← Chapters

ကောင်လေးနဲ့ nightlife

Vol. 92 Ch. 1370

ကောင်လေးနဲ့ nightlife

Vol. 92 Ch. 1370

ပရဝဏ် ဧရိယာ အကျယ်အဝန်းအရတော့ ကောင်တီ၏ ပထမ အထက်တန်းကျောင်းသည် အင်မတန် ကောင်းသည်ဟု သတ်မှတ်၍ ရသည်။

ကျိုးဟိုင်ရှိ တချို့သော ကျောင်းများပင် ဤနေရာလောက် ကျယ်ဝန်းလိမ့်မည်လို့ သူမထင်မိပေ။

သို့သော် သင်ကြားရေးပိုင်းဆိုင်ရာ အရရော၊ သင်ထောက်ကူ ပစ္စည်များ အရပါ အင်မတန် အလှမ်းဝေးကွာနေဆဲပင်။

လေးထပ် အဆောက်အအုံ တစ်လုံးသာလျှင် တည်ရှိသည်။ အဆင်ပြေသည်ဟု ထင်ရသော်လည်းပဲ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း သုံးခုကို ပေါင်းစပ်ထားခြင်းပင်။

ပညာရေး ကဏ္ဍက လွန်ခဲ့သည့် ဆယ်နှစ်ဝန်းကျင် လောက်တုန်းကတော့ အတော်လေး အဆင်ပြေခဲ့သည်။ အောက်ရှိ မြို့ရွာများ အပါအဝင် မူလတန်း ကျောင်း ငါးကျောင်း၊ အလယ်တန်းကျောင်း သုံးကျောင်းနှင့် အထက်တန်းကျောင်း နှစ်ကျောင်း ရှိ၏။

သို့သော် ဆယ်နှစ်လွန်သော် အဆိုပါ ကျောင်းများ အားလုံး စုစည်း၍ ယခု ရှေ့တွင်ရှိ လေးထပ် အဆောက်အဦးကြီး တစ်လုံး ဖြစ်လာခဲ့လေသည်။

အရိပ်ရသည့် တစ်နေရာ ရှာပြီးနောက် လင်းရီ ထိုင်ချလိုက်၏။

မကြာမီ ခေါင်းလောင်းထိုးသံ မြည်လာခဲ့သည်။ အတန်းကြီး ၊ အတန်းငယ် ကလေးများအားလုံး ကျောင်းရှေ့ ကွင်းပြင်သို့ လျှံထွက်လာခဲ့ကြ၏။

လင်းရီ အကြမ်းဖျင်း ရေတွက်ကြည့်လိုက်တော့ ပညာရေး အဆင့် သုံးခုပေါင်းကိုမှ ကျောင်းသား ဦးရေက ငါးရာအောက်သာလျှင် ရှိသည်။ အရေအတွက်က ဝမ်းနည်းစရာ ကောင်းလောက်အောင်ကို နည်းပါးလွန်းလှ၏။

သို့ဖြစ်သည့်တိုင် လီစီကျင်း ပြောစကားများအရ ကျောင်းတွင် သင်ကြားပေးမည့် ဆရာ မလုံလောက်မှု ပြဿနာ ရှိနေသည် ဆိုပင်။

အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် ဤပြဿနာသည်လည်း ဆေးပညာ အဆင့်အတန်း နိမ့်ကျမှု ပြဿနာနှင့် အတူတူရှိသည်ဟု လင်းရီ မြင်မိသည်။

အကယ်၍ စီးပွားရေးကသာ လက်တွဲမခေါ်ဘူးဆိုပါက အရာအားလုံးသည် ကြမ်းတမ်းခက်ခဲလှပေမည်။

ထို့ကြောင့် စက်မှုဇုန်သည် ဆင်းရဲနွမ်းပါးမှု လွတ်မြောက်ရေး၏ အခြေခံ အုတ်မြစ်ဖြစ်ပြီး ယခုလို အခြား ပြဿနာများအား ဖြေရှင်းနိုင်မည့် နည်းလမ်းကိုလည်း သူ စဉ်းစား အဖြေရှာရဦးပေမည်။

သို့သော် တွေးတောကြည့်ပြီးနောက် ဤအရေး ကိစ္စကို အလျင်စလို ပြုလုပ်၍ မဖြစ်ဟု သူ မြင်နေမိဆဲပင်။ အရာများစွာ ရှိသော်လည်းပဲ သူ တစ်ခုပြီးမှ တစ်ခု ပြုလုပ်သင့်၏။

