← Chapters

သီးသန့် စကားဝိုင်း

Vol. 92 Ch. 1376

သီးသန့် စကားဝိုင်း

Vol. 92 Ch. 1376

“ အဲ့လောက် ဈေးကြီးနေမှတော့ ကျွန်မတို့ မယူတော့ဘူး.. ရှင်တို့ဘာ ရှင်တို့ပဲ ယူထားလိုက်ကြ..”

ချောင်ရှင်း၏ ခေါင်းမာ ကန့်လန့်တိုက်သည့် သဘာဝက ထကြွလာခဲ့သည်။ အကယ်လို့ အမှန်ပင် ပေးရတန်ပါက သူမ စိတ်ရှိလိမ့်မည် မဟုတ်ချေ။

ပြောကြသည်မှာတော့ ဆင်းရဲသည့် တောင်တန်းဒေသများနှင့် မြစ်များရှိ လူများက အလိုလောဘကြီးပြီး သောင်းကျန်းသူများကို မွေးထုတ်ပေးသည်ဟု လူတို့ပြောကြသည်မှာ ထိုစကားက အမှန်တရား ဖြစ်နေသည့်ဟန်ပင်။

သူမတို့ ခူးခဲ့သည်မှာ ကီလို နည်းနည်းလေးသာ ရှိသော်လည်း အတည်ကြီး ယွမ် ၂,၅၀၀ ကျော် လာတောင်းနေသည်။ ဤသည်က နေ့ခင်းကြီး ဓားပြတိုက်နေခြင်းပင်။

“ နင်တို့ မယူချင်ဘူးလား.. ရတယ်လေ… အဲ့တာဆို နင်တို့ ခူးလာခဲ့တဲ့ အတိုင်း သွားပြန်ထားချည်… နင်တို့ မခူးခင်က ပုံစံ အနေအထားအတိုင်းနော်.. အဲ့သာဆို နင်တို့ ထွက်သွားလို့ရပြီ…”

“ ရှင် ဘာတွေ လာပြောနေတာလဲ… ခူးပြီးပြီဆိုမှတော့ ဘယ်လိုလုပ် ပြန်ထားလို့ရတော့မှာလဲ…”

“ အဲ့ဒါဆို ငါလည်း ဘာမှမတတ်နိုင်တော့ဘူး.. ဒီ အသီးတွေ ခူးလာခဲ့တဲ့သူတွေက နင်တို့လေ… အဲ့တော့ ပေးရမှာ သဘာဝပဲ..”

“ ရှင်…”

“ ကဲပါ ကဲပါ… အလှလေးရေ… ဒီလို အသေးအမွှားကိစ္စလေးကို ငြင်းခုန်မနေနဲ့…”

ဝမ်ကွမ်းလုံ ရောက်လာခဲ့ပြီး အပြုံးလေးဖြင့် ပြောလိုက်၏။

“ ဒီတိုင်း ယွမ် ၂,၀၀၀ ကျော်လေးပဲ မလား.. ငါ မင်းကိုယ်စား ပေးပေးမှာပေါ့…”

ပြောပြီးနောက် ဝမ်ကွမ်းလုံသည် ပိုက်ဆံအိတ်ထဲမှ ယွမ် ရာတန် တစ်ထပ်လိုက်ကြီး ထုတ်၍ လီချူးဟန်နှင့် ချောင်ရှင်းတို့ ရှေ့တွင် ၂၆ ရွက် ရေကာ အမျိုးသားထံ ပေးလိုက်သည်။

“ ပိုတဲ့ ပိုက်ဆံ ပြန်မအမ်းနဲ့…. “ ဝမ်ကွမ်းလုံ ပြောလိုက်ပြီး “ မင်းတို့ လူတွေကလည်း တကယ်လွန်တယ်.. ဒီလို မိန်းမလှလေးတွေ မင်းတို့ နေရာလာပြီး ဒီက ရှုခင်းတွေ ခံစားမွေ့လျော်နေတာကို ဒီလို မဖြစ်စလောက် ငွေလေးနဲ့ ငြင်းခုန်နေကြတယ်‌ပေါ့ ဟုတ်လား… တရားကိုလွန်တယ်… မင်းတို့မှာ လူကြီးလူကောင်းဆန်တဲ့ အမူအကျင့်ဆိုတာ ရှိကို မရှိကြတဲ့ကောင်တွေ…”

