← Chapters

တစ်ဖန် ပြန်တွေ့ခြင်း

Vol. 92 Ch. 1373

တစ်ဖန် ပြန်တွေ့ခြင်း

Vol. 92 Ch. 1373

“ ဒါက…”

လီချင်းခိုင်နှင့် လီစီကျင်းတို့ ကြက်သေသေသွားခဲ့ကြ၏။

စွန်းရိယင်သည် ထိုမျှ တိုက်ရိုက်ဆန်စွာ ငြင်းပယ်လိုက်လိမ့်မည်လို့ သူတို့ မျှော်လင့်မထားခဲ့ကြချေ။

ယခုလို ‘ မလိုဘူး ‘ ပြောသည်ထက် စကားအလိမ္မာလေးနှင့် ငြင်းပယ်လို့လည်း သူတို့ စိတ်မဆိုးပါချေ။

လီချင်းခိုင် ကိုးရို့ကားယား ရယ်မောလိုက်၏။

“ အဆင်မပြေဘူးဆိုတော့လည်း ထားလိုက်ပါ.. တွန်းအား မပေးတော့ပါဘူး…”

စွန်းရိယင် ဘာမျှ ပြန်မပြောချေ။ သူမ၏ ပစ္စည်းများကို မျက်နှာ ရှစ်ခေါက်ချိုးဖြင့် သိမ်းဆည်းပြီး ဟိုကျင်းထောက်နှင့် အတူ ရုံးခန်းထဲမှ ထွက်သွားခဲ့၏။

“ လင်းလေး… ဘာတွေ ဖြစ်နေတာလဲ… အဲ့ သတင်းထောက် နှစ်ယောက် ကြည့်ရတာ စိတ်အခြေအနေ မဟန်သလိုပဲ… တစ်ခုခု ဖြစ်သွားခဲ့တာလား…”

လင်းရီ ပခုံးတွန့်လိုက်သည်။ “ အဲ့ မိန်းကလေးက နည်းနည်းလေး သိပ် မူမမှန်ဘူး…. သူ မေးတဲ့ မေးခွန်းတွေ ပုံမှန် အတိုင်း ဖြေပေးနေတုန်း ရှိသေး ရုတ်တရက် ဆိုသလို heat တက်လာတယ်လေ.. ကြည့်ရတာ ဟိုအချိန် ရောက်နေလို့နဲ့ တူပါတယ်…”

“ အင်း… ဒီကိစ္စက ငါ့မှန်းချက်နဲ့တော့ သိပ်မကိုက်သွားဘူးပဲ…” လီချင်းခိုင် ပြောလိုက်ပြီး “ ငါတွေးထားတာ ဒီ အင်တာဗျူးကို အသုံးချပြီး မင်းကို နာမည်ကြီးအောင် လုပ်ပေးလို့ရမယ် ထင်နေခဲ့တာ … အဲ့ဒါမှ မင်း နောင်ကျ မြို့ပေါ် ရွှေ့သွားခဲ့တဲ့ အခါကျရင် မင်းရဲ့ အနာဂတ်က တဖိတ်ဖိတ် တောက်ပနေမှာ.. အင်တာဗျူးက အဆင်မပြေ ဖြစ်သွားလိမ့်မယ်လို့ ထင်မထားဘူး… ဘယ်လိုတောင် နှမြောဖို့ ကောင်းလိုက်လဲ…”

“ အဆင်ပြေပါတယ်.. ကျွန်တော်လည်း ပြောင်းရွေ့ချင်နေတာမှ မဟုတ်တာ.. ဒီမှာလည်း အနေသာကြီးကို…”

“ အဲ့လိုမျိုး မပြောစမ်းပါနဲ့… စကားပုံတောင် ရှိသေးတယ်မလား… တစ်ရွာမပြောင်း သူကောင်းမဖြစ်တဲ့… မင်းနဲ့ စီကျင်းတို့က ငယ်လည်း ငယ်သေးတယ်… ငါ့လို မဟုတ်ဘူး… အခွင့်အရေးသာရှိရင် မင်းတို့ ဒီလို ကျဉ်းမြောင်းတဲ့ ချောင်းလေးထဲကနေ ထွက်ပြီး ပင်လယ်မှာ မွေ့လျော်ရမယ်…”

“ ကျေးဇူးပါ အစ်ကိုလီ…”

“ ငါ့ကို ဘာတွေ လာကျေးဇူးတင်နေတာ…” လီချင်းခိုင် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ အလုပ်ကြိုးစား… မင်းတို့နှစ်ယောက်ကို ငါ မြင့်မြင့်မှန်းထားတယ်…”