အကယ်၍ သူ့တွင် ပညာရေးနှင့် ကျန်းမာရေး ပြဿနာများ အကြောင်း ပူပန်ရန် အချိန်ရှိနေပါက စက်မှုဇုန် ကိစ္စကိုလည်း တွေးတောပူပန်သင့်သည်။

ယခု သူတို့၏ လုပ်အားခများ မြင့်တက်လာပြီး ဆရာများနှင့် ဒေါက်တာများကို လစာပိုပေးရင်းဖြင့် အရာအားလုံးကို လွယ်လင့်တကူ ဖြေရှင်းနိုင်ပေလိမ့်မည်။

ကလင် ကလင် ကလင်..

ကျောင်းအတွင်း၌ ခေတ္တ ထိုင်နေစဉ် လင်းရီ ဖုန်းသံ မြည်ဟည်းလာသည်။ ယင်းက အမည်မသိ နံပါတ် တစ်ခုပင်။

“ ဟယ်လို… ခင်များက ကောင်တီ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ဒါရိုက်တာ မစ္စတာလင်းရီလား မသိဘူး.. “

“ ဟုတ်ပါတယ်.. မင်းက….”

“ ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပေးပါရစေ.. ကျွန်တော်က ဗဟိုနေ့စဉ် သတင်းထောက်

ဟိုကျင်းထောက်ပါ… ကျွန်တော်က ကနေဦး ဆက်သွယ်ဖို့ တာဝန်ယူထားတဲ့လူလေ… အဲ့တာ အင်တာဗျူးမယ့် အချိန်ကို တစ်ချက် အတည်ပြုချင်လို့… မနက်ဖြန် မနက် ဆယ်နာရီ ရုံးခန်းမှာဆို အဆင်ပြေမလားမသိဘူး..”

“ ရတယ်.. အဆင်ပြေပါတယ်…” လင်းရီ ပြောလိုက်ပြီး “ လိပ်စာရော သိလား…”

“ အတွင်းရေးမှူးဝမ်က ပေးပြီးပါပြီ.. ဒါဆို မနက်ဖြန် ခင်များရဲ့ ရုံးခန်းမှာ ဆုံကြတာပေါ့…”

“ အိုကေ….”

ဖုန်းချပြီးသည့်နောက် လင်းရီ များများစားစား တွေးတော မနေဘဲ ကောင်တီ ဆေးရုံသို့ သွား၍ လီချူးဟန်နှင့် ချောင်ရှင်းကို ညစာ လိုက်ကျွေးရန် ဟန်ပြင်သည်။

ချောင်ရှင်း၏ အကြံပေးချက်အတိုင်း သူတို့ သုံးယောက်လုံး ဆန်ခေါက်ဆွဲ စားလိုက်ကြ၏။ ဈေးလည်း သက်သာပြီး ဗိုက်လည်းဝလေသည်။

“ အစ်ကိုရီ… တုံးစန်းကောင်တီမှာ တခြား ပျော်ဖို့ ကောင်းတဲ့ နေရာလေးတွေ မရှိဘူးလား..” ဖင်ငြိမ်အောင် မနေနိုင်သည့် ချောင်ရှင်းက မေးလာသည်။

“ ဒီအနီးအနားတော့ ခန်းလိုင် ရေလှောင် တမံတည်း ရှိမယ်.. ခန်းလိုင် ကောင်တီရဲ့ နယ်နိမိတ်ထဲမှာ.. ဒါပေမယ့် ဝေးတော့ မဝေးဘူး… မင်းအဲ့မှာ လှေလှော်လို့ ရမယ်… ငါးဖမ်းလို့ ရမယ်… ဘာညာကွိကွလုပ်လို့ရမယ်ကွာ.. ငါတော့ မင်း စိတ်ဝင်စားမယ်လို့ မထင်ဘူး…”

“ ဒါဆိုလည်း သွားကြည့်ကြစို့လေ… ညီမတို့ ဒီရောက်နေတာ သုံးလေးရက် မကတော့ဘူး.. ဒီမှာ nightlife(ညပွဲလမ်းသဘင်) လည်း မရှိဘူး…. အရမ်း ပျင်းဖို့ကောင်းတာပဲ…”

“ ဒါဆိုလည်း မြန်မြန် ကောင်လေး တစ်ယောက် ရှာတော့လေ…”