အလေးချိန်သည့် လူလည်း ကိုးရို့ကားယားသာ ရယ်မောလျက် ဘာမျှ ပြန်မပြောချ။

သူ့ဘက်က ပိုက်ဆံယူထားပြီး ယခုလို လုပ်ပေးရန် သဘောတူထားပြီး ဖြစ်သည်။ ထို့ကြောင့် ဝေဖန် စော်ကားသည့် စကားလုံးလေးတစ်ချို့လောက်ကို သည်းခံလိုက်လို့ ဘာမှ ဖြစ်မသွားချေ။

ပိုက်ဆံ ရှင်းပြီးနောက် ဝမ်ကွမ်းလုံသည် လီချူးဟန်နှင့် ချောင်ရှင်းဘက်သို့ လှည့်၍ “ အဆင်ပြေသွားပြီ… ဒီ အသီး‌တွေ ယူပြီး သွားကြတော့နော်…”

ချောင်ရှင်း အသီးအိတ်ကို လက်ထဲ ကိုင်ထားရင်း ဝမ်ကွမ်းလုံအား အပြုံးလေးဖြင့် ပြောလိုက်၏။

“ ကျေးဇူးနော် ကိုယ်လူချော…”

‘ ကိုယ်လူချော’ လို့ အခေါ်ခံလိုက်ရတော့ ဝမ်ကွမ်းလုံ နတ်ပြည်ရောက်သလို ခံစားလိုက်ရသည်။ သူ့ ရုပ်အကြောင်း သူသာလျှင် အသိဆုံးဖြစ်၏။ သူ့ မျက်ခွက်က ချောသည်ဆိုသည့် စကားလုံးနှင့် မတန်သည့် အရာပင်။

ယခု ဤ အမျိုးသမီးငယ်လေးက သူ့ကို တကယ်ကြီး ကိုယ်လူချောဆိုပြီး ခေါ်ပြောနေသည်။ သူမ ဆွဲဆောင်ခံလိုက်ရသည်မှာ သိသာလှ၏။

ကျားကြီးရဲ့ နည်းလမ်းက တကယ့်ကို စွမ်းသဟ… နည်းနည်းလောက်လေး အားစိုက်ထုတ်လိုက်တာနဲ့ ကောင်မလေးကို သိမ်းပိုက်နိုင်တော့မယ်.. မကြာတော့ဘူး…

သူတို့ သုံးယောက် ထွက်ခွာသွားသည်ကို ငေးကြည့်နေစဉ် ကျားဟူနှင့် ကျန်သူများ ရောက်ရှိလာခဲ့ကြသည်။

“ ဘယ်လိုလဲ… ငါပြောတာ မှန်တယ်မလား… ဒီ အတွေ့အကြုံ မရင့်ကျက်တဲ့ ကောင်မလေးတွေကို ငွေနဲ့ မျှားလို့ အလွယ်ဆုံးပါလို့…”

“ ကောင်လေး… မင်းက တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ… ဒီလို နေရာမျိုးမှာ ငါတောင် မင်းလောက် မတော်ဘူး… “ ဝမ်ကွမ်းလုံသည် ရယ်မောလျက် ပြောဆိုလိုက်ရင်း “ ဘာမဟုတ်တဲ့ ယွမ် ၂,၀၀၀ လောက်လေးက သူတို့ကို ပျော်ရွှင်သွားအောင် လုပ်ဖို့ လုံလောက်နေတယ်.. သည့်ထက် ကောင်းတာ မရှိလောက်တော့ဘူး…”

“ သေချာပေါက်ပဲ… အဲ့ ဂါဝန်နဲ့ အမျိုးသမီးကို သွားမကြည့်နဲ့… သူက စကားတစ်ခွန်း မပြောဘူးဆိုပေမယ့် စိတ်ထဲမှာ အစ်ကိုဝမ်ကို အမှတ်ကောင်းတွေ ပေးနေလိုက်တယ်… သူတို့ ပြန်သွားတဲ့ အခါကျရင် အစ်ကိုဝမ်အကြောင်းကို နှစ်ယောက် တိတ်တိတ်လေး ဆွေးနွေးကြလိမ့်မယ်… ဒါကြောင့်မို့ ငါတို့က ဒီ အခြေအနေကို အခွင့်ကောင်းယူပြီး သူတို့ရှေ့မှာ ကိုယ်ဘယ်လောက် ချမ်းသာကြောင်းကို ကြွားဝါပြရမယ်… ဒါဆိုရင် သူတို့နဲ့ ဆက်သွယ်လို့မယ့် ဘာညာသာရကာတွေ ရလာပြီ… နောက် သုံးလေးရက်ဆို သူတို့လေးတွေဆိုတာ အစ်ကိုဝမ် ခံတွင်းထဲကျမယ့် ယုန်ပေါက်လေးတွေပါပဲ…”

