← Chapters

အအိပ်လွန်သွားတာ

Vol. 92 Ch. 1367

အအိပ်လွန်သွားတာ

Vol. 92 Ch. 1367

“ မင်းဘက်က လုံလောက်တယ်ဆို ပြီးရော…”

“ တကယ်ကြီး လုံလောက်တယ်… များတောင် များနေသေး… တုံးစန်းကောင်တီရဲ့ အနေအထားနဲ့ ဆိုရင် ကောင်တီက ဒီလို အရာမျိုး ဘယ်တုန်းကမှ မြင်ဖူးခဲ့တာ မဟုတ်ဘူးကွ….”

ယွီချောင်းရှီ အာလေးလျှာလေး ပြောလိုက်၏။

“ ယွီဟန်စန်း ဆေးရုံက လူတွေ ရောက်လာတဲ့ အခါကျရင် ကောင်တီရဲ့ ဆေးရုံ ဒါရိုက်တာတော့ သူ့ ဘိုးဘေးကြွလာသလိုကို ရှိခိုးနေဦးမှာ ငါမြင်ယောင်သေးတယ် … အဟားဟား …”

“ ကောင်တီ ဆေးရုံရဲ့ အရည်အချင်းကိုက ဆိုးရွားလွန်းလို့ပါကွာ.. ငါထင်ထားတာထက်တောင် နည်းနည်း ဆိုးနေသေးတယ်…” ကျိုးမင် ပြောလိုက်ပြီး

“ ငါ တိတ်တိတ်လေး စုံစမ်းပြီးသွားပြီ… ကောင်တီ ဆေးရုံက ခေါင်းကိုက်တာနဲ့ အပူရှပ်ပြီး ဖျားတာလောက်ပဲ ကုသပေးဖို့ အရည်အချင်း မှီတယ်… အပ်စိုက်ကုထုံးနဲ့ နှိပ်နှယ်ပေးတာတွေက အူအတက် ဖြတ်တောက်ဖို့ကျ မလုံလောက်ဘူး…”

“ အမှန်ပဲ…” ယွီချောင်းရှီကနေ၍ “ ပြီးတော့ အတွင်းရေးမှူးဝမ် အဲ့အကြောင်း သိသွားတော့ သူ ပြောတာ သူကိုယ်တိုင် မနက်ဖြန် သွားလိုက်မယ်တဲ့… ဒီကိစ္စက သူ့အတွက် ဘယ်လောက်တောင် အရေးကြီးနေလဲဆိုတာ ပြောပြနေတာပဲ…”

“ အဲ့တော့ ပိုကောင်းသွားတာပေါ့…” ကျိုးမင် သူ့ခွက်ကို မြှောက်လိုက်ပြီး “ မြင်ကြည့်ရင်.. ဒီကိစ္စက အောင်မြင်ပြီ ပြောလို့ရပြီ…”

********

နောက်တစ်နေ့ နံနက်ခင်း ကိုးနာရီ ဝန်းကျင်လောက်တွင် ကောင်တီဆေးရုံ၏ ဝင်ပေါက်သည် အနီရောင် မုခ်ခုံး ဖြစ်နေပြီး အနီရောင် ကော်ဇောကိုလည်း ဖြန့်ခင်းထား၏။ ပွဲတော် အဆန်ဆုံး ပြင်ဆင်ထားမှုကတော့ ဘေးနှစ်ဖက် နှစ်ချပ်စီတွင် ဗျောက်အိုးများ ချိတ်ဆွဲထားပြီး တစ်စုံတစ်ယောက်က မင်္ဂလာဆောင်တော့မည့်သယောင် ထင်ရသည်။

ကောင်တီ ခေါင်းဆောင်များနှင့် ကောင်တီဆေးရုံရှိ လူများက ဝင်ပေါက်၏ ဘေးတွင် မတ်တပ်ရပ်နေကြပြီး ယွီဟန်စန်း ဆေးရုံရှိ လူများအား ကြိုဆို ဧည့်ခံရန် ဟန်ပြင်နေကြလေသည်။ လမ်းမထက်တွင်တော့ ဝိုင်းကြည့်သူ လူများက အုံးအုံးကြွပ်လို့နေသည်။

တချို့က ကောင်တီထဲရှိ လူများဖြစ်ပြီး ကျေးလက်ဘက်ကနေ အပြေးရောက်လာကြသူများလည်း ရှိ၏။ သူတို့ ရောက်လာကြခြင်း အကြောင်းအရင်းကတော့ ယနေ့ ကောင်တီဆေးရုံသို့ ကမ်းလင့်ကူညီပေးမည့် မြို့ပေါ်က ဆရာဝန်များ ရောက်လာမည့် အကြောင်းကို သတင်းရထားသောကြောင့်ဖြစ်ပြီး ဘာမျှတော့ မဟုတ်။ ဆရာဝန်များ လာကြည့်ကြခြင်းသာ။