“ စင်ဂယ် ဖြစ်တာနဲ့ nightlife နဲ့က ဘာသက်ဆိုင်လို့…” ချောင်ရှင်း ပြောလိုက်ပြီး “ တစ်ယောက်တည်း ရှိတာနဲ့ တခြားတစ်ယောက်နဲ့ အတူရှိတာပဲ ကွာသွားလိမ့်မယ်.. ပြီးတော့ ညီမကတော့ စင်ဂယ်ဖြစ်တာက တော်တော်လေး ကောင်းတယ်လို့ ထင်တယ်… သွားချင်တဲ့ နေရာ သွားလို့ရတယ်.. နှောင့်ယှက်မယ့် ဘယ်သူမှလည်း မရှိဘူး…”

“ အဲ့တာ ကွာခြားချက်ပဲ… လူတွေ ပိုများတော့ မင်းမှာ ရွေးချယ်စရာတွေ ပိုပြီးများမယ်…” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ တစ်ခုခု ရှိတယ်ဆိုရင် မင်းတို့ အပြင်ထွက်ပြီး အတူ လျှောက်လည် ဆော့ကစားလို့ ရတယ်… ဘာမှ လည်စရာ ဆော့စရာ မရှိတဲ့ အခါကျ နှစ်ယောက်သား အချင်းချင်း ဆော့ကစားလို့ ရတယ်လေ…”

ချောင်ရှင်း တဒင်္ဂမျှကြာအောင် ကြက်သေသေသွားခဲ့၏။ ထို့နောက် တဟားဟား ရယ်မောသံ ထွက်ပေါ်လာသည်။

“ အစ်ကိုရီက အရမ်း ညစ်ညမ်းတာပဲ.. ဒါပေမယ့် ညီမကြိုက်တယ်…”

လင်းရီလည်း လိုက်လံ ရယ်မောလိုက်သည်။ ဤသည်က ဆေးပညာ လေ့လာထားသည့် ကောင်မလေးများနှင့် အတူရှိရခြင်း၏ ကောင်းမွန်သည့် အကျိုးအမြတ် တစ်ရပ်ဖြစ်၏။ သူတို့ စိတ်ရှိသလို ပြုမူ၍ရသည်။ ညစ်ညမ်းသည့် ပြက်လုံးများကိုလည်း ရေးကြီးခွင်ကျယ် လုပ်မနေကြချေ။

လီချင်းဟန်၏ မျက်နှာသည် နီသည်လည်း မဟုတ်၊ ဖြူသည်လည်း မဟုတ် ဖြစ်နေသော်လည်း ဘာမျှတော့ မပြောချေ။

အနှီ ဒေါက်တာများ၏ မျက်လုံးထဲ၌ ယင်းက အင်္ဂါနှစ်ခု စပ်ယှက်သည့် သာမန်ရိုးကျ ဖြစ်ရိုးဖြစ်စဉ် တစ်ခုပင် ဖြစ်သည်။

“ ဒါကြောင့်မို့ မြန်မြန်ကောင်လေး ရှာတော့လို့ ပြောတာပေါ့… ဘာမှလုပ်စရာ မရှိရင် တစ်ယောက်နဲ့ တစ်ယောက် ကစားနေလို့ရတယ်… ပြီးတော့ ရှင်းရှင်း.. မင်းက အသက်လည်း မငယ်တော့ဘူး…”

“ အဲ့လို ဖြစ်မှာ မဟုတ်ပါဘူ… ညီမမှာ ကောင်လေး မရှိဘူးဆိုရင်တောင် တခြား လုပ်စရာ တစ်ခုခု ရှာလို့ ရနေတာပဲ…” ချောင်ရှင်း ပြောလိုက်ပြီး “ ဟိုတယ်မှာ အရမ်းပျင်းဖို့ကောင်းတယ်.. ညီမ အပြင်သွားပြီး လျှောက် ကစားကြည့်ချင်တယ်…”

“ အပြင် ဘယ်နေရာပဲ ဖြစ်ဖြစ် ကောင်းတာပဲ… ကားထဲလား၊ ကော်ရစ်ဒါမှာလား… ခြုံထဲမှာလား…. ရုပ်ရှင်ရုံထဲမှာလား… အိမ်သာမှာလား.. ကစားလို့ ရတဲ့ နေရာမှာ အများကြီး… မင်းကောင်လေးကိုသာ ခေါ်သွားလိုက်…”

