← Chapters

ဆရာကြီးများ ရောက်လာပြီ

Vol. 92 Ch. 1366

ဆရာကြီးများ ရောက်လာပြီ

Vol. 92 Ch. 1366

ကောင်တီ ဆေးရုံ ဝင်ပေါက်ဝရှိ စာတမ်းကို ကြည့်ရင်း လင်းရီ စိတ်က စေ့စေ့စပ်စပ် ဖတ်ရှုလိုက်မိ၏။

တုံးစန်းကောင်တီ၏ လက်ရှိ အနေအထားအရ ဆိုပါက ဆေးရုံက ဖိတ်ခေါ်ထားသည်တော့ မဖြစ်တန်ရာ။

လင်းရီ မျက်လုံးလှန်လိုက်၏။

ဒါ ကျိုးဖုန်း လက်ချက်ပဲ ဖြစ်ရမယ်…

လင်းရီ ပြုံးရင်း သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်၏။

“ ဟန်များလိုက်တာ…”

ဤကိစ္စကို စိတ်ထဲ ထားမနေတော့ပဲ လင်းရီ ရုံးခန်းသို့သာ ဆက်လက် မောင်းနှင်လာခဲ့လိုက်သည်။

လီချင်းခိုင်နှင့် လီစီကျင်းတို့သည် ရုံးခန်းထဲတွင် ကိုယ်စီ အလုပ်များနှင့် အလုပ်ရှုပ်နေကြသည်။ လင်းရီ ဝင်လာသည်ကို မြင်တော့ သူတို့ လုပ်နေသည်များအား ရပ်တန့်လိုက်ကြ၏။

“ အစ်ကိုရီ… ရှင် ကျိုးဟိုင်ကို ခဏ ပြန်သွားခဲ့တာလား ဟုတ်လား…” လီစီကျင်း မေးလာသည်။

လင်းရီ ခေါင်းညိမ့်လိုက်၏။ “ ဒီမှာ လုပ်စရာ သိပ်မရှိတော့လေ… အိမ်ကို ခဏလောက် ပြန်သွားနေလိုက်တာ…”

“ ဆရာဝန်တွေ ခေါ်မယ့်ကိစ္စကျတော့ ဘယ်လိုလုပ်မှာလဲ…” လီစီကျင်း မေးမြန်းလိုက်၏။

“ ကျွန်မ အထင်တော့ ကျိုးဖုန်းလည်း တော်တော်လေး ကြိုးပမ်းထားတယ်နဲ့ တူတယ်… ကျွန်မ ကြားမိတာတော့ သူ ယွီဟန်စန်း ဆေးရုံက ဆရာဝန်တွေအားလုံးကို တစ်ပတ်တာ ကျူတိုရီရယ် ထရိန်နင် လုပ်ပေးဖို့ ခေါ်ထားတယ်ဆိုပဲ.. ကောင်တီက ဒီကိစ္စကို လေးလေးနက်နက်နဲ့ ရှုမြင်နေကြပြီ..”

“ ဒီလာတုန်းက ငါလည်း မြင်တယ်… ကြည့်ရတာတော့ မဆိုးပါဘူး…”

“ မေးရမှာက အစ်ကိုရီရော ပြင်ဆင်ပြီးပြီလားလို့… မဟုတ်ရင် ချီးမွမ်းမှုတွေ အားလုံးကို ဟိုလူကပဲ အကုန်သိမ်းပိုက်သွားတော့မှာနော်…”

“ ငါ တချို့ စီစဉ်စရာ ရှိတာလေးတွေတော့ စီစဉ်ထားတယ်.. တခြားတော့ ငါလည်း အာမ မခံရဲဘူး… ဒါပေမယ့် ပြဿနာ မရှိစေရဘူးဆိုတာတော့ ပြောရဲတယ်…”

“ အဲ့လောက်ဆို ရပြီ… အဲ့လောက်ဆိုရပြီ…”