“ မင်း အဲ့ဒီအတွက်လည်း ငါ့ကို ကူညီပေးဦးကွ…”

“ စိတ်ချထားလိုက်… “

ပစ္စည်းများကို သယ်ရင်း သုံးယောက်သားသည် တောင်အောက်သို့ ဆင်းလာခဲ့ကြ၏။ ချောင်ရှင်းသည် လီချူးဟန်အား ပြုံးလျက် “ အစ်မလီ… အဲ့ အဆီရွှဲရွှဲနဲ့ လူကြီးက အစ်မအပေါ် ခံစားချက်တွေ ရှိနေတယ်ဆိုတာ သေချာတယ်.. ဒါကြောင့်မို့ ပိုက်ဆံရှင်းပေးဖို့ ကမ်းလှမ်းလာတာ ဖြစ်လောက်တယ်…”

ထိုလူအကြောင်း တွေးမိတော့ လီချူးဟန် မျက်မှောင်ကြုတ်လိုက်မိ၏။

“ ငါ တကယ် လေးစားတယ် သိလား.. နင် ဘာလို့ သူ့ကို ကိုယ်လူချောဆိုပြီး ခေါ်လိုက်တာ..”

“ အိုက်ယား… သူများက ပိုက်ဆံရှင်းပေးလာမှတော့ ကိုယ်ကလည်း ကျေးဇူးတင်စကား ပြောရမယ်လေ… ကိုယ့်ဘက်က ဘာများပဲ့ပါသွားလို့..”

“ တကယ်လို့ သူသာ နည်းနည်းလောက်လေး ကြည့်ပျော်ရှုပျော် ရှိတယ်ဆိုရင် နင်သူ့ကို ကိုယ်လူချောလို့ ခေါ်လိုက်တာ ငါ အပြစ်မတင်ပါဘူး.. ခုဟာကြီးကဟယ်…….”

“ ဘယ်တတ်နိုင်မှာ… ညီမက အစ်မလောက်လည်း မယ်မယ်ရရ မရှိဘူးလေ… ညီမကို လွယ်လွယ်လေး ဝယ်လို့ရတယ်…” ချောင်ရှင်း ပြောလိုက်သည်။

“ ပြီးတော့ ညီမက သူ့ကို ကိုယ်လူချော ဆိုပြီးပဲ သုံးနှုန်းခဲ့တာ… အစ်ကိုရီလောက် ချောတဲ့ လူသာ တွေ့ရင် ဒယ်ဒီဆိုပြီး တန်းခေါ်ပစ်လိုက်မှာ.. ဟီးဟီး..”

ပြောပြီးနောက် ချောင်ရှင်းသည် လီချူးဟန်အနား တိုးတိုးတိတ်တိတ်ကပ်၍ “ အစ်မရော သူ့ကို အဲ့လို ခေါ်ပြီးပြီလား..”

လီချူးဟန် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထလာခဲ့၏။

“ ဟင့်အင်း… ငါတို့ကြားမှာ အသက် အကြီးကြီး ကွာနေတယ်လေ…”

“ အသက်အရွယ်နဲ့ ဘာဆိုင်လို့… အဲ့တာက ပေါ်ပင် စကားလုံး.. ဒီည ပြန်သွားရင် ခေါ်ကြည့်ကြည့်… အစ်ကိုရီ ကြိုက်မှာ သေချာသလာက်ရှိတယ်…”

လီချူးဟန်၏ မျက်နှာ နီရဲသွားရင်း ဖီးဖီဖတ်ဖတ် လုပ်လိုက်၏။

“ တခြား အကြောင်းပြောကြစို့.. ဒီ အကြောင်း ထပ်မပြောနဲ့တော့…”

“ ဟီးဟီး… ဆောရီးပဲနော်..”