“ ချီးလိုပဲ… ဟားဟား…”

ချောင်ရှင်း တသိမ့်သိမ့်တုန်အောင် ရယ်မောနေလျက် ရှိသည်။

“ အစ်ကိုရီရဲ့ အိတ်ထောင်ထဲမှာ အကွက်တွေ အရမ်းများတာပဲနော်… ညီမတောင် ဒါရိုက်တာလီကို တကယ်ကြီး မနာလို ဖြစ်လာပြီ…”

လီချူးဟန် ရှုပ်ထွေးသွားခဲ့ရ၏။ သူမ ရုပ်ရှင်ရုံကိုတော့ နားလည်ပေးနိုင်သည်။ သို့သော် အဲ့ဒီ ကော်ရစ်ဒါတို့၊ ခြုံပုတ်တို့၊ အိမ်သာတို့က ဘာကို ဆိုလိုချင်နေတာ..

ဘာများ ပျော်စရာ ကောင်းနေလို့လဲ…

“ အစ်ကိုရီ… ပြန်ရောက်တဲ့ အခါကျရင် ဒီဥစ္စာတွေ ဒါရိုက်တာလီကို ရှင်းပြမှရမှာနော်.. သူ လုံးဝ မှင်တက်သွားလောက်တယ်…”

“ ဟင်းဟင်း.. အဲ့ဒါ ငါ့တာဝန်ပဲလေ… “

“ ဒါဆို မနက်ဖြန် ရေလှောင်တမံကို သွားကြမလား…” ချောင်ရှင်း မေးမြန်းလိုက်၏။

“ ငါတို့ နောက် ရက်အနည်းငယ်လောက်အထိ ဂျူတီတွေ ရှိသေးတယ်.. ပြီးမှပဲ သွားကြစို့..” လီချူးဟန် ပြောလိုက်သည်.

“ တစ်ရက် ခွင့်ယူလိုက်လည်း ရတယ်မလား..” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ငါလည်း မနက်ဖြန် လုပ်စရာ ရှိသေးတယ်ဆိုတော့ သန်ဘက်ခါမှ သွားကြတာပေါ့…”

“ အိုကေ…”

ညစာစားပြီးနောက် သုံးယောက်သား nightlife တွေ လုပ်မနေကြတော့ပဲ ဟိုတယ်သို့ ပြန်လိုက်ကြ၏။

ကလင် ကလင် ကလင်…

လီချူးဟန်က ရေချိုးတော့မည့် အချိန်တွင်ပဲ ဟော်ယွမ်ယွမ်ကနေ ဖုန်းခေါ်လာသည်။

“ မနက်ဖြန်အားလား..”

“ ဘာလို့တုန်း… မင်းတို့ လာကြမလို့လား…”

“ ဗဟို နေ့စဉ်က ရှင့်ကို အင်တာဗျူးချင်လို့တဲ့… ကျွန်မတို့ဆီ ဆက်သွယ်လာပြီး ဘယ်အချိန် အဆင်ပြေမလဲ မေးလာလို့…”

“ မင်းနဲ့ ချီကြီး ဆီလျော်သလို ကြည့်ရွှိုင်းလိုက်လေ….”

လင်းရီ အင်တာဗျူးကို ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်ထံ လွှဲပြောင်းပေးချင်နေသည်။

“ အဲ့လိုလုပ်လို့ ဘယ်ဖြစ်မှာလဲ… သူတို့က အစိုးရရဲ့ တရားဝင် မီဒီယာတွေလေ… လူတွေ အများကြီးက ဒီလို အင်တာဗျူးမျိုး ဖြေချင်နေကြတာတောင် ဖြေခွင့် မရကြတဲ့ဟာ… ရှင်က တကယ်ကြီး သူတို့ကို ငြင်းချင်နေတယ်ပေါ့လေ…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ပြီးတော့ ကျွန်မနဲ့ အစ်ကိုချီက ဒုဥက္ကဌတွေ… ရှင့်နေရာမှာ အစားထိုးလိုက်ရင် တစ်ဖက်လူက ကျိန်းသေပေါက် ငြင်းဆန်မှာပဲ.. သူတို့ ပြန်သွားတဲ့ အချိန်ကျ ဘာတွေ ရေးမလဲ ဘယ်သူက သိမှာ…”