လီစီကျင်း ပြောလိုက်ပြီး သူမ ပခုံးထက်ရှိ ဝန်ထုပ်ဝန်ပိုးကြီးက အလေးချိန် လျော့သွားသကဲ့သို့ ခံစားလိုက်ရသည်။

“ သန်ဘက်ခါက ၁၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အသည်းရောင်ရောဂါ - ဘီ ကာကွယ်ရေးနေ့.. အစ်ကိုရီရဲ့ လက်ခုပ်သံတွေ သူ ခိုးသွားမှာကို ခွင့်ပြုပေးလိုက်လို့ မရဘူး…”

“ သူ့ကို အဲ့လောက် အာရုံထားမနေနဲ့… ငါတို့ကိစ္စ ငါတို့ လုပ်ကြစို့…”

“ အွန်း အွန်း…”

ထိုမွန်းလွဲပိုင်းတွင် လီချင်းခိုင် မိတ်ဆက်ပေးပြီးနောက် လင်းရီသည် ကောင်တီတွင်းရှိ စိုက်ပျိုးရေး ကျွမ်းကျင်သူများထံ သွားရောက်လည်ပတ်ပြီး တုံးစန်းကောင်တီ အနှံ့ စိုက်ပျိုးရေး အခြေအနေများအား နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်သွားခဲ့သည်။

သူ ယခင်က ပြောခဲ့ဖူးသကဲ့သို့ … အကယ်၍ မြေဆီလွှာ ပတ်ဝန်းကျင်၏ ဆားများနေသည့် ပြဿနာနှင့် သီးနှံရိတ်သိမ်းမှု နှုန်းကို တိုးတက်စေချင်သည် ဆိုပါက လျှောက်လုပ်နေ၍ မရချေ။ သိပ္ပံနည်းကျ သွားသင့်၏။

လင်းရီလည်း အစီအစဉ်များကို စတင် ရေးဆွဲတော့သည်။ ကြည့်ရသလောက်တော့ သူသာ အချိန်ရမည် ဆိုပါက အရှေ့မြောက်ပိုင်း ဒေသသို့ ခရီးတစ်ခေါက် ထွက်ရမည့်ပုံပင်။

နောက်တစ်နေ့ မွန်းလွဲပိုင်းတွင်တော့ လင်းရီ မြောင်ကော်ဖုန်းထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိလိုက်သည်။ တစ်ဖက်သူ ပြောလာခဲ့သည်မှာ သူ့ဘက်က လူများကို ခေါ်ဆောင်၍ တုံးစန်းကောင်တီသို့ ရောက်လာနေပြီး တွေ့ဆုံရန် ပြင်ဆင်ထားသည်ဆိုပင်။

အဆိုပါ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက် လင်းရီလည်း လိုက်ပါလာသည့် လူအရေအတွက်ကို မေးမြန်းပြီး ဟိုတယ်ခန်းများအား ကြိုတင် ဘွတ်ကင်လုပ်ထားကာ လာမည့် ဒေါက်တာများအား ကြိုဆိုရန် ပြင်ဆင်လိုက်၏။

လူမှုရေး အဆင့်အတန်းအရ ကြည့်လျှင် မြောင်ကော်ဖုန်းသည် လင်းရီနှင့် မနှိုင်းယှဉ်သာသော်လည်းပဲ လင်းရီသည် ထိုအချက်ကို လျစ်လျူရှုထား၍ လမ်းဆုံ အထိတိုင် ကိုယ်တိုင် ကားမောင်းသွားပြီး ဆေးရုံအဖွဲ့ကို ကြိုဆိုလိုက်သည်။ မဟုတ်ပဲ ဧည့်သည်တော်များက ကောင်တီတွင်း လမ်းပျောက်နေသည်ဆိုပါက ခက်ခဲနေရလိမ့်မည်။

“ ဒါရိုက်တာလင်းကလည်း…. လူကိုယ်တိုင် လာပြီး ကြိုပေးနေတာ ဒုက္ခများတာပေါ့…” မြောင်ကော်ဖုန်း ယဉ်ကျေးစွာ စကားဆိုလိုက်၏။

