်းပြောတာကို ငါနားလည်တယ်.. ဒါပေမယ့် ငါ သဘောမကျတာတော့ သဘောမကျတာပဲ…”
“ နင် သဘောမကျလည်း သူတို့ကို ကြိုဆိုရမှာပဲ.. ဒါက လင်းယွင်အုပ်စုအတွက် အများကြီး အကျိုးရှိစေမှာနော်.. နင် ကပြက်ကချော်တွေ လျှောက်မလုပ်နဲ့…”
“ အိုကေ အိုကေ.. “
“ ပြီးတော့ … တုံးစန်းကောင်တီက ကိစ္စတွေ မြန်မြန် လက်စသတ်… မြန်မြန် ပြန်လာခဲ့.. နင် ဘာလုပ်ရမလဲ သိတယ်မလား…”
“ အိုကေ… ငါ မင်း အန္တရာယ်ကင်းတဲ့ နေ့မှာ ပြန်လာမယ်…”
“ လဲသေလိုက်…”
လျန်ရူရွှယ် ဖုန်းကို တန်းချလိုက်ပြီး လင်းရီအား ဆက်လက် စနောက်ခွင့် မပေးချေ။
နောက် ရက်အနည်းငယ်ထိတိုင်အောင် လင်းရီ၏ အလုပ်က အတော်လေး ချောင်ချိနေသည်။ သူ နေ့တိုင်း ကောင်တီ ဆေးရုံသို့သွားရောက် စစ်ဆေးရင်း မြောင်ကော်ဖုန်းတို့နှင့် အတူ စကားပြောသည်။ ညတွင် လီချူးဟန်နှင့် အတူအိပ်ပြီး အင်မတန် ပျော်ဖို့ကောင်းသည့် ဘဝ၏ အခိုက်အတန့်ကို သူ ပိုင်ဆိုင်နေသည်။
အခြားတစ်ဖက်တွင်တော့ လီချင်းခိုင်နှင့် လီစီကျင်းတို့သည် အောက်ရှိ ကျေးရွာများနှင့် ပတ်သက်လို့ အလုပ်ရှုပ်နေသည်။ ကိစ္စများက ပြောသလောက် လွယ်ကူမှု မရှိပေ။
ကျိုးဖုန်း ခေါ်ထားသည့် လူများ အဖို့တော့ ထိုသူများသည် ကိုးရို့ကားယားနိုင်သည့် အနေအထားသို့ ကျရောက်နေကြသည်။ သူတို့ ကြည့်ရသည်မှာ သောင်တင်ရေမကျ ဖြစ်နေသည့်ပုံပင်။
သို့သော် အဆုံးတွင် ကိုယ့်ကိုယ်ကို အားပေး၍ နေထိုင်လိုက်ကြ၏။
ယင်းက ဘာကြောင့်လဲဆိုတော့ လင်းရီ ခေါ်ထားသည့် လူများအားလုံးက တကယ့် ဆရာကြီးများ ဖြစ်နေသည်။ အနာဂတ်ကို ရှေးရှု၍ သူတို့ ဆက်လက် ရှိနေကြပြီး အများအပြားလည်း သင်ယူ ရရှိလိုက်ကြသည်။
“ ဒါရိုက်တာလင်း… အတွင်းရေးမှူးဝမ်က တွေ့ချင်နေတယ်…”
ရုံးခန်း တံခါးဝ၌ ဝမ်ယွင်ကျန်း၏ အတွင်းရေးမှူးက လာပြီး ပြောသည်။
“ အခု လာနေပြီ…”
ပစ္စည်းများ သိမ်းဆည်းပြီးနောက် လင်းရီ ဝမ်ယွင်ကျန်း၏ ရုံးခန်းထဲသို့ သွားလိုက်၏။
“ အတွင်းရေးမှူးဝမ်… ကျွန်တော့်ကို ခေါ်နေတယ်ဆိုလို့ပါ…”