“ အဲ့တာဆိုလည်း ကောင်းပြီလေ…” လင်းရီ ပြောလိုက်ပြီး “ အချိန်ကို သူတို့ ကြိုက်တဲ့ အချိန် လုပ်ခိုင်းလိုက်… ငါက အချိန်ပြည့် အားတယ်…”

“ ကောင်းပြီလေ.. ဒါဆို သူတို့ကို အဲ့လိုပဲ ပြောလိုက်တော့မယ်နော်…”

“ အင်း…”

ဟော်ယွမ်ယွမ်က အင်မတန် အလုပ်များနေသည်မှာ သိသာလှသည်။ မဟုတ်ပါက ဖုန်းမချမီ စကားအနည်းငယ်လောက်တော့ ကျိန်းသေပေါက် ပြောပေလိမ့်ဦးမည်။

ဖုန်းချပြီးနောက် လင်းရီ ဖုန်းကို ဘေးသို့ လွင့်ပစ်လိုက်၏။

လီချူးဟန် ထွက်လာတော့ သူသည် ကားက ဘာ ၊ ကော်ရစ်ဒါက ဘာ ၊ ရုပ်ရှင်ရုံက ဘာဆိုတာ ရှင်းပြဖို့ အဆင်သင့်ဖြစ်နေတော့၏။

ကလင် ကလင် ကလင်…

လင်းရီ ရှင်းပြမလို့ ကြံရွယ်ကာ ရှိသေး သူ့ဖုန်းက နောက်တစ်ကြိမ် အသံမြည်လာပြန်သည်။

ဤတစ်ကြိမ်တွင်တော့ အမည် မသိ နံပါတ် တစ်ခု ဖြစ်၏။

“ ဟယ်လို … လင်းယွင် အုပ်စုရဲ့ ဥက္ကဌလင်းလား မသိဘူးရှင့်…”

ဖုန်းခေါ်ဆိုလာသူက မိန်းကလေးပင်။ သူမ အသံက ချိုမြ အီစွဲလှပြီး ရင်ထဲ ရောက်သွားစေသည်။ တစ်နည်းဆိုသော် ပဲအပြည့် စားထားသည့် အသံပင်။

“ ဟုတ်ပါတယ်… ခု ပြောနေတာ ဘယ်သူလဲ မသိဘူး..”

“ မင်္ဂလာပါ ဥက္ကဌလင်း.. ကျွန်မက ဗဟို နေ့စဉ် သတင်းစာက သတင်းထောက် စွန်းရိယင်ပါရှင့်… မနက်ဖြန် ရှင့်ဆီ အင်တာဗျူး လာလုပ်ချင်လို့ပါ…”

“ အိုး.. အဲ့အကြောင်း သိထားပြီးပြီ…”

“ ကျွန်မ ဒါရိုက်တာ ဟော်ဆီကနေ ကြားတာတော့ ရှင်က တစ်နေကုန် အားတယ်ဆို .. အဲ့တာဟုတ်လား…”

“ ဟုတ်တယ်.. အမှန်ပဲ….”

“ ကျွန်မတို့ မနက်ပိုင်း တခြား အင်တာဗျူး တစ်ခုကလည်း ရှိသေးတယ်… အချိန်းအချက် လုပ်ပြီးသား ဖြစ်နေတော့ ပြန်ပြီး cancel လုပ်လို့ကလည်း မရဘူး.. မနက်ပိုင်း အင်တာဗျူးပြီးတဲ့ အချိန် တွေ့ကြရင်ကော အဆင်ပြေမလား…”

“ အိုကေလေ…”

အချိန်းအချက် ပြုပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။ သူ၏ အထောက်အထား ဖော်ထုတ်ခံရမည်မှာတော့ မလွဲမသွေပင်။

သို့သော် တစ်ဖက်သူက အစိုးရ၏ တရားဝင် မီဒီယာ ဖြစ်နေသည်။ သူ့ဘက်က သတိပေးစကား တစ်ချို့ ပြောသည်နှင့်အမျှ ၎င်းတို့ ပြောမည့် စကားလုံးများကို သတိပြုသင့်သည်။

ဒါပေမယ့် ဘာလို့ လူနှစ်ယောက်က သူ့ကို မနက်ပိုင်း တစ်ကြိမ်၊ နေ့လည်ပိုင်း တစ်ကြိမ် အသီးသီး လာပြီး ဆက်သွယ်နေရတာလဲတဲ့…

စိတ်ဝင်စားစရာပဲ….

All Chapters