“ ခင်များတို့တွေက ကျွန်တော့်ကို ကူညီပေးဖို့ ရောက်လာကြတာလေ… ဒါ ကျွန်တော် လုပ်သင့်လုပ်ထိုက်တာပါပဲ…”

တစ်ချိန်တည်းတွင် ဘက်စ်ကားပေါ်ရှိ လူများလည်း တစ်ယောက်ပြီး တစ်ယောက် အောက်သို့ ဆင်းလာခဲ့ကြ၏။

လီချူးဟန်နှင့် ချောင်ရှင်းမှလွဲ၍ ကျန်သူများအားလုံးက သူနှင့် မျက်နှာစိမ်းနေသူများ ဖြစ်ကြောင်းကို လင်းရီ သတိထားမိလိုက်လေသည်။ အမှန်ပင်။ သူ တစ်ယောက်တစ်လေကိုမျှ ရင်းနှီးမနေချေ။

“ မင်္ဂလာပါ ဒါရိုက်တာလင်း.. ကျုပ်ကို မှတ်မိသေးလားတော့ မသိဘူး… ကျုပ်က ပြည်ထောင်စု ဆေးကောလိပ် ဆေးရုံက ဒါရိုက်တာ မာရန်ပေါ်လေ… ကျုပ်တို့ ဆေးရုံမှာတောင် တစ်ခေါက် တွေ့ဖူးကြသေးတယ်…”

သူ့အရှေ့ရှိ အဘိုးကြီးကို ကြည့်ရင်း လင်းရီ ဦးနှောက်ကို အမြန် အလုပ်လုပ်ခိုင်းလိုက်သည်။ ထိုအဘိုးကြီးနှင့် စပ်လျဉ်း၍ သူ့စိတ်ထဲ အမြင် ရင်းနှီးမှု တစ်ချို့ ရှိနေသည်။ သို့သော် ကျန်သည့် ဧည့်သည်တော်များကိုတော့ သူ တကယ်ကြီး လုံးဝ မရင်းနှီးချေ။

ဒါရိုက်တာမြောင်ကတော့ ဘာတွေ လုပ်ချလာခဲ့လဲ မသိပါဘူးကွာ…

“ မင်္ဂလာပါ ဒါရိုက်တာလင်း.. ကျုပ်က ဟွာရှီး ဆေးရုံရဲ့ လက်ထောက် ဒါရိုက်တာ လီကျန်းဖုန်းပါ…”

“ မင်္ဂလာပါ …. မင်္ဂလာပါ ….”

“ ဒါရိုက်တာလင်း…. ကျုပ်ကိုတော့ ဝမ်ချင်လို့ ခေါ်လို့ရပါတယ်… ကျုပ်က ရှန်းယား ဆေးရုံရဲ့ လက်ထောက် ဒါရိုက်တာပါ…”

“ အား… ဟုတ် ဟုတ်… မင်္ဂလာပါ မင်္ဂလာပါ…. “

လင်းရီ အပြုံးလေးဖြင့် လက်ဆွဲနှုတ်လိုက်၏။ သို့သော် စိတ်ထဲတွင် ကြက်သေသေနေမိသည်။

ဘာတွေ ဖြစ်နေတာတုန်းဟ….

ထွေထူး ပြောပြနေစရာ မလိုပေ။ ဤလူများအားလုံးက ဟွာရှ ဆေးရုံကြီးများ၏ တကယ့် ဆရာကြီးများ ဖြစ်ကြ၏။

ဟွာရှီး ဆေးရုံ၊ ရှန်းယား ဆေးရုံ နှစ်ခုလုံးက ဟွာရှန်း ဆေးရုံ နည်းတူ နာမည် ဂုဏ်သတင်း ကြီးမားကြသည်။

ဘက်စ်ကားထဲ ပါလာကြသူများ အားလုံးက နာမည် ဂုဏ်သတင်း ကြီးမားသူများ ဖြစ်ကြပြီး ပြည်ထောင်စု ကောလိပ် ဆေးရုံနှင့် အနည်းငယ်မျှသာ လျော့နည်းကြလိမ့်မည်။

တစ်နည်းဆိုရသော် ဟွာရှ အကောင်းဆုံး ဆေးရုံ လေးခု၏ တကယ့် ဒိတ်ဒိတ်ကျဲကြီးများအားလုံး ဤနေရာသို့ ရောက်ရှိနေကြသည်ဟု ဆိုနိုင်သည်။

“ ဒါရိုက်တာမြောင်… ဒါက…….”