“ အေးကွ… လာထိုင်ဦး… ငါ မင်းကို ဒီကိစ္စ ပြောမယ် ပြောမယ်နဲ့ မပြောဖြစ်တာ ကြာပြီ… ဒီနေ့ အားတုန်းမို့ ပြောလိုက်မယ်..” ဝမ်ယွင်ကျန်း အပြုံးလေးဖြင့် ပြောလာသည်။
“ မင်း ဒီတစ်ခေါက် လုပ်ခဲ့တာ သိပ်ကောင်းတယ်.. ငါ မြို့ကို အစည်းအဝေးသွားတက်တော့ တခြား ဌာနက ခေါင်းဆောင်ကြီးတွေ ငါတို့ ကောင်တီရဲ့ နွမ်းပါးမှု တိုက်ဖျက်ရေး လုပ်ဆောင်ချက် အပေါ်မှာ ချီးမွမ်းနေကြတာ… တကယ် မျက်နှာပွင့်ရတယ်… ဒါတွေ အကုန်လုံး မင်းကိုပဲ ကျေးဇူးတင်ရမှာ …”
“ ကျွန်တော်က ဒီအတိုင်း ကိုယ့်အလုပ်ကို လုပ်ရုံတင်ပါပဲဗျာ…” လင်းရီ ရယ်မောလိုက်၏။
“ မင်း အဲ့လိုပြောမယ်မှန်း ငါသိနေတယ်လေ..” ဝမ်ယွင်းကျန်းလည်း ရယ်မောလိုက်သည်။ သူ လင်းရီကို ပိုကြည့်လေ၊ သူ၏ အကျင့်စရိုက် အပေါ် ပိုပြီး နားလည်သဘောပေါက်လာလေ ဖြစ်၏။
“ ငါ ဒီနေ့ မင်းကို ခေါ်လိုက်တာ အဓိကက တစ်ခု ပြောချင်တာလေး ရှိလို့…”
လင်းရီ ဘာမျှ ပြန်မပြောဘဲ ဝမ်ယွင်ကျန်း ဆက်ပြောလာမည်ကို စောင့်ဆိုင်းနေသည်။
“ ပထမတစ်ခုက ငါ မြို့ကို အစည်းအဝေးသွားတော့ တခြားဌာနက ခေါင်းဆောင်ကြီးတွေ သူတို့ကိုယ်တိုင် လာပြီး ငါ့ဆီ စကားလာပြောကြတယ်… ငါလည်း လောဘမကြီးရဲတော့ မင်း လုပ်ခဲ့သမျှ အသေးစိတ်ကို ပြန်ပြောပြလိုက်တယ်.. ဒါကြောင့်မို့ အထက်လူကြီးတွေက မင်းကို မြို့ပေါ် ပြောင်းရွေ့ပေးချင်နေကြတယ်… ဒါပေမယ့် ရာထူး အတိအကျကိုတော့ မဆုံးဖြတ်ရသေးဘူး.. တကယ်လို့ မင်း ရချင်တဲ့ ရာထူးမျိုး ရှိရင် ငါ ကြားကနေ ရအောင် ဖန်ပေးကြည့်မယ်ကွာ… မင်း စိတ်ဝင်စားတဲ့ နေရာရှိရင် အောင်မြင်ပြီလို့သာ မှတ်လိုက်…”
“ အာ…..” လင်းရီ အတန်ငယ်ကြာအောင် ရပ်တန့်ပြီးနောက် “ ကျွန်တော် ရာထူးရွေ့ပြောင်းဖို့ ရည်ရွယ်ချက် မရှိသေးဘူး… ကောင်တီမှာပဲ နေချင်သေးတယ်..”
“ ကောင်တီမှာက ပိုပြီး လွတ်လွတ်လပ်လပ် ရှိတယ်လို့ ခံစားရလို့ ... ဟုတ်တယ်မလား…”
မဟုတ်ဘူး.. ကျွန်တော်က ဘဝကို ဖြတ်လမ်းကနေ လိုက်နေတဲ့ကောင်… သွားချင်ရင်တောင် သွားလို့ မဖြစ်တဲ့ အရာတစ်ချို့ ရှိတယ်…
“ ကျွန်တော့်မှာ ဘာ ရည်မှန်းချက်မှ မရှိပါဘူး.. ကျွန်တော်က လူတွေကို ကောင်းစားစေချင်ရုံပါပဲ..”