**********

တစ်ချိန်တည်းတွင် စွန်းရိယင်နှင့် ဟိုကျင်းထောက်တို့သည် ကောင်တီ ရုံးအဆောက်အဦးထဲမှ ထွက်လာခဲ့ပြီး၍ ကားထဲသို့ ပြန်ရောက်နေလေပြီ။

“ စိတ်တိုလိုက်တာ… သူကလည်း လက်ထောက်ဒါရိုက်တာပဲမို့ တော် တော်သေး…” စွန်းရိယင် အေးစက်စွာ နှာမှုတ်လိုက်၏။

“ လင်းယွင်အုပ်စုရဲ့ ဥက္ကဌလင်းကမှ ငါတို့ ဒီတစ်ခေါက် အင်တာဗျူးရဲ့ အဓိက ပစ်မှတ်ပဲ… သူက ဒီတိုင်း ကျွဲစာနွားစာ အဆင့်လောက် ရှိတာ… သူ့အဆင့်သူတောင် ရှင်းရှင်းလင်းလင်း မသိဘဲနဲ့များ ကြီးကျယ် မြင့်မြတ်ချင်ယောင် ဆောင်လိုက်သေးတယ်… ဘာတဲ့ .. လူတွေကို ကောင်းစား စေချင်လို့ပါ ဟုတ်လား… အပေါ်ယံ ကြောင်သူတော် စကားလုံးတွေ… သူ့စကား နားထောင်ရတာနဲ့တင် အန်ချင်သလိုလို ဖြစ်လာပြီ… သူ့ကိုယ်သူ ဘာလို့များ ထင်နေလဲ မသိပါဘူး…”

ဟိုကျင်းထောက် သက်ပြင်းချလိုက်၏။ အစ်မစွန်း ဒေါပုန်တကြီး ဖြစ်နေသည်ကိုလည်း သူ အပြစ်မတင်နိုင်ချေ။

ထိုကောင်က သူတို့ကို လာကြိုသည်ထက် ရုံးခန်းထဲတွင် ဖုန်းဂိမ်းဆော့နေသည့် သူ ဖြစ်၏။

ထို့ပြင် အင်တာဗျူး စတင်ပြီးသည့် နောက်တွင်၌ပင် ပူးပေါင်းဆောင်ရွက်ပေးမှုလည်း မရှိချေ။

သူ့လို လူစားမျိုးက အမှန်ပင် ဟိတ်ဟန်များသူ တစ်ယောက် ဖြစ်၏။

“ ဒီကိစ္စက ပြီးနေပြီပဲဟာ… ဒီတော့ မေ့လိုက်တော့.. အစ်မ စိတ်တိုနေလို့လည်း အလကားပဲ…”

“ မေ့လိုက်ရမယ် … ဟမ့်…” စွန်းရိယင် အေးစက်စက် နှာမှုတ်လိုက်ပြီး “ ငါကတော့ လွယ်လွယ်နဲ့ မမေ့လိုက်နိုင်ဘူး… ပြန်ရောက်တဲ့ အခါကျရင် သူ့အကြောင်း ဆောင်းပါးတွေ ရေးပြီး ကောင်တီတစ်ခုလုံးက သူ့အရောင် အစစ်အမှန်ကို မြင်တွေ့သွားအောင် လုပ်ပစ်မယ်… ငါ ဘယ်လောက်ထိ အင်အားကြီးမားလဲဆိုတာ ဒင်းသိအောင် ပြရမယ်…”

ဟိုကျင်းထောက် ပြုံးလိုက်ပြီး သူမကို တားဆီးခြင်း မပြုပေ။

“ ဒါနဲ့ စကားမစပ် ဥက္ကဌလင်းကို ဆက်သွယ်လိုက်ဦးလေ… ခုပဲ သွားပြီး သူ့ဆီ အင်တာဗျူးလုပ်ကြတာပေါ့…”

စွန်းရိယင် သူမ နာရီကို ငုံ့ကြည့်လိုက်၏။ “ အလျင်လိုစရာ မလိုပါဘူး.. ခုမှ ၁၁ ထိုးခါ ရှိသေးတယ်… နောက် တစ်နာရီလောက် ထပ်စောင့်ကြစို့…”

ယနေ့ အင်တာဗျူးအတွက် စွန်းရိယင်သည် အင်မတန် အချိန်မှန်နေသည်။

ဤအရာများအားလုံးက သူမ ဥက္ကဌလင်းနှင့်အတူ နေ့လည်စာ စားနိုင်ရန်အတွက် ဖြစ်ပြီး အင်တာဗျူးအတွင်း ရင်းနှီးဆက်ဆံရေး တိုးပွားလာစေရန် ဖြစ်သည်။