ဝမ်ယွင်ကျန်း ဘေးတွင် အသက်ငါးဆယ် အရွယ်ရှိ သက်လတ်ပိုင်း လူကြီး တစ်ယောက် မတ်တပ်ရပ်နေသည်။ သူ၏ ဆံပင်တို့က အဖြူဘက်သို့ စတင်သမ်းနေပြီး သူ့အား အနည်းငယ် အိုမင်းသွားသည့် ပုံစံ ပေါက်စေသည်။

ထိုလူ၏ နာမည်က လီကျစ်ပေါင် ဖြစ်ပြီး ကောင်တီ ဆေးရုံ၏ ဒါရိုက်တာပင် ဖြစ်သည်။

“ အတွင်းရေးမှူးဝမ်… ဒီတစ်ကြိမ် ဆေးပညာ ကမ်းလင့်ကူညီပေးတဲ့ ပွဲကို စီစဉ်ပေးတဲ့အတွက် ဒါရိုက်တာကျိုးကို တကယ် ကျေးဇူးတင်သင့်တယ်.. ယွီဟန်စန်း ဆေးရုံဆိုတာ တကယ့် ဆေးရုံကြီးပဲ… သူ့ကြောင့်သာ မဟုတ်ရင် ဒီလို ဒိတ်ဒိတ်ကျဲကြီးတွေက ကျုပ်တို့ဆီ လာကြမှာ မဟုတ်ဘူး…”

“ ကျုပ်လည်း နားလည်ပါတယ်…”

ဆေးရုံကြီးများက သူတို့ဆီ မရောက်လာခဲ့ဖူးတာ မဟုတ်သော်လည်းပဲ ၎င်းတို့ အကုန်လုံးက နိုင်ငံကနေ တာဝန်ပေးထားခြင်းကြောင့် ဖြစ်လေသည်။ ထို့ကြောင့် ရွေးချယ်စရာမရှိ။ လာကို လာရတော့၏။

ရောက်လာခဲ့လျှင်ပင် ဝတ်ကျေတမ်းကျေ ရောက်လာကြသူတို့ကသာ များသည်။ ဓာတ်ပုံ အချို့ရိုက်ပြီး လက်ဖတ်သုတ်စား ပြန်သွားကြသူတို့က ခပ်များများပင်။

ယခုလို အခြေအနေမျိုးတော့ တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသေးချေ။ လူနာများအား အလကား ကုသပေးဦးမည့် အပြင် ဒေါက်တာများကလည်း ဆေးဘက်ဆိုင်ရာ ဗဟုသုတ မြင့်တင်ပေးမှုနှင့် လေ့ကျင့်မှု တစ်ချို့ကိုလည်း ရရှိဦးပေမည်။

ဤသည်က တုံးစန်းကောင်တီအတွက် ကြုံတောင့်ကြုံခဲ အခွင့်အရေးကြီး တစ်ရပ် ဖြစ်သည်။

“ ကျိုးလေး… မင်း ဒီကိစ္စမှာ လုပ်တာတော်တယ်… ငါ မင်းကို အမှတ်ကောင်းပေးမယ်…” ဝမ်ယွင်ကျန်းသည် ကျိုးဖုန်းကို ကြည့်၍ ပြောလိုက်၏။

“ အားနာလွန်းနေပါပြီဗျာ.. ဒါက ကျွန်တော် လုပ်သင့်လုပ်ထိုက်တာပဲလေ…”

“ မင်း အဲ့လို သိတာ ကောင်းတဲ့ ကိစ္စပဲ… ဒါပေမယ့် ဒီလို အကျိုးပြုပေးတဲ့အတွက် ထိုက်တန်တဲ့ ဆုလဒ်တော့ ရသင့်တယ်လေ.. ငါ မမေ့ပါဘူးကွာ…”

“ ကျေးဇူးတင်ပါတယ် အတွင်းရေးမှူးဝမ်…” ကျိုးဖုန်း အားတက်သရော ပြုံးပြလိုက်၏။

ထို စကားဝိုင်းကို နားထောင်လိုက်ရသည့် လီစီကျင်းသည် လီကျင်းခိုင်ကို တိုးတိုးလေး မေးလိုက်၏။