တောင်အောက် လမ်းကျဉ်းလေး အတိုင်း ဆင်းလာခဲ့ရင်း သုံးယောက်လုံးသည် အဝင်ဝသို့ ပြန်သွား၍ အသီးများကို ကားထဲသို့ ထည့်လိုက်သည်။ ထို့နောက် တချို့တလေကို ထုတ်ယူလာရင်း ရေလှောင်တမံသို့ ဦးတည်ရင်းဖြင့် သုံးဆောင်လေသည်။

မိနစ် နှစ်ဆယ်ကျော်ကြာအောင် လမ်းလျှောက်ပြီးနောက် သူတို့တွေသည် ခန်းလိုင် ရေလှောင်တမံဆီ ရောက်လာခဲ့ကြသည်။

“ အစ်ကိုရီ… ဒီနေရာလေးက မဆိုးဘူးနော်… ကန်သေးသေးလေးနဲ့တောင် တူသေးတယ်…”

“ ရေလှောင်တမံတွေက ပုံမှန်ဆို ဒီလိုချည်းပဲ… ဒါက သေးတယ်ပြောရမယ်.. တခြား အကြီးစား ရေလှောင်တမံတွေဆီ သွားရင် အင်း အကြီးစားကြီးလောက် ရှိတယ်…”

မိန်းကလေး နှစ်ယောက်သား ရေလှောင်တမံရှိ လှေကားထစ်များတွင် ထိုင်ရင်း ရှူးဖိနပ်များချွတ်၍ သူတို့၏ ခြေထောက်များကို ရေအေးထဲတွင် စိမ်လိုက်သည်။ တောက်ပပြီး နွေးထွေးသည့် နေရောင်နှင့် ပေါင်းစပ်လိုက်တော့ ဤသည်က လှပသည့် ရှုမြင်ကွင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။

“ အစ်ကိုရီ.. ဘယ်တော့မှ ကွန်နဲ့ ငါးတွေ ပစ်ဖမ်းမှာလဲ…” ချောင်ရှင်း မေးလိုက်၏။

“ အဲ့လိုနည်းလမ်းနဲ့ ငါးဖမ်းရတာ ပျင်းဖို့ ကောင်းတယ်.. ငါ ဒီနေ့ မင်းတို့နှစ်ယောက်ကို မယ်မယ်ရရ ငါးဖမ်းနည်းဆိုတာ ဘယ်လိုမျိုးလဲ ပြပေးမယ်…”

“ အစ်ကိုရီက ငါးမျှားတတ်တယ်ပေါ့…”

“ ယောက်ျားလေးဆိုတာ ဒီလိုပဲ ဟိုနည်းနည်း ဒီနည်းနည်း တတ်ထားရတာပေါ့…” လင်းရီ ပြောလိုက်ပြီး “ ဒီမှာ ခဏစောင့်နေ… ငါ သွားပြီး ငါးမျှားတံ သွားဝယ်လိုက်ဦးမယ်.. ခဏဆို ပြန်လာခဲ့မယ်…”

“ အွန်း..”

တံငါရွာတွင် ငါးမျှားတံများ ရောင်းချသည့် အထူးနေရာ တစ်ခုရှိ၏။ ငါးမျှား ဝါသနာအိုးများ ဤနေရာသို့ လာမည်ဆိုပါက ၎င်းတို့၏ ကိုယ်ပိုင် ငါးမျှားတံများ ယူလာကြမည် ဖြစ်သော်လည်းပဲ ချိတ်နှင့် ငါးမျှားကြိုးတို့ ရုတ်တရက် မေ့လျော့ခဲ့သည်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် ယခုလို ဆိုင်သေးသေးလေးများ၏ စီးပွားရေးက မဆိုးလှချေ။ သို့သော် သာမန် ကုန်ပစ္စည်းများသာ ဖြစ်ပြီး အဆင့်မြင့်သည့် ငါးမျှားတံတို့ကတော့ ရှား၏။