လင်းရီ လီချူးဟန်နှင့် ချောင်ရှင်းတို့ကို သွားကြိုတော့ ကောင်းကင်ထက်ရှိ သူရိန်နေမင်းကြီးပင်လျှင် အလယ်တည့်တည့် ကျရောက်တော့မည်။ လင်းရီလည်း သူမတို့ကို ကြို၍ နေ့လည်စာ သွားစားရန် ဟန်ပြင်လိုက်၏။

“ အစ်ကိုရီ… ညီမ နေ့တိုင်း ငါးနဲ့ အသားပဲ စားနေတာ ဒီ လေးငါးရက်ကို ငါးပေါင်တောင် တက်လာခဲ့ပြီ… ဒီအတွက် တာဝန်ယူပေးရမယ်နော်…”

“ တက်လာမှာပေါ့… နင်က လေ့ကျင့်ခန်းက နည်းနည်းလေးပဲ လုပ်ချင်တာကိုး..”

“ အား... ဒါကတော့ သိပ်မဟုတ်သေးဘူးနော် အစ်မလီ… ညီမက အစ်ကိုရီကို တစ်ခုပဲ ပြောရသေးတာကို သူ့ဘက်ကနေ ကာပြောပေးနေပြီပေါ့… ညီမကပဲ အမြဲတမ်း အစ်မနဲ့ အတူရှိနေတဲ့ လူပါနော်..”

“ ငါလည်း နေ့တိုင်းစားတာပဲ… ဝလာလို့လား…”

“ ဒါပေမယ့် ပြဿနာက ညီမက စင်ဂယ်လေ… ညမှာ အတူလေ့ကျင့်ခန်း လုပ်ပေးမယ့် လူမှ မရှိတာ…… ချွေးထွက်နိုင်မယ့် အခွင့်အရေးလေးတောင် မရှိဘူး…”

လင်းရီ “ ….. “

အချစ် သံစဉ်တွေ ဖန်တီးတာကလည်း တကယ့်ကို ကိုယ်ကာယ လေ့ကျင့်ခန်း တစ်ခုပဲ… ကယ်လိုရီတွေ တအား လောင်ကျွမ်းတယ်.. အပေါ်မှာ ဘယ်သူပဲနေနေ ဝိတ်ကျဖို့ လွယ်လွယ်လေးပဲ…

“ နင် ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ ကောင်မလေး …” လီချူးဟန် မျက်လုံးလှန်၍ ချောင်းရှင်းကို ကြည့်လိုက်သည်။

“ မြန်မြန် စား… မွန်းလွဲပိုင်းကျရင် ခွဲစိတ်မှု လုပ်ရဦးမှာမလား…”

“ ကြည့်… အပြစ်ရှိသလို ခံစားနေရပြီ.. ညီမပြောတာ မှန်တယ်မလား….” ချောင်ရှင်း အပြုံးလေးဖြင့် ပြောလိုက်သည်။

ကလင် ကလင် ကလင် …

လင်းရီ ဖုန်းသံ မြည်ဟည်းလာသည်။

ယင်းက အနည်းငယ် ရင်းနှီးနေသည့် အမည်မသိ နံပါတ် တစ်ခု ဖြစ်၏။

“ ဟယ်လို… ဥက္ကဌလင်းလား ရှင့်…”

“ ဟုတ်ပါတယ်…”

အသံမှ တစ်ဆင့် တစ်ဖက်သူ မည်သူဆိုတာကို လင်းရီ သိရှိပြီး ဖြစ်သည်။

“ ကျွန်မက ဗဟို နေ့စဉ် သတင်းစာက သတင်းထောက် စွန်းရိယင်ပါ… မနေ့တုန်းက အင်တာဗျူးလုပ်ဖို့ ရှင့်ဆီ ဖုန်းဆက်လာခဲ့သေးတယ်လေ… ခု အချိန်ရလားမသိဘူး…”

လင်းရီ ရယ်စရာ ကောင်းသည်ဟု ခံစားနေရသည်။ ဒီ မိန်းမက လက်ဖက်စိမ်းမဆိုတာ သေချာသွားပြီ။

“ ငါ အခု ထမင်းစားနေတာ.. နေ့လည်စာ စားပြီးမှ ပြောကြတာပေါ့…”

“ အဲ့တာကလေ….”