“ အစ်ကိုလီ… အစ်ကိုရီ ဘယ်သွားခဲ့လဲ သိလား.. သူ ဘာလို့ ခုထိ ရောက်မလာသေးတာလဲတဲ့…”

လီချင်းခိုင် သူ့နာရီကို တစ်ချက်ကြည့်လိုက်၏။

“ ငါလည်း မသိတာခက်တယ်.. သူ့ကို ဖုန်းဆက်ကြည့်တော့လည်း ဖုန်းမကိုင်ဘူး.. ဒီကောင် အသံပိတ်ထားမိလား မသိပါဘူးကွာ…”

“ ပြန်ခေါ်ကြည့်လိုက်မယ်.. အလုပ်များနေလို့လားမှ မသိတာ…”

လီစီကျင်း သူမဖုန်းကို ထုတ်၍ လင်းရီထံ ခေါ်လိုက်သည်။ သို့သော် ကိုင်မည့်သူကား မရှိ။ သုံးလေးကြိမ်ခန့် ခေါ်ဆိုပြီးနောက် သူမလည်း လက်လျော့လိုက်တော့၏။

“ ဘယ်သူမှ မဖြေဘူးကော… “ လီစီကျင်း နှုတ်ခမ်းကို တင်းကြပ်စွာ ကိုက်ထားရင်း ခြေဖျားထောက်လျက် ဘေးဘီကို ပျာယာခတ်စွာ လှည့်ကြည့်လိုက်သည်။ “ ဘယ်တွေလျှောက်သွားနေလဲ မသိပါဘူး…”

ကျိုးဖုန်း ခေါင်းတစ်ချက် စောင်းငဲ့၍ လီစီကျင်းတို့ဘက် ကြည့်လိုက်သည်။ ထို့နောက် သူ အပြုံးလေးဖြင့် မေးလာသည်။

“ ဒါရိုက်တာလင်းက အခုထိကို မရောက်သေးဘူးပေါ့… သူကလွဲရင် လူတိုင်း ရောက်နေကြပြီနော်…”

“ သူ ခဏဆို ရောက်တော့မှာ..” လီစီကျင်း အမှန်အတိုင်း ပြောလိုက်သည်။

“ ဒါပေမယ့် ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာ ဖုန်းခေါ်တာ မကိုင်ဘူးဆိုတော့ ဘာစီစဉ်ထားတာမှ မရှိလို့ တမင်တကာ ပေါ်မလာတာများလားနော်…”

“ အဲ့လိုမျိုး ဖြစ်မှာ မဟုတ်ဘူး… ကျွန်မတို့ မနေ့တုန်းက စကားပြောပြီးပြီ… သူ ခဏနေဆို ရောက်လာတော့မှာ…”

“ ဟင်းဟင်း.. “ ကျိုးဖုန်း မသိမသာ နှာမှုတ်၍ “ တကယ်တမ်းကျ သူလာလာ မလာလာ ကိစ္စ မရှိပါဘူး… ဘာပဲဆိုဆို ဒီမှာလည်း သူ့ကို လိုမနေဘူးလေ… ငါ့ဘက်က တကယ့် ဂရိတ် ဆရာဝန်တွေ ခေါ်ထားပြီးပြီ ဆိုတော့ သူ့ဘက်က ခေါ်လာနိုင်ခဲ့ရင်တောင် ယွီဟန်စန်း ဆေးရုံထက် ပိုသာနိုင်မှာမို့တဲ့လား… မင်း သူ့ဆီ ဖုန်းဆက်ပြီး လာမနေနဲ့တော့လို့ ပြောလိုက်… အနည်းဆုံးတော့ အရှက်မကွဲရတော့ဘူးပေါ့…”

လီစီကျင်းလည်း ယွီဟန်စန်း ဆေးရုံ၏ ထင်ပေါ်ကျော်ကြားမှုကို နားလည်ထားသည်။ ယွီဟန်မြို့၌ ထိပ်တန်း အဆင့်ငါး စာရင်းဝင် ဆေးရုံတစ်ခု ဖြစ်ပြီး လူရိုသေ၊ ရှင်ရိုသေ နာမည် ဂုဏ်သတင်းလည်း ရှိသည်။ သူတို့ထက် ပိုသာသည့် ဆေးရုံကို ရှာဖို့က တကယ်မလွယ်ပေ။

“ အဲ့လောက်ကြီးလည်း သေချာမနေနဲ့ဦး…နော်… အစ်ကိုရီက ရောက်သေးတာတောင် မဟုတ်ဘူး… ဘယ်လိုဖြစ်လာမယ်မှန်း ဘယ်သူက ပြောနိုင်မှာမို့လို့…”

“ ဟုတ်လား.. ဒါပေမယ့် ငါ့အဖေရောဆို ငါ ခေါ်လာတဲ့ထဲ ခေါင်းဆောင် သမားတော်တွေက စုစုပေါင်း လေးယောက် ရှိတယ်… အဲ့လို အနေအထားမျိုးကို လင်းရီက ယှဉ်နိုင်မှာလား… စောစီး အရှုံးပေးခိုင်းလိုက်…”

“ အဲ့ဒါက….”