လင်းရီသည် ငွေကို အလွန်အကျွံကြီးတော့ အသုံးမပြုခဲ့ပေ။ ငါးမျှားခြင်းက ကိုယ့် အရည်အချင်းပေါ်တွင် အများဆုံး မူတည်နေပြီး ငါးမျှားတံက အကူ ပစ္စည်းတစ်ခုမျှသာ ဖြစ်၏။ ထို့ကြောင့် ဈေးအကြီးဆုံးဆိုသည့် ငါးမျှားတံကို ယူ၍ ငါးစာတစ်ချို့ ဝယ်လိုက်၏။ နောက်ကျ ငါးနည်းနည်းများပြီး ချက်စားဖို့ စိတ်ကူးထားသည်။

နာရီဝက်ကြာပြီးနောက် လင်းရီသည် လီချူးဟန်နှင့် ချောင်ရှင်းတို့ထံ ပြန်ရောက်လာသည်။

“ သွားစို့.. ငါးမျှားတံလည်း ရခဲ့ပြီ… ငါးသွားမျှားကြမယ်…”

“ သွားစို့..”

နှစ်ယောက်လုံး ခြေထောက်များကို သုတ်၍ ဖိနပ်များ ပြန်စီးလိုက်ကြပြီး လင်းရီ အနောက်သို့ လိုက်ပါရင်း ရေလှောင်တမံ၏ ငါးမျှားသည့် ဧရိယာသို့ ရောက်ရှိလာသည်။

ဤနေရာတွင် ငါးမျှားသည်က အပိုဆောင်း ကောက်ခံမှုတစ်ချို့တော့ ရှိ၏။

ဈေးနှုန်းက အပြင်တွင် ရောင်းသည်ထက် ငါးယွမ်မှ ဆယ်ယွမ်အထိကို ပိုသည်။ ဤသည်ကိုလည်း ချောင်ရှင်း လှည့်ပတ်မေးမြန်းထားပြီး နောက်တစ်ကြိမ် ဈေးပိုတောင်းခံရခြင်းမှ ရှောင်ကြဉ်ရန် ဖြစ်သည်။

“ ဝါး… လူတွေ အများကြီးပဲနော်..

ငါးမျှားသည့် နေရာတွင် သပ်ရပ်စွာ ထိုင်နေကြသည့် လူတို့က အတန်းလိုက်ကြီးပင်။ ချောင်ရှင်း ရေတွက်ကြည့်တော့ အနည်းဆုံး အယောက် ၂၀ လောက် ရှိနေသည်။

“ ငါတို့ လာတုန်းကတောင် လူ ဒီလောက် အများကြီး မမြင်ခဲ့မိပါဘူး..”

“ ဒီလူတွေက ဒီလို လာလည်တာမဟုတ်ဘူး.. ငါးမျှားဖို့ ရောက်လာကြတာ.. ဒါကြောင့်မို့ အစောတုန်းက သတိမထားမိခဲ့တာ…”

လင်းရီ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး မည်သူမျှ ရှိမနေသည့် နေရာကို တွေ့သွားခဲ့၏။ ထို့နောက် စတင် ငါးမျှားလိုက်သည်။

“ ရို… ဘယ်လိုတောင် တိုက်ဆိုင်လိုက်လဲ… မင်းတို့လည်း ဒီလာကြတာပဲလား…”

လင်းရီ ငါးမျှားစာ တပ်နေစဉ်မှာပဲ ဘေးတွင် တစ်စုံတစ်ယောက် စကားပြောနေသည့် အသံကို ကြားလိုက်ရပြီး ၎င်းက အသီးဖိုး ရှင်းပေးခဲ့သည့် သက်လတ်ပိုင်း လူဖြစ်ကြောင်းကို သတိပြုမိလိုက်သည်။

သူတို့လည်း ဤနေရာသို့ လိုက်လာကြလိမ့်မည်လို့ လင်းရီတို့ ထင်မှတ်မထားခဲ့ကြချေ။

“ ကိုယ်လူချော… ရှင်လည်း ဒီရောက်လာတာပဲလား…” ချောင်ရှင်း အပြုံးလေးဖြင့် ပြောလိုက်လေသည်။

ဝမ်ကွမ်းလုံ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသည့် အမူအရာဖြင့် ပြုံးပြလိုက်၏။

“ စတူးလုပ်မို့ဆိုပြီး ဒီကို ငါးလာမျှားလိုက်တာ မင်းတို့နဲ့ ထပ်တွေ့ရလိမ့်မယ်လို့ ထင်တောင် ထင်မထားဘူး…”

All Chapters