စွန်းရိယင်သည် အခက်တွေ့ချင်ယောင် ဆောင်လိုက်ပြီး “ ကျွန်မတို့ရဲ့ ခေါင်းဆောင်ပြောတာ သူက ရှင့်ရဲ့ လုပ်ဆောင်ချက်တွေကို မြန်နိုင်သမျှ မြန်မြန် တင်ချင်တယ်တဲ့.. ဒီ အင်တာဗျူးကို မွန်းလွဲပိုင်း အထိ အချိန်ဆွဲလိုက်မယ်ဆိုရင် ဒီနေ့ လက်ရေးစာမူကို တင်နိုင်တော့မှာ မဟုတ်ဘူး.. ဒါကြောင့်မို့…..”

“ အိုကေ… ငါ အခု လုံထန် ဟိုတယ်ရဲ့ အခန်း ၃၀၂ မှာ ရှိတယ်.. လာခဲ့လိုက်…”

“ အိုကေ အိုကေ… ခုချက်ချင်း လာနေပြီ… အနှောင့်အယှက်ပေးမိလို့ စိတ်မရှိပါနဲ့နော် မစ္စတာလင်း…”

စွန်းရိယင်ကြောင့် အထောက်အထား ဖော်ထုတ်ခံလိုက်ရမည့် အရေးကို လင်းရီ စိတ်မပူမိချေ။ သူမကိုယ်၌ကပင် သူ့ကို မြင်တွေ့ပြီးနောက် ဆက်လက် အင်တာဗျူးချင်စိတ် မရှိတော့တာမျိုးတောင် ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် သူ နေ့လည်စာ စားသည်ကို အနှောင့်အယှက် ဖြစ်စေလိမ့်မည် မဟုတ်ချေ။ “ တစ်ယောက်ယောက်က နင့်ကို ရှာနေတာလား…” လီချူးဟန် တီးတိုး မေးလိုက်ပြီး “ ငါတို့ နှစ်ယောက် ထွက်သွားပေးရမလား… နင့် အလုပ်ကိစ္စကို ငါတို့ကြောင့်နဲ့ မကြန့်ကြာစေချင်ဘူး..”

“ အဆင်ပြေပါတယ်… ဒီတိုင်း အင်တာဗျူးလေးပါပဲ.. ထွေထူး ဟုတ်တာ မဟုတ်ဘူး.. အဲ့လောက်ထိ စိတ်ပူမနေနဲ့..”

“ အာ… တကယ်ကြီး အင်တာဗျူးလား..” ချောင်ရှင်း အံ့အားသင့်သည့် လေသံဖြင့် စကားပြောလာသည်။

“ ဘယ် ဌာနကလဲ…”

“ ဗဟိုနေ့စဉ်က….”

“ ဘုရားရေ.. အဲ့တာ အစိုးရကို ကိုယ်စားပြုတဲ့ မီဒီယာမလား… အံ့ဩစရာပဲ..” ချောင်ရှင်း ပြောလိုက်ပြီး “ ဒီလောက် နှစ်တွေ ကြာလှပြီကို ညီမတို့ ဆေးရုံတောင် တစ်ခါပဲ အင်တာဗျူးလုပ်ဖူးသေးတယ်…. အစ်ကိုရီက လုံးဝ အမေးဇင်းပဲ…”

လင်းရီ ပြုံးလိုက်ပြီး သူ့ကိုယ်သူ ရေရွတ်လိုက်၏။

“ ဒီရဲ့ အင်တာဗျူး ဖြစ်တာ မဖြစ်တာက နောက် တစ်ကဏ္ဍပါ…”

**********

အခြား တစ်ဖက်၌ စွန်းရိယင်သည် ကားထဲတွင် ဖုန်းချလိုက်၏။ စကားတို့ပင် ဗလုံးဗထွေး ဖြစ်သည်အထိ သူမ စိတ်လှုပ်ရှားနေမိသည်။

“ ဥက္ကဌလင်းက အင်တာဗျူး ဖြေဖို့ သဘောတူလိုက်ပြီ…”

“ ဒါဆိုလည်း အမြန်သွားကြစို့လေ…”

“ အွန်း… ငါ မိတ်ကပ် နည်းနည်းလောက် ထပ်ပုတ်လိုက်ဦးမယ်…” စွန်းရိယင် မိတ်ကပ်အိတ်ကို ထုတ်၍ ပုတ်ရင်းဖြင့် ပြောလိုက်၏။ “ ငါ့ကို ရေသန့် တစ်ဘူးလောက် သွားဝယ်ပေးစမ်းပါ… ရေနည်းနည်းဆာလို့…”

“ ကျွန်တော် အခု သွားလိုက်မယ်..”