“ တော်ပြီ.. စကားမပြောကြနဲ့တော့.. သူတို့ ရောက်လာကြပြီ…” ယွီချောင်းရှီ၏ သတိပေးသံက ထွက်ပေါ်လို့လာသည်။

ထိုအချိန် တိုရိုတာ ကော့စ်တယ်လို တစ်စင်းသည် အလှမ်းဝေးသည့် တစ်နေရာမှ ဆေးရုံဝင်ပေါက်ဝထံ ဦးတည်လာနေလျက်ရှိသည်။

ကောင်တီ ဆေးရုံ အဝင်ဝ၌ ဝိုင်းအုံနေကြသည့် လူများလည်း မသိစိတ်အလျောက် နောက်သို့ ဆုတ်လိုက်ကြပြီး လမ်းဖယ်ပေးရန် ဟန်ပြင်လိုက်ကြ၏။

ဖြည်းညင်းစွာဖြင့် ကားက ဆေးရုံရှေ့သို့ ရောက်ရှိလာပြီး ကားတံခါး ပွင့်ဟလာခဲ့ကာ ကျိုးမင်းသည် သူ့လူများနှင့်အတူ ကားထဲမှ ထွက်လာခဲ့၏။

ဝမ်ယွီကျန်းလည်း သူ့လူများကို ခေါ်၍ လာပြီး နှုတ်ခွန်းဆက်သည်။

“ ဒါရိုက်တာကျိုး… အခုလို လာရောက်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်…”

“ အတွင်းရေးမှူးဝမ်… ခင်များ သိပ်အားနာလွန်းနေပြီ.. တုံးစန်းကောင်တီက ပြည်သူအတွက် တစ်ဖက် တစ်ခန်းလောက်ပဲ ဖြစ်ဖြစ် လုပ်ပေးနိုင်တာ ကျုပ်အတွက်လည်း ဂုဏ်ယူစရာပဲလေ…”

ထို့နောက် ကျိုးမင်သည် သူနှင့် လိုက်ပါလာသည့် လူများကို ဝမ်ယွီကျန်းနှင့် မိတ်ဆက်ပေးသည်။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် လက်ဆွဲနှုတ်ဆက်လိုက်ကြ၏။

ကြိုဆိုရေး ကဏ္ဍ ပြီးဆုံးတော့ ကျိုးမင် အပါအဝင် လူဆယ့်သုံးဦးသည် ကောင်တီ ဆေးရုံ ဝင်ပေါက်ဝတွင် မတ်တပ်ရပ်နေကြသည်။

ထိုအချိန် လျိုကျစ်ပေါင်သည် စင်ပေါ်သို့ တက်လာပြီး မိုက်ခရိုဖုန်းကို ကိုင်လျက်သားဖြင့် စကားချီသည်။

“ ကြွရောက်လာကြတဲ့ လူကြီးမင်းများ အားလုံး… ဒီကနေ့က စက်တင်ဘာ ၁၆ ရက်နေ့၊ အပြည်ပြည်ဆိုင်ရာ အသည်းရောင် ရောဂါ-ဘီ ကာကွယ်ရေး အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်… ဒီလို နေ့လေးတစ်နေ့မှာ ကျုပ်တို့ကနေပြီး ယွီဟန်စန်း မြို့တော်က ကျွမ်းကျင် သမားတော် ဆယ့်သုံးယောက်ကို ပင့်ဖိတ်ပြီး ကျေးလက် ကမ်းလင့် အကူအညီ လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ပေးဖို့ တောင်းဆိုထားပါတယ်.. နောက်ပြီး ကျုပ်တို့ ဆေးရုံက ဒေါက်တာတွေအတွက်လည်း တစ်ပတ်တာ သင်တန်းပို့ချမှုများ ရှိပါဦးမယ်… ဒီလို ပွဲလေးကနေတဆင့် ကျုပ်တို့ ဆေးရုံက ဒေါက်တာတွေရဲ့ ဆေးပညာ အရည်အချင်းက ရှေ့ကို ခြေတစ်လှမ်း တိုးနိုင်မယ်လို့ ယုံကြည်ပါတယ်.. တစ်လက်စတည်း လက်ရှိ ရောက်နေကြတဲ့လူတိုင်းလည်း အလကား ကုသခွင့် ရမယ်ဆိုတဲ့အကြောင်း သတင်းကောင်း ပါးချင်ပါတယ်ခင်ဗျာ…”

“ ကောင်းတယ်….”