“ ဒါရိုက်တာလင်း ပြောတာ ဒီက ဒေါက်တာတွေရဲ့ ဆေးပညာ အရည်အချင်းကို မြင့်တင်ပေးချင်တယ် ပြောတယ်မလား… ကျုပ် သူတို့ကို ဆက်သွယ်ပြီး ပြောပြလိုက်တယ်လေ.. “ မြောင်ကော်ဖုန်း အပြုံးလေးဖြင့် ရှင်းပြလိုက်ပြီး “ ကျုပ်နဲ့ လိုက်ပါလာတဲ့ ဒေါက်တာတွေ အားလုံးက ဆိုင်ရာ ဆေးရုံ၊ ဆိုင်ရာ ဌာနတိုင်းရဲ့ တကယ့် ကျွမ်းကျင်သူတွေထဲက ကျွမ်းကျင်သူတွေလို့ ပြောလို့ရတယ်.. ဒီလောက်ဆို ကောင်တီက ဆရာဝန်တွေကို သင်ပြပေးဖို့ လုံလောက်တယ်မလား….”

လင်းရီ ငိုရမလို ၊ ရယ်ရမလို ဖြစ်သွားခဲ့တော့သည်။

“ လုံလောက်တာထက်ကို ပိုတာပေါ့ဗျာ… ဒီထဲက ကြုံရာ ကျပန်း ဒေါက်တာတစ်ယောက်ကတောင် ကောင်တီက ဆေးရုံဒါရိုက်တာကို အသာလေး ဖိနှိပ်ထားလို့ ရနေပြီ… ခင်များတို့ကြည့်ရတာ ဒီလာပြီး အုပ်စုလိုက် အမှုန့်ချေတော့မယ့် ပုံစံကြီးနဲ့…”

လူတိုင်း တဟားဟား ရယ်မောလိုက်ကြသည်။ မာရန်ပေါ်က…

“ ဒါရိုက်တာလင်းနဲ့ ယှဉ်မယ်ဆို ကျုပ်တို့ရဲ့ ကျွမ်းကျင်မှုတွေက မပြောပလောက်တဲ့ အရာလေးတွေပါ… တကယ်လို့ နောင်ကျ ဒါရိုက်တာလင်း အားခဲ့မယ်ဆို ကျုပ်တို့ ဆေးရုံကိုလာပြီး လမ်းညွှန်ပေးပါဦး…”

“ အားနာလွန်းနေပါပြီ…” လင်းရီ ပြုံးလိုက်သည်။

“ တကယ်လို့ နောင်ကျ အကူအညီ လိုတယ်ဆိုရင် ကျုပ်ဆီ ဖုန်းသာ ခေါ်လိုက်ပါ… “

လင်းရီသည် ဤသို့သော လူစားမျိုးပင်။ ကိုယ့်အပေါ် ကောင်းပေးသူတိုင်းကို ကိုယ့်ဘက်ကလည်း ပြန်ပြီး ကူညီပေးဖို့ ဝန်လေးတတ်သည့်သူ မဟုတ်ပေ။ ထုတ်မပြောဘူးဆိုသော်လည်းပဲ ကူညီပေးသည့် ကျေးဇူးရှိဖူးသူ တစ်ယောက်ချင်းစီတိုင်းကို သူ့ရင်ထဲ ထည့်သိမ်းထားပါသည်။