“ တော် တော် တော်… ငါ့ အသက်က ငါးဆယ်ရှိနေပြီ… ငါ့ကို အဲ့လို လာမလုပ်နဲ့…( အံတိုနေပြီ)” ဝမ်ယွင်ကျန်း ပြောလိုက်ပြီး “ တကယ်လို့ မင်း မသိသေးဘူးဆိုလည်း အလျင်လိုစရာ မလိုပါဘူး.. သွားပြီး ဖြည်းဖြည်းချင်း စဉ်းစားကြည့်… မင်း ဒီလို အခွင့်အရေးကောင်းကို အမိအရ ဖမ်းဆုပ်ရမယ်…”
“ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်…” လင်းရီ ပြောလိုက်ပြီး “ ဒုတိယ တစ်ခုက ဘာများတုန်းဗျ…”
“ ဒုတိယ တစ်ခုက ဗဟိုနေ့စဉ်က လူတွေ မင်းဆီလာပြီးမှ တုံးစန်းကောင်တီရဲ့ နွမ်းပါးမှု တိုက်ဖျက်ရေး အခြေအနေနဲ့ ရင်းနှီးမြုပ်နှံမှု စုဆောင်းမှုကိစ္စတွေကို နားလည်ဖို့ မင်းဆီ အင်တာလာဗျူးကြလိမ့်မယ်… “ ဝမ်ယွင်ကျန်း ပြောလိုက်ပြီး “ ဒီကိစ္စတွေ အားလုံးကို ကိုင်တွယ်တဲ့လူက မင်းပဲလေ.. ပြီးတော့ မင်းက လူငယ်လည်း ဖြစ်တယ်… အချင်းချင်း ထိတွေ့ ဆက်ဆံတဲ့ အခါ မျိုးဆက် ကွာဟမှု ပြဿနာတွေလည်း မရှိတော့ဘူးပေါ့… ဒါကြောင့် မင်းက သူတို့ကို ကြိုဆိုရမယ်...”
“ နားလည်ပြီ… တာဝန်ကျေစေရမယ်လို့ ကတိပေးပါတယ်…”
သူ ဤကိစ္စကို လျန်ရူရွှယ်မှ သိရှိထားပြီး ဖြစ်သော်လည်းပဲ လင်းရီ သာမန်အတိုင်းသာ ပြုမူလိုက်ဆဲပင်။ အနည်းဆုံးတော့ ဝမ်ယွင်ကျန်း အတွေးမများရတော့ချေ။
“ ကောင်းပြီ… ဒီကိစ္စ နှစ်ခုပဲ…” ဝမ်ယွင်ကျန်း ပြောလိုက်ပြီး “ ယွီဟန်မြို့ကို ပြောင်းမယ့် ကိစ္စ အာရုံစိုက်ကွာ… ဒါက မင်း ဘဝရဲ့ ကံကြမ္မာ အလှည့်အပြောင်းလည်း ဖြစ်သွားနိုင်တယ်.. အရမ်း အမြန်ကြီး ဆုံးဖြတ်ချက် မချလိုက်နဲ့… သေသေချာချာ စဉ်းစား…”
“ နားလည်ပါပြီ…”
“ နေဦး.. ထွက်မပြေးနဲ့ဦး…” ဝမ်ယွင်ကျန်း သူ့ စားပွဲအောက်မှ လက်ဖက်ခြောက် သေတ္တာ တစ်ခုကို ထုတ်လာခဲ့ကာ “ ဒါ သောက်ဖို့ ယူသွားလိုက်.. ထုပ်ပိုးထားတာ ရှယ်နော်… အောက်တိုဘာ ပထမပတ်ထဲ ဝင်တော့မှာဆိုတော့ ယူသွားလိုက်… လက်ဖက်ခြောက် သောက်ရတာ မကြိုက်ဘူးဆိုလည်း လက်ဆောင်ပေးလို့ရတာပေါ့…”
“ ဟားဟား… ကျေးဇူးတင်ပါတယ် ခေါင်းဆောင်…”
ဝမ်ယွင်ကျန်း၏ ရုံးခန်းထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီ တုံးစန်းကောင်တီရှိ ပထမ အထက်တန်းကျောင်းသို့ မောင်းနှင်လာခဲ့သည်။
“ မင်းက ဘယ်သူတုန်း… ဒါက ကျောင်း… မင်း ဝင်လို့မရဘူး..” ကျောင်းစောင့်ကနေပြီး ပြောလာသည်။
“ ကျွန်တော်က ကောင်တီ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ဒါရိုက်တာ လင်းရီပါ.. အထဲဝင်ပြီး တစ်ချက် ကြည့်ချင်လို့ပါ…”
“ ဘာကောင်တီလဲ…”
“ တုံးစန်းကောင်တီ…”
“ နာမည်က….”
“ လင်းရီ….”
“ လင်းဘယ်သူ…”
“ လင်းရီ….”
“ ရီဘယ်သူ..”
“ အဘိုး… ဒီမှာ ဆေးလိပ် နည်းနည်းလောက် သောက်ပါဦးလား..”
“ ရပြီ.. လူကလေး … မင်း ဝင်လို့ရပြီ…”