လျိုကျစ်ပေါင် စကားပြောဆိုပြီးနောက် ဝန်းရံနေကြသည့် မြို့သူမြို့သား အပေါင်းကနေပြီး စိတ်လှုပ်ရှားကြီးစွာဖြင့် လက်ခုပ်သံများပေး၍ ချီးမွမ်းကြ၏။

သူတို့အားလုံးနီးပါးက ယွီဟန်စန်း ဆေးရုံကို သိကြပြီး ၎င်းက ဆေးရုံကြီး တစ်ရုံ ဖြစ်သည်။ သူတို့ထဲ အများစုက ထိုဆေးရုံ၌ လူနာများ ဖြစ်ခဲ့ဖူးကြလေသည်။

သူတို့က ကောင်တီကို လာပြီး ဆေးကုသပေးမယ်ဆိုတော့ အင်မတန် စိတ်လှုပ်ရှားနေမိသည်။

သူမရှေ့ရှိ စိတ်အားထက်သန်နေသည့် မြင်ကွင်းကို ကြည့်ရင်း ယွီစီကျင်းလည်း ဘာမျှ မတတ်နိုင်ပေ။ သူမ လင်းရီကို ထပ်မံ ဖုန်းခေါ်ဆိုလိုက်သည်။

ဤတစ်ကြိမ်တွင်တော့ လင်းရီ ဖုန်းပြန်ဖြေလာသည်။

“ အစ်ကိုရီ.. ရှင် ဘယ်တွေ ရောက်နေတာလဲ… ဒီမှာ စတော့မယ်…”

“ အင်း… ငါ မနေ့ညက နည်းနည်းနောက်ကျမှ အိပ်တော့ မနက် အအိပ်လွန်သွားတယ်… အဲ့မှာစောင့်နေ… ငါ ခဏဆို ရောက်ပြီ…”

ပြောပြီးနောက် လင်းရီ ဖုန်းကို တန်းချလိုက်၏။ လီစီကျင်းကို သူ့အား စက်သေနတ်ပစ်ခွင့် မပေးလိုက်ချေ။

“ ဘာဖြစ်နေတာလဲတဲ့…” လီချင်းခိုင် မေးလိုက်၏။

“ အစ်ကိုရီ ပြောတာတော့ သူ ခဏနေကျ ရောက်မယ်ဆိုပဲ…”

လီချင်းခိုင် သူ့နာရီကို တစ်ချက်ကြည့်၍ သက်ပြင်းချလိုက်သည်။ “ ဒါဆိုလည်း စောင့်လိုက်ကြတာပေါ့…”

စစချင်းတုန်းကတော့ လီချင်းခိုင်သည် လင်းရီကို မြန်မြန်လာစေချင်ပြီး အခြေအနေများအား မှောက်လှန်ပစ်စေချင်သည်။ သို့သော် ကျိုးဖုန်း ခေါ်ထားသည့် လူများကို မြင်တွေ့ပြီးနောက် သူ လင်းရီကို လာပြီး အရှက်ခွဲ မခံစေချင်တော့ပေ။

အကယ်လို့ သူခေါ်လာခဲ့သည့် လူများကသာ တစ်ဖက်သူထက် အလှမ်းဝေးနေမည်ဆိုပါက ကျိုးဖုန်းသည် ဤအခွင့်အရေးကို အသုံးချပြီး ပြန်လက်စားချေဖို့က များ၏။

ထို့ကြောင့် မလာသည်က သာ၍ ကောင်းသည်။

လီချင်းခိုင် ဤအကြောင်းအရာများကို တွေးတောနေစဉ်မှာပဲ ဘက်စ်စကား တစ်စင်းက ကောင်တီဆေးရုံရှေ့ ရုတ်တရက် ထိုးရပ်လာသည်ကို သူ မြင်တွေ့လိုက်ရ၏။

လင်းရီ ဘက်စ်ကားထဲမှ ထွက်လာသည်။

“ အားနာလိုက်တာဗျာ… ကျွန်တော် ဒီမနက် နည်းနည်း အအိပ်လွန်သွားတယ်…”

All Chapters