ဟိုကျင်းထောက် ကားထဲမှ ထွက်ခွာသွားသည်အထိ စောင့်ပြီးနောက် စွန်းရိယင်သည် စီလီကွန် အပြား နှစ်ခုကို ထုတ်၍ သူမ၏ ကော်လာအောက်၌ ထိုးထည့်လိုက်၏။ ထိုသို့ ထည့်လိုက်တော့ သူမ၏ ပိုင်ဆိုင်မှုက ပိုကြီးလာသည်ဟု ထင်ရပြီး C cup အရွယ်အစားလောက် ရှိလာလေသည်။

မိတ်ကပ် ပုတ်ပြီးနောက် စွန်းရိယင်သည် သူမ ရင်ဘက်ကို နောက်တစ်ဖန် ပြန်ကော့ကြည့်လိုက်၏။ သူမ၏ ပုံပန်းသွင်ပြင်နှင့် ပတ်သက်၍ အလွန်အမင်း နှစ်ထောင်းအားရ ဖြစ်တော်မူနေသည်။

ဒီလောက်ဆို သူ့ကို ဆွဲဆောင်ဖို့ လုံလောက်ပါပြီနော…

ဟိုကျင်းထောက် ရေသန့်ဘူး ဝယ်လာသည်ကို စောင့်ဆိုင်းပြီးနောက် သူမသည် လုံထန် ဟိုတယ်သို့ မောင်းထွက်လာခဲ့လိုက်သည်။

အပေါ်ထပ်သို့ တက်လာခဲ့ပြီးနောက် နှစ်ယောက်စလုံး အခန်း ၃၀၂ ရှေ့တွင် မတ်တပ်ရပ်နေသည်။ သို့သော် စွန်းရိယင်သည် အထဲသို့ ဝင်ရန် အလျင်စလို ဖြစ်မနေချေ။

“ ဟဲ့… ကြည့်စားပါဦး… ငါ့ အဝတ်အစားတွေ အဆင်ပြေတယ်မလား… ဘာပြဿနာမှ မရှိဘူးမလား..”

ဟိုကျင်းထောက် ငိုရမလို ရယ်ရမလို ဖြစ်သွားခဲ့ပြီး “ အစ်မစွန်း… မင်း တစ်လမ်းလုံးလည်း ဒီစကားပဲ မေးလာခဲ့တာနော်… တခြားသူတွေနဲ့ အင်တာဗျူးတုန်းကတောင် ဒီလောက်ထိ စိတ်လှုပ်ရှားမနေပါဘူး…”

“ ငါတို့ အရင် အင်တာဗျူးခဲ့တဲ့ လူတွေက ဥက္ကဌလင်းနဲ့ ဘယ်နှိုင်းယှဉ်နိုင်မှာလဲ… သူက တကယ့် ဒိတ်ဒိတ်ကျဲကြီးလေ… သူနဲ့ယှဉ်နိုင်တဲ့လူ ဆိုတာ ရှိမှာတောင် မဟုတ်ဘူး…”

“ အစ်မ ဘယ်လိုတွေ ခံစားနေရလဲ ကျွန်တော်နားလည်တယ်… အစ်မရဲ့ အဝတ်အစားတွေနဲ့ လှပြီးသား.. ကျွန်တော်တောင် အစ်မကို ကြွေမိတော့မယ်…”

“ စဉ်းတောင် မစဉ်းစားနဲ့… နင်က ငါ့ type မဟုတ်ဘူး…” စွန်းရိယင် အပြုံးလေးဖြင့် ပြောလိုက်ပြီး တံခါးခေါက်လိုက်သည်။

“ ဝင်ခဲ့…”

စွန်းရိယင်သည် အသက်ပြင်းပြင်း ရှူသွင်း၍ မိမိကိုယ်ကို တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။ ထို့နောက် သူမ တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်ပြီး နှစ်ယောက်စလုံး အင်တာဗျူး ပစ္စည်းများနှင့် အခန်းထဲ ဝင်လာခဲ့ကြ၏။

သို့သော်…

အခန်းထဲသို့ ဝင်ရောက်ပြီးနောက် နှစ်ယောက်စလုံး ကြက်သေသေသွားခဲ့ကြ၏။

ယင်းက အခန်းထဲရှိ လူများက နေ့လည်စာ စားနေသောကြောင့် မဟုတ်ဘဲ

ထိုအစား စက်ဆုပ်ဖို့ကောင်းသည့် လက်ထောက် ဒါရိုက်တာသည်လည်း ဤနေရာသို့ ရောက်ရှိနေသောကြောင့်ပင်….။

All Chapters