ဒါပေမယ့် မောက်မာပြီး တင်တင်စီးစီး လာရောက် ဆက်ဆံမည်ဆိုလျှင်တော့ သေချာပေါက် နောင်တရသွားလိမ့်မည်။

“ ဒီမှာပဲ ရပ်မနေကြနဲ့လေ… ကျွန်တော့်ဘက်က ဟိုတယ်အခန်းတွေ ဘွတ်ကင်လုပ်ထားပေးပြီးပြီ… အရင်ဆုံး အနားယူပြီး ထမင်းစားကြတာပေါ့…”

“ ဒါရိုက်တာလင်း စီစဉ်ပေးတဲ့ အတိုင်းပါပဲ…”

“ သွားစို့…”

လင်းရီက သူတို့ကို လာရောက် ကြိုဆိုပေးသည့်အတွက် လီချူးဟန်နှင့် ချောင်ရှင်းတို့သည် ဘက်စ်ကားနှင့် ဆက်လက် မလိုက်လာတော့ပဲ ထိုအစာ သူ၏ ဝူလင်းဟုန်ကွမ်းထဲ ရောက်လာခဲ့ကြ၏။

“ အစ်ကိုရီ… ညီမတော့ တကယ် လေးစားသွားပြီ သိလား…” ချောင်ရှင်း ပြောလိုက်ပြီး “ စူပါကားတွေ မောင်းနေကျလူက ပြတင်းပေါက်မှန်တောင် တင်မရတဲ့ ဝူလင်းဟုန်ကွမ်းကို ဘာ စောဒကမှ မတက်ဘဲ မောင်းနေတယ်ပေါ့..”

“ ဘယ်တတ်နိုင်မှာ…. ငါ့ Lexus က ဒီမှာဆို တအား မော်ကြွားလွန်းတယ်လေ… တော်နေကြာ ထောက်ပံ့ကြေးငွေတွေနဲ့ ဝယ်ထားတဲ့ ကားဆိုပြီး နာမည်ကြီးနေမှ ဒုက္ခ… ဒါကြောင့်မို့ ရုံးက ဒီကား ပေးမောင်းထားတာ… မဟုတ်ရင် မင်းတို့ကို အဲ့ကားနဲ့ လာကြိုပေးတယ်…”

“ ဟားဟား….” ချောင်ရှင်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး “ တကယ်လို့ ဒီကောင်တီထဲက လူတွေသာ အစ်ကိုက ဘီလီယမ်နာကြီးဆိုတာသာ သိသွားခဲ့ရင် လန့်ဖျား ဖျားသွားလောက်တယ်…”

“ မင်း လျှောက်လျှောက် မပြောနဲ့… မဟုတ်ရင် ငါ အလုပ်လုပ်လို့ ရတော့မှာ မဟုတ်ဘူး…”

“ အိုကေ အိုကေ … ဒီက နှုတ်လုံတဲ့ အမျိုးစားထဲ ပါတဲ့လူလေ…”

သုံးယောက်သား စကားပြောရင်း ၊ ရယ်မောရင်းဖြင့် ကောင်တီထဲသို့ ရောက်လာခဲ့ကြသည်။ နေရာထိုင်ခင်း စီစဉ်ပေးပြီးနောက် လင်းရီ စားသောက်ဖို့ ကိစ္စ စီစဉ်ပေးပြီး နောက်တစ်နေ့ အတွက် အရာအားလုံးကို အစီအစဉ် ရေးဆွဲပေးလိုက်သည်။ ဧည့်သည်နှင့် အိမ်ရှင် နှစ်ဦးနှစ်ဘက်လုံးအတွက် ပျော်ရွှင်ဖွယ်ရာ တွေ့ဆုံမှုပွဲလေး တစ်ခုပင်။

လင်းရီကို ပို၍ ကျေးဇူးတင်သွားစေသည်က လိုက်ပါလာကြသည့် ခေါင်းဆောင်ကြီး သုံးယောက်လုံးက အင်မတန် အားတက်သရော ရှိကြခြင်းပင်။ သူတို့၏ ဆေးပစ္စည်း အရင်းအမြစ် တစ်စိတ်တစ်ပိုင်းကိုပင် ဤသို့ ပို့ပေးဖို့ရာ ဆန္ဒရှိကြလေသည်။ သို့သော် လင်းရီ အားလုံးကို ငြင်းဆန်ပစ်လိုက်၏။

ထိုကဲ့သို့သော ဧရာမ အကူအညီပေးမှုကြီးကို သူ လက်မခံဝံ့ချေ။ အနာဂတ်တွင် သူ ပြန်ပေးဆပ်နိုင်လိမ့်မည်လို့ မထင်ချေ။

အကယ်၍ သူသာ တကယ်လို့ လိုအပ်ခဲ့သည်ဆိုပါက ဟွာရှန်း ဆေးရုံကနေ ယူလို့လည်း ရ၏။

ညစာ စားသောက်ပြီးနောက် လူတိုင်းက အခန်းကိုယ်စီသို့ ပြန်၍ အနားယူကြသည်။ လီချူးဟန်ကတော့ လင်းရီ၏ အခန်းထဲသို့ ရောက်လို့လာသည်။ ထို့နောက် ဘာဆက်ဖြစ်ကြလဲဆိုတာကတော့ ပါဝင်ပတ်သက်သူ နှစ်ဦးသာလျှင် သိကြသည်။

********

တုံးစန်းကောင်တီ။ မင်လန်ဥယျာဉ် လူနေအိမ်ယာ။

ကျိုးဖုန်း၏ အိမ်က ဤနေရာတွင် ရှိသည်။ သို့သော် ငှားထားသည့် တစ်ခု ဖြစ်၏။

ဧည့်ခန်းထဲရှိ လေးထောင့်စားပွဲထက်၌ အရံဟင်းမျိုးစုံ တည်ခင်းထားလျက် ရှိနေသည်။

ကျိုးဖုန်း၊ ကျိုးမင်၊ ယွီချောင်းရှီ အားလုံး အားလုံး ဤနေရာတွင် ရှိနေကြ၏။ သူတို့အားလုံး ပုလင်းများကို စောင်းငှဲ့လိုက်၊ ခွက်ချင်းတိုက်လိုက်နှင့် နည်းနည်းလေးလည်း ရီဝေရီဝေ ဖြစ်နေကြ၏။ အကုန်လုံးက ရေချိန်ကိုက်ပြီး ကောင်းနေကြလေသည်။

“ ယောက်ဖ… မင်း ဒီကိစ္စကို လှလှပပ ကိုင်တွယ်သွားခဲ့တာ မဆိုးဘူး… တကယ်ကြီး ခေါင်းဆောင် သမားတော် သုံးယောက်ကို ခေါ်လာခဲ့နိုင်တယ်… မင်းနဲ့ တခြား ဒေါက်တာတွေရောဆို ရောက်လာမယ့် ဆရာဝန်တွေက စုစုပေါင်း ဆယ့်နှစ်ယောက်… တော်ရုံလူဆို မင်းနဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး အေ့…”

“ ဒါ ဘာမှမဟုတ်သေးဘူး..” ကျိုးမင် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ငါ့မိတ်ဆွေ ဟောင်းကြီး နှစ်ယောက်က နိုင်ငံခြား ရောက်နေလို့… မဟုတ်ရင် နောက် လူနှစ်ယောက် ထပ်ခေါ်လာခဲ့လို့ ရသေးတယ်…”

“ ဒါကတောင် လုံလာက်တာထက် ပိုနေပါပြီကွာ… ကောင်တီဆေးရုံရဲ့ စံချိန်စံနှုန်းနဲ့ဆိုရင် ယွီဟန်စန်း ဆေးရုံနဲ့ လက်တွဲပူးပေါင်း အလုပ်လုပ်ခွင့် ဘယ်မှာများ ရကြလို့… ဖုန်းလေးကတော့ နိုင်ငံရေး အောင်မြင်မှု အသီးအပွင့်တွေ ခံစားရတော့မယ်……”

All Chapters